← Chapters

အခန်း ၁၅၇၈

Vol. 111 Ch. 1578

အခန်း ၁၅၇၈

Vol. 111 Ch. 1578

အခန်း ( ၁၅၇၈ ) အချိန်အဆုံးသတ်၏အရှင်သခင် ထပ်မံဒဏ်ရာရရှိခြင်း။

ဤအခိုက်အတန့်တွင် ကျွင်းဝူဟွေ့၏ အနက်ရောင် ဆံပင်များက ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

တည်ငြိမ်ခန့်ညားသော သူ၏ မျက်နှာထက်တွင်လည်း ဆန်းကျယ်သော ရွှေရောင်လိုင်းများ ပေါ်ထွက်လာခဲ့၏။

ကောင်းကင်ယံရှိ နေနှင့်လကဲ့သို့ တောက်ပခဲ့သော မျက်လုံးတစ်စုံသည်လည်း ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ရှေးဟောင်းနတ်ဘုရားတစ်ပါး နိုးထလာသကဲ့သို့ ခန့်ညားထည်ဝါပြီး အဆုံးအစမဲ့ စွမ်းအားများ ပြည့်နှက်နေခဲ့သည်။

ဤအရာကား အဆုံးစွန် အသွင်ပြောင်းလဲခဲ့ပြီးဖြစ်သော ရှေးဦးနတ်ဘုရားဘုရင်ခန္ဓာပင် ဖြစ်တော့သည်။

ကျွင်းဝူဟွေ့၏ အရှိန်အဝါက နောက်ထပ်တစ်ဖန် မြင့်တက်လာပြီး အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။

ကျွင်းဝူဟွေ့၏နောက်ကွယ်တွင် နတ်ဘုရားတိုင်းပြည်သုံးထောင်က ဂါထာမန္တန်ရွတ်ဆိုသံများကို ထုတ်ဖော်နေခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် သူ၏နောက်ကွယ်မှ ပုံရိပ် တစ်ဆယ့်နှစ်ခု ထွက်ပေါ်လာခဲ့၏။

၎င်းတို့က ဝေဝါးသော ကောင်းကင်နတ်ဘုရား တစ်ဆယ့်နှစ်ပါးကဲ့သို့ဖြစ်ကာ အရာအားလုံးကို ကျော်လွန်၍ ကောင်းကင်နှင့် မြေကြီးကို ဖိနှိပ်ထားနိုင်သည့် အတုမဲ့ စွမ်းအားကို သယ်ဆောင်လာကြသည်။

နေနတ်ဘုရား၊ လနတ်ဘုရား၊ ဗြဟ္မာနတ်ဘုရား၊ မြေနတ်ဘုရား၊ လေနတ်ဘုရား၊ မီးနတ်ဘုရား၊ ရေနတ်ဘုရား၊ ယမနတ်ဘုရား၊ သီဝနတ်ဘုရား၊ ဝေဿဝဏ်နတ်၊ သိကြားနတ်ဘုရား၊ ရက္ခိုဒ်နတ်ဘုရား။

ဤအရာက ကျွင်းဝူဟွေ့၏ နတ်ဘုရားဘုရင် တားမြစ်ပညာရပ်ဖြစ်သော နတ်ဘုရားတစ်ဆယ့်နှစ်ပါး အမဲလိုက်ခြင်းပင် ဖြစ်တော့သည်။

ထိုအချိန်မှာပင် ကျွင်းဝူဟွေ့၏ နောက်ကွယ်၌ သန်းပေါင်းများစွာသော အလင်းစက်လေးများ ပေါ်ထွက်လာခဲ့သည်။

၎င်းက မရေတွက်နိုင်သော သက်ရှိများ၏ အကြွင်းမဲ့ ယုံကြည်ကိုးကွယ်မှုစွမ်းအားများပင်။

"နတ်ဘုရားဘုရင် အနိုင်ရစေဖို့ ဆုတောင်းတယ်"

"နတ်ဘုရားဘုရင် အရှင်က ကျုပ်တို့ အင်မော်တယ်နယ်မြေရဲ့ ကာကွယ်စောင့်ရှောက်သူ နတ်ဘုရားဖြစ်ပြီး တစ်ဦးတည်းသော ကယ်တင်ရှင်ပဲ"

"ကျုပ်က နတ်ဘုရားဘုရင်ကို ထာဝရ ကိုးကွယ်သွားချင်ပါတယ်။ သူက ကျုပ်တို့ အင်မော်တယ်နယ်မြေရဲ့ တစ်ဦးတည်းသော လမ်းပြမီးအိမ်တစ်ခု ဖြစ်လာပါစေလို့ မျှော်လင့်ပါတယ်"

မရေတွက်နိုင်သော သက်ရှိများ၏ ဆုတောင်းသံများ၊ ယုံကြည်မှုများနှင့် ကတိသစ္စာပြုချက်များက ကျွင်းဝူဟွေ့ထံသို့ စုစည်းရောက်ရှိလာကြတော့သည်။

ဤအရာက သူ့၏စွမ်းအားကို မြင့်မားသော အဆင့်အသစ်သို့ တစ်ဖန် ရောက်ရှိသွားစေခဲ့သည်။

ရွှေဝါရောင်အလင်းတန်းတစ်ခုက ဝေဝါးဝါး ပေါ်ထွက်လာ၏။

သို့သော်လည်း ဤမှိန်ဖျော့သောအလင်းရောင်အတွင်း၌ပင် အရုဏ်ဦး၏ လင်းလက်မှုတစ်ခုလည်း ရှိနေသေးသည်။

၎င်းက သန်းပေါင်းများစွာသော လူသားတို့၏ ရှင်သန်ခြင်း အရုဏ်ဦး ဖြစ်သည်။

နတ်ဘုရားတို့၏ ဆည်းဆာ၊ လူသားမျိုးနွယ်အတွက် အရုဏ်ဦး။

တပြိုင်နက်တည်းမှာပင် အင်မော်တယ်သတ်ဓားလေးစင်းက သူ့အား ဝန်းရံထားခဲ့ကြပြီး ကျွင်းဝူဟွေ့ကို အစွမ်းကုန် ထောက်ပံ့ပေးခဲ့ကြသည်။

ထိုအရှိန်အဝါက အလွန်အမင်း အားကောင်းလွန်းသဖြင့် ဒဏ်ရာရရှိထားသော သက်ရှည်ခြင်းဧကရာဇ်၏ မျက်ခုံးများပင်လျှင် အနည်းငယ် လှုပ်ရှားသွားခဲ့ကြပေသည်။

သူသည် သူ၏ အေးစက်တည်ငြိမ်မှုနှင့် ရက်စက်မှုတို့ကြောင့် လူသိများသည့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးဖြစ်သော်လည်း...

ဤအခိုက်အတန့်တွင် ကျွင်းဝူဟွေ့ထံမှ ဖြာထွက်နေသည့် အရှိန်အဝါက သူ့အမူအရာကို ပြောင်းလဲသွားစေခဲ့သည်။

အမြဲတမ်း ပေါ့ပေါ့ပါးပါး ရှိနေခဲ့သော အချိန်အဆုံးသတ်၏အရှင်သခင်သည်လည်း မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့ရပေသည်။

ဟုတ်သည်၊ သူက ကြောက်ရွံ့ခြင်း သို့မဟုတ် စိုးရိမ်ပူပန်ခြင်းတို့ကိုမူ မခံစားရချေ။

"ရှုံးနိမ့်ခြင်း" ဟူသော စာလုံးက သူ၏ ဇာတ်ညွှန်းထဲတွင် မည်သည့်အခါမျှ ပေါ်ထွက်လာလိမ့်မည် မဟုတ်ပါ။

သို့သော်လည်း ကျွင်းဝူဟွေ့၏ လက်ရှိအခြေအနေက သူ့အတွက် လုံးဝ မျှော်လင့်မထားမိသော အရာ ဖြစ်နေခဲ့သည်။

"ဝုန်း...ဝုန်း"

အချိန်အဆုံးသတ်၏အရှင်သခင်က သူ့လက်ကို နောက်တစ်ဖန် ဆန့်ထုတ်လိုက်သည်။ သူက အမှန်တကယ် စိတ်နှစ်လိုက်၏။

ဤအရာက ကျွင်းဝူဟွေ့သည် သူအလိုရှိသလို ကစားနိုင်သည့် လှောင်အိမ်ထဲမှ ကြွက်တစ်ကောင် မဟုတ်တော့ကြောင်း သက်သေပြနေသည်။

ထို့ထက်၊ သူသည် အဆုံးမဲ့ဧကရာဇ်ကဲ့သို့ပင် သူ့အား ခြိမ်းခြောက်နိုင်စွမ်းရှိသော တည်ရှိမှုတစ်ခု ဖြစ်နေခဲ့ပြီ။

ကျွင်းဝူဟွေ့၏ ရွှေရောင်ဆံပင်များက လေထဲတွင် မျောလွင့်နေသည်။

သူ၏ မျက်လုံးများထဲမှ စူးရှတောက်ပသော အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့၏။

သူက အင်မော်တယ်သတ်ဓားလေးစင်းဖြင့် အချိန်အဆုံးသတ်၏အရှင်သခင်၏ သွေးယဇ်ပူဇော်ခြင်းစွမ်းအားကို ခုခံလိုက်သည်။

တစ်ချိန်တည်းမှာပင်၊ ကောင်းကင်နတ်ဘုရား တစ်ဆယ့်နှစ်ပါးက အချိန်အဆုံးသတ်၏အရှင်သခင်ကို ဝန်းရံလိုက်ကြ၏။

နတ်ဘုရားတို့၏ ဆည်းဆာ၊ လူသားတို့အတွက် အရုဏ်ဦး... ထာဝရအလင်းရောင်က အချိန်အဆုံးသတ်၏အရှင်သခင်အပေါ်သို့ တိုက်ရိုက် ကျရောက်သွားတော့သည်။

"ဝုန်း"

ပြင်းထန်သော တိုက်စားခြင်းနှင့် လောင်ကျွမ်းနေခြင်း အသံများ ထွက်ပေါ်လာခဲ့သည်။

အချိန်အဆုံးသတ်အရှင်သခင်၏ ပခုံးတစ်ဖက်က အမှန်တကယ် ပေါက်ကွဲသွားခဲ့ရပြီး သွေးများက မိုးရွာသွန်းသလို ဖြာကျလာတော့သည်။

"သေချင်နေတာပဲ"

အချိန်အဆုံးသတ်အရှင်သခင်၏ မကောင်းဆိုးရွားဆန်ဆန် အသံက ပဲ့တင်ထွက်ပေါ်လာခဲ့သည်။

မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက ဖိနှိပ်လာခဲ့၏။

ကျွင်းဝူဟွေ့မှာလည်း ပြင်းထန်စွာ တုန်ခါသွားရပြီး နောက်ထပ် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြန်တော့သည်။

သို့ရာတွင်၊ သူက ချက်ချင်း ထိန်းချုပ်လိုက်ပြီး ကောင်းကင်နတ်ဘုရား တစ်ဆယ့်နှစ်ပါးကို ပေါက်ကွဲသွားစေလိုက်သည်။

ပြင်းထန်သော ပေါက်ကွဲမှုလှိုင်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး အချိန်အဆုံးသတ်၏အရှင်သခင်သည်လည်း နောက်ထပ်တစ်ကြိမ် တုန်ခါသွားခဲ့ရပြန်တော့သည်။

ထိုအချိန်မှာပင် ဓားရောင်တစ်ချက် လက်သွားသည်။

ကျွင်းဝူဟွေ့က အင်‌ေမာ်တယ်သတ်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် ခုတ်ပိုင်းလိုက်ခြင်း ဖြစ်၏။

စူးရှတောက်ပသော ဓားအလင်းက ထာဝရအချိန်ကာလကို ထိုးဖောက်သွားခဲ့ပုံရသည်။

"ရွှပ်..."

ဓားအလင်း လက်သွားမှုနှင့်အတူ လက်တစ်ဖက် ပြတ်ကျသွားတော့သည်။

"ကျွင်းဝူဟွေ့... မင်း..."

အချိန်အဆုံးသတ်၏အရှင်သခင် ဒေါသပေါက်ကွဲသွားခဲ့သည်။

သူ၏ လက်တစ်ဖက်က အင်မော်တယ်သတ်ဓား၏ ခုတ်ပိုင်းမှုကြောင့် အမှန်တကယ် ပြတ်တောက်သွားခဲ့ရ၏။

ဤအရာက သူ့အတွက် သေစေနိုင်သော ဒဏ်ရာမျိုး မဟုတ်သော်လည်း... အရှက်ကြီးစွာရစေသည်။

သူသည် ကမ္ဘာပျက်ကပ်၏ နတ်ဘုရားလေးပါးထဲမှ တစ်ပါးဖြစ်ပြီး ကမ္ဘာကြီးအဆုံးသတ်၏ နောက်ကွယ်မှ ကြိုးကိုင်စီစဉ်သူ ဖြစ်သည်။

ဤဒဏ်ရာက သူ့အတွက် ကြီးမားသော အရှက်သိက္ခာကျဆင်းမှုတစ်ခုပင်။

"ကောင်းကင်နဲ့ မြေပြင် ပျက်စီးခြင်း... ကမ္ဘာဖျက်ဆီးခြင်း သွေးမိုးကြိုး"

အချိန်အဆုံးသတ်အရှင်သခင်၏ အမျက်ဒေါသအပြည့်ဖြင့် ဟိန်းဟောက်သံက မိုးနှင့်မြေကို အက်ကွဲလုနီးပါး ဖြစ်စေခဲ့သည်။

ပြင်းထန်ပြီး ကြမ်းတမ်းသော သွေးနီရောင် မိုးကြိုးလှိုင်းတစ်ခုက အောက်သို့ ကျဆင်းလာခဲ့၏။

"ဝုန်း... ဝုန်း"

ကျွင်းဝူဟွေ့၏ ခန္ဓာကိုယ်ကို နတ်ဘုရားဘုရင်ခန္ဓာ၏ အဆုံးမဲ့အလင်းများက ကာကွယ်ထားသော်လည်း နောက်သို့ ဆုတ်ခွာသွားခဲ့ရသေးသည်။

အင်မော်တယ်သတ်ဓားလေးစင်းက နောက်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြပြီး ဓားအလင်းများဖြင့် သွေးမိုးကြိုးများကို ဖျက်ဆီးပစ်လိုက်ကြသည်။

"ဒီအရှင်က ကပ်ဘေးအားလုံးရဲ့ အရှင်သခင်ကွ၊ မင်းက ဒီလောက်တောင် သေဖို့ စိတ်အားထက်သန်နေမှတော့ မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်"

အချိန်အဆုံးသတ်၏အရှင်သခင်မှာ အမှန်တကယ် ပေါက်ကွဲနေပြီ ဖြစ်သည်။

"အရင်ကတော့ ဒါကို ကမ္ဘာကြီးကို သွေးယဇ်ပူဇော်ဖို့အတွက် ပြင်ဆင်ထားခဲ့တာ... ဒါပေမဲ့ အခုတော့ မင်းအပေါ်မှာ အရင်ဆုံး သုံးပေးရတာပေါ့"

အချိန်အဆုံးသတ်အရှင်သခင်၏ ပြတ်တောက်သွားသော လက်က ချက်‌ချင်း ပြန်ပေါက်လာခဲ့သည်။

ထို့အပြင် သူသည် ကြောက်မက်ဖွယ်ကောင်းသော အစီရင်တစ်ခုကို အသက်သွင်းလိုက်၏။

အင်မော်တယ်ယဇ်ပလ္လင်ကလည်း ဆန်းကျယ်စွာ တုံ့ပြန်လာပြီး သွေးနီရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်တော့သည်။

ထိုအလင်းတန်းက ဟင်းလင်းပြင်ထဲသို့ ကျရောက်သွားခဲ့ပြီး မရေတွက်နိုင်သော အလင်းတန်းများအဖြစ် ကွဲပြားသွားခဲ့သည်။

၎င်းဆုံးတွင်၊ ၎င်းက လှောင်အိမ်တစ်ခုအသွင် ပြောင်းလဲသွားပြီး ကျွင်းဝူဟွေ့ကို အတွင်း၌ ပိတ်လှောင်လိုက်၏။

ဤအရာက သွေးယဇ်ပူဇော်ခြင်းအစီရင်ပင် ဖြစ်တော့သည်။

အကယ်၍ အချိန်အဆုံးသတ်၏အရှင်သခင်သာ ၎င်း၏စွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်မည်ဆိုပါက...

ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံနိုင်စွမ်း ရှိလိမ့်မည်။

သွေးယဇ်ပူဇော်ခြင်း အစီရင်အတွင်း၌ ဖုံးလွှမ်းခြင်းခံရသော သက်ရှိအားလုံးက ခဏချင်းမှာပင် သုတ်သင်ပယ်ရှင်းခြင်း ခံရမည် ဖြစ်သည်။

ထို့နောက်မှာတော့ အသက်စွမ်းအားများ၊ အပျက်သဘောဆောင်သော စိတ်ခံစားမှုများ၊ မျှော်လင့်ချက်မဲ့မှုများနှင့် အခြားသော အရာအားလုံးကို အချိန်အဆုံးသတ်၏အရှင်သခင်က စုပ်ယူသွားလိမ့်မည်။

ဤအရာက သူ၏ ကမ္ဘာဖျက်ဆီးခြင်း နည်းလမ်း ဖြစ်သည်။

သို့သော် ဤအခိုက်အတန့်တွင်မူ ၎င်းကို ကျွင်းဝူဟွေ့အပေါ်၌ အရင်ဆုံး အသုံးပြုလိုက်ပြီ။

"မင်းက တစ်ယောက်တည်းအင်အားနဲ့ ငါ့ကို သွေးယဇ်ပူဇော်ခြင်းအစီရင် ထုတ်ဖော်အောင် ကြိုးစားနိုင်တယ်။ ဒီအတွက် မင်း သေဆုံးသွားရရင်တောင်မှ မင်းကို အမြဲတမ်း သတိရနေကြမှာပါ"

သွေးယဇ်ပူဇော်ခြင်းအစီရင်အတွင်း၌ ပိတ်မိသွားသော ကျွင်းဝူဟွေ့ကို ကြည့်ရင်း အချိန်အဆုံးသတ်၏အရှင်သခင်က အေးစက်စွာ ရယ်မောလိုက်သည်။

သူ စုဆောင်းထားခဲ့သော စွမ်းအားများက လျင်မြန်စွာ ကုန်ခမ်းနေခဲ့၏။

သို့သော်လည်း ကျွင်းဝူဟွေ့ကို သတ်ဖြတ်နိုင်သရွေ့ သူ့အား ဆန့်ကျင်တားဆီးဝံ့သူ မည်သူမျှ ရှိတော့မည် မဟုတ်ချေ။

သွေးယဇ်ပူဇော်ခြင်း အစီရင်အတွင်း၌ ကျွင်းဝူဟွေ့က အဆုံးမဲ့ နတ်ဘုရားအလင်းတန်းများကို ထုတ်ဖော်လိုက်ပြီး အစီရင်၏ သန့်စင်ဖျက်ဆီးခြင်းစွမ်းအားကို ခုခံနေခဲ့သည်။

သွေးယဇ်ပူဇော်ခြင်းအစီရင်၏ အပြင်ဘက်တွင်မူ...

အင်မော်တယ်သတ်ဓားလေးစင်းက အစီရင်အား ချိုးဖောက်ရန် ပြင်းပြင်းထန်ထန် ထိုးခုတ်နေကြ၏။

သို့သော်လည်း ၎င်းတို့ကို ထိန်းချုပ်သူမရှိသောကြောင့် အချိန်တိုအတွင်း ဖောက်ထုတ်နိုင်ရန် ခက်ခဲလိမ့်မည်။

"ဒီသွေးယဇ်ပူဇော်ခြင်းအစီရင်က မင်းရဲ့ ရုပ်ခန္ဓာနဲ့ ဝိညာဉ်ကို တဖြည်းဖြည်းချင်း သန့်စင်ဖျက်ဆီးပစ်လိမ့်မယ်"

"ဒါပေါ့၊ ခေတ်အဆက်ဆက်မှာ ဒသမမြောက်မြောက် အရည်အချင်းရှိဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ မင်းက ငါ့လက်ထဲမှာ ဘယ်လိုမျိုး အမှုန့်ကြိတ်ခံရမလဲဆိုတာကိုလည်း ကျွင်းမိသားစုကို ကြည့်ခွင့်ပေးနိုင်တယ်"

အချိန်အဆုံးသတ်၏အရှင်သခင်က ပြောပြောဆိုဆိုဖြင့် မှတ်စုစာအုပ်တစ်အုပ်ကို အမှန်တကယ် ထုတ်ယူလိုက်သည်။

၎င်းက သူ၏ ကမ္ဘာဖျက်ခြင်း ဇာတ်ညွှန်းရေးစာအုပ် ဖြစ်၏။

သူ၏ အစီအစဉ်၊ ဗျူဟာများနှင့် အကြံအစည်များအားလုံးနှင့် အမှောင်ထု ကမောက်ကမဖြစ်ခြင်း အစိတ်အပိုင်းများ အပါအဝင် အရာအားလုံးကို ၎င်းအတွင်း၌ မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

"ကျေးဇူးပြုပြီး ဒီအရှင်ကို မင်းရဲ့ အဆုံးသတ်ကို ရေးခွင့်ပြုပါ...၊ ခေတ်အဆက်ဆက်ရဲ့ ဒသမမြောက်မြောက် ပါရမီအမြင့်မားဆုံးပုဂ္ဂိုလ်ဟာ သွေးယဇ်ပူဇော်ခြင်းအစီရင်အတွင်း ကျဆုံးသွားခဲ့ရတယ်..."

အချိန်အဆုံးသတ်၏အရှင်သခင်က ကလောင်တံကို ကိုင်လိုင်သည်။

သူက ဇာတ်သိမ်းကို ရေးသားရန် အသင့်ဖြစ်နေပြီ။

"မလုပ်ပါနဲ့..."

အင်မော်တယ်နယ်မြေရှိ ကျွင်းမိသားစုရှိရာ အရပ်မျက်နှာဆီမှ ကျန်းရို့ နှလုံးသားကွဲကြေမတတ် အော်ဟစ်ငိုယိုသံ ထွက်ပေါ်လာခဲ့သည်။

သူမ၏ မျက်နှာထက်တွင် မျက်ရည်များ စီးကျနေပြီး မြေပြင်ပေါ်သို့ လဲပြိုကျသွားခဲ့၏။

သူရဲကောင်း ယောကျာ်းကောင်းတစ်ဦးအတွက် သူ၏ ဘဝကို သူ့တိုင်းပြည်အတွက် ပေးဆပ်ထားလျှင် သူ့မိသားစုအတွက် ပေးဆပ်နိုင်ရန် ခက်ခဲသည်။

ကျင့်ကြံခြင်းအတွက်နှင့် အင်မော်တယ်နယ်မြေကို ကာကွယ်ရန်အတွက် ကျွင်းဝူဟွေ့သည် အိမ်နှင့် ဝေးကွာနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ။

သို့သော်လည်း ကျန်းရို့က ပါရမီဖြည့်ဖက်ကောင်းပီသာစွာ၊ အထီးကျန်မှုကို လျစ်လျူရှုလျက် အမြဲသည်းခံနိုင်ခဲ့သည်။

သို့သော်... ယခုအခါ သွေးယဇ်ပူဇော်ခြင်း အစီရင်အတွင်းရှိ ကျွင်းဝူဟွေ့ကို ကြည့်ရင်း ကျန်းရို့က သူမ၏ နှလုံးသားကို ဆုပ်ဖြဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပေသည်။

"ခွန်အား လိုအပ်နေသေးတယ်"

ကျန်းရို့၏ အော်ဟစ်သံကို ကြားလိုက်ရသည့်အခါ၊ သွေးယဇ်ပူဇော်ခြင်း အစီရင်အတွင်းရှိ ကျွင်းဝူဟွေ့က သက်ပြင်းတစ်ချက်ကို တိုးတိတ်စွာ ချလိုက်မိသည်။

သူ့ခွန်အားက လုံလောက်စွာ အားကောင်းနေခဲ့ပြီး အဆုံးမဲ့ဧကရာဇ်ကဲ့သို့ အချိန်အဆုံးသတ်၏အရှင်သခင်ကိုပင် ဒဏ်ရာရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။

ဤအရာက ဧကရာဇ်အများစု အိပ်မက်ပင် မမက်ဝံ့ကြသည့် အရာမျိုးပင်။

သို့သော်...

ကျွင်းဝူဟွေ့၏ ပါရမီက မည်မျှပင် ထူးကဲပြောင်မြောက်သည်ဆိုစေကာမူ၊ ကျင့်ကြံရန်အတွက် အချိန်လိုအပ်နေဆဲ ဖြစ်သည်။

သူ့အတွက်ပင် အချိန်က တိုတောင်းလွန်းခဲ့ပေသည်။

'အခုချိန်မှာ ငါလုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ရှောင်ယောက်နဲ့ အခြားလူအားလုံးအတွက် အချိန်ဆွဲပေးဖို့ပဲ...'

ကျွင်းဝူဟွေ့က သူ့စိတ်ထဲတွင် တွေးလိုက်သည်။

ဤအခြေအနေထိ ရောက်ရှိနေသည့်တိုင် ကျွင်းဝူဟွေ့သည် မည်သည့် မျှော်လင့်ချက်မဲ့မှုကိုမျှ မခံစားရပေ။

သေခြင်းတရားကို ကြောက်ရွံ့ခြင်းလည်း မရှိပါ။

သူ တွေးတောသမျှ အရာအားလုံးက သူ၏ မိသားစုနှင့် မျိုးဆက်များ၊ အင်မော်တယ်နယ်မြေရှိ သက်ရှိများကို မည်သို့ ကာကွယ်ရမလဲဆိုတာကို ဖြစ်သည်။

သို့သော် ထိုအခိုက်အတန့်တွင်...

ရေခဲတမျှ အေးစက်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"အချိန်အဆုံးသတ်ရဲ့အရှင်သခင်... ငါက မင်းရဲ့ ကမ္ဘာဖျက်ဆီးခြင်း ဇာတ်ညွှန်းထဲမှာ မတည်ရှိသင့်တဲ့ ဟာကွက်တစ်ခုပဲ၊ ဟုတ်တယ် မဟုတ်လား"

"ဒါပေမဲ့ ဒီလိုဟာကွက်တစ်ခုက မင်းရဲ့ ဇာတ်ညွှန်းတစ်ခုလုံးကို ပြာချပစ်နိုင်တယ်ဆိုတာကို မင်း တစ်ခါမှ ထည့်မတွေးခဲ့ဘူးလား"

ကျွင်းရှောင်ယောက်က ရှေ့သို့ ခြေလှမ်းတစ်ချက် လှမ်းလိုက်သည်။

သူ့မျက်နှာက အေးစက်နေခဲ့ကာ သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်လျက်ရှိ၏။

သူသည် ဗလာနယ်ကံကြမ္မာဖြစ်ပြီး အချိန်အဆုံးသတ်၏အရှင်သခင် မည်သည့်အခါမျှ ကြိုတင်မမြင်နိုင်ခဲ့သော ဟာကွက်တစ်ခု ဖြစ်သည်။

ကျွင်းရှောင်ယောက်က ဤကမ္ဘာဖျက်ဆီးခြင်းဇာတ်ညွှန်းကို ချိုးဖျက်ပစ်နိုင်မည့် တစ်ခုတည်းသော ဟာကွက်ပင်။

All Chapters