← Chapters

အခန်း (၂၇၃၃-၂၇၃၄)

Vol. 274 Ch. 2733-2734

အခန်း (၂၇၃၃-၂၇၃၄)

Vol. 274 Ch. 2733-2734

​အခန်း (၂၇၃၃) - ငါ့မှာ သတိမရှိဘူးဟုတ်လား။

​ဆွေ့ထျန်းဟွမ်တို့သည် ဟိုဘက်တွင် တစ်စုံတစ်ခုကို တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။

​ဖန့်ချန်သည် "လူမျိုးစု ရောထွေးမှု"၊ "ကျွန်စစ်သည်" စသည့် စကားလုံးများကို ကြားလိုက်ရသည်။

​“အဲဒီအချိန်တုန်းက နယ်မြေကိုးခုမှာ ဘယ်လူမျိုးစုက အဓိက ဖြစ်ခဲ့တာလဲ။”

​ဖန့်ချန်က စူးစမ်းသည့်သဘောဖြင့် ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

​“အတော်လေး ရှုပ်ထွေးတယ်။ အဓိက ဖြစ်တဲ့ လူမျိုးစုရယ်လို့ သီးသန့် ရှိပုံမရဘူး။”

​“ရှေးဟောင်း မှတ်တမ်းတွေမှာလည်း သိပ်ပြီး ရှင်းရှင်းလင်းလင်း မရှိဘူး။ အတိအကျ သိချင်တယ်ဆိုရင်တော့ ကောင်းကင်အရှင်တချို့ကိုပဲ မေးကြည့်မှ ရလိမ့်မယ်။”

​“ခန့်မှန်းရရင် အဲဒီတုန်းက လူမျိုးစုတွေက တစ်ခုမဟုတ်တစ်ခုပဲ။ ကျွန်စစ်သည်တွေအဖြစ် အသုံးတော်ခံနေကြတာမျိုး၊ ဒါမှမဟုတ် သေဆုံးပျောက်ကွယ်သွားတာမျိုး၊ ဒါမှမဟုတ်လည်း သူတော်စင်တွေ ပေါ်ပေါက်လာပြီး လူမျိုးစုငယ်လေးတွေ ဖြစ်သွားကြတာမျိုးပေါ့။”

​“ဘယ်လိုပဲဖြစ်ဖြစ် ချင်းဟယ် ငရဲမင်း ရှိခဲ့တဲ့ခေတ်က မင်းတို့ရဲ့ ရှန်းဟုန်မျိုးနွယ်စု နယ်မြေကိုးခုမှာ တစ်ကျော့ပြန် မွေးဖွားခဲ့တဲ့ခေတ်ထက် အများကြီး ပိုစောတယ်။”

​အကြီးအကဲငါးပါး၏ အမူအရာမှာ ထူးဆန်းနေသည်။

​“အဲဒီကိစ္စတွေ ဖြစ်ပျက်ပြီးတာ အတော်ကြာမှ မင်းတို့ လူမျိုးစုက ပေါ်လာတာ။ ကျွန်စစ်သည်ဘဝကနေ လူမျိုးစုငယ်လေးတွေ ဖြစ်လာကြတာလေ။”

​“ဒီမတိုင်ခင်တုန်းကတော့ ပေါင်ရှန်း လူမျိုးစုတို့၊ ဟုန်ဟိုင် လူမျိုးစုတို့လို အခြားသော ကျွန်စစ်သည် လူမျိုးစုတွေ ရှိနေသေးတယ်။”

​“အကြီးအကဲတို့၊ ဒီစကားကိုတော့ လွယ်လွယ် မပြောသင့်ဘူးနော်။”

​ပေါင်ရှန်း လူမျိုးစုနှင့် ဟုန်ဟိုင် လူမျိုးစုမှ နေမင်းခုနစ်ပါး ကျောင်းသားအချို့မှာ ထိတ်လန့်သွားကြသည်။

​ဆွေ့ထျန်းဟွမ်က ရယ်မောလျက် -

“တကယ်တော့ အရင်တုန်းက ငါတို့က လူမျိုးစုတွေအကြောင်း သိပ်ပြီး မသိခဲ့ဘူး။ ဒီနှစ်ပိုင်းတွေမှာမှ သေချာ လေ့လာကြည့်မိတာပါ။”

​“ရှန်းဟုန်မျိုးနွယ်စု မွေးဖွားမလာခင်ကတည်းကလား…”

​ဖန့်ချန်၏ စိတ်ထဲတွင် ချင်းဟယ် သီလရှင်လေးကို ပထမဆုံးအကြိမ် တွေ့ခဲ့ရသည့် မြင်ကွင်းက ပြန်ပေါ်လာသည်။

​ထိုအချိန်တုန်းကပင် သူမသည် ယင်နှင့်ယန်ကို ထွင်းဖောက်မြင်နိုင်ပြီး ဝိညာဉ်များကို မြင်နိုင်ခဲ့သည်။

​ယခုအခါတွင်မူ အစွမ်းထက်လှသည့် ကောင်းကင်အရှင်များပင် ဖြစ်လင့်ကစား ဝိညာဉ်မျိုးနွယ်စု မဟုတ်ပါက လူသားတို့၏ ဝိညာဉ်ကို မြေကြီးပေါ်တွင် မြင်နိုင်စွမ်း မရှိတော့ပေ။

​၎င်းမှာ ကျင့်စဉ်အဆင့်နှင့် မဆိုင်တော့သည့် ကိစ္စဖြစ်သည်။

​နောက်ပိုင်းတွင် သူသည် ဝိညာဥ်ကလေးနှင့် တွေ့ဆုံခဲ့ပြီး ဟွာကျိိိိိသိုက် ဝိညာဥ်မယ်တော် ချင်းဟယ် ကို မြင်ခဲ့ရသည်။

​“သီလရှင်လေး ချင်းဟယ်။”

​“ဟွာကျိသိုက် ဝိညာဥ်မယ်တော် ချင်းဟယ်။”

​“ငရဲမင်း ချင်းဟယ်။”

​“ရှဲ့ကျစ်ရုံးတော်၏ ရာဇဝတ်ရေးရာ အကြီးအကဲ ချင်းဟယ်။”

​“နောက်ဆုံးနှစ်ခုက ကိုက်ညီနေမယ်ဆိုရင် ဒီလေးခုလုံးက အရင်းအမြစ်တစ်ခုတည်းက လာတာပဲ။”

​“အစဉ်အလာအတိုင်း ဆိုရင်တော့ ရာဇဝတ်ရေးရာ အကြီးအကဲ၊ ငရဲမင်း၊ ဟွာကျိသိုက် ဝိညာဥ်မယ်တော် ၊ ပြီးတော့မှ သီလရှင်လေး ချင်းဟယ် ဖြစ်ရမယ်။”

​“ဒါပေမဲ့ သီလရှင်လေး ချင်းဟယ် နဲ့ ဟွာကျိိိိိိ သိုက် ဝိညာဥ်မယ်တော် ခေတ်ကာလ မတူပေမဲ့ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာတာမျိုး မဟုတ်ဘူး။ ဒါမှမဟုတ်လည်း အရိုးတည်ဆောက်ပုံ ကွဲပြားတာများလား။”

​ထိုအကြောင်းကို တွေးတောရင်း ဖန့်ချန်သည် ကျောက်တိုင်ပေါ်ရှိ ပညတ်တော် သုံးရပ်ကို တစ်ချက် ထပ်ကြည့်လိုက်သည်။

​ဤပညတ်သုံးရပ်မှာ ချင်းဟယ် သီလရှင်လေး နှင့် မသိမသာ ထပ်တူကျနေသယောင်။

​“သီလရှင်လေးရဲ့ စရိုက်က ဒီပညတ်သုံးရပ်နဲ့ နည်းနည်း ဆင်တူနေတယ်။”

​“ဒီနေ့ ရောက်နေတဲ့ သူတော်စင်တွေကို ကြည့်ပြန်ရင် ငါတောင် ဒီပညတ်သုံးရပ်နဲ့ ကိုက်ညီမယ်လို့ မထင်ဘူး။”

​“ဒါပေမဲ့… ဘာလို့ ချင်းဟယ် သီလရှင်လေးက နယ်မြေကိုးခုကို ဒီလောက်ထိ စွဲလမ်းနေရတာလဲ။”

​“အဘိုးအိုတွေကလည်း နယ်မြေကိုးခုမှာပဲ တစ်ကျော့ပြန် မွေးဖွားဖို့ ရွေးချယ်ခဲ့ကြတယ်။”

​“ဖန့်သူတော်စင်ဘိုးဘေး၊ အရှေ့က ဒီနန်းဆောင်ကြီးထဲမှာ နတ်ဘုရားစွမ်းအားရဲ့ အနှစ်သာရတွေ ရှိနိုင်တယ်။ ငါတို့ အတူတူ ဝင်ကြည့်ကြမလား။”

​အကြီးအကဲငါးပါးက စကားစလိုက်သည်။

​ကျန်းထန်းဝမ် ခန်းမဝင်များမှာ နန်းဆောင်ထဲသို့ အရင်ကတည်းက ဝင်ချင်နေကြသော်လည်း အကြီးအကဲငါးပါးက မလှုပ်ရှားသေး၍သာ ဖြစ်သည်။ သူတော်စင်ဘိုးဘေး စီမံကိန်းအဖွဲ့ဝင်များကလည်း အလွန်အမင်း စိတ်လောနေကြသော်လည်း ဖန့်ချန်၏ အမိန့်ကို စောင့်နေကြသည်။

​“ဒါဆိုလည်း ဝင်ကြည့်ကြတာပေါ့။”

​သူတော်စင်အားလုံး၏ စိတ်ဓာတ်များ ချက်ချင်း တက်ကြွသွားသည်။

​ထို့နောက် မသိသေးသည့်အရာကို တောင့်တမှုနှင့် အနည်းငယ်သော ကြောက်ရွံ့မှုတို့ဖြင့် ဖန့်ချန်တို့နှင့်အတူ နန်းဆောင်ထဲသို့ ခြေလှမ်းလိုက်ကြသည်။

​“ချုပ်နှောင်ခြင်းနည်းလမ်း ”

​သူတော်စင်များ နန်းဆောင်ထဲသို့ ရောက်သည်နှင့် နားထဲတွင် လေးနက်ခမ်းနားသော အသံတစ်ခုကို ကြားလိုက်ရသည်။

​နောက်တစ်ခဏတွင် သူတော်စင်တိုင်းသည် မိမိတို့၏ လက်နက်များ၊ စွမ်းအားများ၊ အတွင်းကမ္ဘာစွမ်းအားများအားလုံး ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

​ခန္ဓာကိုယ်ထဲမှ အတင်းဆွဲထုတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

​“မတုန်လှုပ်ကြနဲ့။”

​အကြီးအကဲငါးပါးက ချက်ချင်း သတိပေးသည်။

​ကံကောင်းစွာဖြင့် ယနေ့ ရောက်နေကြသည့် သူတော်စင်များမှာ အတွေ့အကြုံရှိသူများ ဖြစ်ကြသဖြင့် ခဏတာ မှင်သက်သွားပြီးနောက် ချက်ချင်းပင် ငြိမ်သက်သွားကြသည်။

​ကံကောင်းရင်လည်း ခံရမှာပဲ၊ ကံဆိုးရင်လည်း ရှောင်လွှဲလို့ မရနိုင်ဘူးလေ။

​ဒီနေရာကို ရောက်လာပြီဆိုမှတော့ အန္တရာယ်ကို ရင်ဆိုင်ဖို့ ပြင်ဆင်ပြီးသားပဲ။

​နန်းဆောင်ထဲရှိ ပရိဘောဂများမှာ အလွန်ဟောင်းနွမ်းနေပြီး လူသူကင်းမဲ့လျက်ရှိသည်။ အဲဒီ ချုပ်နှောင်ခြင်း အသံက ဘယ်ကလာမှန်းလည်း မသိရပေ။

​“ချုပ်နှောင်ခြင်းနည်းလမ်း ဆိုတာ ငါတို့ရဲ့ စွမ်းအားတွေကို ချုပ်နှောင်သွားတာပဲ။”

​ဆွေ့ထျန်းဟွမ်က လေးနက်စွာဖြင့် ပြောသည်။

​“ဒါဆိုရင် အသက်ချုပ်နှောင်ခြင်းနည်းလမ်း ဆိုတာကရော အသက်ကို ချုပ်တာလား၊ ဒါမှမဟုတ် အသက်ကို အယောင်ပြပြီး ချုပ်တာလား။”

​စီီကုကျိက ရုတ်တရက် မေးလိုက်သည်။

​သူတော်စင်များ အချင်းချင်း ကြည့်လိုက်ကြပြီး နှလုံးခုန်သံများမှာ အရှိန်ပြင်းစွာ မြန်ဆန်လာသည်။

​ချုပ်နှောင်ခြင်းနည်းလမ်းပဲ ဖြစ်ဖြစ်၊ အသက်ချုပ်နှောင်ခြင်းနည်းလမ်းပဲ ဖြစ်ဖြစ်၊ အခု ကြည့်ရသလောက်တော့ တော်တော်လေး စွမ်းသည်။ ဒီစွမ်းအားတစ်ခုကို နားလည်နိုင်ရုံနဲ့တင် တန်းတူအဆင့် တိုက်ခိုက်မှုတွေမှာ အသာစီး ရသွားမှာ အသေအချာပဲ။

​“အားလုံးရဲ့ စွမ်းအားတွေ အခု အသုံးပြုလို့ မရတော့ဘူး မဟုတ်လား။”

​ရှန်တူရှင်းက မေးသည်။

​သူတော်စင်များ ခေါင်းညိတ်ကြသည်။

​“ဝမ်အိုကြီး မင်းတို့ရဲ့ စွမ်းအားတွေ ချုပ်နှောင်ခံလိုက်ရပြီလား။”

​ဖန့်ချန်က ဘာမျှမဖြစ်သကဲ့သို့ တိုးတိုးလေး မေးလိုက်သည်။

​ဝမ်ချုံစန်း အနည်းငယ် အံ့ဩသွားပြီး ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်သည်။ ဒီကောင်က စကားတောင် လွှင့်လို့ရသေးတာလား။

​“ဒီကောင်ရဲ့ စွမ်းအားတွေ ချုပ်နှောင်မခံရဘူးဆိုတော့ နှစ်ထောင်ချီတဲ့ နှစ်ပေါင်းများစွာအတွင်းမှာပဲ လျှို့ဝှက်ချက်တွေ အများကြီး သိမ်းထားတာပဲ၊ မုန်းစရာကောင်းလိုက်တာ။”

​ထိုသို့ တွေးလိုက်ပြီးနောက် ဝမ်ချုံစန်းက သိသာရုံလေး ခေါင်းညိတ်ပြလိုက်သည်။

​“သူတို့ အားလုံးရဲ့ စွမ်းအားတွေကို ချုပ်နှောင်ခံလိုက်ရတာ၊ ငါ့ကျမှ ဘာလို့ မခံရတာလဲ။”

​“ငါ့မှာ ချုပ်နှောင်ခြင်းနည်းလမ်း ရှိနေလို့လား။”

​ဖန့်ချန်သည် ထိုအခါမှပဲ အဲဒီသစ်သားပြားလေးကို သတိရသွားသည်။

​ချုပ်နှောင်ခြင်းနည်းလမ်းထဲတွင် ထိုသစ်သားပြားမှာ အဆင့်အတန်းကို ကိုယ်စားပြုသလို နောက်ထပ် အထောက်အထားတစ်ခုဖြစ်သည့် ရာထူး ကိုလည်း ကိုယ်စားပြုသည်။

​“မှန်ပြီ၊ ငါက သူတို့နဲ့ မတူဘူး။ ငါက အရင်ကတည်းက ရာထူးရှိထားတာ၊ ဒီ ရှဲ့ကျစ်ရုံးတော်ကို လာတာက အိမ်ပြန်လာတာနဲ့ အတူတူပဲ။”

​ထိုသို့ တွေးလိုက်ပြီးနောက် ဖန့်ချန်သည် ရှေ့တည့်တည့်ရှိ စားပွဲဆီသို့ လျှောက်သွားလိုက်သည်။

​ထိုနေရာတွင် ရှည်လျားကြီးမားသည့် စားပွဲတစ်ခု ရှိပြီး အပေါ်တွင် ဝါးဘူးတချို့ တင်ထားသည်။

​“ဖန့်သူတော်စင်ဘိုးဘေး၊ သတိထားပါ။ ဒီနေရာက တခြားစွမ်းအားတွေကို မဆွမိစေနဲ့။”

​“အသက်ချုပ်နှောင်ခြင်းနည်းလမ်းသာ ဖြစ်လာရင် ငါတို့ ခံနိုင်မှာ မဟုတ်ဘူး။”

​အကြီးအကဲငါးပါးက တစ်ယောက်ပြီးတစ်ယောက် သတိပေးကြပြီး သူတို့ကိုယ်တိုင်လည်း သံသယဖြင့် လိုက်လာကြကာ ဖန့်ချန် ဘာရှာနေတာလဲဆိုတာကို ကြည့်ချင်ကြသည်။

​ဖန့်ချန် ရှာကြည့်လိုက်သော်လည်း စိတ်ပျက်စွာဖြင့်သာ ပြန်ထွက်လာခဲ့သည်။

​သစ်သားပြား မရှိပေ။

​ဒီနေရာက သစ်သားပြားကိုသာ ရှာတွေ့ပြီး အဲဒီစွမ်းအားကို စုပ်ယူနိုင်ရင် သူ့သစ်သားပြားက ခြောက်ဆင့်ကနေ ငါးဆင့်ကို တက်သွားမှာ မဟုတ်ဘူးလား။

​“အခြားကိစ္စတွေ မပြောနဲ့ဦး၊ သုံးဆင့်အထိပဲ တက်နိုင်ရင် ငါ့အတွက် လုံလောက်ပါပြီ…”

​ထိုသို့ တွေးနေစဉ် ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။

​“မိတ်ဆွေ၊ ဘာရှာနေတာလဲ။”

​“ဒါ ဘယ်သူလဲ။”

​“သတိထား၊ ဒီနေရာက စွမ်းအားတွေရဲ့ အနှစ်သာရကနေ ဖြစ်လာတာ ဖြစ်နိုင်တယ်။”

​သူတော်စင်များအားလုံး သတိထား၍ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကြပြီး ခန်းမနောက်ကွယ်မှ ထွက်လာသည့် ခရမ်းရောင်ဝတ်စုံနှင့် လူငယ်ကို ကြည့်လိုက်ကြသည်။

​ထိုခရမ်းရောင်ဝတ်စုံနှင့် လူငယ်နောက်တွင်လည်း အရာရှိဝတ်စုံနှင့် တရားရေးဝန်ထမ်း ရှစ်ဦး ပါလာသည်။

​ဆွေ့ထျန်းဟွမ် မှာ ထိုဝန်ထမ်းပုံစံကို မြင်သည်နှင့် တင်ပါးများ ကျုံ့သွားရသည်။

​တစ်ခဏအတွင်းမှာပင် တရားစီရင်ရေးဌာန တားမြစ်နယ်မြေထဲသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

​“အားလုံး သတိထားကြ၊ အတွင်းကမ္ဘာ တားမြစ်နယ်မြေဆိုတာက သေနေတဲ့အရာတွေပဲ။ ဒီထဲက အန္တရာယ်တွေက အကြောင်းပြချက် မရှိဘူး၊ ယုတ္တိမရှိဘူး၊ ကြောက်ဖို့ ကောင်းအောင်ကို ထူးဆန်းနေတတ်တာ။”

​“အခုရှေ့ကလူက အန္တရာယ်တစ်ခု ဖြစ်နိုင်တယ်။ သူက ငါတို့ကို စကားပြောနေသလိုပဲ၊ ဒါပေမဲ့ သူ့မှာ တကယ်သတိရှိရဲ့လား ဆိုတာ မသေချာဘူး။”

​“ဘယ်လိုပဲဖြစ်ဖြစ် ရှောင်ကျဉ်ရမယ့်အရာတွေကို မလုပ်မိစေနဲ့၊ အန္တရာယ် မဖြစ်စေနဲ့။”

​အကြီးအကဲငါးပါးက ချက်ချင်း သတိပေးသည်။

​ခရမ်းရောင်ဝတ်စုံနှင့် လူငယ်က အကြီးအကဲငါးပါးကို ကြည့်ပြီး ပေါ့ပေါ့ပါးပါးပင် အမိန့်ပေးလိုက်သည်။

​“ငါ့မှာ သတိမရှိဘူးဟုတ်လား။ ဒီ ချုပ်နှောင်ခြင်းနည်းလမ်းခန်းမထဲမှာ ငါ့ကို အကြီးအကဲလို့ မခေါ်ဘဲ သတိမရှိဘူးလို့ ပြောရဲတယ်ပေါ့လေ။”

​“သာမန်လူတွေက ငါ့ကို ဒီလောက်ထိ စော်ကားရဲတယ်ပေါ့၊ ပါးရိုက်လိုက်စမ်း။”

​သူ့နောက်မှ ဝန်ထမ်းငါးဦး ချက်ချင်း ထွက်လာပြီး အကြီးအကဲငါးပါးကို လျင်မြန်စွာ ဖမ်းချုပ်လိုက်ပြီး တစ်ယောက်ချင်းစီကို ပါးရိုက်လိုက်သည်။

​အကြီးအကဲငါးပါးမှာ စွမ်းအားများ ချုပ်နှောင်ခံထားရပြီး ပြန်လည်ခုခံနိုင်စွမ်း မရှိသော်လည်း အော်ဟစ်ဆဲဆိုမိပါက ပိုမိုကြီးမားသည့် အန္တရာယ် ကြုံရမည်ကို စိုးရိမ်သဖြင့် စိတ်ထဲမှ အငြိုးအတေးများကိုသာ မြိုသိပ်ကာ ပါးရိုက်ခံလိုက်ရသည်။

​အခန်းထဲရှိ သူတော်စင်များအားလုံးမှာလည်း ထိုအချိန်တွင် စကားမပြောရဲဘဲ တိတ်ဆိတ်စွာ ကြည့်နေကြရသည်။

​ပါးရိုက်ပြီးနောက် အကြီးအကဲငါးပါး အချင်းချင်း ကြည့်လိုက်ကြရာ တစ်ယောက်မျက်လုံးထဲမှာ တစ်ယောက် မဖုံးကွယ်နိုင်တော့သည့် ဒေါသအလျဉ်များ တောက်လောင်နေသည်ကို မြင်လိုက်ရသည်။

​အခန်း (၂၇၃၄) - ငါတို့က ကိုယ့်သဘောနဲ့ကိုယ်ပဲ ကြိုးတုပ်ခံလိုက်ရတာလား။

​ခရမ်းရောင်ဝတ်စုံနှင့် လူငယ်သည် အကြီးအကဲငါးပါးကို လုံးဝဂရုမစိုက်ဘဲ ထိုသူတော်စင်အုပ်စုကို တစ်ဖက်တွင် ပစ်ထားလိုက်သည်။

​ရှေ့တွင် ဖြစ်ပျက်ခဲ့သည့် သင်ခန်းစာကြောင့် စီီကုကျန်း ၊ ရှန်ကျိရှန်းတို့ အပါအဝင် ထိုက်ဟောင်ဟွမ်းယောင်၊ ဆွေ့ရှင်းကျိ စသူတို့အားလုံးသည် ထိုအဖြစ်ကို သင်ခန်းစာယူကာ တိတ်ဆိတ်စွာပင် နေနေကြသည်။

​“မိတ်ဆွေ၊ မင်း ခုနက ဘာရှာနေတာလဲ။”

​ခရမ်းရောင်ဝတ်စုံနှင့် လူငယ်သည် ဖန့်ချန်ကို နောက်တစ်ကြိမ် ကြည့်ကာ အနည်းငယ် ယဉ်ကျေးစွာ မေးလိုက်သည်။

​သူတော်စင်အားလုံးမှာ အံ့အားသင့်သွားကြသည်။ ‘ချုပ်နှောင်ခြင်းနည်းလမ်းခန်းမ’ ၏ ရာဇဝတ်ရေးရာ အကြီးအကဲဟု ကိုယ့်ကိုယ်ကိုယ် ပြောထားသော ဤသူသည် အဘယ်ကြောင့် ဖန့်ချန်ကိုသာ အထူးတလည် ယဉ်ကျေးနေရသနည်း။

​“မိတ်ဆွေ၊ ကျွန်တော် ဘာမှ မရှာပါဘူး၊ ဒီတိုင်းပဲ ကြည့်ကြည့်တာပါ။ မိတ်ဆွေကို ဘယ်လိုခေါ်ရမလဲ။”

​ဖန့်ချန်က လက်ယှက်ကာ အရိုအသေပေး၍ မေးလိုက်သည်။

​“ဟုတ်ပါပြီ၊ မင်းနဲ့ငါနဲ့ကြားမှာ ဒီလောက်တောင် ယဉ်ကျေးစရာ မလိုပါဘူး။ ငါက ရှဲ့ကျစ်ရုံးတော်၊ ချုပ်နှောင်ခြင်းနည်းလမ်းခန်းမက အကြီးအကဲ ချူရိန့်ယန်ပါ။”

​ချူရိန့်ယန်က လက်ယှက်ကာ ရယ်မော၍ ပြောသည်။

​“မင်းက ချုပ်နှောင်ခြင်း ပို့ဆောင်ရေးခန်းမ ကနေ လာတာလို့ ငါထင်တယ်။ မျက်နှာကတော့ အတော်စိမ်းနေတာပဲ။”

​စကားကို ခဏရပ်ပြီးနောက် သူသည် ဖန့်ချန်အနီးသို့ တိုးကပ်လာကာ လျှို့ဝှက်စွာဖြင့် မေးလိုက်သည်။

​“ချင်းဟယ် အကြီးအကဲကြီးရဲ့ လမ်းကြောင်းအတိုင်း လာတာလား။ ဒါမှမဟုတ်…”

​“……”

​အကြီးအကဲငါးပါး၏ အကြည့်များမှာ ဖန့်ချန်ထံသို့ တစ်ပြိုင်နက်တည်း ကျရောက်သွားသည်။

​ချုပ်နှောင်ခြင်း ပို့ဆောင်ရေးခန်းမ ချုပ်နှောင်ခြင်းနည်းလမ်း

​စီီကုကျိတို့ အချင်းချင်း ကြည့်လိုက်ကြရာ အမူအရာမှာ ထူးဆန်းနေသည်။

​“အဲဒီတုန်းက စီီကုပေ့က…”

​သူတော်စင်များ အချင်းချင်း ကြည့်လိုက်ကြပြီး ထိုအချိန်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ချက်ချင်း သတိရလိုက်ကြသည်။ ထိုစဉ်က ထိုကိစ္စမှာ အတော်လေး ဆူညံသွားခဲ့သော်လည်း နောက်ဆုံးတွင် ရလဒ်ထွက်မလာသဖြင့် တိတ်ဆိတ်သွားခဲ့ခြင်း ဖြစ်သည်။

​“ဟူး ”

ဆွေ့ထျန်းဟွမ်က စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

​“ဒီကိစ္စကတော့… ကျွန်တော်က ဖန့်ချန်ပါ။ ချုပ်နှောင်ခြင်း ပို့ဆောင်ရေးခန်းမကနေ လာတာလည်း မဟုတ်သလို၊ ချင်းဟယ် အကြီးအကဲကြီးကိုလည်း မသိပါဘူး။”

​ဖန့်ချန်က အနည်းငယ် စိတ်ပျက်စွာဖြင့် ပြောသည်။

​“ချုပ်နှောင်ခြင်း ပို့ဆောင်ရေးခန်းမက လုပ်ဖော်ကိုင်ဖက်တွေ မဟုတ်ဘူးပေါ့လေ။”

​ချူရိန့်ယန်က ရယ်မောကာ -

“စိတ်ချပါ၊ ငါ မင်းရဲ့ အထောက်အထားကို ဘယ်သူ့ကိုမှ မပြောပါဘူး။ မင်းတို့လို လူတွေက အပြင်မှာ သွားလာရင် နည်းနည်းတော့ လျှို့ဝှက်ရမယ်ဆိုတာ ငါသိပါတယ်။ လမ်းမှာ အလစ်ဝင်တိုက်ခံရမှာ စိုးရိမ်ရတယ်လေ။

​အခု ဒီကောင်တွေကိုတော့ နောက်မှပဲ ဖမ်းဆီးလိုက်တော့မယ်။ အပြင်ပြန်ထွက်ဖို့က ဒီလောက်တော့ မလွယ်ကူဘူးပေါ့။”

​“...........”

​အခန်းထဲရှိ သူတော်စင်များ၏ မျက်နှာများမှာ ပြောင်းလဲသွားသည်။

​ဖန့်ချန် -

“ကျွန်တော် တကယ် ချုပ်နှောင်ခြင်း ပို့ဆောင်ရေးခန်းမက အကြီးအကဲ မဟုတ်ပါဘူး။”

​ချူရိန့်ယန်က ရယ်လျက် -

“ဟန်ဆောင်နေတာပဲ။”

​စကားဆုံးသည်နှင့် သူသည် လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။

​ထိုအခိုက်တွင် ဖန့်ချန်၏ ခန္ဓာကိုယ်ထဲမှ သစ်သားပြားတစ်ခု ထွက်ပေါ်လာပြီး သူ့ရှေ့တွင် ဝဲပျံနေသည်။

​“သူက အဲဒီတုန်းက တရားစီရင်ရေးဌာန တားမြစ်နယ်မြေမှာ လေ့လာခဲ့တဲ့ ချုပ်နှောင်ခြင်းနည်းလမ်း ဖြစ်ရမယ်။ အဲဒီတုန်းက သူလည်း အဲဒီမှာ ရှိနေခဲ့တာပဲ…”

​ဆွေ့ထျန်းဟွမ် ၏ အမူအရာမှာ ပြောင်းလဲသွားပြီး အဘယ်ကြောင့် မိမိအစောကတည်းက မတွေးမိခဲ့ရတာလဲဟု ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေသည်။

​“အဲဒီတုန်းက သူက ငါ့ကို ချုပ်နှောင်ခဲ့တာ၊ သူက နာမည်ကို ခိုးသုံးထားတာကို သိလို့ ဖြစ်မှာပဲ…”

​ဆွေ့ထျန်းဟွမ်မှာ ရှက်ရွံ့သွားပြီး အကြည့်လွှဲလိုက်သည်။

​ဖန့်ချန်မှာလည်း အံ့အားသင့်သွားသည်။ သူ့သစ်သားပြားကို ပြိုင်ဘက်က အလွယ်တကူ ဆွဲထုတ်သွားနိုင်သည်ဆိုတော့ ပြိုင်ဘက်၏ စွမ်းရည်မှာ သူနှင့် ကွာခြားလွန်းလှသည်။

​“ဟုတ်ပြီ၊ ချုပ်နှောင်ခြင်းနည်းလမ်း…”

​ဖန့်ချန်က စဉ်းစားလိုက်သည်။

​ထိုချူရိန့်ယန်က ချုပ်နှောင်ခြင်းနည်းလမ်းခန်းမ၏ အကြီးအကဲ ဖြစ်နေတော့ သူ့၏ စွမ်းရည်မှာ အထွတ်အထိပ်သို့ ရောက်နေသည်မှာ သေချာသည်။ သူ၏ စွမ်းအားကို အလွယ်တကူ ဆွဲထုတ်နိုင်သည်မှာလည်း မဆန်းပေ။

​“အခုတော့ ဟန်ဆောင်လို့ မရတော့ဘူးပေါ့၊ ဖန့် လုပ်ဖော်ကိုင်ဖက်ရ။”

​ချူရိန့်ယန်က ရယ်လျက် -

“ဒါက ချုပ်နှောင်ခြင်း ပို့ဆောင်ရေးခန်းမရဲ့ အဆင့်ခြောက် သစ်သားပြားပဲ။ မင်းရဲ့ ရာထူးက သိပ်မကြီးပေမဲ့ ငါက လုပ်ဖော်ကိုင်ဖက်လို့ ခေါ်တာ သဘာဝကျပါတယ်နော်။”

​ဆွေ့ထျန်းဟွမ်က ချက်ချင်း မေးလိုက်သည်။

“ဒီသစ်သားပြားက ဘာလဲ။ ချုပ်နှောင်ခြင်းနည်းလမ်းလား။”

​ချူရိန့်ယန်က ‌ဆွေ့ထျန်းဟွမ်ကို တစ်ချက်ကြည့်လိုက်သည်။

​“ဘာမှ မသိတဲ့ကောင်။ ဒါက ချုပ်နှောင်ခြင်းနည်းလမ်း မဟုတ်ဘဲ ဘာဖြစ်ရမှာလဲ။”

​“ကောင်းပြီလေ”

​သူတော်စင်များအားလုံး ဖန့်ချန်ကို နောက်တစ်ကြိမ် ကြည့်လိုက်ကြသည်။

​ဖန့်ချန်မှာ အမူအရာ မပျက်ဘဲ သစ်သားပြားကို အေးဆေးပင် ပြန်ယူလိုက်သည်။ သစ်သားပြားကို တားမြစ်တားခြင်း မရှိသဖြင့် ခန္ဓာကိုယ်ထဲ ပြန်ထည့်နိုင်သည်ကို တွေ့ရသောအခါ သူစိတ်သက်သာရာ ရသွားသည်။ ထို့နောက် ချူရိန့်ယန်ကို အရိုအသေပေးလိုက်သည်။

​“ချုပ်နှောင်ခြင်း ပို့ဆောင်ရေးခန်းမက ဖန့်ချန်ပါ၊ ချူအကြီးအကဲကြီးကို နှုတ်ဆက်ပါတယ်။”

​“အို… ငါက အကြီးအကဲကြီး မဟုတ်ပါဘူး။ အဲဒီအဆင့်ထိ မရောက်သေးပါဘူး၊ ဖန့်အကြီးအကဲရယ် မပြောပါနဲ့။”

​ချူရိန့်ယန်က ရယ်မောလျက် လက်ကို ဝှေ့ယမ်းလိုက်သည်။

​သူ၏ စိတ်ခံစားမှုမှာ အတော်လေး ကောင်းမွန်လာပြီး ဝန်ထမ်းများကိုပင် အမိန့်ပေးလိုက်သည်။

​“မျက်စိမမြင်ကြဘူးလား။ ဖန့်အကြီးအကဲအတွက် ထိုင်ခုံယူလာခဲ့ကြလေ။”

​ဝန်ထမ်းတစ်ဦးက ချက်ချင်းပင် ထိုင်ခုံတစ်ခုကို ယူလာပေးသည်။

​ချူရိန့်ယန်၏ ဖိတ်ကြားချက်အရ ဖန့်ချန်သည် ထိုင်ခုံတွင် ဝင်ထိုင်ကာ ချူရိန့်ယန်နှင့် စကားစမြည် ပြောဆိုလိုက်သည်။ ချူရိန့်ယန် ပြောသည့် အကြောင်းအရာများမှာ ဖန့်ချန်နှင့် လုံးဝ မဆိုင်ပေ။ သူက ရှဲ့ကျစ်ရုံးတော်အကြောင်း၊ ချုပ်နှောင်ခြင်း ပို့ဆောင်ရေးခန်းမက ဘယ်အကြီးအကဲ အမှားလုပ်မိ၍ အပြစ်ပေးခံရကြောင်း၊ ချုပ်နှောင်ခြင်းနည်းလမ်းခန်းမက ဘယ်သူက အိမ်ထောင်ပြု၍ လက်ဆောင်ဘယ်လောက် ရကြောင်းစသည့် အကြောင်းအရာများကိုသာ ပြောပြသည်။

​ဖန့်ချန်မှာလည်း အလိုက်သင့်သာ ပြန်ပြောနေရပြီး ပြိုင်ဘက်က ဘာမျှ မရိပ်မိပေ။

​“အကြီးအကဲငါးပါး ပြောတာ မှန်တယ်။ ဒီချူအကြီးအကဲကလည်း ‘ဝိညာဥ်အကြွင်းအကျန်’ တစ်ခုပဲ ဖြစ်မယ်။”

​ဖန့်ချန်က စိတ်ထဲမှ တွေးလိုက်သည်။

​အကြီးအကဲငါးပါးနှင့် သူတော်စင်များမှာမူ ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေရင်း ထိုသူနှစ်ဦး ပြောဆိုနေသည်ကို နားထောင်နေရသည်။ ဤဖန့်သူတော်စင်ဘိုးဘေးသည် ချုပ်နှောင်ခြင်းနည်းလမ်းကို တကယ်တတ်ကျွမ်းနေခြင်းမှာ သေချာသွားပြီ ဖြစ်သည်။ သူက စစ်ဆေးရေးဌာန၏ တာဝန်ရှိသူ၊ ချုပ်နှောင်ခြင်းဌာန၏ အကြီးအကဲ ဖြစ်နေပြန်တော့ ချုပ်နှောင်ခြင်းနည်းလမ်းကို သူတို့ဌာနက အရင်ကတည်းက ရထားပြီးသားလားဟုပင် သံသယဝင်လာကြသည်။

​“ဒါပေမဲ့ မဖြစ်နိုင်ဘူးလေ။ အကယ်၍ ချင်းမင် စစ်ဆေးရေးဌာနက ဒီလောက်စွမ်းတဲ့ နည်းလမ်းကို ပိုင်ဆိုင်ထားရင် သူတော်စင်ဧကရာဇ် စီမံကိန်းအဖွဲ့ဝင်တွေကို ဘာလို့ မသင်ပေးတာလဲ။”

​“သူ ပေါ်မလာခင်ကတည်းက သူတော်စင်ဧကရာဇ် စီမံကိန်းဆိုတာ ကောင်းကင်အရှင်တွေရဲ့ အနာဂတ်မျှော်လင့်ချက်ပဲလေ။”

​အကြီးအကဲငါးပါးက စိတ်ထဲမှ တွေးတောနေသည်။

​ထိုသို့နှင့် ဖန့်ချန်နှင့် ချူရိန့်ယန်တို့၏ စကားပြောဆိုမှုထဲမှ သူတို့ အချက်အလက်အချို့ကို သတိပြုမိလိုက်သည်။ ဖန့်ချန်သည် အပြင်ဘက်ကိစ္စများကို ဘာမျှ မပြောဘဲ တစ်ဖက်လူပြောသမျှကို အလိုက်သင့်သာ ပြောနေသည်။

​၎င်းကိုကြည့်ရခြင်းအားဖြင့် ဖန့်ချန်၏ အတွေ့အကြုံမှာ အတော်လေး နက်ရှိုင်းကြောင်း သူတို့ နားလည်လိုက်သည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် လိုက်လျောညီထွေ စကားပြောခြင်းဖြင့် အန္တရာယ်ကို ရှောင်ရှားနိုင်ပြီး ထိုသူကို ကြောက်မက်ဖွယ်ကောင်းသော အရာအဖြစ် မပြောင်းလဲစေရန် တားဆီးနိုင်သည်။

​“ဖန့်အကြီးအကဲ၊ ပြောနေတာ ကြာသွားပြီ။ ဒီကောင်တွေကို လက်ခံဖို့ အကြောင်းကြားစာ မရပါလား။”

​“ဒါပေမဲ့ တစ်ခုခု ဖြစ်သွားရင်တော့ မင်းက အောက်ကလူတွေကို ပြောပြီး ပို့ခိုင်းလိုက်ပေါ့။ ဘာလို့ ကိုယ်တိုင် ပြေးလာရတာလဲ။”

​ချူရိန့်ယန်က ရုတ်တရက် ရယ်မောလိုက်ပြီး ဝန်ထမ်းများကို အမိန့်ပေးသည်။

​“ဒီကောင်တွေကို အကုန်ဖမ်းလိုက်။ အသက်ချုပ်နှောင်ခြင်းနည်းလမ်းခန်းမဘက်ကို ပို့ဖို့ လိုမလို စစ်ဆေးကြည့်လိုက်ဦး။”

​“ဟုတ်ကဲ့။”

​ဝန်ထမ်းရှစ်ဦးက ချက်ချင်း ရှေ့တိုးလာပြီး လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ တစ်ခဏအတွင်းမှာပင် သူတော်စင်များအားလုံးကို သံခြေချင်းများ ခတ်လိုက်သည်။

​သူတော်စင်များမှာ အလွန်တုန်လှုပ်သွားပြီး ဖန့်ချန်ဘက်သို့ မျက်စိဖြင့် အချက်ပြကြသည်။ သို့သော် သူတို့က ပညာရှိကြသဖြင့် စကားတစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်နေကြသည်။

​“ချူအကြီးအကဲ၊ ခဏလေးပါ။”

​ဖန့်ချန်က ချက်ချင်း တားလိုက်သည်။

​သူတော်စင်များမှာ အသက်ရှူချောင်သွားကြသည်။

​ချူရိန့်ယန်က အံ့အားသင့်စွာဖြင့် - “ဘာဖြစ်လို့လဲ။”

​“သူတို့က ပြစ်မှုကျူးလွန်ထားတဲ့ သူတော်စင်တွေ မဟုတ်ပါဘူး။ ကျွန်တော့်နောက်ကို အလည်လာတဲ့ သူတွေပါ။ ခဏနေရင် ကျွန်တော်နဲ့အတူ ချုပ်နှောင်ခြင်း ပို့ဆောင်ရေးခန်းမကို ပြန်ကြမှာပါ။”

​ဖန့်ချန်က ရယ်မော၍ ပြောသည်။

​ချူရိန့်ယန်၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး အေးစက်စက် ဖြစ်လာသည်။

​“ဖန့် လုပ်ဖော်ကိုင်ဖက်၊ မင်း သူတို့ဆီက အကျိုးအမြတ်များ ရထားလို့လား။ ရှဲ့ကျစ်ရုံးတော်ရဲ့ ပညတ်တော်သုံးရပ်ကို မေ့သွားပြီလား။”

​“သူတို့က ပြစ်မှုမကျူးလွန်ဘူးဆိုရင် သူတို့ရဲ့ ဆန်းနယဲ့ ဘွဲ့တွေက ဘယ်ကလာတာလဲ။ ဆန်းနယဲ့ အဆင့်အားလုံးကို မှတ်တမ်းတင်ထားရတာ။ ဒါတွေအားလုံးက တရားဝင် လမ်းကြောင်းကနေ ရလာတာပဲ။”

​“ဒါပေမဲ့ သူတို့ကတော့ မတူဘူး။ သူတို့ရဲ့ ဆန်းနယဲ့ ဘွဲ့တွေက ခိုးယူထားတာ၊ သူတို့ ဝင်လာကတည်းက ငါသိနေတာပဲ။”

​“ဆန်းနယဲ့ ဘွဲ့ကို ခိုးယူတာက ကြီးမားတဲ့ ပြစ်မှုပဲ၊ ဒါကို ငါတို့က အဓိကထား နှိမ်နင်းနေတာ။”

​“ဒါက ဘာတွေ ဖြစ်ကုန်တာလဲ။”

​“ဆန်းနယဲ့ ဘွဲ့ရှိရင် ဒီ ရှေးဟောင်း တားမြစ်နယ်မြေထဲ ဝင်လို့ရတယ် ဆိုတာ မဟုတ်ဘူးလား။”

​“ရှဲ့ကျစ်ရုံးတော်မှာကျတော့ ဘာလို့ ပြစ်မှုထောက်ခံချက် ဖြစ်သွားတာလဲ။”

​“ငါတို့က ကိုယ့်သဘောနဲ့ကိုယ်ပဲ ကြိုးတုပ်ခံလိုက်ရတာလား။”

​သူတော်စင်များ အချင်းချင်း ကြည့်လိုက်ကြပြီး ဘာမှ နားမလည်နိုင် ဖြစ်နေကြသည်။

​ဖန့်ချန်ကမူ ရုတ်တရက် အချက်တစ်ခုကို သဘောပေါက်သွားသည်။

​“ငါ လွဲသွားပြီ။ ဂိုဏ်းခေတ်တုန်းက လုကျိုးယွမ်တောင် ဆန်းနယဲ့ အဆင့် မဟုတ်ဘူး။ သူ့အရည်အချင်း မမီလို့ မဟုတ်ဘူး၊ သူက အရည်အချင်းစစ် မရလို့လား။”

​“အဲဒီခေတ်တုန်းက ဆန်းနယဲ့ အဆင့် တက်ချင်ရင် အပေါ်ကနေ ခွင့်ပြုချက် လိုတာလား။”

​ဖန့်ချန်၏ မျက်နှာမှာ ပြောင်းလဲသွားသည်။

​အဘယ်ကြောင့်နည်း။ ဂိုဏ်းခေတ်တုန်းက ဆန်းနယဲ့ ဘွဲ့ကို ဘာလို့ ထိန်းချုပ်ထားရတာလဲ။

​ဒီဘွဲ့က ဘာကို ဆောင်ကြဉ်းပေးနိုင်သလဲ။ အဲဒီခေတ်တုန်းက ထိပ်သီးပုဂ္ဂိုလ်တွေကို ဘယ်လို ခြိမ်းခြောက်မှုမျိုး ပေးနိုင်သလဲ။

All Chapters