← Chapters

အခန်း ၁၅၇၉

Vol. 111 Ch. 1579

အခန်း ၁၅၇၉

Vol. 111 Ch. 1579

အခန်း ( ၁၅၇၉ ) ဆဋ္ဌဂံ မြှုပ်နှံခြင်းခြောက်ပါး။

အချိန်အဆုံးသတ်၏အရှင်သခင် အန်းတိက သူ့အကြည့်ကို ကျွင်းရှောင်ယောက်ထံသို့ လွှဲပြောင်းလိုက်သည်။

စင်စစ်တွင်၊ သူ၏ နတ်ဘုရားဓမ္မခန္ဓာကို ထည့်မတွက်ပါက ကျွင်းရှောင်ယောက်သည် သူ့မျက်လုံးထဲတွင် ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က သူ ကြိုတင်မမြင်နိုင်ခဲ့သည့် တစ်ခုတည်းသော ဟာကွက်တစ်ခု ဖြစ်ခဲ့ပေသည်။

အချိန်အဆုံးသတ်၏အရှင်သခင်က ကျွင်းရှောင်ယောက်၏ ဝှက်ဖဲကို ဝေဝါးစွာ ခန့်မှန်းမိခဲ့သည်။

ယင်းကြောင့် သူ အနည်းငယ် အံ့အားသင့်သွားခဲ့၏။ သို့သော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်နေဆဲပင် ဖြစ်သည်။

"မင်းမှာ ဘယ်လိုထူးခြားမှုတွေပဲ ရှိနေပါစေ၊ နောက်ဆုံးမှာတော့ ပုရွက်ဆိတ်က ပုရွက်ဆိတ်ပါပဲ"

"မင်းက ထူးခြားတဲ့ ပုရွက်ဆိတ်တစ်ကောင် ဖြစ်နေရင်တောင်မှ ငါ ရေးသားထားတဲ့ အဆုံးသတ်ကို မင်း ပြောင်းလဲနိုင်မှာ မဟုတ်ဘူး"

အချိန်အဆုံးသတ်၏အရှင်သခင်က ကျွင်းရှောင်ယောက်ကို အမှုန့်ချေပစ်ရန် ရည်ရွယ်လျက် သူ့လက်ဖဝါးကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။

"ရှောင်ယောက်... ဒီနေရာကနေ မြန်မြန် ထွက်သွားတော့"

ကျွင်းဝူဟွေ့၏ မျက်ဝန်းများမှ စူးရှသော အလင်းတန်းတစ်ခု ဖြာထွက်လာခဲ့သည်။

သူသည် ကျွင်းရှောင်ယောက်ကို ကာကွယ်ရန်အတွက် သွေးယဇ်ပူဇော်ခြင်း အစီရင်ကို ဖောက်ထွက်ရန် အသည်းအသန် ရုန်းကန်လိုက်၏။

သို့သော်လည်း ဤသွေးယဇ်ပူဇော်ခြင်း အစီရင်က အင်မော်တယ်နယ်မြေ၏ သက်ရှိအားလုံးကို သန့်စင်ဖျက်ဆီးရန် အသုံးပြုသည့် မဟာအစီရင်ကြီးတစ်ခု ဖြစ်သည်။

ထို့ပြင် ၎င်းက အင်မော်တယ်ယဇ်ပလ္လင်၏ စွမ်းအားကို အပြည့်အဝ လှုံ့ဆော်ထားခြင်း ဖြစ်၏။

ကျွင်းဝူဟွေ့က မည်မျှပင် အားကောင်းနေစေကာမူ၊ တိုတောင်းသော အချိန်ကာလတစ်ခုအတွင်း သူ ဖောက်ထွက်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။

သို့သော်လည်း၊ ကျွင်းရှောင်ယောက်က အဖေတူသား ပီသစွာ မည်သည့်ကြောက်ရွံ့မှုကိုမျှ ပြသခြင်း မရှိခဲ့ချေ။

သူက ကောင်းကင် အနက်ရောင်သွေး၏ စွမ်းအားကို နတ်ဘုရားဓမ္မခန္ဓာနှင့် တိုက်ရိုက် ပေါင်းစပ်လိုက်သည်။

ချက်ချင်းပင်၊ အတိုင်းအဆမရှိလှသော အမှောင်စွမ်းအားတစ်ခုက နတ်ဘုရားဓမ္မခန္ဓာတစ်ခုလုံးဆီသို့ ပျံ့နှံ့သွား၏။

သန့်စင်သော ရေပုံးထဲသို့ မှင်တစ်စက် ကျရောက်သွားပြီးနောက် ပျံ့နှံ့သွားသကဲ့သို့...

မူလက တောက်ပသော နတ်ဘုရားဓမ္မခန္ဓာထက်တွင် ရုတ်တရက် နက်မှောင်သော နတ်ဆိုးဆန်သည့် အမှတ်အသားလိုင်းများ ပျံ့နှံ့လာတော့သည်။

ဤအရာက နတ်ဘုရားနှင့် နတ်ဆိုးတို့၏ ပေါင်းစပ်မှုတစ်ခုကဲ့သို့ပင် ထင်မှတ်ရစေသည်။

ထို့နောက်၊ အကန့်အသတ်သော စွမ်းအားတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။

ဤအရာက ယုံကြည်မှုစွမ်းအားသာမက သွေးယဇ်ပူဇော်ခြင်းစွမ်းအားလည်း ပါဝင်သည်။

ထို့ပြင် ကောင်းကင်အနက်ရောင်၏ စွမ်းအားလည်း ရှိနေသေးသည်။

နတ်ဘုရားဓမ္မခန္ဓာက အမှောင်ဟန်သို့ အမှန်တကယ် ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

"ဝုန်း...ဝုန်း..."

မျက်တောင်တစ်ခတ်စာ အချိန်အတွင်း ကျွင်းရှောင်ယောက်က နတ်ဘုရားနှင့် နတ်ဆိုး ပေါင်းစပ်ထားသည့် တည်ရှိမှုတစ်ခု ဖြစ်လာခဲ့သည်။

အတိုင်းအဆမဲ့သော အမှောင်ထုနှင့် အေးစိမ့်မှုတို့က ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်ကို ကျူးကျော်ဝင်ရောက်ကာ ဖျက်ဆီးပစ်ရန် ကြိုးစားလာကြ၏။

သို့သော်လည်း ယခုအခါ ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်က အလွန်အမင်း အားကောင်းပြီ ဖြစ်သည်။

သူ၏ စိတ်ဓာတ်ကလည်း ခိုင်မာလွန်းပေသည်။

သူသည် သူ၏ဖခင်ကို ကယ်ဆယ်လိုသည်။

သူ့ပတ်ဝန်းကျင်ရှိ လူတိုင်းကိုလည်း ကာကွယ်လို၏။

ဤယုံကြည်ချက်ကိုတော့ ကောင်းကင်ဘုံမှ သွေးနက်သည်ပင် မဖျက်ဆီးနိုင်ပါချေ။

"အတွေးတစ်ချက်တည်းနဲ့တင် ငါက နတ်ဘုရား ဒါမှမဟုတ် နတ်ဆိုး ဖြစ်လာနိုင်တယ်... ငါ့ကို အံတုဖက်ပြိုင်လို့မရဘူး"

ကျွင်းရှောင်ယောက်၏ နတ်ဘုရားဓမ္မခန္ဓာက အားကောင်းသော အရှိန်အဝါတို့ကို ထုတ်ဖော်လိုက်သည်။

သူက လက်တစ်ဖက်ကိုမြှောက်ကာ ဆွဲယူလိုက်၏။

အင်မော်တယ်သတ်ဓားလေးစင်းက ဆွဲငင်ခံလိုက်ရဟန်ဖြင့် ကျွင်းရှောင်ယောက်ထံသို့ ပျံသန်းလာကြတော့သည်။

ကျွင်းဝူဟွေ့၏ သားတော်အနေဖြင့် ကျွင်းရှောင်ယောက်က အင်မော်တယ်သတ်ဓားလေးစင်းကို သဘာဝအတိုင်း အလိုရှိသလို ကိုင်တွယ်နိုင်သည်။

လက်ရှိတွင် ကျွင်းမိသားစုအတွင်း၌ ကျွင်းဝူဟွေ့နှင့် သူ၏သားဖြစ်သူ ကျွင်းရှောင်ယောက်တို့ နှစ်ဦးတည်းသာ ကျူးရှန်းဓားလေးစင်းကို အချိန်မရွေး၊ နေရာမရွေး ထိန်းချုပ်နိုင်ပေသည်။

ဤသည်မှာ သားအဖ နှစ်ဦးစလုံးက အင်မော်တယ်သတ်ဓားလေးစင်း၏ အသိအမှတ်ပြုမှုကို ရရှိထားသောကြောင့် ဖြစ်သည်။

ကျွင်းရှောင်ယောက်က နတ်ဆိုးနတ်ဘုရားဟန် နတ်ဘုရားဓမ္မခန္ဓာဖြင့် အချိန်အဆုံးသတ်၏အရှင်သခင်ထံသို့ ပြေးဝင်သွားခဲ့သည်။

အချိန်အဆုံးသတ်၏အရှင်သခင်က အနည်းငယ်မျှ အံ့အားသင့်သွားခဲ့၏။

"ဒီစွမ်းအား... မင်းက ဒီစွမ်းအားကို ဘယ်လိုလုပ်ပြီး ရရှိထားတာလဲ"

အချိန်အဆုံးသတ်၏အရှင်သခင်က အံ့အားသင့်စွာ မေးမြန်းလိုက်သည်။

ကောင်းကင် အနက်ရောင်သွေးက ထူးကဲသော မြစ်ဖျားခံရာ ရှိနေပုံရပြီး သူ့နှလုံးသားကိုပင် တုန်ယင်သွားစေခဲ့၏။

"ဒီလိုဆိုမှတော့ ငါက မင်းကို ပိုပြီးတော့ ဖိနှိပ်ပေးရတော့မှာပေါ့"

ဤတစ်ကြိမ်တွင် အချိန်အဆုံးသတ်၏အရှင်သခင်က အမှန်တကယ် လေးနက်သွားခဲ့သည်။

အကြောင်းမူ၊ ကောင်းကင်အနက်ရောင်သွေးက သူ့အတွက်ပင် ကြီးမားသော ဆွဲဆောင်မှုတစ်ခု ရှိနေသောကြောင့်ပင်။

"ဝိညာဉ်တစ်သောင်း ပျက်စီးခြင်း သွေးမြစ်..."

အချိန်အဆုံးသတ်၏အရှင်သခင်က ထူးခြားသော လက်ဟန်တစ်ခုနှင့်အတူ မိုးနှင့်မြေကို သန့်စင်ပစ်နိုင်ပုံရသော သွေးယဇ်ပူဇော်ခြင်းစွမ်းအားကို ထုတ်ဖော်လိုက်သည်။

ကျွင်းရှောင်ယောက်သည်လည်း အင်မော်တယ်သတ်ဓားလေးစင်းကို ကိုင်စွဲထားလျက် မရေတွက်နိုင်သော ဓားအလင်းတန်းများကို ထုတ်ဖော်လိုက်ပြီး သွေးမြစ်ကြီးကို ခုတ်ချလိုက်၏။

တပြိုင်နက်တည်းမှာပင် သူ ယခင်က တစ်ခါမျှ အသုံးမပြုခဲ့ဖူးသော အဆုံးစွန်သော လှုပ်ရှားမှုတစ်ခုကို ထုတ်ဖော်လိုက်တော့သည်။

တောင်များနှင့် မြစ်များကို မြှုပ်နှံခြင်း... နေနှင့်လကို မြှုပ်နှံခြင်း...သက်ရှိသတ္တဝါအားလုံးကို မြှုပ်နှံခြင်း... မြေကမ္ဘာကို မြှုပ်နှံခြင်း... ပြန်လည်ဝင်စားခြင်းကို မြှုပ်နှံခြင်း... ကောင်းကင်ကို မြှုပ်နှံခြင်း...

ဤအရာကား အဆုံးစွန်နည်းလမ်းတစ်ခုဖြစ်သည့် ဆဋ္ဌဂံမြှုပ်နှံခြင်းခြောက်ပါး ဖြစ်သည်။

ဤအရာသည် မူလက အန္တိမကပ်ဘေးကြီးမှ ကမ္ဘာဖျက်ဆီးခြင်းဘုရင် ခြောက်ပါးထံသို့ အပ်နှင်းထားခဲ့သည့် အဆုံးစွန်နည်းလမ်းတစ်ခုပင်။

တစ်နည်းအားဖြင့် ပြောရလျှင်၊ ဤအရာက အချိန်အဆုံးသတ်၏အရှင်သခင်၏ သွေးယဇ်ပူဇော်ခြင်းအစီရင်ကဲ့သို့ အင်မော်တယ်နယ်မြေကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသော ကြောက်မက်ဖွယ်ကောင်းသည့် နည်းလမ်းတစ်ခု ဖြစ်သည်။

ကောင်းကင်ဘုံ၏ ဆဋ္ဌဂံ မြှုပ်နှံခြင်းခြောက်ပါးကျင့်စဉ်ကို ထုတ်ဖော်ရန်အတွက် အထူးတည်ရှိမှု ခြောက်ဦးက တပြိုင်နက်တည်း လှုံ့ဆော်ရန် လိုအပ်သည်။

သို့သော်လည်း ယခုအခါတွင်မူ ကျွင်းရှောင်ယောက်က နတ်ဘုရားဓမ္မခန္ဓာကို ကောင်းကင်အနက်ရောင်သွေးနှင့် ပေါင်းစပ်လျက် တစ်ဦးတည်း ထုတ်ဖော်နေပြီ။

မူလက ထိပ်သီး ကျွမ်းကျင်သူခြောက်ဦး ထုတ်ဖော်ရန် လိုအပ်သည့် ကမ္ဘာဖျက် နတ်ဘုရားစွမ်းရည်ကို သူတစ်ဦးတည်း ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

ဤလှုပ်ရှားမှုကို ထုတ်ဖော်လိုက်သည်နှင့် တပြိုင်နက် ကောင်းကင်နှင့် မြေပြင်ပ ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ရသည်။

ထိုပျက်စီးခြင်းလှိုင်းလုံးက အန္တိမကပ်ဘေးကြီး ပြန်လည်ရောက်ရှိလာသကဲ့သို့ပင် ခံစားရစေ၏။

နောက်ဆုံးတွင်၊ ဤအရာက အန္တိမကပ်ဘေးကြီး၏ ကမ္ဘာဖျက် စွမ်းရည်တစ်ခု ဖြစ်ခဲ့သည်။

သို့သော်လည်း ယခုအခါတွင်မူ ၎င်းကို ကမ္ဘာပျက်ကပ် နတ်ဘုရားလေးပါးထဲမှ တစ်ပါးဖြစ်သော အချိန်အဆုံးသတ်၏အရှင်သခင် အန်းတိကို ရင်ဆိုင်ရန်အတွက် အသုံးပြုနေပြီ။

"ဒါက ကျိန်စာစွမ်းရည်တစ်ခုလား"

အချိန်အဆုံးသတ်၏အရှင်သခင်မှာ နောက်တစ်ဖန် အံ့အားသင့်သွားခဲ့ရပြန်သည်။

ဤပုရွက်ဆိတ်လေးက သူ့အား တစ်ကြိမ်ပြီးတစ်ကြိမ် အံ့အားသင့်အောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဘူးပေ။

ကောင်းကင်၏ ဆဋ္ဌဂံမြှုပ်နှံခြင်းခြောက်ပါးကျင့်စဉ် အရှိန်အဝါက အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသည်။

ဤအခိုက်အတန့်တွင် ကျွင်းရှောင်ယောက်၏ နတ်ဘုရားဓမ္မခန္ဓာဖြင့် ၎င်း၏စွမ်းအားက ပို၍ပင် ကြောက်မက်ဖွယ်ကောင်းခဲ့၏။

လူငယ်တစ်ယောက်က အချိန်အဆုံးသတ်၏အရှင်သခင်ကို ဤအတိုင်းအတာအထိ ပြန်လည်တိုက်ခိုက်နိုင်လိမ့်မည်ဟု မည်သူမျှ စိတ်ကူးကြည့်နိုင်လိမ့်မည် မဟုတ်ချေ။

"ဒီတစ်ကြိမ်လည်း အတူတူပဲဖြစ်မှာပါ။ နောက်ဆုံးမှာ အန္တိမကပ်ဘေးကြီးကို အနိုင်ယူပြီး အင်မော်တယ်နယ်မြေကို ကယ်တင်ခဲ့တာက နတ်ဘုရားသားတော်ပဲလေ။ ဒီတစ်ကြိမ်လည်း အဲဒီလိုပဲ ဖြစ်လာမလား"

"နတ်ဘုရားသားတော်က နောက်ထပ် အံ့ဖွယ်တစ်ခုကို ဖန်တီးနိုင်ပါစေလို့ မျှော်လင့်ပါတယ်"

မရေတွက်နိုင်သော သက်ရှိများက ဆုတောင်းနေခဲ့ကြသည်။

သူတို့၏ ယုံကြည်မှုစွမ်းအားက ကျွင်းရှောင်ယောက်ကို ကောင်းချီးပေးနေခဲ့၏။

အပျက်အယွင်းနယ်မြေက လုံးဝ ကမောက်ကမဖြစ်နေခဲ့ပြီ။

ထိုကဲ့သို့ အလွန်အမင်း ပြင်းထန်သော ထိပ်တိုက်တွေ့ဆုံမှုအတွင်း၌..

ကျွင်းရှောင်ယောက်က နောက်သို့ ဆုတ်ခွာသွားခဲ့ရသည်။

သူ၏ နတ်ဘုရားဓမ္မခန္ဓာသည်လည်း အက်ကြောင်းများထကာ စတင်ပျက်စီးလာခဲ့၏။

ကျွင်းရှောင်ယောက်က ညည်းတွားလိုက်မိပြီး အဖြူရောင် အဝတ်အစားများပေါ်သို့ သွေးစက်များ ကျရောက်လာရတော့သည်။

၎င်းက နှင်းသားပြင်ပေါ်တွင် မက်မွန်ပန်းပွင့်လေးများ ပြန့်ကျဲ‌နေသကဲ့သို့ ခြောက်ကပ်ပြီး အထီးကျန်လှသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ အမူအရာက တည်ငြိမ်နေဆဲဖြစ်ပြီး သူ၏ ဒဏ်ရာများကို ဂရုစိုက်ပုံမရချေ။

အခြားတစ်ဖက်တွင် အချိန်အဆုံးသတ်၏အရှင်သခင်လည်း ပေါ်ထွက်လာခဲ့သည်။

သူ့အရှိန်အဝါက မတည်မငြိမ် ဖြစ်နေခဲ့၏။

၎င်းက ဤထိပ်တိုက်တွေ့ဆုံမှုအတွင်း၌ သူ နောက်ထပ် ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း ထင်ရှားသည်။

မည်သို့ပင်ဆိုစေ၊ ဆဋ္ဌဂံမြှုပ်နှံခြင်းကျင့်စဉ်က အန္တိမကပ်ဘေးကြီး၏ အထူးစွမ်းအား ဖြစ်သည်။

အချိန်အဆုံးသတ်၏အရှင်သခင်ကဲ့သို့ အစွမ်းထက်သော တည်ရှိမှုတစ်ဦးပင်လျှင် ၎င်းကို လုံးဝ ဥပေက္ခာပြုထား၍ မရနိုင်ချေ။

သို့သော်လည်း အခြေခံအားဖြင့်တော့ အားကောင်းနေဆဲဖြစ်ပြီး လေထဲတွင် တည်ငြိမ်‌စွာ ရပ်တည်နေခဲ့သည်။

"မင်းက ငါ့ကို အံ့သြစရာတွေ အများကြီး တကယ် ပေးခဲ့တာပဲ"

"ဒါပေမဲ့... နှမြောဖို့ကောင်းတာက သန်မာတဲ့သူပဲ ရှင်သန်နိုင်ပြီး အားနည်းတဲ့သူက သေဆုံးရတာပဲ။ ဒါက မင်း ပြောင်းလဲလို့မရတဲ့ အဆုံးသတ် ဖြစ်တယ်"

"ဒါပေမဲ့... မင်း ငါ့ဘက်မှာ ရပ်တည်မယ်ဆိုရင်တော့ မငကို ရှင်လမ်းတစ်ခု ပေးနိုင်တယ်"

"အနည်းဆုံးတော့ ငါ မင်းကို အင်မော်တယ်နယ်မြေရဲ့ အုပ်စိုးသူအဖြစ် တင်မြှောက်ပေးမှာပေါ့လေ"

ကျွင်းရှောင်ယောက်၏ အရည်အချင်းက အချိန်အဆုံးသတ်၏အရှင်သခင်ကို အနည်းငယ် နှမြောမိစေခဲ့သည်။

ဤသို့သော ပါရမီရှင်က တန်ဖိုးထားရန် ထိုက်တန်ပေသည်။

မရေတွက်နိုင်သော မျက်လုံးများက ကျွင်းရှောင်ယောက်ထံသို့ စုပြုံကျရောက်လာခဲ့သည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် အခြားသူတစ်ဦးသာဆိုလျှင် သူတို့ အမှန်တကယ် စိတ်ယိုင်သွားနိုင်ခြေ ရှိသည်။

နောက်ဆုံးတွင်၊ ကပ်ဆိုးအတွင်းမှ ရှင်သန်ခွင့်ရရှိပြီး အင်မော်တယ်နယ်မြေ၏ အုပ်စိုးသူ ဖြစ်လာနိုင်ခြင်းက မဆိုးလှသော အခြေအနေတစ်ခုပင် မဟုတ်လော။

သို့သော်လည်း ကျွင်းရှောင်ယောက်က ရုတ်တရက် ရယ်မောလိုက်သည်။

"ဘာလဲ... မင်းက အခြေအနေတွေ မလုံလောက်သေးဘူးလို့ ထင်နေတာလား။ ဒါဆိုရင် အနာဂတ်မှာ ငါ ဘယ်လောကကိုပဲ ဖျက်ဆီးဖျက်ဆီး... အဲဒီလောကဟာ မင်းအပိုင် ဖြစ်လာလိမ့်မယ်။ ဒီလိုဆိုရင်ကော ဘယ်လိုလဲ"

အချိန်အဆုံးသတ်၏အရှင်သခင်က တည်ငြိမ်စွာ ပြောလိုက်၏။

ကျွင်းရှောင်ယောက်က ခေါင်းကိုခါယမ်းလိုက်သည်။

"အရာအားလုံးကို ဆုံးရှုံးလိုက်ရပြီးမှ အထွတ်အထိပ်မှာ ရပ်တည်နေနိုင်မယ်ဆိုရင် ဘာအသုံးဝင်မှာလဲ"

"ပြီးတော့... ငါ့ရဲ့အဖေက ဆုံးမခဲ့ဖူးတယ်"

"ယောက်ျားကောင်းတစ်ယောက်က ကိုယ့်ရဲ့ကံကြမ္မာကို ကိုယ်တိုင် သတ်မှတ်လေ့ရှိပြီး သူ့ရဲ့ဘဝမှာလည်း ဘယ်တော့မှ နောင်တမရှိရဘူးတဲ့"

"တကယ်လို့ စိတ်မလုံဘဲ တစ်ဦးတည်း ရှေ့ကိုဆက်နေရမယ်ဆိုရင် ငါ ကျွင်းရှောင်ယောက်က ကျွင်းရှောင်ယောက် ဖြစ်နေတော့မှာ မဟုတ်ဘူး"

ကျွင်းရှောင်ယောက်က ပြောလိုက်၏။

"ကောင်းတယ်... ဒီလိုဆိုမှတော့ ငါ မင်းရဲ့အဖေကို မင်းရဲ့ရှေ့မှာတင် သေဆုံးခွင့်ပေးလိုက်တော့မယ်။ ဒီအခါ မင်းရဲ့ ယုံကြည်ချက်က ခိုင်မာနေဦးမလားဆိုတာကို ကြည့်ရသေးတာပေါ့"

အချိန်အဆုံးသတ်အရှင်သခင်၏ မျက်နှာက အေးစက်သွားသည်။

သွေးယဇ်ပူဇော်ခြင်း အစီရင်ကို အမြင့်ဆုံးအဆင့်အထိ လှုံ့ဆော်လိုက်၏။

ထိုဖိအားက မဟာဧကရာဇ်တစ်ပါးကိုပင် သွေးနှင့် အသားစများအဖြစ်သို့ ဖိခြေပစ်နိုင်စွမ်း ရှိသည်။

သို့သော်၊ ထိုအခိုက်တွင် ကျွင်းဝူဟွေ့က ဟင်းလင်းပြင်ထဲမှာ တည်ငြိမ်စွာ တင်ပျဉ်ခွေထိုင်လိုက်သည်။

ကျွင်းရှောင်ယောက်ကို လှမ်းကြည့်လိုက်ရင်း သူ၏ မျက်ဝန်းများ၌ စိတ်သက်သာရာရမှု အရိပ်အယောင်တစ်ခုပင် ရှိနေခဲ့၏။

ထိုကဲ့သို့ တည်ငြိမ်ပြီး ရဲရင့်သော လူငယ်လေးက သူ့သားတော် ဖြစ်သည်။

ဒါက သူ့အတွက် ဂုဏ်ယူစရာပင်။

ကျွင်းရှောင်ယောက်က အင်မော်တယ်သတ်ဓား‌ဖြင့် ထပ်မံတိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။

သူ့အဖေကို ဤအတိုင်း သေဆုံးခွင့်ပြုမည် မဟုတ်ပေ။

ဤအခိုက်အတန့်တွင် လူတိုင်း အသက်ရှူရပ်မတတ် ဖြစ်သွားခဲ့သည်။

အကယ်၍ ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင် ကျွင်းဝူဟွေ့သာ အမှန်တကယ် ကျဆုံးသွားရမည်ဆိုပါက...

၎င်းက အင်မော်တယ်နယ်မြေ၏ ယုံကြည်မှုအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာမည်မှာ သံသယဖြစ်ဖွယ် မရှိချေ။

"ဝုန်း..."

ထိုအခိုက်အတန့်တွင်... ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေတစ်ခုလုံး ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာခဲ့သည်။

လူတိုင်း ဝေခွဲမရဖြစ်နေကြသည့် အချိန်မှာပင် ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေ၏ ဟင်းလင်းပြင်က ပြင်းထန်စွာ တုန်လှုပ်သွားခဲ့၏။

မရေတွက်နိုင်သော လူတို့၏ အံ့အားသင့်ဖွယ် အကြည့်များကြားအောက်တွင်...

ထိုဟင်းလင်းပြင်၏ နက်ရှိုင်းရာအရပ်က အတိုင်းအဆမရှိလှသော စွမ်းအားတစ်ခုခုကြောင့် လိမ်ယှက်သွားသကဲ့သို့ ရုတ်တရက် ပုံပျက်သွားသည်။

ထို့နောက်တွင်မူ ထိုဟင်းလင်းပြင်က စာရွက်တစ်ရွက်ကဲ့သို့ပင် ဆွဲဖြဲခြင်း ခံလိုက်ရတော့သည်။

ဟင်းလင်းပြင်၏ အခြားတစ်ဖက်တွင်မူ ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေ၏ နိယာမတရားများနှင့် ကွဲပြားခြားနားပြီး စိတ်ကူးကြည့်၍မရနိုင်လောက်အောင် ကမောက်ကမဖြစ်နေသည့် အာကာသဟင်းလင်းပြင်တစ်ခု တည်ရှိနေခဲ့သည်။

ထို့နောက် စိတ်ကူးကြည့်၍မရနိုင်လောက်အောင် ကြီးမားကျယ်ပြန့်သော နိယာမတရားများဖြင့် ပြည့်နှက်နေသည့် လက်ဝါးကြီးတစ်ဖက်က ရှေ့သို့ ဆန့်ထွက်လာခဲ့ပြီး ကွေ့ရှအပျက်အယွင်းဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်၏။

"ဝုန်း"

နတ်ဘုရားရွှေကဲ့သို့ မာကျောပြီး မြင့်မားသည့် အင်မော်တယ်ယဇ်ပလ္လင်ကြီးမှာ လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့်ပင် ပြာကျသွားတော့သည်။

All Chapters