← Chapters

အခန်း ၁၅၇၂

Vol. 111 Ch. 1572

အခန်း ၁၅၇၂

Vol. 111 Ch. 1572

အခန်း ( ၁၅၇၂ ) ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်နှင့် ရှောင်ချမ်ရွယ်၏ ကတိကဝတ်။

ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်က လှပသော်လည်း အမူအရာမှာ အေးစက်သည်။

သက်ရှိသတ္တဝါအားလုံးထက် သာလွန်ထူးကဲသော ဆွဲဆောင်မှုမျိုးဖြင့် ညှို့ဓာတ်ပြင်းသည့် ရုပ်ရည်သွင်ပြင်မျိုး ဖြစ်၏။

သူမ၏ ငွေရောင်ဆံနွယ်များက ညကောင်းကင်ယံမှ ကြယ်ပွင့်များကဲ့သို့ တောက်ပနေပြီး လေထဲတွင် မျောလွင့်‌နေလေသည်။

သူဟာ တကယ်ကို နတ်ဘုရားမအဆင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

သို့သော်လည်း သူသည် တစ်ချိန်က ပဉ္စမမြောက် ယဇ်ဆရာသခင်ဖြစ်ပြီး မရေတွက်နိုင်သော အပြစ်များကို ကျူးလွန်ခဲ့သည်။

နောက်ဆုံးတွင်၊ အဆုံးမဲ့ဧကရာဇ်က သူမကို တိုက်ခိုက်နှိမ်နင်းခဲ့သဖြင့် တာအိုသစ်သီး ပျောက်ဆုံးသွားကာ အိပ်မောကျသွားခဲ့ရပေသည်။

ဤခေတ်တွင် သူမ နိုးထလာခဲ့ရခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်က အဆုံးမဲ့ဧကရာဇ်ကို ရင်ဆိုင်ရန် ဖြစ်သည်။

၎င်းက သူမ၏ အတွင်းစိတ်နတ်ဆိုးနှင့် စွဲလမ်းမှုပင်။

သို့သော်လည်း ယခုအခါတွင်မူ အဆုံးမဲ့ဧကရာဇ်က ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

သူမ၏ စွဲလမ်းမှုနှင့် အတွင်းစိတ်နတ်ဆိုးများသည်လည်း သဘာဝအတိုင်း ပျောက်ကွယ်သွားခဲ့ရတော့သည်။

ဤအချိန်တွင် သူမ၏ တာအိုသစ်သီးဖြစ်သော ရှောင်ချမ်ရွယ်က ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်နှင့် သဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့သည်။

အကယ်၍ ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်အနေဖြင့် ယခုအချိန်တွင် ကျွင်းရှောင်ယောက်ကို ကူညီပေးရန် ဆန္ဒရှိမည်ဆိုပါက...

ထို့ပြင် နောင်အနာဂတ်တွင်လည်း ကျွင်းရှောင်ယောက်၊ သို့မဟုတ် ကျွင်းရှောင်ယောက်၏ ရင်းနှီးခင်မင်သူ၊ မည်သည့်မိသားစု အင်အားစုကိုမဆို ရန်သူအဖြစ် သတ်မှတ်မည်မဟုတ်ကြောင်း ကတိပြုခဲ့လျှင်...

နှစ်ပေါင်းတစ်ရာ ကြာပြီးနောက်တွင် ရှောင်ချမ်ရွယ်က သူမ၏ ကိုယ်ပိုင်အသိစိတ်ကို ဖျက်ဆီးပစ်မည် ဖြစ်သည်။

ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်အနေဖြင့် တာအိုသစ်သီးကို အပြည့်အဝ သန့်စင်ပြီး စုပ်ယူနိုင်လိမ့်မည်။

သို့မဟုတ်ပါက ရှောင်ချမ်ရွယ်သည် သူ့ကိုယ်သူ ဖျက်ဆီးပစ်ရန်သာ ရွေးချယ်လိမ့်မည် ဖြစ်သည်။

၎င်းက ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်အတွက် ပြဿနာကြီးတစ်ခု ဖြစ်လာစေမည်မှာ သေချာပေသည်။

ထို့ပြင် ဤသစ်သီးက သူမ၏ ကျင့်ကြံခြင်း အနှစ်သာရ ဖြစ်သည်။

အကယ်၍ ၎င်းက သူ့ကိုယ်သူ ဖျက်ဆီးပစ်လိုက်မည်ဆိုလျှင် ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်၏ ကျင့်ကြံမှုကို များစွာထိခိုက်စေလိမ့်မည်။

၎င်းက သူမအတွက် လက်ခံနိုင်စရာ မရှိချေ။

စွမ်းအားကြီးမားသော အကျော်အမော်တစ်ဦးအတွက် အထွတ်အထိပ်သို့ ရောက်ရှိပြီးမှ ပြန်လည်ကျဆင်းသွားရခြင်းမှာ သေရသည်ထက်ပင် ပို၍ ဆိုးဝါးသည်။

ထို့ပြင် နှစ်ပေါင်းတစ်ရာဟူသည်မှာ အလွန်ရှည်လျားသော အချိန်ကာလတစ်ခုအဖြစ် ထင်ရသော်လည်း...

ခေတ်အဆက်ဆက် အိပ်မောကျနိုင်သော ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်ကဲ့သို့ တည်ရှိမှုမျိုးအတွက်မူ ၎င်းက မျက်တောင်တစ်ခတ်စာမျှသာ ဖြစ်သည်။

ထို့ကြောင့် ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်လည်း အနည်းငယ်မျှ မတုံ့ဆိုင်းတော့ဘဲ ရှောင်ချမ်ရွယ်၏ သဘောတူညီမှုကို သဘောတူလိုက်ပေသည်။

ဤသို့ဖြင့် ယခုအခါတွင် ကျွင်းရှောင်ယောက်ကို ကာကွယ်ရန်အတွက် လှုပ်ရှားလာခဲ့ခြင်း ဖြစ်သည်။

ဟုတ်သည်၊ တားဆီးကာကွယ်ပေးခြင်းဟု ဆိုသော်လည်း သူ၏ လုပ်ဆောင်နိုင်စွမ်းအတွင်း၌သာ ကူညီပေးခြင်းမျိုး ဖြစ်သည်။

ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်သည် အလွန်အစွမ်းထက်ပြီး အချိန်အဆုံးသတ်၏အရှင်သခင်ကို ဆန့်ကျင်တိုက်ခိုက်နိုင်စွမ်း ရှိသည်။

သို့သော်လည်း သူတစ်ဦးတည်းဖြင့် အချိန်အဆုံးသတ်၏အရှင်သခင်ကို ဆန့်ကျင်တိုက်ခိုက်နိုင်သည်ဟု ဆိုခြင်းမှာမူ လွန်အကဲပိုရာ ရောက်ပေလိမ့်မည်။

အကယ်၍ ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်အနေဖြင့် ၎င်းကို တောင့်မခံနိုင်တော့ပါက နောက်ဆုတ်သွားခဲ့မည် ဖြစ်သည်။

နောက်ဆုံးတွင်၊ မိမိ၏ အသက်ကိုပင် ဆုံးရှုံးလိုက်ရပြီဆိုပါက ဘာများအသုံးဝင်ဦးတော့မည်နည်း။

ကျွင်းရှောင်ယောက်သည်လည်း သူ၏ မျှော်လင့်ချက်အားလုံးကို ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်အပေါ်တွင် သဘာဝအတိုင်း ပုံအောမထားခဲ့ချေ။

ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်က ရှောင်ချမ်ရွယ်ကြောင့် သူ့ဘက်တွင် ယာယီရပ်တည်ပေးနေခြင်း ဖြစ်သော်လည်း...

ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်ကို ထည့်ပေါင်းလိုက်လျှင်ပင် အချိန်အဆုံးသတ်၏အရှင်သခင်ကို ရင်ဆိုင်ရန် ရုန်းကန်နေရဆဲဖြစ်ပြီး သူတို့အတွက် အလွန်အမင်း ခက်ခဲနေသေးသည်။

"ဟမ့်... အကျိုးမဲ့ ရုန်းကန်နေကြတယ်။ မင်းတို့ရဲ့ ပျက်စီးခြင်းက အနှေးနဲ့အမြန် ဖြစ်လာရမဲ့ ကိစ္စပဲ"

ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်က သူ့ကိုဆန့်ကျင်ရန် ဝင်ရောက်လာသော်လည်း အချိန်အဆုံးသတ်၏အရှင်သခင်မှာ လုံးဝ တုန်လှုပ်ခြင်း မရှိခဲ့ချေ။

သို့သော်လည်း သူက ကျွင်းရှောင်ယောက်နှင့် အခြားသူများဆီတွင် အချိန်အကြာကြီး မဖြုန်းချင်တော့ပါ။

တစ်ကမ္ဘာလုံးက သူ၏ ဖျက်ဆီးခြင်းကို စောင့်ဆိုင်းနေကြသည်။

စိတ်ကူးကြည့်၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက အချိန်အဆုံးသတ်၏အရှင်သခင်ထံမှ ထွက်ပေါ်လာခဲ့သည်။

ပင်လယ်ရေများ ခန်းခြောက်သွားပြီး အရာအားလုံး ညှိုးနွမ်းသွားရသည်။

မရေတွက်နိုင်သော ကံတရား၏ ကြိုးမျှင်များသည် တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေခဲ့ကြသော်လည်း အချိန်အဆုံးသတ်၏အရှင်သခင်က ၎င်းကို လက်ဝါးချက်တစ်ချက်တည်းဖြင့် ဖြတ်တောက်လိုက်၏။

ကောင်းကင်နှင့် မြေပြင်က ပြောင်းလဲသွားခဲ့ပြီး အရာအားလုံးမှာလည်း မွေးဖွားလာလိုက် ပျက်စီးသွားလိုက် ဖြစ်နေတော့သည်။

လူတိုင်း၏ မျက်စိရှေ့မှောက်တွင် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော ထင်ယောင်ထင်မှား ပုံရိပ်တစ်ခု ပေါ်ထွက်လာသည့်အလား ဖြစ်နေခဲ့သည်။

၎င်းက အင်မော်တယ်နယ်မြေ၏ပုံရိပ် ဖြစ်ပေသည်။

သို့သော်လည်း ထိုအင်မော်တယ်နယ်မြေ ကိုးခုလုံးက သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ပြီး အမှောင်ထုအတွင်း၌ ဖုံးလွှမ်းနေခဲ့သည်။

သက်ရှိသတ္တဝါဟူ၍ မရှိတော့ဘဲ မည်သည့် သက်ရှိလက္ခဏာမျှ မတွေ့ရတော့ချေ။

အလွှာလိုက် ပုံနေသော မရေတွက်နိုင်သည့် အဖြူရောင် အရိုးများနှင့် ဖုန်မှုန့်များသာ ရှိသည်။

အသက်ဇီဝ လက္ခဏာအားလုံး ပျောက်ကွယ်သွားခဲ့ပြီ။

"ဒါ... ဒါက အချိန်အဆုံးသတ်ရဲ့အရှင်သခင် အုပ်ချုပ်တဲ့ ကမ္ဘာကြီးလား..."

ထိုပုံရိပ်ယောင်ကို မြင်လိုက်ရချိန်တွင်၊ ကောင်းကင်ကိုးပါးရှိ မရေတွက်နိုင်သော သက်ရှိများက အသူတရာနက်ရှိုင်းသော ချောက်ကြီးတစ်ခုအတွင်းသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူတို့ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်းနှင့်အတူ အတွေးများသည်ပါ ရပ်တန့်သွားသည့်အလား ဖြစ်ခဲ့ရ၏။

၎င်းက မည်မျှအေးစက်ပြီး၊ ဆိတ်သုဉ်းကာ မျှော်လင့်ချက်မဲ့သော ကမ္ဘာကြီး ဖြစ်သနည်း။

အချိန်အဆုံးသတ်၏အရှင်သခင်က သက်ရှိသတ္တဝါအားလုံး၏ ကံတရားကိုပင် ဖြတ်တောက်တော့မှာလား။

"မဟုတ်သေးဘူး၊ အချိန်အဆုံးသတ်ရဲ့အရှင်သခင်... ဒီလို ဆိတ်သုဉ်းနေတဲ့ ကမ္ဘာကြီးက မင်းအတွက်လည်း ဘာအကျိုးမှ ရှိမှာမဟုတ်ဘူး မဟုတ်လား..."

"သက်ရှိသတ္တဝါတွေ မရှိတော့ရင် စစ်ပွဲတွေ၊ ကမောက်ကမဖြစ်တာတွေ၊ ရက်စက်ကြမ်းကြုတ်တာတွေလည်း ရှိတော့မှာ မဟုတ်ဘူး"

အင်မော်တယ်နယ်မြေမှ အကျော်အ‌မော်တစ်ဦးက မနေနိုင်ဘဲ အော်လိုက်သည်။

အချိန်အဆုံးသတ်အရှင်သခင်၏ အမြဲတမ်းပြောင်းလဲနေပြီး ဝေဝါးနေသော မျက်နှာထက်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာခဲ့ပေသည်။

"အဟက်... မင်းတို့က မင်းတို့ကိုယ်မင်းတို့ အထင်ကြီးလွန်းနေကြတာပဲ..."

"ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေ မရှိရင်တောင်မှ ငါက တခြားနေရာတွေကို သွားလို့ရသေးတယ်... နယ်နိမိတ်ပင်လယ်ကို ဖြစ်ဖြစ် အခြားတစ်နေရာပဲဖြစ်ဖြစ်ပေါ့"

အချိန်အဆုံးသတ်အရှင်သခင်၏ ရည်မှန်းချက်များက အဆုံးမရှိပေ။

ကမ္ဘာပျက်ကပ် နတ်ဘုရား လေးပါးထဲမှ တစ်ပါးဖြစ်သည့်အားလျော်စွာ သူ၏ရည်မှန်းချက်က ကမ္ဘာကြီးကို ဖျက်ဆီးပစ်ရန် ဖြစ်သည်။

သို့သော် ကမ္ဘာကြီးဆိုသည်မှာ အင်မော်တယ်နယ်မြေတစ်ခုတည်းကိုသာ ဆိုလိုခြင်း မဟုတ်ချေ။

အတိုချုပ်ပြောရလျှင် အင်မော်တယ်နယ်မြေက အချိန်အဆုံးသတ်၏အရှင်သခင်အတွက် ပထမဆုံးသော ပစ်မှတ်တစ်ခုမျှသာ ဖြစ်သည်။

ထိုစကားကို ကြားရသောအခါ အင်မော်တယ်နယ်မြေအတွင်းရှိ မရေတွက်နိုင်သော သက်ရှိများမှာ မျှော်လင့်ချက် ကင်းမဲ့ခြင်းများဖြင့် ပြည့်နှက်သွားခဲ့ရသည်။

အဆုံးမဲ့ဧကရာဇ်က မျှော်လင့်ချက်ဟူသည်မှာ လူတိုင်း၏ နှလုံးသားအတွင်း၌ တည်ရှိသည်ဟု ပြောခဲ့သည်။

သို့သော်လည်း ယခုအခါတွင်မူ သူတို့၏ ကံတရားများကိုပင် အချိန်အဆုံးသတ်၏အရှင်သခင်က ဖြတ်တောက်နေခဲ့ပြီ ဖြစ်သည်။

၎င်းက လူတစ်ယောက်ကို ပြန်မဝင်စားနိုင်စေရန် လုံးဝ ဖျက်ဆီးပစ်ခြင်းမျိုး ဖြစ်သည်။

ဤကဲ့သို့ လုံးဝ မျှော်လင့်ချက်မဲ့ပြီး သေခြင်းတရား အငွေ့အသက်များ လွှမ်းမိုးလာချိန်တွင်...

အသံတစ်ခုက ရုတ်တရက် ဟိန်းထွက်လာခဲ့သည်။

"ငါ လက်မခံဘူး"

လူတိုင်းက မော့ကြည့်လိုက်ကြပြီး ထိုအသံထွက်ပေါ်လာရာ နေရာကို စိုက်ကြည့်လိုက်ကြ၏။

"ကျွင်းရှောင်ယောက်"

ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်သည်လည်း အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခု လှစ်ဟလာခဲ့သည်။

စွမ်းအားကြီးမားလွန်းသည့် အမှောင်ထုနှင့် ရင်ဆိုင်ရချိန်တွင် အစွမ်းထက်သော ပျက်စီးခြင်းဧကရာဇ်ပင်လျှင် နောက်ဆုံး၌ ပျက်စီးခြင်းသို့သာ ရောက်ရှိနိုင်ခဲ့သည်။

သို့သော်လည်း ဤလူငယ်လေးကတော့ အချိန်အဆုံးသတ်၏အရှင်သခင်ကို "လက်မခံဘူး" ပြတ်ပြတ်သားသား ငြင်းဆန်ဝံ့ပေသည်။

"မင်းက တကယ်ကို ထူးခြားတာပဲ..."

အချိန်အဆုံးသတ်၏အရှင်သခင်က ကျွင်းရှောင်ယောက်ကို နက်နက်နဲနဲ စိုက်ကြည့်လိုက်သည်။

သူသည် သက်ရှိသတ္တဝါအားလုံး၏ ကံတရားကို ဖြတ်တောက်နိုင်သော်လည်း ကျွင်းရှောင်ယောက်၏ ကံတရားကိုမူ မဖြတ်တောက်နိုင်ချေ။

အကြောင်းမှာ သူက ကျွင်းရှောင်ယောက်၏ ကံကြမ္မာကို လုံးဝ အာရုံခံ၍ မရနိုင်သောကြောင့် ဖြစ်သည်။

သို့တည်းမဟုတ် ကျွင်းရှောင်ယောက်၌ မည်သည့် ကံတရားမျှ မရှိခြင်း ဖြစ်နိုင်ပေသည်။

"ဒါပေမဲ့ မင်းအဆင့်နဲ့ ငါ့ကို တားဆီးနိုင်မယ်လို့ ထင်နေတာကတော့ စိတ်ကူးယဉ်ဆန်လွန်းတယ်... ငါက အန္တိမကပ်ဘေးကြီး မဟုတ်ဘူး"

အချိန်အဆုံးသတ်၏အရှင်သခင်က ပြောလိုက်သည်။

သူ၏ အကြံအစည်များ၊ တွက်ချက်မှုများ၊ ကြီးမားလှသော စီမံကိန်းများ... ၎င်းတို့ကို အန္တိမကပ်ဘေးကြီးသည်ပင် နှိုင်းယှဉ်၍ ရနိုင်မည်မဟုတ်ချေ။

ကျွင်းရှောင်ယောက်က ဘာမျှမပြောတော့သော်လည်း သူ၏ မျက်လုံးများထဲတွင် ပြတ်သားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

အင်မော်တယ်နယ်မြေရှိ သက်ရှိသတ္တဝါအားလုံးအတွက် သူ့ကိုယ်သူ စတေးခံ တိုက်ခိုက်ရန် စိတ်ကူးမရှိချေ။

သို့သော်လည်း အချိန်အဆုံးသတ်၏အရှင်သခင်ကို မတားဆီးနိုင်ခဲ့လျှင်...

ပျက်စီးသွားမည့်အရာက အင်မော်တယ်နယ်မြေရှိ မရေတွက်နိုင်သော အသက်များသာမက သူ၏ ပတ်ဝန်းကျင်ရှိ လူများသည်လည်း ပါဝင်သည်။

၎င်းက ကျွင်းရှောင်ယောက်အနေဖြင့် လုံးဝ ခွင့်မပြုနိုင်သော အရာပင်။

"လက်လျှော့လိုက်ပါတော့"

"လမ်းစဉ်အားလုံး... ငါ့ရဲ့လက်မှာ ပျက်စီးစေ"

အချိန်အဆုံးသတ်၏အရှင်သခင်က လက်တစ်ဖက်ကို မြှောက်လိုက်ပြီး အဆုံးမဲ့သော စွမ်းအားများကို ထုတ်ဖော်လိုက်သည်။

ကြီးမားသော သွေးယဇ်ပူဇော်ခြင်း စွမ်းအားက အဆုံးအစမဲ့သော ဒီရေလှိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ပြင်ပသို့ ဖြာထွက်လာခဲ့၏။

အချိန်အဆုံးသတ်၏အရှင်သခင်က ကမ္ဘာကြီးကို ဖျက်ဆီး၍ အရာအားလုံးကို ဖုန်မှုန့်ဖြစ်စေရန် စတင်ပြုလုပ်တော့မည်။

ဤ"လမ်းစဉ်အားလုံး ပျက်စီးခြင်း"မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော အဆုံးစွန် ဖျက်ဆီးခြင်း ဖြစ်သည်။

ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်က သက်ပြင်းတစ်ချက်ချလိုက်လေသည်။

ထို့နောက် သူမ၏ စီးဆင်းနေသော ငွေရောင်ဆံနွယ်များက အရိုင်းဆန်စွာ လှုပ်ရှားလာခဲ့သည်။

သူမသည်လည်း သူ၏ စွမ်းအားအပြည့်ကို ထုတ်ဖော်လိုက်၏။

ထိုအခိုက်အတန့်တွင် ရှောင်ချမ်ရွယ်ကလည်း နှောင့်ယှက်ခြင်း မပြုတော့ဘဲ တာအိုသစ်သီး၏ စွမ်းအားကို ၎င်း၏ အကန့်အသတ်အထိ တွန်းပို့လိုက်ကာ ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်နှင့် ပူးပေါင်းလိုက်တော့သည်။

ချက်ချင်းဆိုသလိုပင် မရေတွက်နိုင်သော ပြန်လည်ဝင်စားခြင်း အင်မော်တယ်အလင်းတန်းများက ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။

၎င်းက သူမနှင့် ကျွင်းရှောင်ယောက်ကို ဖုံးလွှမ်းသွားခဲ့၏။

ခွန်းလွန်းကောင်းကင်အရှင်၊ တုကူးဓားနတ်ဘုရားနှင့် ဝူဟူတို့သည်လည်း မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ရုံသာ တတ်နိုင်ခဲ့ကြသည်။

"မဟုတ်ဘူး..."

ကျွင်းရှောင်ယောက်က ရုတ်တရက် ပြောလိုက်သည်။

"ဟင်... မင်းက..."

ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်က လှည့်ကြည့်လိုက်သည်။

သူသည် ရှောင်ချမ်ရွယ်ကို ကျွင်းရှောင်ယောက်အား ကာကွယ်ပေးမည်ဟုသာ ကတိပြုခဲ့ခြင်း ဖြစ်သဖြင့် သဘာဝအတိုင်း အခြားမည်သူ့ကိုမျှ ထည့်သွင်းထားခြင်း မရှိချေ။

"ကျုပ်က ခင်ဗျားရဲ့ နောက်ကွယ်မှာ ရပ်နေဖို့ ဒါမှမဟုတ် ခင်ဗျားရဲ့ ကာကွယ်မှုကို မလိုဘူး..."

ကျွင်းရှောင်ယောက်က ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်၏ ကာကွယ်မှု ဘောင်အတွင်းမှ ခြေလှမ်း၍ ထွက်ခွာလိုက်သည်။

သူ၏ လက်အောက်ငယ်သားဖြစ်သော ဝူဟူ... ထို့ပြင် သူ့ကို ကူညီပေးနေသော ရဲ့ကူချန်နှင့် ခွန်းလွန်းကောင်းကင်အရှင်တို့သည်လည်း တစ်ယောက်တည်း ရုန်းကန်တိုက်ခိုက်နေကြသည်။

သူက မည်ကဲ့သို့ ပြန်လည်ဝင်စားခြင်းအရှင်သခင်၏ နောက်ကွယ်တွင် ရပ်နေပြီး ဤမျှ လွယ်ကူစွာ ကာကွယ်မှုကို လက်ခံနိုင်မည်နည်း။

"မင်း ရူးနေတာလား... မင်းရဲ့ကျင့်ကြံမှုနဲ့ အချိန်အဆုံးသတ်အရှင်သခင်ရဲ့ တိုက်ခိုက်မှုကို ဘယ်လိုမှ တောင့်ခံနိုင်မှာ မဟုတ်ဘူး"

ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်က မျက်မှောင်ကြုတ်ပြီး အေးစက်စွာ အော်ဟစ်လိုက်သည်။

"ဒါက အရေးမကြီးပါဘူး... ယောက်ျားတစ်ယောက်အနေနဲ့ ဒီလောကကြီးမှာ မွေးဖွားလာပြီးမှတော့ ရှင်သန်ခြင်းနဲ့ သေခြင်းတရားအတွက် ဘာလို့ ကြောက်နေရဦးမှာလဲ"

ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောလိုက်၏။

တကယ်တော့ ဒါက သူ့စကား မဟုတ်ပေ။

၎င်းမှာ သူ၏ဖခင် ကျွင်းဝူဟွေ့ အန္တိမ ကပ်ဘေးကြီးနှင့် တိုက်ခိုက်စဉ်အတွင်း ပြောကြားခဲ့သည့် စကား ဖြစ်သည်။

ကျွင်းရှောင်ယောက်က ရှေ့သို့ လျှောက်လှမ်းသွားခဲ့သည်။

သူက အရာအားလုံးကို လောင်ကျွမ်းပစ်ရန်နှင့် သူ၏ စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီ။

ထိုအခိုက်အတန့်တွင် အချိန်က အဆပေါင်းများစွာ နှေးကွေးသွားပုံရသည်။

"ဝုန်း"

ကောင်းကင်က ရုတ်တရက် တုန်ခါသွားခဲ့သည်။

မကြုံစဖူးသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့ပြီး မတူညီသော နေရာများဆီမှ လျှံထွက်လာခဲ့၏။

ထိုအစွမ်းထက်လှသော အရှိန်အဝါက အချိန်အဆုံးသတ်အရှင်သခင်၏ တိုက်ခိုက်မှုကိုပင် ယာယီ ဖိနှိပ်သွားတော့သည်။

"ဟင်... ဘယ်သူလဲကွ..."

အချိန်အဆုံးသတ်၏အရှင်သခင်က အံ့အားသင့်စွာ မေးလိုက်သည်။

တုန်ဟွဧကရာဇ်၏ အစစ်အမှန်ဝိညာဥ်က ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

အဆုံးမဲ့ဧကရာဇ်သည်လည်း ကွယ်လွန်သွားခဲ့ပြီ။

သူ၏ ရှေ့မှောက်တွင် မည်သူက လျှို့ဝှက်ဆန်းကြယ်စွာ ပြုမူနိုင်ဦးမည်နည်း။

ထိုအခိုက်အတန့်တွင် ကျွင်းရှောင်ယောက်က တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်သည်။

သူ၏သွေးများက ပွက်ပွက်ဆူလာပြီး ပေါက်ကွဲထွက်တော့မည့် မီးတောင်တစ်ခုအလား ဖြစ်လာခဲ့၏။

၎င်းက ကျွင်းရှောင်ယောက် တစ်ဦးတည်း မဟုတ်ချေ။

ကျွင်းမိသားစုဝင် တစ်ဦး ဖြစ်နေသရွေ့... သူတို့၏ သွေးမျိုးဆက်အတွင်း၌ ပုံမှန်မဟုတ်သည့် လှုပ်ရှားမှု ရှိနေကြောင်းကို အနည်းနှင့်အများ ခံစားလိုက်ကြရမည် ဖြစ်သည်။

"ဒါက... ဖြစ်နိုင်မလား..."

ကျွင်းမိသားစုဝင် အများစုက တစ်စုံတစ်ခုကို တွေးလိုက်မိကြသည်။

"အဖေ..."

ကျွင်းရှောင်ယောက်လည်း ခပ်တိုးတိုး ရေရွတ်လိုက်တော့သည်။

All Chapters