← Chapters

အခန်း ၁၅၇၁

Vol. 111 Ch. 1571

အခန်း ၁၅၇၁

Vol. 111 Ch. 1571

ရှေးဟောင်းမြင့်မြတ်ခန္ဓာမှစတင်၍ (ကျွင်းရှောင်ယောက်)

မူရင်း စာစဉ်အမည် ; Scoring the Sacred Body of the Ancients from the Get-go

မူရင်း စာရေးသူ ; God j

ဘာသာပြန် ; နိုင်လင်းအောင်

အခန်း ( ၁၅၇၁ ) ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်၏ လှုပ်ရှားမှု။

အဆုံးမဲ့ဧကရာဇ်၏ စကားလုံးများက အနှိုင်းမဲ့ သံယောဇဉ်နှင့် လွမ်းဆွတ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

သူ၏ ဝေဝါးနေသော ပုံရိပ်သွင်သည် အလင်းစက်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ရေခဲခေါင်းတလားအတွင်းသို့ ကျဆင်းသွား၏။

ယခုအခါ သူ့ကို အနောက်ဘက်မှ မယ်တော်ဘုရင်မနှင့် ခွဲထား၍ မရတော့ဘဲ တစ်သားတည်း ဖြစ်သွားခဲ့ကြပြီ။

ထို့နောက် ရေခဲခေါင်းတလားက အလိုအလျောက် ပျံသန်းသွားခဲ့ပြီး ကျယ်ပြောလှသော စကြဝဠာ၏ နက်ရှိုင်းရာအရပ်ဆီသို့ ပျောက်ကွယ်သွားတော့သည်။

'ငါ အသက်ရှင်စဉ်တုန်းက မင်းနဲ့အတူ ကမ္ဘာပတ်ပြီး ခရီးမသွားနိုင်ခဲ့ဘူး...'

'ငါ သေဆုံးပြီးတဲ့နောက်မှာတော့ မင်းနဲ့အတူ မြှုပ်နှံခံပြီး ထာဝရ ကြယ်တာရာ ကောင်းကင်ယံထဲမှာ မျောလွင့်ပါရစေ...'

ရေခဲခေါင်းတလားတစ်ခုသည် အဆုံးမဲ့ဧကရာဇ်နှင့် အနောက်ဘက်မှမယ်တော်ဘုရင်မတို့ကို မြှုပ်နှံရန်အတွက် အုတ်ဂူသဖွယ် ဖြစ်ခဲ့သည်။

သူတို့၏ အချစ်ဇာတ်လမ်းက အဆုံးမဲ့စကြဝဠာကြီးအတွင်း မျောလွင့်ရင်း ခေတ်အဆက်ဆက် လက်ဆင့်ကမ်းပြောစရာ ထာဝရဒဏ္ဍာရီတစ်ခု ဖြစ်လာခဲ့ပေပြီ။

ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေပြင်က တိတ်ဆိတ်သွားခဲ့သည်။

သက်ရှိသတ္တဝါအားလုံး နှုတ်ဆိတ်သွားခဲ့ကြ၏။

မျက်ရည်များသာ စီးကျနေကြတော့သည်။

မည်သူမျှ မျက်ရည်များကို ထိန်းချုပ်မထားနိုင်ကြပေ။

အဆုံးမဲ့ဧကရာဇ်နှင့် အနောက်ဘက်မှမယ်တော်ဘုရင်မတို့၏ အချစ်ဇာတ်လမ်းက ယခုအခါတွင် လုံးဝ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ရေခဲခေါင်းတလားတစ်ခုတည်းတွင် အတူတူမြှုပ်နှံခံရကာ ထာဝရအချိန်ကာလဆီသို့ မျောလွင့်သွားခဲ့ကြပြီ။

၎င်းက အခြားပုံစံတစ်မျိုးဖြင့် ပြည့်စုံစွာ ဇာတ်သိမ်းသွားခြင်းလည်း ဖြစ်နိုင်သည်။

"ဧကရာဇ်အရှင်... အရှင် အလွန်အမင်း ပင်ပန်းခဲ့ပါပြီ... စိတ်အေးချမ်းစွာနဲ့ အနားယူပါတော့..."

"အဆုံးမဲ့ဧကရာဇ်အရှင်ကို ရိုသေစွာ ပို့ဆောင်ပါတယ်"

အင်မော်တယ်နယ်မြေ မရေတွက်နိုင်သော သက်ရှိများက ဒူးထောက်၍ဖြစ်စေ၊ ခါးညွှတ်၍ဖြစ်စေ သို့မဟုတ် လက်အုပ်ချီ၍ဖြစ်စေ အဆုံးမဲ့ဧကရာဇ်ကို ရိုသေလေးမြတ်စွာဖြင့် နှုတ်ဆက်လိုက်ကြသည်။

သူသည် အင်မော်တယ်နယ်မြေအတွက် အရာအားလုံးကို ပေးဆပ်ခဲ့၏။

ယခုအခါတွင်မူ သူ၏ အလိုဆန္ဒက နောက်ဆုံး၌ ပြည့်ဝသွားခဲ့ပြီး သူ အချစ်ရဆုံးသောသူနှင့်အတူ ထာဝရ အတူတူ ရှိနေနိုင်ခဲ့ပြီ။

ကျန်းစန်းယီ၏ လှပသော မျက်နှာပြင်ထက်မှာ မျက်ရည်များဖြင့် ရွှဲနေခဲ့သည်။

၎င်းက အနောက်ဘက်မှ မယ်တော်ဘုရင်မ၏ ကံကြမ္မာကြောင့် မျက်ရည်ကျခြင်းလား သို့မဟုတ် မိမိကိုယ်ပိုင် ဝမ်းနည်းစရာ ကံကြမ္မာကြောင့် မျက်ရည်ကျခြင်းလားဆိုသည်ကိုမူ မသိနိုင်ပါချေ။

"ရှောင်ယောက်..."

ကျွင်းရှောင်ယောက်ကို ကြည့်ရင်း ကျန်းစန်းယီ၏ မျက်ရည်များဖြင့် မျက်ဝန်းများတွင် နက်ရှိုင်းသော ခံစားချက် အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။

တစ်ဖက်တွင်၊ ကျွင်းရှောင်ယောက်ကမူ မျက်ရည်တစ်စက်မျှ မကျခဲ့ပါ။

၎င်းက သူသည် အေးစက်လွန်း၍ သို့မဟုတ် ခံစားချက်မရှိ၍ မဟုတ်ချေ။

စင်စစ်တွင်၊ သူ့ထံ၌ ဝမ်းနည်းပူဆွေးနေရန် အချိန်မရှိခြင်းကြောင့် ဖြစ်သည်။

အဆုံးမဲ့ဧကရာဇ်က အနောက်ဘက်မှမယ်တော်ဘုရင်မနှင့်အတူ ရေခဲခေါင်းတလားအတွင်း မြှုပ်နှံခြင်း ခံခဲ့ရသော်လည်း အက်ကြောင်းများဖြင့် ဖုံးလွှမ်းနေသော အဆုံးမဲ့ခေါင်းလောင်းက ကျွင်းရှောင်ယောက်၏ လက်ထဲသို့ ရောက်ရှိလာခဲ့သည်။

ခေါင်းလောင်းအတွင်းမှ အဆုံးမဲ့ဧကရာဇ် ကြိုတင်ပြင်ဆင်ထားခဲ့ပုံရသော အသံ ထွက်ပေါ်လာခဲ့၏။

"ငါ နောက်ဆုံးတော့ အနားယူပြီး သူ့နောက်ကို လိုက်သွားနိုင်ခဲ့ပြီ... အခုအချိန်ကစပြီး အရာအားလုံးကမင်းအပေါ်မှာပဲ မူတည်တော့တယ်..."

"ဒါ့အပြင် နယ်နိမိတ်ပင်လယ်ကမ္ဘာထဲမှာ ဖုံးကွယ်နေတဲ့ အန္တရာယ်တွေ ရှိနေသေးတယ်... ငါ အဆုံးမဲ့ခေါင်းလောင်းထဲမှာ သတင်းအချက်အလက်အချို့ကို မှတ်တမ်းတင်ထားခဲ့တယ်... အဲဒါကိုလည်း မင်းဆီပဲ အပ်နှံခဲ့ပါတယ်..."

"ဒီကမ္ဘာမှာ ပြန်လည်ဝင်စားခြင်း သံသရာဆိုတာ ရှိနေပေမဲ့ ငါကတော့ မင်းကို ငါ့ရဲ့ သံသရာအတိုင်း ဆက်ပြီး မလျှောက်လှမ်းစေချင်ဘူး... မင်းက... ဒီသံသရာကို ဖျက်ဆီးပစ်ရမယ်..."

ဤအသံကို ကြားလိုက်ရချိန်တွင် ကျွင်းရှောင်ယောက်က တိတ်ဆိတ်သွားခဲ့သည်။

သူ့တွင် ဝမ်းနည်းနေပိုင်ခွင့် မရှိသလို စိတ်ပျက်အားငယ်နေရန် နေရာလည်းမရှိချေ။

ကျွင်းရှောင်ယောက်၏ အကြည့်များက အင်မော်တယ်တံခါးဆီသို့ ရုတ်တရက် လှည့်သွားခဲ့သည်။

"ဝုန်း"

အင်မော်တယ်နယ်မြေရှိ သန်းပေါင်းများစွာသော သက်ရှိများက အဆုံးမဲ့ဧကရာဇ် ကြွေလွင့်သွားရသည့်အတွက် ဝမ်းနည်းပူဆွေးမှုများမှ မရုန်းထွက်နိုင်သေးခင်မှာပင် အင်မော်တယ်တံခါးထံမှ တုန်ခါမှုတစ်ခု ထွက်ပေါ်လာခဲ့၏။

ချက်ချင်းဆိုသလိုပင်၊ လူတိုင်း၏ မျက်စိရှေ့မှောက်၌... အဆုံးမဲ့ သွေးနီရောင် သွေးမြူခိုးများက အင်မော်တယ်တံခါးအတွင်းမှ ပေါက်ကွဲထွက်လာတော့သည်။

အချိန်အဆုံးသတ်အရှင်သခင်၏ ပုံရိပ်သွင်က ၎င်း၏အတွင်းမှ ထွက်ပေါ်လာခဲ့သည်။

"အချိန်အဆုံးသတ်ရဲ့အရှင်သခင်က အသက်ရှင်နေသေးတယ်..."

အင်မော်တယ်နယ်မြေမှ ကျင့်ကြံသူအမြောက်အမြားသည် ရေခဲဂူတစ်ခုအတွင်းသို့ ကျဆင်းသွားခဲ့သည့်အလား ခံစားလိုက်ရသည်။

သူတို့၏ နှလုံးသားများမှာ လေးလံသွားခဲ့ရ၏။

အဆုံးမဲ့ဧကရာဇ်က သူ၏ အသက်စွမ်းအားကို တောက်လောင်စေပြီး တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း အချိန်အဆုံးသတ်၏အရှင်သခင်က သန်မာလွန်းပေသည်။

သို့ရာတွင်၊ အဆုံးမဲ့ဧကရာဇ်၏ ပေးဆပ်မှုက အချည်းနှီးတော့ ဖြစ်မသွားခဲ့ချေ။

ထိုအခိုက်အတန့်တွင် အချိန်အဆုံးသတ်အရှင်သခင်၏ ဝတ်ရုံနက်က စုတ်ပြဲနေခဲ့ပြီး သူ၏ အရှိန်အဝါများ ကမောက်ကမဖြစ်လျက် ဒဏ်ရာများ ရရှိထားခဲ့သည်။

ထို့ပြင် အချိန်အဆုံးသတ်အရှင်သခင်၏ အရှိန်အဝါက သိသိသာသာ အားနည်းသွားခဲ့ကြောင်း ထင်ရှားပေသည်။

၎င်းက သူ စုဆောင်းထားသော စွမ်းအင်အမြောက်အမြားကို ကုန်ဆုံးသွားခဲ့ခြင်းကြောင့် ဖြစ်သည်။

"တောက်... အဆုံးမဲ့ဧကရာဇ်... မင်းက တကယ်ကို အရူးတစ်ယောက်ပဲ..."

"ငါ့ရဲ့ ကမ္ဘာဖျက်ဆီးခြင်း ဇာတ်ညွှန်းထဲမှာ မင်းလိုမျိုး ပုံမှန်မဟုတ်တဲ့ တည်ရှိမှုတစ်ခုက ဘယ်လိုလုပ် ထပ်ပေါ်လာနိုင်ရတာလဲ..."

အချိန်အဆုံးသတ်၏အရှင်သခင်မှာ ဒေါသတကြီး ဖြစ်နေသည်။

သို့သော်လည်း ၎င်းကို နားလည်နိုင်ပေသည်။

သူသည် ဤကဲ့သို့သော အခြေအနေသို့ ပြန်လည်ရောက်ရှိလာရန်အတွက် စွမ်းအားများကို စုပ်ယူရန် ခေတ်အဆက်ဆက်နှင့် မရေတွက်နိုင်သော နှစ်ပေါင်းများစွာကို အသုံးပြုခဲ့ရခြင်း ဖြစ်သည်။

ရလဒ်အနေဖြင့် အဆုံးမဲ့ဧကရာဇ်က သူ့ကို ထပ်မံ၍ ဒဏ်ရာရရှိအောင် ပြုလုပ်သွားခဲ့၏။

၎င်းက သူ့ကို ထပ်မံ၍ တားမြစ်ပိတ်လှောင်ထားနိုင်သည်အထိ ပြင်းထန်သော ဒဏ်ရာမျိုး မဟုတ်သော်လည်း သူ့စွမ်းအားများကို များစွာ အားနည်းသွားစေခဲ့ပေသည်။

"ကံကောင်းချင်တော့ သူက မိုက်မဲလွန်းခဲ့တယ်..."

"တကယ်လို့ သူသာ ဆက်ပြီး သီးခြားကျင့်ကြံနေခဲ့မယ်ဆိုရင်... သူက တကယ့်ကို ဒုတိယမြောက် ပျက်စီးခြင်းဧကရာဇ် ဖြစ်လာနိုင်တယ်..."

"မဟုတ်သေးဘူး..."

"သူ့ရဲ့ အထွတ်အထိပ် ကာလတုန်းကဆိုရင် သူက ပျက်စီးခြင်းဧကရာဇ်ထက် အားမနည်းခဲ့ဘူး..."

အချိန်အဆုံးသတ်၏အရှင်သခင်က ရေရွတ်လိုက်သည်။

ထိုစကားကို ကြားသောအခါ မရေတွက်နိုင်သော သက်ရှိများက ဒေါသတကြီးဖြင့် ကြည့်လိုက်ကြသည်။

ကျွင်းရှောင်ယောက်၏ မျက်ဝန်းများတွင်လည်း မကြုံစဖူး အေးစက်သော အလင်းရောင်များဖြင့် လက်ခနဲ ဖြစ်သွားခဲ့၏။

"မင်းက ဘာသိလို့လဲ... ဆရာကြီး အဆုံးမဲ့က တားမြစ်နယ်မြေထဲမှာ သီးသန့်မကျင့်ကြံတတ်ဘူးလို့ တကယ်ပဲ ထင်နေတာလား..."

"ဒါပေမဲ့ သူက သေဆုံးဖို့အတွက် အစကတည်းက ဆုံးဖြတ်ထားပြီးသား...၊ အေးပေါ့လေ... မင်းလိုကောင်မျိုးက အတွေးအခေါ်နဲ့ လူသားတွေရဲ့ ခံစားချက်ကို ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ဘူး"

"ဟားဟားဟား... မင်းတို့က လျှာသွက်တဲ့ ကလေးအဆင့်ပဲရှိတာပါ... ဒါတောင်နှ အခြေအနေကို သဘောမပေါက်သေးဘူးလား..."

"အခု တုန်ဟွဧကရာဇ်လည်း မရှိတော့ဘူး... အဆုံးမဲ့ဧကရာဇ်လည်း မရှိတော့ဘူး..."

"မင်းတို့လို ဒဏ်ရာရထားတဲ့ ပုရွက်ဆိတ်တွေက ငါ့ရဲ့ရှေ့မှာ လျှာရှည်ရဲသေးတယ်လား"

အချိန်အဆုံးသတ်အရှင်သခင်၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"ဒါပေမဲ့ အခု ငါ့ ဒေါသကို ဖြေဖျောက်ဖို့တော့ မင်းတို့ကို သုံးလို့ရသေးတယ်"

အချိန်အဆုံးသတ်၏အရှင်သခင်က လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး ကျွင်းရှောင်ယောက်နှင့် အခြားသူများထံသို့ ချိန်ရွယ်လိုက်သည်။

အဆုံးမဲ့ဧကရာဇ်က သူ့ကို ဒဏ်ရာရရှိအောင် ပြုလုပ်နိုင်ခဲ့သော်လည်း...

ကျွင်းရှောင်ယောက်နှင့် အခြားသူများကို လက်ချောင်းတစ်ချောင်းတည်းဖြင့် အလွယ်တကူ သတ်ဖြတ်နိုင်သေးသည်။

သူ၏ လက်ချောင်းကို တစ်ချက်ယမ်းလိုက်ရုံမျှဖြင့် အချိန်အဆုံးသတ်၏အရှင်သခင်က ကောင်းကင်ကို ကြေမွစေနိုင်ပြီး ဧရာမ အပေါက်ကြီးတစ်ခု ဖြစ်ပေါ်စေနိုင်သော တိုင်လုံးကြီးတစ်ခုကို ဆင်းသက်လာစေခဲ့သည်။

ကျွင်းရှောင်ယောက်လည်း ကောင်းကင်၏ အနက်ရောင်သွေးကို သူ၏ နတ်ဘုရားဓမ္မခန္ဓာအတွင်းသို့ ပေါင်းစပ်ရန် အသင့်ပြင်ဆင်ရင်း အသက်ကို ပြင်းပြင်းရှူလိုက်၏။

တစ်ချိန်တည်းမှာပင် အင်မော်တယ်ကျင့်စဉ်တစ်ခုဖြစ်သော ကံကြမ္မာကျင့်စဉ်ငယ်ကို အသက်သွင်းရန် ပြင်ဆင်ထားတော့သည်။

ကံကြမ္မာကျင့်စဉ်ငယ်သည် သူ၏ ဝှက်ဖဲဖြစ်သော်လည်း... သူ၏ သက်တမ်းနှင့် ကံကြမ္မာတို့ကို အကြီးအကျယ် ထိခိုက်စေနိုင်သောကြောင့် အခြားရွေးချယ်စရာ မရှိတော့သည့် အခြေအနေမျိုးတွင်သာ အသုံးပြုရမည် ဖြစ်သည်။

သို့သော်လည်း ယခုအခါတွင်မူ သူတို့သည် အန္တရာယ်အရှိဆုံး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထင်ရှားနေပြီ။

အကယ်၍ အသက်ပင် မရှိတော့လျှင် သက်တမ်းနှင့် ကံကြမ္မာတို့က ဘာအတွက် အသုံးဝင်တော့မည်နည်း။

ကျွင်းရှောင်ယောက်က သူ၏ ဝှက်ဖဲများနှင့် နည်းလမ်းအားလုံးကို ထုတ်ဖော်ရန် ပြင်ဆင်လိုက်သည့် အချိန်မှာပင်...

ရုတ်တရက်၊ ကြောက်မက်ဖွယ်ကောင်းသော ပြန်လည်ဝင်စားခြင်း ဝဲဂယက်ကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး ကမ္ဘာပျက်ကပ်၏အရှင်သခင်၏ ဧရာမလက်ညှိုးကြီးကို ပိတ်ဆို့လိုက်သည်။

ထို့နောက် လှပပြီး ကျော့ရှင်းသော ပုံရိပ်သွင်တစ်ခုက ကျွင်းရှောင်ယောက်၏ ရှေ့တွင် ပေါ်လာခဲ့၏။

၎င်းက မည်သူမျှ မမျှော်လင့်ထားခဲ့သော ပုံရိပ်ဖြစ်သည်။

ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်...

လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။

ကောင်းကင်ကိုးပါး ဖြစ်စေ သို့မဟုတ် အင်မော်တယ်နယ်မြေ ဖြစ်စေ... လူတိုင်း မျက်လုံးပြူးသွားကြ၏။

အထူးသဖြင့် ပြန်လည်ဝင်စားခြင်းပင်လယ်မှ ဧကရာဇ်များက လုံးဝ နားမလည်နိုင်ကြတော့ပေ။

"ပြန်လည်ဝင်စားခြင်းအရှင်... ခင်ဗျား ဘာလုပ်နေတာလဲ..."

ဤမြင်ကွင်းကို မြင်ရသောအခါ မြင့်မြတ်ဝိညာဉ်ဘိုးဘေးနှင့် အခြားသူများလည်း အော်ဟစ်လိုက်ကြသည်။

ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်သည် အတိတ်ကာလတုန်းက သူတို့ကဲ့သို့ပင် ကမောက်ကမဖြစ်ခြင်းတွင် ပါဝင်ခဲ့ပြီး အင်မော်တယ်နယ်မြေရှိ ဝိညာဉ်အားလုံးကို ယဇ်ပူဇော်ခြင်း ပြုလုပ်ခဲ့သော ယဇ်ဆရာသခင်တစ်ဦး ဖြစ်သည်။

ထို့ပြင် သူသည် အဆုံးမဲ့ဧကရာဇ်နှင့်လည်း ကာလရှည်ကြာ ရန်ငြိုးများ ရှိခဲ့ဖူး၏။

သို့သော်လည်း ယခုအခါတွင်မူ သူက ကျွင်းရှောင်ယောက်၏ရှေ့တွင် ရပ်တည်လျက် အင်မော်တယ်နယ်မြေ မှလူများကို အဘယ်ကြောင့် ကူညီပေးနေရသနည်း။

"ဒါက ဖြစ်နိုင်မလား..."

သက်ရှည်ခြင်းဧကရာဇ်က တစ်စုံတစ်ရာကို တွေးတောမိလိုက်သည့်အလား မျက်မှောင်ကျုံ့သွားသည်။

ကျွင်းရှောင်ယောက်လည်း ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်က သူ့အရှေ့တွင် ရပ်နေသည်ကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားခဲ့ပေသည်။

သူက ဤအရာကို အမှန်တကယ် မမျှော်လင့်ထားခဲ့ချေ။

ကျွင်းရှောင်ယောက်က အကဲစမ်းသည့်အနေဖြင့် မေးမြန်းလိုက်သည်။

"မင်း... ရှောင်ချမ်ရွယ်လား..."

ထိုအခိုက်အတန့်တွင် ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်က သူမ၏ဦးခေါင်းကို လှည့်ကြည့်လိုက်သည်။

နဂါးငွေ့တန်းကဲ့သို့ တောက်ပသော ဆံနွယ်ရှည်များက ကျွင်းရှောင်ယောက်၏ မျက်နှာကို တိုးဝှေ့ရိုက်ခတ်သွား၏။

သူမ၏ အနှိုင်းမဲ့စွာ လှပသော မျက်နှာထက်တွင်မူ အေးစက်ကာ သီးခြားဆန်သော အမူအရာနှင့် လျစ်လျူရှုခြင်း အရိပ်အယောင်အချို့ ပါဝင်နေခဲ့ပေသည်။

"မင်း ငါ့ကို ဘယ်လို ခေါ်လိုက်တာလဲ..."

"အာ..."

ကျွင်းရှောင်ယောက်က ခေတ္တမျှ စကားဆွံ့အသွားခဲ့သည်။

သူသည် ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်၏ ခန္ဓာကိုယ်ကို ရှောင်ချမ်ရွယ်က ထိန်းချုပ်လိုက်ပြီဟု ထင်မှတ်ခဲ့ခြင်း ဖြစ်၏။

ယခု ထိုသို့ဖြစ်ပုံမရပေ။

"ဟွန့်... ငါ့ရဲ့ တာအိုသစ်သီးက မင်းကို သူ့ရဲ့ သခင်အဖြစ် တကယ်ပဲ အသိအမှတ်ပြုလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး..."

"ကံကောင်းချင်တော့ အဆုံးမဲ့က နောက်ဆုံးမှာ သေဆုံးသွားခဲ့ပြီ... ငါ့ရဲ့ အတွင်းစိတ်နတ်ဆိုးနဲ့ စွဲလမ်းမှုတွေလည်း မရှိတော့ဘူး..."

"ဒါကြောင့် ငါဟာ တာအိုသစ်သီးနဲ့ သဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့တယ်"

"ဒါက..."

"ငါ မင်းကို ကာကွယ်ပေးရမယ်..."

All Chapters