အခန်း (၂၇၃၇-၂၇၃၈)
Vol. 274 Ch. 2737-2738
အခန်း (၂၇၃၇) - ဂိုဏ်း၏ သစ္စာဖောက်များ
“ရှောင်ချင်းယောင်၊ ရှေးယခင်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို သိချင်တာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ မင်းရဲ့ လက်ရှိအခြေအနေက တကယ်ပဲ စိတ်ကြည်လင်နေရဲ့လားဆိုတာကိုတော့ ငါ အတည်မပြုနိုင်ဘူး။”
ဖန့်ချန်က ပြုံးလျက် ပြောလိုက်သည်။
“ပြီးတော့ ငါ့ကိုယ်ပေါ်မှာ တာအိုသုံးထောင်လမ်းစဉ်ဂိုဏ်းရဲ့ အမွေအနှစ်တွေ ရှိနေတယ်ဆိုတာကိုလည်း မင်း မြင်မှာပါ။”
“ဒါဆိုရင် မင်း ခုနက ပြောတဲ့ ဆရာကို သတ်ခဲ့တယ်ဆိုတဲ့ စကားကို ငါ ယုံကြည်လိုက်ပြီဆိုတာကိုလည်း မင်း သိသင့်တယ်။”
“မင်းက ငါ့ကို အထဲဝင်ခိုင်းပြီး ကိုယ်တိုင် ထောင်ချောက်ထဲ သွားမိအောင် လုပ်နေတာမျိုးကိုတော့ လုံးဝ မလိုလားဘူး။”
“ငါက ဒီမှာပဲ ရပ်နေမယ်။ မင်း ပြောချင်ရင် ပြော၊ မင်း မပြောချင်ဘူးဆိုရင်လည်း ငါ ချူရိန့်ယန်ဆီ သွားပြီး စကားပြောတော့မယ်။”
ရုံးတော်ထဲရှိ ရှောင်ချင်းယောင်၏ အမူအရာမှာ အနည်းငယ် မှိုင်းညှိုးသွားပြီးနောက် ခေါင်းကို ဖြည်းညှင်းစွာ ငြိမ့်လိုက်သည်။
“အဲဒီတုန်းက ငါက အရမ်းကို မောက်မာခဲ့တယ်။ ‘သူတော်စင်ဧကရာဇ်အဆင့်’ ကို တက်လှမ်းရောက်ပြီးရင်တော့ အထွတ်အထိပ်ကို ရောက်နိုင်ပြီလို့ ထင်မှတ်ခဲ့တဲ့အထိကို မောက်မာခဲ့တာ။”
“ဂိုဏ်းတူ မောင်နှမတွေတောင် ငါ့မျက်လုံးထဲ မဝင်ခဲ့ဘူး။”
“နောက်တော့ တစ်နေ့မှာ လူတစ်ယောက်က ငါ့ကို ပြောတယ်၊ တာအိုသုံးထောင်လမ်းစဉ်ဂိုဏ်းက ‘သူတော်စင်ဧကရာဇ်ရုံးတော်’ ကို သစ္စာဖောက်သွားပြီတဲ့။ ငါ့ဆရာ၊ ငါ့ရဲ့ ဆရာဦး၊ ဆရာကြီးတွေ၊ ဂိုဏ်းတူ မောင်နှမတွေအားလုံးက အရင်းအမြစ် မသိရတဲ့ ‘သူတော်စင်ဧကရာဇ်ရဲ့ သွေး’ ကို တိတ်တဆိတ် သန့်စင်နေကြတယ်လို့ ဆိုတယ်။”
“ငါကတော့ အစက မယုံခဲ့ဘူး။ ဒါနဲ့ တာအိုသုံးထောင်လမ်းစဉ်ဂိုဏ်းကို ပြန်သွားပြီး မေးမြန်းခဲ့တယ်၊ ဒါပေမဲ့ ဆရာနဲ့ တခြားသူတွေက… ဒီကိစ္စကို ဝန်ခံခဲ့ကြတယ်။”
ရှောင်ချင်းယောင်၏ မျက်လုံးထဲတွင် နာကျင်မှုအရိပ်အယောင်များ ပေါ်လာပြီး အတိတ်ကို ပြန်လည် အမှတ်ရနေပုံရသည်။
“သူတော်စင်ဧကရာဇ်ရဲ့ သွေးကို ခွင့်ပြုချက်မရှိဘဲ သန့်စင်ခြင်းက သူတော်စင်ဧကရာဇ်ရုံးတော်ရဲ့ ဥပဒေအရ အလွန်ပြင်းထန်တဲ့ ပြစ်ဒဏ်တွေကို ခံရလိမ့်မယ်။”
“ငါက အဲဒီတုန်းက သူတို့ကို တားဆီးခဲ့တယ်။ ငါနဲ့အတူတူ သူတော်စင်ဧကရာဇ်ရုံးတော်ဆီ သွားပြီး အမှားကို ဝန်ခံကြဖို့ ပြောခဲ့တယ်။ တာအိုသုံးထောင်လမ်းစဉ်ဂိုဏ်းရဲ့ ဂုဏ်ဒြပ်နဲ့ဆိုရင် ပြစ်ဒဏ်အများစုကို လျှော့ပေါ့ပေးနိုင်မယ်လို့ ယူဆခဲ့တာ။”
“ဒါပေမဲ့ ဆရာတို့ကတော့ ခေါင်းခါပြီး ငြင်းဆန်ခဲ့ကြတယ်။”
“ငါကတော့… သူတို့ကို ကိုယ်တိုင် ဖမ်းဆီးပြီး အမှားကို ဝန်ခံအောင် လုပ်ပေးဖို့ပဲ စိတ်ကူးခဲ့တာပါ။”
“ဒါပေမဲ့ ငါ တိုက်ခိုက်တဲ့အချိန်မှာ ဆရာတို့က ပြန်မတိုက်ခိုက်ခဲ့ကြဘူး…”
ဖန့်ချန်၏ မျက်လုံးထဲတွင် လေးနက်သော အရိပ်အယောင်များ ပေါ်လာသည်။
“သူတော်စင်ဧကရာဇ် ရဲ့ သွေးမှာ ဘာတွေများ အရေးကြီးနေလို့ အသက်ပေးပြီး စောင့်ရှောက်နေရတာလဲ။”
“တာအိုသုံးထောင်လမ်းစဉ်ဂိုဏ်းက ဒေသအချုပ်ဂိုဏ်းကြီး ဖြစ်နေလျက်နဲ့ ဘာလို့ ဒီကိစ္စတစ်ခုတည်းကြောင့် မင်း ပြောတဲ့ သူတော်စင်ဧကရာဇ် ရုံးတော်ရဲ့ ကြီးကြပ်မှုကို ခံနေရတာလဲ။”
“ဒီ သူတော်စင်ဧကရာဇ် ရုံးတော်ဆိုတာ ဘာလဲ၊ ဘယ်က လာတာလဲလ”
“သူတော်စင်ဧကရာဇ် ရုံးတော်ရဲ့ အစ… ပြောရခက်တယ်၊ အရင်က ငါ သိခဲ့တာတွေက အကုန် အမှားတွေချည်းပဲ။”
“ငါ ဆရာကို သတ်ပြီးတဲ့နောက် သူတော်စင်ဧကရာဇ်ရုံးတော်ကို ဒီအကြောင်း တင်ပြဖို့ စိတ်ကူးခဲ့တယ်။”
“ဒါပေမဲ့ တရားရေးရာရုံးတော်နဲ့ ရှဲ့ကျစ်ရုံးတော်က ငါ့ကို လိုက်လံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်။ ငါ ဘယ်လောက်ပဲ ရှင်းပြရှင်းပြ သူတို့က နားမထောင်ခဲ့ကြဘူး။”
“အဲဒီအချိန်ကျမှ ငါ့ကို သတ်ချင်နေတာက သူတော်စင်ဧကရာဇ်ရုံးတော်ဆိုတာကို သိလိုက်ရတယ်။”
“နောက်တော့ ငါ အဖမ်းခံလိုက်ရတယ်။ ငါ့ကို ဖမ်းမိတာက ချင်းဟယ် အကြီးအကဲပဲ။”
“ငါ့ကို သူတော်စင်ဧကရာဇ်ရုံးတော်ဆီ ပို့လိုက်တော့မယ်လို့ ထင်ခဲ့ပေမဲ့ သူမက ငါ့ကို ရှဲ့ကျစ်ရုံးတော်မှာပဲ နေခိုင်းတယ်။ အသွင်ပြောင်းလိုက်ပြီး ရှဲ့ကျစ်ရုံးတော်ရဲ့ ‘အသက်ချုပ်နှောင်ခြင်းနည်းလမ်းခန်းမ’ အရာရှိ ဖြစ်လာစေခဲ့တယ်။”
ရှောင်ချင်းယောင်က လှောင်ပြုံးပြုံးလျက် ပြောလိုက်သည်။
“ဒီနှစ်တွေအတွင်းမှာ ချင်းဟယ်အကြီးအကဲကို ဒီကိစ္စရဲ့ အမှန်တရားအကြောင်း သိရဖို့ အကြိမ်ကြိမ် မေးခဲ့ပေမဲ့ သူမကတော့ အမြဲရှောင်လွှဲခဲ့တယ်။”
“ငါလည်း အသက်ချုပ်နှောင်ခြင်းနည်းလမ်းခန်းမ အရာရှိအဖြစ် လုပ်ရင်းနဲ့ပဲ ငါ လိုအပ်နေတဲ့ အမှန်တရားကို ကိုယ်တိုင် ရှာဖွေခဲ့ရတယ်။”
“ဖြည်းဖြည်းချင်းနဲ့ ငါ သတိထားမိလာတာက ရှဲ့ကျစ်ရုံးတော်က ဖမ်းလာတဲ့ ပြစ်မှုကျူးလွန်တဲ့ သူတော်စင်တွေထဲမှာ၊ သူတော်စင်ဧကရာဇ်ရဲ့ သွေးကို သန့်စင်လို့ အဖမ်းခံရသူမှန်သမျှဟာ နောက်ဆုံးမှာ တိတ်တဆိတ် ပျောက်ကွယ်သွားကြတာပဲ။”
“ဒီလုပ်ငန်းစဉ်မှာ ချင်းဟယ်အကြီးအကဲက ငါ့ကို ဘယ်တော့မှ ဖုံးကွယ်မထားခဲ့ဘူး။”
ဖန့်ချန်၏ အမူအရာ ပြောင်းလဲသွားသည်။ ရှဲ့ကျစ်ရုံးတော်မှ ချင်းဟယ်အကြီးအကဲသည် သူတော်စင်််််ဧကရာဇ် ရုံးတော်နှင့် ဆန့်ကျင်ဘက် ရပ်တည်နေခြင်းလော။
အပြင်ပန်းမှာတော့ ညွှန်ကြားချက်အတိုင်း လိုက်နာဟန်ဆောင်ပြီး အတွင်းကျိတ်မှာတော့ ပုန်ကန်နေခြင်းလော။
အခု ရှဲ့ကျစ်ရုံးတော် ဖြစ်ပျက်နေသည့် အခြေအနေသည်လည်း ထိုသူတော်စင်ဘုရင်ရုံးတော်နှင့် ပတ်သက်နေမှာ သေချာသည်။
“ကြာလာတဲ့အခါမှာ မြင်တွေ့ရတာတွေ များလာတော့ အမှန်တရားကို ခန့်မှန်းမိလာတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာတော့ တာအိုသုံးထောင်လမ်းစဉ်ဂိုဏ်းက သူတော်စင်ဧကရာဇ်ရုံးတော်ရဲ့ လက်ချက်ကြောင့် လုံးဝ ပျက်စီးသွားပြီ။”
“အဲဒီတုန်းက အသက်ရှင်ကျန်ရစ်တဲ့ ဂိုဏ်းတူ မောင်နှမတွေလည်း နှစ်တွေကြာလာတဲ့အခါ အရိပ်အယောင် ပျောက်ကွယ်သွားကြတယ်။”
ရှောင်ချင်းယောင်၏ အသံမှာ တိမ်ဝင်သွားသည်။
ဖန့်ချန်က မျက်မှောင်ကြုတ်လျက်
“ဒါကြောင့်မို့လို့ မင်းက ဒီနှစ်တွေမှာ ကိုယ်ကျူးလွန်ခဲ့တဲ့ အမှားတွေအတွက် နာကျင်နေခဲ့တာပေါ့။”
“သေပြီးတဲ့နောက်မှာတောင် စိတ်အာရုံ အကြွင်းအကျန်လေးပဲ ကျန်တော့ပေမဲ့ ‘ရှောင်ချင်းယောင်’ ကို ဖမ်းမိဖို့ကိုပဲ စွဲလမ်းနေခဲ့တာကိုး။”
ရှောင်ချင်းယောင်သည် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
“ခုနက မင်းမျက်လုံးထဲမှာ ငါက ရူးနေတဲ့ မိန်းမကြီးတစ်ယောက်လို ဖြစ်နေမှာပဲ။ မင်းကို ကြောက်လန့်အောင် လုပ်မိလို့ တောင်းပန်ပါတယ်။”
“ဒါဆိုရင် မင်း ရှာတွေ့ခဲ့တဲ့ အမှန်တရားက ဘာလဲ။ ဘာလို့ သူတော်စင်ဧကရာဇ်ရုံးတော်က သူတော်စင်တွေကို သူတော်စင်ဧကရာဇ်ရဲ့ သွေး မသန့်စင်အောင် တားမြစ်နေရတာလဲ။”
ဖန့်ချန်က လေးနက်စွာ မေးလိုက်သည်။
“ချင်းဟယ်အကြီးအကဲက ဘာလို့ မင်းကို ကူညီတာလဲ၊ သူမကိုယ်တိုင်ရော သွေးကို သန့်စင်ဖူးလို့လား။”
“ငါ ရှာတွေ့ထားတဲ့ အမှန်တရားကိုတော့ ပြောပြလို့ မရဘူး။”
“ငါက စိတ်အာရုံ အကြွင်းအကျန်ပဲ ဖြစ်နေပါစေ၊ ဒီလောကထဲမှာ ဒီအကြောင်းကို ပြောလိုက်တာနဲ့ သူတို့က ချက်ချင်း ရိပ်မိသွားလိမ့်မယ်။”
ရှောင်ချင်းယောင်က ခေါင်းခါလိုက်သည်။
“ရှောင်ချင်းယောင်၊ တကယ်တော့ မင်း သေသွားတာ နှစ်အတော်ကြာပြီလေ။ အဲဒီခေတ်က သူတော်စင်ဧကရာဇ်ရုံးတော်က အခုထိ ရှိနေသေးလား ဆိုတာတောင် မေးခွန်းထုတ်စရာပဲ။”
ဖန့်ချန်၏ အမူအရာမှာ ထူးဆန်းနေသည်။
“ဘယ်လောက်ကြာကြာ ဖြစ်ဖြစ်၊ သူတို့ကတော့ ရှိနေမှာပဲ။”
ရှောင်ချင်းယောင်က ပြောသည်။
“ဒါဆို ရှဲ့ကျစ်ရုံးတော်အကြောင်း ပြောပါဦး။ ရှဲ့ကျစ်ရုံးတော်က ဘာလို့ ဒီပုံစံ ဖြစ်သွားတာလဲ၊ အဲဒီတုန်းက တကယ်တမ်း ဘာတွေ ဖြစ်ခဲ့တာလဲ။”
ဖန့်ချန်က မေးလိုက်သည်။
“ငါ ရှဲ့ကျစ်ရုံးတော်မှာ အသက်ချုပ်နှောင်ခြင်းနည်းလမ်းခန်းမ အရာရှိအဖြစ် လုပ်နေတုန်းက၊ ဒေသငယ် ဂိုဏ်းငယ် ၃၆၀၀၊ ဒေသကြီးဂိုဏ်း ၁၀၀ နဲ့ အရေအတွက် မသိရတဲ့ ဒေသအချုပ်ဂိုဏ်းတွေမှာ ကိစ္စတွေ ဖြစ်လာတယ်။”
“သစ္စာဖောက်တွေ အဆက်မပြတ် ပေါ်လာတယ်၊ ထွက်ပြေးတယ်၊ ပျောက်ကွယ်သွားတယ်။”
“သူတော်စင်ဧကရာဇ်ရုံးတော်က ဒီကိစ္စကြောင့် တရားရေးရာရုံးတော်နဲ့ ရှဲ့ကျစ်ရုံးတော်ကို ဒီသစ္စာဖောက်တွေကို အမြစ်ပြတ် ချေမှုန်းဖို့ အမိန့်ပေးခဲ့တယ်။”
“ဒီကာလအတွင်းမှာ ချင်းဟယ်အကြီးအကဲ လုပ်ခဲ့တဲ့ အရာတွေက ဖုံးကွယ်ထားလို့ မရတော့ဘူး။”
“အဲဒီနေ့မှာပဲ သူမက ရှဲ့ကျစ်ရုံးတော်က အရာရှိအားလုံးကို ခေါ်ပြီး သူမ သိထားတဲ့ အမှန်တရားကို ထုတ်ပြောလိုက်တယ်။”
“ငါတို့ ရှဲ့ကျစ်ရုံးတော်က ချက်ချင်းပဲ အပြင်းအထန် တိုက်ခိုက်ခံလိုက်ရတယ်။ ခဏလေးအတွင်းမှာပဲ… ပြာမှုန့် ဖြစ်သွားခဲ့တယ်။”
ရှောင်ချင်းယောင်၏ အသံမှာ တုန်ယင်နေသည်။
“အဲဒီအချိန်ကျမှပဲ သူတို့ရဲ့ အစွမ်းက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာ ငါ သိလိုက်ရတာ…”
“မင်း ပြောတာက အဲဒီအချိန်က ဂိုဏ်းအမြောက်အမြားမှာ သစ္စာဖောက်တွေ ထွက်ပြေးတယ်ပေါ့။ မင်းစကားအရ ဆိုရင် ဒီသစ္စာဖောက်တွေက သူတော်စင်ဧကရာဇ်ရဲ့ သွေးကို သန့်စင်ကြတဲ့သူတွေပဲ။”
“ချင်းဟယ်အကြီးအကဲနဲ့ တစ်ဖက်တည်း ရပ်တည်ပြီး သူတော်စင်ဧကရာဇ်ရုံးတော်ကို ဆန့်ကျင်နေသူတွေပေါ့။”
“ဒါဆိုရင်… ဒေသအချုပ်ဂိုဏ်းတစ်ခုဖြစ်တဲ့ သံသရာမသေမျိုးဂိုဏ်း ကရော ဘယ်လို အခြေအနေမျိုးလဲ။”
ဖန့်ချန်သည် ရှောင်ချင်းယောင်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။
“မင်း သံသရာ မသေမျိုးဂိုဏ်းအကြောင်း သိတာလား။”
ရှောင်ချင်းယောင်က နှုတ်ခမ်းကို တွန့်လိုက်သည်။ ပြုံးနေပုံရသည်။
“ဒေသအချုပ်ဂိုဏ်း အားလုံးထဲမှာ သံသရာ မသေမျိုးဂိုဏ်းပဲ သူတော်စင်ဧကရာဇ်ရုံးတော်နဲ့ အရင်းနှီးဆုံး ဆက်ဆံရေး ရှိပြီး အလျှို့ဝှက်ဆုံးပဲ။”
“ငါ အဲဒီတုန်းက သံသယရှိခဲ့တာ၊ သူတို့က ဒေသအချုပ်ဂိုဏ်း ဖြစ်ပေမဲ့ အခြားဂိုဏ်းတွေထက် ပိုအင်အားကြီးမယ်လို့ ထင်ခဲ့တယ်။”
“အဲဒီတုန်းက သူတော်စင်ဧကရာဇ်ရုံးတော်က ဂိုဏ်းတွေမှာ သစ္စာဖောက်တွေ ရှိနေတာကို သိလိုက်ရတာက ထျန်းယွမ်လမ်း ကို အတင်းဖြတ်ကျော်ဝင်ရောက်လာမှပဲ သိရတာ။”
“သံသရာမသေမျိုးဂိုဏ်းထဲမှာလည်း သစ္စာဖောက်အုပ်စုတစ်ခု ပေါ်လာလို့ပဲ။ သူတို့က တိတ်တဆိတ် ဖုံးကွယ်ပေးထားလို့သာ သူတော်စင်ဧကရာဇ်ရုံးတော်က ဒီကိစ္စကို မရိပ်မိခဲ့တာ။”
“ရှောင်ချင်းယောင်၊ သစ္စာဖောက်လို့ တစ်ခါတည်း ပြောမနေပါနဲ့။ ငါတို့ မျက်လုံးထဲမှာတော့ ဂိုဏ်းမှာ ကျန်ရစ်ခဲ့တဲ့ သံသရာမသေမျိုးဂိုဏ်းရဲ့ တပည့်တွေကပဲ တကယ့် သစ္စာဖောက်တွေ။”
“သူတို့က လူတွေရဲ့ ခွေးအဖြစ် လုပ်ဖို့ ဝန်မလေးကြဘူး၊ ငါတို့ကတော့ မလုပ်ချင်ဘူး။”
ဖန့်ချန် ခေါင်းထဲမှာ မူးဝေသွားသလို ခံစားလိုက်ရပြီး ရှေ့မှာ လူတစ်ယောက် ပေါ်လာသည်။
တစ်ချိန်တည်းမှာပဲ အရင်က ချိတ်ပိတ်ထားတဲ့ မှတ်ဉာဏ်အပိုင်းအစတွေက ချက်ချင်း ပွင့်ထွက်သွားသည်။
ဥပမာအားဖြင့် အရင်က ကန့်သက်ချက်ကျော်လွန်ခြင်း တောင်မှာ ဖြစ်ခဲ့တဲ့ ကိစ္စမျိုး။
ဖန့်ချန်၏ အမူအရာမှာ တဖြည်းဖြည်း လေးနက်လာသည်။
သူ မှတ်မိသလောက်ဆိုရင်၊ အရင်က ကျိရှန် ပြောခဲ့တာက သံသရာမသေမျိုးဂိုဏ်းမှာ သစ္စာဖောက် ပေါ်လာတယ်လို့ ပြောခဲ့တာ။
ဒါပေမဲ့ အခုလိုမျိုး ပြောစကားအရဆိုရင် တကယ်တမ်းမှာ သူတို့အုပ်စုကပဲ ‘သစ္စာဖောက်’ ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။
“မင်းက…မင်းက ‘ကျောက်ကျိရှန်’ လား…”
ရှောင်ချင်းယောင်သည် တစ်ခဏချင်းမှာပဲ သတိလစ်သွားသလို ကျောက်ကျိရှန်ကို ငေးကြည့်နေမိသည်။
အခန်း (၂၇၃၈) - ငါ့ဆရာ ယွမ်ဟယ်
“အော်… မင်းက ငါ့ကို မှတ်မိနေသေးတာပဲ။ စိတ်အာရုံ အကြွင်းအကျန်ဆိုပေမဲ့ အတော်လေးကို ကျန်သေးတာပဲ။ ကျန်တဲ့အပိုင်းတွေက ဘယ်မှာ ပုန်းနေတာလဲ။”
ကျောက်ကျိရှန်က ပေါ့ပေါ့ပါးပါး ပြုံးလျက် မေးလိုက်သည်။
ရှောင်ချင်းယောင်က ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။
“မသိဘူး။ ငါ မှတ်မိတာ ဒီလောက်ပဲ ရှိတော့တယ်။ ရှဲ့ကျစ်ရုံးတော် ပျက်စီးသွားပြီးတဲ့နောက်ပိုင်း ကိစ္စတွေကိုတော့ ဘာမှ မမှတ်မိတော့ဘူး။”
“သေချာတာပေါ့၊ မှတ်မိစရာ အကြောင်းမရှိဘူးလေ။ အဲဒီအချိန်က အမှန်တရားကိုသာ သိသွားရင် မင်းရဲ့ မူလကိုယ် ပုန်းခိုနေတဲ့နေရာကိုလည်း သူတို့ ရှာတွေ့သွားမှာပေါ့။ ကောင်းကောင်း ပုန်းနေလိုက်ပါ။ အခုတော့ သူတို့က အင်အားကြီးနေတယ်၊ ဒါပေမဲ့ ‘သစ္စာဖောက်’ ဆိုတဲ့ စကားကိုတော့ အလွယ်တကူ မသုံးပါနဲ့။”
ကျောက်ကျိရှန်က လှောင်ပြုံးပြုံးလျက် ပြောလိုက်သည်။
ရှောင်ချင်းယောင်သည် ဘာမျှ ပြန်မပြောဘဲ တိတ်ဆိတ်နေသည်။
ဖန့်ချန်က ထိုအခြေအနေကို မြင်သောအခါ
“ကျိရှန်၊ သူမ ပြောတဲ့ အမှန်တရားဆိုတာက ဘာလဲ။ သူတော်စင်ဧကရာဇ်ရဲ့ သွေးနဲ့ ပတ်သက်နေတာလား။ သူတော်စင်ဧကရာဇ်ရုံးတော်က ဘာလို့ ဒီကိစ္စကို ဒီလောက်ထိ စိုးရိမ်တကြီး ဖြစ်နေရတာလဲ။” ဟု မေးလိုက်သည်။
“အဘိုး၊ သူမ ခုနက ပြောသလိုပါပဲ။ တချို့ကိစ္စတွေက ထုတ်ပြောလို့ မရဘူး။ ပြောလိုက်တာနဲ့ အငွေ့အသက်တွေ ကျန်ခဲ့လိမ့်မယ်။”
“အဘိုးအနေနဲ့ အမှန်တရားကို ရှာဖွေတွေ့ရှိနိုင်မယ်ဆိုရင်တော့ ဘာမှ မဖြစ်ပါဘူး။”
“သူမသာ ခုနက အဲဒီထက် ပိုပြောရဲရင် ငါ သူမရဲ့ စိတ်အာရုံ အကြွင်းအကျန်ကို ပြာမှုန့်ဖြစ်သွားအောင် လုပ်ပစ်လိုက်မှာ။”
ကျောက်ကျိရှန်သည် ရှောင်ချင်းယောင်နှင့် ဆက်ဆံစဉ်ကဲ့သို့ အေးစက်နေသောပုံစံမျိုး မဟုတ်တော့ဘဲ ချက်ချင်းပင် ပြုံးရွှင်သော မျက်နှာဖြင့် ပြောင်းလဲလိုက်သည်။
ဖန့်ချန်က သက်ပြင်းချလျက်
“ဒါဆိုလည်း မမေးတော့ပါဘူး။” ဟု ဆိုသည်။
သူသည် အမှန်တရားနှင့် ဝေးကွာနေသည်မှာ ပြတင်းပေါက်စက္ကူတစ်ချပ်သာ ကွာတော့သည်ဟု ခံစားနေရသည်။
ဖောက်လိုက်ရုံဖြင့် ပေါက်ကွဲထွက်သွားမည့် အမှန်တရားမျိုးဖြစ်ပြီး အနှစ်ချုပ်လိုက်လျှင်လည်း ဖြစ်နိုင်ခြေ အနည်းငယ်သာ ရှိပေလိမ့်မည်။
ထိုအထဲမှ မည်သည့်အရာ ဖြစ်နေပါစေ၊ မည်သို့ပင်ဖြစ်စေ အရေးမကြီးတော့ပါ။
“ဒါပေမဲ့ ဒီတစ်ခါတော့ ငါ့ရဲ့ မှတ်ဉာဏ်တွေကို မချိတ်ပိတ်ထားပေးနိုင်ဘူးလား။”
ဖန့်ချန်က တိုင်ပင်သည့် လေသံဖြင့် မေးလိုက်သည်။
“အဲဒါက အရမ်း အန္တရာယ်များတယ်။”
ကျောက်ကျိရှန်က ချက်ချင်း ငြင်းဆန်လိုက်ပြီး ရှောင်ချင်းယောင်ကို တစ်ချက် စိုက်ကြည့်လိုက်သည်။
“အသက်ချုပ်နှောင်ခြင်းနှင့် ဆက်စပ်တဲ့ နည်းလမ်းတွေကို ငါ့အဘိုးကို နားလည်အောင် သင်ပေးလိုက်ပါ။ မင်းရဲ့ ဒီစိတ်အာရုံ အကြွင်းအကျန်လေးက အသုံးဝင်သေးလို့ပါ။ မဟုတ်ရင်တော့… ဟွန်း”
စကားဆုံးသည်နှင့် သူမသည် မမျှော်လင့်ထားသော အရှိန်အဟုန်ဖြင့် ဖန့်ချန်၏ မျက်ခုံးကြားကို ခပ်ဖွဖွ ပုတ်လိုက်သည်။ ထို့နောက် သူမ၏ ပုံရိပ်သည် ဖန့်ချန်၏ မျက်လုံးထဲမှ ပျောက်ကွယ်သွားလေသည်။
“ဒါဆိုရင် သံသရာမသေမျိုးဂိုဏ်းထဲမှာ သစ္စာဖောက်တွေ ပေါ်လာတာပေါ့။ သူတို့ကပဲ မင်းတို့ကို နောက်ကွယ်ကနေ ကူညီပေးထားလို့ သူတော်စင်ဧကရာဇ်ရုံးတော်ရဲ့ မျက်စိအောက်မှာ ဒီကိစ္စတွေ လုပ်နိုင်ခဲ့တာ။ ဒါပေမဲ့ နောက်ဆုံးတော့ မကာကွယ်နိုင်တော့ဘဲ… အားလုံး စွန့်ခွာ ထွက်ပြေးခဲ့ရတာလား။”
ဖန့်ချန်က အတွေးနက်စွာ ပြောလိုက်သည်။
သူသည် သူ ဝင်ရောက်ခဲ့သော သံသရာမသေမျိုးဂိုဏ်းမှာ ထိုသစ္စာဖောက် အုပ်စုများဖြစ်နေမည်ကို သံသယဝင်မိသည်။ သို့သော် ယခုအချိန်ထိ အတည်ပြုနိုင်သော သက်သေအထောက်အထား မရှိသေးပါ။
“အဲဒီတုန်းက သူတော်စင်ဧကရာဇ် အယောက်တစ်ရာ သံသရာထဲ ဆင်းသက်တယ်ဆိုတာကရော… အဲဒီသူတော်စင်ဧကရာဇ်တွေကို သူတော်စင်ဧကရာဇ်ရုံးတော်ကပဲ စေလွှတ်တာလား။”
ဖန့်ချန် အတွေးလွန်နေချိန်တွင် ရှောင်ချင်းယောင်သည်လည်း ဖန့်ချန်ကို ရှုပ်ထွေးသော မျက်ဝန်းများဖြင့် ငေးကြည့်နေသည်။
ဖန့်ချန်က သူမကို ပြန်ကြည့်လိုက်မှ သူမ၏ အမူအရာသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ခေါင်းကို ခပ်ငြိမ့်ငြိမ့် လုပ်လိုက်သည်။
“ဒီလို ပြောလို့ရပါတယ်။ ထွက်ပြေးသွားသူ အားလုံးက အမှန်တရားကို မြင်သွားလို့ပဲ။ ဒါပေမဲ့ ဒီအမှန်တရားနဲ့ ပတ်သက်တဲ့ အကြောင်းအကျိုးဆက်စပ်မှုက အရမ်းကြီးမားလွန်းလို့ အခုအချိန်မှာ မင်းကို ပြောပြလို့ မရဘူး။”
“အရင်က ချင်းဟယ်အကြီးအကဲ ငါ့ကို မပြောခဲ့သလိုမျိုးပေါ့။ မင်း သိချင်ရင်တော့ မင်းဘာသာ မင်းပဲ ရှာဖွေရလိမ့်မယ်။”
ဖန့်ချန်သည် ယခု ရှဲ့ကျစ်ရုံးတော်၏ အခြေအနေနှင့် ရှောင်ချင်းယောင် ပြောခဲ့သော အကြောင်းအရာများကို ပြန်တွေးကြည့်ရင်း ထိုကိစ္စ၏ နောက်ကွယ်မှ အကျိုးဆက်များ မည်မျှ ကြီးမားကြောင်း ခန့်မှန်းမိသည်။
“သူတော်စင်ဧကရာဇ်ရုံးတော်ကတော့ ရှိနေဆဲပဲ ဖြစ်လိမ့်မယ်။ ဂိုဏ်းခေတ်ဆိုတာလည်း အခုထိတိုင် စည်ကားနေဦးမှာပဲ…”
“မင်းက တာအိုသုံးထောင်လမ်းစဉ်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ဖြစ်တဲ့အတွက် ‘ဝိညာဉ်တွဲဖက်ခြင်းနည်းလမ်း’ ကို သိမှာပေါ့။”
ရှောင်ချင်းယောင်က ရုတ်တရက် မေးလိုက်သည်။
ဖန့်ချန်က စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။
“သိပါတယ်။”
“ငါက အခု စိတ်အာရုံ အကြွင်းအကျန်လေးပဲ ရှိတော့တာမို့ အသက်ချုပ်နှောင်ခြင်းနည်းလမ်းခန်းမကနေ ထွက်လို့ မရဘူး၊ ရှဲ့ကျစ်ရုံးတော် အပြင်ကိုလည်း သွားလို့ မရဘူး။”
“မင်း ထွက်သွားရင် ငါလည်း ငါ့ကိုယ်ငါ ဘယ်သူလဲဆိုတာ မေ့သွားပြီး အရင်ကလိုပဲ ဖြစ်သွားလိမ့်မယ်။”
“ဝိညာဉ်တွဲဖက်ခြင်းနည်းလမ်းနဲ့ ငါ့ကို အသွင်ပြောင်းလိုက်ပါ။ ငါက အကြွင်းအကျန်လေးပဲ ဖြစ်ပေမဲ့ မင်းဘေးနားမှာ ကူညီပေးနိုင်ပါလိမ့်မယ်။”
“အနည်းဆုံးတော့ ဒီရှဲ့ကျစ်ရုံးတော်ကို မင်းထက် ငါ ပိုသိတယ်။ ဘယ်နေရာမှာ အသက်ချုပ်နှောင်ခြင်းကို နားလည်အောင်လုပ်ရမလဲ၊ ဘယ်နေရာမှာ အသက်ချုပ်နှောင်ခြင်းကို နားလည်အောင် လုပ်ရမလဲဆိုတာကို ငါ လမ်းပြပေးနိုင်တယ်။”
ရှောင်ချင်းယောင်က ခိုင်မာစွာ ပြောသည်။
ဖန့်ချန် အနည်းငယ် အံ့အားသင့်သွားပြီး အမူအရာမှာ ထူးဆန်းနေသည်။
“သေချာလို့လား။ ဝိညာဉ်တွဲဖက်ခြင်းနည်းလမ်းနဲ့ အသွင်ပြောင်းလိုက်ရင် မင်းရဲ့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းက ငါ့စိတ်ဆန္ဒပေါ်မှာပဲ တည်တော့မှာနော်။”
“ငါ့အတွက် အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းဆိုတာ ဘာများ ရှိသေးလို့လဲ။”
ရှောင်ချင်းယောင်က ပြန်မေးသည်။
“မင်း ပြောတာလည်း ဟုတ်ပါတယ်။ ဒါပေမဲ့ တစ်ခုလောက် မေးပါရစေ၊ အဲဒီတုန်းက တာအိုသုံးထောင်လမ်းစဉ်ဂိုဏ်းမှာ မင်းရဲ့ ဆရာက ဘယ်သူလဲ။”
ဖန့်ချန်က မေးလိုက်သည်။
“ငါ့ဆရာက ယွမ်ဟယ် ပဲ။”
ရှောင်ချင်းယောင်က တိုးတိုးလေး ပြောသည်။
ခဏနားပြီးနောက်
“ငါ ခုနက ကိစ္စတစ်ခုကို ပြန်သတိရလိုက်တယ်။ ဆရာက ဒီကို လာပြီး ငါ့ကို ရှာခဲ့ဖူးတယ်…”
ဖန့်ချန်က အမူအရာ မပြောင်းဘဲ
“မင်းကို ရှာခဲ့ဖူးတယ် ” ဟု ပြန်မေးသည်။
“ဟုတ်တယ်။ ဒါပေမဲ့ အဲဒီအချိန်က ငါက သတိမကောင်းသေးဘူး။ သူက ဒီ အသက်ချုပ်နှောင်ခြင်းနည်းလမ်းခန်းမမှာ ခဏထိုင်ပြီး စကားနည်းနည်း ပြောသွားခဲ့တယ်။”
ထိုအကြောင်းကို ပြောပြစဉ် ရှောင်ချင်းယောင်၏ မျက်ဝန်းထဲတွင် နာကျင်မှုအရိပ်အယောင်များ ထပ်မံ ပေါ်လာသည်။
ဖန့်ချန်က ခဏတာ တွန့်ဆုတ်နေပြီးမှ -
“မင်းက အဲဒီတုန်းက ကိစ္စအတွက် နာကျင်နေဆဲပဲ။ ဒါပေမဲ့ ငါ့အမြင်အရဆိုရင် သူတို့က အဲဒီနည်းလမ်းကို အသုံးပြုပြီး မင်းကို အမှန်တရား ရှာတွေ့အောင် လုပ်ပေးခဲ့တာ ဖြစ်နိုင်တယ်။”
“ဆရာယွမ်ဟယ် အကြောင်း မင်း ဘယ်လောက်ထိ သိထားလဲ။ သူက မင်းလက်ချက်နဲ့ သေသွားတယ်ဆိုတာကိုတော့ ငါ မယုံဘူး၊ မင်းမှာ အဲလောက်အစွမ်း မရှိဘူး။”
ရှောင်ချင်းယောင်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခါးသီးစွာ ပြုံးလိုက်သည်။
“ဆရာက ဒီကို ရောက်လာတုန်းက မင်းပြောသလို စကားမျိုးကိုပဲ ပြောသွားခဲ့တာ။ ကံမကောင်းစွာနဲ့ပဲ အဲဒီတုန်းက ငါ မနိုးထသေးလို့သာပေါ့၊ မဟုတ်ရင် ဆရာ့ကို တောင်းပန်စကား ဆိုနိုင်ခဲ့မှာ။”
“အဲဒီအပြင် ဆရာယွမ်ဟယ် က ဘာတွေ ပြောခဲ့သေးလဲ။”
ဖန့်ချန်က စိတ်ဝင်တစား မေးလိုက်သည်။
“သေချာ မမှတ်မိတော့ဘူး…”
ရှောင်ချင်းယောင်သည် အသည်းအသန် ပြန်တွေးကြည့်နေသော်လည်း အချည်းနှီးသာ ဖြစ်သည်။ သူမက ခါးသီးစွာ ပြုံးလျက် -
“အဲဒီအချိန်က ငါက အရမ်းရူးသွပ်နေခဲ့တာ၊ တောင်းပန်ပါတယ်။”
“တကယ်ဆိုရင် မင်းက ငါ့ရဲ့ အစ်မတော် ဖြစ်နေတာပဲ။ မင်းနဲ့ ဆရာယွမ်ဟယ် တို့ကြားက ကိစ္စတွေကို အခွင့်အရေးရရင် ရှင်းလင်းလို့ ရမှာပါ။”
“ဒါပေမဲ့ မင်း တကယ်ပဲ ငါ့ကို ဝိညာဉ်တွဲဖက်ခြင်းနည်းလမ်း အသုံးပြုခိုင်းမှာလား။”
ဖန့်ချန်က တွန့်ဆုတ်နေသည်။ မည်သို့ပင်ဖြစ်စေ၊ ရှေ့ရှိသူမှာ သူ၏ အစ်မတော်တစ်ယောက် ဖြစ်နေသည်။
“ ကိစ္စမရှိပါဘူး။ စိတ်အာရုံ အကြွင်းအကျန်လေးက ဒီမှာ ကျန်ခဲ့ရင်ရော ဘာထူးမှာလဲ။”
ရှောင်ချင်းယောင်က ပြုံးလျက် ပြောသည်။
“ကောင်းပြီ။”
ဖန့်ချန်သည် လက်ကို အသာမြှောက်လိုက်ရာ ခန္ဓာကိုယ်ထဲမှ အတွင်းပိုင်းစွမ်းအားများ တရဟော လှုပ်ရှားလာသည်။ သူသည် ဝိညာဉ်တွဲဖက်ခြင်းနည်းလမ်းကို စတင်အသုံးပြုလိုက်ရာ မီးတောက်တစ်ပွင့်သည် ရှောင်ချင်းယောင်၏ ကိုယ်ပေါ်သို့ ကျရောက်သွားသည်။
ဖန့်ချန်သည် သူ၏ အတွင်းပိုင်းစွမ်းအားများ လျင်မြန်စွာ ကုန်ဆုံးသွားသည်ကို ခံစားလိုက်ရသည်။ မကြာမီတွင် စွမ်းအားများ ပြတ်တောက်သွားသော်လည်း ချက်ချင်း ပြန်လည်ဖြည့်တင်းလာသည်။
ရှောင်ချင်းယောင်၏ မျက်နှာပေါ်တွင် နာကျင်မှုများ ပေါ်လာသော်လည်း သူမသည် ပြန်လည် ခုခံခြင်း မပြုဘဲ အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ပေးနေသည်။
“ဒါတောင် သူမက ပြန်မခုခံလို့သာပဲ။ တကယ်လို့ သူမသာ ခုခံမယ်ဆိုရင် စိတ်အာရုံ အကြွင်းအကျန်လေးပဲ ဖြစ်ပေမဲ့လည်း တွဲဖက်ဖို့ ခက်ခဲလိမ့်မယ်…”
ဖန့်ချန်က အတွေးထဲတွင် သက်ပြင်းချလိုက်သည်။
သူမ၏ အထွတ်အထိပ်အချိန်တွင် မည်မျှ အစွမ်းထက်ခဲ့မည်ကို ခန့်မှန်းနိုင်ပေသည်။
ရက်သတ္တပတ်မျှ ကြာမြင့်သွားပြီးနောက်၊ ဝိညာဉ်တွဲဖက်ခြင်းနည်းလမ်းမှာ အောင်မြင်သွားလေသည်။
ရှောင်ချင်းယောင်၏ ပုံရိပ်သည် တဖြည်းဖြည်းနှင့် ပီပြင်လာပြီးနောက် စက္ကူရုပ်အသွင်သို့ ပြောင်းလဲသွားသည်။
ရှောင်ချင်းယောင်သည် မျက်တောင်ခတ်လိုက်ပြီးနောက် ခြေလှမ်းကို ဖြည်းညှင်းစွာ လှမ်းလိုက်ရာ အသက်ချုပ်နှောင်ခြင်းနည်းလမ်းခန်းမ၏ တံခါးအပြင်ဘက်သို့ ရောက်ရှိသွားသည်။
“ထွက်လာနိုင်ပြီ…”
ရှောင်ချင်းယောင်က တိုးတိုးလေး ရေရွတ်သည်။
“အစ်မတော်၊ အစ်မရဲ့ အထွတ်အထိပ်အချိန်တုန်းက သူတော်စင်ဧကရာဇ်အဆင့် ဖြစ်ခဲ့တာလား။”
ဖန့်ချန်က ထူးဆန်းသော အမူအရာဖြင့် မေးလိုက်သည်။
“ဟုတ်တယ်။”
ရှောင်ချင်းယောင်က ခေါင်းညိတ်သည်။
“ဒါဆို အခု အစ်မရဲ့ အကြွင်းအကျန်စွမ်းအားက ဘယ်လောက်လောက် ရှိမလဲ။”
ဖန့်ချန်က မေးသည်။
ရှောင်ချင်းယောင်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခန္ဓာကိုယ်အတွင်းမှ စွမ်းအားကို စစ်ဆေးကြည့်ရာ သေချာမှုမရှိသည့် လေသံဖြင့် -
“ငါလည်း သေချာ မသိဘူး။ ဒါပေမဲ့ အထွတ်အထိပ်အချိန်ရဲ့ တစ်ထောင်ပုံတစ်ပုံလောက်တော့ ကျန်ဦးမယ် ထင်တယ်၊ ဒါမှမဟုတ် ပိုတောင် နည်းကောင်းနည်းဦးမယ်…” ဟု ဆိုသည်။
“ဒီနေရာကနေ ထွက်သွားပြီးရင် အခွင့်အရေးရရင် စမ်းသပ်ကြည့်ကြတာပေါ့။”
“အခုတော့ အစ်မက ငါနဲ့အတူ ချူရိန့်ယန်ကို သွားတွေ့မှာလား၊ ဒါမှမဟုတ်…”
ဖန့်ချန်က စဉ်းစားဟန်ဖြင့် မေးသည်။
“အရင်ဆုံး မင်းကို အသက်ချုပ်နှောင်ခြင်းနည်းလမ်းကို နားလည်အောင် သင်ပေးမယ်၊ ပြီးမှ ချူရိန့်ယန်ဆီ သွားတွေ့မယ်။”
ရှောင်ချင်းယောင်က “ငါ့နောက်ကို လိုက်ခဲ့။” ဟု ပြောလိုက်သည်။