← Chapters

အခန်း ၁၆၀၇

Vol. 114 Ch. 1607

အခန်း ၁၆၀၇

Vol. 114 Ch. 1607

အခန်း ( ၁၆၀၇ ) ယွင်ရှီကို ပစ်မှတ်ထားခြင်း။

"အနက်ရောင်ကပ်ဘေးမျိုးနွယ်" ဟူသော နာမည်က လေးလံလွန်းသော အလေးချိန်ကို ဆောင်ထားသည်။

နယ်နိမိတ်ပင်လယ်အတွင်း၌ ထိုနာမည်သည် ကြောက်ရွံ့ခြင်းနှင့် ထိတ်လန့်ခြင်းတို့ကို ဖြစ်ပေါ်စေ၏။

ရေတွက်၍မရနိုင်လောက်အောင် များပြားလှသော လောကများက အနက်ရောင်ကပ်ဘေးမျိုးနွယ်၏ သက်ရောက်မှုကို ခံခဲ့ရပြီး၊ သေဆုံးခြင်းနယ်ပယ်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

လောကတစ်ခုလုံးရှိ သက်ရှိအားလုံးမှာလည်း ပျက်စီးခဲ့ကြရပေသည်။

၎င်းက ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလွန်းသည်။

လူတိုင်းအား အံ့ဩသွားစေသည်မှာမူ...

၎င်းက သေးငယ်သော ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခုမျှသာ ဖြစ်ပြီး နိုမန်မရဏမြေ၏ အပြင်ဘက်ဆုံး အစွန်းပိုင်းဆီသို့သာ ဦးတည်နေခဲ့ခြင်း ဖြစ်သော်လည်း အနက်ရောင်ကပ်ဘေးမျိုးနွယ်က အမှန်တကယ် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

"မျိုးနွယ်စု အသီးသီးက ပါရမီရှင်တွေအားလုံး၊ နောက်ဆုတ်ကြ။ ကျန်တဲ့လူတွေကတော့ အရင်ဆုံး အနက်ရောင်ကပ်ဘေးမျိုးနွယ်ကို သုတ်သင်ရှင်းလင်းကြမယ်"

အဓိပတိတစ်ပိုင်း အဆင့်ရှိသူတစ်ဦးက အော်ဟစ်လိုက်သည်။

လောလောဆယ်တွင် အနက်ရောင်ကပ်ဘေးမျိုးနွယ်စုဝင်များ ပေါ်ထွက်လာခဲ့သော်လည်း...

ကံကောင်းထောက်မစွာဖြင့်၊ အနက်ရောင်ကပ်ဘေးမျိုးနွယ်၏ စစ်မှန်သော ကျွမ်းကျင်သူတစ်ဦးမျှ ဖြတ်ကျော်ဝင်ရောက်လာခြင်းမျိုး မရှိသေးပါချေ။

လက်ရှိအခြေအနေမှာ ထိပ်တန်းအင်အားစုအားလုံးအတွက် ထိန်းချုပ်နိုင်စွမ်း ရှိနေသေးသည်။

ဤအချိန်အတွင်းမှာတင်၊ ပါ့မျိုးနွယ်၏ နောက်ထပ် ပုံရိပ်အချို့က ဟင်းလင်းပြင်အက်ကွဲကြောင်းအတွင်းမှ ပေါ်ထွက်လာခဲ့ကြပြန်သည်။

သူတို့အားလုံးမှာလည်း အဓိပတိတစ်ပိုင်း အဆင့် အရှိန်အဝါများကို ထုတ်ဖော်နေခဲ့ကြ၏။

ဤမျိုးနွယ်စုသည် သူတို့၏ သန်မာမှုအဆင့်အတန်းကို သူတို့၏ မျက်ဝန်းအရောင်များဖြင့် ခွဲခြားသတ်မှတ်ကြပုံ ရသည်။

မျက်ဝန်းအဖြူရောင် ရှိကြသူများမှာ မဟာသူတော်စင်၊ သူတော်စင်သခင် သို့မဟုတ် သူတော်စင်နယ်ပယ်ကိုးခုတွင် ရှိကြသည်။

မျက်ဝန်းအစိမ်းရောင် ရှိကြသူများမှာမူ အဓိပတိတစ်ပိုင်း၊ အဓိပဓိ သို့မဟုတ် အဓိပတိနယ်ပယ် ခုနစ်ခုအဆင့်တွင် ရှိကြ၏။

ထိုသတ္တဝါ၏ စိမ်းလန်းနေသော မျက်ဝန်းများမှာမူ အခြားသော အဓိပတိတစ်ပိုင်း သတ္တဝါများ၏ စိမ်းလန်းသော မျက်ဝန်းများထက် ပိုမို၍ အရောင်ရင့်နေခဲ့သည်။

"စလိုက်ကြစို့၊ ဒီလောက က ငါတို့ ဝါးမြိုဖို့အတွက် အဆုံးမရှိတဲ့ သက်ရှိတွေကို ပေးနိုင်လိမ့်မယ်..."

"ဟုတ်တယ်ဟေ့... ငါ အသားမစားရတာ အတော်လေးကို ကြာနေပြီ..."

"အရသာရှိလိုက်မဲ့ သွေးတွေ..."

မိမိကိုယ်ကိုယ် "ပါ့မျိုးနွယ်" ဟု ခေါ်ဆိုကြသော ဤသတ္တဝါများအားလုံး၏ မျက်ဝန်းများထဲတွင်မူ ရက်စက်လှသော အပြုံးများ ရှိနေခဲ့ကြသည်။

ထို့နောက်တွင်မူ မည်သည့်စကားကိုမျှ ထပ်မံ၍ ပြောဆိုခြင်း မရှိတော့ဘဲ နှစ်ဖက်စလုံးမှာ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ကြတော့သည်။

နယ်နိမိတ်ပင်လယ်၏ အမျိုးမျိုးသော မျိုးနွယ်စုများနှင့် အနက်ရောင်ကပ်ဘေးမျိုးနွယ်တို့က ကမ္ဘာဦးကတည်းက သဘာဝရန်သူများ ဖြစ်ကြသည်။

သူတို့ ဆုံတွေ့ကြပြီဆိုသည်နှင့်၊ အခြေခံအားဖြင့် စကားလုံးများစွာ ပြောဆိုနေရန် မလိုတော့ပါချေ။

၎င်းက အသက်လုတိုက်ပွဲတစ်ခုပင် ဖြစ်လိမ့်မည်။

"မင်းသမီး၊ အခြေအနေက အရမ်း စိုးရိမ်ရပါတယ်။ ကျုပ်က မင်းသမီးကို ဘေးကင်းရာဆီ စောင့်ရှောက်ပြီး ခေါ်ထုတ်သွားပါ့မယ်"

ရွှမ်ထျန်းနတ်ဘုရားမင်းဆက်မှ အဓိပတိတစ်ပိုင်း တစ်ဦးသည် ယွင်ရှီနှင့် ရှန်းလဲ့တို့၏ ဘေးနားသို့ ရောက်ရှိလာခဲ့ပြီး သူတို့ကို ဘေးကင်းရာသို့ စောင့်ရှောက်၍ ခေါ်ထုတ်ရန် ပြင်ဆင်လိုက်သည်။

၎င်းက သာမန်စမ်းသပ်လေ့ကျင့်မှု အတိုင်းအတာထက် များစွာ ကျော်လွန်သွားခဲ့ပြီ။

ယွင်ရှီ ခေါင်းညိတ်လိုက်သည်။

သူမ၏ မျက်နှာမှာလည်း လေးနက်နေခဲ့၏။

သူမအနေဖြင့် အနက်ရောင်ကပ်ဘေးမျိုးနွယ်ဟု ခေါ်ဆိုကြသော သတ္တဝါများနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ဖူးခြင်း ဖြစ်သော်လည်း တည်ငြိမ်စွာ ရှိနေဆဲပင် ဖြစ်သည်။

ကျွင်းရှောင်ယောက်မှ ပေးအပ်ထားခဲ့သော ဓားသန္ဓေမှာ သူမအား စိတ်အေးချမ်းမှုကို ပေးစွမ်းနေခဲ့ပေသည်။

"ဟင်... ငါ အရသာရှိတဲ့ အသားနဲ့ သွေးတွေရဲ့ အနံ့ကို ရနေတယ်..."

ပါ့မျိုးနွယ်၏ အစိမ်းဖျော့ရောင်မျက်ဝန်းများ ရှိသည့် အဓိပတိတစ်ပိုင်းတစ်ဦးက ယွင်ရှီ ထံသို့ ရုတ်တရက် အကြည့်ရောက်လာသည်။

ရောက်ရှိနေခဲ့ကြသော အခြားသော ပါရမီရှင်များသည်လည်း မတူညီသော ကျင့်ကြံမှုအဆင့်နှင့် မတူညီသော ခန္ဓာဖွဲ့စည်းပုံများကို ပိုင်ဆိုင်ထားကြ၏။

သို့သော်လည်း ယွင်ရှီ၏ ရွှမ်းချာခန္ဓာမှာမူ ပါ့မျိုးနွယ် သတ္တဝါများအတွက် ထူးခြားသော ဆွဲဆောင်မှုမျိုး ရှိနေပုံရသည်။

၎င်းက အလွန်တရာ အရသာရှိသော စားဖွယ်သောက်ဖွယ်တစ်ခုကဲ့သို့ပင်။

"ဝုန်း"

ပါ့မျိုးနွယ်မှ ထိုအဓိပတိတစ်ပိုင်းက ယွင်ရှီထံသို့ လှမ်း၍ တိုက်ခိုက်လိုက်သည်။

ဒါကို မြင်လိုက်ရသောအခါ၊ ရွှမ်ထျန်းနတ်ဘုရားမင်းဆက်မှ ကာကွယ်စောင့်ရှောက်သူ မျက်နှာပျက်သွား၏။

ဤနတ်ဆိုးများအတွက် သက်ရှိများ၏ သက်စောင့်စွမ်းအား အနှစ်သာရများကို စုပ်ယူခြင်းထက် ပိုမို၍ နှစ်သက်သော အရာမျိုး မရှိကြောင်းကို သူက ကောင်းစွာသိသည်။

ဥပမာအားဖြင့်၊ ယခင်က လီဟော်နတ်ဂိုဏ်းမှ အဓိပတိတစ်ပိုင်း ကျွမ်းကျင်သူမှာ အလုံးစုံ စုပ်ယူခြင်း ခံလိုက်ရပြီး အရေခွံ သက်သက်မျှသာ ကျန်ရှိတော့သည်အထိ ဖြစ်ခဲ့ရပေသည်။

ဤအခိုက်တွင်၊ ထိုနတ်ဆိုးက သူ၏ ချွန်ထက်သော သွားတစ်စုံကို ဖြဲပြလိုက်သည်။

သူက ယွင်ရှီ၏ သွေးများကို စုပ်ယူရန်အတွက် မစောင့်ဆိုင်းနိုင်တော့သလိုပင်။

ရွှမ်ထျန်းနတ်ဘုရားမင်းဆက်၏ ကာကွယ်စောင့်ရှောက်သူက ပါ့မျိုးနွယ်မှ ထိုအဓိပတိတစ်ပိုင်းအား ဆီးကြိုတိုက်ခိုက်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင်၊ မဟာသူတော်စင်နှင့် သူတော်စင်သခင် အဆင့်ရှိကြသော အခြားသော ပါ့မျိုးနွယ်ဝင်များသည်လည်း ယွင်ရှီ၏ ဆွဲဆောင်ခြင်း ခံလိုက်ရကြပြီး၊ သူမအား လိုက်လံသတ်ဖြတ်ရန် ရောက်ရှိလာခဲ့ကြ၏။

ယွင်ရှီ၏ ဘေးနားတွင် ရှန်းလဲ့၏ မျက်နှာပြင်မှာ ပြာနှမ်းသွားခဲ့ရသည်။

သူက ရွှမ်ထျန်းနတ်ဘုရားမင်းဆက်၏ ကျော်ကြားလှသော ပါရမီရှင်တစ်ဦးဖြစ်သော်လည်း ဤအချိန်တွင်မူ အလွန်တရာ တုန်လှုပ်ခြောက်ခြားနေခဲ့ပြီ။

အဆုံးတွင်၊ ၎င်းက ကောလာဟလများထဲတွင်သာ ကြားဖူးခဲ့ရသော အနက်ရောင်ကပ်ဘေးမျိုးနွယ် ဖြစ်သည်။

လက်ရှိအချိန်တွင် မဟာသူတော်စင်နှင့် သူတော်စင်သခင် အဆင့်ရှိကြသော ပါ့မျိုးနွယ်ဝင် အုပ်စုတစ်စုက သူတို့၏ နောက်သို့ အမဲလိုက်သလို လိုက်နေကြပြီ။

အသည်းငယ်တတ်သူဆိုပါက ဤအခြေအနေတွင် သူတို့၏ ဘောင်းဘီထဲတွင်ပင် ဆီးထွက်ကျသွားလောက်သည်။

'မင်းသမီးရဲ့ ခန္ဓာဖွဲ့စည်းမှုက အဲဒီ အနက်ရောင်ကပ်ဘေးမျိုးနွယ်စုတွေကို ဆွဲဆောင်လိုက်တာ ဖြစ်နိုင်မလား...'

ရှန်းလဲ့က မတွေးဘဲ မနေနိုင်တော့ပေ။

သူ့အနေဖြင့် ဤအချက်မှလွဲ၍ အခြားသော အကြောင်းပြချက်မျိုးကိုလည်း တွေးတော၍ မရနိုင်ပါ။

အကယ်၍ ထိုသို့သာ ဖြစ်ခဲ့ပါက၊ ယွင်ရှီ၏ဘေးမှ ထွက်ခွာသွားခြင်းက ပို၍ ဘေးကင်းနိုင်ပေလိမ့်မည်။

သို့သော်...

ရှန်းလဲ့သည် ရောက်ရှိလာခဲ့စဉ်က ယွင်ရှီအား ကာကွယ်စောင့်ရှောက်ပါမည်ဟူ၍ ကတိပြုထားခဲ့သည်။

ယခုအချိန်မှာ ယွင်ရှီ၏ထံမှ စိတ်ဝင်စားမှုများကို တိုးမြင့်စေရန်အတွက် အကောင်းဆုံးသော အချိန်ပင်။

သို့သော်လည်း...

ပါ့မျိုးနွယ်ဝင်များ၏ မျက်နှာပေါ်ရှိ အေးစက်ကာ ရက်စက်ပုံရသော အပြုံးများနှင့် သူတို့၏ စူးရှလှသော သွားအစွယ်များကို တွေ့မြင်လိုက်ရသောအခါတွင်မူ...

အကြောက်တရားက သူရဲကောင်းတစ်ဦး ဖြစ်လိုသော ဆန္ဒကို ကျော်လွန်သွားခဲ့ရသည်။

မိမိ၏ အသက်ဇီဝိန်ပင် ပျောက်ကွယ်တော့မည့် အချိန်တွင် မိန်းကလေးတစ်ဦးအား လှည့်စားဆွဲဆောင်နေရန် မည်သည်သူက ဆန္ဒရှိမည်နည်း။

မည်သူမျှ မိန်းကလေးတစ်ဦးအား ဆွဲဆောင်ရန်အတွက် မိမိ၏ အသက်ကို စွန့်စားရလောက်အောင် မိုက်မဲကြလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့်၊ ရှန်းလဲ့လည်း အံကိုတင်းတင်းကြိတ်လိုက်မိပြီး ယွင်ရှီ၏ ဘေးမှ အနည်းငယ် ခွာထွက်လိုက်တော့သည်။

ယွင်ရှီကလည်း ဒါကို သဘာဝအတိုင်း သတိပြုမိလိုက်သည်။

သို့သော်လည်း သူက မည်သည့်စကားကိုမျှ ပြောဆိုခြင်း မရှိခဲ့ပါချေ။

သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင်၊ လူသားများအနေဖြင့် မိမိကိုယ်တိုင်အတွက်သာ တွေးတောမိကြခြင်းက သဘာဝ ဖြစ်သည်။

ယွင်ရှီ၏ စရိုက်အရ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာဖြင့် ဖိအားပေး ခြိမ်းခြောက်ခြင်းမျိုးကို လုပ်ဆောင်လိမ့်မည် မဟုတ်ပါချေ။

ထို့ပြင် မူလကတည်းက သူမနှင့် ရှန်းလဲ့၏ ဆက်ဆံရေးမှာ အထက်လူကြီးနှင့် လက်အောက်ငယ်သား ဆက်ဆံရေးမျှသာ ဖြစ်သည်။

သူမအနေဖြင့် သူ့အပေါ်တွင် မည်သည့်ထူးခြားလှသော ခံစားချက်မျိုးမျှ ရှိမနေခဲ့ပါချေ။

ထို့ကြောင့် ရှန်းလဲ့အနေဖြင့် သူမအား ကယ်တင်ရန်အတွက် သူ့အသက်ကို အမှန်တကယ် စွန့်စားလိမ့်မည်ဟူသော မျှော်လင့်ချက်မျိုးလည်း ရှိမနေခဲ့ပါ။

ထိုစဉ်...

ယွင်ရှီ၏ ရင်ခွင်အတွင်းရှိ တာ့လော့ဓားသန္ဓေမှာ နောက်ထပ်တစ်ကြိမ် ထပ်မံ၍ တုန်ခါသွားခဲ့သည်။

"ရွှစ်"

ဓားအလင်းတစ်ခုက ကောင်းကင်ယံကို ဖြတ်သန်းထိုးဖောက်သွား၏။

လိုက်လံဖမ်းဆီးနေကြသော နတ်ဆိုးများက ထိုဓားအလင်းတန်းအောက်တွင် ချက်ချင်းပင် အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားခဲ့ကြရတော့သည်။

"အစ်ကို..."

ယွင်ရှီ သူတစ်ဦးတည်းသာ နားလည်နိုင်သော အပြုံးတစ်ခုဖြင့် ပြုံးလိုက်မိသည်။

သူမအနေဖြင့် အခြားသော မည်သူတစ်ဦးတစ်ယောက်၏ ကာကွယ်စောင့်ရှောက်မှုကိုမျှ မလိုချေ။

သူမ၏ အစ်ကိုကြီး ရှိနေသရွေ့ လုံလောက်ပြီ ဖြစ်သည်။

"ဟင်"

တာ့လော့ဓားသန္ဓေ၏ ဓားအလင်းက ပါ့မျိုးနွယ်၏ အဓိပဓိ သတ္တဝါကို တုန်လှုပ်သွားစေပုံရသည်။

သူသည် ပါ့မျိုးနွယ်၏ အထူးစွမ်းရည်များနှင့် ခန္ဓာဖွဲ့စည်းမှုများကို ပိုင်ဆိုင်ထားသည့် စစ်မှန်သော အဓိပဓိတစ်ဦး ဖြစ်၏။

သူ၏ခွန်အားက လူသားမျိုးနွယ်စု၏ အဓိပဓိများထက် များစွာ ကျော်လွန်ပေသည်။

'ရတနာကောင်းတစ်ခုပဲ၊ ပြီးတော့ အဲဒီမိန်းကလေးက တကယ်ပဲ ရွှမ်းချာခန္ဓာကို ပိုင်ဆိုင်ထားတယ်'

'တကယ်လို့ ဒါကိုသာ ဧကရာဇ်ကို ဆက်သလိုက်မယ်ဆိုရင်၊ သူက အရမ်း သဘောကျနှစ်သက်သွားမှာ သေချာတယ်'

'ဧကရာဇ်အနေနဲ့ တစ်ဖက်ကမ္ဘာဆီကို ဖြတ်ကျော်သွားတာနဲ့၊ တောင်ပိုင်းကြယ်စင်စုလောက တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။ ငါက အခုအချိန်မှာတင် ဧကရာဇ်ရဲ့ မျက်နှာသာပေးမှုကို ရအောင်ယူနိုင်မယ်ဆိုရင် အနာဂတ်မှာ ကြီးမားလှတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်မှာ အသေအချာပဲ'

ပါ့မျိုးနွယ်၏ ဤအဓိပဓိ ကျွမ်းကျင်သူက လျင်မြန်စွာပင် တွေးတောလိုက်မိသည်။

ယွင်ရှီ၏ ရွှမ်းချာခန္ဓာနှင့် သွေးများက သူ့အတွက် ပြင်းထန်သော ဆွဲဆောင်မှုမျိုး ရှိနေသော်လည်း...

၎င်းကို ဧကရာဇ်ထံသို့ ဆက်သလိုက်ခြင်းက ပိုမိုကြီးမားလှသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်။

"ဝုန်း"

ပါ့မျိုးနွယ်၏ အဓိပဓိ သတ္တဝါက စတင်လှုပ်ရှားလိုက်သည်။ သူ့ပုံရိပ်မှာ လျှပ်စီးကဲ့သို့ လက်သွားခဲ့ပြီး သူ့လက်ကို မြှောက်လျက် ယွင်ရှီကို ဖမ်းဆီးလိုက်၏။

"မင်း ငါတို့ ရွှမ်ထျန်းနတ်ဘုရားမင်းဆက်ရဲ့ မင်းသမီးကို ဘယ်လိုတောင် ဝံ့တာလဲ"

ရွှမ်ထျန်းနတ်ဘုရားမင်းဆက်၏ ကာကွယ်စောင့်ရှောက်သူက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

သို့သော်လည်း၊ ပါ့မျိုးနွယ်၏ အဓိပဓိမှာ လုံးဝ ဂရုမစိုက်ပေ။

သူက သူလက်ဝါးဖြင့် အောက်သို့ လှမ်း၍ ရိုက်ချလိုက်သည်။

ရွှမ်ထျန်းနတ်ဘုရားမင်းဆက်၏ ကာကွယ်စောက်ရှောက်သူမှာ သွေးများ အန်ထွက်သွားခဲ့ရ၏။

သူ၏ အရိုးများက မည်မျှကျိုးပဲ့သွားခဲ့ရသည်ကိုပင် မသိရှိနိုင်ချေ။

သူက ကြိုးပြတ်သွားခဲ့သော စွန်တစ်ကောင်ကဲ့သို့ နောက်သို့ လွင့်စင်သွားခဲ့ရပြီး ပါးစပ်အပြည့် သွေးများကို အန်ထုတ်လိုက်ရသည်။

ပါ့မျိုးနွယ်က မွေးရာပါ အဆုံးမရှိသော နတ်ဘုရားစွမ်းအားများနှင့် အနှိုင်းမဲ့သော ခန္ဓာကိုယ်ခွန်အားများကို ပိုင်ဆိုင်ထားကြသည်။

ဤအားသာချက်များက သူတို့ကို လူသားမျိုးနွယ်စု၏ အဓိပဓိများထက် များစွာ ပိုမို၍ သန်မာစေခဲ့ခြင်းပင်။

"စိတ်မပူပါနဲ့၊ မိန်းကလေး... ငါ မင်းကို ချက်ချင်း သေခွင့်ပေးမှာ မဟုတ်ပါဘူး"

ပါ့မျိုးနွယ်၏ အဓိပဓိပ အေးစက်စွာ အပြုံးတစ်ခုကို ဖော်ပြလိုက်ရင်း ယွင်ရှီအား ဖမ်းဆီးရန်အတွက် လက်ကို ဆန့်တန်းလိုက်သည်။

"ဝမ်"

တာ့လော့ဓားသန္ဓေက နောက်ထပ်တစ်ကြိမ် ထပ်မံ၍ တုန်ခါသွားခဲ့သည်။ ဓားတစ်လက်က ပါ့မျိုးနွယ်၏ အဓိပဓိ ကျွမ်းကျင်သူထံသို့ ဦးတည်၍ ပျံသန်းသွား၏။

"အလို... ထူးခြားလိုက်တဲ့ လက်နက်တစ်ခုပဲ။ အဲဒါက သူ့ဘာသာသူတောင် တိုက်ခိုက်နိုင်စွမ်း ရှိနေတယ်။ ဒါပေမဲ့ အဆုံးမှာတော့ ဒါကိုထိန်းချုပ်နေတဲ့သူ မရှိခဲ့ဘူး"

ပါ့မျိုးနွယ်၏ အဓိပဓိက သူ၏ လက်နှစ်ဖက်စလုံးကို တစ်ပြိုင်နက်တည်း ဆန့်တန်းလိုက်သည်။

သူက လက်တစ်ဖက်ဖြင့် တာ့လော့ဓားသန္ဓေအား ဖမ်းဆီးလိုက်ပြီး၊ အခြားလက်တစ်ဖက်ဖြင့် ယွင်ရှီထံသို့ လှမ်းဆွဲလိုက်၏။

သို့သော်...

ဓားသွားမှာ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။

ဓားမျက်နှာပြင်ပေါ်ရှိ ပျံသန်းနေသော အင်မော်တယ်ပုံစံတူ အမှတ်အသားများမှာ လင်းလက်သွား၏။

ထိတ်လန့်ဖွယ်ကောင်းသော ဓားအရှိန်အဝါတစ်ခုက ကောင်းကင်ယံကို ဖြတ်သန်းတိုက်ခတ်သွားခဲ့ပြီး၊ ပါ့မျိုးနွယ်ဝင် အဓိပဓိ၏ လက်မောင်းတစ်ဖက်ကို ဖြတ်ချလိုက်တော့သည်။

သွေးများမှာ ငေါက်ငေါက်ပန်းထွက်လာခဲ့သည်။

"သေစမ်း"

ပါ့မျိုးနွယ်ဝင် အဓိပဓိ၏ မျက်နှာက မည်းမှောင်သွားသည်။

ထိန်းချုပ်ထားခြင်း မရှိသော ဓားတစ်ခုတည်းက ဤမျှပြင်းထန်သော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားသေးသည်။

"မင်း ငါ့ကို ဒေါသထွက်အောင် လုပ်လိုက်ပြီ..."

ပါ့မျိုးနွယ်၏ အဓိပဓိက သူ၏ အခြားသော လက်တစ်ဖက်ဖြင့် ယွင်ရှီထံသို့ ဆက်လက် ဖမ်းဆီးလိုက်ဆဲပင် ဖြစ်သည်။

အမျိုးမျိုးသော မျိုးနွယ်စုများမှ အခြားသော ပါရမီရှင်များ၊ ယွမ်ကျူးနတ်ဘုရားမင်းဆက်မှ မင်းသား၊ မင်းသမီးများ၊ ပိုင်ရွယ်ဝေနှင့် အခြားသောသူများ အားလုံးမှာလည်း လှည့်၍ ကြည့်လိုက်ကြမိ၏။

"ရွှမ်ထျန်းဧကရီတော့ ဒီနေ့မှာ သူ့ရဲ့ သမီးဖြစ်သူကို ဆုံးရှုံးရတော့မယ့်ပုံပဲ"

ယွမ်ကျူးနတ်ဘုရားမင်းဆက်မှ မင်းသားများနှင့် မင်းသမီးများက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်ကြသည်။

သူတို့အနေဖြင့် ဤသို့သော အရာမျိုး ဖြစ်ပျက်လာသည်ကို တွေ့မြင်ရသည့်အခါ သဘာဝအတိုင်း ဝမ်းမြောက်နေကြ၏။

ပိုင်ရွယ်ဝေကမူ သက်ပြင်းချလိုက်မိပေသည်။

အချိန်ကာလက ဤအခိုက်အတန့်တွင် နှေးကွေးသွားခဲ့ပုံရသည်။

ယွင်ရှီကမူ အလွန်တရာ ကြောက်ရွံ့နေခြင်းမျိုး မရှိချေ။

သူမတွင် နောင်တအချို့သာ ရှိနေခဲ့သည်။

သူမ၏ အစ်ကိုဖြစ်သူနှင့် မဆုံတွေ့ရသေးသည့် အချက်ကို နောင်တရမိခြင်း ဖြစ်ပေသည်။

အကယ်၍ သူတို့ ဆုံတွေ့နိုင်ခဲ့ကြမည်ဆိုပါက...

သူမ မသေဆုံးမီမှာ သူ့အား တစ်ကြိမ်တစ်ခါမျှသာ တွေ့မြင်ခွင့် ရရှိခဲ့လျှင်ပင် မည်သည့်နောင်တမျိုးမျှ ရှိတော့မည် မဟုတ်ချေ။

သို့သော်၊ ထိုအခိုက်အတန့်တွင်...

အနည်းငယ် အေးစက်မှုများ ရောပြန်းနေခဲ့ပြီး ညင်သာကာ နွေးထွေးလှသော အသံတစ်ခုက ဤကြယ်တာရာနယ်ပယ်တစ်ခုလုံးတွင် ပဲ့တင်ထပ်၍ ထွက်ပေါ်လာခဲ့သည်။

"မင်း ငါ့ရဲ့ ညီမလေးကို ထိဝံ့တယ်လား။ မင်း သေချင်နေတာပဲ"

တောက်ပသော အလင်းတန်းတစ်ခုက ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

အဆုံးမရှိသော နတ်ဘုရားအလင်းရောင်ခြည်များကို ဖြာထွက်သွား၏။

ဝတ်ရုံဖြူကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက ဟင်းလင်းပြင်ကို ဆုပ်ဖြဲပစ်ရင်း ဤနေရာသို့ ရောက်ရှိလာတော့သည်။

သူ၏အရှိန်အဝါ တစ်ခုတည်းကပင် ပါ့မျိုးနွယ် အဓိပဓိ ထံမှ ဆန့်တန်းလာခဲ့သော နိယာမလက်ဝါးကြီးအား ရိုက်ခွဲဖျက်ဆီးပစ်လိုက်သည်။

ယင်းနောက် ပါ့မျိုးနွယ်ဝင် အဓိပဓိအား သွေးများ အန်ထွက်စေလျက် နောက်သို့ ဆုတ်သွားစေခဲ့၏။

ပါ့မျိုးနွယ်ဝင် အဓိပတိ၏ မျက်ဝန်းများထဲတွင် ထိတ်လန့်တုန်လှုပ်ခြင်းများ ပေါ်လွင်လာတော့သည်။

လူသားမျိုးနွယ်၏ အကျော်အမော်တစ်ဦး ရောက်လာခဲ့ပြီလား။

လူတိုင်းက အသက်ရှူရပ်လုနီး ဖြစ်သွားခဲ့ရသည်။

အချိန်စီးဆင်းမှုကလည်း ဤအခိုက်အတန့်တွင် ရပ်တန့်သွားခဲ့ရသကဲ့သို့ ဖြစ်သွားတော့သည်။

All Chapters