အခန်း ၁၅၈၂
Vol. 112 Ch. 1582
အခန်း ( ၁၅၈၂ ) ပြန့်ကျဲသွားသော ဝိညာဉ်လေးခု။
မူလက ဤအဆင့် စစ်မြေပြင်တွင်...
ကျန်းစန်းယီက လုံးဝ သတိမမူမိလောက်အောင် သာမန်မျှသာ ဖြစ်နေသင့်သည်။
သို့သော်လည်း ယခုအခါ သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ကောင်းကင်အလင်းတန်းများက ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေတစ်ခုလုံးကို လင်းထိန်သွားစေခဲ့ပြီ။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်း သူက ကောင်းကင်နှင့် မြေပြင်၏ ဗဟိုချက်မ ဖြစ်လာခဲ့ပုံရသည်။
"မမစန်းယီ"
ကျွင်းရှောင်ယောက်က သူ့အဖေကိုသာ အမြဲတမ်း အာရုံစိုက်နေခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်ကျမှသာ သူက နောက်ကို လှည့်ကြည့်လိုက်မိ၏။
သူမ၏ ရင်ဘတ်ဆီမှ သွေးများ စီးကျနေသော်လည်း မျက်ရည်ဝဲသော မျက်ဝန်းတို့ဖြင့် ပြုံးပြနေသော အမျိုးသမီးကို မြင်တွေ့လိုက်ရသည်။
ထိုအခါ ကျွင်းရှောင်ယောက်၏ စိတ်အာရုံများ ခဏတာမျှ ဟာလာဟင်းလင်း ဖြစ်သွားရတော့သည်။
ခဏတာတော့ သူသည် ဤမြင်ကွင်းကို အလွန်တရာ လက်တွေ့မဆန်လှဟု ခံစားလိုက်ရသည်။
၎င်းက လှပသော်လည်း ဝမ်းနည်းကြေကွဲစရာကောင်းလှသည့် အဖြစ်အပျက်တစ်ခုကဲ့သို့ ဖြစ်၏။
သို့သော် နောက်ထပ်အခိုက်အတန့်တွင် ကျွင်းရှောင်ယောက် သတိပြန်ဝင်လာပြီး သူ၏ မျက်ဝန်းအိမ်များ ပြင်းထန်စွာ တုန်လှုပ်သွားတော့သည်။
"မမစန်းယီ... မင်း... မင်း ဘာတွေ လုပ်နေတာလဲ"
ကျန်းစန်းယီက ပြုံးနေဆဲဖြစ်ပြီး သူမ၏ ရင်ဘတ်ဆီမှ နာကျင်မှုကို လုံးဝ ဂရုစိုက်ပုံမရပေ။
သူမ၏ နူးညံ့သွယ်လျသော လက်များကမူ သူ၏နှလုံးသားကို ဆုပ်ကိုင်ထားခဲ့သည်။
"ရှောင်ယောက်... အစ်မ မရှိရင်တောင်မှ မင်းရဲ့အနားမှာ အဖော်ပြုပေးဖို့ လော့လီ ရှိနေပါသေးတယ်"
"ဒါပေမဲ့ မင်းမှာ အဖေကတော့ တစ်ယောက်တည်းပဲ ရှိတာလေ"
"မင်းရဲ့ လက်ကျန်အချိန်တွေကို နောင်တတွေ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုတွေနဲ့ ဖြတ်သန်းသွားရမှာကို အစ်မ မမြင်ချင်ဘူး"
"ဒါပေမဲ့..."
ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းများက တလှုပ်လှုပ် ဖြစ်နေရသည်။
ကျန်းစန်းယီက သူမကိုယ်ကို ကျွင်းရှောင်ယောက်၏ နှလုံးသားထဲတွင် အစားထိုးနိုင်သူတစ်ဦးအဖြစ် တကယ်ပဲ ယုံကြည်နေခဲ့ပါသလား။
ကျွင်းရှောင်ယောက်က ရှေ့သို့ ခြေလှမ်းလှမ်းလိုက်ပြီး ၎င်းကို တားဆီးရန်အတွက် ကျန်းစန်းယီ၏ အနားသို့ ဆင်းသက်လိုက်သည်။
ဤအခြေအနေကို ကျော်ဖြတ်ရန် သူကိုယ်တိုင်သာ နည်းလမ်းရှာဖွေမည်။
မည်သို့သောအကြောင်းရင်းကြောင့်ဖြစ်စေ၊ ကျန်းစန်းယီကို သူ့အတွက်ကြောင့် အသက်ပေးသွားရခြင်းမျိုး လုံးဝ မလိုလားပါချေ။
သို့သော်လည်း နောက်ထပ်အခိုက်အတန့်တွင်...
ကျန်းစန်းယီက အားစိုက်လိုက်ပြီး သူမ၏ ရင်ဘတ်ထဲမှ ဝင်ပေါက်တစ်ဆယ့်နှစ်ပေါက် အင်မော်တယ်နှလုံးသားကို ဆွဲထုတ်ပစ်လိုက်သည်။
စူးရှတောက်ပသော အလင်းတန်းများက ကျန်းစန်းယီ၏ သွယ်လျပြီး နှိုင်းယှဉ်၍မရနိုင်လောက်အောင် လှပသော ပုံရိပ်လေးကို ဖုံးလွှမ်းသွားခဲ့၏။
"မမစန်းယီ"
အင်မော်တယ်နယ်မြေဆီမှ ဥဩငှက်တစ်ကောင်၏ အော်မြည်သံကဲ့သို့ပင် အလွန်တရာ ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော ကျန်းလော့လီ၏ အော်ဟစ်သံလေး ထွက်ပေါ်လာခဲ့သည်။
တပြိုင်နက်တည်းမှာပင် ကျန်းမိသားစုဝင်များလည်း ရှိနေခဲ့၏။
ထို့ပြင် ကျန်းစန်းယီ၏ ဆရာဖြစ်သူ ယွီချင်းနင်၊ ယောက်ချီမြင့်မြတ်နယ်မြေ၏ မြင့်မြတ်နယ်ေမြအရှင်နှင့် အခြားသူများလည်း ရှိနေခဲ့ကြသေးသည်။
သူတို့ထဲမှ မည်သူမဆို မျက်ဝန်းများ တုန်ရီနေခဲ့ကြပြီး စိတ်အာရုံများ ဗလာဖြစ်သွားခဲ့ရသည်။
မျက်ရည်များလည်း အလိုအလျောက်ပင် စီးကျလာခဲ့ကြတော့သည်။
"ဘာလို့လဲ... ငါက ကံကြမ္မာကနေ လွတ်မြောက်အောင် ရှင်းလင်းပြီးသားပဲကို၊ ဘာဖြစ်လို့ ဒီလိုမျိုး ဖြစ်ရပြန်တာလဲ"
ယွီချင်းနင်က ဤအရာကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့ရသည်။
ယခင်က သူသည် ကျန်းစန်းယီအနေဖြင့် အနောက်ဘက်မှမယ်တော်ဘုရင်မ၏ ကံကြမ္မာဆိုးမှ နောက်ဆုံးတွင်တော့ လွတ်မြောက်သွားခဲ့ပြီဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယခုအခါတွင်မူ...
အရာအားလုံးက အမှန်တကယ်ပင် ကံကြမ္မာ၏ သံသရာစက်ဝန်းတစ်ခု ဖြစ်နေခဲ့တာလား။
သူတို့က ရုန်းထွက်လို့မရသလို လွတ်မြောက်ရန်လည်း မဖြစ်နိုင်ပေ။
ကျွင်းရှောင်ယောက်၏ ပုံရိပ်က နတ်ဘုရားဓမ္မခန္ဓာထဲမှ ရုန်းထွက်လာခဲ့ပြီး ကောင်းကင်အလင်းတန်းများ ရှိရာသို့ ပြေးလွှားသွားခဲ့သည်။
သူက ကျန်းစန်းယီ၏ သွေးများဖြင့် စွန်းထင်းနေသော ခန္ဓာကိုယ်လေးကို ပွေ့ဖက်လိုက်၏။
"ဘာလို့လဲ... တခြားနည်းလမ်းတွေ ရှိပါသေးတယ်၊ မင်း ဘာဖြစ်လို့..."
ကျွင်းရှောင်ယောက်က ကျန်းစန်းယီကို သူ့ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ဖက်ထားမိသည်။
ဤအခိုက်တွင် မည်ကဲ့သို့သော မျက်နှာအမူအရာမျိုး ပြုလုပ်ရမှန်းပင် မသိတော့ချေ။
"ရှောင်ယောက်... အစ်မအတွက် ဘယ်တော့မှ ဝမ်းမနည်းပါနဲ့။ ဒါက အစ်မကိုယ်တိုင် လိုလိုလားလားနဲ့ ထမ်းဆောင်ခဲ့တဲ့ ကံကြမ္မာပါ"
"ဒါကတော့ မင်းပိုင်တဲ့အရာပါပဲ"
ကျန်းစန်းယီ၏ လက်ထဲတွင် အတိုင်းအဆမဲ့ စွမ်းအင်များ ပြည့်နှက်နေလျက်၊ ကောင်းကင်ဘုံအလင်းတန်းများ ဖြာထွက်နေသည့် နှလုံးသားတစ်ခု ရှိနေခဲ့သည်။
ကျန်းစန်းယီက ၎င်းကို ကျွင်းရှောင်ယောက်ထံသို့ ဖိချလိုက်၏။
"မလုပ်နဲ့..."
ကျွင်းရှောင်ယောက်က အော်ဟစ်ပြီး တားဆီးရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ဝင်ပေါက်တစ်ဆယ့်နှစ်ပေါက် အင်မော်တယ်နှလုံးသားက ကျွင်းရှောင်ယောက်၏ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေနှင့် အချင်းချင်း ပဲ့တင်ထပ်နေပုံရ၏။
၎င်းက ရေတွင် ပျော်ဝင်သွားသကဲ့သို့ သဘာဝအတိုင်း ပေါင်းစပ်သွားတော့သည်။
ကျန်းစန်းယီ၏ ဝင်ပေါက်တစ်ဆယ့်နှစ်ပေါက် အင်မော်တယ်နှလုံးသားက ကျွင်းရှောင်ယောက်၏ ရင်ဘတ်ထဲသို့ တဖြည်းဖြည်းချင်း ပေါင်းစပ်ဝင်ရောက်သွားခဲ့သည်။
ကျွင်းရှောင်ယောက်က ၎င်းကို ပြန်လည်မောင်းထုတ်ရန်အတွက် သူ့အစွမ်းကုန် အသုံးပြုခဲ့သော်လည်းတည်း မရတော့ချေ။
"ရှောင်ယောက်... မငြင်းပါနဲ့တော့။ မင်းက အစ်မရဲ့ ခံစားချက်တွေကို ငြင်းပယ်တော့မှာလား"
ကျန်းစန်းယီက သွေးများဖြင့် စွန်းထင်းနေသော အပြုံးတစ်ခုကို ပြသလိုက်သည်။
သူမ၏ အဖြူရောင် ဆံပင်များသည်လည်း သူမ၏ ရင်ဘတ်ဆီမှ ပန်းထွက်လာသော သွေးများကြောင့် အထီးကျန်ဆန်လှသည့် အနီရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
ကျွင်းရှောင်ယောက် တိတ်ဆိတ်သွားခဲ့သည်။
ဤအရာက စစ်မှန်သော နှလုံးသားတစ်ခု ဖြစ်၏။
၎င်းက ကျန်းစန်းယီကိုယ်တိုင် သူမ၏ ရင်ဘတ်ထဲမှ ကိုယ်တိုင်ဆွဲထုတ်ခဲ့သည့် နှလုံးသား ဖြစ်သည်။
ထိုသွေးစွန်းနေပုံရသော မြင်ကွင်းကမူ အနက်ရှိုင်းဆုံးသော သံယောဇဉ်တရား ဖြစ်ပေတော့သည်။
"ဒါပေမဲ့... ကျွန်တော်တို့က စေ့စပ်ပွဲပဲ လုပ်ရသေးတာလေ။ ကျွန်တော် မမကို ပေးထားခဲ့တဲ့ ကတိတွေကိုလည်း မဖြည့်ဆည်းပေးရသေးဘူး..."
ကျွင်းရှောင်ယောက်က သူ့နှလုံးသားထဲတွင် စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။
"ရှောင်ယောက်... အစ်မပြောခဲ့ဖူးတယ်လေ... ဘယ်လိုပုံစံမျိုးနဲ့ပဲ ဖြစ်ဖြစ်၊ အစ်မက မင်းရဲ့ နှလုံးသားနဲ့ အနီးကပ်ဆုံးနေရာမှာ အမြဲရှိနေမှာပါ လို့"
ကျန်းစန်းယီက စကားကို အားယူ၍ ပြောနေရသည်။
သူ တဖြည်းဖြည်း အားနည်းလာနေပြီ။
သို့သော်လည်း ကျန်းစန်းယီက သူမ၏ ကတိကို ဖြည့်ဆည်းပေးခဲ့သည်။
သူသည် ကျွင်းရှောင်ယောက်၏ နှလုံးသားနှင့် အနီးကပ်ဆုံးနေရာတွင် အမှန်တကယ် ရှိနေတော့မည်။
သူက ကျွင်းရှောင်ယောက်၏ နှလုံးသား ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ဝင်ပေါက်တစ်ဆယ့်နှစ်ပေါက် အင်မော်တယ်နှလုံးသား၏ စွမ်းအားက ကျွင်းရှောင်ယောက်၏ နှလုံးသားထဲသို့ အပြည့်အဝ ပေါင်းစပ်သွားခဲ့သည်။
ကျန်းစန်းယီက မည်သည့်အခါမျှ သူနှင့် ခွဲခွာသွားရတော့မည် မဟုတ်ချေ။
ကျွင်းရှောင်ယောက်လည်း သူ့ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။
မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ၏ စွမ်းအားများက တောင်ကျေရကဲ့သို့ပင် တဟုန်ထိုး ထွက်ပေါ်လာခဲ့၏။
ဝင်ပေါက်တစ်ဆယ့်နှစ်ပေါက် အင်မော်တယ်နှလုံးသားကို ရရှိပြီးနောက်၊ ကျွင်းရှောင်ယောက်၏ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေမှာ ပြီးပြည့်စုံခြင်းလမ်းကြောင်းပေါ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သို့သော်...
ဤအခိုက်အတန့်တွင် ကျွင်းရှောင်ယောက်က ဤအရာကို လုံးဝ ဂရုမစိုက်နိုင်ပါချေ။
သူသည် သူ့ရင်ခွင်ထဲရှိ ဖြူလျော်နေသော မျက်နှာနှင့် အမျိုးသမီးကိုသာ ဤအတိုင်း စိုက်ကြည့်နေခဲ့မိသည်။
"ရှောင်ယောက်... သွားပြီးတော့ ဒီအဆုံးသတ်ကို ပြောင်းလဲပစ်လိုက်ပါ။ မင်းရဲ့အဖေနဲ့ အခြားလူအားလုံးက မင်းကို လိုအပ်နေတယ်"
ကျန်းစန်းယီ၏ ပုံရိပ်က အလင်းစက်များအဖြစ်သို့ တဖြည်းဖြည်းချင်း အသွင်ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။
၎င်းက အလွန် ဝမ်းနည်းကြေကွဲစရာကောင်း၏။
ကျွင်းရှောင်ယောက်က ကျန်းစန်းယီ၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားမိသည်။
သို့သော်လည်း သူက ဟင်းလင်းပြင်ကိုသာ ဆုပ်ကိုင်မိလိုက်ကြောင်း သိရှိလိုက်ရ၏။
ကျန်းစန်းယီ၏ ပုံရိပ်က တဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်သွားခဲ့ပြီ။
ကျန်းစန်းယီသည် သူမ၏ နှုတ်ခမ်းကို ဟလိုက်ပြီး၊ သူမ၏ မျက်နှာထက်တွင် အပြုံးများနှင့် မျက်ရည်များ တပြိုင်နက်တည်း ရှိနေခဲ့သည်။
"မင်းက ကျောက်ဆောင်လို ခိုင်ခံ့ပြီး၊ အစ်မမှာတော့ မြက်ပင်လေးအလား"
"မြက်ပင်လေးက ပိုးချည်မျှင်လို ကြံ့ခိုင်တွယ်ကပ်နေပြီး၊ ကျောက်ဆောင်ကြီးကတော့ ဘယ်တော့မှ ရွေ့လျားသွားမှာမဟုတ်ပါဘူး"
စကားလုံးပေါင်း ထောင်သောင်းချီ၍ မလိုအပ်တော့ပါ။
ကဗျာတစ်ပုဒ်ကပင် ကျန်းစန်းယီ၏ ချစ်ခြင်းတရားနှင့် ဝမ်းနည်းပူဆွေးမှုတို့ကို ဖော်ပြရန် လုံလောက်သည်။
ကျွင်းရှောင်ယောက်က ဤအခိုက်အတန့်တွင် သူ့ခံစားချက်ကို မည်သို့မျိုး ဖော်ပြရမှန်းပင် မသိတော့ချေ။
သူသည် သူ့ခန္ဓာကိုယ်အတွင်းမှ ဆူပွက်နေသော စွမ်းအားများကို ခံစားနေရသော်လည်း...
လုံးဝ ဂရုမစိုက်နိုင်တော့ပါ။
ချစ်ရသူများကို ဆုံးရှုံးရပြီးမှ တစ်ဦးတည်း ထာဝရရှင်သန်နိုင်လျှင် ဘာများအသုံးဝင်ဦးမည်နည်း။
ထိုအခိုက်အတန့်တွင်...
ရုတ်တရက်၊ ကျွင်းရှောင်ယောက်၏ သိုလှောင်ခြင်း မှော်ရတနာထဲမှ တစ်စုံတစ်ခု ထွက်ပေါ်လာခဲ့သည်။
၎င်းက ပန်းပွင့်တစ်ပွင့် ဖြစ်၏။
ဤပန်းပွင့်မှာ လွန်ခဲ့သော အချိန်အတော်ကြာကတည်းက ရှိနေခဲ့ခြင်း ဖြစ်သည်။
သရဲမျက်နှာဖုံးဖြင့်အမျိုးသမီးဧကရာဇ်က အချိန်မြစ်ကြီးကို ဖြတ်ကျော်လျက် ဤအရာကို သူ့အား ပေးအပ်ခဲ့ခြင်း ဖြစ်ပေသည်။
နောက်ပိုင်းတွင် အနီရောင်လီလီပန်းလေးများ၏မိခင်ကလည်း ကျွင်းရှောင်ယောက်ကို ပြောပြခဲ့ဖူးသည်။
ဤပန်းပွင့်ကို ဝိညာဉ်လေးပါးပန်းပွင့်ဟု ခေါ်ဆိုပြီး ၎င်းတွင် ပြန်လည်ဝင်စားခြင်း၏ အမှတ်အသား ပါဝင်နေခဲ့၏။
ဤအရာက သရဲမျက်နှာဖုံးဖြင့်အမျိုးသမီးဧကရာဇ်က ကျွင်းရှောင်ယောက်အတွက် ချန်ထားခဲ့သည့် အသက်ကယ်နည်းလမ်းတစ်ခုလည်း ဖြစ်သည်။
အရာအားလုံးက ကျွင်းရှောင်ယောက်၏ အနာဂတ်အတွက် ဖြစ်ပြီး၊ အကယ်၍ သေရေးရှင်ရေး တိုက်ပွဲတစ်ခုနှင့် ကြုံတွေ့ရလျှင်..
ဤပန်းပွင့်ကို မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ထိန်းသိမ်းရန်အတွက် အသုံးပြုနိုင်သည်။
သို့သော် ယခုအခါတွင်မူ...
ကျန်းစန်းယီက သူမ၏အသက်ကိုစတေး၍ ကျွင်းရှောင်ယောက်ကို ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုဆီသို့ မြှင့်တင်ပေးခဲ့ပြီ။
ဤအခိုက်တွင်၊ ဝိညာဉ်လေးပါးပန်းပွင့်၏
ပြန်လည်ဝင်စားခြင်း အမှတ်အသားများက တောက်ပသော အလင်းများကို ထုတ်ဖော်လျက် ကျန်းစန်းယီ၏ အကြွင်းအကျန်ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားခဲ့ကြသည်။
"ဒါက... ဝိညာဉ်လေးပါးပန်းပွင့်၊ ဒါက..."
ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် အံ့ဩမှုတို့ ပေါ်လာခဲ့ရသည်။
ဤအရာက သရဲမျက်နှာဖုံးဖြင့်အမျိုးသမီးဧကရာဇ်က သူ့အား အသက်ကယ်ရန် ချန်ထားခဲ့သည့် ဝှက်ဖဲ ဖြစ်၏။
သို့သော်လည်း ယခုအခါ ၎င်းကို ကျန်းစန်းယီ၏ အပေါ်တွင် အသုံးပြုလိုက်ပြီ။
ထို့နောက်တွင်၊ ဝိညာဉ်လေးပါးပန်းပွင့်ဆီမှ ပွင့်ဖတ်လေးခုက ကြွေလွင့်ကျလာခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျန်းစန်းယီ၏ တဖြည်းဖြည်း မှေးမှိန်လာသော ရှေးဦးဝိညာဉ်အလင်းတန်းများကြားထဲ၌
ဝိညာဉ်အလင်းစက် လေးစက် ပေါ်ထွက်လာခဲ့သည်။
၎င်းက ရှေးဦးဝိညာဉ်၏ အမှတ်အသားတစ်ခု ဖြစ်သည်။
ဝိညာဉ်အမှတ််အသားက ထိုပွင့်ဖတ်လေးခုထဲမှ တစ်ခုချင်းစီတွင် ပေါင်းစပ်သွားကြ၏။
ထို့နောက်တွင်မူ ဤပွင့်ဖတ်လေးခုက ဟင်းလင်းပြင်ထဲသို့ ပျံသန်းသွားခဲ့ကြပြီး ဝေးကွာသော ကမ္ဘာတစ်ခုဆီသို့ ကျရောက်သွားခဲ့ကြတော့သည်။
'ဒီအရပ်မျက်နှာက ဦးတည်နေတာက... နယ်နိမိတ်ပင်လယ်ပဲ'
ကျွင်းရှောင်ယောက်က ပွင့်ဖတ်လေးခု ကျရောက်သွားခဲ့သည့် နေရာကို စိုက်ကြည့်လိုက်သည်။
၎င်းက နယ်နိမိတ်ပင်လယ်ဆီသို့ တိုက်ရိုက် ဦးတည်သွားခြင်း ဖြစ်၏။
နယ်နိမိတ်ပင်လယ်၏ အကျယ်အဝန်းက ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေထက်ပင် ပိုမို ကျယ်ပြန့်သည်။
၎င်းက အဆုံးမရှိသော ဆန်းကျယ်မှုများ၊ အံ့သြဖွယ်ရာများဖြင့် ပြည့်နှက်နေသည့် လောကတစ်ခု ဖြစ်ပေသည်။
ကမ္ဘာ့အဆင့်အတန်းနှင့် ပတ်သက်လျှင်လည်း ၎င်းက အင်မော်တယ်နယ်မြေထက် လုံးဝ နိမ့်ကျမနေပါချေ။
၎င်းမှာ အင်မော်တယ်နယ်မြေနှင့် မြေအောက်ကမ္ဘာတို့ထက်ပင် ပိုမို ကြီးမားကျယ်ပြန့်သည်။
"ဒါက... ပြန်လည်ဝင်စားခြင်း သံသရာတစ်မျိုးပဲလား"
ကျွင်းရှောင်ယောက်က ခပ်တိုးတိုးလေး ရေရွတ်လိုက်မိသည်။
သူ ပြန်လှည့်ကြည့်လိုက်သည့်အခါ သူ့ရင်ခွင်ထဲတွင် မည်သူမျှ မရှိတော့ကြောင်း သိလိုက်ရ၏။
အကယ်၍ ဝိညာဉ်လေးပါးပန်းပွင့်သာ မရှိခဲ့လျှင် ကျွင်းရှောင်ယောက်၏ နှလုံးသားမှာ ဝမ်းနည်းပူဆွေးမှုများဖြင့်သာ ပြည့်နှက်နေလိမ့်မည် ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ...
သူ၏ နှလုံးသားထဲတွင် မျှော်လင့်ချက်တစ်ခု ပေါ်ပေါက်လာခဲ့ပြီ။
သူသည် သရဲမျက်နှာဖုံးဖြင့်အမျိုးသမီးဧကရာဇ် ချန်ထားခဲ့သည့် နည်းလမ်းများက ကျန်းစန်းယီ၏ လေးပါးသော ဝိညာဉ်များကို အောင်မြင်စွာ ပြန်လည်ဝင်စားခွင့် ရရှိစေလိမ့်မည်ဟုလည်း ယုံကြည်ထားခဲ့သည်။
သို့သော်လည်း ယခုလောလောဆယ်မှာတော့ ကျွင်းရှောင်ယောက်သည် ဤအမှောင်ထုနှင့် ကမောက်ကမဖြစ်ခြင်းကို အောင်မြင်စွာ ကျော်လွှားရမည် ဖြစ်သည်။
ထို့နောက်မှာတော့ ကျန်းစန်းယီ၏ ပြန်လည်ဝင်စားသွားသော ဝိညာဉ်များကို ရှာဖွေရန်...
သူ၏ ချစ်ရသူကို ပြန်လည်ရှာဖွေရန်အတွက် နယ်နိမိတ်ပင်လယ်ဆီသို့ သွားရပေလိမ့်မည်။