အခန်း ၁၅၉၁
Vol. 113 Ch. 1591
အခန်း ( ၁၅၉၁ ) ကျွင်းရှောင်ယောက်၏ အခြေအနေ။
ယခင်က ဖြစ်ပွားခဲ့ဖူးသော ကပ်ဘေးအန္တရာယ်များနှင့် ကသောင်းကနင်းဖြစ်ခြင်းများတွင် ဖြစ်စေ သို့မဟုတ် ယခုလက်ရှိ အမှောင်ထုနှင့် ကမောက်ကမဖြစ်ခြင်းတွင် ဖြစ်စေ....
ကျွင်းရှောင်ယောက်က ထူးကဲသော ပံ့ပိုးကူညီမှုများကို ပြုလုပ်ခဲ့ပြီး ငြင်းပယ်ရန် မလိုလောက်အောင်ပင် နံပါတ်တစ် သူရဲကောင်းကြီး ဖြစ်ခဲ့သည်။
ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင် ကျွင်းဝူဟွေ့၏ တောက်ပမှုပင်လျှင် ကျွင်းရှောင်ယောက်၏ တောက်ပမှုကို ဖုံးကွယ်သွားနိုင်ခြင်း မရှိတော့ချေ။
ဤသားအဖနှစ်ဦးက လွမ်ကု၊ အဆုံးမဲ့ဧကရာဇ်နှင့် အခြားသူများ၏ နေရာတွင် အစားထိုးဝင်ရောက်လာခဲ့ကြပြီး အင်မော်တယ်နယ်မြေ၏ ကာကွယ်စောင့်ရှောက်သူအသစ်များနှင့် သက်ရှိအားလုံး၏ ကိုးကွယ်ယုံကြည်ခြင်းကို ခံရသော သူရဲကောင်းများ ဖြစ်လာခဲ့ကြသည်။
ဤမဟာကပ်ဘေးကြီးနှစ်ခု၏ နောက်ကွယ်မှ အဓိကလက်မည်းကြီးမှာ အန္တိမကပ်ဘေးကြီးနှင့် အချိန်အဆုံးသတ်၏အရှင်သခင်တို့ပင်။
ကမ္ဘာပျက်ကပ်၏ အရှင်သခင် နှစ်ဦးစလုံး၏ အရင်းအမြစ်များက ကျွင်းရှောင်ယောက်တစ်ဦးတည်း ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။
ထို့ကြောင့် လူအများစုက ကျွင်းရှောင်ယောက်ထံတွင် မည်သို့သောအရာများ ဖြစ်ပျက်ခဲ့သည်ကို သိရှိလိုနေကြပေသည်။
သို့သော်လည်း သူတို့ နောက်ဆုံးတွင် ကျွင်းရှောင်ယောက်ကို မြင်တွေ့လိုက်ရသည့် အချိန်မှာ...
ကျွင်းရှောင်ယောက်က သူ့စွမ်းအားများ ကုန်ဆုံးသွားခဲ့ပြီး ဟင်းလင်းပြင်ထဲမှ ပြုတ်ကျလာခဲ့ကာ ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်၏ ကယ်တင်ခြင်း ခံလိုက်ရသည့် အချိန်တုန်းက ဖြစ်သည်။
ထိုအရာပြီးနောက်တွင်မူ ကျွင်းရှောင်ယောက်ကို ကျွင်းမိသားစုဆီသို့ ပြန်လည်ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။
ယခုအခါ ကျွင်းရှောင်ယောက်ထံတွင် အခြေအနေမည်သို့ရှိမည်ကို မည်သူမျှ အသေအချာ မသိရှိကြတော့ချေ။
နောက်ပိုင်းတွင်၊ အချို့လူများက ကျွင်းရှောင်ယောက်သည် သူ၏ နောက်ဆုံးလှုပ်ရှားမှုတွင် သူ့ကိုယ်ပိုင်စွမ်းဆောင်ရည်ထက် ကျော်လွန်သော စွမ်းအားများကို သူ့သက်တမ်းကို ရင်းနှီးပေးဆပ်၍ အသုံးပြုခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုကြသည်။
အချို့ကလည်း ကျွင်းရှောင်ယောက်က ပြန်လည်ကုသ၍ မရနိုင်တော့သော ဒဏ်ရာများကို ခံစားရနိုင်ပြီး ယခင်ကဲ့သို့ ပါရမီထူးခြားကာ အတုမရှိ သန်မာသူတစ်ဦး ဖြစ်လာတော့မည် မဟုတ်ဟု ပြောဆိုကြ၏။
မလိုတမာစိတ် ရှိကြသော အချို့သူများကမူ...
ကျွင်းရှောင်ယောက်က နောင်တွင် လူတိုင်း၏ ရှေ့မှောက်သို့ မည်သည့်အခါမျှ ထပ်မံ၍ ထွက်ပေါ်လာတော့မည် မဟုတ်ပါဟူသော ကောလာဟလများကို တိတ်တဆိတ် ဖြန့်ဝေနေခဲ့ကြပေသည်။
လူငယ် ဒဏ္ဍာရီတစ်ဦးက အမှောင်ထုနှင့် ကမောက်ကမဖြစ်ခြင်းနှင့်အတူ အဆုံးသတ်သွားခဲ့ရပြီ ဖြစ်သည်။
ဟုတ်သည်၊ လူအများစုမှာမူ ကျွင်းရှောင်ယောက်အနေဖြင့် ယခင်ကကဲ့သို့ပင် ပုံမှန်အတိုင်း ရှိနေစေရန် မျှော်လင့်နေကြဆဲပင်။
လူတိုင်း၏ ရှေ့မှောက်သို့ ပြန်လည်ထွက်ပေါ်လာနိုင်စေရန် ဆုတောင်းနေခဲ့ကြသည်။
သူတို့က ယခင်ကကဲ့သို့ပင် ဝတ်စုံဖြူကို ဝတ်ဆင်ထားလျက်၊ တက်ကြွပြီး စွမ်းအင်များ ပြည့်နှက်နေသော လူငယ် ခေါင်းဆောင်တစ်ဦးကို ပြန်မြင်လိုကြပေသည်။
ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေ... ကျွင်းမိသားစု...
အခြားသော အင်မော်တယ်နယ်မြေများနှင့် နှိုင်းယှဉ်ပါက ကျွင်းမိသားစု တည်ရှိရာ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေရှိ သက်ရှိများမှာ အလွန်ကံကောင်းသည်ဟု ဆိုရမည်။
သူတို့သည် ကျွင်းမိသားစုနှင့် အင်မော်တယ်နယ်မြေ တစ်ခုထဲတွင် အတူတကွ နေထိုင်နေကြခြင်း ဖြစ်၏။
ကမောက်ကမဖြစ်ခြင်းမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း အင်မော်တယ်နယ်မြေ၏ နေရာအသီးသီးတွင် ခံစားလိုက်ရသော ပျက်စီးဆုံးရှုံးမှုများမှာ အမှန်တကယ် ပြင်းထန်လွန်းသည်။
အင်မော်တယ်နယ်မြေ နှစ်ခုအတွင်းရှိ သက်ရှိအားလုံးနီးပါးမှာ သက်ရှည်ခြင်းဧကရာဇ် တစ်ဦးတည်း၏ လက်ချက်ဖြင့် လုံးဝဥဿုံ သုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရပေသည်။
အခြားသော အဓိက အင်မော်တယ်နယ်မြေများမှာလည်း ထို့ထက် ပိုမို ကောင်းမွန်နေခြင်း မရှိချေ။ ၎င်းတို့အားလုံးမှာ အလောင်းများက တောင်လိုပုံနေပြီး သွေးများမှာလည်း မြစ်များကဲ့သို့ စီးဆင်းနေခဲ့ကြသည်။
ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေနှင့် ရွှမ်ထျန်း အင်မော်တယ်နယ်မြေ နှစ်ခုသာလျှင် ထိခိုက်ဒဏ်ရာရခြင်း မရှိဘဲ ကျန်ရစ်ခဲ့သည်။
သဘာဝအတိုင်း၊ ဤအင်မော်တယ်နယ်မြေနှစ်ခု ဘေးကင်းလုံခြုံစွာ ကျန်ရစ်နိုင်ခဲ့ခြင်းမှာ ကျွင်းမိသားစု၊ ကျွင်းဧကရာဇ်ခုံရုံးနှင့် ရှေးဟောင်းအင်မော်တယ်ခုံရုံးတို့၏ ကူညီစောင့်ရှောက်မှုများကြောင့်သာ ဖြစ်ပေသည်။
ဧကရာဇ်လေးပါး ဦးဆောင်သော ရှေးဟောင်းအင်မော်တယ်ခုံရုံးမှာ ယခုလက်ရှိ အဓိပတိ အင်မော်တယ်ခုံရုံးအပေါ် အလွန်တရာ စိတ်ပျက်နေကြသည်။
၎င်းက သူတို့ စိတ်ကူးယဉ်ထားခဲ့ကြသော အင်မော်တယ်ခုံရုံး၏ စစ်မှန်သော ပုံစံမျိုး မဟုတ်ပါချေ။
ထို့ကြောင့် ရှေးဟောင်းအင်မော်တယ်ခုံရုံးမှ လူများသည် လက်ရှိ အင်မော်တယ်ခုံရုံးနှင့် သွားရောက်ပူးပေါင်းခြင်း မပြုခဲ့ကြပါ။
သို့ရာတွင်၊ သူတို့က ကျွင်းမိသားစု သို့မဟုတ် ကျွင်းဧကရာဇ်ခုံရုံးနှင့်လည်း သွားရောက်ပူးပေါင်းခြင်း မပြုခဲ့ကြသေးပါချေ။
အဆုံးတွင်၊ ရှေးဟောင်းအင်မော်တယ်ခုံရုံးမှ ပုဂ္ဂိုလ်ကြီးများက သူတို့၏ ကိုယ်ပိုင် ဂုဏ်သိက္ခာနှင့် အုပ်စိုးရှင်အင်အားစု၏ ခံစားချက်များကို ပိုင်ဆိုင်ထားကြသောကြောင့် ဖြစ်သည်။
ဤအရာက တိုတောင်းသော အချိန်ကာလတစ်ခုအတွင်း ပြီးမြောက်နိုင်မည့်အရာ မဟုတ်ပါချေ။
ပြည့်စုံသော အင်မော်တယ်ခုံရုံး၏ ကျားတံဆိပ်တော်မှာမူ ယခုထက်ထိ ယွမ်ချယ်၏ လက်ထဲတွင် ရှိနေဆဲ ဖြစ်သည်။
တုန်ဟွဧကရာဇ်၏ တရားဝင် သမီးတော်တစ်ဦးအနေဖြင့် ယွမ်ချယ်က ရှေးဟောင်းအင်မော်တယ်ခုံရုံးကို ဦးဆောင်ရန်အတွက် အသင့်တော်ဆုံး ဖြစ်ပေသည်။
ထိုရှေးဟောင်းအင်မော်တယ်ခုံရုံးမှ အဖွဲ့ဝင်များသည်လည်း မင်းသမီး ယွမ်ချယ်ကို အလွန်တရာ လေးစားတန်ဖိုးထားကြသည်။
စင်စစ်တွင်၊ ကျွင်းရှောင်ယောက်အနေဖြင့် ရှေးဟောင်းအင်မော်တယ်ခုံရုံး၏ ကျားတံဆိပ်တော်ကို အသုံးပြု၍ ရှေးဟောင်းအင်မော်တယ်ခုံရုံးမှ ပုဂ္ဂိုလ်ကြီးများကို ကျွင်းဧကရာဇ်ခုံရုံးနှင့် အတင်းအဓမ္မ လာရောက်ပူးပေါင်းခိုင်းနိုင်စွမ်း ရှိသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ထိုကဲ့သို့ လုပ်ဆောင်ရန် ဆန္ဒမရှိခဲ့ပါချေ။
သူက ပြည့်စုံသော ကျားတံဆိပ်တော်ကို ယွမ်ချယ်ထံသို့သာ ပေးအပ်ခဲ့သည်။
နောင်အနာဂတ်တွင် အကောင်းဆုံး ရလဒ်က ရှေးဟောင်းအင်မော်တယ်ခုံရုံးမှ ပုဂ္ဂိုလ်ကြီးများအနေဖြင့် ကျွင်းဧကရာဇ်ခုံရုံးဆီသို့ သူတို့၏ ကိုယ်ပိုင်ဆန္ဒအရ လာရောက်ပူးပေါင်းကြခြင်း ဖြစ်လိမ့်မည်။
သဘာဝကျစွာပင်၊ ဤအရာကလည်း ပြုပြင်ပြောင်းလဲရန်အတွက် အချိန်လိုအပ်သည်။
ယွမ်ချယ်အတွက်မူ၊ သူက ကျားတံဆိပ်တော်ကို ပိုင်ဆိုင်ထားသည့်အပြင် တုန်ဟွဧကရာဇ်၏ တရားဝင် သမီးတော်တစ်ဦးလည်း ဖြစ်သည်။
ထို့ကြောင့် သူသည် ရှေးဟောင်းအင်မော်တယ်ခုံရုံးမှ ပုဂ္ဂိုလ်ကြီးများကို ယာယီအားဖြင့်သာ ဦးဆောင်နေနိုင်ခြင်း ဖြစ်သည်။
သူမ၏ ကိုယ်ပိုင် အင်အားစုတစ်ခုကို တည်ဆောက်နိုင်ခဲ့ပေသည်။
၎င်းက အုပ်စိုးရှင်အဆင့် ဖြစ်မလာသေးသော်လည်း အင်မော်တယ်နယ်မြေတစ်ခုလုံးကို တုန်လှုပ်စေနိုင်ပြီး မည်သူမျှ လာရောက်ရန်မဝံ့ရဲသော အင်အားစုတစ်ခု ဖြစ်လာခဲ့သည်။
ထို့ပြင် ဤအင်အားစုက ကျွင်းမိသားစု၏ ဘက်တော်သားများနှင့် အလွန်တရာ ကောင်းမွန်သော ဆက်ဆံရေး ရှိသည်။
ယွမ်ချယ်၏ ဦးဆောင်မှုနှင့်အတူ ရှေးဟောင်းအင်မော်တယ်ခုံရုံးမှ ပုဂ္ဂိုလ်ကြီးများက ကျွင်းရှောင်ယောက်နှင့် ကျွင်းမိသားစုကို မည်သည့်အခါမျှ ဆန့်ကျင်ဘက် ပြုလုပ်ကြမည် မဟုတ်ချေ။
ယခုအချိန်တွင် လူတိုင်းက ကျွင်းရှောင်ယောက်၏ အခြေအနေကို အလေးဂရုပြုနေကြသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်ကမူ နောက်ပိုင်းတွင် မည်သည့်အခါမျှ ထွက်ပေါ်လာခြင်း မရှိခဲ့ပါချေ။
လအနည်းငယ် ကြာမြင့်ပြီးနောက်...
ကျွင်းမိသားစု၏ ဘိုးဘေးအိမ်တော်အတွင်း၌ ဖြစ်သည်။
ကြီးမားသော လူအုပ်စုကြီးတစ်ခုင ဤနေရာတွင် စုဝေးနေခဲ့ကြ၏။
၎င်းက ကျွင်းမိသားစုဝင်များသာမကပေ။
အခြေခံအားဖြင့် ကျွင်းရှောင်ယောက်နှင့် ပတ်သက်မှုရှိကြသော သူ၏ ချစ်ရသူများ၊ ဆွေမျိုးများနှင့် သူငယ်ချင်းများ အပါအဝင် လူအများစုမှာ ဤနေရာတွင် စုဝေးနေခဲ့ကြခြင်း ဖြစ်သည်။
ရဲ့ကူချန်သည်လည်း ဤနေရာတွင် ရှိနေခဲ့သည်။
သူသည် တုကူးဓားနတ်ဘုရားအဖြစ် ယာယီပြောင်းလဲခဲ့ပြီး အင်မော်တယ်နယ်မြေအတွက် တိုက်ပွဲဝင်ပေးခဲ့သောကြောင့်...
ယခုအခါတွင် မရေတွက်နိုင်သော လူပေါင်းများစွာ၏ လေးစားကြည်ညိုခြင်းကို ခံရသည့် အင်မော်တယ်နယ်မြေ၏ မဟာသူရဲကောင်းကြီးတစ်ဦး ဖြစ်လာခဲ့ပြီ။
သို့သော်လည်း ရဲကူချန်က ဤကဲ့သို့သော အပေါ်ယံ ဂုဏ်ပုဒ်များကို ဂရုမစိုက်ချေ။
သူက သူ၏ တစ်သက်တာလုံးတွင် အကောင်းဆုံး သူငယ်ချင်းအဖြစ် သတ်မှတ်ထားခဲ့သော ကျွင်းရှောင်ယောက်ထံတွင် မည်သို့သော အရာများ ဖြစ်ပျက်နေသည်ကိုသာ သိရှိလိုနေခဲ့သည်။
အချိန်အဆုံးသတ်၏အရှင်သခင်ကို လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်ပြီးနောက်၊ သူသည် အင်မော်တယ်ဧကရာဇ်နှင့် အခြားသူများကို တံဆိပ်ခတ်ပိတ်လှောင်ခဲ့သည်။
ထို့နောက်တွင် ကျွင်းရှောင်ယောက်က ကျွင်းမိသားစုဆီသို့ ပြန်လည်ခေါ်ဆောင်ခြင်း ခံခဲ့ရပြီး ဘိုးဘေးမြေ၏ အနက်ရှိုင်းဆုံးနေရာတွင် အနားယူခဲ့ရပေသည်။
ကျွင်းမိသားစုက ဖြစ်နိုင်သမျှသော နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့ကြပြီး ရှားပါးလှသော အရင်းအမြစ်မျိုးစုံကိုလည်း သဘာဝအတိုင်း အသုံးပြုပေးခဲ့ကြသည်။
ဤအရင်းအမြစ်များထဲမှ အချို့က အင်မော်တယ်ဓာတ်စွမ်းအင်များထက်ပင် ပိုမို ရှားပါးသည်ဟု ဆိုနိုင်ပေသည်။
သို့သော်ငြားလည်း နောက်ဆုံး ရလဒ်မှာမူ ယခုထက်ထိ မည်သူမျှ မသိရှိကြသေးပါချေ။
"ကိုကိုရှောင်ယောက်..."
လအဆက်ဆက်တိုင်အောင် ကျန်းလော့လီက အစာစားချင်စိတ်များ ပျောက်ဆုံးနေခဲ့ပြီး ဘာမျှ မစားနိုင် မသောက်နိုင် ဖြစ်နေခဲ့ရသည်။
သူမ၏ တစ်ချိန်က လှပပြီး အတုမရှိသော မျက်နှာလေးက ယခုအခါတွင် ညှိုးငယ်ကာ ပိန်ချုံးနေခဲ့ပြီ။
သူက သူမ၏ အသက်ထက် အရေးကြီးသော လူတစ်ဦးကို ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။
ကျွင်းရှောင်ယောက်ကို ထပ်မံ၍ အဆုံးရှုံးမခံနိုင်တော့ချေ။
ထို့ပြင် ကျွင်းရှောင်ယောက်၏ အမျိုးသမီး အဖော်များနှင့် မိတ်ဆွေများလည်း ရှိနေခဲ့သေးသည်။
လော့ရှန်းလင်သည်လည်း ဤနေရာတွင် ရှိနေခဲ့သည်။
သူမ၏ မျက်ဝန်းအစုံ နီမြန်းနေကာ နှုတ်ခမ်းလွှာများကိုလည်း ဖြူလျော်သွားသည့်အထိ ကိုက်ထားမိ၏။
သူတို့အားလုံးက ကျွင်းရှောင်ယောက်ထံတွင် ဆိုးရွားေသာအရာ တစ်ခုခု ဖြစ်ပွားသွားခဲ့မည်ကို အမှန်တကယ် ကြောက်ရွံ့နေခဲ့ကြသည်။
၎င်းက သေခြင်းရှင်ခြင်းဆိုင်ရာ ကိစ္စရပ်တစ်ခုတည်းတင် မကပါချေ။
ကျွင်းရှောင်ယောက်က အသက်ရှင်ကျန်ရစ်ခဲ့သည် ဆိုဦးတော့...
သူ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေက မည်သို့ ရှိနေမည်နည်း။
သူနှင့် စေ့စပ်ထားခဲ့သည်မှာ မကြာသေးသော သူအချစ်ဆုံးသူက မိမိကိုယ်ကိုယ် စတေးခဲ့ပြီး သူ၏ မျက်စိရှေ့မှောက်တွင်ပင် သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။
မည်သူမျှ ထိုအရာကို လက်ခံနိုင်လိမ့်မည် မဟုတ်ချေ။
အဆုံးမဲ့ဧကရာဇ်ကဲ့သို့ သန်မာသည့် ဧကရာဇ်ကြီးတစ်ပါးပင်လျှင် အနောက်ဘက်မှမယ်တော်ဘုရင်မ သေဆုံးသွားခဲ့ပြီးနောက် အားအင်နည်းပါးသော လူတစ်ယောက်ကဲ့သို့ ဖြစ်သွားခဲ့ရသည်။
သူတို့က တက်ကြွပြီး ရည်မှန်းချက်ကြီးမားသော ကျွင်းရှောင်ယောက်တစ်ယောက် စိတ်ဓာတ်ပျက်ပြားပြီး လေလွင့်သူတစ်ဦး ဖြစ်သွားမည်ကို ထိတ်လန့်ကြောက်ရွံ့နေခဲ့ကြခြင်း ဖြစ်ပေသည်။
လူတိုင်းက စိုးရိမ်ပူပန်မှုများ၊ ကြောက်ရွံ့တုန်လှုပ်မှုများစွာဖြင့် စောင့်ဆိုင်းနေကြစဉ်...
ကျွင်းမိသားစု ဘိုးဘေးမြေ၏ အနက်ရှိုင်းဆုံးနေရာမှ နောက်ဆုံးတွင် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ကျွင်းရှောင်ယောက် ထွက်ပေါ်လာခဲ့ပြီ။
သူသည် ယခင်အတိုင်းပင် ဝတ်စုံဖြူကို ဝတ်ဆင်ထားဆဲ ဖြစ်သည်။
သူ့ပုံရိပ်မှာမူ အနည်းငယ်ပိန်သွားပြီး သူ့မျက်နှာမှာလည်း အနည်းငယ် ဖြူလျော်နေခြဲ၏။
ထိုအရာမှလွဲ၍ သူတို့ ယခင်က မြင်တွေ့ခဲ့ဖူးသော ပုံစံနှင့် ကြီးမားသော ကွာခြားချက်များစွာ မရှိပါချေ။
"ကိုကို ရှောင်ယောက်..."
ကျန်းလော့လီက သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ ကျွင်းရှောင်ယောက်ထံသို့ ပြေးဝင်သွားကာ တင်းတင်းကျပ်ကျပ် ဖက်တွယ်လိုက်တော့သည်။
ကျွင်းရှောင်ယောက်၏ အဖြူရောင် ဝတ်စုံများမှာ မျက်ရည်များဖြင့် စိုရွှဲသွား၏။
ကျန်းလော့လီအနေဖြင့် ဤအချိန်ကာလအတွင်း မည်မျှကြီးမားသော ဖိအားများ ခံယူထားခဲ့ရသည်ကို စိတ်ကူးယဉ်ရန်ပင် ခက်ခဲသည်။
ကျန်းစန်းယီ ကွယ်လွန်သွားခဲ့ပြီ။
ကျွင်းရှောင်ယောက်၏ အခြေအနေမှာလည်း မရေမရာ ဖြစ်နေခဲ့ရသည်။
သူက မည်မျှပင် သန်မာသည်ဖြစ်စေ၊ နောက်ဆုံးမှာတော့ အမျိုးသမီးတစ်ဦး ဖြစ်နေသေးသည်။
"ကိုယ် အဆင်ပြေပါတယ်"
ကျွင်းရှောင်ယောက်က ခပ်ယဲ့ယဲ့ပြုံးရင်း ကျန်းလော့လီ၏ ဦးခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။
"ရှောင်ယောက်..."
လော့ရှန်းလင်၊ ယွမ်ချယ်နှင့် အခြားသော မိန်းကလေးများသည်လည်း ရှေ့သို့ တိုးလာခဲ့ကြသည်။
ဤအခိုက်အတန့်တွင် ကျွင်းရှောင်ယောက်က ပုံမှန်နှင့် ကြီးမားစွာ ကွာခြားနေပုံမရပါချေ။
သို့သော်လည်း သူတို့က ကျွင်းရှောင်ယောက်ထံမှ ယခင်နှင့် မတူညီသော အရာတစ်ခုကို အာရုံခံမိခဲ့ကြသည်။
အထူးသဖြင့် သူတို့သည် ကျွင်းရှောင်ယောက်ထံမှ ထွက်ပေါ်နေသော သေခြင်းအရှိန်အဝါတစ်ခုကို အာရုံခံမိကြ၏။
ကျွင်းရှောင်ယောက်က ယခုအခါတွင် အသက်သုံးဆယ်ကျော် အရွယ်သာ ရှိသေးသည်ကို သတိပြုရမည် ဖြစ်သည်။
ကျင့်ကြံသူတစ်ဦးအတွက် ဤအသက်အရွယ်မှာ အလွန်တရာ ငယ်ရွယ်လွန်းပေသည်။
သို့သော်လည်း သူတို့သည် ကျွင်းရှောင်ယောက်ထံမှ သေခြင်းအရှိန်အဝါများ ထွက်ပေါ်နေသည်ကို အမှန်တကယ် အာရုံခံမိနေကြသည်။
၎င်းက သူ၏ သက်တမ်းသည် အဆုံးသတ်ဆီသို့ နီးကပ်နေပြီဖြစ်ကြောင်း ပြသနေခဲ့သည်။
ဤအရာက လူတိုင်းကို တုန်လှုပ်သွားစေခဲ့ပေသည်။
ထိုအချိန်တွင် ကျွင်းဝူဟွေ့သည်လည်း ထွက်ပေါ်လာခဲ့သည်။
သူသည် ဘိုးဘေးအိမ်တော်အတွင်း၌ ဒဏ်ရာများကို ပြန်လည်ကုသနေခဲ့ခြင်း ဖြစ်၏။
"ဝူဟွေ့...၊ သားလေး...."
ကျန်းရို့က ကျွင်းဝူဟွေ့၏ ဘေးနားသို့ ရောက်ရှိလာခဲ့သည်။ သူမ၏ မျက်နှာပေါ်တွင် မျက်ရည်များ ပြည့်နှက်နေခဲ့၏။
ကျွင်းဝူဟွေ့က သက်ပြင်းတစ်ချက်ကို ချလိုက်ပြီး ပြောလိုက်လေသည်။
"စိတ်မပူပါနဲ့... ဘယ်လို တန်ဖိုးမျိုးပဲ ပေးဆပ်ရပါစေ... ကိုယ် ရှောင်ယောက်ကို ဒုက္ခရောက်အောင် ခွင့်ပြုမှာ မဟုတ်ဘူး"
ထိုသို့ ပြောလိုက်ရသော်လည်း၊ ၎င်းမှာ ကျွင်းဝူဟွေ့က သူမကို နှစ်သိမ့်ပေးရန်အတွက် ပြောဆိုခဲ့ခြင်း သက်သက်သာ ဖြစ်ကြောင်း ကျန်းရို့ သိရှိနေခဲ့သည်။
ဤလောကတွင် သက်တမ်းကို တိုးမြှင့်ပေးနိုင်သော အင်မော်တယ်ဆေးလုံးများနှင့် အင်မော်တယ်ဆေးပင်များစွာ ရှိကြသည်။
သို့သော် ပြဿနာမှာ၊ ကျွင်းရှောင်ယောက်၏ သက်တမ်း ကိစ္စက ထိုမျှလောက် မရိုးရှင်းခြင်းပင်။
နောက်ဆုံးတွင်၊ ၎င်းက ကံကြမ္မာကျင့်စဉ်ငယ်ဆီသို့ စတေးလိုက်ရခြင်း ဖြစ်သည်။
ထိုကဲ့သို့သော တန်ဖိုးမျိုးက ပြန်လည်ဖြည့်တင်းရန် ခက်ခဲလွန်းပေသည်။
ဒဏ္ဍာရီလာ ဆေးလုံးများကို ရရှိခဲ့ပြီး ကျွင်းရှောင်ယောက်၏ သက်တမ်းတချို့ကို ပြန်လည်ရရှိရန် ကူညီပေးနိုင်ခဲ့သည် ဆိုဦးတော့...
သူ၏ ကျင့်ကြံခြင်း လမ်းကြောင်းမှာအစဉ်အမြဲ သက်ရောက်မှုများကို ခံရတော့မည် ဖြစ်သည်။
ဤအရာက ကျွင်းမိသားစုအတွက် လက်ခံနိုင်စွမ်းမရှိသော အရာတစ်ခုပင်။
လူတိုင်းက ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေကြချိန်တွင်...
ကျွင်းရှောင်ယောက်က အားလုံးထဲ၌ စိတ်အေးအေးထားနိုင်ဆုံးသော သူ ဖြစ်နေခဲ့သည်။
သူက တည်ငြိမ်စွာဖြင့် ပြောလိုက်၏။
"လော့လီ... ပြီးတော့ အားလုံးပဲ...၊ ကျွန်တော်က အားလုံးကို ပြောပြနိုင်တဲ့ အရာတစ်ခု ရှိပါတယ်။ အဲဒါက မမစန်းယီဟာ လုံးဝ ကွယ်လွန်သွားခဲ့တာ မဟုတ်ပါဘူး"
ကျွင်းရှောင်ယောက်၏ စကားလုံးများက အခန်းတွင်းရှိ လူတိုင်းကို နှုတ်ဆိတ်သွားစေခဲ့သည်။
ထို့နောက်တွင်မူ သူတို့၏ ကျွင်းရှောင်ယောက်ကို ကြည့်လိုက်ကြသော အကြည့်များထဲ၌ စာနာသနားမှုများဖြင့် ပြည့်နှက်သွားခဲ့ရတော့သည်။