← Chapters

အခန်း ၁၆၀၄

Vol. 114 Ch. 1604

အခန်း ၁၆၀၄

Vol. 114 Ch. 1604

အခန်း ( ၁၆၀၄ ) အာဒိကပ္ပ ခရမ်းရောင်ချီမျိုးစေ့ကို စိုက်ပျိုးခြင်း။

ကျွင်းရှောင်ယောက်က တစ်ကိုယ်တည်း တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာခဲ့ခြင်းမှာ အချိန်တိုအတွင်းမှာတော့ ပြင်ပလောကကြီးအား ထိတ်လန့်တုန်လှုပ်စေခဲ့ခြင်းမျိုး မရှိပါချေ။

ကျွင်းရှောင်ယောက်က ပထမဆုံးအကြိမ်အဖြစ် လေ့ကျင့်မှုခရီးစဉ်တစ်ခုသို့ သွားရောက်မည်ဖြစ်၍ ရွှမ်ထျန်းဧကရီက မည်သူတစ်ဦးတစ်ယောက်မျှ သူ့အား နှောင့်ယှက်ခြင်းမျိုး မရှိစေလိုသောကြောင့် ဖြစ်ပေသည်။

ထို့ကြောင့် ဤသတင်းကို ယာယီအားဖြင့် ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ၊ အချိန်တန်လျှင် လူတိုင်းက မွေးရာပါ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ၏ တောက်ပလှသော အလင်းရောင်များကို သေချာပေါက် တွေ့မြင်ကြလိမ့်မည်။

ရွှမ်းရှန့်ရှေးဟောင်းဂြိုဟ်၏ ပြင်ပရှိ ကြယ်ကောင်းကင်ယံ၌ ဖြစ်သည်။

ကျွင်းရှောင်ယောက်က ကြယ်သင်္ဘောကြီး၏ ကုန်းပတ်ထက်တွင် လက်နှစ်ဖက်ကို နောက်သို့ယှက်ကာ ရပ်နေခဲ့သည်။

အတိုင်းအဆမရှိ ကျယ်ပြောသော ဟင်းလင်းပြင်အား လှမ်းမျှော်ကြည့်ရှုလိုက်ရင်း...

သူ၏ မျက်ဝန်းများထဲတွင် နက်ရှိုင်းသော အရိပ်အယောင်များ ထွက်ပေါ်လာခဲ့ရပေသည်။

နောက်ဆုံးတွင်၊ ဤနယ်နိမိတ်ပင်လယ်အတွင်းသို့ တရားဝင် ခြေလှမ်းလှမ်းရမည့်အချိန် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

သူ၏ ဘေးတစ်ဖက်တွင်မူ၊ ယဲ့လျိုလီက တိတ်ဆိတ်စွာ မတ်တပ်ရပ်နေလေသည်။

ဝတ်စုံဖြူကို ဝတ်ဆင်ထားသော ထိုပုံရိပ်၏ နောက်ကျောပြင်ကို ကြည့်ရှုလိုက်ရင်း၊ ယဲ့လျိုလီ၏ မျက်ဝန်းများမှာ အနည်းငယ် အရောင်လက်နေမိသည်။

ဤလူငယ်က ကောလာဟလများထဲက စိုးရိမ်ပူပန်မှုကင်းမဲ့၍ တာဝန်မဲ့လွန်းသော ဧကရာဇ်ငယ်လေးလား။

မြင့်မြတ်ခန္ဓာ တာအိုသန္ဓေကို ပိုင်ဆိုင်ထားသော ဤရွှမ်ထျန်းဧကရာဇ်ငယ်လေးက မည်မျှ ထူးခြားဆန်းပြားလွန်းသလဲဆိုတာကို မည်သူမျှ မသိရှိထားကြပါချေ။

'အပြင်လူတွေကတော့ တကယ်ကို အထင်မှားနေကြပြီ'

ယဲ့လျိုလီက နှလုံးသားထဲမှ သက်ပြင်းချလိုက်သည်။

ထိုစဉ်၊ သူက ရုတ်တရက် ထူးခြားဆန်းကြယ်သော အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်သည်။

၎င်းက အမှန်တကယ်ပင် ထိုဧကရာဇ်ငယ်လေးထံမှ ဖြစ်ပြီး ခရမ်းရောင်တောက်ပနေသော မျိုးစေ့တစ်ခုကို ထုတ်ယူလိုက်ခြင်း ဖြစ်၏။

ထိုမျိုးစေ့က ဝေဝါးပြီး ဆန်းကြယ်သော ခရမ်းရောင်ချီအရှိန်အဝါများဖြင့် ဖုံးလွှမ်းခြင်း ခံထားရသည်။

ယဲ့လျိုလီ၏ မျက်ဝန်းများမှာ အံ့ဩမှုများကြောင့် အနည်းငယ် ဝိုင်းသွားရလေသည်။

သူမအနေဖြင့် ထိုမျိုးစေ့များက မည်သည့်အရာ ဖြစ်ကြောင်း မသိရှိသော်လည်း...

အလွန်တရာ ရှားပါးပြီး အဖိုးတန်မည်ဖြစ်ကြောင်းကိုမူ သဘာဝအတိုင်း သိရှိထားသည်။

သို့သော်လည်း၊ နောက်အခိုက်တွင်...

ပို၍ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

၎င်းမှာ ဧကရာဇ်ငယ်လေးက ခရမ်းရောင်တောက်ပနေသော ဆန်းကြယ်သည့် ထိုမျိုးစေ့ကို၊ ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာဆီသို့ တိုက်ရိုက် လွှင့်ပစ်လိုက်ခြင်းပင်။

"ဧကရာဇ်ငယ်... ဒါက..."

ယဲ့လျိုလီ အလိုအလျောက် စကားဆိုလိုက်မိသည်။

ကျွင်းရှောင်ယောက်က ဘာမျှမပြောပေ။

မျက်စိတစ်မှိတ်အတွင်းမှာတင်၊ ယဲ့လျိုလီ၏ စိတ်ကူးအတွင်းရှိ ကျွင်းရှောင်ယောက်၏ ပုံရိပ်က ပိုမို ဆန်းကြယ်လာခဲ့ပြီး ခန့်မှန်းရခက်ခဲလာတော့သည်။

ကျွင်းရှောင်ယောက်က ဟင်းလင်းပြင်ကို ထိုးဖောက်၍ လွင့်မျောသွားခဲ့သော ခရမ်းရောင်မျိုးစေ့အား စူးစိုက်ကြည့်ရှုလိုက်ရင်း ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။

"မျိုးစေ့တွေကိုတော့ စိုက်ပျိုးပြီးသွားပြီ၊ အခုလုပ်ရမှာက ပန်းပွင့်လာဖို့၊ အသီးသီးလာဖို့နဲ့ အဲဒီနောက်မှာ ရိတ်သိမ်းဖို့အတွက် စောင့်ဆိုင်းဖို့ပဲ"

ကျွင်းရှောင်ယောက်က လွှင့်ပစ်လိုက်သောအရာမှာ အခြားမဟုတ်ဘဲ အာဒိကပ္ပခရမ်းရောင်ချီမျိုးစေ့ပင် ဖြစ်သည်။

သူက ၎င်းကို လွှင့်ပစ်ရခြင်း အကြောင်းရင်းမှာမူ...

၎င်းက ကျွင်းရှောင်ယောက်ထံတွင် အချိန်များစွာ ရှိမနေခဲ့ခြင်းကြောင့်ပင်။

အာဒိကပ္ပခရမ်းရောင်ချီမျိုးစေ့ကို ကိုယ်တိုင်ပျိုးထောင်ပြီး အာဒိကပ္ပသစ်ပင်ကြီးအဖြစ် ပြောင်းလဲဖွဲ့စည်းစေရန်အတွက် အချိန်မရှိပါ။

ထို့ကြောင့် အကောင်းဆုံးသော နည်းလမ်းမှာ...

၎င်းက အာဒိကပ္ပခရမ်းရောင်ချီမျိုးစေ့ကို စွန့်ပစ်လိုက်ရန်နှင့် ၎င်းအား နယ်နိမိတ်ပင်လယ်အတွင်း လွင့်မျောခွင့်ပြုလိုက်ရန် ဖြစ်သည်။

ဤကဲ့သို့သော ကောင်းကင်နှင့်မြေပြင်၏ သဘာဝရတနာပစ္စည်းများက အမှောင်ထုအတွင်း၌ မိမိတို့၏ ကိုယ်ပိုင်အရှင်သခင်များကို အလိုအလျောက် လိုက်လံရှာဖွေကြလိမ့်မည်။

ကျွင်းရှောင်ယောက်က အာဒိကပ္ပခရမ်းရောင်ချီမျိုးစေ့အတွင်း၌ နောက်ကွယ်က အစီအမံတစ်ခုကို ချမှတ်ထားခဲ့ပြီးသား ဖြစ်သည်။

အချိန်တန်လျှင်၊ အာဒိကပ္ပခရမ်းရောင်ချီမျိုးစေ့ကို ရရှိသွားသူက ၎င်းအား အာဒိကပ္ပသစ်ပင်ကြီးအဖြစ် ပြောင်းလဲပျိုးထောင်နိုင်ရန်အတွက် မြောက်မြားစွာသော အခက်အခဲဒုက္ခများကို ရင်ဆိုင်ကျော်ဖြတ်ပေလိမ့်မည်။

ထိုအချိန်ကျမှ ကျွင်းရှောင်ယောက်က တစ်ဖန်ပြန်လည်သွားရောက်ပြီး အာဒိကပ္ပသစ်ပင်ကြီးကို ပြန်လည်သိမ်းပိုက်နိုင်မည် ဖြစ်သည်။

ရိုးရှင်းပြီး အဆင်ပြေကာ လျင်မြန်လှသည်။

အကယ်၍ ကိုယ်တိုင် မည်သည့်အချိန်နှင့် ကြိုးပမ်းအားထုတ်မှုမျိုးမျှ ပေးဆပ်ရန်မလိုဘဲ ရရှိနိုင်မည်ဆိုပါက ကောင်းမွန်လှသည် မဟုတ်ပါလော။

"ဒီကျယ်ပြောပြီး အတိုင်းအဆမရှိတဲ့ နယ်နိမိတ်ပင်လယ်ကြီးအတွင်းမှာ အာဒိကပ္ပတာအိုခန္ဓာတစ်ခု မွေးဖွားလာဖို့က ဒီလောက်မခက်ခဲသင့်ဘူး မဟုတ်လား"

ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုခံစားချက်မျိုးက တစ်ဖန်ပြန်လည်ရောက်ရှိလာခဲ့ပြီ။

လယ်သမားတစ်ဦး၏ ပျော်ရွှင်မှုက ကြက်သွန်မြိတ်များကို ရိတ်သိမ်းရခြင်းပင် ဖြစ်တော့သည်။

..........

ရှင်းယွမ်မြို့သည် မြောက်ပိုင်းကြယ်ကောင်းကင်၏ ပြင်ပတွင် တည်ရှိသော မြို့တစ်မြို့ ဖြစ်ပြီး၊ ဟင်းလင်းပြင်အတွင်း၌ တည်ရှိနေခဲ့ခြင်း ဖြစ်သည်။

မြောက်ပိုင်းကြယ်တာရာလွင်ပြင်မှာ အလွန်တရာ ကျယ်ပြောသော ဧရိယာတစ်ခုဖြစ်၍ သာမန်အချိန်များတွင် အလွန်တရာ ရေပန်းစားသော ရတနာရှာဖွေရေး နယ်မြေတစ်ခု ဖြစ်ပေသည်။

အမျိုးမျိုးသော ရှေးဟောင်းအပျက်အယွင်းများ၊ အရိုးစုများနှင့် အခြားသော အကြွင်းအကျန်များင ဤကြယ်တာရာနယ်ပယ်တစ်ခုလုံးတွင် ပြန့်ကျဲတည်ရှိနေခဲ့ကြသည်။

ဤကဲ့သို့သော အကြောင်းရင်းများကြောင့် ရှင်းယွမ်မြို့အား ကြယ်ကောင်းကင်၏ ပြင်ပတွင် တည်ဆောက်ထားခဲ့ခြင်းပင်။

သာမန်ရက်များတွင်မူ၊ ရှင်းယွမ်မြို့က အလွန်တရာ ရေပန်းစားပြီး ရေတွက်၍မရနိုင်လောက်သော ကျင့်ကြံသူမြောက်မြားစွာမှာလည်း နေ့စဉ်နှင့်အမျှ ဝင်ထွက်သွားလာနေခဲ့ကြသည်။

သို့သော်လည်း ကြယ်တာရာလွင်ပြင်၏ အနက်ရှိုင်းဆုံးနေရာတွင် ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ထွက်ပေါ်လာခဲ့သည့် အချိန်မှစ၍ ရတနာများကို လာရောက်ရှာဖွေကြသော ကျင့်ကြံသူ အရေအတွက်မှာ သိသိသာသာ လျော့နည်းသွားခဲ့ရသည်။

ရှင်းယွမ်မြို့က ယခင်ကကဲ့သို့ ရေပန်းစားခြင်းမျိုး မရှိတော့ချေ။

သို့သော်လည်း မကြာသေးမီကမူ ရှင်းယွမ်မြို့အတွင်းရှိ လူဦးရေက သိသိသာသာ တိုးတက်လာခဲ့ပြန်သည်။

၎င်းမှာ တောင်ပိုင်းကြယ်စင်စုလောက တစ်ခုလုံးမှ အင်အားစုများက ၎င်းတို့၏ လူငယ်ပါရမီရှင်များအား ဟင်းလင်းပြင်အက်ကြောင်းဆီသို့ လေ့ကျင့်မှုများ ပြုလုပ်ရန် စေလွှတ်နေကြခြင်းကြောင့်ပင်။

ထိုအခါ ရှင်းယွမ်မြို့က သူတို့ အခြေချနားခိုရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။

ပြင်ဆင်မှုတချို့ ပြုလုပ်ပြီးသည့်နောက် လူတိုင်းက ကြယ်တာရာလွင်ပြင်၏ အနက်ရှိုင်းဆုံးနေရာဆီသို့ ဦးတည်ထွက်ခွာခဲ့ကြပေသည်။

ယခုအချိန်တွင် ရှင်းယွမ်မြို့က လူအများဖြင့် စည်ကားသက်ဝင်နေခဲ့ပြီ ဖြစ်သည်။

ဟင်းလင်းပြင်အတွင်း၌ အမျိုးမျိုးသော ရှေးဟောင်း မိုးပျံသားရဲကြီးများနှင့် ကြယ်သင်္ဘောကြီးများက ဖြတ်သန်းသွားလာနေကြ၏။

တစ်ခါက တွေ့မြင်ရခဲသော ဂိုဏ်းကြီးများမှ တပည့်များနှင့် အမျိုးမျိုးသော အင်အားစုများမှ ပါရမီရှင်များကိုလည်း ယခုအခါ အလွယ်တကူ တွေ့မြင်နိုင်နေခဲ့ပြီ ဖြစ်သည်။

"အဲဒါက ထျန်းယန်ဂိုဏ်းရဲ့တာအိုကလေးငယ်ပဲ၊ သူက အမှန်တကယ် ရောက်လာခဲ့တာပဲ။ ကောလာဟလတွေအရတော့ သူက ထျန်းယန်ဂိုဏ်းရဲ့ ယန်ကိုးပါးကျင့်စဉ်ကို ပြီးပြည့်စုံတဲ့အဆင့်အထိ တတ်မြောက်ထားခဲ့တယ်တဲ့"

"ပြီးတော့ ယွီရှန့်နန်းတော်(‌မြင့်မြတ်သောတောင်ပံနန်းတော်)ရဲ့ ပါရမီရှင် သမီးတော်လည်း ပါသေးတယ်။ ကောလဟာလတွေအတိုင်း သူက ထူးခြားတဲ့ အလှအပနဲ့ သန်မာတဲ့ အရှိန်အဝါတွေကို ပိုင်ဆိုင်ထားတာပဲ..."

အင်အားကြီး အင်အားစုတစ်ခုမှ ပါရမီရှင်တပည့်တစ်ဦး ပေါ်ထွက်လာခဲ့သည့် အကြိမ်တိုင်းတွင် ၎င်းက အာရုံစိုက်မှုများကို ဆွဲဆောင်နိုင်ခဲ့သည်။

ထိုစဉ်၊ ကြီးမားပြီး အရှိန်အဝါကြီးသော သင်္ဘောကြီးတစ်စင်းက ဟင်းလင်းပြင်အတွင်း၌ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

သင်္ဘောကြီးပေါ်တွင်မူ၊ အလံများကို စိုက်ထူထား၍ လေထဲတွင် တလူလူ လွင့်ပျံနေကြလေသည်။

အလံအပေါ်မှာတော့ "ယွမ်" ဟူသော စာလုံးတစ်လုံးကို ရေးထိုးထား၏။

"ယွမ်ကျူးနတ်ဘုရားမင်းဆက်"

ဤအလံကို တွေ့မြင်လိုက်ရချိန်တွင်၊ ရှင်းယွမ်မြို့အတွင်းရှိ ကျင့်ကြံသူမြောက်မြားစွာက ရိုသေလေးစားမှုများနှင့်အတူ မော့ကြည့်လိုက်မိကြသည်။

ယွမ်ကျူးနတ်ဘုရားမင်းဆက်သည် ယခင်က ပြောဆိုခဲ့ဖူးသော အဓိက အင်အားစုများနှင့် မတူပေ။

ဤအရာက အစစ်အမှန် အင်မော်တယ် အင်အားစုကြီး ဖြစ်သည်။

ယွမ်ကျူးနတ်ဘုရားမင်းဆက်၏ လက်ရှိဧကရာဇ်ဖြစ်သူ ဧကရာဇ်ယွမ်က တောင်ပိုင်းကြယ်စင်စုလောက တစ်ခုလုံးရှိ အသန်မာဆုံးသော တည်ရှိမှုကြီးများထဲမှ တစ်ဦး ဖြစ်ပေသည်။

ယွမ်ကျူးနတ်ဘုရားမင်းဆက်က တောင်ပိုင်းကြယ်စင်စုလောက၏ အုပ်ချုပ်သူအာဏာကို ရယူရန်အတွက် ပြင်းထန်သော ပြိုင်ဘက်ကြီးတစ်ခု ဖြစ်သည်ဟု ပြောဆိုနိုင်သည်။

"ဒါက ဧကရာဇ်ယွမ်ရဲ့ တစ်ဆယ့်ရှစ်ယောက်မြောက် သားဖြစ်သူ၊ ယွမ်ဘုရင်ငယ် ဖြစ်နေနိုင်မလား"

လူမြောက်မြားစွာ၏ မျက်ဝန်းများမှာ ချက်ချင်း ဆွဲဆောင်ခြင်း ခံလိုက်ရသည်။

ယွမ်ဘုရင်ငယ်ဟု လူသိများသော ဧကရာဇ်ယွမ်၏ တစ်ဆယ့်ရှစ်ယောက်မြောက် သားတော်သည် သူ့ဖခင်၏ ပါရမီစွမ်းရည်အားလုံးနီးပါးကို အမွေဆက်ခံထားခဲ့သူ ဖြစ်သည်။

ဤအခိုက်တွင်၊ သင်္ဘောကြီး၏ ကုန်းပတ်ပေါ်မှာ အမှန်တကယ်ပင် လုလင်ငယ်တချို့နှင့် မိန်းကလေးတချို့ ရှိနေခဲ့ကြသည်။

သူတို့အားလုံးက တော်ဝင်ဝတ်စုံများကို ဆင်ယင်ထားကြကာ ထူးခြားသော အရှိန်အဝါများ ထုတ်ဖော်နေကြ၏။

သူတို့က ဧကရာဇ်ယွမ်၏ သားသမီးများ ဖြစ်ကြပြီး၊ တစ်ဦးချင်းစီမှာ ထူးချွန်ထက်မြက်ကြသည်။

သို့သော်လည်း အနည်းငယ် စိတ်ပျက်စရာ ကောင်းခဲ့ပေသည်။

သူတို့က ယွမ်ဘုရင်ငယ်လေးကို မမြင်ခဲ့ရပေ။

တစ်ချိန်တည်းမှာပင်၊ သင်္ဘောကြီးပေါ်တွင်...

ဧကရာဇ်ယွမ်၏ သားသမီးများသည်လည်း စကားပြောဆိုနေခဲ့ကြသည်။

"တစ်ဆယ့်ရှစ်ယောက်မြောက် ညီတော်ရဲ့ ပင်ကိုယ်စရိုက်အရဆိုရင်တော့ သူက ဒီအဆင့် လေ့ကျင့်မှုမျိုးကို အမှန်တကယ် ဂရုစိုက်နေမှာ မဟုတ်ပါဘူး"

"သူ မလာတာကပဲ ပိုပြီး ကောင်းပါတယ်။ မဟုတ်ရင် ဒီစမ်းသပ်မှုက ကြိုတင်သတ်မှတ်ထားပြီးသား ဖြစ်သွားလိမ့်မယ်။ သူက သံသယဝင်စရာမလိုဘဲ နံပါတ်တစ် ဖြစ်လာမှာပဲလေ"

"ဒီလောက်တော့ မဟုတ်သေးပါဘူး။ ရွှမ်ထျန်းနတ်ဘုရားမင်းဆက်ရဲ့ ဧကရာဇ်ငယ်လေးအကြောင်းကိုလည်း မေ့မထားနဲ့ဦးလေ"

"ခင်ဗျား ပြောတာက လွန်ခဲ့တဲ့ တစ်ဆယ့်ငါးနှစ်လုံးလုံး ရွှမ်ထျန်းနန်းတော်ထဲမှာပဲ အမြဲတမ်း နေထိုင်နေခဲ့တဲ့ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေကို ပြောတာလား"

"အတိတ်တုန်းကတော့ အချို့လူတွေက တကယ်လို့ အဲဒီမြင့်မြတ်ခန္ဓာ တာအိုသန္ဓေကိုသာ နှစ်ပေါင်းတစ်ရာလောက် ကြီးပြင်းခွင့်ပြုလိုက်မယ်ဆိုရင် ကျုပ်တို့ရဲ့ ယွမ်ကျူးနတ်ဘုရားမင်းဆက်က သေချာပေါက် ပျက်စီးသွားလိမ့်မယ်လို့ တွက်ချက်ခဲ့ကြသေးတယ်။ ယခုတော့လား... ဟားဟားဟား"

"ဟားဟားဟား...၊ ဒါက ရယ်စရာကောင်းလွန်းတာ အမှန်ပဲ။ သူ့ရဲ့ ကျင့်ကြံခြင်းမှာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေတစ်ခုက ကျုပ်တို့ရဲ့ ယွမ်ကျူးနတ်ဘုရားမင်းဆက်ကို ခြိမ်းခြောက်နိုင်ဦးမှာတဲ့လား"

"ကျူပ်ကတော့ ဒီလေ့ကျင့်မှုအတွင်းမှာ အဲဒီဧကရာဇ်ငယ်လေး ယွင်ရှောင်နဲ့ ဆုံတွေ့ခွင့်ရဖို့ မျှော်လင့်မိတယ်။ သူက ဘယ်လို ထူးခြားတဲ့ ပါရမီစွမ်းရည်မျိုးကို ပိုင်ဆိုင်ထားသလဲဆိုတာကို တွေ့မြင်ချင်မိပါရဲ့"

ယွမ်ကျူးနတ်ဘုရားမင်းဆက်မှ မင်းသားများနှင့် မင်းသမီးများက သူတို့၏ အသံများကို ဖုံးကွယ်ထားခြင်း မရှိကြချေ။

၎င်းက တမင်တကာ လုပ်ဆောင်နေခြင်း ဖြစ်ပုံရသည်။

သူတို့၏ လှောင်ပြောင်သရော်လိုသော စကားလုံးများကို ရှင်းယွမ်မြို့၏ တစ်ဝက်နီးပါးခန့်အထိ ကြားနိုင်ပေသည်။

ထို့စဉ်...

အခြားသော ဟင်းလင်းပြင်အတွင်း၌ ကြယ်သင်္ဘောကြီးတစ်စင်းက ဟင်းလင်းပြင်ကို ထိုးဖောက်၍ ရောက်ရှိလာခဲ့သည်။

သင်္ဘောပေါ်တွင် မိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နယ်နှင်ဒဏ်ခံ အင်မော်တယ် အမျိုးသမီးတစ်ဦးကဲ့သို့ လှပသော မိန်းကလေးငယ်တစ်ဦး ရပ်နေ၏။

သူက ယွမ်ကျူးနတ်ဘုရားမင်းဆက်မှ လူများအား အလွန်တရာ အေးစက်လှသော မျက်ဝန်းများဖြင့် ကြည့်နေသည်။

"ငါ့အစ်ကိုအကြောင်းကို နင်တို့လို နိမ့်ကျတဲ့ လူတစ်စုက နောက်ကွယ်ကနေ အတင်းအဖျင်းပြောဝံ့ကြတယ်လား"

ဤမိန်းကလေး သဘာဝအတိုင်း ယွင်ရှီ ဖြစ်ပေသည်။

သူမ ပေါ်ထွက်လာသည်ကို တွေ့မြင်လိုက်ရသောအခါ၊ ယွမ်ကျူးနတ်ဘုရားမင်းဆက်မှ မင်းသားများနှင့် မင်းသမီးများက အနည်းငယ် တည်သွားခဲ့ကြသည်။

သူတို့အနေဖြင့် ထိုဧကရာဇ်ငယ်လေးကို မျက်စိထဲပင် မထည့်ကြသော်လည်း ယွင်ရှီ၏ ကျော်ကြားမှုမှာမူ အလွန်တရာ မြင့်မားနေသေးသည်။

သူသည် ရွှမ်ထျန်းဧကရီ၏ ရွှမ်းချာခန္ဓာကို အမွေဆက်ခံထားခဲ့သူ ဖြစ်သည်။

နောင်အနာဂတ်တွင် တောင်ပိုင်းကြယ်စင်စုလောက၏ ကြီးကျယ်မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် ရေစက်ပါလာခဲ့သူ ဖြစ်၏။

သူက သူမ၏ မိခင်ဖြစ်သူထက် အားနည်းနေလိမ့်မည် မဟုတ်ချေ။

"အလို... နင်တစ်ယောက်တည်းပဲ ဖြစ်နေပြန်တာလား။ ကြည့်ရတာတော့ နင့်ရဲ့ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ အစ်ကိုကြီးက ဒီတစ်ကြိမ်မှာလည်း ပေါ်ထွက်လာလိမ့်ဦးမှာ မဟုတ်ဘူး ထင်တယ်"

မင်းသားများထဲမှ တစ်ဦးက တည်ငြိမ်စွာ ဆိုလိုက်သည်။

ယွင်ရှီက နှုတ်ခမ်းကို ကိုက်လိုက်မိရင်း၊ ကျောက်စိမ်းကဲ့သို့ လက်ဖဝါးနုနုထွေးဖြင့် သူမ၏ ရင်ဘတ်ထံသို့ ဖိကပ်လိုက်မိသည်။

ထိုဓားသန္ဓေအတွင်း၌ အနှိုင်းမဲ့ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားများ ပါဝင်နေခြင်းသည်ဟု သူ ခံစားမိ၏။

၎င်းက သူ့ရှေ့မှောက်ရှိ မင်းသားများနှင့် မင်းသမီးများကို ဓားချက်တစ်ချက်တည်းဖြင့်ပင် မျက်စိတစ်မှိတ်အတွင်း၌ တိုက်ရိုက် သတ်ဖြတ်ပစ်နိုင်စွမ်း ရှိသည်။

သူ့အစ်ကိုနှင့်အတူ ရိုးရှင်းစွာ ပါရှိလာခဲ့သော ဓားသန္ဓေတစ်ခုတည်းကပင် ဤမျှထိတ်လန့်ဖွယ်ကောင်းနေခဲ့ပြီ။

သူမ၏ အစ်ကိုဖြစ်သူကိုယ်တိုင်၏ စွမ်းရည်များက မည်သို့ရှိနေမည်နည်း။

ယွင်ရှီအနေဖြင့် ရိုးရှင်းစွာ စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်ပါချေ။

သူမ၏အမြင်တွင်၊ ဤအရာက ကောင်းကင်ယံထက်မှ အစစ်အမှန်နဂါးတစ်ကောင်အား မြေပြင်ပေါ်က ပုရွက်ဆိတ်အုပ်စုတစ်စုက လှောင်ပြောင်သရော်နေကြခြင်းနှင့် တူသည်။

ယင်းက မည်မျှ ရယ်စရာကောင်းလိုက်သနည်း။

ထိပ်သီး နတ်ဘုရားမင်းဆက်နှစ်ခုမှ ပါရမီရှင်များက ထိပ်တိုက်တွေ့နေသည်ကို မြင်ရသောအခါ ရှင်းယွမ်မြို့တစ်ခုလုံး တိတ်ဆိတ်သွားခဲ့ကြရသည်။

နောက်ဆုံးတွင်၊ ဤနတ်ဘုရားမင်းဆက်နှစ်ခုက အမြဲတမ်း သေစေလောက်သော ရန်သူဟောင်းကြီးများ ဖြစ်ကြပြီး၊ တောင်ပိုင်းကြယ်စင်စုလောက၏ အုပ်ချုပ်သူနေရာအတွက် ပြိုင်ဆိုင်နေကြသည် မဟုတ်ပါလား။

လေထုက ပိုမို၍ တင်းမာလာချိန်တွင်...

ကြည်လင်သော အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"အားလုံးပဲ... ကျွန်မတို့ရဲ့ လေ့ကျင့်မှု မစတင်ခင်အချိန်မှာ အချင်းချင်း ရန်လိုနေကြတာက မသင့်တော်ပါဘူး"

ဝေးကွာလှသော နေရာတစ်ခုတွင်၊ ရေခဲအတောင်ပံများကို ပိုင်ဆိုင်ထားသော ငှက်ကြီးတစ်ကောင်က ကြည်လင်တောက်ပသော ရထားလုံးကြီးတစ်စင်းကို ဆွဲငင်လျက်၊ ကောင်းကင်ယံထက်မှတစ်ဆင့် ပျံသန်းလာခဲ့သည်။

၎င်းပေါ်တွင် ရေပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းမလှလေးတစ်ဦး လိုက်ပါလာ၏။

သူက အခြားသူမဟုတ်ဘဲ ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမနန်းတော်မှ ပိုင်ရွယ်ဝေပင် ဖြစ်ချေတော့သည်။

All Chapters