← Chapters

အခန်း ၁၅၇၆

Vol. 111 Ch. 1576

အခန်း ၁၅၇၆

Vol. 111 Ch. 1576

အခန်း ( ၁၅၇၆ ) ခေတ်အဆက်ဆက်တွင် ဒသမမြောက် ပါရမီအမြင့်မားဆုံး ပုဂ္ဂိုလ်။

အများကြီး ရှင်းပြနေစရာပင် မလိုပေ။

"အဆုံးမဲ့ဧကရာဇ်"ဟူသော စာလုံးများက အရာအားလုံးကို ဖော်ပြနေသည်။

ဤနာမည်ကို ဆိုလိုက်ရုံမျှဖြင့် အင်မော်တယ်နယ်မြေရှိ သက်ရှိတိုင်း၏ ချစ် ကြောက် ရိုသေ လေးစားမှုတို့ကို ဖြစ်ပေါ်စေလိမ့်မည်။

အလွန်အမင်း ကောက်ကျစ်ပြီး၊ လှည့်ဖြားတတ်ကာ ရက်စက်ကြမ်းကြုတ်သော မြေအောက်ကမ္ဘာပင်လျှင် အဆုံးမဲ့ဧကရာဇ်ကို ရည်ညွှန်းပြောဆိုသည့်အခါ သက်ပြင်းမချဘဲ မနေနိုင်ကြချေ။

အဆုံးမဲ့ဧကရာဇ်၏ မြင့်မြတ်ခန္ဓာတာအိုသန္ဓေသည် သူတို့ မည်သည့်အခါမျှ မရရှိနိုင်သော တာအိုခန္ဓာ ဖြစ်သည်။

ထို့ပြင်၊ အဆုံးမဲ့ဧကရာဇ်က ခေတ်အဆက်ဆက်မှ ဧကရာဇ်များ၏ စာရင်းတွင် အဆင့် ဆယ့်ငါးနေရာ၌ ရှိနေခဲ့သည်။

ဤအဆင့်သတ်မှတ်ချက်က အနှိုင်းမဲ့ ကြီးကျယ်ခမ်းနားလှပေသည်။

လူတိုင်းက အသက်ပင်ပြင်းပြင်းမရှူဝံ့ဘဲ မျှော်လင့်ချက်များဖြင့် စောင့်ကြည့်နေခဲ့သည်။

သူတို့က အဆုံးမဲ့ဧကရာဇ်ကို အမှန်တကယ် လေးစားချစ်ခင်ကြ‌သည်။

သို့ရာတွင်... ကျွင်းဝူဟွေ့၏ ရိုးသားမှုနှင့် ပေးဆပ်မှုတို့ကလည်း လူတိုင်း၏ နှလုံးသားမှာ နေရာတစ်ခု ရှိပေသည်။

ချီတစ်ခုကိုသုံးခုပြောင်းလဲခြင်းကျင့်စဉ်ဖြင့် နယ်ပယ်သုံးခုကို ဖိနှိပ်ထားခဲ့ပြီး အင်မော်တယ်နယ်မြေ၏ ငြိမ်းချမ်းရေးကို ကာကွယ်ပေးထားခဲ့သည်။

သူတို့တတွေ ပူပန်မှုကင်းမဲ့သော ဘဝကို ဖြတ်သန်းနိုင်ရေးအတွက်... ထိုသားအဖနှစ်ယောက်က အန္တိမကပ်ဘေးကြီးကို အဆုံးသတ်ပေးခဲ့ကြ၏။

အင်မော်တယ်နယ်မြေရှိ သက်ရှိအားလုံး၏ နှလုံးသားထဲတွင် ကျွင်းဝူဟွေ့၏ အဆင့်အတန်းသည် အဆုံးမဲ့ဧကရာဇ်ထက် နိမ့်ကျမှုမရှိပေ။

ထိုအချိန်တွင်...

ကျွင်းဝူဟွေ့၏ နာမည်ပ အဆုံးမဲ့ဧကရာဇ်၏ နာမည်ကို တိတ်ဆိတ်စွာ ကျော်တက်သွားခဲ့သည်။

ကောင်းကင်နှင့် မြေပြင်က တိတ်ဆိတ်သွားခဲ့ပြီး အရာအားလုံး ငြိမ်သက်သွားခဲ့ကြ၏။

ဤအခိုက်အတန့်တွင် သက်ရှိအားလုံး၏ နှလုံးသားထဲမှ တုန်လှုပ်မှုမှာ စာဖွဲ့၍မရနိုင်တော့ပေ။

သို့သော်လည်း သူတို့အားလုံး ယုံကြည်ထားသောအရာ တစ်ခုရှိသည်။

အကယ်၍ အဆုံးမဲ့ဧကရာဇ်သာ အသက်ရှင်နေသေးပါက...

ဤမြင်ကွင်းကို မြင်တွေ့ရလျှင် သူ၏ နှုတ်ခမ်းထက်တွင် ပြုံးယောင်သန်းနေမည်မှာ သေချာလှပေသည်။

"ပြီးသွားပြီလား"

အချို့သူများက အသက်ပြင်းပြင်း ရှူလိုက်ကြသည်။

ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင် ယူဆောင်လာပေးသည့် တုန်လှုပ်မှုက အလွန်အမင်း ကြီးမား၏။

သို့သော်လည်း ထို့နောက်တွင် လူတိုင်း ဆိတ်ဆိတ်ခဲသွားခဲ့ရသည်။

အကြောင်းမူ၊ ကျွင်းဝူဟွေ့၏ နာမည်အဆင့်က တစ်ဖန် ပြောင်းလဲသွားခဲ့သောကြောင့်ပင်။

သူသည် အဆင့် ဆယ့်တစ်နေရာသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ဒသမမြောက်နေရာကား...

ကျွင်းမိသားစု၏ ဧကရာဇ်ကြီး၊ ခေတ်အဆက်ဆက်ကို စိုးမိုးခဲ့သော အရှင်သခင်၊ ကောင်းကင်ဘုံကို စွန့်ခွာခဲ့သော ကောင်းကင်စွန့်ခွာဧကရာဇ်ကြီး ကျွင်းချီထျန်းပင် ဖြစ်တော့သည်။

ဤသည်မှာ ကျွင်းမိသားစု၏ ခေတ်များစွာအတွင်း ကျော်ဖြတ်ရန် မဖြစ်နိုင်လောက်သော ဒဏ္ဍာရီတစ်ခု ဖြစ်သည်။

ဤအရာကပင် ကျွင်းမိသားစု၏ ကံကြမ္မာကို မျိုးဆက်တစ်သောင်းတိုင်အောင် ဆက်လက်ထိန်းသိမ်းပေးနိုင်သည့် အကြွင်းမဲ့ ထောက်တိုင်ကြီးကဲ့သို့သော တည်ရှိမှုမျိုးပင်။

ကျွင်းဝူဟွေ့ကမူ ကျွင်းမိသားစု၏ မျိုးဆက်သစ်ထဲတွင် အထူးခြားဆုံးသော မိသားစုဝင်တစ်ဦး ဖြစ်သည်။

ယခုတော့ မျိုးဆက်နှစ်ခုက ထိပ်တိုက်တွေ့ဆုံကြတော့မည်။

သူက ကျော်တက်နိုင်သွားပါမည်လော။

ဤအခိုက်အတန့်တွင် စိတ်အလှုပ်ရှားဆုံးက အင်မော်တယ်နယ်မြေရှိ သန်းပေါင်းများစွာ သက်ရှိများ မဟုတ်ကြချေ။

၎င်းက ကျွင်းမိသားစုတစ်ခုလုံး ဖြစ်နေခဲ့သည်။

အထူးသဖြင့် ကျန်းရို့ သူမ၏ အဝတ်အစား ထောင့်စွန်းများကို တင်းတင်းဆုပ်ထားခဲ့၏။

ရလဒ်က မည်သို့ပင်ဖြစ်စေ၊ ဤအရာမှာ ကျွင်းမိသားစုအတွက် ဂုဏ်သိက္ခာတစ်ခု ဖြစ်သည်။

သို့သော်လည်း ကျွင်းဝူဟွေ့၏ ဇနီးဖြစ်သူအနေဖြင့် ကျန်းရို့ကမူ သူမ၏ ခင်ပွန်းဖြစ်သူက ရှေးဘိုးဘေးများကို ကျော်တက်ကာ ဒဏ္ဍာရီအသစ်တစ်ခုကို ဖန်တီးနိုင်ရန် သဘာဝအတိုင်း မျှော်လင့်နေခဲ့ပေသည်။

ဤအခိုက်အတန့်တွင် ကျွင်းရှောင်ယောက်၏ အကြည့်သည်လည်း ၎င်းအပေါ်သို့ အာရုံစိုက်နေခဲ့သည်။

ကောင်းကင်နှင့် မြေပြင်ကြားတွင် အရာအားလုံးက ငြိမ်သက်တိတ်ဆိတ်သွား၏။

နောက်ဆုံးတွင်မူ……

ကျွင်းဝူဟွေ့၏ နာမည်က လင်းလက်သွားခဲ့ပြီး ကျွင်းချီထျန်းကို ကျော်လွန်ကာ ထာဝရဧကရာဇ် အဆင့်သတ်မှတ်ချက်စာရင်းတွင် ဒသမမြောက်နေရာကို ရောက်ရှိသွားတော့သည်။

ထာဝရဧကရာဇ် အဆင့်သတ်မှတ်ချက်စာရင်း၏ ထိပ်တန်း ကိုးနေရာရှိ နာမည်များက အလွန်အမင်း တောက်ပလွန်းသဖြင့် သာမန်မျက်စိဖြင့် မမြင်နိုင်လောက်အောင်ပင် ဖြစ်နေခဲ့သည်။

သို့သော်လည်း ထိုနေရာများက သမိုင်းတစ်လျှောက်ရှိ အမြင့်မြတ်ဆုံးသော တည်ရှိမှုကြီးများ ဖြစ်ကြ၏။

ယခုအခါ အင်မော်တယ်နယ်မြေတွင် ထိပ်တန်းဆယ်ယောက်ကဲ့သို့ တည်ရှိမှုကြီးများကို မမြင်တွေ့နိုင်တော့ချေ။

သို့သော် ကျွင်းဝူဟွေ့က သူတို့၏ရှေ့မှောက်၌ ထင်ရှားစွာ ရပ်တည်နေခဲ့သည်။

ဤအရာက သက်ရှိထင်ရှားရှိနေသော ဒဏ္ဍာရီတစ်ခု ပင် ဖြစ်ချေတော့သည်။

သူသည် လက်ရှိ ထာဝရဧကရာဇ် အဆင့်သတ်မှတ်ချက်စာရင်း၏ ထိပ်တန်း ဆယ်ယောက်ထဲတွင် ပါဝင်နေပြီး ကောင်းကင်ဘုံကို ဆန့်ကျင်သည့် တည်ရှိမှုတစ်ခု ဖြစ်သည်။

"နတ်ဘုရားဘုရင်က တုနှိုင်းမဲ့တယ်ကွ"

"ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင်က တလောကလုံးကို လွှမ်းမိုးထားနိုင်တယ်"

"နတ်ဘုရားဘုရင်... ကျေးဇူးပြုပြီး ဒီကမ္ဘာကြီးရဲ့ ကမောက်ကမဖြစ်ခြင်းကို ငြိမ်းအေးအောင် ဆောင်ရွက်ပေးတော်မူပါ"

မရေတွက်နိုင်သော အော်ဟစ်အားပေးသံများနှင့် ဟိန်းဟောက်သံများက ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေတစ်ခုလုံးတွင် ပဲ့တင်ထွက်ပေါ်နေခဲ့သည်။

ကျွင်းမိသားစုဝင်များပင်လျှင် ဤအခိုက်အတန့်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့ကြ၏။

ကျွင်းဝူဟွေ့သည် တစ်ကြိမ်က "ငါ့ရဲ့ ဘိုးဘေးတွေကို လိုက်ရှာနေဖို့ မလိုဘူး၊ ငါက သူတို့ကို ကျော်တက်နိုင်တယ်" ဟု ပြောခဲ့ဖူးသည်။

ယခုအခါတွင်မူ သူက သူ့စကားအတိုင်း စွမ်းဆောင်ပြခဲ့ပြီ။

"အဖေ"

ပုံမှန်အားဖြင့် တည်ငြိမ်မှုရှိသော ကျွင်းရှောင်ယောက်ပင်လျှင် ဤအခိုက်အတန့်တွင် သူ့နှလုံးသွေးများ ဆူပွက်လာသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏ ဖခင်က ခေတ်အဆက်ဆက်မှ ထာဝရဧကရာဇ်စာရင်းတွင် ဒသမနေရာသို့ ရောက်ရှိသွားခဲ့သည်။

သူသည် ဧကရာဇ် ယွီဟွာ၊ ချင်မိသားစု၏ ပထမဆုံးသော ဧကရာဇ်၊ လွမ်ကုဧကရာဇ်နှင့် အဆုံးမဲ့ဧကရာဇ်တို့ကို ကျော်တက်သွားခဲ့သည်။

ယခုအခါတွင်မူ သူက ပြိုင်စံရှားသော ကောင်းကင်စွန့်ခွာဧကရာဇ်ကြီး ကျွင်းချီထျန်းကိုပင် ကျော်တက်သွားခဲ့ပြီ။

သက်ရှိဒဏ္ဍာရီတစ်ပါးဖြစ်သော ကျွင်းဝူဟွေ့က သူ့အဖေ ဖြစ်သည်။

အင်မော်တယ်နယ်မြေတစ်ခုလုံးက လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့ပြီး သက်ရှိအားလုံးမှာလည်း ဝတ်ပြုကိုးကွယ်နေကြလေသည်။

ကမ္ဘာကြီးကို ဖျက်ဆီးတော့မည့် အချိန်အဆုံးသတ်၏အရှင်သခင်ပင်လျှင် ဤအခိုက်အတန့်တွင် ထိတ်လန့်စရာ မကောင်းတော့သကဲ့သို့ ဖြစ်သွားခဲ့ရသည်။

တစ်ချိန်တည်းမှာပင်၊ လူအများက မျှော်လင့်ချက်များဖြင့် တွေးတောမှုများ ပြုလုပ်လာကြသည်။

ကျွင်းဝူဟွေ့သည် ခေတ်အဆက်ဆက်မှ ထာဝရဧကရာဇ်များကြား၌ ဒသမမြောက်မြောက် ပုဂ္ဂိုလ် ဖြစ်သည်။

သို့ဆိုလျှင် သူ၏ တစ်ဦးတည်းသောသားဖြစ်သူ ကျွင်းရှောင်ယောက်က မည်သို့ ရှိမည်နည်း။

ကျွင်းရှောင်ယောက်က တာအိုကို သက်သေပြပြီး ဧကရာဇ်ဖြစ်လာမည့်အချိန်တွင် မည်သည့်အဆင့်သို့ ရောက်ရှိသွားမည်နည်း။

အကယ်၍ ကျွင်းရှောင်ယောက်သာ တာအိုကို သက်သေပြပြီး ဧကရာဇ်ဖြစ်လာမည်ဆိုပါက၊ ထာဝရဧကရာဇ် အဆင့်သတ်မှတ်ချက်စာရင်းကို ပေါ်ထွက်လာစေနိုင်လိမ့်မည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

မေးစရာရှိသည်မှာ၊ ကျွင်းရှောင်ယောက်က မည်သည့်အဆင့်တွင် ရှိနေမည်နည်း ဟူသည်သာ ဖြစ်သည်။

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ရဲ့ ထူးကဲလှတဲ့ ပါရမီအရ တကယ်လို့ သူသာ ဒီကပ်ဘေးကြီးကို အန္တရာယ်ကင်းကင်း ဖြတ်ကျော်နိုင်မယ်ဆိုရင် နောင်အနာဂတ်မှာ သူ့အဖေကို ကျော်တက်ဖို့က ပြဿနာရှိမှာ မဟုတ်ဘူးမို့လား"

"ဒါကတော့ အသေအချာ ပြောလို့မရသေးပါဘူး။ တစ်ခါတလေကျရင် ပါရမီက ပိုပြီး ထူးကဲပြောင်မြောက်လေလေ၊ တာအိုကိုသက်သေပြဖို့ ပိုပြီး ခက်ခဲလေလေပဲ။ နတ်ဘုရားဘုရင်တောင်မှ တာအိုကို သက်သေပြဖို့အတွက် ဒီလောက်အချိန်အကြာကြီး ယူခဲ့ရတာပဲ"

"ဒါပေမဲ့ ကျုပ်ကတော့ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က တာအိုကို သက်သေပြပြီး ဧကရာဇ်ဖြစ်လာမဲ့နေ့ကို တကယ်ပဲ မျှော်လင့်နေမိတယ်"

"ဟုတ်တယ်၊ အဲဒီမြင်ကွင်းက ဘယ်လိုမျိုး ဖြစ်နေမလဲဆိုတာ စိတ်ကူးကြည့်ဖို့တောင် ခက်ခဲတယ်။ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ဘယ်လိုမျိုး အံ့အားသင့်စရာကောင်းတဲ့ အံ့ဖွယ်အမှုတွေကို ဖန်တီးဦးမလဲဆိုတာ... တွေးကြည့်ဖို့တောင် မလွယ်ဘူး"

လူအများက စိတ်ကူးယဉ် တွေးတောလိုက်ကြသည်။

အင်မော်တယ်နယ်မြေ၏ လှုပ်လှုပ်ရှားရှား ဖြစ်နေသော အခြေအနေနှင့် နှိုင်းယှဉ်ပါက...

ကွေ့ရှအပျက်အယွင်းဘက်မှ ကျွင်းဝူဟွေ့မှာ တည်ငြိမ်မှု ရှိခဲ့သည်။

သူသည် ထာဝရဧကရာဇ်အဆင့်သတ်မှတ်ချက်စာရင်းဆီသို့ တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ချေ။

ခေတ်အဆက်ဆက် ဧကရာဇ်များ၏ စာရင်းက သူ့အတွက် မည်သည့်အဓိပ္ပာယ်မျှ ရှိပုံမရချေ။

ဤအရာအားလုံးက အပေါ်ယံဂုဏ်ဒြပ်များသာဖြစ်ပြီး အရာအားလုံးက ခဏတာမျှသာ ဖြစ်သည်။

ဤအခိုက်အတန့်တွင် သူ၏ တစ်ခုတည်းသော ပစ်မှတ်က အချိန်အဆုံးသတ်၏အရှင်သခင် အန်းတိပင် ဖြစ်ချေသည်။

"အိုးဟိုး... ခေတ်အဆက်ဆက်က ဧကရာဇ်တွေကြားမှာ ဒသမမြောက်မြောက် ပုဂ္ဂိုလ်ပေါ့။ ကျွင်းမိသားစုက ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ နောက်ထပ် ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးလိုက်ပြန်ပြီပဲ"

ကျွင်းဝူဟွေ့က ခေတ်အဆက်ဆက် ဧကရာဇ်စာရင်း၏ ဒသမမြောက်မြောက်ပုဂ္ဂိုလ် ဖြစ်လာသည်ကို မြင်ရသောအခါ အချိန်အဆုံးသတ်၏အရှင်သခင် မျက်ဝန်းများတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

သို့သော်၊ ကြီးမားသော ပြောင်းလဲမှုများတော့ မရှိခဲ့ချေ။

ကျွင်းဝူဟွေ့၏ အဆင့်သတ်မှတ်ချက်က သူ၏ တောက်ပသော အနာဂတ်ကိုသာ သက်သေပြနေခြင်း ဖြစ်သည်။

သူက အနာဂတ်တွင် အထွတ်အထိပ် တည်ရှိမှုတစ်ခု ဖြစ်လာနိုင်လိမ့်မည်။

သို့သော်လည်း ဤအရာက အချိန်ယူရမည်ဖြစ်ကြောင်း သိထားကြရမည် ဖြစ်သည်။

တစ်နည်းဆိုရသော်၊ လက်ရှိအချိန်တွင် ကျွင်းဝူဟွေ့၏ အဆင့်က ကောင်းကင်စွန့်ခွာဧကရာဇ်ကြီး၏ အဆင့်ကို ကျော်တက်သွားခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ကျွင်းဝူဟွေ့၏ လက်ရှိခွန်အားကမူ ကောင်းကင်စွန့်ခွာဧကရာဇ်ကြီးနှင့် နှိုင်းယှဉ်ရန် အဝေးကြီး လိုသေးသည်။

ထာဝရဧကရာဇ် အဆင့်သတ်မှတ်ချက်စာရင်း ဆိုသည်မှာ ပါရမီနှင့် အလားအလာတို့ကို အဆင့်သတ်မှတ်ခြင်း ဖြစ်သည်။

၎င်းက အထွတ်အထိပ် ခွန်အားနှင့် တိုက်ခိုက်ရေးစွမ်းရည်တို့ကို အခြေခံ၍ အဆင့်သတ်မှတ်ထားခြင်း မဟုတ်ချေ။

ထို့ကြောင့် အချိန်အဆုံးသတ်၏အရှင်သခင်သည် မည်သည့်စိုးရိမ်ပူပန်မှုမျှ မရှိခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူသာ နှစ်ပေါင်းထောင်ချီ သို့မဟုတ် နှစ်ပေါင်းသောင်းချီ၍ နောက်ကျပြီးမှ ချိပ်ပိတ်ခြင်းကို ဖောက်ထွက်ခဲ့မည်ဆိုပါက...

ကျွင်းဝူဟွေ့ကို ကိုင်တွယ်ရန် ခက်ခဲပေလိမ့်မည်။

သို့သော်လည်း ယခုအချိန်မှာတော့ စိုးရိမ်နေရန် လုံးဝ မလိုချေ။

"အစစ်မှန်ဆုံး မျိုးစေ့တစ်ခုဖြစ်နေရင်တောင်မှ အညှောက်ဘဝမှာတင် ဖျက်ဆီးပစ်လိုက်မယ်ဆိုရင် ကြီးမားတဲ့ သစ်ပင်ကြီးတစ်ပင်အဖြစ် ကြီးထွားလာနိုင်မှာ မဟုတ်ဘူး"

"မင်းရဲ့ ပါရမီနဲ့ အလားအလာက ဒီမှာတင် ရပ်တန့်ရတော့မှာ စိတ်မကောင်းပါဘူး"

အချိန်အဆုံးသတ်၏အရှင်သခင်က လှောင်ပြောင်လိုက်သည်။

"အဖေ... သတိထားပါ"

ကျွင်းရှောင်ယောက်က ပြောလိုက်၏။

ကျွင်းဝူဟွေ့က တာအိုကို သက်သေပြ၍ ဧကရာဇ်ကြီးဖြစ်လာခဲ့ပြီ ဖြစ်သည်။

သူ၏ တိုက်ခိုက်နိုင်စွမ်းကလည်း သာမန်ဧကရာဇ်များထက် များစွာ သာလွန်နေလိမ့်မည်။

သို့သော်လည်း သူ၏ ပြိုင်ဘက်မှာ ကမ္ဘာပျက်ကပ်၏ နတ်ဘုရားလေးပါးထဲမှ တစ်ပါး ဖြစ်နေသည်။

သူ၏ခွန်အားက စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေခဲ့၏။

အဆုံးမဲ့ဧကရာဇ်ပင်လျှင် သူ၏ ကျန်ရှိသော ခွန်အားအားလုံးကို ကုန်ခမ်းစေပြီး၊ သူ၏ အရာအားလုံးကို ပေးဆပ်ခဲ့ပြီးနောက်မှသာ အချိန်အဆုံးသတ်၏အရှင်သခင်ကို ဒဏ်ရာရရှိအောင် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

"ရှောင်ယောက်... မင်း တကယ်ပဲ ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ အဖေ မင်းအတွက် အလွန်ပဲ ဂုဏ်ယူမိတယ်"

"ဒီတစ်ခုပဲ မှတ်ထားပါ၊ မင်းက အဖေကိုယ်တိုင်နဲ့ မင်းရဲ့ ဘိုးဘေးတွေကို ကျော်လွန်နိုင်ရမယ်။ မင်းဟာ နောင်အနာဂတ်မှာ ကျွင်းမိသားစုရဲ့ အဓိကမဏ္ဍိုင်တစ်ခု ဖြစ်လာရလိမ့်မယ်"

ကျွင်းဝူဟွေ့က ပြောလိုက်သည်။

ထို့‌နောက် လက်နှစ်ဖက်ကို နောက်သို့ယှက်လျက် အချိန်အဆုံးသတ်၏အရှင်သခင်ကို တစ်ကိုယ်တည်း ရင်ဆိုင်လိုက်၏။

သူ၏ စကားလုံးများက ကျွင်းရှောင်ယောက်ကိုပင် တစ်မျိုးဖြစ်သွားစေခဲ့သည်။

အခြားသူအားလုံးသည်လည်း ဤစကားလုံးများကို ကြားလိုက်ရသည့်အခါ သူတို့၏ နှလုံးသားထဲတွင် အေးစိမ့်မှုကို ခံစားလိုက်ရပေသည်။

"ဟင်း... ကံမကောင်းချင်တော့ ဒီလူငယ်လေးတွေမှာ အချိန်မရှိခဲ့ဘူး။ အချိန်အဆုံးသတ်ရဲ့အရှင်သခင်ကလည်း အဆိုးရွားဆုံးသော အချိန်မှာမှ ပေါ်ထွက်လာခဲ့တယ်"

"တကယ်လို့ ဝူဟွေ့ကိုသာ သူ့ရဲ့ ကျင့်ကြံခြင်းကို တည်ငြိမ်အောင် လုပ်ဆောင်ဖို့အတွက် နောက်ထပ် နှစ်ပေါင်းတစ်ထောင်လောက် အချိန်ပေးခဲ့မယ်ဆိုရင် သူက အချိန်အဆုံးသတ်ရဲ့အရှင်သခင်ကို သူတစ်ဦးတည်း ချိပ်ပိတ်နိုင်မှာ သေချာတယ်"

ကျွင်းမိသားစုဘက်တွင်မူ ကျွင်းလင်ရှောင်းက သက်ပြင်းချလိုက်မိသည်။

"ဝူဟွေ့..."

ကျန်းရို့၏ နှလုံးသားမှာလည်း တုန်ယင်သွားခဲ့ရသည်။ သူသည် ဝမ်းနည်းနေသော အသံဖြင့် အော်ဟစ်လိုက်မိ၏။

ကျွင်းဝူဟွေ့က လက်သီးကို အနည်းငယ် ဆုပ်လိုက်မိသည်။ သို့သော်လည်း စိတ်ကိုပြန်ထိန်းလိုက်၏။

အင်မော်တယ်သတ်ဓားလေးစင်းကလည်း သူ့နောက်ကွယ်တွင် လွင့်မျောနေပြီး ဓားမြည်သံနှင့်အတူ တောက်ပသော ဓားအလင်းများကို ထုတ်လွှတ်လိုက်ကြတော့သည်။

All Chapters