← Chapters

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း (၁၈၉) အောင်ပွဲဟာ ခင်ဗျားတို့အတွက်ပါ

​လူငယ်စစ်သည်သည် ကြည်လင်သော အရည်စက်မျချနေသည်ကို ကြည့်ကာ ရုတ်တရက် တိုးညင်းစွာ မေးလိုက်၏။ “ဒါဆို... ဒါဆို အရင်က အသက်စွန့်သွားခဲ့တဲ့ ရဲဘော်တွေသာ နောက်ထပ် ရက်အနည်းငယ်လောက် တောင့်ခံနိုင်ခဲ့မယ်ဆိုရင်...”

​သူ စကားပြောမဆုံးမီမှာပင် တဲအတွင်း တိတ်ဆိတ်သွား၏။

​ချန်ရွှဲ အသက်ပြင်းပြင်း ရှူလိုက်ပြီး ကလေး၏ ပိန်လှီနေသော ရင်ဘတ်ပေါ်သို့ နားကြပ်ကို တင်လိုက်လေသည်။

​သူမ ရုတ်တရက် မှတ်တမ်းရုပ်ရှင် တစ်ခုမှ မြင်ကွင်းတစ်ခုကို သတိရသွား၏။

​ရှည်လျားသောခရီးစဉ်အတွင်း အနီရောင် တပ်မတော် စစ်သည် အနည်းဆုံး တစ်ထောင်ခန့်သည် ဝမ်းကိုက်ရောဂါဖြင့် သေဆုံးခဲ့ရသည်ဟု ဆိုသည်။

​ယခုအခါ အရေပြားနှင့် အရိုးသာ ကျန်တော့သည်အထိ ပိန်လှီနေသော ဤကလေးငယ်က ကောင်းကင်ဘုံမှ စေလွှတ်လိုက်သော ကယ်တင်ရှင် တစ်ဦးကဲ့သို့ သူမကို အပြစ်ကင်းစင်သော မျက်လုံးများဖြင့် ကြည့်နေချေသည်။

​“အဆင်ပြေသွားမှာပါ...” သူမက တိုးညင်းစွာ ပြောလိုက်ပြီး လူငယ် စစ်သည်၏ နဖူးပေါ်မှ ထောင်နေသော ဆံပင်စလေးကို ညင်သာစွာ သပ်ပေးလိုက်၏။ “ကျွန်မ ကတိပေးပါတယ်....”

​ဆေးဘက်ဆိုင်ရာတဲမှ ဆေးတပ်သား ရှောင်ကျန်း ထွက်လာချိန်တွင် လေပြင်းနှင့် နှင်းများက သူ၏ မျက်နှာကို ရိုက်ခတ်နေသော်လည်း သူ၏ ရင်ထဲမှ စိုးရိမ်ပူပန်မှုများကိုတော့ မငြိမ်းသတ်နိုင်ခဲ့ချေ။

​သူက အဝတ်အစားများ ဝေငှနေသော ရဲဘော်များကို ပြောလိုက်၏။ “မြန်မြန်လုပ်... တပ်ခွဲ အားလုံးကို အကြောင်းကြားလိုက်.... ဗိုက်အောင့်နေတဲ့သူ ဘယ်သူမဆို ဆေးဘက်ဆိုင်ရာ တဲမှာ ချက်ချင်း စုရုံးကြ...”

​၎င်းသတင်းက တောမီးကဲ့သို့ စခန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

​နာရီဝက်အတွင်းမှာပင် ဆေးဘက်ဆိုင်ရာ တဲရှေ့၌ ရှည်လျားသော လူတန်းကြီး တစ်ခု ဖြစ်ပေါ်လာ၏။

​အခြေအနေကို အကဲခတ်ပြီးနောက် လီမင်က ပြတ်သားသော ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်၏။ “သူတို့ကို အုပ်စုခွဲပြီး ကုသမယ်... ရောဂါသက်သာတဲ့ သူတွေက တဲတစ်လုံးမှာ IV သွင်းမယ်.... ပြင်းထန်တဲ့ သူတွေက နောက်တဲတစ်လုံးကို သွားမယ်...”

​သတင်းကြားပြီးနောက် ကျောက်ကန်းနှင့် သူ၏အဖွဲ့သည် သွေးကြောထဲသို့ ဆေးသွင်းရန် လိုအပ်သော ရောဂါလက္ခဏာ သက်သာသည့် စစ်သည်များအတွက် တဲတစ်လုံးကို ချက်ချင်း ဆောက်လုပ်ပေးလိုက်၏။

​IV သွင်းခြင်းကို ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ရန်အတွက် တဲအတွင်း၌ အပူပေး ကိရိယာများကို တပ်ဆင်ထားလေသည်။

​ချန်ရွှဲကလည်း စခန်းအတွင်း သတင်းဖြန့်လိုက်၏။ “ရဲဘော်တို့ နားထောင်.... ဝမ်းကိုက်ရောဂါက ကူးစက်တတ်တယ်.... နေမကောင်းဖြစ်နေတဲ့ သူတွေက တခြားလူတွေရဲ့ ရေသောက် ပန်းကန်တွေကို မကိုင်ရဘူး!

....”

​ညရောက်လာသောအခါ စခန်းအလယ်တွင် ကြီးမားသော မီးပုံကြီးတစ်ခု လောင်ကျွမ်းနေပြီး တဖျပ်ဖျပ်တောက်ပနေသော မီးရောင်က လူတိုင်း၏ မျက်နှာပေါ်သို့ အနီရောင် အလင်းတန်းများ ထင်ဟပ်နေခဲ့သည်။

​အသစ်စက်စက် လေကာအင်္ကျီများကို ဝတ်ဆင်ထားပြီး ရေနွေးကြမ်းများကို ကိုင်ထားသော စစ်သည်များ၏ မျက်နှာများတွင် ကြာရှည်စွာ ပျောက်ဆုံးနေသော အပြုံးများ ရှိနေကြချေသည်။

​သူတို့သည် ထိုင်ခုံပုလေးများကို ယူဆောင်လာကာ ကျန်းယဲ့နှင့် သူ၏အဖွဲ့ ပတ်လည်တွင် အလွှာလိုက် ထိုင်နေကြပြီး သူတို့၏ မျက်လုံးများတွင် သိချင်စိတ်များနှင့် မျှော်လင့်ချက်များ တောက်ပနေ၏။

​ညလေပြင်းက နှင်းပွင့်များကို သယ်ဆောင်လာသော်လည်း နွေးထွေးသော လေထုကိုတော့ မဖယ်ရှားနိုင်ခဲ့ချေ။

​မီးပုံမှ တဖျောက်ဖျောက် အသံများ ထွက်ပေါ်နေပြီး မီးပွားများက လေထဲသို့ လွင့်တက်သွားကာ ကောင်းကင်သို့ လှမ်းကိုင်နေသကဲ့သို့ မှောင်မိုက်နေသော ညကောင်းကင်ယံတွင် တောက်ပသည့် လမ်းကြောင်းများ ရေးဆွဲနေကြသည်။

​“ရဲဘော်တို့... ” ကျန်းယဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူ၏ အကြည့်များက ရာသီဥတုဒဏ် ခံထားရသော မျက်နှာတိုင်းအပေါ်သို့ ဝေ့ဝဲသွားခဲ့သည်။ “မေးချင်တာ ရှိရင် မေးပါ...”

​ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ကလေးမျက်နှာပေါက်နှင့် လူငယ်စစ်သည်တစ်ဦးက တုံ့ဆိုင်းစွာ လက်မြှောက်လိုက်၏။ “ကျွန်တော်... ကျွန်တော် သိချင်တာက... ကျွန်တော်တို့ နိုင်သွားလား”

​သူ၏ အသံမှာ တိုးညင်းသော်လည်း ငြိမ်သက်နေသော ရေကန်ထဲသို့ ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ ဂယက်များ ထသွားစေလေသည်။

​လူတိုင်း အသက်ရှူအောင့်ထားကြပြီး သူတို့၏ မျက်လုံးများက ကျန်းယဲ့အပေါ်သို့ စူးစိုက်နေခဲ့ကြသည်။

​မီးပုံမှ အလင်းရောင်က သူတို့၏ မျက်လုံးများထဲတွင် ကခုန်နေပြီး အဖြေကို တောင့်တနေသော မီးတောက်တစ်ခုကဲ့သို့ ဖြစ်နေ၏။

​ကျန်းယဲ့ အသက်ပြင်းပြင်း ရှူလိုက်ပြီး မတ်တပ်ရပ်လိုက်လေသည်။

​သူ၏ အသံမှာ မကျယ်လောင်သော်လည်း စကားလုံးတိုင်းက ခိုင်မာပြီး ပဲ့တင်ထပ်နေခဲ့သည်။ “ကျွန်တော်တို့ နိုင်ခဲ့တယ်... ကျွန်တော်တို့က ဂျပန်တွေကို မောင်းထုတ်နိုင်ခဲ့ရုံသာမကဘဲ ဒီမြေပေါ်က လူဆိုးအားလုံးကိုလည်း မောင်းထုတ်နိုင်ခဲ့တယ်...”

​ချက်ချင်းပင် စခန်းအတွင်းမှ အောင်ပွဲခံ အော်ဟစ်သံများ ထွက်ပေါ်လာချေသည်။

​မေးခွန်းမေးခဲ့သော လူငယ်စစ်သည်မှာ မျက်ရည်များ စီးကျလျက် မှင်သက်စွာ ရပ်နေမိသည်။

​“တကယ်... တကယ် နိုင်ခဲ့တာလား” သူက တုန်ယင်သော အသံဖြင့် ရေရွတ်လိုက်၏။

​“ကျွန်တော်တို့ တကယ် နိုင်ခဲ့တာပါ....” ကျောက်ကန်းက ရှေ့သို့ တိုးလာပြီး အိတ်ကပ်ထဲမှ ဖုန်းတစ်လုံးကို ထုတ်ယူလိုက်ရာ မျက်နှာပြင်ပေါ်တွင် ရောင်စုံ ဓာတ်ပုံတစ်ပုံကို မြင်တွေ့လိုက်ရလေသည်။

​၎င်းမှာ ထျန်းအန်မင် ကွင်းပြင်တွင် လွင့်ပျံနေသော ကြယ်ငါးပွင့် အနီရောင်အလံ ဖြစ်၏။

​“ကြည့်... ဒါက မြို့တော်ပေါ်မှာ လွင့်ပျံနေတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံတော် အလံပဲ...”

​စစ်သည်များ အပြေးအလွှား ရောက်လာကြပြီး တောက်ပနေသော သေတ္တာငယ်လေးကို မျက်လုံးပြူးကာ စိုက်ကြည့်လိုက်ကြသည်။

​ဓာတ်ပုံထဲတွင် ပြာလဲ့နေသော ကောင်းကင်ယံ၌ တောက်ပသော အနီရောင်အလံများ လွင့်ပျံနေပြီး ကွင်းပြင်မှာ လူများဖြင့် ပြည့်ကျပ်နေချေသည်။

​“ဒါဆို... ဒါဆို အခုက...” မီးခိုးရောင် မုတ်ဆိတ်မွေးများနှင့် စစ်မှုထမ်းဟောင်းကြီး တစ်ဦးက ရှေ့သို့ တိုးထွက်လာပြီး သူ၏ ကြမ်းတမ်းသော လက်ချောင်းများဖြင့် မျက်နှာပြင်ကို သတိကြီးစွာ ထိကြည့်လိုက်၏။ “...သာမန်ပြည်သူတွေ အားလုံး ဝဝလင်လင် စားနိုင်ကြပြီလား...”

​ဤမေးခွန်းက အခန်းတစ်ခုလုံးကို ထပ်မံ တိတ်ဆိတ်သွားစေခဲ့သည်။

​အဖြေကို စောင့်ဆိုင်းရင်း လူတိုင်း အသက်ရှူအောင့်ထားကြလေသည်။

​ကျန်းယဲ့၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလာရသည်။

​ပိန်လှီနေသော ဤစစ်သည်များကို ကြည့်ရင်း သူ ကလေးဘဝက အစားအစာ ရွေးစားလွန်းသဖြင့် အဘိုးဖြစ်သူ၏ ဆူပူမှုကို ခံခဲ့ရသည့် မြင်ကွင်းကို ပြန်အမှတ်ရသွားပေသည်။

​‘အဘိုးက အမြဲပြောလေ့ရှိတယ်.... သူတို့ခေတ်က လူတွေက သစ်ခေါက်တောင် စားနိုင်ဖို့ မလွယ်ဘူးတဲ့...’

​“ဟုတ်ပါတယ်....” ကျန်းယဲ့၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် ဆို့နင့်နေခဲ့သည်။ “ကြိုးစားအားထုတ်သရွေ့ လူတိုင်း ဝဝလင်လင် စားနိုင်ကြပါတယ်။ အခုခေတ် ကလေးတွေဆိုရင် ဝဝလင်လင် စားနိုင်ရုံသာမကဘဲ အစားအစာတောင် ရွေးစားနိုင်ကြပြီ...”

​သူက နောက်ထပ် ဖုန်းတစ်လုံးကို ထုတ်ယူကာ စူပါမားကတ် စင်များ၏ ဗီဒီယိုတစ်ခုကို ဖွင့်ပြလိုက်ပြန်သည်။

​မျက်စိကျိန်းလောက်အောင် များပြားလှသော ကုန်ပစ္စည်းများ၊ တောင်လိုပုံနေသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ၊ လတ်ဆတ်သော အသားများ ထားရှိရာ နေရာတွင် ချိတ်ဆွဲထားသော ဝက်ကောင်လုံးများ...

​စစ်သည်များမှာ မှင်သက်သွားကြရသည်။

​“ဒါ... ဒါ တကယ်လား” တစ်ယောက်ယောက်က မယုံကြည်နိုင်စွာဖြင့် မေးလိုက်၏။

​“လုံးဝ အမှန်ပါပဲ...” လင်းယွီက ဝင်ပြောလေသည်။ “အခု စူပါမားကတ်တွေမှာ အရာအားလုံး ရှိတယ်... ကိုယ်စားချင်တာ မှန်သမျှ ဝယ်လို့ ရပါတယ်”

​“ဟိုနိုင်ငံခြားသားတွေက ကျွန်တော်တို့ကို အနိုင်ကျင့်ရဲသေးလား” နားရွက်တစ်ဖက် ပြတ်နေသော စစ်သည်တစ်ဦးက ရုတ်တရက် မေးလိုက်ရာ သူ၏ မျက်လုံးများတွင် နက်ရှိုင်းသော စိုးရိမ်မှုများ ပြည့်နှက်နေခဲ့သည်။

​ဝူဖုန်း မတ်တပ်ရပ်လိုက်ရာ သူ၏ စစ်ရေးဟန်ပန်မှာ ထင်းရှူးပင်တစ်ပင်ကဲ့သို့ မတ်မတ်ရပ်နေပြီး သူ၏ အသံမှာ ဟိန်းထွက်လာခဲ့သည်။ “အခု ဘယ်သူမှ ကျွန်တော်တို့ကို သေနတ်နဲ့ မပစ်ရဲတော့ဘူး... ကျွန်တော်တို့ရဲ့ စစ်သင်္ဘောတွေက ကမ္ဘာပေါ်က ဘယ်နေရာကိုမဆို ရွက်လွှင့်နိုင်နေပြီ...”

​သူက ဗီဒီယိုတစ်ခုကို ဖွင့်ပြလိုက်၏။

​လျောင်နင်လေယာဉ်တင်သင်္ဘောက ပြာလဲ့နေသော ပင်လယ်ပြင်ကို ဖြတ်သန်း ရွက်လွှင့်နေပြီး ၎င်းပေါ်ရှိ လေယာဉ်များက ကောင်းကင်သို့ ဟိန်းဟောက် ပျံတက်သွားခဲ့ကြသည်။ ဒုန်းဖုန်းဒုံးကျည်များက စစ်ရေးပြပွဲတွင် ခန့်ညားစွာ ထွက်ပေါ်လာပြီးJ-20 တိုက်လေယာဉ်များက ကောင်းကင်ကို ဖောက်ထွင်း ပျံသန်းသွား၏...

​လောင်ကျွမ်းနေသော ထင်းများမှ တဖျောက်ဖျောက် အသံမှလွဲ၍ မီးပုံပတ်လည်တွင် လုံးဝ တိတ်ဆိတ်နေချေသည်။

​စစ်သည်များ၏ မျက်နှာများတွင် ဦးစွာ အံ့အားသင့်မှုများ ပေါ်လာပြီး ထို့နောက် အလွန်အမင်း ဝမ်းသာပျော်ရွှင်မှုများ နောက်ဆုံးတွင် ဂုဏ်ယူမှုများ ပေါ်လာကြသည်။

​နားရွက်ပြတ်နေသော စစ်သည်က ရုတ်တရက် ဆောင့်ကြောင့်ထိုင်ကာ မျက်နှာကို လက်ဝါးနှစ်ဖက်ဖြင့် ဖုံး၍ ပြင်းပြင်းထန်ထန် ငိုကြွေးလေတော့သည်။

​“တန်ပါတယ်...တကယ်ကို တန်ပါတယ်” သူက ရှိုက်ကြီးတငင် ငိုကြွေးရင်း ပြောလိုက်၏။

​ကျန်းယဲ့သည် မျက်ရည်များကို ထိန်းချုပ်ကာ နောက်ထပ် ပုံရိပ်များကို ဆက်လက် ပြသလိုက်ပြန်သည်။

​မိုးမျှော်တိုက်များဖြင့် ပြည့်နှက်နေသော မြို့တော်၊ ယာဉ်ကြောများ ရှုပ်ထွေးနေသော စည်ကားသည့် လမ်းမများ၊ ပန်းခြံထဲတွင် ဆော့ကစားနေသော ကလေးများနှင့် သက်တောင့်သက်သာ ထိုက်ချိကစားနေသော သက်ကြီးရွယ်အိုများ...

​“ဒါတွေ အားလုံးက ကျွန်တော်တို့ရဲ့ အရာတွေလား...” ကျန်းရှောင်တောက်၏ မျက်လုံးများ အံ့သြမှုကြောင့် ပြူးကျယ်သွားရသည်။

​“ဟုတ်ပါတယ်...” ချန်ရွှဲက ခေါင်းကို အားပါပါ ညိတ်ပြလိုက်၏။ “ရှင်တို့ လျှောက်ခဲ့တဲ့ မိုင်တိုင်း... ရှင်တို့ သွန်းလောင်းခဲ့တဲ့ သွေးစက်တိုင်းက ဒီနေ့ ကျွန်မတို့ ရရှိနေတဲ့ ပျော်ရွှင်စရာ ဘဝအဖြစ်ကို ပြောင်းလဲသွားတာပါ...”

​မီးပုံမှာ ပို၍ပို၍ တောက်ပလာပြီး မီးတောက်များက ညကောင်းကင်ယံ တစ်ဝက်ကို လင်းထိန်နေစေလေသည်။

​စစ်သည်များက မေးခွန်းများကို တစ်ခုပြီး တစ်ခု မေးကြပြီး ကျန်းယဲ့နှင့် သူ၏အဖွဲ့က စိတ်ရှည်စွာ ဖြေကြားပေးကြ၏။

​"အခု ကျွန်တော်တို့ နိုင်ငံက ဘယ်လောက်ကြီးလဲ..."

​“စတုရန်း ကီလိုမီတာ ၉.၆ သန်း....”

​"သာမန် ပြည်သူတွေ ပျော်ရွှင်စရာ ဘဝတွေနဲ့ နေထိုင်ရလား..."

​“ဘယ်လောက်တောင် ကောင်းချီးခံစားရလဲဆိုရင် စစ်ပွဲ မရှိတော့ဘူး.... နိုင်ငံတော်က ကျွန်တော်တို့ကို အရမ်း ကောင်းကောင်း ကာကွယ်ပေးထားတယ်။ တခြားနိုင်ငံတွေမှာ စစ်ဖြစ်ရင်တောင် ကျွန်တော်တို့ နိုင်ငံက စစ်သင်္ဘောတွေ လွှတ်ပြီး ကိုယ့်နိုင်ငံသားတွေကို အိမ်ပြန်ခေါ်လာပေးတယ်...”

​"လူတွေ ကလေးတွေကို ရောင်းစားနေကြတုန်းပဲလား... "

​“ဒါကို ဥပဒေအရ ပြတ်ပြတ်သားသား တားမြစ်ထားတယ်... ပြီးတော့ ကလေးတွေလည်း ကျောင်းသွားနိုင်ပြီ....”

​အဖြေတိုင်းက အောင်ပွဲခံ အော်ဟစ်သံများကို ထွက်ပေါ်စေခဲ့သည်။

​စစ်မှုထမ်းဟောင်းများက သူတို့၏ ဆေးတံများကို ဖွာရင်း ပြုံးရွှင်နေကြ၏။ လူငယ် စစ်သည်များက စိတ်လှုပ်ရှားမှုကြောင့် ကခုန်နေကြချေသည်။ ဒဏ်ရာပြင်းထန်သူများပင် စကားတစ်ခွန်းမျှ မလွတ်တမ်း နားထောင်နိုင်ရန် ခက်ခဲစွာ ထထိုင်နေခဲ့ကြသည်။

​ရုတ်တရက် တပ်မှူးကန်း မတ်တပ်ရပ်လိုက်ရာ အခန်းတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။

​“ရဲဘော်တို့..” သူ၏ အသံမှာ အနည်းငယ် အက်ကွဲနေပေသည်။ “ဒီနေ့ ကျွန်တော်တို့ ကြားခဲ့၊ မြင်ခဲ့ရတာတွေ အားလုံးကို မှတ်ထားရမယ်။ ကျွန်တော်တို့ နိုင်တဲ့အခါ ဒီကောင်းမွန်တဲ့ ဘဝကို ကိုယ်တိုင် ကိုယ်ကျ မြင်တွေ့ရမယ်...”

​“ဟုတ်တယ်... သွားကြည့်ကြရအောင်”

​“အောင်ပွဲရတဲ့ နေ့ကို မြင်ရတဲ့အထိ ကျွန်တော်တို့ အသက်ရှင်နေရမယ်...”

​စစ်သည်များမှာ တက်ကြွသော စိတ်ဓာတ်များဖြင့် ပြည့်နှက်နေပြီး မီးပုံက သူတို့၏ တည်ကြည်သော မျက်နှာများကို လင်းထိန်နေစေခဲ့သည်။

​ကျန်းယဲ့သည် ဤမြင်ကွင်းကို ကြည့်ရင်း ကိုရီးယားစစ်ပွဲတွင် ပါဝင်ခဲ့ဖူးသော သူ၏ အဘိုး အဘယ်ကြောင့် အမြဲတမ်း ပြောခဲ့သည်ကို ရုတ်တရက် နားလည်သွားရသည်။

​ဒီနေ့ခေတ် ပျော်ရွှင်မှုဟာ အာဇာနည်တွေရဲ့ ပခုံးပေါ်မှာ ရပ်တည်နေလို့ ရလာတာ...

​စစ်မြေပြင်မှာ အသက်စွန့်သွားတဲ့ သူတွေကသာ တကယ့် သူရဲကောင်းတွေပဲ....

​ကျွန်တော်တို့က သူရဲကောင်းတွေ မဟုတ်ပါဘူး...

အခန်း ၁၈၉ပြီး၏။

All Chapters