← Chapters

အခန်း ၁၅၉၇

Vol. 113 Ch. 1597

အခန်း ၁၅၉၇

Vol. 113 Ch. 1597

အခန်း ( ၁၅၉၇ ) နေဝင်ခဲ့ပြီ။

ပြန်လည်ဝင်စားခြင်းတွင်းကြီး တစ်ခုလုံးက ရောင်စုံအလင်းတန်းများဖြင့် လင်းလက်တောက်ပနေကာ ကြယ်တာရာပင်လယ်ပြင်အလား ဆွဲဆောင်မှုရှိလှသည်။

၎င်းအတွင်း၌ ရေတွက်၍မရနိုင်သော ကြယ်များစွာ လင်းလက်တောက်ပနေခဲ့ကြ၏။

ဤနေရာကား အမှန်တကယ်ပင် အင်မော်တယ်နယ်မြေထက် အတိုင်းအဆမရှိ ပိုမိုကျယ်ပြောသော ကမ္ဘာကြီးတစ်ခုပင်။

သို့သော်လည်း ကျွင်းရှောင်ယောက်က တစ်စုံတစ်ရာကို သတိပြုမိလိုက်သည်။

ကြယ်တာရာပင်လယ်ကြီးမှာ အလွန်တရာ ဆွဲဆောင်မှုရှိလှသော်လည်း...

ကြီးမားသော နယ်မြေတစ်ခုမှာမူ မြူခိုးများဖြင့် ရစ်ဆိုင်းနေခဲ့သကဲ့သို့ မည်းမှောင်ပြီး ဆိတ်သုဉ်းနေဆဲ ဖြစ်သည်။

"အဲဒါက..."

ကျွင်းရှောင်ယောက်၏ မျက်ဝန်းများတွင် သံသယ အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။

ထိုအခါ ကျွင်းဝူဟွေ့ က ရှင်းပြလေသည်။

"အဲဒါက နယ်နိမိတ်ပင်လယ် အတွင်းမှာရှိပြီး အတိုင်းအဆမရှိ ကျယ်ပြောလှတဲ့ ပျက်စီးခြင်းနယ်မြေ... အန္တရာယ်အရှိဆုံး နေရာတစ်ခုပေါ့"

"ပျက်စီးခြင်းနယ်မြေ..."

ကျွင်းရှောင်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။

အင်မော်တယ်နယ်မြေအတွင်း၌ အံ့ဖွယ်ခုနစ်ပါး ရှိနေခဲ့သကဲ့သို့ပင်။

အတိုင်းအဆမရှိ ကျယ်ပြောသော နယ်နိမိတ်ပင်လယ်အတွင်း၌လည်း ထူးဆန်းသော ဖြစ်ရပ်များစွာ သဘာဝအတိုင်း တည်ရှိနေသည်။

ပျက်စီးခြင်းနယ်မြေဆိုသည်မှာ အလွန်တရာ ကျယ်ပြောသော တားမြစ်နယ်မြေ တစ်ခု ဖြစ်ပေသည်။

ကျွင်းရှောင်ယောက်သည် အဆုံးမဲ့ဧကရာဇ် ချန်ထားရစ်ခဲ့သော သတင်းစကားကို ရုတ်တရက် သတိရသွားခဲ့သည်။

လောကဖျက်ဆီးခြင်းဟု ခေါ်ဆိုသောအရာနှင့် ဤကျယ်ပြောလှသော ပျက်စီးခြင်းနယ်မြေကြားတွင် တစ်စုံတစ်ရာသော အကြောင်းအကျိုးဆက်နွှယ်မှု ရှိနေနိုင်မလား။

"မင်း အဆင်သင့်ဖြစ်ပြီလား"

ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်က ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။

သူမ၏ ကျောက်စိမ်းရုပ်တုကဲ့သို့ လှပသော မျက်နှာက အေးစက်နေဆဲ ဖြစ်၏။

သူက တကယ်ကို ဇွဲကောင်းကောင်းဖြင့် ကောက်ကျစ်နေပုံရသည်။

ကျွင်းရှောင်ယောက်လည်း ၎င်းကို စိတ်ထဲမထားတော့ဘဲ ခေါင်းညိတ်ပြလိုက်သည်။

ထိုအချိန်တွင် ကျွင်းဝူဟွေ့က စကားဆိုလာသည်။

"ရှောင်ယောက်... မင်းရဲ့ ခန္ဓာကိုယ်နှစ်ခုကို သီးခြားခွဲထုတ်နိုင်စွမ်း ရှိသင့်တယ် မဟုတ်လား"

ဤစကားကို ကြားရသောအခါ ကျွင်းရှောင်ယောက်က ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်ကို တစ်ချက် လှည့်ကြည့်လိုက်၏။

ခေတ္တမျှ စဥ်းစား‌နေပြီးနောက်တွင် ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်က ခေါင်းညိတ်လိုက်သည်။

"ပြဿနာမရှိနိုင်ပါဘူး"

"ဒါဆိုရင်တော့ ကျွန်တော်တို့ ခွဲထုတ်ကြတာပေါ့"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

သူသည် ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် ကစဉ့်ကလျားခန္ဓာ တို့ကို သီးခြားခွဲထုတ်၍ ပြန်လည်ဝင်စားခြင်းပင်လယ်အတွင်း၌ ပြန်လည်ဝင်စားစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ဤနည်းအားဖြင့် ခန္ဓာကိုယ်နှစ်ခုလုံးကို အသုံးပြုခြင်းက ကျန်းစန်းယီကို ရှာဖွေတွေ့ရှိနိုင်မည့် အလားအလာကို နှစ်ဆ တိုးတက်စေလိမ့်မည်။

ထို့ပြင် "ချီတစ်ခုကိုသုံးခုပြောင်းလဲခြင်းကျင့်စဉ်"၏ ထူးခြားလှသော သဘာဝကြောင့် သူတို့နှစ်ဦးလုံး၏ ကျင့်ကြံခြင်းအဆင့်မှာ တူညီနေမည် ဖြစ်သည်။

ခန္ဓာကိုယ်တစ်ခုက ကျင့်ကြံနေသရွေ့ အခြားသောခန္ဓာကိုယ်တစ်ခုမှာ အေးအေးလူလူ ထိုင်နေလျှင်ပင်၊ သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း လိုက်ပါတိုးတက်နေဦးမည်။

ထို့ကြောင့် ခန္ဓာကိုယ်နှစ်ခုကို သီးခြားခွဲထုတ်လိုက်ခြင်းက ကျင့်ကြံခြင်းလမ်းကြောင်းကို မည်သည့်နည်းနှင့်မျှ နှောင့်နှေးစေလိမ့်မည် မဟုတ်ပါချေ။

ထို့ပြင် ကျွင်းရှောင်ယောက်သည် မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ တစ်ခုတည်းကပင် လောကကို တုန်လှုပ်စေရန် လုံလောက်နေပြီဟု ခံစားရသည်။

အကယ်၍ ကစဉ့်ကလျားခန္ဓာတစ်ခုကိုပါ ပေါင်းထည့်လိုက်မည်ဆိုပါက နယ်နိမိတ်ပင်လယ်တစ်ခုလုံး ကမောက်ကမ ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် သူ့အရှိန်အဝါကို ဖုံးကွယ်ထားခြင်းက အကောင်းဆုံး ဖြစ်သည်။

ဆုံးဖြတ်ချက်ချပြီးနောက်တွင် ကျွင်းရှောင်ယောက်က ပြန်လည်ဝင်စားခြင်း တွင်းကြီးအနားသို့ ရောက်ရှိလာခဲ့သည်။

ရုတ်တရက် ကျွင်းရှောင်ယောက်၏ အကြည့်မှာ တန့်သွားခဲ့ရ၏။

သူက အငွေ့အသက်တစ်ခုကို ဝေဝါးစွာ အာရုံခံမိလိုက်ခြင်း ဖြစ်သည်။

၎င်းက သူ့အတွက် ရင်းနှီးနေသကဲ့သို့ ခံစားရသော်လည်း ဆန်းကြယ်လွန်းသော အရှိန်အဝါမျိုး ဖြစ်ပေသည်။

ဤအရှိန်အဝါက နယ်နိမိတ်ပင်လယ်မှတစ်ဆင့် ပျံ့နှံ့ထွက်ပေါ်လာခြင်း ဖြစ်သည်။

ကျွင်းရှောင်ယောက်သည် အင်မော်တယ်နယ်မြေအတွင်း၌ ရှိနေစဉ်အချိန်တုန်းက ဤကဲ့သို့သော အရှိန်အဝါမျိုးကို တစ်ကြိမ်တစ်ခါမျှ အာရုံခံမိခဲ့ဖူးခြင်း မရှိခဲ့ချေ။

ကျွင်းရှောင်ယောက်က သေချာစွာ စဉ်းစားလိုက်ပြီးနောက်တွင် ဤဝေဝါးသော အရှိန်အဝါက မည်သည့်အရာ ဖြစ်ကြောင်း ရုတ်တရက် နားလည်သဘောပေါက်သွားခဲ့သည်။

၎င်းက ဗလာနယ်ကံကြမ္မာ၏ အငွေ့အသက်ပင် ဖြစ်တော့သည်။

'နယ်နိမိတ်ပင်လယ်ကမ္ဘာထဲမှာ... ငါ့လိုပဲ ဗလာနယ်ကံကြမ္မာ ပိုင်ဆိုင်ထားတဲ့ အခြားသူတစ်ယောက်ယောက် ရှိနေတာများလား...'

ကျွင်းရှောင်ယောက်၏ မျက်ဝန်းများမှာ အံ့ဩမှုများဖြင့် အနည်းငယ် လှုပ်ရှားသွားခဲ့ရသည်။

ဗလာနယ်ကံကြမ္မာကို ပိုင်ဆိုင်ထားသူများက အလွန်တရာ ရှားပါးလှပေသည်။

အနည်းဆုံးတော့ အင်မော်တယ်နယ်မြေအတွင်း၌ သူသည် လက်ရှိအချိန်အထိ ဒုတိယမြောက် ဗလာနယ်ကံကြမ္မာပိုင်ရှင်ကို ကြုံတွေ့ခဲ့ဖူးခြင်း မရှိခဲ့ချေ။

မထင်မှတ်ဘဲ၊ နယ်နိမိတ်ပင်လယ်အတွင်းမှာတော့ ဗလာနယ်ကံကြမ္မာ ပိုင်ဆိုင်ထားသူများ တည်ရှိနေခြင်း ဖြစ်မလား။

အကယ်၍ ၎င်းက အမှန် ဖြစ်ခဲ့မည်ဆိုလျှင် အလွန်တရာ စိတ်ဝင်စားစရာ ကောင်းလိမ့်မည်။

အကယ်၍ ကျွင်းရှောင်ယောက်အနေဖြင့် ဤဗလာနယ်ကံကြမ္မာ တာအိုခန္ဓာကို သန့်စင်စုပ်ယူနိုင်ခဲ့မည်ဆိုပါက သူ၏ ဗလာနယ်ကံကြမ္မာ စွမ်းအားက အဆမတန် တိုးတက်လာမည် မဟုတ်ပါလား။

သမိုင်းတစ်လျှောက်တွင် အဆန်းကြယ်ဆုံးသော တာအိုခန္ဓာအနေဖြင့် ဤဖွဲ့စည်းပုံက တကယ်ပင် ဤမျှလောက်ရိုးရှင်းလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ဤအရာက သဘာဝအတိုင်း ကျွင်းရှောင်ယောက်၏ ခန့်မှန်းချက်တစ်ခုမျှသာ ဖြစ်သည်။

နောက်ဆုံးတွင်၊ ဤအငွေ့အသက်က ဝေဝါးလွန်းသဖြင့် ကျွင်းရှောင်ယောက်ကိုယ်တိုင်ပင် သေချာရေရာခြင်း မရှိပါချေ။

၎င်းက နားလည်မှုလွဲမှားခြင်းတစ်ခုမျှသာလည်း ဖြစ်နေနိုင်သည်။

သို့သော်လည်း ဤဆန်းကြယ်ပြီး ဖမ်းဆုပ်ရန် ခက်ခဲသော အရှိန်အဝါက ဗလာနယ်ကံကြမ္မာခန္ဓာ ပိုင်ဆိုင်ထားသူများ၏ ထူးခြားချက်များနှင့် အမှန်တကယ်ပင် ကိုက်ညီနေခဲ့သည်။

သာမန်လူများအနေဖြင့် ဤအရာကို လုံးဝ ခန့်မှန်းနိုင်စွမ်း မရှိချေ။

ကျွင်းရှောင်ယောက်အနေဖြင့် ၎င်းကို အာရုံခံမိနိုင်ခြင်းမှာမူ သူကိုယ်တိုင်က တူညီသော ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။

ထို့ပြင် "ကောင်းကင်ကိုခိုးယူ၍ နေကိုပြောင်းလဲခြင်း" ကျင့်စဉ်နှင့် "ကံကြမ္မာကျင့်စဉ်ငယ်" တို့၏ ကျေးဇူးကြောင့်လည်း သူက သူ၏ အရှိန်အဝါကို ပြီးပြည့်စုံစွာ ဖုံးကွယ်ထားနိုင်ခဲ့ပေသည်။

ကျွင်းရှောင်ယောက်သည် အကယ်၍ အခြားသော ဗလာကံကြမ္မာခန္ဓာ ပိုင်ဆိုင်ထားသူများ ရှိနေခဲ့လျှင်ပင်...

ထိုသူများအနေဖြင့် သူ၏ တည်ရှိမှုကို အာရုံခံမိနိုင်လိမ့်မည် မဟုတ်ဟု ယုံကြည်နေခဲ့သည်။

ကျွင်းရှောင်ယောက်က သားကောင်ကို စောင့်ကြည့်နေခဲ့သော အမှောင်ထုထဲမှ မုဆိုးတစ်ယောက်ကဲ့သို့ ဖြစ်နေလိမ့်မည်။

'စိတ်ဝင်စားစရာပဲ... ဒီတစ်ခေါက် နယ်နိမိတ်ပင်လယ်ဆီ သွားရမယ့် ခရီးစဉ်ကို ငါပိုပြီးတော့ မျှော်လင့်ချက်လာမိပြီ'

ကျွင်းရှောင်ယောက်က အသာအယာ ပြုံးလိုက်သည်။

သူ၏ မူလရည်မှန်းချက်မှာမူ ကျန်းစန်းယီ၏ ဝိညာဉ်လေးခုကို သွားရောက်ရှာဖွေရန် ဖြစ်သည်။

ထို့နောက် ကောင်းကင်ကျမ်းများကို ရှာဖွေရန်နှင့် လောကဖျက်ဆီးမည့် အမှောင်ကပ်ဘေးကြီး၏ သတင်းအချက်အလက်များကို စုံစမ်းစစ်ဆေးရန်ပင်။

ယခုအခါတွင်မူ သူ့ထံ၌ အခြားသော တာဝန်တစ်ခု ထပ်မံတိုးပွားလာခဲ့ပြီ ဖြစ်သည်။

၎င်းက တည်ရှိနေနိုင်ခြေရှိသော ဗလာနယ်ကံကြမ္မာခန္ဓာ ပိုင်ဆိုင်ထားသူကို ရှာဖွေရန်ပင်။

အကယ်၍ ဤဗလာနယ်ကံကြမ္မာခန္ဓာ ပိုင်ဆိုင်ထားသူသာ အမှန်တကယ် တည်ရှိနေခဲ့မည်ဆိုပါက၊ ထိုသူသည် တိဟောက်ထျန်းထက်ပင် ပိုမိုသန်မာပြီး ခိုင်မာတောင့်တင်းသော ကြက်သွန်မြိတ်တစ်ပင် ဖြစ်နေပေလိမ့်မည်။

ထိုသူတို့ကို ရိတ်သိမ်းရခြင်းက အမှန်တကယ်ပင် ကျေနပ်စရာ ကောင်းမည်။

"မင်း ဘာဖြစ်နေတာလဲ"

ကျွင်းရှောင်ယောက်၏ ထူးဆန်းလှသော အမူအရာကို မြင်တွေ့လိုက်ရသောအခါ ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်က အေးစက်စွာ ပြောလိုက်သည်။

"ဘာမှမဟုတ်ပါဘူး... ကျွန်တော်က ပိုပြီးတော့ စိတ်လှုပ်ရှားလာလို့"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"မျှော်လင့်နေတာလား... မင်း တကယ်ပဲ ဝက်တစ်ကောင်အဖြစ် ပြန်လည်ဝင်စားသွားမှာကို မကြောက်ဘူးလား" ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်က ပြောလိုက်၏။

"ကျွန်တော်က ဝက်တစ်ကောင်အဖြစ် ပြန်လည်ဝင်စားသွားခဲ့ရင်တောင်မှ... ပြန်လည်ဝင်စားတဲ့ နတ်ဆိုးဧကရာဇ်တစ်ပါး ဖြစ်လာအောင် လုပ်ဆောင်နိုင်စွမ်း ရှိပါသေးတယ်"

ကျွင်းရှောင်ယောက်က စိတ်ထဲမထားပေ။

ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်မှာ ဆွံ့အလျက် တိတ်ဆိတ်သွားခဲ့ရသည်။

အချိန်အဆုံးသတ်၏အရှင်သခင် အန်းတိကို အနိုင်ယူနိုင်ခဲ့သော လူငယ်လေးတစ်ဦးအတွက်တော့ ဤကဲ့သို့သော စကားမျိုးကို ပြောဆိုနိုင်မည့် အရည်အချင်း တကယ်ပင် ပိုင်ဆိုင်ထားသည်ဟု ဆိုရမည်။

ထို့နောက်တွင် ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်နှစ်ခုက သီးခြားခွဲထွက်သွားခဲ့ကြသည်။

ပြန်လည်ဝင်စားခြင်း အင်မော်တယ်အရှင်လည်း စတင်လှုပ်ရှားလိုက်၏။

လမ်းစဥ်ခြောက်သွယ် ပြန်လည်ဝင်စားခြင်း အင်မော်တယ်အမြစ်က အတိုင်းအဆမရှိ ကျယ်ပြောသော စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။

ပြန်လည်ဝင်စားခြင်း၏ အလင်းရောင်များ လင်းလက်လာခဲ့သည်နှင့်အမျှ ပြန်လည်ဝင်စားခြင်းတွင်းကြီးမှာ ပြင်းထန်စွာ ဆူပွက်လှုပ်ရှားလာတော့သည်။

ကျွင်းဝူဟွေ့နှင့် အခြားသူများက သူတို့လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြန်လည်ဝင်စားခြင်းတွင်းကြီး၏ ဘေးပတ်ပတ်လည်ရှိ လေဟာနယ်ကို ပိတ်ဆို့လိုက်ကြကာ စွမ်းအင်များ အပြင်ဘက်သို့ ပေါက်ကြားသွားခြင်း မရှိစေရန် တားဆီးလိုက်ကြသည်။

မကြာမီ အချိန်အတွင်းမှာပင် ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်နှစ်ခုမှာ တောက်ပလွန်းသော ပြန်လည်ဝင်စားခြင်း အလင်းရောင်များကြား၌ အလင်းတန်းကြီး နှစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကြ၏။

၎င်းက ပြန်လည်ဝင်စားခြင်းတွင်းကြီးအတွင်းသို့ ကျရောက်သွားကာ အဆုံးမရှိသော နယ်နိမိတ်ပင်လယ်၏ ကမ္ဘာအတွင်း၌ ပျောက်ကွယ်သွားခဲ့ကြတော့သည်။

ပြန်လည်ဝင်စားခြင်း အင်မော်တယ်အမြစ်သည်လည်း ၎င်းနှင့်အတူ လိုက်ပါပျောက်ကွယ်သွားခဲ့သည်။

မကြာမီ၊ အရာအားလုံးက တစ်ဖန် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

ပြန်လည်ဝင်စားခြင်းတွင်းကြီးသည်လည်း အောက်ခြေမရှိသော တွင်းနက်ကြီးအသွင်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

"ကောင်လေး... မင်း နယ်နိမိတ်ပင်လယ်ထဲမှာ လုံးဝ သေဆုံးသွားလို့မဖြစ်ဘူးနော်"

ပြန်လည်ဝင်စားခြင်းအင်မော်တယ်အရှင်က ခပ်တိုးတိုး ပြောလိုက်သည်။

အကယ်၍ ကျွင်းရှောင်ယောက်သာ သေဆုံးသွားခဲ့မည်ဆိုပါက သူမ၏ တာအိုသစ်သီးဖြစ်သော ရှောင်ချမ်ရွယ်သည် သဘာဝကျစွာပင် သူမ၏ သန့်စင်စုပ်ယူခြင်းကို ခံယူလိမ့်မည် မဟုတ်ချေ။

"ငါ ယုံကြည်ပါတယ်... ရှောင်ယောက်က မကြာခင်မှာ ဘေးကင်းလုံခြုံစွာနဲ့ ပြန်လာနိုင်လိမ့်မယ်"

ကျွင်းဝူဟွေ့၊ ကျွင်းလင်ရှောင်းနှင့် အခြားသူများကမူ ကျွင်းရှောင်ယောက်အတွက် အထူးတလည် စိုးရိမ်ပူပန်နေခြင်း မရှိကြပါ။

သူတို့က ကျွင်းရှောင်ယောက်ထံ၌ ပြဿနာအားလုံးကို ဖြေရှင်းနိုင်မည့် စွမ်းရည် ပိုင်ဆိုင်ထားသည်ဟု ယုံကြည်နေကြသည်။

ကျွင်းရှောင်ယောက် ပြန်လည်ဝင်စားခြင်းတွင်းကြီးအတွင်းသို့ ကျရောက်သွားခဲ့ပြီးသည့် နောက်...

ဆန်းကျယ်ကောင်းကင် အင်မော်တယ်နယ်မြေတွင်...

ရှေးဟောင်းအင်မော်တယ်ခုံရုံး၏ ပုဂ္ဂိုလ်ကြီးများသည်လည်း ဆန်းကျယ်ကောင်းကင် အင်မော်တယ်နယ်မြေအတွင်း၌ သူတို့၏ အခြေစိုက်စခန်းကို ယာယီတည်ဆောက်ရန် ရွေးချယ်ခဲ့ကြသည်။

ကျွင်းဧကရာဇ်ခုံရုံးသည်လည်း သဘာဝအတိုင်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ပေသည်။

ရှေးဟောင်းအင်မော်တယ်ခုံရုံး၏ နေထိုင်ရာနယ်မြေ၏ အထက်ဘက် ကောင်းကင်ယံတွင်...

​ယွမ်ချယ်က သူမ၏ ငန်းတစ်ကောင်ကဲ့သို့ ဖြူဝင်းနူးညံ့လှသော လည်တိုင်လေးကို အသာအယာမော့လျက် ကောင်းကင်ယံသို့ ကြည့်နေခဲ့သည်။

သူက ဝေးကွာလှသော အရပ်ဆီသို့ စူးစိုက်ကြည့်ရှုနေခြင်းဖြစ်ပြီး တိုးညှင်းစွာ ရေရွတ်လိုက်လေသည်။

"အရင်နှစ်က ငါတို့ ပန်းပွင့်တွေကြားမှာ လမ်းခွဲခဲ့ကြတယ်... ဒီနေ့မှာတော့ ပန်းပွင့်တွေက နောက်ထပ်တစ်နှစ်အတွက် ထပ်မံ ပွင့်လန်းလာခဲ့ပြန်ပြီ"

"ဆယ်မိုင် မက်မွန်ပန်းတောအုပ်ထဲမှာ နင်ပေးခဲ့တဲ့ ကတိစကား... ငါတို့ ဘယ်တော့မှ မေ့ပျောက်မှာမဟုတ်ဘူးဆိုတဲ့ လက်သန်းချင်းချိတ်ပြီး ပေးအပ်တဲ့ ကတိစကား၊ ဒါကို ငါ‌ ဘယ်တော့မှမေ့မှာ မဟုတ်ဘူး"

"ရှောင်ယောက်... ငါ နင်ပြန်လာမယ့် အချိန်ကို စောင့်ဆိုင်းနေပါ့မယ်"

ယွမ်ချယ်၏ လေသံမှာ တိုးညှင်းပြီး လွမ်းဆွတ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

၎င်းက သူမကိုယ်တိုင် စကားပြောဆိုနေခြင်း သို့မဟုတ် လင်ယွမ် စကားပြောဆိုနေခဲ့သကဲ့သို့...

သို့မဟုတ်လျှင်လည်း နတ်သမီးယွမ်က စကားပြောဆိုနေသကဲ့သို့ပင်။

တစ်ချိန်တည်းမှာပင်၊ ပျက်စီးခြင်းကောင်းကင်အင်မော်တယ်နယ်မြေရှိ ကျွင်းမိသားစု၏ နယ်မြေအတွင်း၌မူ...

ကျန်းလော့လီက ပန်းရောင်နှင့် အပြာနုရောင် ဝတ်စုံကို ဝတ်ဆင်ထားလျက် လေထဲ၌ ရပ်တန့်နေခဲ့သည်။

သူမ၏ နှုတ်ခမ်းများက ပြုံးနေသော်လည်း ဝမ်းနည်းမှု အရိပ်အယောင်များ စွန်းထင်နေ၏။

ကြည်လင်သော မျက်ရည်စများမှာ သူမ၏ ဖြူဝင်းလှသော ပါးပြင်ပေါ်သို့ စီးကျလာခဲ့လေသည်။

"ကိုကို ရှောင်ယောက်... လော့လီ စောင့်ဆိုင်းနေမယ်နော်။ အချိန်ဘယ်လောက်ပဲကြာကြာ... အမြဲတမ်း စောင့်ဆိုင်းနေမှာပါ။ ကိုကိုနဲ့ မမစန်းယီတို့ လက်ချင်းချိတ်ပြီး ပြန်လည်ရောက်ရှိလာမယ့် နေ့ရက်အထိပေါ့..."

ကျွင်းရှောင်ယောက်က နယ်နိမိတ်ပင်လယ်ကမ္ဘာအတွင်း၌ ပြန်လည်ဝင်စားခြင်းကို ဖြတ်သန်းနေပြီဖြစ်ပြီး ဘဝသစ်ခန္ဓာကို ရရှိတော့မည် ဖြစ်သည်။

သူက မည်ကဲ့သို့သော ပုံစံမျိုးဖြင့် နောက်ဆုံးတွင် ပြန်လည်ရောက်ရှိလာမည်ကို မည်သူမျှ သိရှိထားခြင်း မရှိကြပါချေ။

ကျွင်းမိသားစုသည်လည်း ပြင်ပကမ္ဘာသို့ မည်သည့် သတင်းအချက်အလက်ကိုမျှ ထုတ်ပြန်ကြေညာခြင်း မပြုခဲ့ပါ။

သူတို့က ကျွင်းရှောင်ယောက် အသက်ရှင်နေသလား သို့မဟုတ် သေဆုံးသွားခဲ့ပြီလားဟူသော အချက်ကို ပြောဆိုခြင်း မရှိခဲ့သကဲ့သို့၊ သူ၏ လက်ရှိအခြေအနေကိုလည်း ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါချေ။

၎င်းကို ပြင်ပကမ္ဘာမှ လူများအား သူတို့ဘာသာ ခန့်မှန်းတွေးတောနေစေရန်သာ ပစ်ထားခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင်၊ စန်းမျိုးနွယ်စု အတွင်း၌မူ...

ပြာလွင်သော ဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးက ရှေးဟောင်းကျောက်နံရံကြီးတစ်ခု၏ရှေ့တွင် တင်ပျဉ်ခွေလျက် ထိုင်နေခဲ့သည်။

ထိုရှေးဟောင်းကျောက်နံရံကြီးပေါ်တွင် ရေတွက်၍မရနိုင်သော အလင်းစက်များနှင့် အမှတ်အသားများစွာဖြင့် ပြည့်နှက်နေ၏။

ထိုအလင်းစက်များနှင့် အမှတ်အသားများက အမြဲတမ်း လင်းလက်တောက်ပလျက် စီးဆင်းနေပုံရသည်။

၎င်းတို့က သက်ရှိသတ္တဝါအားလုံး၏ ကံကြမ္မာကြိုးမျှင်များ ဖြစ်နေခဲ့သကဲ့သို့ပင်။

၎င်းတို့ကြားတွင် သေးငယ်သော အနက်ရောင် အစက်အပြောက်လေးတစ်ခု ရှိနေခဲ့သည်။

ဤသေးငယ်သော အမည်းစက်လေးက မည်သည့်အလင်းစက် သို့မဟုတ် အမှတ်အသားလိုင်းကြောင်းများနှင့်မျှ ဆက်နွှယ်နေခြင်း မရှိပါချေ။

၎င်းက သီးခြားခွဲထွက်လျက် တည်ရှိနေပုံရသည်။

ထို့ပြင် ဤသေးငယ်လှသော အမည်းစက်လေးက မည်ကဲ့သို့သောအရာ ဖြစ်သည်ကို ဆုံးဖြတ်နိုင်ရန်လည်း လုံးဝ မဖြစ်နိုင်ချေ။

ထိုစဉ်...

ထိုအမည်းစက်လေးမှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

ကျောက်နံရံကို မျက်နှာမူထားသည့် ပြာလွင်သော ဝတ်စုံဝတ် အဘိုးအိုလည်း ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိ၏။

သူက အံ့အားသင့်နေသော အမူအရာဖြင့် စကားဆိုလိုက်သည်။

"ဒါက ဖြစ်နိုင်မလား... ကျွင်းမိသားစုရဲ့ အဲဒီလူ..."

ဤအဘိုးအိုကား အခြားသူမဟုတ်ဘဲ စန်းမျိုးနွယ်စု၏ ဝေါလ်ဖေ့အရှင် ဖြစ်ပေသည်။

သူသည် ကံကြမ္မာကျောက်နံရံကြီး၏ ရှေ့မှောက်တွင် တင်ပျဉ်ခွေလျက် ထိုင်နေခဲ့ပြီး သက်ရှိသတ္တဝါအားလုံးကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

သူတို့က ကောင်းကင်လမ်းစဥ်၏ ဟန်ချက်ညီမှုကို ခြိမ်းခြောက်နိုင်စွမ်းရှိသော မည်သည့်အရာကိုမဆို အမြဲတမ်း ရှာဖွေနေခဲ့ကြခြင်း ဖြစ်၏။

ယခင်က အမည်းစက်လေးမှာ ထာဝရကွဲလွဲမှုများ၏ဘုရင် ဖြစ်သည်။

၎င်းကို စန်းမျိုးနွယ်စု၏ ဝေါလ်ဖေ့အရှင်က ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပေသည်။

ကမ္ဘာပျက်ကပ်၏ စစ်ပွဲအတွင်း၌၊ ဝေါလ်ဖေ့အရှင်က ထာဝရကွဲလွဲမှုများ၏ဘုရင်မှာ ကျွင်းရှောင်ယောက် ဖြစ်နိုင်ခြေ အလွန်တရာ မြင့်မားသည်ဟု သံသယဝင်ခဲ့ဖူးသည်။

ယခုအခါတွင်မူ ထာဝရကွဲလွဲမှုများ၏ ဘုရင်ကို ကိုယ်စားပြုသော အမည်းစက်လေးမှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီ။

ဤအရာက ညွှန်ပြနေသည်မှာ ထင်ရှားလွန်းလှသည်။

ကျွင်းရှောင်ယောက်က သေဆုံးသွားခဲ့ပြီ။

'ဒါက တကယ်ပဲ အဲဒီလို ဖြစ်သွားတာလား... ဒါကြောင့်မို့လို့ပဲ ကျွင်းမိသားစုက ဘာသတင်းအချက်အလက်မှ ထုတ်မပြောတာ ဖြစ်ရမယ်'

စန်းမျိုးနွယ်စုမှ ဝေါလ်ဖေ့အရှင်က စဉ်းစားလိုက်သည်။

ဤသတင်းမှာ စန်းမျိုးနွယ်စုတစ်ခုလုံးအတွင်းသို့ လျင်မြန်စွာ ပျံ့နှံ့သွား၏။

လူတစ်ယောက်မှာ အလွန်တရာ ပျော်ရွှင်ကျေနပ်လှသော ခံစားချက်မျိုး ဖြစ်ပေါ်နေတော့သည်။

ထိုသူမှာ စန်းမျိုးနွယ်စု၏ ကစဉ့်ကလျားခန္ဓာ ဖေးထျန်းပင် ဖြစ်ပေသည်။

သူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ကျွင်းရှောင်ယောက်... မင်း နောက်ဆုံးတော့ သေသွားခဲ့ပြီပဲ"

"မင်းက ငါ့ရဲ့ ကစဉ့်ကလျားမူလစွမ်းအင် ထက်ဝက်ကို ခိုးယူသွားခဲ့ပေမဲ့ အဲဒါကို ခံစားဖို့ ကံတရား မရှိခဲ့ဘူးပဲ။ အမှန်တကယ်တော့ အကြောင်းနဲ့ အကျိုးက လည်ပတ်နေတာ... ဝဋ်ဆိုတာ ရှောင်လွှဲလို့မရဘူး"

"အခုချိန်ကစပြီး ငါက ဒီရွှေခေတ်မှာ တစ်ဦးတည်းသော ကစဉ့်ကလျားခန္ဓာ ပိုင်ဆိုင်ထားသူအဖြစ် ကျန်ရစ်တော့မယ်"

ဖေးထျန်းက အလွန်တရာ စိတ်လှုပ်ရှားနေခဲ့ရသည်။

သူ့လမ်းကို ပိတ်ဆို့ထားခဲ့သော တောင်ကြီးဖြစ်သည့် ကျွင်းရှောင်ယောက်သာ ပြိုလဲသွားခဲ့ပြီ ဆိုပါက...

သူ့ထံ၌ ကစဉ့်ကလျားမူလစွမ်းအင် ထက်ဝက်သာ နေလျှင်ပင်...

သူက ထပ်မံ နိုးထလာနိုင်ပြီး လောကကို လွှမ်းမိုးနိုင်လိမ့်မည်ဟု သူ ယုံကြည်နေခဲ့ပေသည်။

နောက်ဆုံးတွင် ကျွင်းရှောင်ယောက် သေဆုံးသွားခဲ့ပြီဟူသော သတင်းများ ထွက်ပေါ်လာခဲ့သည်။

မျှော်လင့်ထားခဲ့သည့်အတိုင်းပင်၊ ၎င်းက စန်းမျိုးနွယ်စုထံမှတစ်ဆင့် မြစ်ဖျားခံထွက်ပေါ်လာခြင်း ဖြစ်သည်။

လူများစွာက ဤသတင်းကို ကြားလိုက်ရသောအခါ ကြောင်အမ်းသွားခဲ့ကြရပြီး ယုံကြည်နိုင်စွမ်း မရှိ ဖြစ်ခဲ့ကြရသည်။

သူတို့က အမှန်တရားကို အတည်ပြုရန်အတွက် ကျွင်းမိသားစု၏ နေအိမ်ဆီသို့ သွားရောက်ခဲ့ကြ၏။

ရလဒ်အနေဖြင့်မူ ကျွင်းမိသားစုက ဆိတ်ဆိတ်နေဆဲ ဖြစ်ပြီး မည်သည့်ထုတ်ပြန်ချက်မျှ ထုတ်ပြန်ခြင်း မရှိခဲ့ချေ။

အင်မော်တယ်နယ်မြေရှိ အမျိုးမျိုးသော အင်အားစုများက ကွဲပြားသော သဘောထားများကို ရှိကြသည်။

သို့သော်လည်း လူအများစုမှာမူ သူတို့၏ နှလုံးသားထဲ၌ လေးလံသော ခံစားချက်မျိုး ဖြစ်ပေါ်နေခဲ့ကြရပြီး ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေခဲ့ကြတော့သည်။

ကမ္ဘာပျက်ကပ်၏ ခြိမ်းခြောက်မှုနှစ်ခုလုံးကို ကိုယ်တိုင်ကိုယ်ကျ အဆုံးသတ်ပေးခဲ့သော ကျွင်းရှောင်ယောက်က သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

လူများစွာက မိမိတို့ ဆန္ဒအလိုအလျောက်ပင် လာရောက်အရိုအသေပြုကြတော့သည်။

အချို့သူများဆိုလျှင်၊ ကျွင်းရှောင်ယောက်အား အမှတ်ရစရာအဖြစ် ရည်ရွယ်၍ အထိမ်းအမှတ်အုတ်ဂူတစ်ခုကို အထူးတလည် တည်ဆောက်ခဲ့ကြသည်။

အင်မော်တယ်နယ်မြေမှ သန်းပေါင်းရာချီသော ကျင့်ကြံသူများက ဤအထိမ်းအမှတ်အုတ်ဂူ၏ ရှေ့မှောက်တွင် လာရောက် အရိုအသေပြုကြလေသည်။

အဘိုးအိုတစ်ဦးက ဖယောင်းတိုင်တစ်တိုင်ကို ကိုင်ဆောင်လျက် ဤနေရာတွင် ပူဇော်မှုများနှင့် ဆုတောင်းမှုများကို ပြုလုပ်နေခဲ့သည်။

သူက သက်ပြင်းချပြီး ရေရွတ်လိုက်လေသည်။

"ပြီးဆုံးသွားခဲ့ပြီ... ငါတို့ အင်မော်တယ်နယ်မြေရဲ့ လူင် ဒဏ္ဍာရီတစ်ခုက အဆုံးသတ်သွားခဲ့ပြီပဲ... ဒါက ဒီရွှေခေတ်ရဲ့ ကြီးမားတဲ့ ကြေကွဲဝမ်းနည်းစရာတစ်ခုပဲ..."

"အနာဂတ် အင်မော်တယ်နယ်မြေမှာ ထူးချွန်တဲ့ ပါရမီရှင်တွေနဲ့ တောက်ပတဲ့ ကြယ်ပွင့်တွေ ရှိနေဦးမှာ ဖြစ်ပေမဲ့... ဘယ်သူကမှ နတ်ဘုရားသားတော်လိုမျိုး တောက်ပစွာ လင်းလက်နိုင်တော့မှာ မဟုတ်ပါဘူး..."

လူများစွာမှာလည်း သက်ပြင်းချလျက် ဝမ်းနည်းပူဆွေးနေခဲ့ကြပေသည်။

ကျွင်းရှောင်ယောက် သေဆုံးသွားခဲ့ပြီ ဖြစ်သဖြင့်၊ အင်မော်တယ်နယ်မြေအတွင်း၌ အမှန်တကယ်ပင် တောက်ပလှသော ကြယ်ပွင့်များစွာဖြင့် ပြည့်နှက်နေခဲ့သည်။

ကစဉ့်ကလျားခန္ဓာက အားမာန်များနှင့် ရည်မှန်းချက်များဖြင့် ပြည့်နှက်နေခဲ့ကာ အရပ်မျက်နှာအားလုံးကို စိန်ခေါ်နေခဲ့သည်။

မြေအောက်ကမ္ဘာအတွင်း၌မူ ဆန်းကြယ်လှသော ပါရမီရှင်များ ထပ်မံ၍ ပေါ်ပေါက်လာခဲ့ကြ၏။

ကောလဟာလများအရ၊ ၎င်းတို့က မြေအောက်ကမ္ဘာ၏ စမ်းသပ်ပြုလုပ်ချက်များဖြစ်သော သက်ရှိသတ္တဝါအားလုံး၏ မူလသွေးနှင့် ဆက်စပ်နေသည်။

ရှေးဟောင်းတော်ဝင်မျိုးနွယ်စုအတွင်း၌လည်း ပါရမီရှင်အသစ်များ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာခဲ့ကြသည်။

လောကကြီးကို ဖိနှိပ်ထားခဲ့သော တောင်ကြီးဖြစ်သည့် ကျွင်းရှောင်ယောက်မှာ ပြိုလဲပျက်စီးသွားခဲ့ပြီ။

ထို့နောက်ပိုင်းတွင် ပါရမီရှင်များစွာက စွမ်းရည်များကို ပြသလာနိုင်ခဲ့ကြသည်။

သို့သော်လည်း အင်မော်တယ်နယ်မြေရှိ ကျင့်ကြံသူအားလုံး သိရှိထားကြသည်မှာ မည်သူကမျှ ကျွင်းရှောင်ယောက်ကဲ့သို့သော ဒဏ္ဍာရီမျိုး ဖြစ်လာနိုင်တော့မည် မဟုတ်ပါချေ။

ထိုအချိန်၊ လူတိုင်းက ဝမ်းနည်းပူဆွေးလျက် အလေးပြုနေကြစဉ်...

သူတို့ ပြောဆိုနေကြသော ဒဏ္ဍာရီကြီးမှာ ဒဏ္ဍာရီအသစ်တစ်ခုကို ရေးထိုးရန် ခရီးစတင်နေခဲ့ပြီ ဖြစ်သည်။

All Chapters