အခန်း ၁၅၇၄
Vol. 111 Ch. 1574
အခန်း ( ၁၅၇၄ ) ကျွင်းဝူဟွေ့၏ ကြောက်မက်ဖွယ် အရည်အချင်း။
ထိုပုံရိပ်က လက်တစ်ဖက်ကိုမြှောက်လိုက်ပြီး ဧကရာဇ်ပလ္လင်တော်ကို ရိုက်ခွဲဖျက်ဆီးပစ်လိုက်သည်။
လောကတစ်ခွင်လုံး တိတ်ဆိတ်သွား၏။
၎င်းက ကောင်းကင်မှ ပေးအပ်သော ပလ္လင် ဖြစ်သည်။
ထိုပလ္လင်ပေါ်တွင် ထိုင်လိုက်သည်နှင့် ဧကရာဇ်အားလုံး၏ ဘုရင် ဖြစ်လာနိုင်လိမ့်မည်။
သမိုင်းတစ်လျှောက်တွင် ဤမျှကြီးမားသော ဂုဏ်ပြုခြင်းကို လူဘယ်လောက်များများက ရရှိဖူးပါသနည်း။
သို့သော်လည်း ထိုပုံရိပ်ကမူ လုံးဝ စိတ်ဝင်စားခြင်း မရှိခဲ့ချေ။
အကယ်၍ သူသာ ထိုပလ္လင်ပေါ်တွင် တကယ်ထိုင်လိုက်မည်ဆိုပါက...
၎င်းက ကောင်းကင်လမ်းစဥ်၏ ကန့်သတ်ချုပ်ချယ်မှုအောက်သို့ ရောက်ရှိသွားမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ထိုသူ၏ လမ်းကြောင်းသည်လည်း အင်မော်တယ်နယ်မြေ၏ လမ်းစဉ်အောက်သို့ ရောက်ရှိသွားပေလိမ့်မည်။
"ဝုန်း"
ဧကရာဇ်ပလ္လင်တော် ပျောက်ကွယ်သွားသည်နှင့် တပြိုင်နက်...
ကောင်းကင်နှင့် မြေပြင်ကြားတွင် မရေတွက်နိုင်သော နတ်ဘုရားမိုးကြိုးများ ပေါ်ထွက်လာခဲ့သည်။
ဟွင်းသွမ်းနတ်ဘုရားမိုးကြိုး၊ ကောင်းကင်ကိုးပါးနတ်ဘုရားမိုးကြိုး၊ ကမ္ဘာဖျက်ဆီးခြင်းအနက်ရောင်မိုးကြိုး၊ ခုနစ်ရောင်ခြယ် ဆန်းကျယ်မိုးကြိုး၊ ငရဲမိုးကြိုး...
မရေမတွက်နိုင်သော မိုးကြိုးများက အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာဖျက်ဆီးခြင်း မိုးကြိုးဒီရေလှိုင်းကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အောက်သို့ အဟုန်ပြင်းစွာ ကျဆင်းလာတော့သည်။
၎င်းက "မင်း သဘောမတူရင် ငါတို့ မင်းကို ဖျက်ဆီးပစ်မယ်" ဟူသော သဘောထားမျိုး ပြသနေသည့်အလား ဖြစ်သည်။
"ဟမ့်"
အေးစက်သော နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင်၊ ထိုပုံရိပ်က သူ့လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ဟင်းလင်းပြင်ကို ဖမ်းဆုပ်ဟန်ပြုလိုက်၏။
"အင်မော်တယ်သတ်"
"ရွှီး..."
ဓားအလင်းတစ်ခုက တိုင်းတပါးဆီမှ ထွက်ပေါ်လာခဲ့သည်။
မရေတွက်နိုင်သော ဟင်းလင်းပြင်အလွှာများကို ဖြတ်တောက်ကာ အရှိန်အဟုန်ဖြင့် ပျံသန်းလာသည်။
"လူသတ်ဓား"
"အတုမဲ့ဓား"
တောက်ပသော ဓားအလင်းနှစ်ခုက နယ်နယ်နိမိတ်ပင်လယ်အတွင်းမှ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ကိုးပါးနယ်ပယ်တစ်ခုလုံးကို ဖြတ်သန်းသွားခဲ့၏။
"အင်မော်တယ်ထောင်ချောက်ဓား"
မိုးကြိုးထစ်ချုန်းသကဲ့သို့ ဟိန်းဟောက်သံကြီးက ရှေးဟောင်းသင်္ချိုင်းမြေကို တုန်ခါသွားစေခဲ့သည်။
သင်္ချိုင်းကမ္ဘာအတွင်းမှ ဓားအလင်းတစ်ခုက ဟင်းလင်းပြင်ကို ထိုးဖောက်ကာ ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ပြီး ထိုပုံရိပ်ရှိရာဆီသို့ ဦးတည်ပျံသန်းလာပြန်တော့သည်။
အင်မော်တယ်သတ်ဓား၊ လူသတ်ဓား၊ အတုမဲ့ဓား၊ အင်မော်တယ်ထောင်ချောက်ဓား။
ဤအင်မော်တယ်သတ်ဓားလေးစင်းသည် တိုင်းတပါးကမ္ဘာ၊ နယ်နိမိတ်ပင်လယ်နှင့် သင်္ချိုင်းကမ္ဘာတို့တွင် တည်ရှိနေခဲ့ကြခြင်း ဖြစ်သည်။
၎င်းတို့က ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင် ကျွင်းဝူဟွေ့ အခြေစိုက်စောင့်ကြပ်နေခဲ့သော တားမြစ်နယ်မြေ သုံးခု ဖြစ်၏။
အင်မော်တယ်သတ်ဓားကို ယခင်က အန္တိမကပ်ဘေးကို ချိပ်ပိတ်ရန်အတွက် အသုံးပြုခဲ့သည်။
လူသတ်ဓားနှင့် အတုမဲ့ဓားတို့က နယ်နိမိတ်ပင်လယ်အတွင်း၌ တစ်စုံတစ်ရာသော အခန်းကဏ္ဍများတွင် ရှိနေခဲ့ကြ၏။
အင်မော်တယ်ထောင်ချောက်ဓားကမူ သင်္ချိုင်းကမ္ဘာအတွင်းရှိ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများကို ဖိနှိပ်ထားခဲ့ပေသည်။
ယခုအခါတွင်မူ အင်မော်တယ်သတ်ဓားလေးစင်းစလုံးက အတူတကွ ပြန်လည်ရောက်ရှိလာခဲ့ကြပြီး ဟင်းလင်းပြင်ကို ဖောက်ထွက်လာခဲ့ကြပြီ ဖြစ်သည်။
ယခုအခါ ထိုပုံရိပ်က မည်သူမည်ဝါဖြစ်ကြောင်း အထူးပြောနေစရာ လိုတော့မည် မထင်ပေ။
သူကား အခြားသူမဟုတ်၊ ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင် ကျွင်းဝူဟွေ့ပင် ဖြစ်သည်။
"ဝုန်း"
ကျွင်းဝူဟွေ့က ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
သူ၏ပုံရိပ်က လူတိုင်း၏ရှေ့မှောက်တွင် အပြည့်အဝ ပေါ်ထွက်လာခဲ့၏။
အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားပြီး၊ ခန့်ညားသော ရုပ်ရည်သွင်ပြင်နှင့်အတူ အားကောင်းသော အရှိန်အဝါမျိုး ရှိသည်။
သူသည် တုနှိုင်းမဲ့သော သူရဲကောင်းဆန်သည့် အမူအရာမျိုးဖြင့် ကျယ်ပြောသော ဟင်းလင်းပြင် အထက်တွင် တစ်ကိုယ်တည်း မတ်တပ်ရပ်နေခဲ့၏။
သူ၏ အရှိန်အဝါဖိအားသက်သက်ကပင် ကောင်းကင်နှင့် မြေကြီးကို ကြေမွသွားစေသည်။
ကောင်းကင်လမ်းစဥ်၏ အမျက်ဒေါသနှင့် ရင်ဆိုင်ရချိန်တွင်ပင် သူက မာနထောင်လွှားစွာဖြင့် အခိုင်အမာ ရပ်တည်နေသေးသည်။
"ငါက အချိန်အဆုံးသတ်ရဲ့အရှင်သခင်ကို တိုက်ခိုက်ရဦးမှာဖြစ်ပြီး ဒီကမ္ဘာကြီးရဲ့ ကမောက်ကမဖြစ်ခြင်းကိုလည်း ငြိမ်ဝပ်အောင် လုပ်ရဦးမယ်။ မင်း ကောင်းကင်လမ်းစဥ်နဲ့ ငြင်းခုန်နေဖို့ ငါ့မှာ အချိန်မရှိဘူး"
ကျွင်းဝူဟွေ့က အေးစက်စွာ စိုက်ကြည့်လိုက်သည်။
သူ၏အရှိန်အဝါက ကောင်းကင်ကို တုန်ခါသွားစေခဲ့၏။
အင်မော်တယ်ဓားလေးစင်းသည်လည်း လေထုကို ထိုးဖောက်ကာ သူ၏ဘေးနားသို့ ဆင်းသက်လာခဲ့ကြပြီ။
ကျွင်းဝူဟွေ့က လက်တစ်ဖက်ကိုမြှောက်လိုက်ပြီး အင်မော်တယ်သတ်ဓားလေးစင်းကို ထိန်းချုပ်လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်များက ကျယ်ပြောသော ဓားစွမ်းအင်ဒီရေလှိုင်းကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဖျက်ဆီးခြင်း မိုးကြိုးဒီရေလှိုင်းကြီးနှင့် တိုက်မိသွား၏။
ယင်းကြောင့် ဖြစ်ပေါ်လာသော တိုက်ခိုက်မှုလှိုင်းများက ကောင်းကင်ကိုးပါးမှ တိုက်ပွဲလှိုင်းထက် လုံးဝ အားမနည်းပေ။
"ဝုန်း..."
ကျွင်းဝူဟွေ့၏ လုပ်ဆောင်ချက်က ကောင်းကင်တစ်ခုလုံးတွင် ကမောက်ကမဖြစ်မှုများကို ပိုမိုလှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
လမ်းစဉ်သောင်းချီ ပေါ်ထွက်လာခဲ့ပြီး ကျွင်းဝူဟွေ့၏ တာအိုကို ဖိနှိပ်ရန်နှင့် သူ တာအိုကိုသက်သေပြပြီး ဧကရာဇ်ဖြစ်လာခြင်းကို တားဆီးရန် ကြိုးစားလိုက်ကြ၏။
နောက်ဆုံးတွင်၊ ကျွင်းဝူဟွေ့က ချီတစ်ခုကို သုံးခုပြောင်းလဲခြင်း ကျင့်စဉ်ကို ကျင့်ကြံထားခြင်း ဖြစ်သည်။
ခန္ဓာသုံးပါးဖြင့် တပြိုင်နက်တည်း ထိုးဖောက်ပြီး ဧကရာဇ်ဖြစ်လာရန် ခက်ခဲမှုမှာ ပုံမှန်ထက် သုံးဆမက ပို၍ ကြီးမားပေသည်။
၎င်းက အဆပေါင်း တစ်ရာကျော်မက တိုးပွားလာခြင်းမျိုး ဖြစ်သည်။
အဆတစ်ရာမက ခက်ခဲသော ဧကရာဇ်ကပ်ဘေးနှင့် ရင်ဆိုင်ရချိန်တွင်ပင် ကျွင်းဝူဟွေ့က တည်ငြိမ်နေခဲ့ပြီး မည်သည့်တုန်လှုပ်မှုမျှ မရှိ၊ ကြောက်ရွံ့ခြင်း လုံးဝ မပြသခဲ့ချေ။
သူသည် အတွေ့အကြုံများစွာကို စုဆောင်းထားခဲ့ပြီး အချိန်အကြာကြီး အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင်မူ ဖောက်ထွက်ရန်အတွက် လုံလောက်သော အခြေခံအုတ်မြစ် ရှိနေခဲ့ပြီ။
"နောက်ထပ် မမျှော်လင့်ထားတဲ့ တည်ရှိမှုတစ်ခုပဲ"
ကျွင်းဝူဟွေ့ကို ကြည့်ရင်း အချိန်အဆုံးသတ်၏
အရှင်သခင်၏ မျက်လုံးများ အရောင်လက်သွားခဲ့သည်။
သို့သော်လည်း သူသည် ချက်ချင်း လှုပ်ရှားခြင်း မပြုခဲ့ချေ။
၎င်းက သူ၏ အကြွင်းမဲ့ ကိုယ်ပိုင်ယုံကြည်မှုကြောင့် ဖြစ်သည်။
ထို့ပြင် ကိုယ်ပွားသုံးခုလုံးဖြင့် တပြိုင်နက်တည်း တာအိုကိုသက်သေပြပြီး ဧကရာဇ်ဖြစ်လာသူကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
သက်ရှည်ခြင်းဧကရာဇ်သည်လည်း စောင့်ကြည့်နေခဲ့သည်။
သူ၏ မျက်လုံးများမှာတော့ ထူးဆန်းသော အရိပ်အယောင်တစ်ခု ရှိနေခဲ့ပေသည်။
'နောက်ထပ် အဆုံးမဲ့ဧကရာဇ်တစ်ယောက် ထွက်ပေါ်လာပြန်ပြီ...'
သက်ရှည်ခြင်းဧကရာဇ်က သူ့စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
အင်မော်တယ်နယ်မြေက အမှန်တကယ်ပင် သူရဲကောင်းများ မပြတ်လပ်ခဲ့ပါ။
ပါရမီရှင်များလည်း အမြောက်အမြား ထွက်ပေါ်လာခဲ့ကြသည်။
ပျက်စီးခြင်းဧကရာဇ်၊ အဆုံးမဲ့ဧကရာဇ်၊ ယခုအခါတွင်မူ ကျွင်းဝူဟွေ့။
မဟုတ်သေး... ကျွင်းရှောင်ယောက်ကိုလည်း ထည့်သွင်းရဦးမည်။
"ဒီလူ အဆင့်တက်တာက ဘာဖြစ်လို့ ဒီလောက်တောင် ကြောက်ဖို့ကောင်းနေရတာလဲ"
မြင့်မြတ်ဝိညာဉ်ဘိုးဘေးနှင့် အခြားသူများလည်း အလွန် အံ့အားသင့်သွားခဲ့ကြသည်။
သူတို့ကိုယ်တိုင် တာအိုကို သက်သေပြပြီး ဧကရာဇ်ဖြစ်လာခဲ့စဉ်ကထက် ယခုမြင်ကွင်းက အဆများစွာ ပို၍ ကြောက်မက်ဖွယ်ကောင်းသေးသည်။
သူတို့က တစ်ဆင့်တည်းပင် မဟုတ်ကြချေ။
၎င်းက နောင်အနာဂတ်တွင် သူတို့၏ အဆင့်သို့ ထိုသူ ရောက်ရှိလာခဲ့မည်ဆိုပါက သူတို့ကို လွယ်ကူစွာ အနိုင်ယူနိုင်လိမ့်မည်ဟု ဆိုလိုခြင်းပင် မဟုတ်ပါလား။
"စိတ်မပူပါနဲ့၊ ပါရမီက ပိုပြီး ကြောက်ဖို့ကောင်းလေလေ... ကပ်ဘေးကို ဖြတ်ကျော်ပြီး သူ အသက်ရှင်ဖို့ အခွင့်အလမ်း ပိုနည်းလေလေပဲ။ အချိန်အဆုံးသတ်အရှင်သခင် ဒီလိုတည်ရှိမှုမျိုးကို အသက်ရှင်ခွင့်ပေးမှာ မဟုတ်ဘူး"
သက်ရှည်ခြင်းဧကရာဇ်က လျစ်လျူရှုစွာ ပြောလိုက်သည်။
အချိန်အဆုံးသတ်၏အရှင်သခင်က ဤငါးကြီးကို လွတ်ထွက်သွားခွင့်ပေးမည် မဟုတ်ချေ။
အဆုံးမဲ့ မိုးကြိုးဒီရေလှိုင်းကြီးက အောက့်က်သို့ စီးဆင်းလာခဲ့သည်။
၎င်းက ဧကရာဇ်တစ်ပါးကို ရိုက်ချပစ်ရန်ပင် လုံလောက်မှုရှိ၏။
ကျွင်းဝူဟွေ့ကို တာအိုသက်သေပြပြီး ဧကရာဇ်ဖြစ်မလာစေရန် တားဆီးပိတ်ဆို့ထားသည့် ကောင်းကင်နိယာမများလည်း ရှိနေခဲ့သေးသည်။
သို့သော်လည်း ကျွင်းဝူဟွေ့က ဤအရာအားလုံးကို ဂရုမစိုက်ခဲ့ချေ။
သူသည် နတ်ဘုရားတို့၏ ဘုရင်တစ်ပါးကဲ့သို့ တည်ငြိမ်သော ခြေလှမ်းတို့ဖြင့် ရှေ့ကိုလှမ်းလာခဲ့သည်။
အင်မော်တယ်သတ်ဓားလေးစင်းက သူ့အား အရပ်လေးမျက်နှာမှ ကာကွယ်ပေးထားခဲ့ကြ၏။
သူက အချိန်အဆုံးသတ်၏အရှင်သခင်ရှိရာဆီသို့ ခြေလှမ်းလှမ်းလိုက်သည်။
သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏ အရှိန်အဝါက ပိုမိုအားကောင်းလာတော့သည်။
ဧကရာဇ်ကပ်ဘေး၏ စွမ်းအားသည်လည်း တစ်စတစ်စ ပိုမိုအားနည်းသွားသကဲ့သို့ ဖြစ်နေခဲ့သည်။
ခြေတစ်လှမ်း...
ခြေနှစ်လှမ်း...
ခြေသုံးလှမ်း...
ကျွင်းဝူဟွေ့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကောင်းကင်ကိုးပါးသို့ ထိုးဖောက်ပြီး စကြဝဠာကြီးတစ်ခုလုံး လင်းထိန်သွားစေသည့် ဧကရာဇ်အလင်းရောင်များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
နောက်ဆုံးတွင် လွှမ်းမိုးချုပ်ကိုင်ထားနိုင်သော ဧကရာဇ်အရှိန်အဝါက ကျယ်ပြောသော ဟင်းလင်းပြင်တစ်ခုလုံးကို ဖြတ်သန်းသွားခဲ့ပြီး မရေတွက်နိုင်သော ကြယ်စက်ဝိုင်းများကိုပင် တုန်ခါသွားစေခဲ့တော့သည်။
မရေတွက်နိုင်သော သက်ရှိများလည်း မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး ဤလွှမ်းမိုးချုပ်ကိုင်ထားနိုင်သော စွမ်းအားအောက်တွင် အရိုအသေပေးလိုက်ကြသည်။
"နတ်ဘုရားဘုရင် တာအိုကို သက်သေပြနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်"
မရေမတွက်နိုင်သော သက်ရှိများက အရိုအသေပြုရင်း အော်ဟစ်လိုက်ကြရာ ကောင်းကင်သည်ပင် တုန်ခါသွားရပုံရသည်။
သူတို့၏ မျက်လုံးများထဲတွင် အလင်းရောင်တစ်ခု ပြန်လည်ပေါ်ထွက်လာခဲ့၏။
တုန်ဟွဧကရာဇ် ပျောက်ကွယ်သွားခဲ့ပြီ။
အဆုံးမဲ့ဧကရာဇ်သည် ကွယ်လွန်သွားခဲ့ပြီ။
သို့သော်...
ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင်က အားကောင်းသော အရှိန်အဝါနှင့်အတူ ပြန်လည်ရောက်ရှိလာခဲ့ပြီ။
ဤခေတ်ကာလ၏ ကမောက်ကမဖြစ်ခြင်းကို ချေမှုန်းပစ်တော့မည် ဖြစ်သည်။
"ဒါက... တကယ်ပဲ အခုမှ တာအိုကို သက်သေပြပြီး ဧကရာဇ်ဖြစ်လာတဲ့သူလား။ အဲဒီအရှိန်အဝါက သာမန်ဧကရာဇ်တစ်ပါးရဲ့ အရှိန်အဝါနဲ့ လုံးဝကို မတူညီတဲ့ အဆင့်တစ်ခုမှာ ရှိနေသလိုမျိုး ဘာလို့ ခံစားနေရတာလဲ"
ဧကရာဇ်တစ်ပါးက အံ့အားသင့်ခြင်း၊ သံသယဖြစ်ခြင်းများဖြင့် အသက်ရှူပြင်းပြင်း ရှူလိုက်မိသည်။
တာအိုကို သက်သေပြပြီး ဧကရာဇ်ဖြစ်လာသူများက ယေဘုယျအားဖြင့် အားကောင်းသော အရှိန်အဝါကို ပိုင်ဆိုင်ထားကြသည်။
သို့သော်လည်း ၎င်းက လက်ရှိ ကျွင်းဝူဟွေ့နှင့် နှိုင်းယှဉ်ပါက လုံးဝ နှိုင်းယှဉ်စရာမရှိပေ။
"ခန္ဓာသုံးပါး တစ်သားတည်းဖြစ်ပြီး တာအိုကို သက်သေပြတာက တကယ် ကြောက်ဖို့ကောင်းတာပဲ။ ဝူဟွေ့က ဝေးကွာလှတဲ့ ဘိုးဘေးကြီး ကျွင်းချီထျန်းပြီးရင် ကျုပ်တို့ကျွင်းမိသားစုရဲ့ ကံကြမ္မာကို မျိုးဆက်တစ်သောင်းတိုင်အောင် ဆက်လက်ထိန်းသိမ်းပေးနိုင်မဲ့ မဏ္ဍိုင်တစ်ခု ဖြစ်ထိုက်ပါပေတယ်"
ထိုက်ဟွမ်းဧကရာဇ်က ချီးကျူးစကား ဆိုလိုက်သည်။
ကျွင်းမိသားစုအတွင်းရှိ အားကောင်းသော အကျော်အမော်ကြီးတစ်ဦးဖြစ်သည့် သူပင်လျှင် ကျွင်းဝူဟွေ့၏ တာအိုသက်သေပြခြင်းနှင့် နှိုင်းယှဉ်ပါက အနည်းငယ် နိမ့်ကျနေသကဲ့သို့ ခံစားလိုက်ရပေသည်။
“သူ့ရဲ့ သားလေးကလည်း အရမ်းကြောက်စရာကောင်းတဲ့ ပါရမီရှင်ပါပဲ၊ ဒါပေမဲ့ စိတ်မကောင်းစရာက သူ ကြီးပြင်းလာဖို့အတွက် အချိန်အလုံအလောက် မရခဲ့ဘူး"
ကျွင်းလင်ရှောင်းက ပြောလိုက်သည်။
ကျွင်းရှောင်ယောက်ကိုယ်တိုင် ပြောခဲ့သကဲ့သို့ပင်...
အကယ်၍ သူ့မှာ နှစ်ပေါင်းတစ်ရာ သို့မဟုတ် နှစ်ပေါင်းတစ်ထောင်ခန့် အချိန်ရှိခဲ့မည်ဆိုပါက ယခုအခြေအနေက ကွဲပြားသွားနိုင်သည်။
လူတိုင်း၏ စောင့်ကြည့်နေမှုအောက်တွင်...
ကျွင်းဝူဟွေ့က နောက်ဆုံးတွင် ကွေ့ရှအပျက်အယွင်းအတွင်းသို့ ခြေလှမ်းလှမ်းဝင်လိုက်သည်။
သူ ကွေ့ရှအပျက်အယွင်းအတွင်းသို့ ခြေလှမ်းလှမ်းလိုက်သည်နှင့် တပြိုင်နက်...
ကောင်းကင်နှင့် မြေပြင်ကြားရှိ ဧကရာဇ်ကပ်ဘေး၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများသည်လည်း လုံးဝ ပျောက်ကွယ်သွားခဲ့၏။
ကျွင်းဝူဟွေ့ထံမှ တောက်ပသောအလင်းရောင်များ ဖြာထွက်လာပြီး ဧကရာဇ်အလင်းရောင်က ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေတစ်ခုလုံးကို လင်းထိန်သွားစေခဲ့တော့သည်။
ဤအခိုက်အတန့်တွင်...
ကောင်းကင်နှင့် မြေပြင်က နောက်တစ်ဖန် ကျယ်လောင်စွာ မြည်ဟီးသွားခဲ့သည်။
အကန့်အသတ်မဲ့ အရှိန်အဝါတစ်ခု ကောင်းကင်ယံမှ ပေါ်ထွက်လာခဲ့၏။
သို့သော်လည်း ဤတစ်ကြိမ်တွင်မူ ၎င်းက ကောင်းကင်၏ အလိုတော်မှ ဝင်ရောက်စွက်ဖက်ခြင်း မဟုတ်ချေ။
ထိုအစား တောက်ပသော ရွှေရောင်စာရင်းတစ်ခုက ဟင်းလင်းပြင်အတွင်းမှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
ရွှေရောင်စာရင်းက အမြင့်မြတ်ဆုံးသော အရှိန်အဝါတစ်မျိုးကို ထုတ်လွှတ်လျက်ရှိ၏။
၎င်းက အင်မော်တယ်နယ်မြေ၏ ကောင်းကင်လမ်းစဥ်ပင်လျှင် မထိန်းချုပ်နိုင်သော နိယာမတစ်ခု ဖြစ်ပုံရပြီး ၎င်းဘာသာ အလိုအလျောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။
နတ်ဘုရားအလင်းများကလည်း တလက်လက် တောက်ပနေကြသေးသည်။
စာရင်းဇယားကြီးက ကောင်းကင်ရေတံခွန်တစ်ခုကဲ့သို့ အောက်သို့ ကျဆင်းလာခဲ့သည်။
စာရင်း ကျဆင်းလာသည်နှင့်အမျှ ခေတ်အဆက်ဆက် တောက်ပနေခဲ့မည့် နာမည်များလည်း ပေါ်ထွက်လာခဲ့ကြ၏။
ဤနာမည်တစ်ခုချင်းစီက ရွှေရောင်တောက်ပနေခဲ့ကြပြီး ကာလတစ်ခုနှင့် ခေတ်တစ်ခုကို လွှမ်းမိုးထားနိုင်သည့် ဂုဏ်အရှိန်အဝါကို ကိုယ်စားပြုနေခဲ့ကြသည်။
၎င်းကား အခြားမဟုတ်...
ဒဏ္ဍာရီလာ ထာဝရဧကရာဇ် အဆင့်သတ်မှတ်ချက် စာရင်းပင် ဖြစ်တော့သည်။