← Chapters

အခန်း (၂၇၃၉-၂၇၄၀)

Vol. 274 Ch. 2739-2740

အခန်း (၂၇၃၉-၂၇၄၀)

Vol. 274 Ch. 2739-2740

​

​အခန်း (၂၇၃၉) - ဤသည်ကား အသက်ချုပ်နှောင်ခြင်း

​“အရင်က ငါတို့ အသက်ချုပ်နှောင်ခြင်းနည်းလမ်းခန်းမကနေ ဖမ်းဆီးရမိလာတဲ့ အသက်စွမ်းအင် တွေကို ဒီနေရာမှာပဲ ထိန်းသိမ်းထားခဲ့တာ။”

​“ငါတို့မှာ ချင်းဟယ်အကြီးအကဲလိုမျိုး စွမ်းအားနဲ့ ကျွမ်းကျင်မှုမျိုး မရှိဘူး။ အရင်က ဒီနေရာမှာ ပြည့်နှက်နေတဲ့ အသက်ချုပ်နှောင်ခြင်းစွမ်းအားတွေက ချင်းဟယ်အကြီးအကဲဆီကနေပဲ လာတာပါ။”

​“နောက်ပိုင်း ရှဲ့ကျစ်ရုံးတော် ပျက်စီးသွားတော့ အသက်ချုပ်နှောင်ခြင်းစွမ်းအားတွေလည်း ပျံ့လွင့်သွားတယ်။ ဒီနေရာမှာ ရှိတဲ့ အသက်စွမ်းအင်တွေလည်း အကုန် ထွက်ပြေးကုန်ကြတယ်၊ တစ်ကောင်မှ မကျန်တော့ဘူး။”

​“ရှဲ့ကျစ်ရုံးတော်က အတွင်းပိုင်းနယ်မြေတစ်ခုဖြစ်တာနဲ့အညီ တဖြည်းဖြည်းနဲ့ သေဆုံးသွားခဲ့တယ်။ ဒီနှစ်တွေအတွင်းမှာ အကြီးအကဲ နားလည်သဘောပေါက်ခဲ့ဖူးတဲ့ နတ်ဘုရားစွမ်းအား အငွေ့အသက် တွေ အများကြီး ပေါ်ထွက်လာခဲ့တယ်။”

​ရှောင်ချင်းယောင်သည် ဖုန်မှုန့်များဖြင့် နှစ်ပေါင်းများစွာ ပိတ်ထားခဲ့သည့် တံခါးကြီးကို တွန်းဖွင့်လိုက်သည်။

​နှာခေါင်းထဲကို ထိုးဝင်လာသည့် နတ်ဘုရားစွမ်းအား အငွေ့အသက်များသည် လှိုင်းလုံးကြီးများသဖွယ် သူမနှင့် ဖန့်ချန်တို့ဆီသို့ ရိုက်ခတ်လာသည်။

​ဖန့်ချန်သည် တည်ငြိမ်သော အမူအရာဖြင့် ထိုနယ်မြေကို အကဲခတ်ကြည့်လိုက်သည်။

​ဤနေရာကို အသက်စွမ်းအင်များ၏ ထောင်ချောက်ဟု ခေါ်ဆိုခြင်းထက် ဂိုဒေါင်တစ်ခုနှင့် ပိုတူသည်ဟု ဆိုရပေမည်။

​သို့သော် ယခုအချိန်တွင်မူ ဤဂိုဒေါင်မှာ ဗလာကျင်းနေပြီး အသက်စွမ်းအင် တစ်ကောင်မျှ၏ အငွေ့အသက်ပင် မကျန်တော့ပေ။

​အသက်ချုပ်နှောင်ခြင်းစွမ်းအားများသာ အလွန်ပြင်းထန်ပြီး အင်အားကြီးမားစွာ ရှိနေသည်။

​“မောင်လေး၊ မင်း ဒီနေရာမှာပဲ အသက်ချုပ်နှောင်ခြင်းနည်းလမ်းကို နားလည်အောင် လုပ်ပါ။ ငါက တံခါးအပြင်ဘက်မှာ စောင့်နေပေးမယ်။ ရှဲ့ကျစ်ရုံးတော်ထဲမှာ အန္တရာယ်တွေ ရှိနေသေးတယ်၊ အခု ငါ့ရဲ့ စွမ်းရည်နဲ့ဆိုရင်တော့ အနည်းငယ်တော့ တားဆီးနိုင်လိမ့်မယ်။”

​ရှောင်ချင်းယောင်က တိုးတိုးလေး ပြောလိုက်သည်။

​ဖန့်ချန် အံ့အားသင့်သွားပြီး

“အစ်မတော် ရှောင်၊ ရှဲ့ကျစ်ရုံးတော်ထဲမှာ အန္တရာယ်တွေ ရှိနေသေးလို့လား။” ဟု မေးသည်။

​အကြီးမားဆုံး အန္တရာယ်က ရှေ့မှာ ရှိနေသည့် အစ်မတော်ကိုယ်တိုင်နှင့် ချူရိန့်ယန်တို့ မဟုတ်ဘူးလား။

​“ချင်းဟယ်အကြီးအကဲ နားလည်သဘောပေါက်ခဲ့တဲ့ နတ်ဘုရားစွမ်းအား ပုံစံ ဘယ်လောက်ရှိလဲဆိုတာကို ငါ အတိအကျ မသိဘူး။”

​“အဲဒီထဲက ‘ခေါ်ယူခြင်း’၊ ‘နက်နဲခြင်း’ နဲ့ ‘ချုပ်နှောင်ခြင်း’ ဆိုတဲ့ နတ်ဘုရားစွမ်းအား သုံးမျိုးပဲ ပုံမှန်အတိုင်း ရှိနေတာ။”

​“ကျန်တဲ့ နတ်ဘုရားစမ်းအား အငွေ့အသက်တွေကတော့ ဒီနှစ်တွေအတွင်းမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီ။”

​“တချို့တွေကဆိုရင် အတွင်းပိုင်းနယ်မြေရဲ့ သေလွန်သူ ဝိညာဉ်တွေအဖြစ်တောင် ဖြစ်သွားကြပြီ။”

​“ဒါပေမဲ့ စိတ်မပူပါနဲ့။”

​ရှောင်ချင်းယောင်က အေးဆေးစွာ ပြုံးလျက်

“ငါ သူတို့ကို ခြိမ်းခြောက်နိုင်ပါသေးတယ်။” ဟု ဆိုသည်။

​ဖန့်ချန်၏ မျက်ဝန်းတွင် လေးနက်သော အရိပ်အယောင်များ ပေါ်လာသည်။

​“သတိထားပါဦး။”

​အရင်က အကြီးအကဲ ချန်ရစ်ခဲ့သည့် နတ်ဘုရားစွမ်းအား အငွေ့အသက်များက ပြောင်းလဲသွားသည့် အန္တရာယ်များသည် သာမန်လူတို့ စိတ်ကူးယဉ်နိုင်သည့် အတိုင်းအတာထက် များစွာ ကျော်လွန်နေမည်မှာ အသေအချာပင်။

​“စိတ်ချပါ။”

​ရှောင်ချင်းယောင်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

​“သူမက အရင်က ကျဲနယဲ့ အဆင့်မြင့် ဖြစ်ခဲ့ဖူးသလို သူတော်စင်ဧကရာဇ်လည်း လုပ်ခဲ့ဖူးသူ။ စိတ်အာရုံ အကြွင်းအကျန်လေးပဲ ရှိပေမဲ့လည်း မပြည့်စုံဘူးလို့ မယူဆသင့်ဘူး။”

​“လာမယ့် အန္တရာယ်တွေကို ခန့်မှန်းနိုင်လိမ့်မယ်လို့တော့ ယုံကြည်တယ်။”

​ထိုအကြောင်းကို တွေးမိရင်း ဖန့်ချန်သည် ဘာမျှ ထပ်မပြောတော့ဘဲ အသက်စွမ်းအင် အမြောက်အမြားကို ထိန်းသိမ်းခဲ့ဖူးသည့် ‘ဂိုဒေါင်’ ထဲသို့ ခြေလှမ်းလှမ်းဝင်လိုက်သည်။

​တံခါးကြီးသည် နောက်ဘက်မှ တဖြည်းဖြည်း ပိတ်သွားသည်။ အလွန်ပြင်းထန်လှသည့် အသက်ချုပ်နှောင်ခြင်းစွမ်းအားများသည် ထွက်ပေါက်မရှိသဖြင့် ဖန့်ချန်၏ ကိုယ်ခန္ဓာပတ်လည်တွင် လှည့်ပတ်ပြီး စမ်းသပ်နေကြသည်။

​“စမ်းသပ်မနေနဲ့တော့၊ လာခဲ့ကြပါ။”

​ဖန့်ချန်က ပြုံးလိုက်ပြီး မျက်လုံးကို မှိတ်ကာ အလေ့အကျင့်အတိုင်း ထိုအသက်ချုပ်နှောင်ခြင်းစွမ်းအားများကို နားလည်သဘောပေါက်ရန် ကြိုးစားလေသည်။

​နတ်ဘုရားစွမ်းအားနည်းလမ်းကို နားလည်ရန်မှာ တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုရှိမှ စတင်နိုင်ပေသည်။

​ရက်အနည်းငယ် ကုန်ဆုံးသွားသည်နှင့် ဖန့်ချန်၏ ကိုယ်ထဲမှ မူလဝိညာဉ်စွမ်းအားများ ယိုစိမ့်ထွက်လာပြီး ပတ်ဝန်းကျင်ရှိ နတ်ဘုရားစွမ်းအား အငွေ့အသက်များနှင့် ထိတွေ့သွားသည်။

​ပထမဆုံး နတ်ဘုရားစွမ်းအား အငွေ့အသက်တစ်ခု ကိုယ်ထဲသို့ စီးဝင်လာချိန်တွင် ဒုတိယတစ်ခု၊ တတိယတစ်ခုတို့မှာ ဆက်တိုက်ဆိုသလို ဝင်ရောက်လာကြသည်။

​ထိုအချိန်တွင်ပင်။

​ကြီးမားသော အဆောက်အအုံစုကြီးထဲမှ လူသူကင်းမဲ့သော နေရာတစ်ခုတွင် ဝိုင်သောက်နေကြသည့် တည်ရှိမှုအချို့သည် ခေါင်းမော့လိုက်ပြီး အသက်စွမ်းအင်များ ထိန်းသိမ်းထားရာ နေရာဆီသို့ ငေးကြည့်လိုက်ကြသည်။

​ထိုသူတို့၏ မျက်နှာပေါ်ရှိ အမူအရာများမှာ တောင့်တင်းနေပြီး ထိုအချိန်တွင် သူတို့၏ မျက်ဝန်းထဲ၌ မည်းမှောင်နေသည့် မြူခိုးငွေ့များ တဖြည်းဖြည်း ပေါ်ပေါက်လာသည်။ အသက်မရှိတော့သော ရုပ်အလောင်းများကဲ့သို့ပင် လက်ထဲမှ ဝိုင်ခွက်များကို ချလိုက်ပြီး ထရပ်လိုက်ကြသည်။

​ရှောင်ချင်းယောင်သည် တံခါးအပြင်ဘက်တွင် ငြိမ်သက်စွာ ရပ်နေသည်။ အရိပ်အချို့ ဖြည်းညှင်းစွာ လျှောက်လာသည်ကို မြင်သောအခါ သူမလည်း ဖြည်းညှင်းစွာပင် ကြိုဆိုလိုက်ပြီး အေးစက်စက် အသံဖြင့် -

​“အသက်ချုပ်နှောင်ခြင်းနည်းလမ်းခန်းမရဲ့ ပိုင်နက်ထဲကို သူစိမ်းတွေ ဝင်ခွင့်မရှိဘူး။” ဟု ဆိုသည်။

​သူမသည် မည်းမှောင်သော မြူခိုးငွေ့များ ဖုံးလွှမ်းနေသည့် မျက်လုံးများရှိသူများကို ကြည့်ရင်း မျက်ဝန်းအနက်တွင် သတိထားရမည့်အရိပ်များ ပေါ်လာသည်။

​ထိုသူတို့သည် ရှောင်ချင်းယောင်ကို မှတ်မိသွားပုံရပြီး ခြေလှမ်းရပ်သွားသည်။

​ထိုသို့သော အခြေအနေမျိုးမှာ တစ်နာရီခန့် ကြာမြင့်ပြီးနောက်တွင် သူတို့သည် ရှောင်ချင်းယောင်ဘက်သို့ ပြန်လည် လျှောက်လှမ်းလာကြပြန်သည်။

​ရှောင်ချင်းယောင်သည် တံခါးနောက်ဘက်ကို တစ်ချက်လှည့်ကြည့်လိုက်ပြီး

“မင်း အမြန်ဆုံး အောင်မြင်ပါစေလို့ မျှော်လင့်ပါတယ်။” ဟု ရေရွတ်လိုက်သည်။

​ထို့နောက် သူမ၏ မျက်လုံးထဲတွင် အေးစက်စက် အရောင်အဝါများ တောက်ပလာပြီး နောက်မဆုတ်ဘဲ ရှေ့သို့တက်ကာ ထိုအရိပ်များဆီသို့ ဝင်ရောက်တိုက်ခိုက်လိုက်သည်။

​……

​……

​အခြားတစ်နေရာတွင်မူ အစောင့်ရှစ်ယောက်၏ စိုက်ကြည့်မှုအောက်တွင် သူတော်စင်အသီးသီးတို့သည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် မြက်ဖျာများကို ရိုသေစွာ ရက်လုပ်နေကြသည်။

​လက်နှေးသွားသည့်သူရှိလျှင် အစောင့်၏ တုတ်ဖြင့် ရိုက်နှက်ခြင်းကို ချက်ချင်း ခံရမည် ဖြစ်သည်။

​‘နက်နဲခြင်းချုပ်နှောင်မှု’ ခံထားရသောကြောင့် သူတို့သည် သာမန်လူများကဲ့သို့ ဖြစ်နေကြပြီး၊ ဤတုတ်ချက်မှာ အကြီးကဲငါးပါး ကဲ့သို့သော တည်ရှိမှုမျိုးပင်လျှင် နာကျင်လွန်း၍ မျက်နှာရှုံ့မဲ့သွားရသည်။

​ကံကောင်းသည်မှာ လက်လှုပ်ရှားနေသရွေ့ အစောင့်များက အခြားကိစ္စများကို ဂရုမစိုက်ပေ။

​ထို့အပြင် သူတို့ အရင်က ခန့်မှန်းခဲ့သည့်အတိုင်း ဤနေရာတွင်လည်း ‘နက်နဲခြင်းချုပ်နှောင်ခြင်းစွမ်းအား’ များ ပြည့်နှက်နေသည်။

​နက်နဲခြင်းချုပ်နှောင်မှု နတ်ဘုရားစွမ်းအားကို နားလည်ရန် အမှန်တကယ် ကောင်းမွန်သော နေရာဖြစ်သော်လည်း…

​“အခုလို အခြေအနေမျိုးနဲ့ နတ်ဘုရားစွမ်းအား အငွေ့အသက်ကို ဘယ်လို နားလည်အောင်လုပ်ရမလဲ။”

​သူတော်စင်တစ်ဦးက တိုးတိုးလေး ညည်းတွားလိုက်သည်။

​အနီးအနားရှိ သူတော်စင်များ၏ မျက်နှာထားမှာလည်း ဆိုးရွားနေသည်။

​မြက်ဖျာရက်လုပ်ရင်းနဲ့ နတ်ဘုရားစွမ်းအား အငွေ့အသက်ကို နားလည်အောင်လုပ်ရမလား။

​ဤသို့ အာရုံနှစ်ခု ခွဲထားခြင်းကို သူတို့ လုံးဝ မလုပ်နိုင်ကြပါ။ နတ်ဘုရားစွမ်းအား အငွေ့အသက်ကို နားလည်ရန်မှာ စိတ်နှလုံး အကြွင်းမဲ့ မြှုပ်နှံမှသာ ဖြစ်နိုင်ပေသည်။

​“အခု အခြေအနေက ငါတို့ မထင်မှတ်ထားတဲ့ အတိုင်းဖြစ်နေတယ်။ အခုတော့ ဖန့်သူတော်စင်ဘိုးဘေးဘက်မှာပဲ မျှော်လင့်ချက်ထားပြီး ငါတို့ကို ကယ်တင်နိုင်မလား ကြည့်ရတော့မယ်။”

​ဆွေ့ဟွမ်ရွှီက သက်ပြင်းချလိုက်သည်။

​စီကုကျိ၏ မျက်နှာမှာ မှောင်မိုက်နေသည်။

“ဒီရှဲ့ကျစ်ရုံးတော်က သူတော်စင်တွေကို ဖမ်းလာပြီး ဒီလိုနည်းနဲ့ပဲ စော်ကားမယ်လို့ ဘယ်သူထင်မှာလဲ။ နောက်တစ်ခါ ငါ့ကို စော်ကားတဲ့သူရှိရင် သူတို့ကို မြက်ဖျာရက်ခိုင်းမယ်၊ နှစ်ထောင်ချီအောင် ရက်ခိုင်းပစ်မယ်။”

​အနီးအနားရှိ သူတော်စင်များမှာ ဘာမျှ ပြန်မပြောဘဲ စိုးရိမ်စိတ်ကို ထိန်းချုပ်ကာ အပြောင်းအလဲတစ်ခု ဖြစ်လာမည့်အချိန်ကို စောင့်မျှော်နေကြသည်။

​တစ်ဖက်တွင်လည်း ရွှေဟွေးပညာသင်ကျောင်းတော်မှ သူတော်စင်များသည်လည်း အစုအဝေးလိုက် မြက်ဖျာရက်နေကြသည်။

​“အကြီးကဲငါးပါး လည်း ဘာနည်းလမ်းမှ မရှိဘူး၊ အခုတော့ ဖန့်… ဖန့်အစ်ကိုတော် လာကယ်ဖို့ပဲ စောင့်ရတော့မယ်။”

​ဝမ်ချုံစန်းက တွေးတောလျက် ပြောလိုက်သည်။

​သူ စကားပြောနေစဉ် လက်လှုပ်ရှားမှုမှာလည်း မနှေးကွေးပေ။ အခြားသူများ မြက်ဖျာတစ်ဝက်တောင် မရက်ရသေးခင်မှာပင် သူက အချပ်ရေ ဆယ်ချပ်ပင် ရက်ပြီးသွားပြီ ဖြစ်သည်။

​ထိုက်ဟောင်ဟွမ်းယောင်တို့မှာ အံ့အားသင့်သွားပြီး ဝမ်ချုံစန်း ရွှေဟွေးပညာသင်ကျောင်းတော်သို့ မဝင်ရောက်မီက အတွေ့အကြုံများကို သံသယဝင်မိကြသည်။

​“ဝမ်အစ်ကိုတော်၊ တခြားကိစ္စတွေကို ထားလိုက်ပါတော့၊ ဒီအလုပ်မှာတော့ အစ်ကိုတော် အရမ်းမြန်တာပဲနော်။”

​ဖန့်ကျစ်ရွှယ်က ထူးဆန်းသော အမူအရာဖြင့် မေးလိုက်သည်။

​ဝမ်ချုံစန်း က ပြုံးလိုက်သည်။

“အရင်ကလည်း အဖမ်းခံဖူးတာ မဟုတ်ဘူးလေ…”

​အဖမ်းခံဖူးတာ မဟုတ်ဘူး ဒါက ဘာကို ဆိုလိုတာလဲ။

​သူတော်စင်များ မစဉ်းစားရသေးခင်မှာပင် အစောင့်တစ်ယောက်က ဝမ်ချုံစန်း ဆီသို့ လျှောက်လာသည်ကို မြင်လိုက်ရသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် အကြီးကဲငါးပါးတို့၏ အာရုံစိုက်မှုများလည်း ဤနေရာသို့ ရောက်ရှိလာသည်။

​လူအများ၏ အကြည့်အောက်တွင် အစောင့်သည် ဝမ်ချုံစန်း ၏ ရှေ့မှ မြက်ဖျာ ငါးချပ်ကို သိမ်းယူလိုက်ပြီး ခေါင်းညိတ်ကာ -

​“မင်း သုံးရက် နားခွင့်ရှိတယ်။” ဟု ပြောသည်။

​“ဟုတ်ကဲ့”

​ဝမ်ချုံစန်း သည် ချက်ချင်းပင် မျက်လုံးကို မှိတ်လိုက်ပြီး အစောင့်၏ ရှေ့မှာပင် ဤနေရာရှိ နက်နဲခြင်းချုပ်နှောင်ခြင်းစွမ်းအားကို စတင်နားလည်သဘောပေါက်ရန် ကြိုးစားလေသည်။

​အစောင့်သည် မြင်သယောင် မရှိဘဲ လှည့်ထွက်သွားလေသည်။

​“ဘာဖြစ်တာလဲ ”

​“မြက်ဖျာ ငါးချပ် ရက်ပြီးရင် သုံးရက် နားခွင့်ရတယ်ပေါ့”

​သူတော်စင်များသည် အံ့အားသင့်လျက် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

​ထိုအချိန်မှစ၍ အလုပ်မလုပ်ဘဲ ဖန့်ချန်ကို စောင့်နေသည့် သူတော်စင်များသည် ချက်ချင်းပင် အာရုံစူးစိုက်ကာ မြက်ဖျာများကို အလွန်အလေးအနက် ရက်လုပ်လာကြသည်။

​ထိုနေရာ၌ အဘယ်ကြောင့် ဤသို့ ပြုလုပ်ခိုင်းသည်ကို သူတို့ မသိကြသော်လည်း မြက်ဖျာ ငါးချပ် ရက်ပြီးလျှင် နက်နဲခြင်းချုပ်နှောင်ခြင်းစွမ်းအားကို နားလည်သဘောပေါက်ရန် သုံးရက်ရမည်ဟူသော အချက်ကိုတော့ သူတို့ သဘောပေါက်သွားကြသည်။

​နက်နဲခြင်းချုပ်နှောင်ခြင်းစွမ်းအား၏ ထူးခြားမှုနှင့် ကြောက်မက်ဖွယ်ကောင်းပုံကို ကိုယ်တိုင် မြည်းစမ်းဖူးပြီးဖြစ်ရာ နားလည်အောင် လုပ်နိုင်မည့် အခွင့်အရေးကို သူတို့ စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြသည်။

​နေ့ရက်များ ကုန်ဆုံးသွားသည်။

​ဖန့်ချန်သည် နတ်ဘုရားစွမ်းအား အငွေ့အသက်များထဲတွင် နစ်မြုပ်နေသည်မှာ ကြာပြီဖြစ်သည်။

​ဤနေရာရှိ နတ်ဘုရားစွမ်းအား အငွေ့အသက် တစ်ခုချင်းစီမှာ အလွန် သန့်စင်လှသည်။

​အလွန်ပင် သန့်စင်လှသဖြင့် ကိုယ်ထဲသို့ ဝင်ရောက်လာသည့်အခါ ပြုပြင်ပြောင်းလဲရန် မလိုသလောက်ပင် ဖြစ်သည်။ အရင်က နီရဲသောကပ်ဝိဇ္ဇာမျက်လုံး ကို နားလည်အောင်လုပ်ခဲ့စဉ်ကထက် များစွာ လွယ်ကူနေသည်။

​ထိုအချိန်အတွင်း၌ ရှောင်ချင်းယောင်သည် အန္တရာယ်များကို တစ်လှိုင်းပြီးတစ်လှိုင်း တားဆီးနေခဲ့သည်ကို သူ မသိရှိခဲ့ပေ။

​အချိန်မည်မျှ ကုန်ဆုံးသွားမှန်း မသိတော့ပေ။ ဖန့်ချန်၏ ကိုယ်ထဲရှိ အတွင်းပိုင်း ကြယ်ကိုးလုံးသည် ဟိန်းသံများနှင့်အတူ နတ်ဘုရားစွမ်းအား တံဆိပ်ကိုးခုကို ဖန်တီးလိုက်လေသည်။

​ဤသည်ကား အသက်ချုပ်နှောင်ခြင်း ဖြစ်သည်။

​အခန်း (၂၇၄၀) - ကံဆိုးစွာပင် ထိုဖန့်မျိုးရိုးရှိသူ မရှိနေခြင်း

​နတ်ဘုရားစွမ်းအား တံဆိပ်ကိုးခု စုစည်းမိသွားသည့် ထိုအချိန်တွင် ဖန့်ချန်သည် ‘အသက်ချုပ်နှောင်ခြင်းနည်းလမ်း’ ကို ပိုမို နက်ရှိုင်းစွာ နားလည် သဘောပေါက်သွားခဲ့သည်။

​“အသက်ချုပ်နှောင်ခြင်းနည်းလမ်းဆိုတာလည်း အရမ်းကြီး ကြောက်ဖို့မကောင်းပါလား။ အသုံးချဖို့အတွက် အချက်နှစ်ချက် လိုအပ်တာပဲ။”

​“တစ်ခုကတော့ ပစ်မှတ်အစစ်အမှန်ကို ဖမ်းမိပြီး သူ့ကို ကြားခံအဖြစ် သုံးရင် သူ့ရဲ့ အသက်စွမ်းအင်ကို ရှာဖွေလို့ရတယ် ။ ဒါပေမဲ့ အသက်စွမ်းအင်ကို အပြည့်အစုံ ရှာတွေ့ဖို့ကတော့ ကျင့်ကြံမှုအဆင့် အဖက်ဖက်နဲ့ ပတ်သက်နေတဲ့ ပြင်ပအကြောင်းအရင်းတွေ အများကြီး ရှိသေးတယ်။”

​“နောက်တစ်ခုကတော့ အသက်စွမ်းအင် ဘယ်နေရာမှာ ရှိလဲဆိုတာကို ကြိုသိထားရင် ဖမ်းယူလို့ ရတာပဲ။ ဒါပေမဲ့ အဲဒီထဲမှာ ပျက်စီးဆုံးရှုံးမှုတွေလည်း တော်တော်များတယ်။”

​“ရှဲ့ကျစ်ရုံးတော်မှာ အရင်က အသက်ချုပ်နှောင်ခြင်းတာဝန်ခံတဲ့ သူတော်စင်တွေ အများကြီး ရှိခဲ့ပုံရတယ်။”

​ထိုအကြောင်းကို တွေးမိရင်း ဖန့်ချန်သည် မျက်လုံးကို ဖွင့်လိုက်သည်။ သူ၏ ပတ်ဝန်းကျင်တွင် ရှိနေသော နတ်ဘုရားစွမ်းအား အငွေ့အသက်များသည် ငါးဆယ်မှ ခြောက်ဆယ်ရာခိုင်နှုန်းအထိ သိသိသာသာ လျော့ကျသွားသည်ကို တွေ့လိုက်ရသည်။

​ဒီတစ်ခေါက်တွင် သူသည် နတ်ဘုရားစွမ်းအား အငွေ့အသက်များ၏ ထက်ဝက်ကျော်ကို နားလည်အောင် လုပ်နိုင်ခဲ့သည်။

​“အရင်ကလို အတွင်းပိုင်းနယ်မြေတစ်ခုပဲ ရှိနေတဲ့ အခြေအနေဆိုရင် ဒီလောက်များတဲ့ နတ်ဘုရားစွမ်းအား အငွေ့အသက်တွေကို စုပ်ယူနိုင်မှာ မဟုတ်ဘူး။”

​“အတွင်းပိုင်းနယ်မြေကို ရုပ်ခန္ဓာထဲကို ပေါင်းစပ်တဲ့ နည်းလမ်းက သူတော်စင်ကျမ်းစာနည်းလမ်း ထက် ပိုပြီး သာလွန်တယ်ဆိုတာ အမှန်ပဲ။”

​စိတ်ထဲတွင် တအံ့တဩ တွေးတောပြီးနောက် ဖန့်ချန်သည် တံခါးပေါက်ဆီသို့ လျှောက်သွားလိုက်သည်။

​သူ တံခါးကို ဆွဲဖွင့်လိုက်သည့်အခါ လူရိပ်တစ်ခုသည် သူ၏ကိုယ်ပေါ်သို့ တန်းပြီး ပြိုလဲကျလာသည်။

​“အစ်မတော်ရှောင်”

​ဖန့်ချန်၏ အမူအရာ ပြောင်းလဲသွားသည်။

​ရှောင်ချင်းယောင်၏ လက်ရှိအခြေအနေမှာ အလွန်ပင် ဆိုးရွားနေသည်။

​စက္ကူရုပ်အသွင် ဖြစ်နေသော သူမ၏ ခန္ဓာကိုယ်နေရာအနှံ့တွင် ပျက်စီးနေသော နေရာများ ရှိနေသည်။

​ဤပျက်စီးမှုများမှာ သူမ၏ အခြေခံစွမ်းအားများ ဆုံးရှုံးနေခြင်းနှင့် တူညီသည်။

​သူမ၏ ညာဘက်လက်မောင်းမှာ ပျောက်ကွယ်သွားပြီဖြစ်ပြီး၊ ခြေထောက်ဆိုလျှင်လည်း ညာဘက်ခြေဖဝါးသာ ကျန်ရှိတော့သည်။

​မျက်နှာပေါ်တွင်လည်း ပျက်စီးနေသော ဒဏ်ရာအချို့ကို တွေ့ရသည်။

​“နားလည်သဘောပေါက်သွားပြီလား ငါထင်ထားတာထက် ပိုမြန်နေပါလား။”

​ရှောင်ချင်းယောင်က ပြုံးလျက်

“ချင်းဟယ်အကြီးအကဲ ချန်ရစ်ခဲ့တဲ့ နတ်ဘုရားစွမ်းအား အငွေ့အသက်တွေက ငါထင်ထားတာထက် ပိုပြီး အစွမ်းထက်နေတယ်။”

​“မင်းသာ နောက်ထပ် နည်းနည်းလေး ထပ်နှေးနေရင် ငါ သူတို့ကို တားဆီးနိုင်တော့မှာ မဟုတ်ဘူး။” ဟု ဆိုသည်။

​ထိုအချိန်တွင် သူမသည် ဖန့်ချန်က သတိထားပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေသည်ကို မြင်သောအခါ -

​“ကြည့်မနေပါနဲ့တော့၊ သူတို့ အကုန် ပြန်သွားကြပြီ။ ဒီနေရာမှာ တစ်ခုခု ထူးခြားမှု ဖြစ်လာမှသာ သူတို့ ပြန်နိုးထလာကြတာ။”

​“သာမန်အချိန်တွေဆိုရင် သူတို့က ငါအရင်က ဖြစ်ခဲ့သလိုပဲ တိတ်ဆိတ်နေကြတာ။”

ဟု သူမက ပြောသည်။

​ဖန့်ချန်သည် စိတ်အေးသွားသည်။ ရှောင်ချင်းယောင်ကိုယ်တိုင်ပင် ဤမျှ ဒုက္ခရောက်နေလျှင် သူသာ ထိုအရာများဖြင့် ရင်ဆိုင်ရမည်ဆိုပါက ထွက်ပြေးရန်သာ တတ်နိုင်ပေလိမ့်မည်။

​“ခဏလောက် စောင့်ပေးပါ။”

​ရှောင်ချင်းယောင်သည် ထိုသို့ပြောပြီး မျက်လုံးကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။

​သူမ၏ ခန္ဓာကိုယ်ပေါ်မှ ပျက်စီးနေသောနေရာများသည် ချက်ချင်းပင် ပြန်လည်ကောင်းမွန်လာသည်။

​အချိန်ခဏလေးအတွင်းမှာပင် သူမ၏ ခြေထောက်များသည် ပြန်လည်ပြည့်စုံသွားသည်။ အရင်ကနှင့် မတူညီသည်မှာ ယခုသူမသည် တစ်ကိုယ်လုံး ပိုမိုပါးလျသွားသယောင် ရှိသည်။

​“အသက်ချုပ်နက်နဲခြင်းနည်းလမ်းခန်းမဆီ သွားကြရအောင်။ ချူရိန့်ယန်လည်း အခုချိန်မှာ အဆင်မပြေလောက်ဘူး။ ကံကောင်းတာက သူ ကျွမ်းကျင်တဲ့ နက်နဲခြင်းချုပ်နှောင်မှု နည်းလမ်းက ဒီနတ်ဘုရားစွမ်းအား အငွေ့အသက်တွေကို အတော်လေး တားဆီးနိုင်လိမ့်မယ်။”

​ရှောင်ချင်းယောင်သည် ပြောပြီးသည်နှင့် နက်နဲခြင်းချုပ်နှောင်မှု နည်းလမ်းခန်းမဆီသို့ လျှောက်သွားလေသည်။

​ဖန့်ချန်သည် သူမနောက်မှ ချက်ချင်း လိုက်သွားပြီး စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာသည်။

​သူ အသက်စွမ်းအင်ကို နားလည်အောင် လုပ်နေစဉ်အတွင်း ထိုအန္တရာယ်များ တိုက်ခိုက်လာမည်ဆိုလျှင်…

​“ညီမလေးတို့ဘက်မှာလည်း ဒီလိုကိစ္စမျိုး ကြုံရနိုင်တယ်။ ဒါပေမဲ့ ချူရိန့်ယန်ရဲ့ လက်အောက်မှာ အစောင့်ရှစ်ယောက် ရှိနေတာဆိုတော့ တားဆီးနိုင်မှာပါ၊ ဟုတ်တယ်မလား ”

​……

​……

​“အဲဒီအစောင့်တွေ ဘယ်သွားကြတာလဲ။”

​“ငါတို့ အခု မြက်ဖျာ ရက်စရာ မလိုတော့ဘူးလား။”

​မြက်ဖျာကို အလေးအနက် ရက်လုပ်နေကြသည့် သူတော်စင်များသည် တစ်ယောက်ပြီးတစ်ယောက် ခေါင်းမော့ကြည့်လိုက်ကြသည်။

​အစောင့်ရှစ်ယောက်မှာ မည်သည့်အချိန်က ပျောက်ကွယ်သွားမှန်း မသိတော့ပေ။

​ထိုအချိန်တွင်ပင် အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရပြီး တစ်စုံတစ်ယောက် အပြင်ဘက်တွင် တိုက်ခိုက်နေပုံရသည်။

​“အပြင်မှာ ဘာဖြစ်နေလဲဆိုတာ မသိပေမဲ့ အခု ငါတို့ ဒီနေရာက နက်နဲခြင်းချုပ်နှောင်မှုစွမ်းအားကို နားလည်အောင် လုပ်လို့ရပြီ မဟုတ်လား။”

​“ဖြစ်နိုင်ပါတယ်…”

​သူတော်စင်များသည် မြင်တွေ့ရသောအခါ လက်ထဲမှ မြက်ဖျာများကို ပစ်ချလိုက်ပြီး မျက်လုံးကို ချက်ချင်း မှိတ်ကာ နက်နဲခြင်းချုပ်နှောင်မှုကို နားလည်အောင် စတင်ကြိုးစားကြသည်။

​ဖန့်ကျစ်ရွှယ်တို့အဖွဲ့သည်လည်း အချင်းချင်း ကြည့်လိုက်ကြပြီးနောက် မြက်ဖျာများကို ပစ်ချကာ နတ်ဘုရားစွမ်းအား အငွေ့အသက်များကို အလေးအနက် နားလည်အောင် လုပ်ဆောင်ကြသည်။

​ထိုနေရာရှိ သူတော်စင်များသည် ကောင်းကင်ငါးပါးဘက်မှ အသီးသီး ရောက်လာကြသူများဖြစ်သည်။

​‘တန်လင်’ ပညာသင်ကျောင်းတော်မှ အဖွဲ့လည်း ပါဝင်သည်။

​ထိုအဖွဲ့ထဲမှ ရှီးမျိုးနွယ် သူတော်စင်တစ်ဦးသည် မျက်လုံးမှိတ်ပြီး ခဏအကြာတွင် ရုတ်တရက် မျက်လုံးကို ပြန်ဖွင့်လိုက်ပြီး ကရုဏာ တောင် မှ လူများကို ကြည့်လိုက်သည်။

​“ဒီနေရာက အန္တရာယ်တွေက တံခါးပေါက်ကို ရောက်နေပြီ။”

​“အဲဒီ စိတ်အာရုံ အကြွင်းအကျန်တွေက သူတို့ကို ရင်ဆိုင်ဖို့ အချိန်နည်းနည်း ထပ်လိုဦးမယ်။”

​“သူတို့ရဲ့ အတွင်းပိုင်း ကြယ်တာရာတွေကို ပြုပြင်ပြောင်းလဲလိုက်နိုင်ရင် အရင်က နည်းလမ်းကို ပြန်လည်ကျင့်ကြံပြီး အဆင့်တက်နိုင်လိမ့်မယ်။”

​ထိုသို့ တွေးမိရင်း ထိုရှီးလူမျိုး သူတော်စင်သည် အေးစက်စက် ပြုံးလိုက်သည်။

​သူ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ထိုအလင်းတန်းများသည် သောင်းနှင့်ချီသော ရောင်ခြည်တန်းများအဖြစ် ပြောင်းလဲကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် နေရာရှိ သူတော်စင်တိုင်း၏ ကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

​“ကံဆိုးစွာနဲ့ပဲ ဟိုဖန့်မျိုးရိုးရှိသူ မရှိနေဘူး။”

​ထိုရှီးလူမျိုး သူတော်စင်သည် တိုးတိုးလေး ရေရွတ်ပြီး မျက်လုံးကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။

​ရောင်ခြည်တန်းများ ဝင်ရောက်လာသည်ကို သိလိုက်ရသော သူတော်စင်များသည် အံ့ဩတကြီး မျက်လုံးကို ဖွင့်လိုက်ကြသည်။

​သူတို့သည် လှုပ်ရှား၍ မရတော့သည်ကို အံ့အားသင့်စွာ တွေ့ရှိလိုက်ရသည်။

​တစ်စုံတစ်ခုသော စွမ်းအားက သူတို့ကို လုံးဝ ချုပ်နှောင်ထားသကဲ့သို့ ဖြစ်နေသည်။

ဒါ​သာမကသေး၊ ထိုစွမ်းအားသည် သူတို့၏ အတွင်းပိုင်း ကြယ်တာရာများထဲအထိ နက်ရှိုင်းစွာ ဝင်ရောက်လာပြီး မီးနှင့် ပူလောင်စေသည့်အလား စဉ်ဆက်မပြတ် ပြုပြင်ပြောင်းလဲနေသည်။

​“ဒါ ဘာလဲ ”

​“ဒီနေရာက အန္တရာယ်တွေလား ”

​အကြီးကဲငါးပါး၏ မျက်နှာမှာ ပြောင်းလဲသွားပြီး ဒေါသနှင့် ထိတ်လန့်မှုများ ရောထွေးနေသည်။

​ဤသည်မှာ သူတို့ အပင်ပန်းခံ၍ ပြုပြင်ခဲ့သော အတွင်းပိုင်း ကြယ်တာရာများ ဖြစ်သည်။ အခြားသူများကို မည်သို့မျှ ထိခိုက်စေ၍ မရပေ။

​စီကုကျန်း၊ ရှန်ကျီရှန်း၊ ဆွေ့ရှန်းကျိ၊ လွမ်းထိုက်ကူ၊ ထိုက်ဟောင်ဟွမ်းယောင်၊ ဖန့်လီပန်၊ ဆွေ့ထျန်းဟွမ်၊ တန်ခယ်ရွှမ် စသည့် သူတော်စင်အားလုံးမှာ ထိတ်လန့်တုန်လှုပ်နေကြသည်။

​ဝမ်ချုံစန်းသည်လည်း အံ့အားသင့်နေစဉ် သူ၏ နားထဲသို့ ချန်အင်းရွှယ်၏ အသံ ရောက်လာသည်။

​“အဲဒီရှီးမျိုးနွယ် သူတော်စင်ပဲ”

​ရှီးမျိုးနွယ်

​ထိုအချိန်မှသာ သူတော်စင်များသည် ကိုယ်ထဲသို့ ဝင်ရောက်လာသည့် ရွှေရောင်အလင်းမှာ ဝေးလံသောနေရာမှ ရှီးမျိုးနွယ် သူတော်စင်တစ်ဦးထံမှ ဖြစ်ကြောင်း သိလိုက်ရသည်။

​“သူက ဘယ်သူလဲ ”

​“အားလုံး နက်နဲခြင်းချုပ်နှောင်မှု ခံထားရတာ၊ သူ ဘယ်လိုလုပ်ပြီး ဒီလိုစွမ်းအားမျိုး ရှိနေရတာလဲ။”

​“ထိုက်ဟောင်ဟွမ်းယောင်၊ မင်းတို့ ရှီးမျိုးနွယ် တွေ ဘာလုပ်ချင်နေတာလဲ ”

​အနီးအနားရှိ အသက်ကြီးသော သူတော်စင်များ၏ မေးခွန်းများ ထွက်ပေါ်လာသည်။

​ထိုက်ဟောင်ဟွမ်းယောင်ကိုယ်တိုင်လည်း အံ့အားသင့်နေသည်။

​“ဒီကောင်က ဘယ်သူလဲ ”

​သူမ၏ မျက်နှာမှာ အလွန်ပင် မှောင်မိုက်နေသည်။

​“ဘိုးဘေး၊ ကျွန်တော်တို့ သူ့ကို မသိဘူး…”

​“အရင်က တစ်ခါမှ မမြင်ဖူးဘူး။”

​ယနေ့ ရောက်လာသော ရှီးမျိုးနွယ်များအားလုံးမှာ အံ့ဩသွားကြပြီး အမူအရာများမှာ ထူးဆန်းနေကြသည်။

​“မင်းတို့အခုမှ မသိဘူးလို့ ပြောနေတာလား ”

​“ဒီနေရာကို ရောက်လာနိုင်တဲ့သူက သာမန်လူမဟုတ်ဘူး၊ မင်းတို့က မသိဘူးလို့ ပြောနေတာလား”

​နေရာတစ်ခုလုံးတွင် မေးခွန်းထုတ်သံများ ဆူညံသွားသည်။

​“ရှီးမျိုးနွယ် တွေက ဒီလိုမျိုး သူတော်စင်မျိုး မွေးထုတ်နိုင်မှာ မဟုတ်ဘူး။”

​ရှန်တူရှင်း၏ အသံ ထွက်ပေါ်လာသည်။ သူသည် အကြီးကဲငါးပါး ဖြစ်သည့်အတွက် သူတော်စင်များအားလုံးက သူ့ကို ကြည့်လိုက်ကြသည်။

​“သူက အခု ငါတို့ရဲ့ အတွင်းပိုင်း ကြယ်တာရာတွေကို ပြုပြင်ပြောင်းလဲနေတာ။”

​“ငါတို့ အတွင်းကမ္ဘာနယ်မြေကို အတွင်းပိုင်း ကြယ်တာရာအဖြစ် ပြောင်းလဲဖို့ နှစ်နှစ်ထောင်နီးပါး ကြာခဲ့တယ်။”

​“သူက ဒီနေရာမှာတင် တစ်ပြိုင်နက်တည်းနဲ့ ငါတို့ရဲ့ အတွင်းပိုင်း ကြယ်တာရာတွေကို ပြုပြင်ပြောင်းလဲနေတာဆိုတော့ ဒါဟာ ကောင်းကင်ငါးပါးရဲ့ နည်းလမ်း မဟုတ်ဘူး”

​ရှန်တူရှင်းက ထိုရှီးမျိုးနွယ် သူတော်စင်ကို စိုက်ကြည့်ရင်း -

​“မင်း ဘယ်ကနေ ရောက်လာတာလဲ” ဟု အော်လိုက်သည်။

​သူတော်စင်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အသေးစိတ် စဉ်းစားကြည့်သောအခါ ထိတ်လန့်တုန်လှုပ်သွားကြသည်။

​ဟုတ်သားပဲ

​သူတို့ အတွင်းကမ္ဘာနယ်မြေကို အတွင်းပိုင်း ကြယ်တာရာအဖြစ် ပြောင်းလဲဖို့ နှစ်ပေါင်းများစွာ ကြာခဲ့သည်။

​တစ်ဖက်လူကတော့ သူတို့၏ အတွင်းပိုင်း ကြယ်တာရာတွေကို တိုက်ရိုက် ပြုပြင်ပြောင်းလဲနေတာလား။

​ဒါက ကျင့်ကြံမှုအဆင့်နဲ့ မဆိုင်တော့ဘဲ၊ အတွင်းပိုင်း ကြယ်တာရာတွေကို အလွယ်တကူ ပြုပြင်ပြောင်းလဲနိုင်သည့် နည်းလမ်းမျိုးကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

​ထိုရှီးမျိုးနွယ်မှာမူ မျက်လုံးကို မှိတ်ထားဆဲဖြစ်ပြီး ရှန်တူရှင်းကို ဂရုမစိုက်သော်လည်း နှုတ်ခမ်းတွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ ပေါ်လာသည်။

​“ ယင်သူတော်စင် ဖြစ်နေမလား။”

​သူတော်စင်တစ်ဦးက တိုးတိုးလေး ပြောလိုက်သည်။

​ယင်သူတော်စင်

​နေရာရှိ သူတော်စင်များအားလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

​ယင်သူတော်စင် များသည် အဆင့်တက်နေသော သူတော်စင်များ၏ အတွင်းပိုင်းနယ်မြေကို အခွင့်အရေးယူ၍ ပြုပြင်ပြောင်းလဲနိုင်သည်။

​အကြောင်းမှာ ထိုအချိန်တွင် သူတော်စင်များ၏ အတွင်းပိုင်းနယ်မြေများမှာ တိုးတက်လာပြီး လျော့ရဲနေသောကြောင့် ဖြစ်သည်။

​ယင်သူတော်စင် တို့၏ နည်းလမ်းက အတွင်းပိုင်း ကြယ်တာရာတွေကိုပါ ပြုပြင်ပြောင်းလဲနိုင်လို့လား။

​ထိုအကြောင်းကို တွေးမိရင်း၊ မိမိတို့မှာ ခုခံနိုင်စွမ်းမရှိဘဲ တစ်ဖက်လူက မိမိတို့၏ အတွင်းပိုင်း ကြယ်တာရာတွေကို ပြုပြင်ပြောင်းလဲနေသည်ကို ကြည့်နေရရုံမှတစ်ပါး အခြားမရှိတော့ပေ။

​သူတော်စင်တိုင်း၏ မျက်ဝန်းထဲတွင် စိုးရိမ်စိတ်နှင့် စိတ်ပျက်အားငယ်မှုများသာ ပြည့်နှက်နေသည်။

All Chapters