အခန်း ၁၆၀၂
Vol. 114 Ch. 1602
အခန်း ( ၁၆၀၂ ) အသန်မာဆုံးသော အခြေခံအုတ်မြစ်ကို ချမှတ်ခြင်း။
ရွှမ်ထျန်းနတ်ဘုရားမင်းဆက်သည်လည်း အတွေ့အကြုံများ ရရှိစေရန်အတွက် ၎င်းတို့၏ ပါရမီရှင်များကို စေလွှတ်မည် ဖြစ်သည်။
သို့သော်လည်း ဦးဆောင်သူက ရွှမ်ထျန်းဧကရာဇ်ငယ် မဟုတ်ချေ။
သူ၏ ညီမငယ်ဖြစ်သူ ယွင်ရှီသာ ဖြစ်သည်။
ဤအရာက လူတိုင်း မျှော်လင့်ထားခဲ့ကြသည့်အတိုင်းပင်။
မည်သူမျှ အံ့ဩခြင်း မရှိတော့ပါ။
ဆန့်ကျင်ဘက်အနေဖြင့်၊ အကယ်၍ ထိုရွှမ်ထျန်းဧကရာဇ်ငယ်က ဤလေ့ကျင့်မှုတွင် ပါဝင်ဆင်နွှဲခဲ့မည်ဆိုမှသာ အံ့ဩစရာ ကောင်းလိမ့်မည် ဖြစ်သည်။
မည်သို့ပင်ဆိုစေ၊ ၎င်းက ရိုးရှင်းသော လေ့ကျင့်ရေးတစ်ခုမျှသာ မဟုတ်ပါလား။
ထို့ကြောင့်၊ ရွှမ်ထျန်းနတ်ဘုရားမင်းဆက်သည် မည်သည့် စစ်အင်အားကိုမျှ စေလွှတ်ခြင်း မပြုခဲ့ချေ။
အဓိပတိတစ်ပိုင်းအဆင့် ကျွမ်းကျင်သူအချို့ကို ဦးဆောင်စေ၍ ထိုဟင်းလင်းပြင်အက်ကြောင်းဆီသို့ သွားရောက်ခဲ့ကြသည်။
ထိုဟင်းလင်းပြင်အက်ကြောင်းက နိုမန်မရဏနယ်မြေ၏ အပြင်ဘက်ဆုံးသော ဧရိယာဆီသို့သာ ဦးတည်နေသင့်သည်။
ထို့ကြောင့်၊ အပြင်သို့ တိုးဝှေ့ထွက်ပေါ်လာကြသော နတ်ဆိုးများမှာ အလွန်တရာ သန်မာခြင်း မရှိကြပါချေ။
ယခုအချိန်အထိ၊ အသန်မာဆုံးသော ဖုတ်ကောင်နတ်ဆိုးက သူတော်စင်အဆင့်တွင်သာ ရှိသေးသည်။
ထို့ကြောင့်ပင် အမျိုးမျိုးသော အင်အားစုများက ပါရမီရှင်များအား သွားရောက်၍ အတွေ့အကြုံများ ရယူခွင့်ပြုရန် စိတ်အေးလက်အေး ရှိနေခဲ့ကြခြင်း ဖြစ်သည်။
ယခုအကြိမ်တွင်၊ ရွှမ်ထျန်းနတ်ဘုရားမင်းဆက်က ပါရမီရှင်အနေဖြင့် ယွင်ရှီတစ်ယောက်တည်းကိုသာ စေလွှတ်ခဲ့ခြင်း မဟုတ်ပါချေ။
ထိုနေရာတွင် အခြားသော လူငယ်ပါရမီရှင်တစ်ဦးလည်း ရှိနေခဲ့သေးသည်။
သူကား ရွှမ်ထျန်းနတ်ဘုရားမင်းဆက် စစ်သူကြီး၏ သားဖြစ်သူ ရှန်းလဲ့ ဖြစ်သည်။
သူသည် စစ်နတ်ဘုရားသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပြီး ထူးထူးကဲကဲ သန်မာသူတစ်ဦး ဖြစ်ပေသည်။
ယွင်ရှီ မထွက်ပေါ်လာခင်က ရှန်းလဲ့မှာ ရွှမ်းထျန်းနတ်ဘုရားမင်းဆက်တွင် အကျော်ကြားဆုံးသော ပါရမီရှင် ဖြစ်ခဲ့သည်။
ထိုဧကရာဇ်ငယ် ယွင်ရှောင်နှင့် ပတ်သက်၍မူ...
သူ၏ ကျော်ကြားမှုမှာ ဤလူငယ်များနှင့် နှိုင်းယှဉ်၍မရနိုင်လောက်အောင် ကွာခြားလွန်းလှသည်။
ရှန်းလဲ့က စစ်နတ်ဘုရားသွေးဖြင့် ရွှမ်ထျန်းနတ်ဘုရားမင်းဆက်၏ ထိပ်သီးပါရမီရှင်များထဲမှ တစ်ဦးဖြစ်ရန် အမှန်တကယ် အရည်အချင်း ရှိသည်။
ယွင်ရှီ ရောက်ရှိလာသည်ကို မြင်ရသောအခါ ရှန်းလဲ့က သူမအား နှုတ်ဆက်ရန်အတွက် အလျင်အမြန် လျှောက်လာခဲ့လေသည်။
"မင်းသမီး ယွင်ရှီကို နှုတ်ခွန်းဆက်ပါတယ်"
ဤအခိုက်တွင်၊ ယွင်ရှီက ဓားသန္ဓေကို ရရှိထားခဲ့ခြင်းကြောင့် စိတ်ခံစားချက်များ အလွန်တရာ ကောင်းမွန်နေပုံရသည်။
သူက ရှန်းလဲ့ကို ပြုံးပြလိုက်ရင်း ဆိုလိုက်လေသည်။
"ရှန်းလဲ့... ရှင် ဒီတစ်ခေါက်မှာ ရွှမ်ထျန်းနတ်ဘုရားမင်းဆက်ရဲ့ မျက်နှာကို မပျက်စေနဲ့နော်"
ရှန်းလဲ့မှာ ငေးမောသွားရသည်။
အကြောင်းမူ၊ ယခုအချိန်တွင် တောက်ပလှသော အပြုံးများဖြင့် ယွင်ရှီ လူတို့ကို အသက်ရှူရပ်တန့်သွားစေနိုင်လောက်သည့် အလှအပမျိုး ပိုင်ဆိုင်ထားသောကြောင့်ပင်။
သူမအနေဖြင့် ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမနန်းတော်၏ သူတော်စင်ငယ် ပိုင်ရွယ်ဝေကို ဖိနှိပ်ထားနိုင်ခဲ့ပြီး မျိုးဆက်သစ်လူငယ်များ၏ နတ်ဘုရားမအဆင့် မိန်းမလှလေးတစ်ဦး ဖြစ်လာနိုင်ခဲ့ခြင်းမှာ အံ့ဩစရာ မရှိတော့ပါ။
"ဘာဖြစ်လို့လဲ"
ရှန်းလဲ့တစ်ယောက် ငေးမောနေသည်ကို မြင်ရသောအခါ ယွင်ရှီက မေးလိုက်သည်။
ဤအခိုက်တွင်၊ သူမ၏ ကိုယ်ပိုင်ဆွဲဆောင်မှုများကို လုံးဝ သတိပြုမိပုံမရပေ။
"ဘာမှ... ဘာမှမဟုတ်ပါဘူး။ ဒါနဲ့ ဧကရာဇ်ငယ်က ဒီတစ်ကြိမ်မှာလည်း သီးသန့်ကျင့်ကြံခြင်းကနေ ထွက်မလာသေးဘူးလား"
ရှန်းလဲ့က စကားလမ်းကြောင်း လွှဲလိုက်သည်။
"မလာပါဘူး၊ ဒါပေမဲ့..."
ယွင်ရှီသည် မူလက ဓားသန္ဓေအကြောင်းကို ပြောလိုသော်လည်း ရုတ်တရက် ရပ်တန့်လိုက်မိသည်။
ဤအရာက သူနှင့် သူ၏ အစ်ကိုဖြစ်သူကြားက လျှို့ဝှက်ချက်တစ်ခုပင် မဟုတ်ပါလား။
"ဟုတ်ပါပြီ"
ရှန်းလဲ့က ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့... ဧကရာဇ်ငယ်က အမြဲတမ်း ဒီလောက်ထိ လူမသိသူမသိ နေထိုင်လွန်းတာက ကျုပ်တို့ရဲ့ နတ်ဘုရားမင်းဆက်အတွက် ကောင်းမွန်တဲ့ အခြေအနေမျိုး မရှိနိုင်ဘူး..."
ရှန်းလဲ့က သူ့ဘာသာသူ တစ်ယောက်တည်းပြောသလို ပြောလိုက်၏။
ရုတ်တရက်၊ သူသည် အေးစက်မှုတစ်ခုကို ခံစားလိုက်ရသည်။
ယခုလေးတင် ပြုံးရွှင်နေခဲ့သော မိန်းကလေးငယ်၏ တောက်ပသော မျက်ဝန်းများထဲတွင် ယခုအခါ အေးစက်မှုအရိပ်အယောင်များ ထွက်ပေါ်နေခဲ့ပြီ ဖြစ်သည်။
"ရှန်းလဲ့... ရှင့်အနေနဲ့ အစ်ကို့အကြောင်းကို နောက်ကွယ်ကနေ အတင်းအဖျင်းမပြောတာက ပိုကောင်းလိမ့်မယ်"
မိန်းကလေး၏ ရုတ်တရက် ပြောင်းလဲသွားသော အမူအရာက ရှန်းလဲ့ကို တုန်လှုပ်သွားစေခဲ့သည်။
"တောင်းပန်ပါတယ်... ကျုပ် ဘောင်ကျော်သွားခဲ့မိတယ်"
"ဒါပေမဲ့လည်း ကျုပ်က ဒီလေ့ကျင့်မှုတစ်လျှောက်လုံးမှာ မင်းသမီးကို သေချာပေါက် ကာကွယ်ပေးသွားမှာပါ"
ရှန့်လဲ့က အခိုင်အမာ ပြောလိုက်သည်။
စင်စစ်တွင်၊ သူက ကိုယ်ပိုင်ရည်ရွယ်ချက်များ ရှိနေခဲ့ခြင်း ဖြစ်သည်။
အကယ်၍၊ ယွင်ရှီကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့မည်ဆိုပါက...
၎င်းက သူ့အား ရွှမ်ထျန်းနတ်ဘုရားမင်းဆက်၏ သမက်တော်တစ်ဦး ဖြစ်လာစေမည် မဟုတ်ပါလော။
ထို့ပြင် ရွှမ်ထျန်းနတ်ဘုရားမင်းဆက်တစ်ခုလုံးရှိ ခေတ်ပြိုင်မျိုးဆက်လူငယ်များအားလုံးထဲတွင် သူမ၏ အသက်အရွယ်နှင့်အမျှ သူ့အား ယှဉ်ပြိုင်နိုင်စွမ်းရှိတစ်ဦးကို ရှာဖွေတွေ့ရှိရန်မှာ အခြေခံအားဖြင့် မဖြစ်နိုင်ပါ။
ယွင်ရှီအနေဖြင့် အခြားသော အင်မော်တယ်အင်အားစုကြီးတစ်ခုခုမှ ပါရမီရှင်တစ်ဦးနှင့် လက်ထပ်ထိမ်းမြားခြင်း မပြုခဲ့ပါက...
ရွှမ်ထျန်းနတ်ဘုရားမင်းဆက်အတွင်း၌ သူမှတစ်ပါး အခြားသော ရွေးချယ်စရာ လူငယ်ပါရမီရှင်မျိုး အခြေခံအားဖြင့် ရှိမနေခဲ့ပါချေ။
သို့သော်လည်း ရှန်းလဲ့၏ မြှောက်ပင့်ပြောဆိုမှုများကို ရင်ဆိုင်လိုက်ရသည့် အချိန်တွင်...
ယွင်ရှီက နူးညံ့သေးသွယ်သော လက်ဖဝါးအစုံဖြင့် သူမ၏ ရင်ဘတ်ထံသို့ အလိုလို ဖိကပ်လိုက်မိသည်။
သူမ၏ အဝတ်အစားအတွင်းမှာတော့ ဓားသန္ဓေတစ်ခု ရှိနေခဲ့၏။
သူသည် သူ့အစ်ကိုကြီး၏ မွေးရာပါ ဧကရာဇ်လက်နက်ဖြင့် ကာကွယ်စောင့်ရှောက်မှုကို ခံယူထားခဲ့ပြီးသား ဖြစ်သည်။
သူမအနေဖြင့် ရှန်းလဲ့၏ ကာကွယ်စောင့်ရှောက်မှုများကို လိုအပ်နေပါဦးမည်လော။
ထို့နောက်တွင်၊ ရွှမ်ထျန်းနတ်ဘုရားမင်းဆက်မှ လူစုက ကြယ်သင်္ဘောကြီးတစ်စင်းပေါ်သို့ တက်ရောက်ခဲ့ကြသည်။
သူတို့က ရွှမ်းရှန့်ရှေးဟောင်းဂြိုဟ်မှတစ်ဆင့် ပျံသန်းထွက်ခွာပြီး မြောက်ဘက်ဆီသို့ ဦးတည်ထွက်ခဲ့ကြတော့သည်။
ယွင်ရှီနှင့် အခြားသူများ ထွက်ခွာသွားပြီးသည့်နောက်...
ရွှမ်ထျန်းနတ်ဘုရားမင်းဆက်၏ ရွှမ်းထျန်းနန်းတော်အတွင်း၌ ဖြစ်သည်။
အကန့်အသတ်မဲ့ အင်မော်တယ် စွမ်းအင်စီးကြောင်းများက စီးဆင်းလှုပ်ရှားနေခဲ့ကြပြီး ဝဲဂယက်သဖွယ် လည်ပတ်နေခဲ့ကြပေသည်။
ရွှမ်ထျန်းနန်းတော်၏ အတွင်းပိုင်းတစ်ခုလုံးမှာ နတ်ဘုရားတို့၏ နယ်ပယ်တစ်ခုကဲ့သို့ ဖြစ်ခဲ့သည်။
ရွှမ်ထျန်းနန်းတော်၏ အနက်ရှိုင်းဆုံးနေရာတွင်မူ...
ဝတ်စုံဖြူ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက ထိုနေရာတွင် တင်ပျဉ်ခွေထိုင်နေသည်။
သူက ဝတ်စုံဖြူဝတ် လူငယ်လေးတစ်ဦး ဖြစ်ပြီး သူ့မျက်နှာကို ဆန်းကြယ်သော မြူခိုးများဖြင့် ဖုံးကွယ်ခြင်း ခံထားရပေသည်။
သို့သော်လည်း တစ်စုံတစ်ဦးအနေဖြင့် မျက်နှာသွင်ပြင် ထောင့်စွန်းတစ်ခုကို ဝေဝါးစွာ ကြည့်ရှုနိုင်ဆဲ ဖြစ်သည်။
၎င်းက ချောမောခန့်ညားကာ အပြစ်ဆိုဖွယ်မရှိအောင် သန့်စင်လွန်းသဖြင့် သေမျိုးကမ္ဘာသို့ ဆင်းသက်လာခဲ့သော အစစ်အမှန်အင်မော်တယ်တစ်ဦးကဲ့သို့ပင် ဖြစ်နေတော့သည်။
ထူးခြားသော အရှိန်အဝါများနှင့် မြူခိုးများမှာလည်း သူ့အား ဝန်းရံလျက် ဝဲလည်နေခဲ့ကြသည်။
ယခင်က ရှန်းလဲ့နှင့် နှိုင်းယှဉ်ပါက...
သူတို့သည် မိုးနှင့်မြေကဲ့သို့ ကွာခြားလွန်းလှသဖြင့် အခြေခံအားဖြင့် နှိုင်းယှဉ်ရန်ပင် မဖြစ်နိုင်ပါချေ။
တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံးတွင်၊ မည်သည့်ပါရမီရှင်မျှ ဤဝတ်စုံဖြူဝတ် ပုံရိပ်နှင့် နှိုင်းယှဉ်နိုင်စွမ်း မရှိကြပါ။
နှိုင်းယှဉ်ရန် ကြိုးပမ်းခြင်းကပင်လျှင် စော်ကားမှု ပုံစံတစ်ခု ဖြစ်လာပေလိမ့်မည်။
သူသည် တောင်ပိုင်းကြယ်စင်စုလောက၏ မည်သည့် ပါရမီရှင်များနှင့်မဆို နှိုင်းယှဉ်၍မရနိုင်လောက်သော တည်ရှိမှုတစ်ခု ဖြစ်သည်။
ယခုအချိန်တွင်မူ၊ ခန့်ညားချောမောလှသော ထိုဝတ်စုံဖြူဝတ် လူငယ်က သက်ပြင်းချလိုက်မိသည်။
"တစ်ဆယ့်ငါးနှစ်တောင် ရှိသွားခဲ့ပြီပဲ..."
ဤလူငယ်ကား အခြားသူမဟုတ်ဘဲ ဘဝသစ်တစ်ခုသို့ ပြောင်းလဲမွေးဖွားလာခဲ့သော ကျွင်းရှောင်ယောက် ပင် ဖြစ်ပေသည်။
ပြန်လည်မွေးဖွားလာခဲ့သည့် အချိန်မှစ၍ ရေတွက်မည်ဆိုပါက တစ်ဆယ့်ငါးနှစ်တိုင်တိုင် ရှိခဲ့ပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်က တစ်ကိုယ်တည်း သီးသန့်ကျင့်ကြံခြင်းကိုသာ အမြဲပြုလုပ်နေခဲ့ပေသည်။
ထို့ကြောင့် ရွှမ်ထျန်းနတ်ဘုရားမင်းဆက်၏ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေထံတွင် တစ်စုံတစ်ရာသော ပြဿနာများ ကြုံတွေ့နေရခြင်း ဖြစ်နိုင်သည်ဟု ကောလာဟလများပင် ပျံ့နှံ့လာခဲ့ရသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်တစ်ဦးတည်းသာ သိရှိထားပေသည်။
ဤတစ်ဆယ့်ငါးနှစ်တာကာလအတွင်း သူသည် အင်မော်တယ်ဓာတ်စွမ်းအင်များဖြင့် အချိန်ပြည့် ကျင့်ကြံခြင်းများ ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။
သူ၏ အတွင်းစကြဝဠာအတွင်း၌ အိပ်မက်ဧကရာဇ် ပေးအပ်ထားခဲ့သော အင်မော်တယ်စမ်းရေတွင်း ရှိနေသေးသည်။
သူ နယ်နိမိတ်ပင်လယ်အတွင်းသို့ ပြန်လည်မွေးဖွားခြင်း မပြုမီအချိန်မတိုင်ခင်က၊ ကျွင်းမျိုးနွယ်စုသည်လည်း အင်မော်တယ်တံခါးမှတစ်ဆင့် သူတို့ရရှိထားခဲ့ကြသော အင်မော်တယ်ဓာတ်စွမ်းအင် မြောက်မြားစွာကို သူ့ထံသို့ ပေးအပ်ခဲ့ကြသည်
ထို့ကြောင့်၊ ကျွင်းရှောင်ယောက်အနေဖြင့် အခြေခံအားဖြင့် ကျင့်ကြံခြင်း အရင်းအမြစ်များ ပြတ်လတ်မှု လုံးဝ မရှိခဲ့ပါချေ။
ထို့ကြောင့်ပင် သူက တစ်ဆယ့်ငါးနှစ်တိုင်တိုင် တစ်ကိုယ်တည်း သီးသန့်ကျင့်ကြံခြင်းကို ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သူက ရွှမ်ထျန်းနတ်ဘုရားမင်းဆက်ထံမှတစ်ဆင့် မည်သည့် ကျင့်ကြံခြင်းအရင်းအမြစ် တစ်ခုကိုမျှ တောင်းဆိုခဲ့ခြင်း မရှိခဲ့ပါချေ။
မွေးဖွားလာကတည်းက၊ သူသည် အင်မော်တယ်ဓာတ်စွမ်းအင်များကို စုပ်ယူပြီး ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။
၎င်းက မည်မျှအထိ ဖြုန်းတီးလွန်းရာကျသနည်း။
နယ်နိမိတ်ပင်လယ်တစ်ခုလုံးတွင်၊ ကျွင်းရှောင်ယောက်ကဲ့သို့ ဖြုန်းတီးလွန်းသူ အခြေခံအားဖြင့် ရှိမနေခဲ့ပါဟုသာ ပြောနိုင်သည်။
ငယ်စဉ်ဘဝမှစ၍ ကြီးပြင်းလာသည့်အချိန်အထိ အင်မော်တယ်ဓာတ်စွမ်းအင်များကို အသုံးပြု၍ ကျင့်ကြံနိုင်လောက်သည်အထိ မည်သူမျှ ဖြုန်းတီးနိုင်စွမ်း ရှိကြလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ကျွင်းရှောင်ယောက်အနေဖြင့်မူ မည်သည့် နှမြောတသမှုမျိုးမျှ ရှိမနေခဲ့ပါ။
သူက သူကိုယ်တိုင်အတွက် အသန်မာဆုံးသော အခြေခံအုတ်မြစ်ကို ချမှတ်လိုခြင်း ဖြစ်သည်။
ထို့ပြင် ၎င်းက လက်တွေ့တွင်လည်း အမှန်တကယ်ပင် ဤကဲ့သို့ ဖြစ်နေခဲ့ပေသည်။
ယခင်က ကျွင်းရှောင်ယောက်သည် ပြီးပြည့်စုံသော ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့်အတူ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ လျှောက်လှမ်းခဲ့သည်။
ယခုအခါတွင်မူ၊ သူက မွေးရာပါ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေကို ပိုင်ဆိုင်ထားရုံမျှမကဘဲ၊ အင်မော်တယ်ဓာတ်စွမ်းအင်များ၏ ကျင့်ကြံခြင်းများနှင့်လည်း ပေါင်းစပ်ထားခဲ့သေးသည်။
သူ၏ အခြေခံအုတ်မြစ်က လုံးဝ ကွဲပြားခြားနားသော အဆင့်တွင် ရှိနေခဲ့ကြပြီ ဖြစ်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်ကမူ သူ မည်မျှအထိ သန်မာနေသလဲဟူသောအချက်ကို ဂရုစိုက်ခြင်း မရှိပါချေ။
သူ့အတွက် အသန်မာဆုံးဟူ၍ မရှိပါ။
ပိုမို၍ သန်မာလာခြင်းသာ ရှိသည်။
မည်သူမျှ သူ့အား နှိုင်းယှဉ်နိုင်စွမ်း မရှိကြသဖြင့်၊ ကျွင်းရှောင်ယောက်က သဘာဝအတိုင်း အပြင်သို့ထွက်၍ အခြားသော ပါရမီရှင်များနှင့် ပြိုင်ဆိုင်ရန် ပျင်းရိနေခဲ့သည်။
နောက်ဆုံးမှာတော့ ဤအရာက သူ့အချိန်များကို ဖြုန်းတီးရာ ရောက်လိမ့်မည်။
တစ်ဆယ့်ငါးနှစ်တာ တစ်ကိုယ်တည်းသီးသန့်ကျင့်ကြံခြင်းက သူ၏ ယခင် အထွတ်အထိပ်အဆင့်အတန်းဆီသို့ အလျင်အမြန် ပြန်လည်ရောက်ရှိနိုင်ရန်အတွက် ကြိုးပမ်းမှုတစ်ခုလည်း ဖြစ်သည်။
သူက ကျန်းစန်းယီ၏ ဝိညာဉ်လေးခုကို ရှာဖွေလိုနေခြင်း ဖြစ်၏။
သူ့ထံ၌ ဖြုန်းတီးပစ်ရန်အတွက် အချိန်များစွာ ရှိမနေခဲ့ပါချေ။
ဤနည်းဖြင့် သူ တစ်ဆယ့်ငါးနှစ်တိုင်တိုင် အများပြည်သူရှေ့သို့ ပေါ်ထွက်လာခဲ့ခြင်း မရှိသည့်အပေါ် သူထံတွင် ပြဿနာတစ်ခုခု ရှိနေခြင်း ဖြစ်ရမည်ဟူသော ကောလာဟလများ ပျံ့နှံ့သွားစေခဲ့ခြင်း ဖြစ်သည်။
တကယ်တော့ ၎င်းက ရယ်စရာကောင်းလွန်းလှပေသည်။
ထို့ပြင်၊ တစ်ကိုယ်တည်း သီးသန့်ကျင့်ကြံနေစဉ် အချိန်အတွင်းမှာပင်...
ကျွင်းရှောင်ယောက်က နယ်နိမိတ်ပင်လယ်အတွင်းရှိ ကျင့်ကြံခြင်း ပတ်ဝန်းကျင်က အင်မော်တယ်နယ်မြေထက် များစွာ သာလွန်ပြီး ကောင်းကင်ကိုးပါးနှင့်ပင် နှိုင်းယှဉ်နိုင်စွမ်း ရှိကြောင်း သတိပြုမိခဲ့သည်။
ထို့ထက် ပို၍ အရေးကြီးသည်မှာ၊ နယ်နိမိတ်ပင်လယ်အတွင်းရှိ မိုးနှင့်မြေ အနှစ်သာရများထဲတွင် အမှန်တကယ်ပင် မြောက်မြားစွာသော နိယာမအပိုင်းအစများ ပါဝင်နေခြင်း ဖြစ်သည်။
ဤနိယာမအပိုင်းအစများမှာ ကမ္ဘာကြီးတစ်ခု မွေးဖွားလာပြီး ပျက်စီးသွားပြီးနောက်တွင် ကျန်ရစ်ခဲ့သော အကြွင်းအကျန်များနှင့် တူညီမှုရှိပေသည်။
တစ်ဆယ့်ငါးနှစ်တာ တစ်ကိုယ်တည်းသီးသန့်ကျင့်ကြံခြင်း အတွင်း...
ကျွင်းရှောင်ယောက် နားလည်သဘောပေါက်ခဲ့သော နိယာမများ၏ အရေအတွက်မှာ တစ်ရာ့ငါးဆယ်မှ နှစ်ရာ အထိ တိုးတက်လာခဲ့သည်။
တစ်ဆယ့်ငါးနှစ်အတွင်းမှာ နိယာမ ငါးဆယ် တိုးတက်လာခြင်းက တကယ်ကို အံ့မခန်းပင်။
အင်မော်တယ်နယ်မြေအတွင်း၌ တစ်စုံတစ်ဦးက ဆယ်ငါးနှစ်တိုင်တိုင် တစ်ကိုယ်တည်းသီးသန့်ကျင့်ကြံခြင်း ပြုလုပ်ခဲ့လျှင်ပင်၊ နိယာမတစ်ခုတည်းကို နားလည်သဘောပေါက်နိုင်ရန် ခက်ခဲမည် ဖြစ်သည်။
၎င်းက ကွာခြားချက်ပင်။
တစ်နည်းအားဖြင့်၊ ကျွင်းရှောင်ယောက်အနေဖြင့် နယ်နိမိတ်ပင်လယ်အတွင်း၌ ဆက်လက်၍ ကျင့်ကြံနေသရွေ့ နိယာမများအပေါ် သူ၏ နားလည်သဘောပေါက်မှုများမှာ ဆက်လက်၍ တိုးတက်နေဦးမည် ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ ပန်းတိုင်မှာ နိယာမသုံးထောင်လုံးကို နားလည်သဘောပေါက်ရန် ဖြစ်သည်။
ဤတွင်၊ နယ်နိမိတ်ပင်လယ်က နိယာမများကို ကျင့်ကြံရန်အတွက် အသင့်တော်ဆုံးသော နေရာဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ဤနေရာရှိ ပါရမီရှင်များက အင်မော်တယ်နယ်မြေရှိ လူများထက် နိယာမများကို အသုံးပြုသည့်နေရာတွင် ပိုမို ကျွမ်းကျင်ကြသင့်သည်။
ယင်းက ကျွင်းရှောင်ယောက်ကို ပို၍ပင် သိလိုစိတ်ပြင်းပြလာစေခဲ့ပေသည်။
နယ်နိမိတ်ပင်လယ်က စင်စစ်တွင် မည်ကဲ့သို့ မွေးဖွားတည်ရှိလာခဲ့ခြင်း ဖြစ်သနည်း။
မိုးနှင့်မြေ၏ အနှစ်သာရများထဲတွင်ပင် နိယာမအပိုင်းအစများ ပါဝင်နေခဲ့ရသည်။
ဤကဲ့သို့သော ကောင်းမွန်သည့် ကျင့်ကြံခြင်း ပတ်ဝန်းကျင်ကြောင့်ပင် ကျွင်းရှောင်ယောက်အနေဖြင့် ဤဘဝသစ်တွင် သူ၏ ကျင့်ကြံခြင်းအရှိန်မှာ ပို၍ ထိတ်လန့်ဖွယ်ကောင်းလာလိမ့်မည်ဟု ခံစားလိုက်ရပေသည်။
သူက အချိန်တိုအတွင်းမှာတင် အင်မော်တယ်နယ်မြေဆီသို့ သေချာပေါက် ပြန်လည်ရောက်ရှိနိုင်လိမ့်မည်ဟု ခံစားခဲ့ရသည်။
ကစဉ့်ကလျားခန္ဓာနှင့် ပတ်သက်၍မူ စိုးရိမ်ပူပန်နေရန် မလိုချေ။
ကျွင်းရှောင်ယောက်အနေဖြင့် ကျင့်ကြံခြင်းတွင် အာရုံစိုက်နေသရွေ့တော့...
အခြားသော ခန္ဓာကိုယ်တစ်ခုက မည်သည့်အရာကိုမျှ လုပ်ဆောင်ခြင်း မပြုခဲ့သည့်တိုင်အောင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ဆက်လက်၍ တိုးတက်နေဦးမည် ဖြစ်သည်။
ကျွင်းရှောင်ယောက်အနေဖြင့် နယ်နိမိတ်ပင်လယ်အတွင်းသို့ ပြန်လည်မွေးဖွားရန်အတွက် ရွေးချယ်ခဲ့ခြင်းမှာ မှန်ကန်သည်ဟု ဆိုရမည်။
သူ၏ ဤဘဝသစ်ခန္ဓာကိုယ်က သူ၏ ယခင်ခန္ဓာကိုယ်ထက် အခြေခံအုတ်မြစ်ပိုင်းတွင်ဖြစ်စေ သို့မဟုတ် အခြားအခြေအနေများတွင်ဖြစ်စေ များစွာ ပိုမို သန်မာသည်။
ထို့ပြင်၊ ကျွင်းရှောင်ယောက်အနေဖြင့် ကံကြမ္မာကျင့်စဉ်ငယ်ကို အသုံးပြုခဲ့ခြင်းကြောင့် ဆုံးရှုံးသွားခဲ့ရသော သက်တမ်းများမှာလည်း အပြည့်အဝ ပြန်လည်ပြည့်ဝသွားခဲ့ပြီ။
၎င်းက ယခင်ကထက်ပင် ပို၍ သန်မာနေခဲ့သေးသည်။
ကံတရားများ ဆုံးရှုံးသွားခဲ့ရခြင်းနှင့် ပတ်သက်၍မူ၊ ကျွင်းရှောင်ယောက်အနေဖြင့် များစွာ ဂရုစိုက်ခြင်း မရှိပါချေ။
ရွှမ်ထျန်းနတ်ဘုရားမင်းဆက်တွင် မွေးဖွားလာခဲ့သည့် အချက်ကို ကြည့်ခြင်းအားဖြင့်၊ သူ၏ ကံတရားမှာ ဆိုးရွားစွာ ထိခိုက်ခံလိုက်ရခြင်းမျိုး ရှိပုံမရပေ။
ထို့ပြင်၊ ဤဘဝသစ်မှ သူ၏ ဖခင်ဖြစ်သူမှာလည်း အလွန်တရာ ကြီးမားသော နောက်ခံနောက်ကြောင်းကို ပိုင်ဆိုင်ထားပုံရသည်။
'ငါ အရင်က ကံကောင်းခြင်းရဲ့သားတော် အမြောက်အမြားကို သတ်ဖြတ်အနိင်ယူခဲ့တာကြောင့် ငါ့ရဲ့ ကံတရားတွေက စိတ်ကူးလို့တောင်မရနိုင်လောက်တဲ့ အဆင့်အထိ စုစည်းမိသွားခဲ့တာကြောင့်များလား'
ကျွင်းရှောင်ယောက်အနေဖြင့် ဤသို့သာ တွေးတောနိုင်ခဲ့သည်။
ထိုစဉ်...
ရုတ်တရက်၊ ကျွင်းရှောင်ယောက်၏ စိတ်အာရုံအတွင်း၌ အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့သော စနစ်၏ စက်ရုပ်ဆန်ဆန် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဒင်... လက်မှတ်ထိုးဝင်ဖို့ နေရာအသစ်တစ်ခုကို ပြင်ဆင်ပြီးပါပြီ။ ကျေးဇူးပြုပြီး ဟင်းလင်းပြင်အက်ကြောင်းမှာ လက်မှတ်ထိုးဝင်ပါ"
ကျွင်းရှောင်ယောက်၏ မျက်ဝန်းများထဲတွင် တောက်ပသော အလင်းရောင်တစ်ခု ဖြတ်သန်းသွားခဲ့တော့သည်။