← Chapters

အခန်း ၁၈၇

Vol. 19 Ch. 187

အခန်း ၁၈၇

Vol. 19 Ch. 187

အခန်း (၁၈၇) ရိက္ခာများ ပေးအပ်ခြင်း

​ရေနံဆီမီးအိမ်၏ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် ကျန်းယဲ့သည် ရေးမှတ်ထားသော စာရွက်တစ်ရွက်ကို ရိုးရှင်းသည့် သစ်သားသေတ္တာပေါ်တွင် တင်လိုက်၏။

​“ကျွန်တော်တို့ ဒီအချိန်နဲ့ ဟင်းလင်းပြင်မှာ ၂၄ နာရီပဲ နေလို့ရတယ်....” ကျန်းယဲ့က စာရင်းကို တွန်းပေးလိုက်၏။ “အခု ၁၉ နာရီပဲ ကျန်တော့တယ်”

​တပ်မှူးကန်းက စာရင်းကို ယူလိုက်ရာ ရေနံဆီမီးအိမ်၏ မှိန်ဖျော့သော အလင်းရောင်က ၎င်းပေါ်ရှိ ပြည့်ကျပ်နေသော ပစ္စည်းများကို လင်းထိန်နေစေခဲ့သည်။

​စားနပ်ရိက္ခာ - သန့်စင်ထားသော ဂျုံမှုန့်၊ ကြိတ်သိပ်ထားသော ဘီစကွတ်များ၊ ကယ်လိုရီမြင့် စွမ်းအင်ဘားများ၊ ရေဓာတ်ထုတ်ထားသော ဟင်းသီးဟင်းရွက်များ၊ ဆား...

​အအေးဒဏ်ကာကွယ်ရေး အသုံးအဆောင်များ - ထူထဲသော ဝါဂွမ်းအင်္ကျီများ၊ နှင်းဖိနပ်များ၊ နွေးထွေးသော လက်အိတ်များ...

​တောင်တက် ကိရိယာများ - နှင်းလျှောက်ဖိနပ်များ၊ တောင်တက်ကြိုးများ၊ ချော်မလဲစေသော တုတ်ကောက်များ၊ အောက်ဆီဂျင်ဘူးများ...

​ဆေးဘက်ဆိုင်ရာ ပစ္စည်းများ - နှင်းကိုက်နာလိမ်းဆေး၊ ပဋိဇီဝဆေးများ၊ ဆေးဘက်ဆိုင်ရာ ကိရိယာများ...

​လက်နက်နှင့် အသုံးအဆောင်များ - ဂျာမနီလုပ် မော်ဇာရိုင်ဖယ်များ၊ ကျည်ဆန်များ၊ လက်ပစ်ဗုံးများ...

​လူသုံးကုန် ပစ္စည်းများ - အရက်၊ လောင်စာဆီ...

​စာရင်းကို နည်းပြ၊ တပ်ခွဲမှူးလီ နှင့် အခြားသူများကြားတွင် လက်ဆင့်ကမ်း ကြည့်ရှုကြရာ လူတိုင်း၏ အမူအရာမှာ အံ့အားသင့်မှုမှ မယုံကြည်နိုင်မှုသို့ ပြောင်းလဲသွားရသည်။

​တိတ်ဆိတ်နေသော တဲအတွင်း၌ စာရွက် ပွတ်တိုက်သံက ထူးခြားစွာ ရှင်းလင်းနေချေသည်။

​“ဒါတွေ...” တပ်မှူးကန်း၏ အသံမှာ တင်းကျပ်သွား၏။ “အားလုံး အဆင်သင့် ဖြစ်နေပြီလား...”

​ကျန်းယဲ့က ခေါင်းညိတ်လိုက်၏။ “အချိန်မရွေး လွှဲပြောင်းပေးလို့ ရပါတယ်...”

​သူက ဖြည့်စွက် ပြောလိုက်ပြန်သည်။ “တစ်ခုခု လိုအပ်သေးရင်လည်း ချက်ချင်း ယူလို့ ရပါတယ်...”

​တပ်မှူးကန်း အသက်ပြင်းပြင်း ရှူလိုက်ရာ ရေနံဆီမီးအိမ်၏ မီးတောက်က သူ၏ မျက်လုံးများထဲတွင် တဖျပ်ဖျပ် တောက်ပနေချေသည်။

​သူသည် လေထဲမှ ရုတ်တရက် ထွက်ပေါ်လာသော ဂျုံမှုန့်အိတ် ဆယ်အိတ်ကို ပြန်အမှတ်ရသွားပြီး သူ၏ အသံမှာ မသိစိတ်မှ အလိုအလျောက် တိုးဝင်သွားရသည်။ “ဒီပစ္စည်းတွေ အားလုံးက အရင်တုန်းကလိုပဲ...”

​“လေထဲကနေ ထွက်လာမှာပါ...” ကျန်းယဲ့က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

​တဲအတွင်း လုံးဝ တိတ်ဆိတ်သွားပြီး ရေနံဆီမီးအိမ် မီးစာ၏ ရံဖန်ရံခါ မြည်ထွက်လာသော တဖျောက်ဖျောက် အသံသာ ရှိတော့လေသည်။

​တပ်မှူးကန်း၏ လက်ချောင်းများက စာရင်း၏ အစွန်းကို မသိစိတ်မှ အလိုအလျောက် ပွတ်သပ်နေပြီး စာရွက်ပေါ်ရှိ ဂဏန်းများက တန်ချိန်ပေါင်းများစွာ လေးလံနေသကဲ့သို့ ခံစားနေရသည်။

​၎င်းသည် ထောက်ပံ့ရေး ပစ္စည်းများ သက်သက် မဟုတ်ဘဲ မရေမတွက်နိုင်သော စစ်သည်များ အသက်ရှင်သန်ရေးအတွက် မျှော်လင့်ချက်လည်း ဖြစ်၏။

​ရေနံဆီမီးအိမ်က လူတိုင်း၏ အရိပ်များကို တဲပေါ်သို့ ထင်ဟပ်စေပြီး ယိမ်းခါနေသော အရိပ်များက သူတို့ ခံစားနေရသည့် လှိုင်းထန်နေသော စိတ်ခံစားချက်များကို ထင်ဟပ်နေချေသည်။

​ထိုပေါ့ပါးပုံရသော စာရင်းက သမိုင်းကို ပြောင်းလဲနိုင်သည့် အလေးချိန်ကို သယ်ဆောင်ထားခဲ့သည်။

​ကျန်းယဲ့သည် သူ၏ နည်းဗျူဟာကျောပိုးအိတ်ထဲမှ အနက်ရောင်ပစ္စတိုတစ်လက်ကို ထုတ်ယူလိုက်ရာ သတ္တုမျက်နှာပြင်က အလင်းရောင်အောက်တွင် အေးစက်စွာ တောက်ပနေ၏။

​သူသည် ဆလင်ဒါပုံစံ အသံတိတ်ကိရိယာကို သေနတ်ပြောင်းထဲသို့ ဖြည်းညှင်းစွာ တပ်ဆင်လိုက်ရာ သူ၏ လှုပ်ရှားမှုများမှာ ကျွမ်းကျင်ပြီး တည်ငြိမ်နေကာ တိုးညင်းသော ကလစ်ခနဲ အသံတစ်ခု ထွက်ပေါ်လာ၏။

​တပ်မှူးကန်းသည် ထူးဆန်းသော ကိရိယာကို စူးစိုက်ကြည့်နေပြီး သူ၏ နှစ်ပေါင်းများစွာ စစ်မြေပြင် အတွေ့အကြုံက ၎င်း၏ တန်ဖိုးကို ချက်ချင်း သဘောပေါက်သွားစေခဲ့သည်။

​အနီရောင် တပ်မတော်သည် နှင်းဖုံးနေသော တောင်များကို ဖြတ်ကျော်စဉ်က အသေအပျောက် အများဆုံး ခြိမ်းခြောက်မှုမှာ အရိုးခိုက်မတတ် အအေးဒဏ်နှင့် ဆာလောင်မှုသာမက လေပြင်းနှင့် နှင်းများကြားတွင် ပုန်းကွယ်နေသော သားရဲများလည်း ဖြစ်ပြီး ၎င်းတို့က အသံတိတ် လူသတ်သမားများ ဖြစ်ကြသည်။

​သမိုင်းမှတ်တမ်းများက ကျန်းယဲ့၏ စိတ်ထဲတွင် ရုပ်ရှင်ပြကွက်များကဲ့သို့ ဖြတ်ပြေးသွားခဲ့သည်။

​၁၉၃၅ ခုနှစ်၊ X လ ၁၄ ရက်နေ့ ညတွင် အနီရောင် တပ်မတော် ၃၁ တပ်ရင်း၊ တပ်ခွဲ ၂ ၏ ကင်းသမားများသည် နှင်းကျားသစ်တစ်ကောင်၏ ဆွဲငင်သွားခြင်းကို ခံရချိန်တွင် သတိပေးချက် အော်ဟစ်ရန်ပင် အချိန်မရခဲ့ကြချေ။

​ဒဏ်ရာရသူများက သွေးနံ့ကို ဖုံးကွယ်ရန်အတွက် သူတို့၏ ဒဏ်ရာများပေါ်တွင် ငရုတ်သီးမှုန့်များကို သုတ်လိမ်းခဲ့ရသည်။

​ကင်းထောက်တပ်ခွဲသည် တစ်ခါက မီးတုတ်များကို ကိုင်ဆောင်ကာ ဆာလောင်နေသော ဝံပုလွေအကောင်သုံးဆယ်ကျော်ကို တစ်ညလုံး ရင်ဆိုင်ခဲ့ရ၏။

​တပ်စုတစ်စုမှ စစ်သည်များသည် သူတို့၏ သေနတ်ပစ်ခတ်သံကြောင့် နှင်းများ ပြိုကျလာကာ နှင်းတောင်များထဲတွင် ထာဝရ သေဆုံးသွားခဲ့ရသည်...

​ကျန်းယဲ့သည် တပ်ဆင်ပြီးသား ပစ္စတိုကို စားပွဲပေါ်တွင် ပြန့်ပြူးစွာ တင်လိုက်ရာ အသံတိတ်ကိရိယာ၏ ရှေ့ပိုင်းသည် စားပွဲအစွန်းမှ အနည်းငယ် ထွက်နေလေသည်။

​“ဒါက အသံတိတ်ကိရိယာ တပ်ဆင်ထားတဲ့ ပစ္စတိုပါ...” သူက လက်နက်ကို လက်ချောင်းဖြင့် ခေါက်ပြလိုက်၏။ “သေနတ်သံကို လုံးဝ မဖျောက်ဖျက်နိုင်ပေမဲ့ အသံပမာဏကို သိသိသာသာ လျှော့ချပေးနိုင်ပြီး နှင်းပြိုကျနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်...”

​တပ်မှူးကန်း၏ လက်သည် လေထဲတွင် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် လက်နက်ကို တည်ကြည်စွာ လက်ခံလိုက်၏။

​ခေတ်သစ်တွင် သာမန်ဟု ထင်ရသော ဤအသုံးအဆောင်က ယခုအချိန်တွင်မူ မည်မျှများပြားသော စစ်သည်များကို သားရဲများ၏ လက်မှ ကာကွယ်ပေးနိုင်မည်ကို ဆိုလိုနေခဲ့သည်။

​သူက ၎င်းကို လက်ထဲတွင် ချိန်ဆကြည့်လိုက်ရာ သတ္တု၏ အေးစက်သော အထိအတွေ့က လက်အိတ်ကို ဖြတ်သန်း၍ ရောက်ရှိလာချေသည်။

​“ထိရောက်တဲ့ အကွာအဝေးက ၅၀ မီတာ ဖြစ်ပြီး ကျည်ဆန် ၃၀ တောင့် ပါပါတယ်။” ကျန်းယဲ့က တူညီသော အသံတိတ်ကိရိယာ နောက်ထပ် ငါးခုကို ထုတ်ယူလိုက်ပြန်သည်။ “တစ်အုပ်စုမှာ ခြောက်ယောက်.... အဖွဲ့တိုင်းက သီးသန့် အစောင့်အဖွဲ့ ဖွဲ့လို့ ရပါတယ်”

​နည်းပြ၏ လက်ဖျားများက အသံတိတ်ကိရိယာ မျက်နှာပြင်ပေါ်ရှိ အစင်းကြောင်းများကို ညင်သာစွာ ပွတ်သပ်လိုက်၏။ ရိုးရှင်းပုံရသော ဤသတ္တုပြွန်လေးသည် လူပေါင်း ဒါဇင်များစွာ၏ အသက်ကို ကယ်တင်နိုင်ပေလိမ့်မည်။

​မနေ့ညက ဝံပုလွေများ၏ ဆွဲငင်သွားခြင်းကို ခံခဲ့ရသော ဒဏ်ရာရ စစ်သည်၏ နာကျင်စွာ အော်ဟစ်သံများကို သူ ပြန်အမှတ်ရသွားခဲ့သည်။

​‘ဒါသာရှိခဲ့ရင် ငါတို့... လုပ်နိုင်ခဲ့မှာပဲ’

​“အလုံးစုံ စိတ်ချရတယ်လို့တော့ အာမမခံနိုင်ပေမဲ့....” ကျန်းယဲ့က ပွင့်လင်းစွာ ဝန်ခံလိုက်၏။ “ငရုတ်သီးမှုန့် သုံးတာထက်တော့ ပိုပြီး ခြိမ်းခြောက်နိုင်စွမ်း ရှိပါတယ်...”

​မှိန်ဖျော့သော ရေနံဆီမီးအိမ်က တဲအတွင်း တဖျပ်ဖျပ် တောက်ပနေပြီး တပ်မှူးကန်း၏ တည်ကြည်သော မျက်နှာကို ရံဖန်ရံခါ လင်းထိန်စေလေသည်။

​သူ၏ အကြည့်က စားပွဲပေါ်ရှိ အသေးစိတ် ထောက်ပံ့ရေး ပစ္စည်း စာရင်းအပေါ်သို့ ဖြည်းညှင်းစွာ ဝေ့ဝဲသွားပြီး စာကြောင်းတစ်ကြောင်းချင်းစီက နွေးထွေးမှုကို သယ်ဆောင်ထားသကဲ့သို့ ဖြစ်နေခဲ့သည်။

​ဤထောက်ပံ့ရေး ပစ္စည်းများက အရေအတွက် များပြားရုံသာမက ပို၍ အရေးကြီးသည်မှာ ထိုအချိန်က အနီရောင်တပ်မတော်၏ အလိုအပ်ဆုံး အရာများကို တိကျစွာ ဖြည့်ဆည်းပေးခြင်း ဖြစ်၏။

​အသက်ကယ်ဆေးဝါးများမှအစ နွေးထွေးသော အဝတ်အစားများအထိ၊ အစားအစာမှ ရန်သူများကို ခုခံကာကွယ်ရန် လက်နက်များအထိ၊ အသံတိတ်ကိရိယာကဲ့သို့သော အသေးစိတ် အချက်အလက်များကိုပင် ဂရုတစိုက် စဉ်းစားပေးထားခဲ့သည်။

​တပ်မှူးကန်း ရုတ်တရက် မတ်တပ်ရပ်လိုက်ရာ သူ၏ လေးလံသော စစ်သုံးအပေါ်အင်္ကျီကြီးက တရှဲရှဲ မြည်သွားခဲ့သည်။

​ထို့နောက် သူက ခါးမတ်လိုက်ပြီး ညာလက်ကို စုကာ ကျန်းယဲ့ကို စံပြစစ်ရေးအလေးပြုခြင်းဖြင့် အလေးပြုလိုက်၏။

​သေနတ်သံများကြားတွင် မည်သည့်အခါမျှ တုန်လှုပ်ခြင်း မရှိခဲ့ဖူးသော ဤသံမဏိ စိတ်ဓာတ်ရှိသည့် စစ်သည်သည် ယခုအခါ မျက်လုံးများ အနည်းငယ် နီရဲနေချေသည်။

​ကျန်းယဲ့သည် ကမန်းကတန်း မတ်တပ်ရပ်ကာ ပြန်လည် အလေးပြုလိုက်၏။ “တပ်မှူးကန်း... ဒါက... ဒါက မသင့်တော်ပါဘူး။ ကျွန်တော်တို့ကသာ ခင်ဗျားတို့ကို ကျေးဇူးတင်ရမှာပါ...”

​“ရဲဘော်....” တပ်မှူးကန်း၏ အသံမှာ အနည်းငယ် အက်ကွဲနေပေသည်။ “မင်း တပ်ဖွဲ့တစ်ခုလုံးကို ကယ်တင်လိုက်တာပဲ....”

​ရေနံဆီမီးအိမ်၏ မီးတောက်က လူနှစ်ယောက်ကြားတွင် တဖျပ်ဖျပ် တောက်ပနေပြီး ရှည်လျားသော အရိပ်များကို ဖြစ်ပေါ်စေခဲ့သည်။

​ကျန်းယဲ့က အသာအယာ ချောင်းဟန့်ကာ အကြောင်းအရာကို ပြောင်းလိုက်၏။ “တပ်မှူးကန်း... ထောက်ပံ့ရေး ပစ္စည်းတွေ သိမ်းဖို့ တဲအချို့ ဆောက်ချင်တယ်... ဘယ်လိုထင်လဲ...”

​“ကောင်းပြီ...” တပ်မှူးကန်းက ချက်ချင်း လှည့်ကာ တဲတံခါးကို မလိုက်လေသည်။ “အရှေ့ဘက်မှာ လေကွယ်တဲ့ မြေပြန့်နေရာတစ်ခု ရှိတယ်”

​ထို့နောကိ အဖွဲ့သည် နှင်းများကို ဖြတ်ကျော်၍ သတ်မှတ်ထားသော နေရာသို့ သွားလိုက်ကြသည်။

​ကျန်းယဲ့သည် စနစ်ထဲမှ ကြီးမားသော စစ်သုံးတဲအိတ် အချို့ကို အရင်ဆုံး ရွေးယူလိုက်ရာ ထုပ်ပိုးမှုပေါ်တွင် ၂၀၂၅ ဝင်ရိုးစွန်း စူးစမ်းလေ့လာရေး သီးသန့်ဟူသော ထင်ရှားသည့် စာသားများ ရိုက်နှိပ်ထားခဲ့သည်။

​ကျောက်ကန်းနှင့် အခြားသူများက ထုပ်ပိုးမှုကို ကျွမ်းကျင်စွာ ဖွင့်လိုက်ပြီး ထောက်တိုင်များကို စတင် တပ်ဆင်ကြ၏။

​“ဒါမဖြစ်ဘူး...” တပ်မှူးကန်းက တပ်ခွဲမှူးလီကို အလျင်အမြန် လက်ဝှေ့ယမ်းပြလိုက်၏။ “သွားပြီး တတိယတပ်ခွဲက ရဲဘော်တွေကို ကူညီဖို့ ခေါ်လိုက်...”

​ကျောက်ကန်းက သူ့ကို ပြုံးကာ တားလိုက်၏။ “တပ်မှူးကန်း... ကျွန်တော်တို့က ဒီတဲအသစ်တွေနဲ့ ရင်းနှီးပါတယ်။ ရဲဘော်တွေကို လာလေ့လာခိုင်းလိုက်ပါ... အနာဂတ်မှာ သူတို့ ဒါတွေကို လိုအပ်လိမ့်မယ်”

​ခဏအကြာတွင် အနီရောင် တပ်မတော် စစ်သည် သုံးဆယ်ကျော် ပြေးလာခဲ့ကြသည်။

​သူတို့က ငွေရောင်မီးခိုးရောင် ထောက်တိုင်များနှင့် ရေစိုခံတာပေါ်လင်စများကို သိချင်စိတ်ဖြင့် ဝိုင်းကြည့်ကြပြီး ကျောက်ကန်းနှင့် အခြားသူများ၏ လမ်းညွှန်မှုအောက်တွင် စတင် အလုပ်လုပ်ကြလေသည်။

​စစ်သည်များမှာ ခေတ်မီတဲ၏ အလူမီနီယမ် အလွိုင်းဖရိန်ကို အံ့သြနေကြပြီး အထူးမြေစိုက်တံများနှင့် ကြိုးများမှာ သူတို့ တစ်ခါမျှ မမြင်ဖူးသော အရာများပင်။

​“ဒီ ချိတ်ဆက်ကိရိယာကို ဒီလို လှည့်ပြီး သေချာ တပ်ရမယ်”

​“ကြိုးတွေရဲ့ ထောင့်ကို ၄၅ ဒီဂရီမှာ ထားရမယ်...”

​ညွှန်ကြားချက်များနှင့် မေးခွန်းများက နှင်းပြင်ပေါ်တွင် ပဲ့တင်ထပ်နေခဲ့သည်။

​အံ့သြစရာကောင်းသည်မှာ တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်သော ဤအနီရောင် တပ်မတော် စစ်သည်များသည် ထူးခြားစွာ အားကောင်းသော သင်ယူနိုင်စွမ်း ရှိကြ၏။ နာရီဝက်ပင် မကြာမီ တဲကြီးသုံးလုံးက မြေပြင်ပေါ်မှ ထွက်ပေါ်လာပြီး လေပြင်းနှင့် နှင်းများကြားတွင် ခန့်ညားစွာ ရပ်တည်နေပြီ ဖြစ်သည်။

​ကျန်းယဲ့က ပထမဆုံးတဲထဲသို့ တစ်ယောက်တည်း ဝင်သွား၏။

​ဟာလာဟင်းလင်း ဖြစ်နေသော အတွင်းပိုင်းတွင် အထည်သစ် ရနံ့များ ရနေဆဲပင်။

​သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး စနစ်ကို စတင် လည်ပတ်လိုက်၏။

​တဲအပြင်ဘက်တွင် တပ်မှူးကန်းက ကျောက်ကန်းနှင့် ဖြန့်ဝေရေး အစီအစဉ်ကို ဆွေးနွေးနေစဉ် အတွင်းမှ ထူးဆန်းသော အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရလေသည်။

​သူ တဲကို မလိုက်ရာ သူ၏ ရှေ့မှ မြင်ကွင်းက သူ့ကို အချိန်အကြာကြီး စကားမပြောနိုင်လောက်အောင် မှင်သက်သွားစေခဲ့သည်။

​တစ်ချိန်က ဟာလာဟင်းလင်း ဖြစ်နေသော တဲသည် ယခုအခါ ထိပ်ဆုံးအထိ စီထားသော အိတ်များဖြင့် ပြည့်ကျပ်နေ၏။

​သန့်စင်ထားသော ဂျုံမှုန့်၏ နူးညံ့သော ရနံ့နှင့် ကြိတ်သိပ်ထားသော ဘီစကွတ်များ၏ ချိုမြိန်သော ရနံ့တို့ ရောနှောကာ အေးစက်သော လေထုထဲတွင် ထူးခြားစွာ ထင်ရှားသော ရနံ့တစ်ခုကို ဖန်တီးနေချေသည်။

​ရှေ့ဆုံးတန်းရှိ အိတ်များပေါ်တွင် “XT အုပ်စု ၂၀၂၄” ဟူသော ထုတ်လုပ်သည့် ခုနှစ်က ရှင်းလင်းစွာ မြင်နေခဲ့ရသည်။

အခန်း ၁၈၇ပြီး၏။

All Chapters