← Chapters

အခန်း ၁၅၈၃

Vol. 112 Ch. 1583

အခန်း ၁၅၈၃

Vol. 112 Ch. 1583

အခန်း ( ၁၅၈၃ ) ပြီးပြည့်စုံသော မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ။

သိပ်သည်းကာ ဆန်းကျယ်သော ကောင်းကင်အလင်းတန်းများက ကျန်းစန်းယီနှင့် ကျွင်းရှောင်ယောက်တို့ကို ဖုံးလွှမ်းသွားခဲ့သည်။

ထို့ကြောင့် ပြင်ပလောကမှ လူများသည် အတွင်းပိုင်း၌ မည်သည့်အရာ ဖြစ်ပျက်နေသည်ကို မမြင်တွေ့နိုင်ကြပါချေ။

သို့သော်၊ ကြည့်ရှုရန်လည်း မလိုအပ်တော့ပါ။

မည်ကဲ့သို့သော ရလဒ်မျိုး ထွက်ပေါ်လာမည်ကို လူတိုင်း သိရှိထားကြသည်။

အကြောင်းမူ၊ ရှေးတွင် ထင်ရှားသော သာဓကတစ်ခု ရှိခဲ့ခြင်းကြောင့်ပင်။

၎င်းမှာ အဆုံးမဲ့ဧကရာဇ်နှင့် အနောက်ဘက်မှမယ်တော်ဘုရင်မတို့ပင် ဖြစ်ကြသည်။

"တကယ်ပဲ အဲဒီလိုမျိုး ကံကြမ္မာက တစ်ကျော့ပြန်လာခဲ့တာလား"

"ဘာလို့လဲ... ဘာဖြစ်လို့ အင်မော်တယ်နယ်မြေကို ကယ်တင်ခဲ့တဲ့ သူရဲကောင်းတိုင်းက ဒီလိုမျိုး နာကျင်မှုကို ခံစားရတာလဲ"

မရေတွက်နိုင်သော လူများက ဤအမှန်တရားကို လက်မခံနိုင်ကြပါချေ။

ကျွင်းဝူဟွေ့သည်ပင် သူ၏ လှုပ်ရှားမှုများကို ခေတ္တမျှ ရပ်တန့်လိုက်မိသည်။

သူ၏ တစ်ဦးတည်းသောသားက အဆုံးမဲ့ဧကရာဇ်ကြီး ကြုံတွေ့ခဲ့ရသော နာကျင်မှုမျိုးကို ထပ်တူထပ်မျှ ကြုံတွေ့ရလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့မိချေ။

ဤအခိုက်အတန့်တွင် အချိန်အဆုံးသတ်၏အရှင်သခင်ကမူ အေးစက်စွာ ပြုံးလိုက်သည်။

လောကီလူသားတို့၏ ဤကဲ့သို့သော ဝမ်းနည်းကြေကွဲစရာ အဖြစ်ဆိုးများကို ကြည့်ရှုရသည်ကို သူ အနှစ်သက်ဆုံး ဖြစ်၏။

ဤအဖြစ်ဆိုးက သူ့ကို စိတ်ကျေနပ်မှု ပေးစွမ်းနိုင်သည်။

ပြင်းထန်သော ရိုက်ခတ်မှုကြောင့် မူလက ဖြစ်ပေါ်ခဲ့သည့် အမျက်ဒေါသများသည်ပင် ယခုအခါ ပျော်ရွှင်မှုအဖြစ်သို့ စတင်ပြောင်းလဲလာခဲ့ပြီ။

သူ အမြင်တွေ့ချင်ဆုံး အရာမှာ ဤကဲ့သို့သော အစွန်းရောက် ဝမ်းနည်းကြေကွဲမှုနှင့် စိတ်ပျက်အားငယ်မှုတို့ ဖြစ်သည်။

ထို့နောက်တွင်မူ မရေတွက်နိုင်သော လူများ၏ စောင့်ကြည့်နေမှုများအောက်၌...

ကောင်းကင်အလင်းတန်းများက တဖြည်းဖြည်းချင်း ကွယ်ပျောက်သွားခဲ့တော့သည်။

မူလက အလင်းတန်းများသည် လူနှစ်ဦးကို ဖုံးလွှမ်းထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ...

ထိုနေရာတွင် ကျွင်းရှောင်ယောက် တစ်ဦးတည်းသာ ကျန်ရှိတော့သည်။

သူ၏ ပုံရိပ်က အထီးကျန်ဆန်စွာ ရပ်တည်နေခဲ့သည်။

သူ့မျက်နှာတွင်မူ ဝမ်းသာခြင်း ဝမ်းနည်းခြင်းတို့ကို မမြင်ရ‌ချေ။

ထူးခြားဆန်းကျယ်သော အရှိန်အဝါတစ်ခုက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေခဲ့သည်။

သူ့ရင်ဘတ်ဆီမှ ဆန်းကျယ်‌သော အလင်းတန်းများ ဖြာထွက်လျက်ရှိ၏။

ပြီးပြည့်စုံခြင်း၏ အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့ပြီ။

၎င်းက ပြီးပြည့်စုံသော မြင့်မြတ်ခန္ဓာတာအိုသန္ဓေ ပင် ဖြစ်‌တော့သည်။

"မမစန်းယီ"

ကျွင်းရှောင်ယောက် တစ်ဦးတည်းသာ ကျန်ရှိတော့သည်ကို မြင်လိုက်ရသည့်အခါ... ကျန်းလော့လီက မြေပြင်ပေါ်သို့ ပုံလျက်လဲကျသွားခဲ့သည်။

တစ်ခါက တောက်ပပြီး သက်ဝင်လှုပ်ရှားခဲ့သော သူမ၏ မျက်ဝန်းများက ယခုအခါ ဟာလာဟင်းလင်းဖြစ်လျက် မျက်ရည်များ အထိန်းအကွပ်မဲ့စွာ စီးကျလာတော့သည်။

သူမ၏ ဘဝတွင် အရေးအကြီးဆုံးသော လူများထဲမှ တစ်ယောက်က ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

"စန်းယီ..."

ယွီချင်းနင်သည်လည်း ဝမ်းနည်းပူဆွေးသော မျက်နှာအမူအရာဖြင့် ခပ်တိုးတိုး ခေါ်လိုက်လေသည်။

ကျန်းစန်းယီ၏ ဆွေးမျိုးသားချင်းများ အပါအဝင် ကျန်းမိသားစုဝင်အားလုံး၊ သူတို့၏ ဝိညာဉ်များ ပျောက်ဆုံးသွားခဲ့ပုံရသည်။

ကျွင်းရှောင်ယောက်တစ်ဦးသာ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်းတို့ကို ခံစားပုံမရဘဲ မျက်ရည်လည်း မကျလာခဲ့ပါ။

သူက ထိုနေရာတွင် စိုင်စိုင်ကြီး ရပ်နေပြီး အရပ်မျက်နှာတစ်ခုဆီသို့ စိုက်ကြည့်နေခဲ့သည်။

၎င်းက နယ်နိမိတ်ပင်လယ် ဖြစ်၏။

ဤအခိုက်အတန့်တွင် လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

ကျွင်းရှောင်ယောက်က မျက်ရည်တစ်စက်မျှ မကျလာသော်လည်း မည်သူမျှ သူ့ကို နှလုံးသားမရှိသူ၊ သံယောဇဉ်မရှိသူအဖြစ် သတ်မှတ်ခြင်း မပြုကြပါ။

သူတို့သည် ကျွင်းရှောင်ယောက်အနေဖြင့် နှလုံးကွဲမတတ် ခံစားရလွန်းလှသဖြင့် မျက်ရည်ပင် မကျနိုင်တော့ခြင်း ဖြစ်လိမ့်မည်ဟုသာ ထင်မှတ်ခဲ့ကြသည်။

ကျွင်းရှောင်ယောက်က သူ့နှလုံးသားထဲ၌ ရည်မှန်းချက်တစ်ခုကို ချမှတ်ထားခဲ့ပြီးဖြစ်ကြောင်းကို သူတို့ မသိရှိကြပါချေ။

ဟုတ်သည်၊ မည်သည့်ရည်မှန်းချက်မျိုးပင် ရှိနေစေကာမူ ဝမ်းနည်းခြင်းက ဝမ်းနည်းခြင်းသာ။

"ရှောင်ယောက်..."

ကျွင်းဝူဟွေ့က အပြောင်းအလဲမရှိသော မျက်နှာအမူအရာဖြင့် စိုင်စိုင်ကြီးရပ်နေသည့် ကျွင်းရှောင်ယောက်ကို မြင်လိုက်ရသည့်အခါ လှမ်းခေါ်လိုက်မိသည်။

သူသည် ကျွင်းရှောင်ယောက်က စိတ်ဖောက်ပြန်သွားမည်ကို စိုးရိမ်သွားမိခြင်း ဖြစ်၏။

၎င်းက အလွန်အန္တရာယ်များသည်။

ကျန်းစန်းယီ၏ ကွယ်လွန်မှုက ဝမ်းနည်းစရာကောင်းလှသော်လည်းတည်း၊ မိမိကိုယ်တိုင်၏ ပျက်စီးခြင်းသို့ ဦးတည်သွားအောင်တော့ ခွင့်မပြုသင့်ပါ။

"သား အဆင်ပြေပါတယ်"

ကျွင်းရှောင်ယောက်က အပြုံးတစ်ခုကို ကြိုးစားထုတ်ဖော်လိုက်သည်။

ထိုအမူအရာက လူများကို ပိုမို၍ သနားဂရုဏာ သက်မိစေခဲ့ပေသည်။

ဤအခြေအနေမျိုးမှာပင် ပြုံးနိုင်အောင် လူတစ်ယောက်၏ နှလုံးသားသည် မည်မျှခိုင်မာနေရပါမည်နည်း။

ကျွင်းရှောင်ယောက်ကဲ့သို့သော လူမျိုးသာလျှင် သူ၏ ချစ်သူ ကွယ်လွန်သွားသည့်တိုင်အောင် မျက်ရည်တစ်စက်မျှ မကျဘဲ အံကြိတ်၍ သည်းခံနေနိုင်ခြင်း ဖြစ်သည်။

ဤအခိုက်အတန့်တွင် လူတိုင်းက ကျွင်းရှောင်ယောက်ကို နတ်ဘုရားကဲ့သို့သော အဆင့်အတန်းတစ်ခုအထိ မြှင့်တင်ပေးလိုက်ကြပြီ ဖြစ်သည်။

ကျွင်းရှောင်ယောက်ထက် ခွန်အားနှင့် နယ်ပယ် ပိုမို၍ မြင့်မားကြသော အကြီးအကဲအချို့ပင်လျှင် အမြင့်ဆုံးသော ရိုသေလေးစားမှုများဖြင့် ကြည့်လိုက်ကြပေသည်။

"ရှောင်ယောက်... မင်းရဲ့ ခံစားချက်တွေကို အတင်းအကျပ် ထိန်းချုပ်မထားပါနဲ့"

ကျွင်းရှောင်ယောက်၏ လက်ရှိအခြေအနေက ကျွင်းဝူဟွေ့ကို ပို၍ စိုးရိမ်ပူပန်စေခဲ့သည်။

"ကျွန်တော် တကယ်ပဲ အဆင်ပြေပါတယ်။ ဒါပေမဲ့... အန်းတိ မသေဆုံးဘူးဆိုရင် ကျွန်တော် ဘယ်လိုမှ စိတ်ကျေနပ်နိုင်မှာ မဟုတ်တော့ဘူး"

ကျွင်းရှောင်ယောက်က အချိန်အဆုံးသတ်၏အရှင်သခင်ကို စိုက်ကြည့်လိုက်သည်။ သူ့မျက်ဝန်းများထဲတွင် အေးစက်သော သတ်ဖြတ်ခြင်းအငွေ့အသက်များ ပြည့်နှက်သွား၏။

သူ၏ မျက်ဝန်းအိမ်များက နက်ရှိုင်းသော ချောက်ကြီးကဲ့သို့ နက်မှောင်လာတော့သည်။

"ဟားဟားဟားဟား... မင်းတို့ရဲ့ စိတ်ပျက်အားငယ်နေတဲ့ မျက်နှာအမူအရာတွေကို ကြည့်ရတာ တကယ်ကို စိတ်ကျေနပ်ဖို့ကောင်းတယ်။ ဒါကို ငါ့ရဲ့ ဇာတ်ညွှန်းထဲမှာ မှတ်တမ်းတင်ထားသင့်တယ်..."

အချိန်အဆုံးသတ်၏အရှင်သခင်က လှောင်ပြောင်လိုက်သည်။

တစ်ချိန်တည်းမှာပင်၊ သူက တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွားခဲ့၏။

သူသည် ကျွင်းရှောင်ယောက်ကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

သူသည် မူလက ကျွင်းရှောင်ယောက်၏ စကားများမှာ ဟန်လုပ်နေခြင်းသာဖြစ်မည်ဟု ထင်မှတ်ထားခဲ့သည်။

သူ့နှလုံးသားထဲမှာတော့ စိတ်ပျက်အားငယ်မှုတို့ ပြည့်နှက်‌ေနလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်၏။

သို့သော်...

ယခုအခါ၊ ကျွင်းရှောင်ယောက်၏ မျက်ဝန်းများက ခိုင်မာပြီး မျက်နှာအမူအရာသည်လည်း အေးစက်တည်ငြိမ်နေခဲ့သည်။

၎င်းက... အမှန်တကယ် ဟန်ဆောင်နေခြင်းမျိုး ဟုတ်ပုံမရပေ။

"ဘယ်လိုပါလိမ့်"

အချိန်အဆုံးသတ်၏အရှင်သခင်က လုံးဝ ပုံမှန်မဟုတ်တော့ကြောင်း ခံစားလိုက်ရသည်။

အနှီလူငယ်လေးက တကယ်ကို ပုံမှန်မဟုတ်ချေ။

သူသည် အတိတ်ကာလက မရေတွက်နိုင်သော လူများ၏ နှလုံးသားကို ကြိုးကိုင်ခြယ်လှယ်ခဲ့ဖူးသူ ဖြစ်သည်။

ခိုင်မာပြတ်သားပြီး မာနထောင်လွှားလှသော ဟောက်ထျန်းနဂါးဧကရာဇ်ပင်လျှင် အမှန်တရားကို သိရှိသွားခဲ့ရပြီးနောက် လုံးဝ ရူးသွပ်ခဲ့ရ၏။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ စိတ်ဓာတ်က သံမဏိကဲ့သို့ ခိုင်မာနေပုံရပြီး မယိမ်းမယိုင် တည်ရှိနေခဲ့သည်။

သူ၏ချစ်သူ သေဆုံးခြင်းကပင် သူ့ကို လုံးဝ ပြိုလဲသွားအောင် ပြုလုပ်ရန်အတွက် လုံလောက်ပုံမရချေ။

ဤအရာက မည်ကဲ့သို့သော သံမဏိစိတ်ဓာတ်မျိုး ဖြစ်သနည်း။

အချိန်အဆုံးသတ်အရှင်သခင်၏ ခန့်မှန်းချက်က မှန်ကန်သည်။

ကျန်းစန်းယီက ပြန်လည်ရှင်သန်စေရန် မျှော်လင့်ချက် ရှိနေသေးသကဲ့သို့၊ သူမကို ပြန်လည်ရှာဖွေရန်အတွက်လည်း မျှော်လင့်ချက် ရှိနေသေးသည်။

အကယ်၍ ကျန်းစန်းယီက အမှန်တကယ် ကွယ်လွန်သွားခဲ့လျှင်ပင်...

ကျွင်းရှောင်ယောက်၏ စိတ်ဓာတ်ခိုင်မာမှုဖြင့် ပြိုလဲသွားလိမ့်မည် မဟုတ်ချေ။

သူက ဝမ်းနည်းမည်၊ သို့သော်လည်း ရှေ့မဆက်နိုင်အောင် ပြိုလဲသွားလိမ့်မည် မဟုတ်ပါ။

သူက အချိန်အဆုံးသတ်၏အရှင်သခင်ကို သတ်ဖြတ်ရန်နှင့် ကျန်းစန်းယီအတွက် ကလဲ့စားချေရန် သူ့စွမ်းအားရှိသမျှ အရာအားလုံးကို လုပ်ဆောင်လိမ့်မည်။

ဤအရာက ကျွင်းရှောင်ယောက်၏ စိတ်နေသဘောထား ဖြစ်သည်။

"အန်းတိ... မင်းရဲ့ သေခြင်းတရားကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်ပြီလား"

"မမစန်းယီအတွက်... အိပ်မက်ဧကရာဇ်အတွက်... အဆုံးမဲ့ဧကရာဇ်အတွက်... မင်းကြောင့် ပျက်စီးသွားခဲ့ရတဲ့ ခပ်သိမ်းသော သက်ရှိတွေအတွက်... အရာအားလုံးအတွက် မင်းရဲ့ အသက်နဲ့ ပြန်လည်ပေးဆပ်ဖို့ အချိန်တန်ပြီ"

ကျွင်းရှောင်ယောက်က စကားပြောဆိုပြီးသည်နှင့်တပြိုင်နက် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ မရေတွက်နိုင်သော နတ်ဘုရားအလင်းတန်းများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

သူ့ခြေဖဝါးအောက်ဆီမှ တာအိုအမှတ်အသားများက ပြန့်နှံ့ထွက်ပေါ်လာခဲ့ကြ၏။

အကန့်အသတ်မဲ့သော ရွှေရောင်သွေးစွမ်းအင်များသည်လည်း ကောင်းကင်ကိုးပါးဆီသို့ ထိုးဖောက်သွားတော့သည်။

မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ...

ပြီးပြည့်စုံသော မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ၏ စွမ်းအားကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

ကျွင်းရှောင်ယောက်က နတ်ဘုရားဓမ္မခန္ဓာထဲသို့ နောက်ထပ်တစ်ကြိမ် ပေါင်းစပ်ဝင်ရောက်သွားခဲ့၏။

ပြီးပြည့်စုံသော မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ၏ စွမ်းအားဖြင့် နတ်ဘုရားဓမ္မခန္ဓာကို လှုံ့ဆော်လိုက်သည်။

နတ်ဘုရားဓမ္မခန္ဓာကလည်း မရေတွက်နိုင်သော နတ်ဘုရား အမှတ်အသားများကို နောက်တစ်ကြိမ် ပေါက်ကွဲထုတ်ဖော်လိုက်ပြန်တော့သည်။

"အားလုံးပဲ... ဒီကပ်ဘေးကြီးကို အဆုံးသတ်ဖို့အတွက် ကံကြမ္မာနဲ့ ယုံကြည်ခြင်းစွမ်းအားတွေကို ငှားရမ်းပေးကြပါ"

ကျွင်းရှောင်ယောက်၏ အော်ဟစ်သံက အင်မော်တယ်နယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

အင်မော်တယ်နယ်မြေရှိ ခပ်သိမ်းသော သက်ရှိများလည်း ဤအခိုက်အတန့်တွင် ဒူးထောက်လိုက်ကြ၏။

သူတို့က ကျွင်းရှောင်ယောက်ကို အရိုအသေပြုလိုက်ကြတော့သည်။

၎င်းက သူတို့၏ ကယ်တင်ရှင်နတ်ဘုရားတစ်ပါးကို မော့ကြည့်နေကြသည့်အလား ဖြစ်နေခဲ့သည်။

ဒါကိုမြင်သောအခါ အချိန်အဆုံးသတ်၏အရှင်သခင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"မင်းမှာ ပြီးပြည့်စုံတဲ့ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ ရှိနေတော့ကော ဘာဖြစ်လဲ... ဒုတိယအဆုံးမဲ့ဧကရာဇ် ဖြစ်နေရင်တောင် ငါ့ရဲ့ရှေ့မှာတော့ ရှုံးနိမ့်ရဦးမှာပဲ"

အချိန်အဆုံးသတ်အရှင်သခင်ထံမှ အားကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်သွားခဲ့သည်။

အဆုံးမဲ့ဧကရာဇ်ပင်လျှင် သူ၏ လက်ချက်ဖြင့် အဆုံးသတ်သွားခဲ့ရသေးသည်။

ဤကဲ့သို့ အားနည်းလွန်းသော မြင့်မြတ်ခန္ဓာ တာအိုသန္ဓေက အခြေအနေကို ပြောင်းလဲပစ်နိုင်ဦးမည်လော။

သူ့တွင် သူ့ကိုယ်ပိုင်ခွန်အား၏ သုံးဆယ်ရာခိုင်နှုန်းသာ ကျန်ရှိတော့သော်လည်း ကမ္ဘာဖျက်ဆီးခြင်း ဇာတ်ညွှန်းကို အောင်မြင်အောင် လုပ်ဆောင်နိုင်ဆဲ ဖြစ်သည်။

ဒါကိုမြင်သောအခါ ကျွင်းရှောင်ယောက်က အေးစက်စက်ဖြင့် ပြုံးလိုက်သည်။

အချိန်အဆုံးသတ်၏အရှင်သခင်က သူ့လက်ထဲတွင် မည်ကဲ့သို့သော ဝှက်ဖဲများ ရှိနေသေးမှန်း လုံးဝ သိရှိထားခြင်း မရှိပါချေ။

ဤအခိုက်အတန့်တွင်...

ကျွင်းရှောင်ယောက်က သူ၏ အင်မော်တယ်ကျင့်စဉ်ဖြစ်သော ကံကြမ္မာကျင့်စဉ်ငယ်ကို လှုံ့ဆော်လိုက်သည်။

မျက်တောင်တစ်ခတ်သော၊ အချိန်အတွင်း သူ၏ သက်တမ်းနှင့် ကံကြမ္မာက ပြင်းထန်စွာ လောင်ကျွမ်းသွားခဲ့ရ၏။

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်မှ ကံကြမ္မာကို လှုပ်ခတ်စေသော အဆုံးမဲ့ စွမ်းအင်လှိုင်းများ ထွက်ပေါ်လာတော့သည်။

ထိုစွမ်းအားက အင်မော်တယ်နယ်မြေ၏ စည်းမျဥ်းများကိုပင် အနည်းငယ် ကမောက်ကမ ဖြစ်သွားစေနိုင်သည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ...၊ ဒါက တကယ်ပဲ..."

ဒဏ်ရာများကို ကုသနေသော သက်ရှိခြင်းဧကရာဇ်က ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော စွမ်းအားအငွေ့အသက် အနည်းငယ်ကို အာရုံခံမိလိုက်သည်။

သူ့မျက်နှာအမူအရာ ပြောင်းလဲသွား၏။

ဤစွမ်းအားက သူ အမြဲတမ်း အိမ်မက်မက်ခဲ့ရသော စွမ်းအားမျိုး ဖြစ်သည်။

သို့သော်လည်း ယခုအခါတွင်မူ ၎င်း၏ အရိပ်အယောင်တစ်ခုကို ကျွင်းရှောင်ယောက်၏ကိုယ်အပေါ်တွင် အာရုံခံမိလိုက်ပြီ။

"ကံကြမ္မာ"

သက်ရှည်ခြင်းဧကရာဇ်ပင်လျှင် ထိတ်လန့်တုန်လှုပ်သွားမိသည်။

ဤအရာက သူ အလိုချင်ဆုံးသော ကံကြမ္မာ၏ စွမ်းအားပင်။

ဟုတ်သည်၊ ၎င်းကို ကံကြမ္မာဟု ခေါ်ဆိုခြင်းက အနည်းငယ် ချဲ့ကားလွန်းရာ ရောက်နိုင်သော်လည်း...

ဤအခိုက်အတန့်တွင် ကျွင်းရှောင်ယောက်က ကံကြမ္မာ၏ အရိပ်အယောင်တစ်ခုကို အမှန်တကယ်ပင် ထုတ်ဖော်နေခဲ့ပြီ။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မျိုးဆက်သစ် အငယ်လေးတစ်ယောက်က ကံကြမ္မာရဲ့ အစအနတစ်ခုကို အမှန်တကယ် ဆုပ်ကိုင်ထားနိုင်တာလား"

သက်ရှည်ခြင်းဧကရာဇ်က အံ့ဩမင်သက်သွားခဲ့သည်။

သူသည် စွမ်းအားကြီးမားသော ဒဏ္ဍာရီလာဧကရာဇ်တစ်ပါးဖြစ်သော်လည်း မျိုးဆက်သစ်လူငယ်လေးတစ်ဦးထက် နိမ့်ကျမှုကို ခံစားခဲ့ရပေသည်။

All Chapters