အခန်း ၁၅၈၆
Vol. 112 Ch. 1586
အခန်း ( ၁၅၈၆ ) ဧကရာဇ်တစ်သောင်း နတ်ဆိုးမှုန်းချေ လက်သီး။
ထို့အပြင် ကျွင်းရှောင်ယောက်က လွမ်ကုပုဆိန်ကို ထုတ်ယူလိုက်သည်။
ဤအရာသည်လည်း ကစဉ့်ကလျားနှင့် သက်ဆိုင်သည့် ရှေးဟောင်းပစ္စည်းအမျိုးအစားထဲတွင် ပါဝင်၏။
ရုတ်ချည်းဆိုသလို၊ ကောင်းကင်ဘုံကို ဆန့်ကျင်တိုက်ခိုက်နိုင်စွမ်းရှိပုံရသော ပုံရိပ်တစ်ခုက အင်မော်တယ်နယ်မြေသို့ သက်ဆင်းလာတော့သည်။
လွမ်ကုခေတ်၏ အစစ်အမှန်ဝိညာဉ် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
"အင်မော်တယ်နယ်မြေက ဒီလိုမျိုး ကပ်ဘေးနဲ့ ကြုံတွေ့နေရတာပဲ။ ငါ့ရဲ့ ဆက်ခံသူလေး... နောက်ပိုင်း အရာအားလုံးက မင်းအပေါ်မှာပဲ မူတည်တော့တယ်..."
လွမ်ကုဧကရာဇ်၏ အစစ်အမှန်ဝိညာဉ်က ကျွင်းရှောင်ယောက်မှာ သူ၏ ဆက်ခံသူဖြစ်ကြောင်းကို သဘာဝအတိုင်း သိရှိထားသည်။
သူသည်လည်း သူ့စွမ်းအားများကို ကျွင်းရှောင်ယောက်ထံသို့ အပ်နှင်းပေးလိုက်၏။
ထို့ပြင် ကျွင်းမိသားစုသည်လည်း ကောင်းကင်စွန့်ခွာဧကရာဇ်ကြီး၏ အမိန့်တော်ကို ထုတ်ယူလိုက်ကြသည်။
ကျွင်းရှောင်ယောက်က ကောင်းကင်စွန့်ခွာ ဧကရာဇ်ကြီး၏ အစစ်အမှန်ဝိညာဉ်ကို နောက်တစ်ကြိမ် ထပ်မံဆင့်ခေါ်လိုက်၏။
ကောင်းကင်စွန့်ခွာ ဧကရာဇ်ကြီး၏ အစစ်အမှန်ဝိညာဉ်အရှိန်အဝါသည် ယခင်က သူ၏ အစစ်အမှန်ခန္ဓာကဲ့သို့ စွမ်းအားမကြီးသော်လည်း အလွန်တရာ ထိတ်လန့်စရာကောင်းနေသေးသည်။
"အချိန်အဆုံးသတ်ရဲ့အရှင်သခင်... ဒီနေ့ မင်း ပျက်စီးရလိမ့်မယ်"
ကောင်းကင်စွန့်ခွာ ဧကရာဇ်ကြီးက အေးစက်စွာ ပြောဆိုလိုက်သည်။
အချိန်အဆုံးသတ်၏အရှင်သခင်သည်ပင် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူ၏ မျက်ခွံများ လှုပ်သွားခဲ့ရသည်။
တုန်ဟွဧကရာဇ်၊ စိမ်းပြာရောင်ဧကရာဇ်၊ ဧကရာဇ်ကြီး ကျွင်းချီထျန်း၊ လွမ်ကုဧကရာဇ်...
ထို့ပြင် ဤအရာက ပြီးဆုံးသွားခြင်း မရှိသေးပါချေ။
ကျွင်းရှောင်ယောက်က သရဲမျက်နှာဖုံးတစ်ခုကို ထုတ်ယူလိုက်သည်။
၎င်းက သရဲမျက်နှာဖုံးဖြင့်အမျိုးသမီးဧကရာဇ်၏ အကျိုးအကြောင်း ဆက်စပ်ပစ္စည်း ဖြစ်သည်။
ကျွင်းရှောင်ယောက်က ကံကြမ္မာကျင့်စဉ်ငယ်၏ စွမ်းအားကို အသုံးပြု၍ သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးဧကရာဇ်၏ အစစ်အမှန်ဝိညာဉ်ကို ဆင့်ခေါ်ရန် ကြိုးပမ်းလိုက်၏။
ဤအခိုက်အတန့်တွင် ကျွင်းရှောင်ယောက်က သူ၏ သက်တမ်းနှင့် ကံကြမ္မာများမှာ လျင်မြန်စွာ လောင်ကျွမ်းနေသည်ကို ခံစားလိုက်ရတော့သည်။
သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးဧကရာဇ်နှင့် ကောင်းကင်စွန့်ခွာ ဧကရာဇ်ကြီးကဲ့သို့သော တည်ရှိမှုမျိုး၏ အစစ်အမှန်ဝိညာဉ်ကို ဆင့်ခေါ်ခြင်းမှာ ပိုမိုမြင့်မားသော တန်ဖိုးကို ပေးဆပ်ရမည်ဖြစ်ကြောင်း ထင်ရှားသည်။
လေဟာနယ်ထဲတွင် အသက်ရှူမှားလောက်အောင် လှပသော ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
ထိုသွယ်လျပြီး အတုမရှိသော နတ်သမီးပုံရိပ်က ကောင်းကင်ယံတွင် တည်ငြိမ်စွာ ရပ်တည်နေခဲ့၏။
သူမ၏ ပိတုံးရောင် ဆံနွယ်ရှည်များက လေထဲတွင် ဝေ့ဝဲနေခဲ့ပြီး၊ ဆံခြည်မျှင်တစ်ခုချင်းစီသည် အဆုံးအစမရှိသော နယ်ပယ်များထဲသို့ ဆန့်တန်းသွားပုံရသည်။
သူမ၏ အသားအရေက ချောမွေ့တောက်ပနေပြီ နှင်းပွင့်ကဲ့သို့ ဖြူစင်ဝင်းပလေ၏။
သူမ၏ အလှတရားက လောကတွင် တုနှိုင်းယှဉ်စရာ မရှိသကဲ့သို့ပင်။
သူသည် အလွန်အမင်း လှပလွန်းသဖြင့် အစစ်အမှန်မဟုတ်သကဲ့သို့ပင် ထင်မှတ်ရသည်။
သူက မည်သည့်အခိုက်အတန့်တွင်မဆို အင်မော်တယ်အဖြစ်သို့ အထက်ဘုံသို့ ပျံတက်တော့မလိုပင်။
သူမ၏ မျက်နှာကို သရဲမျက်နှာဖုံးတစ်ခုဖြင့် ဖုံးအုပ်ထားသည့်တိုင်အောင်၊ လောကကို လွှမ်းမိုးနိုင်သော အလှတရားကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိခဲ့ပါချေ။
သရဲမျက်နှာဖုံးဖြင့်အမျိုးသမီးဧကရာဇ်က ရုတ်တရက် ပြောလိုက်သည်။
'မင်း သူ့အတွက် အဲဒီပန်းကို သုံးလိုက်တာပဲ'
သို့သော်လည်း ကျွင်းရှောင်ယောက် တစ်ဦးတည်းသာ ဤစကားလုံးများကို ကြားနိုင်ခဲ့၏။
ကျွင်းရှောင်ယောက် ခေါင်းညိတ်ပြလိုက်သည်။
'သူမက အင်မတန် ကံကောင်းပေတာပဲ'
သရဲမျက်နှာဖုံးဖြင့်အမျိုးသမီးဧကရာဇ်က ထူးဆန်းသော လေသံဖြင့် ပြောလိုက်သည်။
'ကျွန်တော် တောင်းပန်ပါတယ်'
ကျွင်းရှောင်ယောက်က ဆိုလိုက်၏။
အဆုံးတွင်၊ ဤအရာက သရဲမျက်နှာဖုံးဖြင့်အမျိုးသမီးဧကရာဇ်က သူ့အား ပေးအပ်ခဲ့သော အသက်ကယ်ပစ္စည်း ဖြစ်နေခဲ့သောကြောင့်ပင်။
သူက ၎င်းကို ကျန်းစန်းယီအပေါ်တွင် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
'တောင်းပန်စရာမလိုပါဘူး... သူကလည်း မင်းအတွက် အရေးကြီးတဲ့သူတစ်ယောက်ပဲ မဟုတ်လား'
သရဲမျက်နှာဖုံးဖြင့်အမျိုးသမီးဧကရာဇ်က ပြောလိုက်သည်။
ကျွင်းရှောင်ယောက် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်၏။
'ငါ မင်းကို ဒီကပ်ဘေးကို ကျော်လွှားနိုင်အောင် ကူညီပေးမယ်'
သရဲမျက်နှာဖုံးဖြင့်အမျိုးသမီးဧကရာဇ်၏ အစစ်အမှန်ဝိညာဉ်က ပြောလိုက်သည်။
ကျွင်းရှောင်ယောက်က ရုတ်တရက် မေးလိုက်၏။
'ခင်ဗျား...၊ အခု ဘယ်နေရာမှာ ရှိနေတာလဲ"
သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးဧကရာဇ်က တိတ်ဆိတ်သွားခဲ့ပြီး နောက်ဆုံးတွင် တိုးညှင်းစွာ ရေရွတ်လိုက်သည်။
"ပိုပြီးတော့ သန်မာအောင် လုပ်ပါ"
ကျွင်းရှောင်ယောက် တိတ်ဆိတ်သွားခဲ့ရသည်။
သူ့အနေဖြင့် သရဲမျက်နှာဖုံးဖြင့်အမျိုးသမီးဧကရာဇ် နေထိုင်ရာ ကမ္ဘာသို့ သွားရောက်ရန် အရည်အချင်းပင် ရှိသေးပုံမရပေ။
သို့သော်လည်း သူက အနာဂတ်တွင် ထိုသို့ လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။
သူက သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးဧကရာဇ်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ရှာဖွေပြီး ကျေးဇူးတင်စကား ပြောချင်ပေသည်။
နောက်ဆုံးတွင် ကျွင်းရှောင်ယောက်၏ အကြည့်က အရာဝတ္ထုတစ်ခုပေါ်သို့ ကျရောက်သွားခဲ့သည်။
၎င်းက အဆုံးမဲ့ခေါင်းလောင်းပင် ဖြစ်၏။
ဤအကျိုးအကြောင်းတရား ကိန်းအောင်းနေသည့် လက်နက်၏ အကူအညီဖြင့် အဆုံးမဲ့ဧကရာဇ်၏ အစစ်အမှန်ဝိညာဉ်ကို ဆင့်ခေါ်နိုင်လိမ့်မည်။
ကျွင်းရှောင်ယောက်က သူ့လက်ကို အဆုံးမဲ့ခေါင်းလောင်းပေါ်သို့ တင်လိုက်သည်။
သို့သော်လည်း အလွန်တရာ ပျက်စီးယိုယွင်းနေသော ခေါင်းလောင်းကို ကြည့်ရင်း ကျွင်းရှောင်ယောက်၏လက်က ရုတ်တရက် ရပ်တန့်သွားခဲ့၏။
သူသည် နောက်ဆုံးတွင် သူ၏ချစ်သူနှင့်အတူ ရေခဲခေါင်းတလားထဲ၌ မြှုပ်နှံခြင်းခံခဲ့ရပြီး ခေတ်အဆက်ဆက်တစ်လျှောက် မျောပါနေခဲ့သော အဆုံးမဲ့ဧကရာဇ်၏ ဘဝအကြောင်းကို တွေးတောမိသွားခြင်း ဖြစ်သည်။
သူတို့၏ အေးချမ်းမှုကို အဘယ်ကြောင့် နောက်ထပ် နှောက်ယှက်ရဦးတော့မည်နည်း။
ကျွင်းရှောင်ယောက်က သူ့လက်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။
အဆုံးမဲ့ခေါင်းလောင်းက အသာအယာ တုန်ခါသွားခဲ့လေသည်။
၎င်းမှာ ကျွင်းရှောင်ယောက်က အဆုံးမဲ့ဧကရာဇ်၏ အေးချမ်းမှုကို သွားရောက်မနှောင့်ယှက်ခဲ့သောကြောင့် ကျေးဇူးတင်စကားဆိုချင်သကဲ့သို့ ဖြစ်သည်။
တကယ်တမ်းမှာလည်း ဤအခြေအနေသို့ ရောက်ရှိလာပြီးနောက် အဆုံးမဲ့ဧကရာဇ်၏ စွမ်းအားကို အမှီပြုရန် မလိုအပ်တော့ပေ။
အကြောင်းမှာ၊ ကျွင်းရှောင်ယောက်၏ ပတ်ပတ်လည်တွင် များပြားလှစွာသော ပုံရိပ်များက ရပ်တည်နေခဲ့ပြီ ဖြစ်သောကြောင့်ပင်။
ဤအရာက သမိုင်းတွင် တစ်ခါမျှ မြင်တွေ့ဖူးခြင်းမရှိသည့် မြင်ကွင်းတစ်ခု ဖြစ်သည်။
များပြားလှစွာသော ဧကရာဇ်ကြီးများ၏ အစစ်အမှန်ဝိညာဥ်များက တစ်ပြိုင်နက်တည်း ပေါ်ထွက်လာခဲ့ကြ၏။
နတ်ဆိုးနတ်ဘုရားဧကရာဇ်၊ ထျန်းကျိဧကရာဇ်၊ ပထမဦးဆုံး ချင်ဧကရာဇ်၊ ယွီဟွာနတ်မင်းဆက်၏ ပထမဆုံး ဧကရာဇ်ကြီး၊ လွမ်ကုဧကရာဇ်...
ထို့ပြင် တုန်ဟွဧကရာဇ်၊ စိမ်းပြာရောင်ဧကရာဇ်၊ သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးဧကရာဇ်၊ ဧကရာဇ်ကြီး ကျွင်းချီထျန်း... တို့လည်း ရှိနေကြသေးသည်။
ကျွင်းရှောင်ယောက်၏ နောက်ကွယ်တွင် များပြားလှစွာသော ဧကရာဇ်ကြီးများ၏ အစစ်အမှန်ဝိညာဉ်များ ရပ်တည်နေခဲ့ပြီ ဖြစ်သည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ အင်မော်တယ်နယ်မြေရှိ မရေတွက်နိုင်သော သက်ရှိသတ္တဝါများက ဒူးထောက်ကာ အရိုအသေပြုလိုက်ကြတော့သည်။
ဤမျှများပြားလှသော ဧကရာဇ်ကြီးများ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာခြင်းမှာ တုန်လှုပ်စရာကောင်းလွန်းသည်။
သူတို့၏ အစစ်အမှန်ဝိညာဉ် အခြေအနေဖြင့်သာ ဖြစ်သည့်တိုင်အောင် ထူးကဲလွန်းပြီး နောက်တစ်ကြိမ် မမြင်တွေ့နိုင်သော မြင်ကွင်းမျိုးဟု ဆိုနိုင်ပေသည်။
ဤအရာကို မြင်လိုက်ရသည့်အခါ အချိန်အဆုံးသတ်၏အရှင်သခင် အန်းတိ၏ မျက်ခုံးထောင့်စွန်းများ တွန့်သွားခဲ့ရသည်။
သူ့စိတ်ထဲမှာလည်း တုန်လှုပ်သွား၏။
ဒါက လူသားတစ်ယောက် လုပ်ဆောင်နိုင်တဲ့ အရာမျိုးလား။
ထိုအချိန်မှာပင်...
ကျွင်းရှောင်ယောက်က ရုတ်တရက် ပြောလိုက်သည်။
"ဪ၊ ဟုတ်ပေတာပဲ။ ငါ အရေးအကြီးဆုံး တစ်ခုကို မေ့လုနီးပါး ဖြစ်သွားတယ်"
ကျွင်းရှောင်ယောက်က သူ့လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
သွေးတစ်စက်က သူ့လက်ထဲတွင် မျောလွင့်နေ၏။
ဤသွေးတစ်စက်က သာမန်သွေးစက် မဟုတ်ချေ။
၎င်းက ပျက်စီးခြင်းဧကရာဇ်၏ သွေး ဖြစ်သည်။
ကြုံးထုံးတစ်ခုကို ချည်ခဲ့သူက ပြန်လည်ဖြေရှင်းရလိမ့်မည်။
"ပျက်စီးခြင်းဧကရာဇ်နဲ့ မင်းက... အရာအားလုံးရဲ့ အစပြုခြင်းပဲ"
"ဒါဆိုရင်တော့... သူက မင်းရဲ့ အဆုံးသတ်ကို သဘာဝအတိုင်း မျက်ဝါးထင်ထင် မြင်တွေ့ရလိမ့်မယ်"
ကျွင်းရှောင်ယောက်၏ စကားသံအဆုံးတွင် ကံကြမ္မာကျင့်စဉ်ငယ်၏ စွမ်းအားက ပျက်စီးခြင်းဧကရာဇ်၏ သွေးပေါ်သို့ ကျရောက်သွားခဲ့သည်။
တစ်ခဏချင်းအတွင်းမှာပင် မိုင်ပေါင်း သန်းချီ၍ ကျယ်ပြောလှသော ဟင်းလင်းပြင်မှာ တုန်လှုပ်သွားခဲ့ရ၏။
ရွှေရောင်စွမ်းအင်လှိုင်းများက ကောင်းကင်ဘုံတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
တောက်ပလင်းလက်သော ရွှေရောင်ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
သူ၏ ထူထဲပြီး ရှည်လျားသော ဆံနွယ်များက လွတ်လပ်စွာ စီးဆင်းနေသည်။ သူ့မျက်ခုံးများက ထက်မြက်သော ဓားနှစ်လက်ကဲ့သို့ဖြစ်၍ အရာအားလုံးကို အထက်စီးမှ ကြည့်နေခဲ့၏။
သူ ပေါ်ထွက်လာခဲ့သည့် အခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကမ္ဘာသည် ပြိုလဲလုမတတ် ဖြစ်သွားခဲ့ရသည်။
၎င်းက အမှန်တကယ်ပင် ပျက်စီးခြင်းဧကရာဇ်၏ အစစ်အမှန်ဝိညာဉ် ဖြစ်တော့သည်။
"ပျက်စီးခြင်းဧကရာဇ်"
ပျက်စီးခြင်းဧကရာဇ်ကို မြင်လိုက်ရသည့်အခါ အချိန်အဆုံးသတ်၏အရှင်သခင်က ပထမဆုံးအနေဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။
လွန်ခဲ့သော မရေတွက်နိုင်သည့် ခေတ်ကာလများစွာကတည်းက ရှိခဲ့ဖူးသော ဤကမ္ဘာ့ရန်သူကြီးသည် ယခုအခါ သူ၏ရှေ့မှောက်၌ ပြန်လည်ပေါ်ထွက်လာခဲ့ပြီ။
"အချိန်အဆုံးသတ်ရဲ့အရှင်သခင်... မင်း နောက်ဆုံးတော့ မင်းရဲ့ ပြိုင်ဘက်နဲ့ တွေ့ပြီပေါ့"
"မရေတွက်နိုင်တဲ့ စောင့်ဆိုင်းခြင်း နှစ်ကာလတွေ ကုန်လွန်ပြီးတဲ့နောက်မှာ... ကမ္ဘာကြီးက အမှောင်ထုထဲကို ကျရောက်သွားပြီး လမ်းပြသူအားလုံး ပျက်စီးသွားခဲ့ရင်တောင်မှ... ငါကတော့ မင်းရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်လာမလဲဆိုတာကို မြင်တွေ့ချင်သေးတယ်"
"မျှော်လင့်ထားတဲ့အတိုင်း ငါ့ရဲ့ မြင့်မြတ်ခန္ဓာ မျိုးရိုးက မင်းလို ကံကြမ္မာ ရန်သူကို ဖျက်ဆီးနိုင်တယ်"
"ပြီးတော့ ဒီတစ်ကြိမ်မှာတော့... ငါ့ရဲ့ မြင့်မြတ်ခန္ဓာ မျိုးရိုးရဲ့ ဆက်ခံသူတွေက မင်းကို ဒီကမ္ဘာပေါ်ကနေ လုံးဝ သုတ်သင်ဖယ်ရှားပစ်လိမ့်မယ်... လောကကြီးဆီကို အေးချမ်းသာယာမှုနဲ့ တည်ငြိမ်မှုတွေကို ပြန်လည်သယ်ဆောင်လာပေးလိမ့်မယ်"
ပျက်စီးခြင်းဧကရာဇ်၏ အသံက ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့သည်။
ဤအရာက ဤမျှများပြားလှသော စောင့်ဆိုင်းခြင်းနှစ်ကာလများ ကုန်လွန်ပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ဤအရာက မရေတွက်နိုင်သော ခေတ်ကာလများ၏ နောက်ဆုံးကံကြမ္မာ ဖြစ်သည်။
ဤအရာက ခပ်သိမ်းသော သက်ရှိတို့၏ သွေးနှင့် ဝမ်းနည်းပူဆွေးမှုများ ဖြစ်၏။
ဤအခိုက်အတန့်တွင်မူ အရာအားလုံးက နောက်ဆုံး၌ အဆုံးသတ်သို့ ရောက်ရှိလာခဲ့ပြီ။
ကျွင်းရှောင်ယောက်က သူ၏ အရာအားလုံးကို ပေးအပ်ချင်သည့်အလား သူ့လက်ကို ဆန့်တန်းလိုက်သည်။
သူ့တစ်ကိုယ်လုံးက အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားမည့်အလား လောင်ကျွမ်းလာခဲ့၏။
"အကျိုးအကြောင်း အရာအားလုံးက... ငါ့ပခုံးပေါ်မှာ ကျရောက်လာခဲ့ပြီ"
အဆုံးအစမရှိသော အကျိုးအကြောင်းတရားနှင့် ကံကြမ္မာ စွမ်းအားများက ကျွင်းရှောင်ယောက်ထံမှ ထွက်ပေါ်လာခဲ့သည်။
ဤအခိုက်အတန့်တွင် အင်မော်တယ်နယ်မြေတစ်ခုလုံး၌ မရေတွက်နိုင်သော ဧကရာဇ်ကြီးများ ပေါ်ထွက်လာခဲ့ကြ၏။
ထိုသူများသည် မျိုးဆက်ပေါင်းများစွာတည်းက သွေးမြေကျခဲ့ကြရသော ဧကရာဇ်ကြီးများ ဖြစ်ကြသည်။
ဤဧကရာဇ်ကြီးများကိုမူ အကျိုးအကြောင်းတရားနှင့် သက်ဆိုင်သည့် မည်သည့်အရာကိုမျှ အမှီမပြုဘဲ ကျွင်းရှောင်ယောက်၏ အဆုံးစွန်ကံကြမ္မာစွမ်းအားဖြင့် အမှောင်ထုထဲမှ ပြန်လည်ဆင့်ခေါ်ခြင်း ခံခဲ့ကြရခြင်းပင်။
ဤသို့ပြုလုပ်ခြင်းအတွက် တန်ဖိုးတစ်ခုလည်း သဘာဝအတိုင်း ပေးဆပ်ရပေသည်။
ကျွင်းရှောင်ယောက်သည် သူ၏သက်တမ်းက အဆုံးသတ်သို့ ရောက်ရှိတော့မည်ကဲ့သို့ ခံစားလိုက်ရ၏။
သူ၏ ကံကြမ္မာသည်လည်း လျင်မြန်စွာ လျော့နည်းလာတော့သည်။
သို့သော် ကျွင်းရှောင်ယောက်က ဂရုမစိုက်ခဲ့ပါချေ။
အကယ်၍ ဤလှုပ်ရှားမှုက အချိန်အဆုံးသတ်၏အရှင်သခင်ကို ဖျက်ဆီးပစ်ရန် ကျရှုံးခဲ့ဦးမည်ဆိုလျှင် ကမ္ဘာကြီးတစ်ခုလုံး အဆုံးကို သေချာပေါက် ရင်ဆိုင်ရပေလိမ့်မည်။
ကျွင်းရှောင်ယောက်က ကံကြမ္မာကျင့်စဉ်ငယ်ကို စွမ်းအားအပြည့်ဖြင့် အသက်သွင်းလိုက်သည်။
အင်မော်တယ်နယ်မြေ၏ ဧကရာဇ်ကြီးများ ထောင်သောင်းချီ၏ အစစ်အမှန်ဝိညာဉ်များ ပေါ်ထွက်လာကြတော့သည်။
မရေမတွက်နိုင်သော ဧကရာဇ်ကြီးများ၏ အစစ်အမှန်ဝိညာဉ်များကို မြင်လိုက်ရသည့်အခါ အချိန်အဆုံးသတ်၏အရှင်သခင် ကြက်သေသေသွားသွားခဲ့ရသည်။
ဒါက... လူသားတစ်ယောက်အနေနဲ့ လုပ်နိုင်တာမျိုး ဟုတ်ရဲ့လား။
၎င်းက တစ်ကြိမ်တည်းဖြင့် ဧကရာဇ်ကြီးများ ထောင်ချီ၏ အစစ်အမှန်ဝိညာဉ်များကို ဆင့်ခေါ်လိုက်ခြင်း ဖြစ်သည်။
ဤအခိုက်အတန့်တွင် ကျွင်းရှောင်ယောက်ကို မည်သူမျှ တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။
၎င်းက အမှန်တကယ်ပင် တားဆီး၍မရနိုင်သောအရာ ဖြစ်ပြီး၊ လမ်းခရီးတွင် ပိတ်ဆို့ထားသည့် မည်သည့်အရာမဆို ပြာကျသည်အထိ ချေမှုန်းဖျက်ဆီးခြင်း ခံရပေလိမ့်မည်။
နောက်ဆုံးတွင်၊ အချိန်အဆုံးသတ်၏အရှင်သခင်က ကြောက်ရွံ့သွားခဲ့ရပြီ ဖြစ်သည်။
မကြုံစဖူးသော ခံစားချက်တစ်ခုက သူ့နှလုံးသားထဲတွင် တိုးဝှေ့ထွက်ပေါ်လာခဲ့၏။
ဤအရာသည် မူလက အခြားသော သက်ရှိသတ္တဝါများ၏ မျက်နှာပေါ်တွင် သူ အမြင်ချင်ဆုံးသော ခံစားချက်မျိုး ဖြစ်သည်။
သို့သော်လည်း ယခုအခါတွင်မူ ၎င်းက သူ၏ ကိုယ်ပိုင်မျက်နှာပေါ်တွင် ပေါ်ထွက်နေခဲ့ပြီ။
"ဒါက... ကြောက်ရွံ့ခြင်းလား..."
ကမ္ဘာပျက်ကပ်၏အရှင်သခင်က ကြောင်တောင်တောင်ဖြင့် ကြည့်လိုက်သည်။
သူ တစ်ခါမျှ မခံစားဖူးသေးသော ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။
ထိုခံစားချက်ကို ကြောက်ရွံ့ခြင်းဟု ခေါ်ဆိုသည်။
ကျွင်းရှောင်ယောက်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
သူသည် ဧကရာဇ်ထောင်သောင်းချီ၏ စွမ်းအားများကို ဤလက်သီးချက်တစ်ချက်တည်းထဲတွင် စုစည်းလိုက်ခြင်း ဖြစ်၏။
၎င်းက တောက်ပသော နေတစ်စင်းကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသည့်အလား ဖြစ်နေခဲ့သည်။
"အန်းတိ၊ ဒါက ငါ တစ်ယောက်တည်းက ပြီးမြောက်အောင် လုပ်ဆောင်နိုင်တဲ့ အရာမျိုး မဟုတ်ပါဘူး"
"ဒါက အင်မော်တယ်နယ်မြေက သက်ရှိသတ္တဝါအားလုံးရဲ့ အချိန်အဆုံးသတ်ရဲ့အရှင်သခင်ဖြစ်တဲ့ မင်းအပေါ်ကို ထားရှိတဲ့ အဆုံးစွန်သော ကလဲ့စားချေမှုပဲ"
"မင်းရဲ့ ဇာတ်ညွှန်းက နောက်ဆုံးတော့ အဆုံးသတ်ကို ရောက်ရှိလာခဲ့ပြီ"
"ဒါပေမဲ့ ဒီအဆုံးသတ်က မင်းကိုယ်တိုင် ရေးသားခဲ့သလို မဟုတ်ဘူး"
"ဒါက အင်မော်တယ်နယ်မြေက သက်ရှိသတ္တဝါအားလုံးက မင်းအတွက် ရေးသားပေးလိုက်တဲ့..."
ကျွင်းရှောင်ယောက်၏ လက်ထဲတွင် ကိန်းအောင်းနေသော စွမ်းအားများမှာ လက်သီးချက်တစ်ချက်တည်းဖြင့် ကောင်းကင်ဘုံကို အစိတ်စိတ်အမြွှာမြွှာ ခွဲပစ်နိုင်ပုံရပြီး အချိန်မြစ်ကိုလည်း ဖြတ်တောက်နိုင်စွမ်းရှိပုံရသည်။
ဤအခိုက်အတန့်တွင် သူ၏ လက်သီးချက်က စစ်မှန်သော အင်မော်တယ်တစ်ပါးကိုပင် အံ့အားသင့်သွားစေနိုင်ပေသည်။
"ဧကရာဇ်တစ်သောင်း... နတ်ဆိုးမှုန်းချေ လက်သီးချက်ပဲ"
ကျွင်းရှောင်ယောက်က လက်သီးချက်တစ်ချက် ထိုးနှက်လိုက်သည်။ ကမ္ဘာကြီးကို အဆုံးအစမရှိသော အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားခဲ့၏။
ဧကရာဇ်အဆင့် ကျွမ်းကျင်သူ ထောင်သောင်းချီ၏ အစစ်အမှန်ဝိညာဉ်များ၏ စွမ်းအားများက ဤလက်သီးချက်တစ်ချက်တည်းတွင် စုစည်းသွားခဲ့သည်။
ဒါက ဧကရာဇ်တစ်သောင်း နတ်ဆိုးမှုန်းချေ လက်သီးချက်ပင် ဖြစ်တော့သည်။
လက်သီးချက်တစ်ချက်က အဆုံးအစမရှိသော အမှောင်ထုကို ထိုးဖောက်သွားခဲ့သည်။
၎င်းက ဤရွှေရောင်ခေတ်ကာလအတွက် အရုဏ်ဦးသစ်၏ အလင်းရောင်ကို တောက်ပစေခဲ့ပြီ။