အခန်း ၁၅၉၂
Vol. 113 Ch. 1592
အခန်း ( ၁၅၉၂ ) ဝိညာဉ်လေးပါး ပြန်လည်ဝင်စားခြင်း။
'ဟူး... ဒီကလေးက သူ့ကိုယ်သူ အရမ်း ဖိနှိပ်ထားတုန်းပဲ။ သူက အရမ်း ဝမ်းနည်းပူဆွေးလွန်းလို့ စိတ်လွတ်သွားတာ ဖြစ်ရမယ်'
ထိုနေရာတွင် ရှိနေကြသော အကြီးအကဲများမှာလည်း ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်ကြသည်။
တကယ်တော့ သူရဲကောင်းများပင်လျှင် လှပသော အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုကို မတွန်းလှန်နိုင်ကြချေ။
သို့သော်လည်း ကျန်းစန်းယီ၏ စွန့်လွှတ်အနစ်နာခံမှုနှင့် သူမ၏ နက်ရှိုင်းလှသော ချစ်ခြင်းမေတ္တာက စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။
အမာကျောဆုံးသော ကျောက်သားနှလုံးသားပင်လျှင် အရည်ပျော်သွားလိမ့်မည်။
ထိုနေရာတွင် ရှိနေကြသော လူတိုင်း၏ အကြည့်များကို မြင်တွေ့လိုက်ရသောအခါ ကျွင်းရှောင်ယောက်မှာ အနည်းငယ် ဆွံ့အသွားခဲ့ရသည်။
လူတိုင်းက သူ့ကို စိတ်မမှန်တော့ဘူးလို့ ထင်နေကြတာလား။
"ကိုကိုရှောင်ယောက်... ညီမလည်း မမစန်းယီကို အရမ်း သတိရတာမှန်ပါတယ်။ ဒါပေမဲ့... ဒါပေမဲ့..."
ကျန်းလော့လီက သူ၏ ငွေရောင်သွားလေးများဖြင့် နှုတ်ခမ်းလွှာကို ကိုက်လိုက်မိသည်။ သူက တစ်ခုခု ပြောလိုသော်လည်း မပြောနိုင်ပေ။
"ဒါက အမှန်တရားပါ"
ကျွင်းရှောင်ယောက်က အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်မိသည်။
ထို့နောက်တွင် သူက အခြေအနေကို ရှင်းပြလိုက်၏။
သူ၏ ရှင်းပြချက်ကို ကြားပြီးနောက်တွင်မူ ထိုနေရာတွင် ရှိနေကြသော လူတိုင်းမှာ အံ့အားသင့်ကာ မှင်တက်သွားခဲ့ကြတော့သည်။
ကျန်းလော့လီ၏ မျက်ဝန်းအစုံမှာ အံ့ဩလွန်း၍ ဝိုင်းစက်သွားခဲ့ရသည်။၊ သူမ၏ စိတ်ထဲ၌လည်း ရုတ်တရက် ထွက်ပေါ်လာသော ပျော်ရွှင်မှုများကြောင့် ဘာလုပ်ရမည်မှန်း မသိတော့ပေ။
"မမစန်းယီရဲ့ ဝိညာဉ်က ပန်းပွင့်ကို ပေါင်းစပ်သွား... ပွင့်ဖတ်လေးခုအဖြစ် ပြောင်းလဲပြီး ပြန်လည်ဝင်စားသွားတာလား..."
ကျန်းရို့နှင့် ကျန်းမိသားစုဝင် အချို့မှာလည်း အံ့ဩဝမ်းသာခြင်း အမူအရာများ ပေါ်လာကြသည်။
"မှန်ပ်တယ်... ဒါဟာ မူလတုန်းက သရဲမျက်နှာဖုံးဝတ်ဧကရာဇ်က ကျွန်တော်အတွက်ပေးခဲ့တဲ့ အသက်ကယ်ပစ္စည်းတစ်ခုပဲ"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ထိုနေရာတွင် ရှိနေကြသော အချို့လူများမှာ သရဲမျက်နှာဖုံးဖြင့်အမျိုးသမီးဧကရာဇ်နှင့် ပတ်သက်သော အကြောင်းရင်းကို မသိရှိကြချေ။
သို့သော်လည်း ၎င်းက စိတ်ကူးယဉ်ရန်ပင် ခက်ခဲလှသော တည်ရှိမှုဖြစ်ကြောင်းကိုမူ သိရှိကြသည်။
ကျွင်းမိသားစု၏ ဒုတိယမြောက် ဘိုးဘေးဖြစ်သော ကျွင်းလင်ရှောင်းကပင် ပြောလိုက်၏။
"အမှန်ပါပဲ... ဒီဝိညာဉ်လေးပါးပန်းက အင်မော်တယ်နယ်မြေမှာ ရှာဖွေဖို့ ခက်ခဲပေမဲ့ အသက်ကယ်နိုင်တဲ့ အာနိသင် အမှန်တကယ် ရှိတယ်"
"ဒါပေမဲ့ ဒီလိုမျိုး အသက်ကယ်နည်းလမ်းမှာ ကြီးမားတဲ့ အားနည်းချက်တစ်ခု ရှိနေတယ်"
"ဘယ်လို အားနည်းချက်မျိုးလဲ..."
ထိုနေရာတွင် ရှိနေကြသော လူတိုင်းက ချက်ချင်း မေးမြန်းလိုက်ကြသည်။
ကျွင်းလင်ရှောင်းသည် ကျွင်းမိသားစု၏ ဒုတိယမြောက် ဘိုးဘေး ဖြစ်သည်နှင့်အညီ၊ သဘာဝကျစွာပင် အလွန်တရာ မြင့်မားသော အကြားအမြင်မျိုးကို ပိုင်ဆိုင်ထားသည်။
အင်မော်တယ်နယ်မြေတွင် ရှားပါးသော ပစ္စည်းများကိုပင် သူက သိရှိထားပေသည်။
ကျွင်းလင်ရှောင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒီပန်းက လူတစ်ယောက်ရဲ့ ဝိညာဉ်ကို ထိန်းသိမ်းထားနိုင်တယ် ဆိုပေမဲ့... သူ့ရဲ့ ပွင့်ဖတ်တွေက လေးပိုင်း ကွဲထွက်သွားတာကြောင့် ဝိညာဉ်လေးခုအဖြစ် ဖွဲ့စည်းသွားလိမ့်မယ်"
"အဲဒါတွေကတော့ ကောင်းကင်ဝိညာဉ်၊ မြေဝိညာဉ်၊ လူသားဝိညာဉ်နဲ့ သက်ရှိဝိညာဉ်တို့ပဲ"
"ဒီဝိညာဉ်လေးခုက ကွဲကွာသွားတဲ့အခါ သူတို့မှာ သူတို့ရဲ့ အရင်ဘဝက မှတ်ဉာဏ်တွေ ရှိနေမှာ မဟုတ်ဘူး"
"တကယ်လို့ ဒီဝိညာဉ်လေးခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားစေမယ့် ပြင်ပအင်အားသာ မရှိဘူးဆိုရင်... ကျန်းစန်းယီက နောက်တစ်ကြိမ် ပြန်လည်ထွက်ပေါ်လာမှာ မဟုတ်တော့ဘူးလေ"
"ဝိညာဉ်လေးခုလုံးက ပေါင်းစည်းသွားပြီး သက်ရှိဝိညာဉ်၊ ဒါမှမဟုတ် အသက်ဝိညာဉ်ကတစ်ဆင့် ဆက်သွယ်မိသွားတဲ့ အခါမှသာ မှတ်ဉာဏ်တွေကို အပြည့်အဝ ပြန်လည်ထုတ်ယူနိုင်မှာ ဖြစ်တယ်"
"အဲဒီအချိန်ကျမှသာ ကျန်းစန်းယီရဲ့ စစ်မှန်တဲ့ဝိညာဉ်နဲ့ ပင်ကိုယ်စရိုက်က ပြန်လည်ရောက်ရှိလာလိမ့်မယ်"
ကျွင်းလင်ရှောင်က စကားကို အဆုံးသတ်လိုက်သည်။
ထိုနေရာတွင် ရှိနေကြသော သူများသည်လည်း နက်နဲစွာ တွေးတောရင်း တိတ်ဆိတ်သွားရတော့သည်။
ဟုတ်သည်၊ အကယ်၍ လူတစ်ယောက်၏ အသက်ကို ကယ်တင်ရန် ထိုမျှလွယ်ကူနေမည်ဆိုပါက အလွန်တရာ ရိုးရှင်းလွန်းနေပေလိမ့်မည်။
"ဒုတိယဘိုးဘေး ပြောချင်တာက... ဝိညာဉ်လေးခုက မတူညီတဲ့ လူလေးယောက်အဖြစ် ထွက်ပေါ်လာနိုင်ပြီး သူတို့ အားလုံးကို ရှာဖွေဖို့ လိုအပ်တာပေါ့"
"နောက်ပြီး သူတို့ကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ဖို့အတွက် နည်းလမ်းအချို့ကို အသုံးပြုမှ စစ်မှန်တဲ့ မမစန်းယီက ပြန်လည်ရောက်ရှိလာနိုင်ပြီး သူ့ရဲ့ မှတ်ဉာဏ်အားလုံးကိုလည်း ပိုင်ဆိုင်နိုင်မှာပေါ့"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"မှန်တယ်၊ အကြမ်းဖျင်းအားဖြင့်တော့ အဲဒီလိုပါပဲ... ဒါပေမဲ့ အခက်အခဲ နှစ်ခု ရှိနေတယ်"
ကျွင်းလင်ရှောင်းက ပြောလိုက်၏။
"ကျေးဇူးပြုပြီး အသေးစိတ် ရှင်းပြပေးပါ ဒုတိယဘိုးဘေး"
ကျွင်းရှောင်ယောက်က ဂရုတစိုက် နားထောင်လိုက်သည်။
ဤအရာက ကျန်းစန်းယီ ပြန်လည်ရောက်ရှိလာနိုင်ခြင်း ရှိမရှိနှင့် ဆက်စပ်နေပေသည်။
"ပထမအချက်က ဝိညာဉ်လေးခုဟာ သူတို့ရဲ့ ကိုယ်ပိုင်ဆန္ဒအရ ပေါင်းစည်းပြီး ပြန်လာရမယ်။ တကယ်လို့ ခုခံမှုတွေ ရှိနေမယ်ဆိုရင် ပေါင်းစည်းခြင်းကို ကြီးကြီးမားမား ထိခိုက်သွားစေနိုင်တယ်"
ကျွင်းလင်ရှောင်းက ပြောလိုက်သည်။
ကျွင်းရှောင်ယောက်က အနည်းငယ် ခေါင်းညိတ်လိုက်၏။
ယွမ်ချယ်ပင်လျှင် လင်ယွမ်နှင့် အတင်းအဓမ္မ ပေါင်းစည်းရန် ဆန္ဒမရှိခဲ့ချေ။
ထိုစဉ်တုန်းက လင်ယွမ်ကိုယ်တိုင် ယွမ်ချယ်ထံသို့ ပြန်လည်ရောက်ရှိရန် ကိုယ်ပိုင်ရွေးချယ်မှုကို ပြုလုပ်ခဲ့ရခြင်း ဖြစ်သည်။
ထို့ကြောင့် လင်ယွမ်ကို သေဆုံးသွားခဲ့ပြီဟု ပြော၍မရပါချေ။ သူမက ယွမ်ချယ်နှင့် တစ်သားတည်း ပေါင်းစပ်သွားခဲ့ခြင်း ဖြစ်သည်ဟုသာ ပြောဆိုနိုင်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ဝိညာဉ်လေးခုလုံးကို သူတို့၏ ကိုယ်ပိုင်ဆန္ဒအရ ပေါင်းစည်းပြီး ပြန်လည်ရောက်ရှိလာအောင် ပြုလုပ်နိုင်စွမ်းရှိကြောင်း ယုံကြည်ချက်အပြည့် ရှိနေခဲ့ပေသည်။
သူ့တွင် ဝိညာဉ်လေးခုလုံးအား သူ့ကို တွယ်တာသွားစေရန် ပြုလုပ်နိုင်သည့် စွမ်းဆောင်ရည် ရှိသည်။
"ဒုတိယအချက်ကတော့ လောကကြီးက ကျယ်ပြောလွန်းတာကြောင့် ဝိညာဉ်လေးခုကို ရှာဖွေရဟာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုပဲ ဖြစ်လိမ့်မယ်"
ကျွင်းလင်ရှောင်းက ပြောလိုက်၏။
ဤအရာက အခက်ခဲဆုံးသော အပိုင်း ဖြစ်သည်။
ထိုအခါ ကျွင်းရှောင်ယောက်က ဝင်ပြောလိုက်သည်။
"မနစန်းယီရဲ့ ဝိညာဉ်လေးခု ဘယ်နေရာဆီကို ပို့ဆောင်ခံလိုက်ရလဲဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော် ထင်တာ မမှားဘူးဆိုရင် အဲဒါက နယ်နိမိတ်ပင်လယ်ကို ဖြစ်ရမယ်"
ထိုစဉ်က သူသည် ဝိညာဉ်လေးပါးပန်း၏ ပွင့်ဖတ်လေးခုမှာ နယ်နိမိတ်ပင်လယ်ဆီသို့ ကျဆင်းသွားခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။
သံသယဖြစ်ရန်မလိုဘဲ ကျန်းစန်းယီ၏ ဝိညာဉ်လေးခုလုံးက နယ်နိမိတ်ပင်လယ်အတွင်း၌ ရှိနေကြလိမ့်မည်။
"မင်းက သဲလွန်စတစ်ခုကို ဖမ်းဆုပ်ထားနိုင်ပုံရတယ်" ကျွင်းလင်ရှောင်းက ပြောဆိုလိုက်သည်။
"အံ့ဩစရာကောင်းလိုက်တာ... စန်းယီ အသက်ရှင်ဖို့အတွက် မျှော်လင့်ချက် ရှိနေသေးတာပဲ..."
ယွီချင်းနင်နှင့် ယောက်ချီနန်းတော်ရှင်သည်လည်း လူအုပ်ကြီးထဲတွင် ရှိနေခဲ့ကြသည်။
"တကယ်လို့ ကျွန်မတို့သာ ဝိညာဉ်လေးခုကို ရှာဖွေနိုင်မယ်ဆိုရင်... စန်းယီကို ပြန်ခေါ်လာနိုင်မှာပဲ"
"အဲဒီအချိန်ကျရင် သူ့အနေနဲ့ အနောက်ဘက်မယ်တော်ဘုရင်မတောင် မလှမ်းနိုင်ခဲ့တဲ့ အဲဒီခြေလှမ်းကို လှမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ရတယ်"
ယောင်ချီနန်းတော်ရှင်က ပြောလိုက်၏။
သူ၏ စကားလုံးများက လူတိုင်းကို ဆွဲဆောင်သွားခဲ့သည်။
သူက ဆက်ပြောလိုက်သည်။
"အနောက်ဘက်မယ်တော်ဘုရင်မက ဝင်ပေါက်ဆယ့်နှစ်ခု အင်မော်တယ်နှလုံးသား အဆင့်အထိ ကျင့်ကြံခဲ့ဖူးတယ်"
"အဲဒီအဆင့်မှာရှိနေတဲ့ မွေးရာပါ တာအိုသန္ဓေပိုင်ရှင်တွေက အင်မော်တယ်ဖြစ်လာဖို့အတွက် ဖြစ်နိုင်ခြေ နည်းနည်း ရှိကြတယ်"
"ဒါပေမဲ့ ကြားရတာကတော့ ဝင်ပေါက်ဆယ့်နှစ်ခု အင်မော်တယ်နှလုံးသားရဲ့ အထက်မှာ နောက်ထပ် အဆင့်တစ်ခု ရှိနေသေးတယ်။ အဲဒါကတော့ မဟာတာအို အင်မော်တယ်နှလုံးသားပဲ"
"တကယ်လို့ တစ်စုံတစ်ဦးက မဟာတာအို အင်မော်တယ်နှလုံးသားကို စုစည်းနိုင်မယ်ဆိုရင်... သူက အခြေခံအားဖြင့်တော့ အင်မော်တယ်ဖြစ်လာဖို့အတွက် အလားအလာတွေကို ပိုင်ဆိုင်သွားပြီ"
"အရင်က အနောက်ဘက်မယ်တော်ဘုရင်မမှာ မဟာတာအို အင်မော်တယ်နှလုံးသားကို စုစည်းနိုင်မယ့် အလားအလာ ရှိခဲ့ပါတယ်"
"ဒါပေမဲ့ အဆုံးမဲ့ဧကရာဇ် အတွက်ကြောင့် သူက အရာအားလုံးကို စွန့်လွှတ်ဖို့ ဆန္ဒရှိခဲ့ပြီး နောက်ဆုံးမှာတော့လမ်းစဥ်ပြတ်တောက်သွားခဲ့ရတယ်"
"အရင်က စန်းယီကလည်း အနောက်ဘက်မယ်တော်ဘုရင်မနဲ့ တူညီတဲ့ ကံကြမ္မာမျိုးကို မျှဝေခံစားရတော့မှာပါပဲ"
"ဒါပေမဲ့ ကျွင်းသခင်လေး ပြောသလို စန်းယီအနေနဲ့ ဝိညာဉ်လေးခုရဲ့ အကူအညီနဲ့ နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာနိုင်မယ်ဆိုရင်..."
"ဒါဆိုရင် သူ့မှာ မဟာတာအို အင်မော်တယ်နှလုံးသားကို စုစည်းနိုင်မယ့် အခွင့်အရေးကောင်း ရှိနေပြီ။ နောင်အနာဂတ်မှာ စစ်မှန်တဲ့ အင်မော်တယ်နယ်ပယ်ကိုတောင် တက်လှမ်းနိုင်လိမ့်မယ်"
ယောက်ချီနန်းတော်ရှင်၏ စကားလုံးများက ထိုနေရာတွင် ရှိနေကြသော လူများစွာ၏ စိတ်ခံစားချက်များကို လှုပ်ခတ်သွားစေခဲ့သည်။
၎င်းက ဧကရာဇ်ဖြစ်လာရန် ကံပါလာသော အရှိန်အဝါမျိုး မဟုတ်ပါချေ။
၎င်းက အင်မော်တယ်ဖြစ်လာရန် ကံပါလာသော အရှိန်အဝါမျိုး ဖြစ်သည်။
အကယ်၍ ကျန်းစန်းယီ ပြန်လည်ရောက်ရှိလာနိုင်မည်ဆိုပါက၊ ၎င်းက ရိုးရှင်းသော ရှင်ပြန်ထမြောက်ခြင်းမျိုး ဖြစ်လာလိမ့်မည် မဟုတ်ချေ။
သူက အမျိုးသမီးအင်မော်တယ်တစ်ပါးပင်လျှင် ဖြစ်လာနိုင်သည်။
ဤစကားများက ကျန်းစန်းယီကို ရှာဖွေရန်အတွက် ကျွင်းရှောင်ယောက်၏ စိတ်ပိုင်းဖြတ်မှုကို ပိုမို၍ ခိုင်မာသွားစေခဲ့ပေသည်။
သူက ကျန်းစန်းယီကို ပြန်လည်ရောက်ရှိလာစေရန် အလိုရှိရုံသာမက...
သူမအား အမျိုးသမီးအင်မော်တယ်တစ်ပါး ဖြစ်လာရန်အတွက် အရည်အချင်းများကိုပါ ပိုင်ဆိုင်စေလိုခြင်း ဖြစ်သည်။
ဒါက ကျန်းစန်းယီ ရရှိထိုက်သော အရာပင်။
"ကျွန်တော် နယ်နိမိတ်ပင်လယ်ဆီကို သွားချင်တယ်"
ကျွင်းရှောင်ယောက်က ရုတ်တရက် ပြောလိုက်သည်။
သူ့လေသံမှာ ခိုင်မာလှပြီး မည်သည့် သံသယဖြစ်ဖွယ်ရာမျှ ချန်လှပ်ထားခြင်း မရှိချေ။
"ရှောင်ယောက်..."
ကျွင်းဝူဟွေ့၊ ကျန်းရို့နှင့် အခြားသော ကျွင်းမိသားစုဝင် အားလုံးက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
ကျွင်းရှောင်ယောက်၏ လက်ရှိ အခြေအနေများအရ နယ်နိမိတ်ပင်လယ်ဆီသို့ သွားရန် မဆိုထားဘိ...
သူ ခံစားထားရသော ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်လာနိုင်ခြင်း ရှိမရှိ သို့မဟုတ် သူ မည်မျှလောက် ကြာအောင် အသက်ရှင်နိုင်မည်ဆိုသည်မှာပင် မရေမရာ ဖြစ်နေသေးသည်။
ဘိုးဘေးဆယ့်ရှစ်က ကျွင်းရှောင်ယောက်ကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်မိသည်။
"ရှောင်ယောက်... မင်းက တကယ်ကို အလွန်အကျွံ လုပ်ဆောင်ခဲ့တာပဲ။ မင်းမှာ ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိနေပြီး သာမန်ကျင့်ကြံသူတွေထက် ပိုမိုရှည်လျားတဲ့ အသက်သက်တမ်းကို ပိုင်ဆိုင်ထားတယ် ဆိုပေမဲ့ တာအိုကို သက်သေမပြရသေးတာကြောင့် မင်းရဲ့ခွန်အားဟာ အမြဲတမ်း ကန့်သတ်ချက် ရှိခဲ့တယ်"
"အခုဆိုရင် မင်းရဲ့ အင်မော်တယ်နည်းလမ်းကြောင့် မင်းရဲ့ သက်တမ်းနဲ့ ကံတရားတွေကို ကုန်ဆုံးတော့မယ်။ အဲဒါကို နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်မသုံးပါနဲ့တော့"
နောက်ဆုံးအကြိမ်တွင်၊ ကျွင်းရှောင်ယောက်၏ ကံကြမ္မာကျင့်စဉ်ငယ်ကို အသုံးပြုခဲ့မှုမှာ တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။
သို့သော်လည်း ကျွင်းမိသားစုက မည်သည့်အရာကိုမျှ စုံစမ်းစစ်ဆေးခြင်း မပြုခဲ့ကြပါချေ။
လူတိုင်းတွင် ကိုယ်ပိုင် လျှို့ဝှက်ချက်များ ရှိကြစမြဲ ဖြစ်ရာ၊ သူတို့က ကျွင်းရှောင်ယောက်အနေဖြင့် အင်မော်တယ်ကျင့်စဉ်ကို မည်သည့်နေရာမှ ရရှိခဲ့သနည်းဟု မေးမြန်းနေကြမည် မဟုတ်ပါချေ။
သူတို့က ကျွင်းရှောင်ယောက်အနေဖြင့် ဇွတ်တရွတ် လုပ်ဆောင်မိမည်ကိုသာ စိုးရိမ်ပူပန်နေကြခြင်း ဖြစ်သည်။
ကျွင်းရှောင်ယောက်က ပြုံးလိုက်လေသည်။
ဘိုးဘေးဆယ့်ရှစ်နှင့် အခြားသူများက သူ့အပေါ် စိုးရိမ်ပူပန်နေကြခြင်းကြောင့်ဖြစ်ကြောင်း သူ သိရှိနေခဲ့သည်။
"ဘိုးဘေးတို့ စိုးရိမ်ပူပန်နေဖို့ မလိုပါဘူး။ မမစန်းယီကို ရှာဖွေဖို့အတွက်ပဲ ဖြစ်ဖြစ်... ကျွန်တော့်ကိုယ်ကျွန်တော် ဘာမှဖြစ်ခွင့်ပြုမှာ မဟုတ်ဘူး"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"ဒီလိုဆိုရင်တောင် မင်းရဲ့ အသက်သက်တမ်းက အဆုံးသတ်ဆီကို နီးကပ်နေပြီ။ မင်းအနေနဲ့ အသက်ကယ်ဆေးလုံးအချို့ကို ရှာဖွေနိုင်မယ် ဆိုရင်တောင်မှ အဲဒါကို လုံးဝ ပြန်လည်ဖြည့်တင်းဖို့ ခက်ခဲပြီး မင်းရဲ့ နောင်အနာဂတ် လမ်းကြောင်းကိုလည်း ထိခိုက်သွားစေလိမ့်မယ်"
ဒုတိယမြောက် ဘိုးဘေး ကျွင်းလင်ရှောင်းက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
ကျွင်းမိသားစုအတွက် ကျွင်းရှောင်ယောက်၏ အရေးပါမှုအပေါ် မည်သည့် သံသယမျှ ရှိနေရန် မလိုချေ။
အကယ်၍ ကောင်းကင်စွန့်ခွာ ဧကရာဇ်ကြီး ကျွင်းချီထျန်း၊ ကျွင်းဝူဟွေ့နှင့် အခြားသူများက ကျွင်းမိသားစု၏ ကံတရားကို မျိုးဆက်ပေါင်း သောင်းချီတိုင်အောင် တိုးမြှင့်ပေးနိုင်ခဲ့ကြသည်ဟု ပြောဆိုပါက...
ထိုအခါ ကျွင်းရှောင်ယောက်သည် ကျွင်းမိသားစုကို ပိုမို မြင့်မားသော အဆင့်တစ်ခုဆီသို့ ဦးဆောင်သွားနိုင်စွမ်း ရှိသည်။
သူတို့က ကမ္ဘာအားလုံး၏ အထွတ်အထိပ်တွင်ပင် ရပ်တည်နိုင်ကြပြီး၊ သမိုင်းတစ်လျှောက်လုံးတွင် တစ်ခုတည်းသော အမြင့်မြတ်ဆုံး မိသားစုကြီးပင် ဖြစ်လာနိုင်လိမ့်မည်။
အကယ်၍ ထိုကဲ့သို့သော လူတစ်ဦး၏ ကျင့်ကြံခြင်း လမ်းကြောင်းသာ ထိခိုက်သွားခဲ့မည်ဆိုပါက နောက်ဆက်တွဲ အကျိုးဆက်များမှာ အလွန်တရာ ပြင်းထန်နိုင်သည်။
ကျွင်းမိသားစုက ကျွင်းရှောင်ယောက်ထံတွင် သေးငယ်လှသော ပြဿနာတစ်ခုမျှပင် ရှိနေခွင့် လုံးဝ ခွင့်မပြုနိုင်ပေ။
ထိုစဉ်... အေးစက်ပြီး သီးခြားဆန်သော အသံတစ်သံမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ဒီကလေးကို ကယ်တင်နိုင်မဲ့ နည်းလမ်းတစ်ခု ကျွန်မမှာ ရှိတယ်"
လူတိုင်းက အသံလာရာဆီသို့ လှည့်လိုက်ကြ၏။
လှသော ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
၎င်းက အခြားသူမဟုတ်ဘဲ ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်ပင် ဖြစ်ပေတော့သည်။