← Chapters

အခန်း ၁၉၇

Vol. 20 Ch. 197

အခန်း ၁၉၇

Vol. 20 Ch. 197

အခန်း (၁၉၇) ခရီးစဥ်အသစ်

​‘ဒင်... ဂုဏ်ယူပါတယ် လက်ခံသူ... သင့်၏ ကျော်ကြားမှုအမှတ်သည် ၁၀၀၀၁ သို့ ကျော်လွန်သွားပြီဖြစ်၍ ပေါ်ထွန်းလာသော ပါရမီရှင် အောင်မြင်မှုကို ရရှိသွားပါပြီ’

​‘အောင်မြင်စွာ ဖွင့်လှစ်လိုက်ပါပြီ၊ အထူးယဉ်ကျေးမှုကမ္ဘာ။’

​‘ဒင်... ခရီးသွားလမ်းညွှန် မစ်ရှင်အသစ် ထွက်ပေါ်လာပါပြီ။ ကပ်ဘေးခေတ် ၁၂ နှစ်မြောက်ရှိ အင်မော်တယ်ရာချီမြို့သို့ ခရီးသည် နှစ်ဆယ်အား နေ့တစ်ပိုင်းခရီးစဉ်အဖြစ် လမ်းညွှန်ပေးပါ။ ဈေးနှုန်း - တစ်ဦးလျှင် ယွမ် ၁၀,၀၀၀။ ရယူနိုင်သည့်နည်းလမ်း - အွန်လိုင်းဘွတ်ကင် (ရီယဲ့ ခရီးသွားအေဂျင်စီ တိုရင်အကောင့်)။ ရယူရမည့်အချိန် - မိနစ် ၃၀ အတွင်း။ နံနက် ၀၃:၀၀ နာရီတွင် ဘွတ်ကင်စတင် လက်ခံပါမည်’

​‘မစ်ရှင် ဆုလာဘ် - သက်တမ်း ရက် ၃၀ နှင့် ၃၀၀,၀၀၀’

​ကျန်းယဲ့သည် စနစ်မျက်နှာပြင်ပေါ်ရှိ ကျော်ကြားမှုအမှတ် ၁၀၀၀၁ဆိုသည့် ဂဏန်းကို စိုက်ကြည့်ရင်း မျက်ခုံးအနည်းငယ် ပင့်လိုက်၏။

​လွန်ခဲ့သော သုံးနာရီခန့် ညစာစားနေစဉ်က ဒေတာများကို စစ်ဆေးခဲ့ရာ အမှတ် ၈၃၅၀တွင် ရပ်တန့်နေပြီး အဆင့်တက်ရန် အနည်းငယ် လိုနေသေးကြောင်း တွေ့ခဲ့ရသည်။

​သို့သော် ညစာစားပြီး သုံးနာရီအကြာတွင် ထိုအမှတ်ကို ကျော်လွန်သွားခဲ့လေသည်။

​သူသည် အရင်းအမြစ် ခွဲခြမ်းစိတ်ဖြာခြင်းကို နှိပ်လိုက်ရာ ရေတံခွန်တစ်ခုကဲ့သို့ အပြာနုရောင် ဒေတာအချက်အလက်များ ကျဆင်းလာခဲ့သည်။

​၃ နာရီအတွင်း ကျော်ကြားမှု တိုးတက်လာပုံ အသေးစိတ်အချက်အလက်များ။

​၁။ နိုင်ငံတကာ လူမှုကွန်ရက် မီဒီယာများတွင် ရေပန်းစားမှု အမှတ် ၉၉၃ တိုးလာခြင်း။

(ယူကျု၊ တွစ်တာနှင့် ရက်ဒစ် အပါအဝင် ပလက်ဖောင်းများစွာတွင် ပျံ့နှံ့သွားသည်)

​၂။ ပြည်တွင်း ဗီဒီယိုတို ပလက်ဖောင်းများတွင် အဆမတန် တိုးတက်လာမှု အမှတ် ၆၅၈ တိုးလာခြင်း။

​အောက်ခြေဆုံးတွင် စာလုံးသေးသေးလေး တစ်ကြောင်းရှိနေပေသည်။ ‘ယဉ်ကျေးမှုပေါင်းစုံ လွှမ်းမိုးနိုင်မှု အကျိုးခံစားခွင့် ပွင့်သွားပါပြီ.... ကျော်ကြားမှု ရရှိနှုန်း ၃၀ ရာခိုင်နှုန်း တိုးလာပါသည်။’

​“နိုင်ငံတကာ....” ကျန်းယဲ့သည် ခေါင်းသုတ်နေသော လက်ကို ရပ်တန့်လိုက်ပြီး ​ရေရွတ်လိုက်၏။

​သူ ဖုန်းကို ယူကာ အသုံးမပြုတာ ကြာပြီဖြစ်သော တွစ်တာကို ဖွင့်ကြည့်လိုက်ရာ ရီယဲ့ခရီးသွားဇွန်ဘီအဖွဲ့ ဆိုသည့် ဟက်ရှ်တက်ဂ်ဖြင့် ရေပန်းစားနေသည်ကို တွေ့လိုက်ရ၏။

​မှတ်ချက်ပေးသည့် နေရာတွင် ဘာသာစကားမျိုးစုံဖြင့် အငြင်းပွားနေခဲ့ကြသည်။

​နောက်ခဏ၌ သူ၏ ဖုန်းမှာ ရုတ်တရက် တုန်ခါသွားခဲ့သည်။ ကျန်းထောင်ထံမှ စာတစ်စောင် ရောက်လာခဲ့သည်။

[ကျန်းဒါရိုက်တာ... ခင်ဗျား နိုင်ငံတကာ သတင်းတွေမှာ ပါနေပြီဗျ..]

​ကျန်းယဲ့ အနည်းငယ် အံ့သြသွားရသည်။ နောက်ပိုင်း နိုင်ငံတကာ စျေးကွက်ကိုပါ ချဲ့ထွင်ရမည့်ပုံပင်။ ဒီကောင်တွေဆီက ပိုက်ဆံအများကြီး ရနိုင်လောက်၏။

​အခြေအနေကို နားလည်သွားပြီးနောက် ကျန်းယဲ့သည် စနစ်မျက်နှာပြင်ပေါ်ရှိ မစ်ရှင်အသစ် အသိပေးချက်ကို ပြန်ကြည့်လိုက်ပြန်သည်။ မစ်ရှင်အသစ်ကို မြင်သောအခါ သူ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားရလေသည်။

​“အင်မော်တယ်ရာချီမြို့လား...” ကျန်းယဲ့ ရေရွတ်လိုက်၏။ “နာမည်က ကျင့်ကြံခြင်းဝတ္ထုတွေထဲက နာမည်နဲ့ ခပ်ဆင်ဆင်ပဲ...”

​သို့သော် နောက်တစ်စက္ကန့်တွင် မစ်ရှင်အသေးစိတ်ထဲမှ ထူးဆန်းသော ခေတ်အမည်ဖြစ်သည့် ကပ်ဘေးခေတ် ၁၂ နှစ်မြောက်ဆိုသည့် စာသားက သူ၏ အာရုံကို ဖမ်းစားသွား၏။

​“ကပ်ဘေးခေတ်လား....” ကျန်းယဲ့ မျက်မှောင်ကြုတ်လိုက်ခေသည်။ “အခြေအနေ သိပ်ကောင်းမယ့်ပုံ မပေါ်ဘူး..”

​အောက်ကို ဆက်ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ ပို၍ စိတ်ဝင်စားစရာ ကောင်းလာချေသည်။

​လျှပ်တစ်ပြက် အရောင်းကို နံနက် ၃ နာရီတွင် စတင်ပါမည်။

အချိန်ကန့်သတ် လျှပ်တစ်ပြက် အရောင်း - မိနစ် ၃၀။

​‘အကိုစနစ်... မင်းတကယ်ပြောနေတာလား...’

​ကျန်းယဲ့ မချင့်မရဲ ညည်းတွားလိုက်မိ၏။

​အရောင်းကို မနက် ၃ နာရီမှ စမယ်တဲ့လား။ ပြီးတော့ နာရီဝက်ပဲ အချိန်ပေးတယ်ပေါ့။

​ပရိသတ်တွေရဲ့ သစ္စာရှိမှုကို စမ်းသပ်နေတာလား ဒါမှမဟုတ် သူတို့ရဲ့ ခံနိုင်ရည်ကို စမ်းသပ်နေတာလား။

​ပရိသတ်တွေရဲ့ ညည်းတွားသံတွေကို တွေးကြည့်ရင်း နားထင်ကို ပွတ်လိုက်မိသည်။

​ကျန်းယဲ့ သက်ပြင်းချလိုက်ပြီး တိုရင်ကို ဖွင့်ကာ ဗီဒီယိုအသစ်အတွက် စာသားများကို စတင်တည်းဖြတ်လိုက်လေသည်။

​“ထားလိုက်ပါတော့... ပရိသတ်တွေက နေရာတစ်ခုရဖို့ဆို ငရဲပြည်ရောက်တဲ့အထိတောင် စောင့်ချင်စောင့်ကြမှာပဲ...” သူ တစ်ယောက်တည်း ရေရွတ်လိုက်၏။ “ဒီ ကပ်ဘေးခေတ်က အင်မော်တယ်ရာချီမြို့ဆိုတာ ဘယ်လိုနေရာမျိုးလဲဆိုတာပဲ သိချင်တော့တယ်...”

​“အကိုစနစ်... ဒီတစ်ခါ ဘာလို့ ဗီဒီယိုဖိုင် မပါတာလဲ...” ပုံမှန်အတိုင်း အကြောင်းပြန်မည်မဟုတ်ဟု ထင်ထားသော်လည်း ကျန်းယဲ့ စမ်းမေးကြည့်လိုက်၏။

​သို့သော် နောက်တစ်စက္ကန့်တွင် စနစ်၏ အေးစက်စက် အီလက်ထရောနစ် အသံက သူ၏ ခေါင်းထဲတွင် ထွက်ပေါ်လာခေသည်။

​‘သင့်ကောင်းဖို့အတွက်ပါ....’

​တိုတောင်းရှင်းလင်းသည့် စကားလုံး အနည်းငယ်က ကျန်းယဲ့၏ ကျောရိုးကို စိမ့်တက်သွားစေ၏။

​သွားပါပြီ...

​ပြီးခဲ့သည့် ဇွန်ဘီကပ်ဘေးတုန်းက စနစ်က ဇွန်ဘီတွေ ဝိုင်းရံနေသည့် မြင်ကွင်းကို ပြခဲ့သေးပေသည်။ သို့သော် ဒီတစ်ကြိမ်တွင်တော့ သင့်အတွက် ကောင်းဖို့ပါဟုပြောလာခဲ့သည်။

​ဤစကားလုံးများနောက်ကွယ်ရှိ အဓိပ္ပာယ်မှာ အလွန် သိသာထင်ရှားလှ၏။

​ငါ ပြလိုက်ရင် မင်း သွားရဲမှာ မဟုတ်လို့ပေါ့.....

​ကျန်းယဲ့ နားထင်ကို ပွတ်ရင်း သက်ပြင်းချလိုက်၏။

​ကောင်းပြီလေ... ဒီတစ်ကြိမ်တော့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့ လိုအပ်မယ်ထင်တယ်။

​သူ အချိန်ကို ကြည့်လိုက်၏။

​လျှပ်တစ်ပြက် အရောင်းစတင်ရန် ၅ နာရီကျော် လိုသေးလေသည်။

​ထို့နောက် ကျန်းယဲ့ ကင်မရာကို ချိန်ညှိပြီး စတင် ရိုက်ကူးလိုက်၏။

​“ခရီးသွားဝါသနာရှင်များ အားလုံး အာရုံစိုက်ပါ...” သူ ကင်မရာကို ကြည့်ကာ ကျွမ်းကျင်ပိုင်နိုင်စွာ ပြုံးပြလိုက်သည်။ “ပရောဂျက်အသစ် - ကပ်ဘေးခေတ် ၁၂ နှစ်မြောက်ရှိ အင်မော်တယ်ရာချီမြို့သို့ နေ့တစ်ပိုင်းခရီးစဉ်၊ မနက်ဖြန် မနက် ၃:၀၀ နာရီ။ ဟုတ်ပါတယ်.... တိတိကျကျ ၃:၀၀ နာရီမှာ စာရင်းစသွင်းနိုင်ပါပြီ။”

​ကင်မရာ အပြင်ဘက်တွင် သူ၏ ဘယ်ဘက်လက်ဖြင့် ၂ ဂဏန်းကို မသိမသာ ပြလိုက်၏။ “လူ ၂၀ သာ ကန့်သတ်ထားပြီး တစ်ဦးကို ယွမ် ၁၀,၀၀၀ ဖြစ်ပါတယ်။”

​ကျန်းယဲ့ ခေတ္တစဉ်းစားလိုက်ပြီးနောက် ကင်မရာရှေ့ရှိ ခရီးသွားများကို တာဝန်သိစွာ သတိပေးလိုက်ပြန်သည်။ “အရေးကြီး သတိပေးချက်အနေနဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ နှလုံးရောဂါရှိသူတွေ၊ သတ္တိနည်းတဲ့သူတွေနဲ့ ကျန်းမာရေး မကောင်းတဲ့သူတွေ လုံးဝ မပါဝင်ပါနဲ့။ ဒီတစ်ကြိမ် ခရီးစဉ်အတွက် ကျန်းမာသန်စွမ်းပြီး သတ္တိရှိတဲ့ လူငယ်တွေကိုပဲ အကြံပြုချင်ပါတယ်။ ဒီတစ်ခါ အန္တရာယ် အနည်းငယ် များနိုင်လို့ပါ...”

​ဗီဒီယို၏ အဆုံးတွင် သွေးရောင်စာသားဖြင့် မိမိတာဝန် မိမိယူ၍ ဝင်ရောက်ပါ၊ လွယ်ကူစွာ လန့်တတ်သူများ မပါဝင်သင့်ပါဟု အနီးကပ် ရိုက်ပြထားလေသည်။

​ပို့မည်ကို နှိပ်ပြီးနောက် ကျန်းယဲ့ ချက်ချင်း ဝင်လာသော မှတ်ချက်များကို ကြည့်လိုက်၏။

​အသုံးပြုသူ A - [မနက် ၃ နာရီလား။ ဒါရိုက်တာကျန်း... ရှင် ပြန်ပေးဆွဲခံထားရရင် မျက်တောင် နှစ်ခါခတ်ပြပါ....’

​အသုံးပြုသူ B - [ကျန်းမာသန်စွမ်းရမယ်လို့ အထူးတလည် ပြောထားတာကို ကြည့်ရင် ဘယ်လောက် အန္တရာယ်များလဲဆိုတာ တွေးကြည့်လို့ ရတယ်...]

​အသုံးပြုသူ C - [ကပ်ဘေးခေတ်ဆိုတဲ့နာမည်က... ငါတွေးနေတဲ့ ကမ္ဘာပျက်ပြီးနောက်ပိုင်း ကျင့်ကြံခြင်း ဂိမ်းမျိုးများလား...]

​အသုံးပြုသူ D က အသုံးပြုသူ C ကို အကြောင်းပြန်ထားလေသည်။ [နိုးလာခဲ့စမ်းပါ... ဒါရိုက်တာကျန်းက အကြိုဗီဒီယိုတောင် မပြဘူးဆိုရင် ဘယ်လိုနေရာကောင်းမျိုး ဖြစ်နိုင်မှာလဲ..]

​အသုံးပြုသူ E - [ဂရုမစိုက်ဘူး... နှိုးစက်ဆယ်ခု ပေးထားမယ်... ဒီတစ်ခါတော့ ရအောင်ကို လုမှာပဲ..]

​အထက်ပါ မှတ်ချက်များက သူတို့၏ စိတ်ခံစားချက်များအတိုင်း ရေးထားခြင်းဖြစ်ပြီး အောက်ဘက်ရှိ မှတ်ချက်များမှာတော့ လိုက်ခ်နှင့် ထောက်ခံမှု အများအပြား ရရှိထားလေသည်။

​ကျင့်ကြံခြင်း ဝါသနာရှင် - [သောက်ကျိုးနည်း... အင်မော်တယ်ရာချီမြို့... ဒီနာမည်က ကျင့်ကြံခြင်း နယ်မြေဆိုတာ အော်ပြောနေသလိုပဲ.... ဒါပေမဲ့ ကပ်ဘေးခေတ်ဆိုတာက ဘာကြီးလဲဟ။ ဝိညာဉ်စွမ်းအင်တွေ ခန်းခြောက်ပြီး နတ်ဆိုးတွေ လွတ်လပ်စွာ ကျက်စားနေတဲ့ ကမ္ဘာပျက်ကျင့်ကြံခြင်းကမ္ဘာများလား.... ဒါရိုက်တာကျန်း... အမှန်တိုင်း ပြောစမ်းပါ။ ဒီတစ်ခါ သာမာန်လူတစ်ယောက်ရဲ့ အင်မော်တယ်ဖြစ်လာမယ့် ခရီးစဉ်ဆိုတဲ့ ငရဲလို ခက်ခဲတဲ့ အတွေ့အကြုံမျိုးကို ခေါ်သွားမှာလား...]

​ကမ္ဘာပျက် ရှင်သန်ရေးသမား - [၁၂ နာရီအတွက် ယွမ် ၁၀,၀၀၀ လား။ ဈေးက နှစ်ဆတက်သွားပြီပဲ... ဒါက ဒါရိုက်တာကျန်းရဲ့ ဈေးနှုန်းသတ်မှတ်ချက်က အန္တရာယ်ရှိတယ်ဆိုတာကို အရိပ်အမြွက် ပြနေတယ်။ ဒါပေမဲ့ ဒီအန္တရာယ်က အခွင့်အရေးကိုလည်း ကိုယ်စားပြုတယ်။ အခွင့်အရေးဆိုတာ ဘာလဲ။ ချက်ချင်း ချမ်းသာဖို့ပဲ...]

​စုငွေ သန်း ၁၀၀ ရှိရင် နာမည်ပြောင်းမယ့်သူ - [အာ့... အပေါ်က လူပြောတာ ငါ့ကို တကယ် ဆွဲဆောင်သွားပြီ။ ပြီးခဲ့တဲ့ အကြိမ် ကမ္ဘာပျက်ခေတ်ကို သွားတုန်းကလည်း အရမ်းအန္တရာယ်များပေမဲ့ သွားခဲ့တဲ့သူတိုင်း ဘီလီယံနာတွေ ဖြစ်လာကြတာပဲ။ မရဘူး... ဘယ်လောက်ပဲ အန္တရာယ်များများ သွားရမယ်။ သေရမယ်ဆိုရင်တောင် သွားရမှာပဲ...]

​သူဌေးသား ရမ်းကား - [ဒီသခင်လေးက မွေးရာပါ သတ္တိရှိပြီး ခန္ဓာကိုယ်လည်း တောင့်တင်းတော့ ဒါကို ဘယ်သူမှ လုယူလို့ မရဘူး။ မနက် ၃ နာရီ မဟုတ်လား။ ဒီသခင်လေး တစ်ညလုံး မအိပ်ဘဲ စောင့်မယ်ကွ... ငါ့မှတ်ချက်ကို မြင်ပြီး လိုက်ခ် မပေးတဲ့သူ ဘယ်တော့မှ မရစေနဲ့...]

​ပရိသတ်စစ်စစ်ဆိုတာ သေရမှာ မကြောက်ဘူး - [ဒါရိုက်တာကျန်း... မနက် ၃ နာရီ လက်မှတ်လုရတာ ဘယ်လောက်တောင် အဓိပ္ပာယ်မရှိလဲဆိုတာ ခင်ဗျား သိလား။ ဖျော်ဖြေပွဲလက်မှတ်အတွက်တောင် ဒီလောက်ထိ မလုပ်ခဲ့ဖူးဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ ခရီးသွားအဖွဲ့မှာ ပါဖို့ ကျွန်တော်အစွမ်းကုန် ကြိုးစားမယ်။ ဒီည မနက် ၃ နာရီ တွေ့မယ်...]

​ဟန်ကျိုးမြို့ရှိ ညဈေး စားသောက်ဆိုင်တန်းများ၏ နီယွန်မီးရောင်များ လင်းလက်နေပြီး ပလတ်စတစ်ခုံ ခုနစ်ခုံဖြင့် ဝန်းရံထားသော လေးထောင့်စားပွဲငယ်ပေါ်တွင် အသားကင်များနှင့် ဘီယာပုလင်းများ ပုံနေခဲ့သည်။

​ကျန်းထောင်က ခွက်ကိုမြှောက်ကာ အားလုံးကို ဂုဏ်ပြုသောက်သုံးရန် ဖိတ်ခေါ်မည့်အချိန်တွင် မိုဘိုင်းလ်ဖုန်း ခုနစ်လုံး တစ်ပြိုင်နက် မြည်လာသဖြင့် သူက အသိပေးချက် အသံများကို အထူး ဂရုစိုက်လိုက်၏။

​“ဟားဟားဟား...” ကျန်းထောင်က ဖုန်းကို ယူလိုက်၏။ “ဒါရိုက်တာကျန်း ဗီဒီယို တင်လိုက်ပြီဟ။ အဖွဲ့လိုက် ဝယ်ယူမှု စတော့မယ်။”

​သူတို့ ခြောက်ယောက်စလုံး ဖုန်းများကို ထုတ်ကာ လော့ခ်ဖွင့်လိာက်ပြီး နောက်ဆုံးတင်ထားသော ဗီဒီယိုကို ဖွင့်ကြည့်လိုက်ကြ၏။

​လူခုနစ်ယောက် ဖတ်ပြီးသွားသောအခါ သူတို့၏ စိတ်ထဲတွင် မေးခွန်းများ ပြည့်နှက်နေလေသည်။

​“ဒါက ကျင့်ကြံခြင်းအကြောင်းအရာနဲ့ သက်ဆိုင်တဲ့ နေရာလား...” ဖန်ကောင်းချန်က သိုးသားကင်ကို ကစားရင်း နားမလည်နိုင်စွာဖြင့် မေးလိုက်၏။

အခန်း ၁၉၇ပြီး၏။

All Chapters