← Chapters

အခန်း ၁၅၉၅

Vol. 113 Ch. 1595

အခန်း ၁၅၉၅

Vol. 113 Ch. 1595

အခန်း ( ၁၅၉၅ ) အနာဂတ် အစီအစဉ်များ ချမှတ်ခြင်း။

ယခင် အဆုံးမဲ့ဧကရာဇ်က နယ်နိမိတ်ပင်လယ်မှ ပြန်လည်ရောက်ရှိလာစဉ် အချိန်တွင်...

ကျွင်းရှောင်ယောက်သည် အဆုံးမဲ့ဧကရာဇ်၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက လုံးဝ ပုံမှန်မဟုတ်ကြောင်း မရေမရာ အာရုံခံမိခဲ့သည်။

သူ့ခန္ဓာကိုယ်က ပျက်စီးနေသည့် အခြေအနေသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ပုံရပြီး မည်သည့်အခါမျှ သူ၏ အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်တော့မည် မဟုတ်ချေ။

အဆုံးမဲ့ဧကရာဇ်၏ စွမ်းအားအရ၊ သူ့ကို ထိုသို့ပြုလုပ်နိုင်သူမှာ အလွန်ရှားပါးမည် ဖြစ်သည်။

ဤအဆုံးမဲ့ခေါင်းလောင်း အတွင်းမှာတော့ အဆုံးမဲ့ဧကရာဇ်နှင့် ပတ်သက်သော အချက်အလက်အချို့ ပါဝင်နေခဲ့ပေသည်။

၎င်းတို့အနက် အရေးကြီးဆုံးသော အချက်တစ်ချက်မှာ...

လောကကို ဖျက်ဆီးမည့် အမှောင်ကပ်ဘေးကြီးပင်။

အဆုံးမဲ့ဧကရာဇ် ချန်ထားရစ်ခဲ့သော မှတ်တမ်းများအရ၊ လောကကိုဖျက်ဆီးမည့် အနက်ရောင်ကပ်ဘေးကြီးသည် နယ်နိမိတ်ပင်လယ်၏ အစွန်းဘက်ရှိ ဖုန်းဆိုးမြေမှတစ်ဆင့် စတင်ပျံ့နှံ့လာခဲ့ခြင်း ဖြစ်သည်။

အကယ်၍ နယ်နိမိတ်ပင်လယ်သာ ပျောက်ကွယ်သွားခဲ့မည်ဆိုပါက နောက်တစ်ဆင့်အနေဖြင့် ဆည်ကမ္ဘာကို လျှံထွက်သွားစေမည် ဖြစ်ပြီး၊ ထို့နောက်တွင် ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေတစ်ခုလုံးကို ဝါးမြိုသွားပေလိမ့်မည်။

"လောကဖျက်ဆီးမဲ့ အနက်ရောင်ကပ်ဘေးကြီးက တကယ်ပဲ ဘာကို ဆိုလိုတာလဲ..."

ကျွင်းရှောင်ယောက်က မျက်မှောင်ကြုတ်လိုက်မိသည်။

အဆုံးမဲ့ဧကရာဇ် ချန်ထားရစ်ခဲ့သော အချက်အလက်များက အနည်းငယ် မရေမရာ ဖြစ်နေခဲ့၏။

ဤလောကကိုဖျက်ဆီးမည့် အမှောင်ကပ်ဘေးကြီးက အနက်ရောင်သွေးများနှင့် ဆင်တူသည့် ဒြပ်ပစ္စည်းတစ်မျိုး ဖြစ်နိုင်သည်။

သို့မဟုတ်ပါက၊ ၎င်းက အလွန်ဆန်းကြယ်သော အဖွဲ့အစည်းတစ်စုကို ရည်ညွှန်းနေခြင်း ဖြစ်မည်။

သို့မဟုတ်လျှင်လည်း ၎င်းက မည်သူမျှ စိတ်ကူးမယဉ်နိုင်သော တည်ရှိမှုကြီးတစ်ခုကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်နိုင်သည်။

လက်တလောမှာတော့ ကျွင်းရှောင်ယောက်အတွက် အရာအားလုံးက ဝေဝါးနေသေးသည်။

သူ့အနေဖြင့် အတိုင်းအဆမရှိ ကျယ်ပြောလှသော နယ်နိမိတ်ပင်လယ်၏ အခြေအနေ သို့မဟုတ် တည်ဆောက်ပုံနှင့် ပတ်သက်၍ လက်တွေ့တွင် မည်သည့်အရာကိုမျှ နားလည်ထားခြင်း မရှိပါ။

ယခင်က သူတို့ကြားတွင် ရှိခဲ့ဖူးသော တစ်ခုတည်းသော ဆက်နွှယ်မှုမှာ၊ သူက နယ်နိမိတ်ပင်လယ်အတွက် စနစ်၏ လက်မှတ်ထိုးဝင်ခြင်း တာဝန်ကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က သူသည် နယ်နိမိတ်ပင်လယ်အတွင်းသို့ ဝင်ရောက်နိုင်ရန်အတွက် အလွန်တရာ ဝေးကွာနေသေးသဖြင့် ၎င်းကို ရွှေ့ဆိုင်းထားခဲ့ရပေသည်။

မထင်မှတ်မှတ်ဘဲ၊ ယခုအခါတွင်မူ စနစ် လက်မှတ်ထိုးဝင်ခြင်း တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည့် အခွင့်အရေးတစ်ခု သူ ရရှိခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်သည် ကျွင်းဝူဟွေ့ကလည်း သူ၏နောက်လိုက်တစ်ဦးကို နယ်နိမိတ်ပင်လယ်ဆီသို့ စေလွှတ်ခဲ့ဖူးကြောင်း ရုတ်တရက် သတိရသွားခဲ့သည်။

သူသည်လည်း ကြီးမားသော ကပ်ဘေးကြီးတစ်ခုခုကို မရေမရာ ခန့်မှန်းသိရှိခဲ့ခြင်း ဖြစ်မည်လော။

ဤလောကဖျက်ဆီးမည့် အမှောင်ကပ်ဘေးကြီးက နယ်နိမိတ်ပင်လယ်အတွင်းရှိ ကပ်ဘေးတစ်ခု ဖြစ်သော်လည်း...

အဆုံးမဲ့ဧကရာဇ် ချန်ထားရစ်ခဲ့သော အချက်အလက်များအရ ဤကပ်ဘေးသည် နောက်ဆုံးတွင် အင်မော်တယ်နယ်မြေအပေါ် သက်ရောက်မှု ရှိလာမည် ဖြစ်သည်။

ထို့ပြင် ကျွင်းမိသားစု၏ ဆန်းကြယ်သော ပထမဘိုးဘေးသည်လည်း နယ်နိမိတ်ပင်လယ်အတွင်း၌ အမြဲတမ်း နေထိုင်နေခဲ့၏။

၎င်းကလည်း ဤလောကဖျက်ဆီးခြင်းဟု ခေါ်ဆိုသောအရာနှင့် ဆက်စပ်နေနိုင်ပါသလား။

ဤအရာများကို တွေးမိလိုက်သောအခါ၊ ကျွင်းရှောင်ယောက်၏ စူးစမ်းလိုစိတ်က ပိုမို ပြင်းထန်လာခဲ့ရသည်။

သို့သော်လည်း သူ့တွင် ယခုထက်ပို၍ သိရှိနိုင်မည့် နည်းလမ်းမရှိသေးသဖြင့် ဆက်လက် စဉ်းစားနေခြင်း မပြုတော့ချေ။

နောက်ပိုင်းတွင်၊ နယ်နိမိတ်ပင်လယ်အတွင်း၌ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် အချိန်များစွာ ရှိလာဦးမည် ဖြစ်သည်။

ထို့ပြင် ကျွင်းရှောင်ယောက်က အလွန်အရေးကြီးသော အခြားအရာတစ်ခု ရှိနေသေးသည်ကို မေ့လျော့သွားခြင်း မရှိပါချေ။

၎င်းက ကောင်းကင်ကျမ်းကိုးစောင်ထဲမှ ရှင်သန်ခြင်းကျမ်းပင် ဖြစ်သည်။

ကျွင်းရှောင်ယောက်သည် ယခင်က တိုင်းတပါးရှိ တော်ဝင်မိသားစုတစ်ခုဖြစ်သော ကျိုးယင်မျိုးနွယ်စု၏ ပါရမီရှင်များထံမှတစ်ဆင့် ရှင်သန်ခြင်းကျမ်း၏ တည်နေရာ သဲလွန်စကို ရှာဖွေတွေ့ရှိခဲ့ဖူးသည်။

ရှင်သန်ခြင်းကျမ်း တည်ရှိရာနေရာမှာ နယ်နိမိတ်ပင်လယ်အတွင်း၌ ဖြစ်ပေသည်။

ကျွင်းရှောင်ယောက်က ဤသဲလွန်စကို အမြဲတမ်း သတိရနေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ထိုစဉ်အချိန်က သူ့ထံတွင် နယ်နိမိတ်ပင်လယ်အတွင်းသို့ စွန့်စားသွားရောက်နိုင်မည့် အခွင့်အရေး မရှိခဲ့ပေ။

၎င်းကို သူ၏ နှလုံးသားထဲ၌သာ သိမ်းဆည်းထားခဲ့ရသည်။

ယခုအခါတွင်မူ နောက်ဆုံး၌ ၎င်းကို သွားရောက်ရှာဖွေရန် အခွင့်အရေး ရရှိလာခဲ့ပြီ။

ကျွင်းရှောင်ယောက်သည် အကယ်၍ ကောင်းကင်ကျမ်းကိုးစောင်လုံးကိုသာ စုစည်းနိုင်ခဲ့မည်ဆိုပါက မည်သည့်အရာ ဖြစ်ပျက်လာမလဲဆိုတာကို အမြဲတမ်း သိရှိလိုနေခဲ့သည်။

ဤအရာက သမိုင်းတစ်လျှောက်တွင် မည်သူမျှ မလုပ်ဆောင်နိုင်ခဲ့ဖူးသောအရာ မဟုတ်ပါလား။

ထို့ကြောင့် ကျွင်းရှောင်ယောက်သည် နယ်နိမိတ်ပင်လယ်အတွင်း၌ သူ၏ ရည်မှန်းချက်များကို ချမှတ်ထားပြီး ဖြစ်သည်။

ပထမဦးစားပေးနှင့် အဓိက ရည်မှန်းချက်မှာမူ၊ သဘာဝအတိုင်း ကျန်းစန်းယီ၏ ဝိညာဉ်လေးခုကို သွားရောက်ရှာဖွေရန် ဖြစ်သည်။

၎င်းတို့ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းကာ စစ်မှန်သော ကျန်းစန်းယီအဖြစ် ပြန်လည်ရောက်ရှိလာစေရလိမ့်မည်။

ဒုတိယအနေဖြင့် ရှင်သန်ခြင်းကျမ်းကို ရှာဖွေရန်ဖြစ်ပြီး၊ အခြားသော ကောင်းကင်ကျမ်းများကိုပင် ရှာဖွေတွေ့ရှိနိုင်ခြေ ရှိသည်။

နောက်ဆုံးတွင် နယ်နိမိတ်ပင်လယ်က အင်မော်တယ်နယ်မြေထက်ပင် ပိုမိုကြီးမားပြီး အဆုံးအစမဲ့သော ဆန်းကြယ်မှုများ၊ ထူးဆန်းမှုများဖြင့် ပြည့်နှက်နေသောကြောင့်ပင်။

တတိယအနေဖြင့်မူ လောကဖျက်ဆီးမည့် အမှောင်ကပ်ဘေးကြီးဟု ခေါ်ဆိုသောအရာက တကယ်တမ်း မည်သည့်အရာ ဖြစ်ပြီး၊ မည်ကဲ့သို့သော ဘေးဒုက္ခမျိုး ဖြစ်သည်ကို နားလည်သဘောပေါက်ရန် လိုအပ်သည်။

သို့သော်လည်း ဤအရာကိုမူ ခေတ္တမျှ ရွှေ့ဆိုင်းထားနိုင်ပေသည်။

နောက်ဆုံးတွင်... ကျွင်းရှောင်ယောက်က ထိုနေရာသို့ ကယ်တင်ရှင်တစ်ယောက်အဖြစ် သွားရောက်ခြင်း မဟုတ်ပါချေ။

သူက ကျန်းစန်းယီကို သွားရောက်ရှာဖွေလိုရုံသက်သက်သာ ဖြစ်သည်။

ကျွင်းရှောင်ယောက်က တွေးတောလျက် အစီအစဉ်များကို ချမှတ်နေချိန်...

ရုပ်အသွင်တစ်ခုက သူ့ဘေးနားသို့ တိတ်ဆိတ်စွာ ထွက်ပေါ်လာခဲ့သည်။

ထိုသူမှာ အခြားမဟုတ်ဘဲ ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင် ဖြစ်ပေသည်။

သူမ၏ ငွေရောင်ဆံနွယ်များက ဂလက်ဆီတစ်ခုကဲ့သို့ တောက်ပကာ အေးတိအေးစက် အမူအရာဖြင့် တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှုရှိသူ ဖြစ်သည်။

သူမ၏ အသားအရေမှာ နူးညံ့ပြီး ဖြူဝင်းနေကာ သူမ၏ ဝတ်စုံမှာလည်း ပြန်လည်ဝင်စားခြင်း၏ အလင်းရောင်များဖြင့် လင်းလက်နေပုံရသည်။

ဤအခိုက်တွင်၊ သူမ၏ အေးစက်ပြီး လှပသော မျက်ဝန်းများက အဆုံးမဲ့ခေါင်းလောင်းကို စူးစိုက်ကြည့်ရှုလိုက်၏။

"ဒါတွေက သူ့ရဲ့ ပစ္စည်းတွေပဲ... ငါ ဒါတွေကို မကြည့်ချင်ဘူး"

ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်က အေးစက်စွာ ပြောလိုက်သည်။

အင်မော်တယ်နယ်မြေရှိ သက်ရှိအားလုံးအတွက် အဆုံးမဲ့ဧကရာဇ်သည် ရိုသေလေးစားရသော သူရဲကောင်းကြီးတစ်ဦး ဖြစ်သည်။

သို့သော်လည်း ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်အတွက်မူ၊ သူသည် သူမကို ရေတွက်၍မရနိုင်သော ခေတ်တစ်လျှောက်လုံး အိပ်မော်ကျစေရန် လုပ်ဆောင်ခဲ့သည့် ရန်သူတော်ကြီးတစ်ယောက်ပင်။

"ခင်ဗျား သဘောမကျဘူးဆိုရင် မကြည့်ပါနဲ့"

ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်း... မင်းကို ဘယ်သူက ကယ်တင်ဖို့ ကြိုးစားခဲ့တာလဲဆိုတာကို မေ့နေတာလား"

ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်က အနည်းငယ် တုံ့ဆိုင်းသွားပြီး‌ေနာက် သူ့မျက်နှာက အေးစက်သွား၏။

ရှောင်ချမ်ရွယ်သည် ယခင်က ကျွင်းရှောင်ယောက်အနားတွင် အမြဲကပ်တွယ်နေတတ်ပြီး ကလေးဆန်စွာ ပြုမူတတ်သောကြောင့်လားမသိ...

မသိစိတ်၏ စေ့ဆော်မှုဖြင့် ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်သည် သူမကိုယ်တိုင် သတိမထားမိဘဲ ကျွင်းရှောင်ယောက်၏ ဘေးနားတွင် အမြဲတမ်း ရှိနေခဲ့မိသည်။

သို့သော်လည်း သူမကိုယ်တိုင်ပင် ဤသိမ်မွေ့သော အပြောင်းအလဲကို သတိပြုမိခြင်း မရှိခဲ့ချေ။

"ခင်ဗျားက ကျွန်တော်ကို ကယ်တင်ခဲ့တဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့... အဲဒါက ခင်ဗျား ကျွန်တော်ကို လာပြီး အမိန့်ပေးလို့ရတယ်လို့ မဆိုလိုဘူး"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

ထိုအခါ ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်၏ ရင်ဘတ်မှာ ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်သွားခဲ့ရသည်။

အကယ်၍ ယခင်ကသာ တစ်စုံတစ်ဦးက သူမကို ဤကဲ့သို့ ပြောဆိုဝံ့မည်ဆိုပါက...

ထိုသူ၏ မျက်နှာကို ကြမ်းကြမ်းတမ်းတမ်း ရိုက်ပစ်လိုက်သည်မှာ ကြာလှပြီ ဖြစ်သည်။

သို့သော်လည်း ယခုအခါတွင်မူ သူမအနေဖြင့် အောင့်အည်းသည်းခံနေရုံမှတစ်ပါး အခြားမရှိပါချေ။

သူမ၏ တာအိုသစ်သီးကို ကျွင်းရှောင်ယောက်အား ဖခင်တစ်ဦးအဖြစ် မည်သူက အသိအမှတ်ပြုခိုင်းခဲ့လို့လဲ။

သူမ၏ တစ်သက်တာလုံး ကျင့်ကြံခြင်းများကို ဆုံးရှုံးမခံလိုပါက ကျွင်းရှောင်ယောက်ကို ကူညီပေးရန်သာ တတ်နိုင်သည်။

"ဟွန့်... ဒီအင်မော်တယ်အရှင်က မင်းရဲ့ ဘေးနားမှာ နေချင်နေတယ်လို့ မထင်လိုက်နဲ့"

"ဒါပေမဲ့ ဒီနေရာမှာ ရှိနေတဲ့ တခြားလူတွေအားလုံးက၊ ငါ တစ်ချိန်က ပဉ္စမမြောက် ယဇ်ဆရာသခင် ဖြစ်ခဲ့ရုံနဲ့တင် ဒီအင်မော်တယ်အရှင်အပေါ် ဘာလို့ ဒီလောက်တောင် ဝေးကွာပြီး ရှောင်ဖယ်နေကြရတာလဲ"

ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်က အေးစက်စွာ ပြောလိုက်သည်။

ကျွင်းရှောင်ယောက် တစ်ဦးတည်းသာ အေးဆေးတည်ငြိမ်စွာ ရှိခဲ့ပေသည်။

ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်၏ မျက်ဝန်းများတွင် ဆန်းကြယ်သောအလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားခဲ့ပြီးနောက် ဆက်ပြောလိုက်သည်။

"ငါ တစ်ချိန်က အင်မော်တယ်နယ်မြေရဲ့ သက်ရှိအားလုံးကို သတ်ဖြတ်ခဲ့တာကို... မင်းတစ်ယောက်တည်းပဲ စိတ်ထဲမထားပုံရတယ်"

ကျွင်းရှောင်ယောက်က တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

"ကျွန်တော်က ဘာလို့ စိတ်ထဲထားရမှာလဲ"

"ဪ.. မင်းက အခု အင်မော်တယ်နယ်မြေရဲ့ သက်ရှိအားလုံးရဲ့ ရိုသေလေးစားမှုကို ရရှိထားတဲ့ သူရဲကောင်းကြီးတစ်ယောက် ဖြစ်နေပြီလေ။ ဒါ့အပြင် အဆုံးမဲ့ရဲ့ ဆက်ခံသူအဖြစ်တောင် သတ်မှတ်ခံထားရသေးတယ်"

"မင်းက အင်မော်တယ်နယ်မြေထဲက သက်ရှိတွေရဲ့ အသက်အိုးအိမ်တွေကို ဂရုမစိုက်ဘူးလား"

ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်၏ စကားများကို ကြားရသောအခါ ကျွင်းရှောင်ယောက်က ခေါင်းယမ်းပြီး ရယ်မောလိုက်လေသည်။

"သူရဲကောင်းလား၊ ကျွန်တော်က ဘယ်တုန်းကမှ သူရဲကောင်းတစ်ယောက် မဖြစ်ချင်ခဲ့ပါဘူး"

"တကယ်လို့ သူရဲကောင်းတစ်ယောက် ဖြစ်ရမဲ့ တန်ဖိုးက ကိုယ်ချစ်ရတဲ့သူ သေဆုံးသွားရမယ်ဆိုရင်... သူရဲကောင်း ဖြစ်ချင်တဲ့သူကိုပဲ ဖြစ်ခိုင်းလိုက်ပါတော့"

"ဒါပေမဲ့ ဒီအတွက် ကျွန်‌ေတာ်တို့ လုပ်နိုင်တာ ဘာမှမရှိဘူး... ဒီကမောက်ကမဖြစ်ခြင်းက ကျွန်တော်ကိုရော ကျွင်းမိသားစုကိုပါ ဆွဲသွင်းခဲ့တယ်လေ"

"ဒါကြောင့် ကျွန်တော်က ဒီကမောက်ကမဖြစ်ခြင်းကို ငြိမ်းချမ်းသွားအောင် လုပ်ဆောင်ဖို့ပဲ တတ်နိုင်တယ်"

ကျွင်းရှောင်ယောက်က သက်ပြင်းချလိုက်သည်။

ဤစကားများက ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်ကို အံ့အားသင့်သွားစေခဲ့သည်။

ကျွင်းရှောင်ယောက်က သူမ စိတ်ကူးယဉ်ခဲ့ဖူးသော ကြီးမြတ်ပြီး တရားမျှတသည့် သူရဲကောင်းမျိုး ဟုတ်ပုံမရပါချေ။

ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်၏ မျက်နှာပေါ်ရှိ အံ့ဩနေသော အမူအရာကို မြင်ရသောအခါ...

ကျွင်းရှောင်ယောက်က ရှောင်ချမ်ရွယ်ကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သူက မနေနိုင်ဘဲ စနောက်ပြောဆိုလိုက်၏။

"တစ်ခါလောက် 'ပါးပါး'လို့ ခေါ်စမ်းပါဦး"

"ပါးပါး"

ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်က ‌ကြောင်တောင်တောင်လေး ဖြစ်သွားသည်။ ဤစကားလုံးက မည်သည့်အဓိပ္ပာယ်ရကြောင်း သူ နားမလည်ချေ။

"သမီးလေး... ပါးပါး နယ်နိမိတ်ပင်လယ်ကို သွားပြီးတဲ့နောက်မှာ မင်းအနေနဲ့ ကျွင်းမိသားစုနဲ့ ကျွင်းဧကရာဇ်ခုံရုံး ကို နည်းနည်းလောက် စောင့်ရှောက်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"

ကျွင်းရှောင်ယောက်က ပြုံးလျက် ပြောလိုက်သည်။

"သမီးလေး" ဟူသော စကားလုံးကို ကြားလိုက်ရသောအခါမှသာ ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်က "ပါးပါး"ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို နောက်ဆုံးတွင် နားလည်သွားတော့သည်။

"မင်း..."

ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်က ဒေါသတကြီးဖြင့် ကျွင်းရှောင်ယောက်ကို ရိုက်ပုတ်ရန် ဟန်ပြင်လိုက်သည်။

သို့သော်လည်း ၎င်းက သူ့ပါးပြင်ရှေ့တွင်တင် ရပ်တန့်သွားခဲ့၏။

သူမ၏ ငွေရောင်ဆံနွယ်များမှာ ဝေ့ဝဲနေခဲ့ပြီး၊ အေးစက်၍ လှပသော မျက်နှာထက်တွင်မူ ဒေါသအငွေ့အသက်အချို့ ရှိနေသေးသည်။

သူကဲ့သို့ ဂုဏ်သိက္ခာကြီးမားသော ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်က ဤမျိုးဆက်သစ် လူငယ်လေး၏ အခွင့်ကောင်းယူခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။

"ဟွန်း... မင်း လူယုတ်မာလေး နယ်နိမိတ်ပင်လယ်ထဲမှာ ဝက်တစ်ကောင်အဖြစ် ပြန်လည်ဝင်စားစေဖို့ ငါမျှော်လင့်တယ်"

ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်လည်း အေးစက်သော သတ်ဖြတ်လိုစိတ်တို့ကို ထုတ်လွှတ်လျက် လှည့်ထွက်သွားတော့သည်။

ကျွင်းရှောင်ယောက်မှာမူ ကြောင်အမ်းလျက် ကျန်ရစ်ခဲ့ရသည်။

သူ၏ ကံတရားက ဤမျှတော့ မဆိုးရွားသင့်ဘူး မဟုတ်လား။

သို့သော်...

သူ၏ ကံတရားများက ကံကြမ္မာကျင့်စဉ်ငယ်ကြောင့် အဆမတန် ကုန်ဆုံးသွားခဲ့ရပြီ ဖြစ်သည်။

"ငါ တကယ်ပဲ ဝက်တစ်ကောင်အဖြစ် ပြန်လည်ဝင်စားသွားနိုင်မလား..."

ကျွင်းရှောင်ယောက်လည်း သူ၏ ထူးကဲစွာ ချောမောခန့်ညားသော မျက်နှာပြင်ကို ထိတွေ့ကြည့်လိုက်မိသည်။

All Chapters