← Chapters

အခန်း ၁၅၈၀

Vol. 111 Ch. 1580

အခန်း ၁၅၈၀

Vol. 111 Ch. 1580

အခန်း ( ၁၅၈၀ ) ကောင်းကင်က ငါ့ကို မနာခံရင် ငါက ကောင်းကင်ကို စွန့်ပယ်မယ်။

တိတ်ဆိတ်သွားသည်။

ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေတစ်ခုလုံး အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွား၏။

တိမ်တိုက်များထဲထိ ထိုးထွက်နေသော အင်မော်တယ်ယဇ်ပလ္လင်က နတ်ဘုရားရွှေထက်ပင် ပိုမိုခိုင်ခံ့သည်။

၎င်းက အချိန်အဆုံးသတ်၏အရှင်သခင် အန်းတိအတွက် ခပ်သိမ်းသော သက်ရှိများ၏ စွမ်းအားကို စုဆောင်းရန်နှင့် ၎င်းတို့ကို သွေးယဇ်ပူဇော်ခြင်းစွမ်းအားအဖြစ် ပြောင်းလဲရန် အသုံးပြုသည့် အရေးကြီးသော လက်နက်တစ်ခုပင်။

ရလဒ်အနေဖြင့် ၎င်းသည် ထိုဆန်းကျယ်သော ဧရာမလက်ဝါးကြီး၏ တိုက်ခိုက်မှုတစ်ခုတည်းဖြင့်ပင် အစအနမကျန် ပျက်စီးခြင်းသို့ ဆိုက်ရောက်သွားခဲ့ရပြီ ဖြစ်သည်။

ဤအရာက မည်မျှကြီးမားသော စွမ်းအားမျိုးဖြစ်သမည်း။

ဒဏ္ဍာရီလာဧကရာဇ်တစ်ပါးက အစွမ်းကုန် ထုတ်ဖော်လိုက်လျှင်ပင် အင်မော်တယ်ယဇ်ပလ္လင်ကို တိုက်ခိုက်မှုတစ်ခုတည်းဖြင့် အမှုန့်ဖြစ်သွားအောင် ပြုလုပ်နိုင်လိမ့်မည် မဟုတ်ကြောင်း သိထားကြရမည် ဖြစ်သည်။

ဤအရာက စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေသည်။

"ဟင်... ဒါက..."

အချိန်အဆုံးသတ်၏အရှင်သခင် အန်းတိကဲ့သို့ အစွမ်းထက်သော တည်ရှိမှုတစ်ခုပင်လျှင် ဤအခိုက်အတန့်တွင် လုံးဝ အံ့အားသင့်သွားခဲ့ရသည်။

၎င်းက အိပ်မက်ထဲမှာပင် ဖြစ်လာရန်မလွယ်ပေ။

ထို့အတူ၊ အင်မော်တယ်ယဇ်ပလ္လင် ပျက်စီးသွားသည်နှင့်တပြိုင်နက် သွေးယဇ်ပူဇော်ခြင်း အစီရင်သည်လည်း ၎င်း၏ စွမ်းအားများ ကုန်ခမ်းသွားခဲ့ရသည်။

ကျွင်းဝူဟွေ့လည်း သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ စူးရှတောက်ပသော အလင်းတန်းတစ်ခုကို ထုတ်ဖော်လိုက်ပြီး ရှေ့သို့ ခုန်ထွက်လာတော့သည်။

သူ၏ အဖြူရောင်ဝတ်စုံက သွေးများဖြင့် စွန်းထင်းနေပြီး ဒဏ်ရာများ ရရှိထားခဲ့သည်။

သူ၏ နှုတ်ခမ်းထောင့်မှလည်း သွေးများ စီးကျနေခဲ့၏။

သို့သော် သူ၏အကြည့်များကမူ တည်ငြိမ်နေဆဲပင်။

သူက ကျွင်းရှောင်ယောက်၏ ရှေ့တွင် အခိုင်အမာ ရပ်တည်လိုက်သည်။

"အဖေ"

ကျွင်းရှောင်ယောက်လည်း သက်ပြင်းတစ်ချက်ကို တိုးတိတိတ်စွာ ချလိုက်မိလေသည်။

ကျွင်းဝူဟွေ့က ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်သည်။

"ဒါနဲ့... အဲဒီအရာက..."

ကျွင်းရှောင်ယောက်က ဟင်းလင်းပြင်အက်ကွဲကြောင်းကြီးကို လှမ်းကြည့်လိုက်သည်။

"ဒါက သူပဲ ဖြစ်ရမယ်..."

ကျွင်းဝူဟွေ့၏ မျက်ဝန်းများထဲတွင် ရိုသေလေးစားမှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

ကျွင်းရှောင်ယောက်လည်း အခြေအနေကို ရိပ်စားမိပြီးနောက် သူ့နှလုံးသားက ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရ၏။

ထိုပုဂ္ဂိုလ်က မည်သူဖြစ်ကြောင်း သူ သိရှိထားသည်။

သူသည် မကြာသေးမီက သမိုင်းတစ်လျှောက်တွင် ကျွင်းမိသားစု၏ အတောက်ပဆုံးသော ဧကရာဇ်တစ်ပါး ဖြစ်ပြီး ခေတ်အဆက်ဆက် တည်တံ့မည့် ဧကရာဇ်တစ်ပါးဆိုလျှင်လည်း မမှားပေ။

ကောင်းကင်စွန့်ခွာဧကရာဇ်... ဧကရာဇ်ကြီး ကျွင်းချီထျန်းပင် ဖြစ်ချေတော့သည်။

"ဒုန်း... ဒုန်း..."

ဟင်းလင်းပြင်အက်ကွဲကြောင်း၏ အခြားတစ်ဖက်ဆီမှ ခြေသံများ ထွက်ပေါ်လာခဲ့သည်။

သူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းက ခပ်သိမ်းသော သက်ရှိများ၏ နှလုံးသားပေါ်သို့ နင်းလျှောက်နေသကဲ့သို့ ဖြစ်ပြီး ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေတစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားစေခဲ့၏။

၎င်းက အတိုင်းအဆမရှိသော စွမ်းအားမျိုး ဖြစ်သည်။

ထိုအရှိန်အဝါ ဖိအားသက်သက်မျှဖြင့်ပင် အင်မော်တယ်နယ်မြေတစ်ခုလုံးကို တုန်ခါသွားစေရန် လုံလောက်ပေသည်။

လူအုပ်ကြီးသည် ဟင်းလင်းပြင်အက်ကွဲကြောင်း၏ အခြားတစ်ဖက်၌ တစ်စုံတစ်ခုကို ဝေဝါးစွာ မြင်လိုက်ရသည်။

၎င်းက နှိုင်းယှဉ်၍မရနိုင်လောက်အောင် ခန့်ညားထည်ဝါသော ပုံရိပ်ကြီးတစ်ခုဖြစ်ပြီး အခြားလောကတစ်ခုဆီမှ ဖြတ်ကျော်ဝင်ရောက်လာတော့မည့်အလား ထင်မှတ်ရ၏။

ထိုပုံရိပ်က အလွန်တရာ ဝေဝါးနေပြီး ကြီးမားကျယ်ပြန့်သော နိယာမတရားများဖြင့် ဖုံးလွှမ်းခြင်း ခံထားရသည်။

သူ၏ စွမ်းအားက အဆုံးမဲ့ ကောင်းကင်ကို လွှမ်းမိုးထားနိုင်စွမ်း ရှိ၏။

အမြင့်မြတ်ဆုံးသော ဧကရာဇ်တစ်ပါးကဲ့သို့ဖြစ်ပြီး ကောင်းကင်နှင့် မြေကြီးသည်ပင် သူ၏ ခြေဖဝါးအောက်တွင် ဦးညွှတ်ရလိမ့်မည်။

ထိုစွမ်းအားက ကြောက်မက်ဖွယ်ကောင်းလွန်းပေရာ အင်မော်တယ်နယ်မြေသည်ပင် ၎င်းကို မတောင့်ခံနိုင်တော့မည့်အလား ထင်မှတ်ရစေသည်။

"ဒါက..."

အချိန်အဆုံးသတ်၏အရှင်သခင်ပင်လျှင် ခေတ္တမျှ ကြက်သေသေသွားခဲ့ရသည်။

သူ၏ ဇာတ်ညွှန်းထဲတွင် ဤကဲ့သို့သော ဇာတ်ကောင်မျိုး မရှိခဲ့ပါချေ။

သို့တည်းမဟုတ်... ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို သူ၏ ဇာတ်ညွှန်းထဲသို့ ထည့်သွင်းရေးသားရန် မဖြစ်နိုင်ခြင်းကြောင့် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ကျွင်းမိသားစု၏ အဖွဲ့ဝင်အများအပြားက ရုတ်တရက် ဒူးထောက်လိုက်ကြပြီး ရိုသေလေးစားစွာဖြင့် ဦးညွှတ်လိုက်ကြပေသည်။

"ဘိုးဘေးကြီး ကောင်းကင်စွန့်ခွာဧကရာဇ်ကို နှုတ်ခွန်းဆက်ပါတယ်"

ကျွင်းမိသားစု၏ ဒုတိယ ဘိုးဘေး ကျွင်းလင်ရှောင်း၊ တတိယ ဘိုးဘေး ကျွင်းထိုက်ဟွမ်းနှင့် အခြားသူများသည်လည်း လက်ယှက်ကာ ဦးညွှတ်လိုက်ကြ၏။

"ဝေးကွာတဲ့ ဘိုးဘေးကြီးကို အရိုအသေပြုပါတယ်"

ထိုအသံများက ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေတစ်ခုလုံးတွင် ပဲ့တင်ထွက်ပေါ်လာတော့သည်။

လူတိုင်း အံ့ဩတုန်လှုပ်သွားခဲ့သည်။

ဟင်းလင်းပြင်၏ အခြားတစ်ဖက်ရှိ မြင့်မားသော ထိုပုံရိပ်ကြီးမှဦ အခြားသူမဟုတ်ဘဲ ကျွင်းမိသားစု၏ ခေတ်အဆက်ဆက် တည်တံ့နေမည့် ဧကရာဇ်ကြီး ကျွင်းချီထျန်းပင် ဖြစ်တော့သည်။

ထိတ်လန့်တုန်လှုပ်ခြင်း။

ဤအခိုက်အတန့်ကို ဖော်ပြရန်အတွက် ထိတ်လန့်တုန်လှုပ်ခြင်းမှတစ်ပါး အခြားမည်သည့်စာလုံးမျှ မရှိနိုင်တော့ချေ။

ဤပုဂ္ဂိုလ်က ကျွင်းမိသားစု၏ တုနှိုင်းမဲ့ ဘိုးဘေးကြီးဖြစ်ပြီး နှိုင်းယှဉ်၍မရနိုင်လောက်သော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။

ထို့ပြင် သူသည် ခေတ်အဆက်ဆက်မှ ထာဝရဧကရာဇ်များစာရင်းတွင် ပါဝင်နေခဲ့သူဖြစ်ပြီး သမိုင်းတစ်လျှောက်တွင်လည်း ဒသမမြောက်မြောက် ပုဂ္ဂိုလ် ဖြစ်ခဲ့ဖူးပေသည်။

ယခုအခါတွင်မူ သူ၏ နေရာကို ကျွင်းဝူဟွေ့က အစားထိုးလိုက်ပြီဖြစ်သော်ဘညါး...

လက်ရှိ ခွန်အားနှင့် ပတ်သက်၍မူ ကျွင်းဝူဟွေ့သည် ကောင်းကင်စွန့်ခွာဧကရာဇ်ကြီးထက် များစွာ နိမ့်ကျနေသေးသည်မှာ သေချာသည်။

"ကျွင်းချီထျန်း... မင်းက ဒီနေရာကို ဘယ်လိုလုပ်ရောက်လာနိုင်တာလဲ"

အချိန်အဆုံးသတ်၏အရှင်သခင်က မနေနိုင်ဘဲ အော်ဟစ်လိုက်မိသည်။

ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးက ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေ၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်ပါချေ။

ဤအရာက ရှေးပဋိဉာဉ်၏ သတ်မှတ်ချက်တစ်ခုဖြစ်ပြီး မပြောင်းလဲနိုင်သော စည်းမျဉ်းတစ်ခု ဖြစ်သည်။

အတိုင်းအဆမရှိသော ဟင်းလင်းပြင်၏ အခြားတစ်ဖက်တွင်...

ကျွင်းချီထျန်းက ကမ္ဘာလောကပေါ်သို့ ဆင်းသက်လာခဲ့သည့် ဒဏ္ဍာရီလာ နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေသည်။

သူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းနှင့်အတူ အဆုံးမဲ့ ဂယက်လှိုင်းများက အင်မော်တယ်နယ်မြေဆီသို့ ပျံ့နှံ့သွားခဲ့၏။

ဤအရာက အန္တိမကပ်ဘေးကြီးကို တိုက်ခိုက်ခဲ့စဉ်ကနှင့် မတူညီပါချေ။

ထိုအချိန်က ကျွင်းဝူဟွေ့သည် ကျွင်းချီထျန်း၏ အစစ်အမှန်ဝိညာဉ် တစ်စိတ်တစ်ပိုင်းကိုသာ ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ ဟင်းလင်းပြင်၏ အခြားတစ်ဖက်တွင် တည်ရှိနေသည်မှာ ကျွင်းချီထျန်း၏ မူလခန္ဓာဖြစ်ပြီး သူ၏ အစစ်အမှန်ဝိညာဉ် မဟုတ်ပါချေ။

အချိန်အဆုံးသတ်၏အရှင်သခင်၏ မေးခွန်းထုတ်မှုကို ရင်ဆိုင်ရသော်လည်း ကျွင်းချီထျန်းသည် နှုတ်ဆိတ်နေဆဲဖြစ်ပြီး ရှေ့သို့ ဆက်လက်၍ ခြေလှမ်းလှမ်းလာသည်။

သူသည် အဆုံးမရှိသော ဟင်းလင်းပြင်ကို ဖြတ်ကျော်လျက် ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေဆီသို့ ဆင်းသက်ကာ အချိန်အဆုံးသတ်၏အရှင်သခင်ကို ဖိနှိပ်ပစ်တော့မည့်အလား ဖြစ်နေခဲ့၏။

သို့သော် ထိုအခိုက်အတန့်တွင်...

ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေအတွင်း၌ မရေတွက်နိုင်သော နိယာမများက ဟင်းလင်းပြင်ထဲမှ ပေါ်ထွက်လာခဲ့ကြသည်။

ဤအရာက အလွန်အမင်း အားကောင်းလွန်းသော တည်ရှိမှုများ အင်မော်တယ်နယ်မြေ၏ နယ်နိမိတ်ကို ဖောက်ထွက်လာခြင်းမှ တားဆီးပေးသည့် သဘာဝကာကွယ်ရေးစနစ်တစ်ခုကဲ့သို့ပင်။

အချိန်အဆုံးသတ်အရှင်သခင်ကမူ၊ သူသည် အလွန်အမင်း အားကောင်းလွန်းသော်လည်း အင်မော်တယ်နယ်မြေအတွင်း၌ အမြဲတမ်း တည်ရှိနေခဲ့ပြီး မည်သည့်အခါမျှ ထွက်ခွာသွားခြင်း မရှိခဲ့ခြင်းကြောင့် သူသည် အင်မော်တယ်နယ်မြေ၏ စည်းမျဉ်းများ ငြင်းပယ်ခြင်းကို ခံရလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ကျွင်းချီထျန်းက အင်မော်တယ်နယ်မြေမှ ထွက်ခွာသွားခဲ့ပြီး ဖြစ်သည်။

ယခုအခါတွင်မူ၊ သူက ၎င်းဆီသို့ ပြန်လည်ဆင်းသက်ရန်အတွက် ရေစုန်ကို ဆန်တက်နေခြင်းပင်။

ကောင်းကင်လမ်းစဥ်က ဤအရာကို ခွင့်မပြုနိုင်ပါ။

အင်မော်တယ်နယ်မြေ၏ အဆုံးမဲ့ စည်းမျဉ်းများက ဟင်းလင်းပြင် အက်ကွဲကြောင်းကို ပိတ်ဆို့ပစ်ရန် ရည်ရွယ်ချက်ဖြင့် မရေတွက်နိုင်အောင် ယှက်နွှယ်နေခဲ့ကြသည့် နိယာမ သံကြိုးကြီးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်။

"ဘာလို့လဲ... ဘာဖြစ်လို့ ဒီလိုမျိုး လုပ်ရတာလဲ"

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အင်မော်တယ်နယ်မြေမှ မရေတွက်နိုင်သော သက်ရှိများက အော်ဟစ်လိုက်ကြသည်။

နောက်ဆုံးတွင်မှ အချိန်အဆုံးသတ်၏အရှင်သခင်ကို တိုက်ရိုက် ရင်ဆိုင်နိုင်စွမ်းရှိသော တည်ရှိမှုတစ်ခု ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ထိုပုဂ္ဂိုလ်က အင်မော်တယ်နယ်မြေ၏ စည်းမျဉ်းများ၏ ငြင်းပယ်ခြင်းကို ခံလိုက်ရပြီး ဆင်းသက်လာနိုင်ခြင်း မရှိခဲ့ချေ။

ထိုအခိုက်အတန့်တွင် စကြဝဠာကြီး၏ နက်ရှိုင်းရာအရပ်ဆီမှ ထွက်ပေါ်လာသည့်အလား တိုးညှင်းလှသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ကျွင်းချီထျန်း... မင်းက အင်မော်တယ်နယ်မြေကို ပြန်လာပြီး ဒီကကိစ္စရပ်တွေမှာ ဝင်ရောက်စွက်ဖက်လို့ မရတော့ဘူး"

ထိုအသံက အလွန်တရာ ဝေဝါးပြီး အင်မော်တယ်နယ်မြေ၏ နေရာအနှံ့မှ ထွက်ပေါ်လာသကဲ့သိ့ပင်။

၎င်းက အင်မော်တယ်နယ်မြေ၏ ကိုယ်အိုင်စိတ်ဆန္ဒကဲ့သို့ ထင်မှတ်ရစေသည်။

ဤအခိုက်အတန့်တွင် အဆုံးမဲ့အလင်းရောင်များဖြင့် လွှမ်းခြုံထားပြီး နှုတ်ဆိတ်နေခဲ့သော ကျွင်းချီထျန်းက နောက်ဆုံးတွင် စကားပြောဆိုလာခဲ့သည်။

"မင်းတို့... ငါက စန်းမျိုးနွယ်ကို အမြစ်ပါမကျန်အောင် ချေမှုန်းပစ်ဝံ့မှာ မဟုတ်ဘူးလို့ တကယ်ပဲ ထင်နေတာလား"

စကားလုံးအနည်းငယ်မျှဖြင့်ပင် လောကကြီးတစ်ခုလုံး ပျက်စီးသွားတော့မည့်အလား ဖြစ်သွားခဲ့ရ၏။

အင်မော်တယ်နယ်မြေရှိ သက်ရှိများလည်း ခဏတာမျှ မှင်တက်သွားခဲ့ရပြီးနောက် သွေးများဆူပွက်ကာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။

စန်းမျိုးနွယ်ဆိုသည်မှာ အင်မော်တယ်နယ်မြေတွင် သက်တမ်းအရှည်ကြာဆုံးသော လူသားမျိုးနွယ်စုတစ်ခု ဖြစ်ပြီး ကောင်းကင်လမ်းစဥ်၏ သားသမီးများ... ကောင်းကင်လမ်းစဥ်၏ အချစ်တော်များအဖြစ် လူသိများကြသည်။

သူတို့ကိုယ်သူတို့လည်း အင်မော်တယ်နယ်မြေ၏ အုပ်ချုပ်သူများနှင့် စည်းမျဉ်းများကို သတ်မှတ်သူများအဖြစ် ခေါ်ဆိုကြ၏။

သူတို့တွင် အလွန်နက်နဲပြီး ရှေးကျသော အမွေအနှစ်များ ရှိနေခဲ့သည်။

သို့သော်လည်း ယခုအခါတွင်မူ ကျွင်းချီထျန်း ပထမဆုံးဆိုလိုက်သည့် စကားက စန်းမျိုးနွယ်ကို အမြစ်ပါမကျန် ချေမှုန်းပစ်မည်ဟူသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေခဲ့သည်။

ဤအရာက... ကျွင်းမိသားစုဝင် ကောင်းကင်စွန့်ခွာဧကရာဇ်ကြီး၏ နှိုင်းယှဉ်၍မရနိုင်လောက်အောင် ကြီးစိုးသော အရှိန်အဝါမျိုးပင်။

လူတစ်ယောက်တည်းအင်အားဖြင့် အင်မော်တယ်နယ်မြေတွင် သက်တမ်းအရှည်ကြာဆုံးသော ဒေသခံလူမျိုးနွယ်စုကြီးကို အစအနမကျန် ချေမှုန်းပစ်မည်ဟု ခြိမ်းခြောက်ဝံ့သည်။

ဤကဲ့သို့သော ကြီးစိုးသော စွမ်းအားနှင့် အရှိန်အဝါမျိုးက အမှန်တကယ် အံ့အားသင့်ဖွယ်ကောင်းပြီး လေးစားထိုက်ပေသည်။

"ကျွင်းချီထျန်း... မင်းအနေနဲ့ အဲဒီခြေလှမ်းကို အောင်မြင်အောင် မလှမ်းနိုင်သေးသရွေ့တော့ မင်းက အင်မော်တယ်နယ်မြေရဲ့ ကောင်းကင်လမ်းစဉ်ရဲ့ ချည်နှောင်မှုကို အမြဲတမ်း ခံနေရဦးမှာပဲ"

အမှောင်ထုထဲမှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ကျွင်းချီထျန်းက အလွန်တရာ အေးစက်တည်ငြိမ်သော အသံဖြင့် ပြောဆိုလိုက်၏။ သူ၏ စကားလုံးတိုင်းက အဆုံးမရှိဘဲ ကမောက်ကမဖြစ်နေသည့် ဟင်းလင်းပြင်တစ်ခွင်တွင် ပဲ့တင်ထွက်ပေါ်လာတော့သည်။

"ချည်နှောင်မှု တဲ့လား"

"တကယ်လို့ ကောင်းကင်က မနာခံရင် ငါက ကောင်းကင်ကို စွန့်ပယ်မယ်။ ဒီအင်မော်တယ်နယ်မြေရဲ့ ကောင်းကင်လမ်းကို ငါ့ရဲ့ကျွင်းမိသားစုကဘဲ အုပ်စိုးနိုင်လိမ့်မယ်"

၎င်းက နှိုင်းယှဉ်၍မရနိုင်လောက်အောင် ကြီးစိုးသော အရှိန်အဝါနှင့် အကြွင်းမဲ့ ယုံကြည်ချက်တို့ကို ထုတ်ဖော်နေခဲ့သည်။

ထိုစကားလုံးများက တမင်တကာ လုပ်ယူခြင်းမဟုတ်ဘဲ အလွန်တရာ သဘာဝကျသော လေသံမျိုးပင်။

"ဟမ့်"

ဟင်းလင်းပြင်ထဲမှ အေးစက်သော နှာခေါင်းရှုံ့သံတစ်ခု ပဲ့တင်ထွက်ပေါ်လာခဲ့သည်။

ကောင်းကင်လမ်းစဉ် အမျက်ဒေါသထွက်သွားပုံရ၏။

အဆုံးမရှိသော နတ်ဘုရားသံကြိုးကြီးများနှင့် နိယာမ သင်္ကေတများ ပေါ်ထွက်လာခဲ့ကြပြီး ဟင်းလင်းပြင်ထဲမှ အက်ကွဲကြောင်းကြီးကို ပြန်လည်ပြုပြင်ရန် ကြိုးစားလာကြသည်။

ထိုအချိန်မှာပင် ကျွင်းချီထျန်းက ကြီးမားကျယ်ပြန့်သော လက်ဝါးကြီးတစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး အချိန်အဆုံးသတ်၏အရှင်သခင်ကို ဖိနှိပ်ချေမှုန်းရာ ကွေ့ရှအပျက်အယွင်းဆီသို့ ရိုက်ချလိုက်တော့သည်။

"လက်ဝါးရိုက်ချက်တစ်ခုတည်းလား... မင်းက ငါ့ကို အထင်သေးနေတာလား"

အချိန်အဆုံးသတ်၏အရှင်သခင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ အဆုံးမဲ့ သွေးယဇ်ပူဇော်ခြင်း နတ်ဆိုးအလင်းတန်းများကို ထုတ်ဖော်လိုက်၏။

၎င်းက ဟင်းလင်းပြင်ထဲသို့ ဖြာထွက်သွားပြီး ကျွင်းချီထျန်း၏ လက်ဝါးပုံရိပ်ကြီးနှင့် ထိပ်တိုက်တွေ့ဆုံသွားတော့သည်။

"ဝုန်း..."

အချိန်အဆုံးသတ်၏အရှင်သခင်က သွေးများအန်ထွက်လာကာ လွင့်စဉ်သွားခဲ့သည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးက အပျက်အယွင်းနယ်မြေ၏ နက်ရှိုင်းရာအရပ်ဆီသို့ လွင့်စင်ကျရောက်သွားတော့သည်။

ဤမြင်ကွင်းက လူတိုင်းကို စိတ်လှုပ်ရှားသွားစေခဲ့သည်။

အကယ်၍ အချိန်အဆုံးသတ်၏အရှင်သခင်သာ ချိပ်ပိတ်ခြင်းကို ပထမဆုံး ဖောက်ထွက်ခဲ့စဉ်ကဲ့သို့ သူ၏ အမြင့်ဆုံးစွမ်းအား အခြေအနေတွင်သာ ရှိနေခဲ့မည်ဆိုပါက...

လက်ဝါးရိုက်ချက်တစ်ခုတည်းဖြင့် ဤကဲ့သို့သော သနားစရာကောင်းသည့် အခြေအနေမျိုးကို လုံးဝ ရောက်ရှိသွားလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း သူသည် တုန်ဟွဧကရာဇ်၊ အဆုံးမဲ့ဧကရာဇ်နှင့် ကျွင်းဝူဟွေ့တို့၏ တစ်ဆင့်ပြီးတစ်ဆင့် အားနည်းအောင် ပြုလုပ်ခြင်းကို ခံခဲ့ရသည်။

ယခုတော့ ကျွင်းချီထျန်း၏ တိုက်ခိုက်မှုက အချိန်အဆုံးသတ်၏ အရှင်သခင်အတွက် ဒဏ်ရာဟောင်းအပေါ် ဒဏ်ရာသစ် ဆင့်လိုက်ခြင်းဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

ထိုအခိုက်အတန့်တွင် ဟင်းလင်းပြင် အက်ကွဲကြောင်းကြီးသည် ပြန်လည်ပိတ်ဆို့သွားခဲ့ရသည်။

"အောင်မြင်သွားပြီလား"

မရေတွက်နိုင်သော သက်ရှိများက ကြောက်ရွံ့ခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ဖြင့် လှမ်းကြည့်နေခဲ့ကြသည်။

သူတို့အားလုံးက အချိန်အဆုံးသတ်၏အရှင်သခင် ရှုံးနိမ့်သွားစေရန် မျှော်လင့်နေကြ၏။

သို့သော်လည်း အရာအားလုံးက မိမိတို့ ဖြစ်စေချင်သလို မဖြစ်တတ်ပေ။

နောက်ဆုံးတွင်၊

ဘာပဲဖြစ်ဖြစ် ဤအရာက အဆုံးမဲ့ အချိန်နှင့်နေရာကို ဖြတ်ကျော်ကာ ရိုက်ချလိုက်သည့် ကျွင်းချီထျန်း၏ လက်ဝါးရိုက်ချက်တစ်ခုမျှသာ ဖြစ်သည်။

၎င်းက အလွန်အမင်း အားကောင်းသော်လည်း၊ ကျွင်းချီထျန်း၏ အစစ်အမှန်ခန္ဓာ တိုက်ရိုက် ရောက်ရှိလာခြင်းမျိုး မဟုတ်ပါချေ။

"အဟွတ်... အဟွတ်..."

မျှော်လင့်လားသည့်အတိုင်း...၊ အချိန်အဆုံးသတ်၏အရှင်သခင် အန်းတိ၏ ပုံရိပ်က ပြန်လည်ပေါ်ထွက်လာခဲ့သည်။

သို့သော်လည်း ဤအခိုက်အတန့်တွင် သူ့တကိုယ်လုံး သွေးများဖြင့် စွန်းထင်းနေခဲ့ပြီး သနားစရာကောင်းသော အခြေအနေတွင် ရှိနေခဲ့၏။

မူလက အားကောင်းသော သွေးနီရောင် သွေးယဇ်ပူဇော်ခြင်းစွမ်းအားများသည်လည်း လျော့နည်းသွားခဲ့ရပြီ ဖြစ်သည်။

ကျွင်းချီထျန်း၏ လက်ဝါးရိုက်ချက်က အချိန်အဆုံးသတ်၏အရှင်သခင်ကို လုံးဝ ချေမှုန်းပစ်နိုင်ခြင်း မရှိခဲ့သော်လည်း...

သူ၏ စွမ်းအားကိုမူ နောက်ထပ်တစ်ကြိမ် အားနည်းသွားအောင် ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ပေတော့သည်။

All Chapters