← Chapters

အခန်း ၁၉၅

Vol. 20 Ch. 195

အခန်း ၁၉၅

Vol. 20 Ch. 195

အခန်း (၁၉၅) ဂုဏ်သတင်းမှတ်တမ်း တိုးလာခြင်း

​ညစာစားထားသော ပန်းကန်များမှာ ဘေစင်ထဲတွင် ပုံနေဆဲဖြစ်သည်။ ကျန်းယဲ့သည် ကွန်ပျူတာရှေ့တွင် ထိုင်ကာ စနစ်၏ မျက်နှာပြင်ကို ခေါ်ထုတ်လိုက်ရာ လေထဲတွင် အပြာနုရောင်မျက်နှာပြင်တစ်ခု ပွင့်လာပြီး သူ၏ ပင်ပန်းသော်လည်း တည်ငြိမ်နေသော မျက်နှာကို ရောင်ပြန်ဟပ်နေခဲ့သည်။

​[ဒင်... မုံ့ပေါ်တောင် အဖွဲ့လိုက် ခရီးစဉ်တာဝန် ပြီးမြောက်သွားပါပြီ]

​[အခြေခံ ဆုလာဘ် - သက်တမ်း + ၁၄ ရက်၊ ဆုကြေးငွေ ၄၀၀,၀၀၀ ယွမ် (၅၈၅၈ ဖြင့် အဆုံးသတ်သော ဘဏ်အကောင့်ထဲသို့ ထည့်သွင်းပြီးဖြစ်ပါသည်)]

​သူ၏ ဖုန်းက တုန်ခါသွားပြီး ဘဏ်ငွေလွှဲပြောင်းမှု အသိပေးချက်က မျက်နှာပြင်ကို လင်းသွားစေခဲ့သည်။

​ကျန်းယဲ့က တစ်ချက် ကြည့်လိုက်သော်လည်း ဝင်ငွေကို မြင်ရချိန်တွင် ခံစားရလေ့ရှိသော ပျော်ရွှင်မှုကို မခံစားရချေ။

​ကျန်းယဲ့၏ အကြည့်က ဂုဏ်သတင်း တန်ဖိုးပေါ်သို့ ကျရောက်သွားပြီးနောက် လေထဲတွင် ပေါ်နေသော မျက်နှာပြင်ပေါ်၌ ဂဏန်းတန်းတစ်ခု ချက်ချင်း ပေါ်လာ၏။

​ထိုဂဏန်းတန်းကို မြင်လိုက်ရသောအခါ ကျန်းယဲ့၏ သူငယ်အိမ်များ အနည်းငယ် ကျုံ့ဝင်သွားရသည်။ [လက်ရှိ ဂုဏ်သတင်း တန်ဖိုး - ၈၃၅၀ မှတ် (ထွန်းသစ်စ ပါရမီရှင်)]

​မုံပေါ်တောင်သို့ မထွက်ခွာမီက သူ၏ ဂုဏ်သတင်းမှာ ၆၃၈၀ မှတ်သာ ရှိသေးကြောင်း သူ ရှင်းလင်းစွာ မှတ်မိနေချေသည်။

​‘ငါ မုံ့ပေါ်တောင်ကနေ ဒီနေ့မှ ပြန်ရောက်တာ လေးငါးနာရီပဲ ကြာသေးတယ်... ဒါပေမဲ့ ဂုဏ်သတင်း မှတ်က ၁၉၇၀ တောင် တိုးလာပါလား...’

​ကမ္ဘာပျက်ကပ်မှ ပြန်ရောက်ပြီး မုံ့ပေါ်တောင်သို့ မထွက်ခွာမီ ကြားကာလ နှစ်ရက်အတွင်းတွင် ၆၈၅၀ မှတ်သာ တိုးလာခဲ့သည်ကို သတိပြုသင့်ပေသည်။

​ကျန်းယဲ့က ဂုဏ်သတင်းမှတ်များ၏ အသေးစိတ်ကို စစ်ဆေးကြည့်လိုက်ရာ တကယ်ပင် ခြားနားချက် တစ်ခုခုကို တွေ့လိုက်ရ၏။

​အသေးစိတ်ကို နှိပ်လိုက်ပြီးနောက် အချက်အလက်များ အပြည့်အစုံ ပွင့်လာလေသည်။

​အရင်းအမြစ် ခွဲခြားမှုမှာ မူလအခြေအနေမှ လုံးဝ ပြောင်းလဲသွားခဲ့သည်။

​၁။ လူကြိုက်များမှု (မီဒီယာ ဖော်ပြမှု) + ၅၈၈၀ မှတ်

၂။ အထူး အဖြစ်အပျက် (စစ်ဘက် ဆက်ဆံရေး) + ၅၀၀ မှတ်

​ယခုအခါ အရာအားလုံး ပြောင်းလဲသွားပြီဖြစ်၏။

​လက်ရှိ အရင်းအမြစ် ခွဲခြားမှု -

​၁။ လူကြိုက်များမှု (မီဒီယာ ဖော်ပြမှု) + ၇၁၅၀ မှတ် (၁၂၇၀ မှတ် တိုးလာသည်)

၂။ အထူး အဖြစ်အပျက် (စစ်ဘက် ဆက်ဆံရေး) + ၅၀၀ မှတ်

၃။ ပညာရေး အဖွဲ့အစည်း ပူးပေါင်းဆောင်ရွက်မှု အသိအမှတ်ပြုခြင်း + ၂၀၀ မှတ် (ဗီဒီယို မှတ်တမ်းများကို အမျိုးသား သမိုင်းမှတ်တမ်းများတွင် ထည့်သွင်းထားသည်)

၄။ လက်တွေ့ဘဝအပေါ် ယဉ်ကျေးမှု လွှမ်းမိုးခြင်း + ၅၀၀ မှတ် (နိုင်ငံတစ်ဝန်းရှိ အလယ်တန်းကျောင်း ၃၇ ကျောင်းသည် ထိုဗီဒီယိုများကို သမိုင်းဘာသာရပ်အတွက် အထောက်အကူပြု သင်ထောက်ကူပစ္စည်းများအဖြစ် အသုံးပြုနေကြသည်)

​ယခုအခါ [ကျော်ကြားမှု ထွန်းလင်းခြင်း] ကို ဖွင့်နိုင်ရန် ၁၆၅၁ မှတ်သာ လိုတော့ပါသည်။

​ကျော်ကြားမှု ထွန်းလင်းခြင်းကို ဖွင့်နိုင်သည်နှင့် တစ်ပြိုင်နက် ကွဲပြားသော အခြားကမ္ဘာများကို ဖွင့်နိုင်မည်ဖြစ်၏။

........

​ကျန်းယဲ့သည် စနစ်၏ မျက်နှာပြင်ကို လက်ချောင်းလေးများဖြင့် ခေါက်လိုက်ပြီး အသစ်ထပ်တိုးလာသော ဂုဏ်သတင်း အမျိုးအစားနှစ်ခုဖြစ်သည့် ပညာရေး အဖွဲ့အစည်း ပူးပေါင်းဆောင်ရွက်မှု အသိအမှတ်ပြုခြင်း နှင့် လက်တွေ့ဘဝအပေါ် ယဉ်ကျေးမှု လွှမ်းမိုးခြင်းတို့ကို စိုက်ကြည့်နေလိုက်၏။

​သူက မျက်ခုံးပင့်လိုက်ပြီး ဖုန်းကို ကောက်ကိုင်ကာ လင်ရှောင်၏ ဖုန်းနံပါတ်ကို ခေါ်လိုက်လေသည်။

​နာရီဝက်ပင် မပြည့်မီ လင်ရှောင်နှင့် ချန်ချင်းတို့က ရီယဲ့ခရီးသွားအေဂျင်စီ၏ ဒုတိယထပ်တွင် ပေါ်လာကြ၏။

​အေးမြသော ညလေညင်းက တိုက်ခတ်နေပြီး ပြတင်းပေါက် အပြင်ဘက်မှ နီယွန်မီးရောင်များက လူသုံးယောက်၏ မျက်နှာပေါ်သို့ ထင်ဟပ်နေကာ သိမ်မွေ့သော်လည်း နားလည်မှုရှိသော လေထုတစ်ရပ်ကို ဖန်တီးနေခဲ့သည်။

​“နေ့လယ်က ဗီဒီယိုကို အစိုးရက သိမ်းသွားတာလား...” ကျန်းယဲ့က တိုက်ရိုက်ပင် မေးလိုက်၏။ သူ၏ လေသံမှာ ပေါ့ပေါ့ပါးပါး စကားစမြည် ပြောနေသကဲ့သို့ပင်။

​လင်ရှောင်က မျက်ခုံးပင့်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားရသည်။ “ခင်ဗျက သတင်းအတော် မြန်တာပဲ...”

​သူက ခေတ္တရပ်လိုက်ပြီး ပွင့်ပွင့်လင်းလင်း ခေါင်းညိတ်လိုက်၏။ “မှန်ပါတယ်။ ဗီဒီယို မှတ်တမ်းတွေက အရမ်း တန်ဖိုးရှိပြီး မှတ်တမ်းတင် သိမ်းဆည်းထားပြီးပါပြီ....”

​ကျန်းယဲ့က ပြုံးလိုက်ပြီး သူ၏ လက်ချောင်းများက စားပွဲပေါ်ရှိ ငွေဒင်္ဂါးပြားကို မသိစိတ်မှ ပွတ်သပ်နေကာ ဆက်မေးလိုက်ခေသည်။ “အန်းရှီး တပ်မတော်.... ချင်မင်းဆက်နဲ့ မင်မင်းဆက် အကြောင်း ကျွန်တော် ရိုက်ခဲ့တဲ့ ဗီဒီယိုတွေရဲ့ အရည်အသွေးက ဘယ်လိုနေလဲ....”

​လင်ရှောင်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး တစ်ခုခုကို အာရုံရသွားပုံဖြင့် သတိကြီးစွာ ပြန်ဖြေလိုက်၏။ “တကယ့်ကို သမိုင်းဝင် တန်ဖိုး မြင့်မားပါတယ်....”

​“တကယ် ကောင်းတာလား...” ကျန်းယဲ့က ထပ်မေးလိုက်ရာ သူ၏ မျက်လုံးများတွင် အဓိပ္ပာယ်များ ပြည့်နှက်နေချေသည်။

​ချန်ချင်းက ရုတ်တရက် တိုးတိုးလေး ရယ်မောလိုက်ပြီး စကားဖြတ်ပြောလိုက်၏။ “ကောင်းရုံတင် မကဘူး... ချင်မင်းဆက်၊ ခူချာနဲ့ မင်မင်းဆက် ဗီဒီယိုတွေကို အမျိုးသား သမိုင်းမှတ်တမ်းတွေထဲ ထည့်ဖို့ အထက်လူကြီးတွေ ဆွေးနွေးပြီးပြီ...”

​ထို့နောက် သူက ဖြည့်စွက်ပြောလိုက်၏။ “လုပ်ငန်းစဉ်က အချိန်ယူရတာလေးပဲ ရှိတယ်...”

​ကျန်းယဲ့၏ အပြုံးက ပိုမို နက်ရှိုင်းသွားရသည်။ သူက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ တစ်ငုံသောက်လိုက်ပြီး ပြောလိုက်ပြနမသည်။ “ခင်ဗျားတို့ရဲ့ လုပ်ငန်းစဉ်က မကောင်းဘူးဗျ... ဒီမှာ ဒီအတိုင်း လုပ်လိုက်တာက ပိုမြန်တယ်။ ခင်ဗျားတို့က အရည်အချင်း မရှိကြဘူး”

​လင်ရှောင်နှင့် ချန်ချင်းတို့ အချင်းချင်း တစ်ချက် ကြည့်လိုက်ကြပြီး အချင်းချင်း ကောင်းစွာ နားလည်သွားကြသည်။

​“စိတ်မပူပါနဲ့...” လင်ရှောင်က အဓိပ္ပာယ်ပါပါ ပြောလိုက်၏။ “တန်ဖိုးရှိတဲ့ အချက်အလက်တွေကို နိုင်ငံတော်က လွတ်သွားမှာ မဟုတ်ပါဘူး။ သိပ်မကြာခင်မှာ ရလဒ်တွေ ထွက်လာမယ်လို့ ယုံကြည်ပါတယ်..”

​လင်ရှောင်က သိပ်မကြာခင်ဆိုသည့် စကားလုံးကို ဖိပြောလိုက်ခေသည်။

​ကျန်းယဲ့က ထိုနှစ်ယောက် နားလည်သွားပြီမှန်း သိသဖြင့် ဘာမှ ဆက်မပြောတော့ချေ။

​‘တွေ့လား... ဒါကို ပါးနပ်တယ်လို့ ခေါ်တာပဲ... ချက်ချင်း သဘောပေါက်သွားတာ’

​ခေါင်းမာတဲ့လူနဲ့ တွေ့ရင်တော့ ခေါင်းကို ထုမပြမချင်း မင်းဆိုလိုတာကို သူတို့ နားလည်မှာ မဟုတ်ဘူး.....

​ဒါပေမဲ့ နိုင်ငံတော်က တာဝန်ပေးထားတဲ့ လူတွေက သာမန်လူတွေမှ မဟုတ်ချေ။

​ထို့ကြောင့် ကျန်းယဲ့က လုံးဝ စိတ်မပူခဲ့သလို ထိုနှစ်ယောက်ကလည်း အဓိပ္ပာယ်ကို နားလည်သွကြသည်။

​ကျန်းယဲ့တွင် စိုးရိမ်မှုအချို့ ရှိနေသောကြောင့် တိုက်ရိုက် မတောင်းဆိုခဲ့ခြင်းဖြစ်၏။

​သူက တိုက်ရိုက် တောင်းဆိုလိုက်လျှင် စနစ်က သူ့ကို လိမ်လည်မှုဟု သတ်မှတ်ကာ သူ၏ ဂုဏ်သတင်း တွက်ချက်မှုအပေါ် ထိခိုက်မည်မဟုတ်ဟု အာမမခံနိုင်ချေ။ သို့သော် နိုင်ငံတော်က အလိုအလျောက် အတည်ပြုပေးလိုက်မည်ဆိုလျှင်တော့ တစ်မျိုး ဖြစ်သွားမည်ဖြစ်၏။

​ကျန်းယဲ့က လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ အမြှုပ်များကို ပေါ့ပေါ့ပါးပါး မှုတ်ထုတ်လိုက်လေသည်။ “စကားမစပ်... အခုခေတ် ကလေးတွေက ပြဋ္ဌာန်းစာအုပ်တွေထဲက ခြောက်သွေ့တဲ့ စာလုံးတွေကနေ သမိုင်းကို သင်ယူနေကြတုန်းပဲလား...”

​ယင်းကို ကြားသောအခါ လင်ရှောင်က ချက်ချင်း သဘောပေါက်သွားရသည်။ “တကယ်ကို နည်းနည်း ပျင်းစရာကောင်းနေတာပါပဲ။ ဒါပေမဲ့ ပညာရေး ဝန်ကြီးဌာနက အခု သင်ကြားရေး ပြုပြင်ပြောင်းလဲမှုတွေကို မြှင့်တင်နေပြီး... အသက်ဝင်တဲ့ သင်ထောက်ကူ တချို့ကို လိုအပ်နေပါတယ်..”

​“ဥပမာအနေနဲ့ပေါ့...” ကျန်းယဲ့က မော့ကြည့်လိုက်ရာ လက်ဖက်ရည်မှ ရေနွေးငွေ့များက သူ၏ မျက်လုံးထဲမှ အလင်းရောင်ကို ဝေဝါးသွားစေခေသည်။

​“ဥပမာအနေနဲ့ ပြောရရင် တကယ့် သမိုင်းဝင် မြင်ကွင်းတွေကို ပြန်လည် ဖန်တီးထားတာမျိုးပေါ့... ” ချန်ချင်းက ဆက်ပြောလေသည်။ “ဝန်ကြီးဌာနက နောက်အပတ်မှာ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ပညာပေး ဗီဒီယိုကတ်တလောက်အသစ်ကို စိစစ် အတည်ပြုတော့မှာပါ...”

​ကျန်းယဲ့က သူတို့၏ လက်ဖက်ရည်ခွက်များကို တည်ငြိမ်စွာ ပြန်ဖြည့်ပေးရင်း ပြောလိုက်၏။ “ကျွန်တော်တို့ သမိုင်းသင်တန်း တက်တုန်းက ခြောက်သွေ့တဲ့ စာလုံးတွေကို ကြည့်ပြီး မှတ်မိဖို့ အရမ်းခက်ခဲခဲ့တာကို မှတ်မိသေးတယ်။ အခုခေတ် ကျောင်းသားတွေက အရမ်း ကံကောင်းတာပဲ... ဗီဒီယိုတွေနဲ့ဆိုတော့ ရုပ်ရှင်ကြည့်ရသလိုမျိုးပေါ့။ ကလေးတွေ အကုန်လုံး မှတ်မိပြီး မေ့မှာမဟုတ်ဘူးလို့ ကျွန်တော် သေချာပေါက် ပြောရဲပါတယ်....”

​“ဒါ မှန်ပါတယ်....” လင်ရှောင်က ချက်ချင်း နားလည်သွားပြီး ဆက်ပြောလိုက်သည်။ “အထူးသဖြင့် ကိုယ်တိုင် ပါဝင်ခံစားရတဲ့ တကယ့်လက်တွေ့ မြင်ကွင်းတွေက ဘယ်လို ရေးသားဖော်ပြချက်ထက်မဆို ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်...”

​ချန်ချင်းကလည်း နားလည်မှုရှိရှိဖြင့် ဖြည့်စွက်ပြောလိုက်ပြန်သည်။ “ခင်ဗျား ရိုက်ခဲ့တဲ့ အန်းရှီး တပ်မတော် မြင်ကွင်းတွေလိုမျိုးပေါ့.... အဲဒီ သက်ရောက်မှုက ပြဋ္ဌာန်းစာအုပ်ထဲက စာကြောင်း အနည်းငယ်လောက်နဲ့ ယှဉ်လို့မရပါဘူး...”

​“ပြီးတော့ ကျန်းရှောင်တောက် နှင်းဖိနပ် စီးကြည့်တုန်းက မျက်နှာအမူအရာလည်း ရှိသေးတယ်” လင်ရှောင်က လက်ဖက်ရည် တစ်ငုံ သောက်လိုက်၏။ “ဒီလို အသက်ဝင်တဲ့ အသေးစိတ်အချက်အလက်တွေက လူငယ်မျိုးဆက်တွေနဲ့ အချိတ်အဆက်မိဆုံး ဖြစ်စေမှာပါ...”

​လက်ဖက်ရည် အကြိမ်အနည်းငယ် သောက်ပြီးနောက် ပြတင်းပေါက် အပြင်ဘက်ရှိ ညအမှောင်မှာ ပိုမို နက်ရှိုင်းလာပြီး နှစ်ဦးနှစ်ဖက်စလုံး သူတို့၏ စကားပြောဆိုမှုအပေါ် အတော်လေး ကျေနပ်သွားကြလေသည်။

​လင်ရှောင်နှင့် ချန်ချင်းတို့ နှုတ်ဆက်ရန် မတ်တပ်ရပ်လိုက်ကြပြီး ကျန်းယဲ့က သူတို့ကို တံခါးအထိ ပို့ပေးလိုက်၏။

​“ဒီလောက် ညနက်မှ လာပေးတဲ့အတွက် ခင်ဗျားတို့ နှစ်ယောက်စလုံးကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အနားယူရမယ့် အချိန်မှာ သေချာ အနားယူပြီး အလုပ်လုပ်ရမယ့် အချိန်မှာ သေချာ အလုပ်လုပ်ရမယ်နော်...”

​လင်ရှောင်၏ မျက်လုံးများ အနည်းငယ် တဖျပ်ဖျပ် လင်းသွားရသည်။ “ဒါရိုက်တာကျန်း ပြောတာ မှန်ပါတယ်။ တချို့ တာဝန်တွေက တကယ်ပဲ အချိန်ဆွဲလို့ မရဘူးလေ။ အလုပ်လုပ်ရမယ့် အချိန်ကျရင် အချိန်ကို ဆုပ်ကိုင်ထားရမှာပေါ့...”

​“ဟုတ်ပါတယ်...” ချန်ချင်းက သူ၏ နာရီကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်ရင်း ဆက်ပြောလိုက်၏။ “မနက်ဖြန် မနက်အစောကြီး ဝန်ကြီးဌာနကို သွားပြီး အချက်အလက်တွေ အကုန် အဆင်သင့်ဖြစ်အောင် လုပ်လိုက်ပါ့မယ်...”

​ကျန်းယဲ့က အတော်လေး ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ခေသည်။ “ခင်ဗျားတို့ နှစ်ယောက် တကယ် ပင်ပန်းသွားပါပြီ...”

​လင်ရှောင်က ပြုံးလျက် ပြန်ဖြေလိုက်၏။ “ဒါက ကိစ္စသေးသေးလေးပါ... စိတ်ပူစရာ မလိုပါဘူး။ လုပ်ငန်းစဉ်အားလုံးက နောက်အကျဆုံး သန်ဘက်ခါဆို ပြီးစီးသွားပါလိမ့်မယ်..”

​“အရမ်းကောင်းတာပေါ့...” ကျန်းယဲ့က ပြုံးလိုက်၏။ “ကျောင်းသားတွေ ကွဲပြားခြားနားတဲ့ သမိုင်း ပြဋ္ဌာန်းစာအုပ်ကို မြင်ရရင် အရမ်း ပျော်ကြမယ်လို့ ကျွန်တော် ထင်တယ်....”

​“မပို့ပါနဲ့တော့...” ချန်ချင်းက ပြုံးလျက် ပြောလိုက်၏။

​ကျန်းယဲ့သည် ရပ်တန့်လိုက်ပြီး ထိုပုံရိပ်နှစ်ခု လမ်းထောင့်တွင် ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေပြီးမှ သူ၏ နောက်မှ တံခါးကို ညင်သာစွာ ပိတ်လိုက်လေသည်။

​ကျန်းယဲ့ အပေါ်ထပ်သို့ ပြန်တက်လာချိန်တွင် သူ၏ ခြေလှမ်းများမှာ များစွာ ပိုမို ပေါ့ပါးနေခဲ့သည်။

​‘သိပ်မကြာခင်မှာ လက်တွေ့ဘဝအပေါ် ယဉ်ကျေးမှု လွှမ်းမိုးခြင်း နဲ့ ပညာရေး အဖွဲ့အစည်း ပူးပေါင်းဆောင်ရွက်မှု အသိအမှတ်ပြုခြင်းအတွက် မှတ်တွေ သိသိသာသာ ထိုးတက်လာဖို့ များတယ်...’

အခန်း ၁၉၅ပြီး၏။

All Chapters