← Chapters

အခန်း ၄၁၃

Vol. 42 Ch. 413

အခန်း ၄၁၃

Vol. 42 Ch. 413

အခန်း (၄၁၃) ပြစ်မှုသက်သေများကို ဖော်ထုတ်ပြသခြင်း... မိဖုရားကြီးကို စော်ကားလွန်ကျူးခြင်း

နန်းတော်ဥယျာဉ် အတွင်း၌။

နွေဦး၏ အငွေ့အသက်များ လွှမ်းခြုံနေသော်ငြား ဤအခိုက်အတန့်တွင်တော့ ဆောင်းရာသီအလား အေးစက်စိမ့်တက်နေပေသည်။

အစောင့်အရှောက်များ အားလုံးမှာ ဧကရာဇ်မင်း၏ အမျက်တော်ရှမည်ကို စိုးရိမ်သဖြင့် ခေါင်းငုံ့ကာ အသံတိတ်နေကြရသည်။

မြောက်ပိုင်းလူရိုင်း သံတမန်များ အသတ်ခံရသည့် ကိစ္စ ဖြစ်ပွားပြီးကတည်းက နန်းတော်ထဲတွင် မျက်စိမရှင်သော အစေခံ အချို့မှာ ဧကရာဇ်မင်း၏ ရိုက်နှက်ကွပ်မျက်ခြင်းကို ခံခဲ့ရပြီး ဖြစ်လေသည်။

ယခုအခါ ဧကရာဇ်မင်း၏ စိတ်အခြေအနေ အလွန်ဆိုးရွားနေကြောင်းကို လူတိုင်း ကောင်းစွာ သိရှိထားကြပေသည်။

အမှန်တကယ်လည်း ထိုအတိုင်းပင် ဖြစ်သည်။

မြောက်ပိုင်းလူရိုင်း သံတမန်များ အသတ်ခံရသဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပျက်ပြားသွားခဲ့ရာ သူ၏ နောက်ဆက်တွဲ အစီအစဉ်များ အားလုံး အပြတ်အသတ် ရိုက်ချိုးခံလိုက်ရလေပြီ။

စစ်တပ်များကို ပြန်လည်ရုပ်သိမ်း၍ ပုန်ကန်မှုများကို နှိမ်နင်းရန် မဖြစ်နိုင်တော့သည့်အပြင် မြောက်ပိုင်းလူရိုင်း တပ်မတော်ကြီး၏ အန္တရာယ်ကြောင့် စစ်သည်ငါးသောင်းကိုပါ အကူအညီ ပေးပို့လိုက်ရသေးသည်။

ယခု လက်ရှိ အခြေအနေမှာ အလွန်တရာ ရှုပ်ထွေး ပရမ်းပတာ ဖြစ်နေလေပြီ။

သူ၏ နောက်ဆက်တွဲ အစီအစဉ်များကို မည်သို့ ဆက်လက် အကောင်အထည် ဖော်ရမည်နည်း ဟူသည်ကို သူ စဉ်းစားတွေးတော နေမိသည်။

မျက်လုံးများကို ဖွင့်လိုက်ပြီးနောက် အေးစက်စက် အကြည့်များဖြင့် အရပ်လေးမျက်နှာကို ဝေ့ကြည့်လိုက်ရာ သူ၏ အကြည့်များက လီချန်ကျုံး ၏ အပေါ်တွင် ရပ်တန့်သွားသည်။

"တင်ပြစရာ ကိစ္စရှိလို့လား"

လီချန်ကျုံး မှာ သက်ပြင်းတစ်ချက် ချလိုက်ပြီး အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

"အရှင်မင်းကြီး အမြင်ကျယ်လှပါတယ်... ကျွန်တော်မျိုးက ရင်ထဲမှာ ကိစ္စတစ်ခုခု ရှိနေရင် မျိုသိပ်မထားနိုင်တဲ့ သူမျိုးပါ"

ကျီဝမ်ဟောက် က လက်ကာပြလိုက်သည်။

"ပြောစမ်းပါဦး... ဘာတွေ ထပ်ဖြစ်လာပြန်ပြီလဲ"

"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်... ဇာထိုးပန်းထိုး ကိုယ်ရံတော်တပ်ဖွဲ့ ဆီကနေ အခုလေးတင် သတင်းရရှိပါတယ်... ကွမ်ကျွင်းနယ်စား ကျန်းချဲ့က အနက်ရောင်ရုံးတော်က သိုင်းအစောင့်အရှောက်တွေကို ခေါ်သွားပြီး တတိယမင်းသားရဲ့ အိမ်တော်ကို တိုက်ရိုက် ဝိုင်းရံထားပါတယ်တဲ့... ဒီကိစ္စက အရမ်း ကြီးမားလွန်းလို့ ကျွန်တော်မျိုး အနေနဲ့ မလျှောက်တင်ဘဲ မနေရဲပါဘူး"

ကျီဝမ်ဟောက် မျက်ခုံးပင့်လိုက်သည်။

"အိုး... ဘာကြောင့် ဒီလို ဖြစ်ရတာလဲ"

"ကြားရတဲ့ သတင်းတွေအရဆိုရင် တတိယမင်းသားရဲ့ အိမ်တော်ထဲမှာ ချင်းထျန်းမိစ္ဆာဂိုဏ်းက သူပုန်တွေ ပုန်းအောင်းနေတယ်လို့ ဆိုပါတယ်... အနက်ရောင်ရုံးတော်က တိကျသေချာတဲ့ သတင်း ရထားလို့ အခုလို လှုပ်ရှားတာပါတဲ့"

ကျီဝမ်ဟောက် ဤစကားကို ကြားသောအခါ ချက်ချင်းပင် ရယ်မောလိုက်လေသည်။

"ရှန်းအာ ရဲ့ အိမ်တော်ထဲမှာ သူပုန်တွေ ရှိနေတယ် ဟုတ်လား"

သူ၏ သားတော်များ အနက် ကျီချန်ရှန်း သည် အလွန် ဉာဏ်ပညာ ထက်မြက်သူ မဟုတ်သလို ဉာဏ်နီဉာဏ်နက် အများဆုံးသူ လည်း မဟုတ်ပေ။

သို့သော် သူသည် အခြေအနေကို ကောင်းစွာ နားလည်နိုင်သူ တစ်ယောက် ဖြစ်လေသည်။

သူပုန်များကို ဖုံးကွယ် ပေးထားရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စ ပင်ဖြစ်သည်။

မည်သည့် မင်းသားကမှ ဤကဲ့သို့ လုပ်ဆောင်မည် မဟုတ်ချေ။

မျက်စိတစ်မှိတ် အတွင်းမှာပင် ယခင်က ကျန်းချဲ့ နှင့် ကျီချန်ရှန်း တို့ အကြား ဖြစ်ပွားခဲ့သော ရန်ငြိုးများကို သူ တွေးတောမိသွားသည်။

လီချန်ကျုံး သည် ကျန်းချဲ့ အပေါ်တွင် အမြင်မဆိုးလှရာ အခွင့်အရေး ရခိုက် စကားကောင်းလေး ဆိုပေးလိုက်သည်။

"ကျွန်တော်မျိုးလည်း ဒီကိစ္စမှာ နားလည်မှုလွဲတာတွေ ရှိနေမယ်လို့ ထင်ပါတယ်... အဲ့ဒါကြောင့် ကွမ်ကျွင်းနယ်စား ကို မင်းသားအိမ်တော် ကနေ အခုချက်ချင်း ဆုတ်ခွာသွားဖို့ ကျွန်တော်မျိုး လူလွှတ်ပြီး အကြောင်းကြားလိုက်ရမလား"

မင်းသား တစ်ပါးကို မတရား စွပ်စွဲခြင်းမှာ တော်ဝင် ဆွေတော်မျိုးတော်များ အတွက် အလွန် ကြီးမားသော ပြစ်မှုကြီး တစ်ခု ပင်ဖြစ်သည်။

အကယ်၍ ကိစ္စ ပိုမို ကြီးထွားသွားပါက တော်ဝင်မျိုးနွယ်စု ခုံရုံး က ဝင်ရောက် စွက်ဖက်လာမည် ဖြစ်ပြီး ကျန်းချဲ့ အနေဖြင့် သက်သေ အထောက်အထား မပြနိုင်ပါက သေချာပေါက် ရာထူးမှ ဖယ်ရှားခံရမည် ဖြစ်လေသည်။

ကျီဝမ်ဟောက် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လွင်လာသည်။

"မလိုပါဘူး... ကျန်းချဲ့ စုံစမ်းချင်နေမှတော့လည်း သူ့ကို စုံစမ်းခွင့် ပေးလိုက်ပါ"

အနက်ရောင်ရုံးတော် ၏ ဩဇာအာဏာကို လျှော့ချရန် အခွင့်အရေး ရှာမရ ဖြစ်နေချိန်တွင် ဤကိစ္စက အကြောင်းပြချက်ကောင်း တစ်ခု ဖြစ်လာခဲ့လေပြီ။

ကျန်းချဲ့ အနေဖြင့် ပြဿနာကို ပိုမို ကြီးကျယ်အောင် လုပ်ဆောင်လာမည်ကိုပင် သူ ဆန္ဒရှိနေမိသည်။

ဤသို့ ဆိုလျှင် သူ၏ ဦးရီးတော် ပင်လျှင် ဝင်ရောက် စွက်ဖက်၍ ရတော့မည် မဟုတ်ချေ။

လီချန်ကျုံး က ကျန်းချဲ့ နှင့် ကျီချန်ရှန်း သားအမိ တို့ အကြားရှိ ပဋိပက္ခကို ကောင်းစွာ သိရှိထားရာ ယခုကဲ့သို့ ဒေါသတကြီး အိမ်ပေါ်အထိ လာရောက် စော်ကားခြင်းမှာ သေချာပေါက် ပြဿနာ တက်နိုင်ကြောင်း သိရှိထားလေသည်။

"ဒါ ဒါပေမဲ့... ကျွန်တော်မျိုး ကြားထားတဲ့ သတင်းတွေအရဆိုရင် မိဖုရားကြီး ကလည်း တတိယမင်းသား ရဲ့ အိမ်တော်မှာ ရှိနေပါတယ်တဲ့... ကျန်းချဲ့က လူငယ်တစ်ယောက် ဆိုတော့ သွေးဆူလွယ်ပြီး လှုပ်ရှားရမ်းကားမိပါလိမ့်မယ်... တကယ်လို့ မိဖုရားကြီးကိုများ စော်ကားလွန်ကျူး မိသွားရင် နောက်ဆက်တွဲ ရှင်းလင်းရတာ ခက်ခဲသွားပါလိမ့်မယ်နော်"

ကျီဝမ်ဟောက် သည် လီချန်ကျုံး ကို ပြုံးစိစိ အမူအရာဖြင့် ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

"ဒီ ကွမ်ကျွင်းနယ်စား က မိဖုရားကြီးကို ဘယ်လိုများ စော်ကားလွန်ကျူးမလဲ ဆိုတာကို ငါကိုယ်တော် တကယ်ကြီး ကြည့်ချင်နေမိတယ်"

ပြဿနာ ကြီးထွားလေလေ နောက်ပိုင်းတွင် အာဏာလျှော့ချရန် ပိုမို လွယ်ကူလေလေ ပင်ဖြစ်သည်။

ကျန်းချဲ့ သည် မိဖုရားကြီး၏ အဆင့်အတန်းကို ကြောက်ရွံ့ပြီး မစော်ကားရဲမည်ကိုပင် သူ စိုးရိမ်နေမိလေသည်။

လီချန်ကျုံး က အသံကို နှိမ့်ကာ မေးလိုက်သည်။

"အရှင်မင်းကြီး... အရှင်မင်းကြီးက ကွမ်ကျွင်းနယ်စား ကို အမြဲတမ်း အလေးထားခဲ့တာ မဟုတ်ဘူးလား"

ကျီဝမ်ဟောက် က ရှင်းပြလိုက်သည်။

"ငါကိုယ်တော် ပစ်မှတ်ထားတာက ကွမ်ကျွင်းနယ်စား ကို မဟုတ်ဘူး... အနက်ရောင်ရုံးတော် ကိုပဲ... ဒီ ကျန်းချဲ့က ငါကိုယ်တော် အိပ်ငိုက်နေတုန်း ခေါင်းအုံး လာပေးတာပဲ... သွား... ဒီကိစ္စကို သေသေချာချာ စောင့်ကြည့်ဖို့ လူလွှတ်လိုက်... ငါကိုယ်တော်ကတော့ ဒီကိစ္စကို နည်းနည်းလောက် ပိုပြီး ကြီးကျယ်သွားစေချင်တယ်... ဒီ ကျန်းချဲ့က နာမည်ဆိုးနဲ့ ကျော်ကြားနေတာဆိုတော့ သူ့ရဲ့ သတ္တိကို အားပြုပြီး မိဖုရားကြီးကို အကြီးအကျယ် စော်ကားပစ်လိုက်ရင် ပိုကောင်းတာပေါ့"

တတိယမင်းသား အိမ်တော် ဧည့်ခန်းမဆောင် တံခါးဝတွင်။

ကျန်းချဲ့၏ စကားများကြောင့် တတိယမင်းသား အကြီးအကျယ် စိုးရိမ် ထိတ်လန့်သွားခဲ့ရသည်။

ကျန်းချဲ့ ထံတွင် အမှန်တကယ်ပင် သက်သေ အထောက်အထား တစ်ခုခု ရှိနေမည်ကို စိုးရိမ်သဖြင့် ထိုအချိန်က ချက်ချင်း မျက်နှာချင်း မဆိုင်ရဲဘဲ ချိုသာသော စကားများဖြင့် ဧည့်ခန်းမဆောင် ဆီသို့ ဖိတ်ခေါ်လာခဲ့ခြင်း ပင်ဖြစ်သည်။

ကျန်းချဲ့ ခေါ်ဆောင်လာသော သိုင်းအစောင့်အရှောက် များ ကတော့ မင်းသား အိမ်တော် အတွင်းတွင် နေရာယူထားကြပြီး အမိန့်ကို စောင့်ဆိုင်းနေကြလေသည်။

ခြေတစ်လှမ်းကို လှေကားထစ် အပေါ်သို့ လှမ်းတင်လိုက်ပြီးနောက် ကျီချန်ရှန်း သည် အနည်းငယ် ရှုပ်ထွေးနေသော အမူအရာဖြင့် သူ၏ အနောက်ဘက်ရှိ လူငယ်ကို လှည့်ကြည့်လိုက်သည်။

"အမှန်တကယ်တော့ ငါကိုယ်တော်က ကွမ်ကျွင်းနယ်စား လို မိတ်ဆွေမျိုးကို အရမ်း ရချင်ခဲ့တာပါ"

သူ၏ အစကနဦး အစီအစဉ်မှာ ကျန်းချဲ့ကို ဆွဲဆောင် စည်းရုံးရန် ပင်ဖြစ်သည်။

ကိုယ်တိုင်ကိုယ်ကျ ဖိတ်ခေါ်ရန်ပင် ဝန်လေးနေခဲ့ခြင်း မရှိချေ။

သို့သော် ရလဒ်အနေဖြင့် ကျန်းချဲ့၏ ရိုင်းစိုင်းသော ငြင်းဆန်မှုကိုသာ ရရှိခဲ့ပြီး ဤကိစ္စက လူအများကြားတွင် အကြီးအကျယ် ပျံ့နှံ့သွားခဲ့လေသည်။

ဤသည်ကပင် နောက်ပိုင်း ရန်ငြိုးများကို ဖြစ်ပေါ်လာစေခဲ့ခြင်း ပင်ဖြစ်သည်။

သူသည် နာမည်မသိသော သာမန်လူ တစ်ယောက် မဟုတ်ချေ။

နန်းမွေဆက်ခံရန် အရည်အချင်းရှိသော မင်းသားတစ်ပါး အနေဖြင့် တခြားသူများကို နှိမ့်ချ ဆက်ဆံနိုင်သော်ငြား လုံးဝ အားနည်းနေ၍ မရနိုင်ချေ။

အထူးသဖြင့် ဤကဲ့သို့ အရေးကြီးသော အချိန်မျိုးတွင် ပို၍ပင် ဖြစ်လေသည်။

ကျန်းချဲ့ က ကျီချန်ရှန်း ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

"ကျုပ်လည်း မင်းသား လို မိတ်ဆွေမျိုးကို ရချင်ခဲ့တာပါပဲ... ဒါပေမဲ့ အများဆုံးကတော့ မိတ်ဆွေ အဆင့်လောက်ပါပဲ... နန်းမွေဆက်ခံမယ့် ကိစ္စတွေမှာ ဝင်ပါဖို့ ကျုပ်မှာ ရည်ရွယ်ချက် မရှိဘူး... ဒါပေမဲ့ တတိယမင်းသား ကတော့ အတင်းအဓမ္မ လုပ်ခိုင်းချင်နေတဲ့ ပုံပဲ"

ကျီချန်ရှန်း က အလွန် ရိုးသားပွင့်လင်းဟန် ပြသလိုက်သည်။

"ဒါကတော့ ကံတရားရဲ့ လှည့်စားမှု လို့ပဲ ပြောရမှာပေါ့... ဒါပေမဲ့ အခုချိန်ထိ ငါကိုယ်တော် အနေနဲ့ ကွမ်ကျွင်းနယ်စား နဲ့ ရန်ငြိုးတွေကို ပြေလည်အောင် ဖြေရှင်းချင်နေတုန်းပါပဲ"

သို့သော် သူ့ကို ပြန်လည် တုံ့ပြန်လိုက်သော ကျန်းချဲ့၏ စကားကတော့ စကားနှစ်ခွန်း သက်သက်သာ ဖြစ်လေသည်။

"နောက်ကျသွားပြီ"

ကျီချန်ရှန်း သည် ရန်ငြိုးများကို ပြေလည်အောင် ဖြေရှင်းလို၍ မဟုတ်ဘဲ ကျန်းချဲ့၏ လက်ရှိ လှုပ်ရှားမှုများကို နားမလည်နိုင်အောင် ဖြစ်နေသောကြောင့်သာ ဤစကားများကို ပြောဆိုနေခြင်း ပင်ဖြစ်သည်။

သို့သော် အရာအားလုံးက နောက်ကျ သွားခဲ့လေပြီ။

ယခင်က ကျန်းချဲ့ သည်းခံခဲ့ရခြင်းမှာ အခြေခံ အင်အား မခိုင်မာသေး၍ ဖြစ်သလို သက်သေ အထောက်အထား လည်း မရှိသေး၍ ပင်ဖြစ်သည်။

ယခုအခါ ကျန်းချဲ့၏ လက်ထဲတွင် ကျီချန်ရှန်း သားအမိ ကို ချုပ်ကိုင်နိုင်မည့် သက်သေ အထောက်အထားများ ရှိနေပြီ ဖြစ်ရာ မိတ်ဆွေဖွဲ့ရန် ဆိုသည်မှာ သဘာဝကျကျပင် မဖြစ်နိုင်တော့ချေ။

ယခုအခါ အခြေအနေများ ပြောင်းလဲသွားခဲ့လေပြီ။

ကျီချန်ရှန်း မျက်မှောင်ကြုတ်သွားသည်။

ကျန်းချဲ့၏ ဤစကားများထဲမှ အလွန်တရာ ကြီးမားလှသော ယုံကြည်ချက် တစ်ခုကို သူ ကြားသိလိုက်ရသည်။

သူ့ကို သေတွင်းသို့ ပို့ဆောင်ပေးနိုင်မည့် အရာတစ်ခုခုကို အမှန်တကယ်ပင် ပိုင်ဆိုင်ထားသည့်အလား ပင်ဖြစ်သည်။

'ဒါပေမဲ့ အဲ့ဒါက ဘာဖြစ်နိုင်မလဲ...'

ကျီချန်ရှန်း သည် နာမည်ကောင်း မရှိလှသော်ငြား လွန်ခဲ့သော နှစ်များအတွင်း သူသည် အမြဲတမ်း မိမိကိုယ်ကို ထိန်းသိမ်းကာ နေထိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်း မျိုးကို တစ်ကြိမ်တစ်ခါမျှ မလုပ်ဆောင်ခဲ့ဖူးချေ။

အခြား ညီအစ်ကိုများက သူ၏ အားနည်းချက်ကို ဖမ်းမိသွားမည်ကို စိုးရိမ်၍ ပင်ဖြစ်သည်။

'ကျန်းချဲ့ရဲ့ ဒီလောက် ယုံကြည်မှု ပြည့်ဝနေတဲ့ ဟန်ပန်က ဘယ်ကနေ ရောက်လာတာလဲ...'

ကျီချန်ရှန်း ၏ မျက်နှာထား အဆက်မပြတ် ပြောင်းလဲနေချိန်တွင် ကျန်းချဲ့ သည် သူ့ကို တိုက်ရိုက် ကျော်ဖြတ်ကာ လှေကားထစ်များကို တက်သွားလိုက်လေသည်။

ထို့နောက် ပုံမှန် အမူအရာဖြင့်ပင် ဧည့်ခန်းမဆောင် အတွင်းသို့ ဝင်ရောက်သွားပြီး သူ၏ အကြည့်များက အထက်ဘက်တွင် ထိုင်နေသော ဆွဲဆောင်မှုရှိသည့် ပုံရိပ်တစ်ခု အပေါ်တွင် ရပ်တန့်သွားလေသည်။

ယနေ့ မိဖုရားကြီး ရွှယ်ပိုင်ကျိန်း (အရှေ့အခန်းတွေမှာ ရွှီပိုင်ဟယ် လို့ရေးခဲ့ပေမယ့် ယခုအခန်းမှာ တစ်မျိူးပြောင်းသွားပါတယ်) သည် သူမ၏ ဖီးနစ် သရဖူနှင့် ဝတ်ရုံကြီးကို ဆင်မြန်းထားခြင်း မရှိသော်ငြား ကိုယ်ပေါ်မှ ထွက်ပေါ်နေသော ခမ်းနားထည်ဝါသည့် အရှိန်အဝါများကတော့ တိုက်ရိုက်ပင် လွင့်စင် ထွက်ပေါ်နေလေသည်။

အပြင်ဘက်တွင် အလင်းပေါက် ပိုးသားပါးလေးကို လွှမ်းခြုံထားပြီး အတွင်းတွင် ရွှေရောင် ပီအိုနီပန်းများ ထိုးနှံထားသော အဖြူရောင် ဂါဝန်ရှည်ကို ဆင်မြန်းထားလေသည်။

ဩဇာတိက္ကမ ပြည့်ဝသော မျက်ဝန်းတစ်စုံတွင်တော့ မြင့်မြတ်သည့် အငွေ့အသက်များ ကိန်းအောင်းနေသည်။

အထူးသဖြင့် ဆွဲဆောင်မှု ရှိသော ခန္ဓာကိုယ် ကောက်ကြောင်းနှင့် မို့မောက်နေသော ရင်အုံတို့က ကြည့်ရှုသူများကို ကြီးမားသော ရိုက်ခတ်မှုများကို ပေးစွမ်းနိုင်လေသည်။

ကျန်းချဲ့ ဘယ်ညာ လှည့်ပတ် ကြည့်ရှုလိုက်သော်ငြား မိဖုရားကြီး ရွှယ်ပိုင်ကျိန်း ၏ မျက်နှာပေါ်တွင် အချိန်ကာလ၏ ဒဏ်ရာဒဏ်ချက်များ နည်းနည်းလေးမျှ ကျန်ရစ်နေသည်ကို လုံးဝ မတွေ့ရှိရချေ။

သို့သော် သေချာ စဉ်းစားကြည့်ပြီးနောက် သူ နားလည် သဘောပေါက်သွားလေသည်။

အချိန်ကာလ၏ ဒဏ်ရာဒဏ်ချက်များ ဆိုသည်မှာ မျက်နှာပေါ်တွင် အမြဲတမ်း ရှိနေမည်တော့ မဟုတ်ပါလော။

မိဖုရားကြီး ရွှယ်ပိုင်ကျိန်း က အထက်ဘက်တွင် ထိုင်နေပြီး အေးစက်စက် အကြည့်များဖြင့် ကျန်းချဲ့ကို ကြည့်ကာ မေးလိုက်သည်။

"ငါကိုယ်တော် ကို မြင်တာတောင် ဘာဖြစ်လို့ အရိုအသေ မပေးရတာလဲ"

အပြန်အလှန် ကြည့်ရှုနေကြစဉ်တွင် သူမ၏ ရင်ထဲ၌ ရှက်ရွံ့ ဒေါသထွက်မှုများ ဖြစ်ပေါ်လာလေသည်။

အကြောင်းမူကား ကျန်းချဲ့၏ အကြည့်များတွင် လက်အောက်ငယ်သား တစ်ယောက်၏ ရိုသေမှုမျိုး နည်းနည်းလေးမျှ မပါဝင်ဘဲ အလွန်အမင်း ရိုင်းစိုင်း ရဲတင်းလွန်း နေသောကြောင့် ပင်ဖြစ်သည်။

သူမကို မိဖုရားကြီး တစ်ပါး အဖြစ် လုံးဝ အသိအမှတ် မပြုထားသည့် အလား ပင်ဖြစ်သည်။

ယခင်က ဖုန်းဟယ် နန်းဆောင် တွင်လည်း ဤကဲ့သို့ပင် ဖြစ်ပြီး ယခုအခါတွင်လည်း ဤကဲ့သို့ပင် ဖြစ်နေဆဲ ပင်ဖြစ်သည်။

တကယ်ကို ရိုင်းစိုင်း လွန်းလှပေသည်။

ကျီချန်ရှန်း ကို ကျန်းချဲ့နှင့် အတတ်နိုင်ဆုံး ပြဿနာ မဖြစ်ရန် သူမ အကြံပေးခဲ့သော်ငြား သူမ ကိုယ်တိုင်ကတော့ ကျန်းချဲ့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံပေး၍ မရနိုင်ချေ။

အကြောင်းမူကား သူမ သည် မိဖုရားကြီး တစ်ပါး ဖြစ်ပြီး မိဖုရားကြီး ၏ ဩဇာအာဏာ ကို ထိန်းသိမ်း ထားရမည် ဖြစ်သောကြောင့် ပင်ဖြစ်သည်။

ကျန်းချဲ့ တွင် မည်သို့သော နောက်ခံ အင်အားများ ရှိနေပါစေ နောက်ဆုံးတွင်တော့ လက်အောက်ငယ်သား တစ်ယောက် သာ ဖြစ်လေသည်။

ကျန်းချဲ့ က ပြုံးလိုက်ပြီး ပေါ့ပေါ့ပါးပါး အရိုအသေ ပေးလိုက်သည်။

ထို့နောက် မည်သူ့ကိုမျှ ဂရုမစိုက်တော့ဘဲ နေရာတစ်ခုကို ရှာကာ ဖြည်းညင်းစွာ ဝင်ထိုင်လိုက်လေသည်။

စောစောက သူ အရိုအသေ ပေးလိုက်ခြင်းမှာ ဟန်ပြ သက်သက်သာ ဖြစ်ဟန် တူလေသည်။

"မိဖုရားကြီးကို ဂါရဝပြုပါတယ်... ရက်အတော်ကြာ မတွေ့ရတဲ့ အတောအတွင်း မိဖုရားကြီးရဲ့ အလှအပတွေက ထွန်းတောက်နေတုန်း ပါလား"

မိဖုရားကြီး ရွှယ်ပိုင်ကျိန်း ၏ မျက်ခုံးအကြားတွင် ဒေါသ အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။

ကျန်းချဲ့၏ မျက်ဝန်းများထဲမှ သူမ အပေါ် အထင်သေး နှိမ့်ချမှု များကို ခံစားလိုက်ရပြီး ဒေါသများ ပွက်ပွက်ဆူ လာသဖြင့် အခြား မည်သည့် အရာကိုမျှ ဂရုမစိုက် နိုင်တော့ဘဲ ချက်ချင်းပင် အော်ဟစ် ကြိမ်းမောင်း လိုက်လေသည်။

"ရိုင်းစိုင်းလိုက်တာ... ငါကိုယ်တော် က မင်း ဝေဖန် အကဲဖြတ် လို့ ရတဲ့သူများ မှတ်နေလား... အခုချက်ချင်း ဒူးထောက်ပြီး အပြစ်ကို ဝန်ခံစမ်း"

ကျီချန်ရှန်း ၏ မျက်နှာထား အခြေအနေ မကောင်းသည်ကို တွေ့လိုက်ရချိန် ကတည်းက ကျန်းချဲ့ ၏ လက်ထဲတွင် အမှန်တကယ် ပင် ပြစ်မှု သက်သေ အထောက်အထား တစ်ခုခု ရှိနေနိုင်ကြောင်း သူမ ကောင်းစွာ ရိပ်မိလိုက်လေသည်။

ထို့ကြောင့် အခြေအနေ အရပ်ရပ်ကို မိမိ၏ လက်ထဲတွင် အပြည့်အဝ ထိန်းချုပ် ထားနိုင်ရန် အတွက် ကျန်းချဲ့ ကို ဒူးထောက် ခိုင်းကာ အရှိန်အဝါ ဖြင့် အရင်ဆုံး ဖိနှိပ် ထားရန် ကြိုးပမ်း လိုက်ခြင်း ပင်ဖြစ်သည်။

သို့သော် ရွှယ်ပိုင်ကျိန်း ၏ အော်ဟစ် ကြိမ်းမောင်း မှုကို ကျန်းချဲ့ ကတော့ ဟာသ တစ်ခု အဖြစ်သာ သတ်မှတ် လိုက်ပြီး ပြုံးစိစိ အမူအရာ ဖြင့် သူမ ကို ကြည့်ကာ ပြန်ပြော လိုက်လေသည်။

"ကျွန်တော်မျိုး ရဲ့ ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပေးပါ... ခန္ဓာကိုယ် က အရမ်း တောင့်တင်း နေတော့ ပျော့ပျောင်း လို့ မရဘူး ဖြစ်နေတယ်"

ရွှယ်ပိုင်ကျိန်း ချက်ချင်း ဒေါသထွက်သွားသည်။

"သတ္တိ အရမ်း ကောင်းနေပါလား"

ဧည့်ခန်းမဆောင် အတွင်းသို့ ဝင်ရောက် လာသော ကျီချန်ရှန်း က အလျင်အမြန် ပင် ဝင်ရောက် တားမြစ် လိုက်လေသည်။

"မယ်တော်ကြီး... ဒေါသထွက်တာကို လျှော့ပါဦး... မယ်တော်ကြီး ဒေါသထွက်တာကို လျှော့ပါဦး..."

ကျန်းချဲ့ ၏ နောက်ခံ အခြေအနေ အစစ်အမှန် ကို မသိရှိ ရသေးမီ တွင် မလိုအပ်သော ပဋိပက္ခ များ ဖြစ်ပေါ် လာမည်ကို သူ အလွန်အမင်း စိုးရိမ် နေမိလေသည်။

အကယ်၍ မျက်နှာချင်း ဆိုင် အပြတ်အသတ် ရန်ဖြစ် မိပါက သူ၏ ဘက်တွင် ယုံကြည်ချက် အပြည့်အဝ မရှိသေးချေ။

တစ်ချိန်တည်း မှာပင် သူ အလွန်အမင်း နားမလည် နိုင်အောင် လည်း ဖြစ်နေမိလေသည်။

စောစော ကပဲ မယ်တော်ကြီး က သူ့ကို အလောတကြီး မလုပ်ရန် သတိပေး နေခဲ့ပြီး ယခုအခါ မယ်တော်ကြီး ကိုယ်တိုင် က ဘာဖြစ်လို့ အလောတကြီး ဖြစ်နေရသနည်း။

မိဖုရားကြီး ရွှယ်ပိုင်ကျိန်း သည် ကျီချန်ရှန်း ကို တစ်ချက် ဝေ့ကြည့် လိုက်လေသည်။

ကျန်းချဲ့ ကို အရှိန်အဝါ ဖြင့် ဖိနှိပ် ချင်နေသည့် အကြောင်း ကိုတော့ သဘာဝကျကျ ပင် ဖွင့်ဟ ပြောဆို ၍ မရနိုင်ချေ။

ဤအရာ များ အပြင် သူမ တွင် အခြားသော အကြောင်းရင်း တစ်ခု လည်း ရှိနေသေးလေသည်။

၎င်းမှာ ကျန်းချဲ့ ၏ လေသံ နှင့် ဟန်ပန် များကို သူမ အလွန်အမင်း မကျေမနပ် ဖြစ်နေခြင်း ပင်ဖြစ်သည်။

ရင်ထဲရှိ ဒေါသမီးတောက် များကို လုံးဝ ထိန်းချုပ် ၍ မရနိုင်တော့ချေ။

ကျီချန်ရှန်း က စကားလုံး များကို သေသေချာချာ ရွေးချယ် ပြီးနောက် တိတ်ဆိတ် မှုကို ဖြိုခွဲ လိုက်လေသည်။

"ကွမ်ကျွင်းနယ်စား... ဒီ အခြေအနေ အထိ ရောက်နေပြီ ဆိုမှတော့ ငါတို့တွေ အချိန်တွေ ထပ်ပြီး မဖြုန်းကြတော့ဘူး... မင်း ဒီတစ်ခေါက် လာတာ ချင်းထျန်းမိစ္ဆာဂိုဏ်း က သူပုန် တွေကို ဖမ်းဖို့ ဆို သက်သေ အထောက်အထား က ဘယ်မှာလဲ... အရင်တုန်းက ငါကိုယ်တော် ပြောခဲ့တဲ့ စကား တွေကို ရှင်းရှင်းလင်းလင်း ကြားခဲ့မှာပါ... မင်းသား တစ်ပါး ကို မတရား စွပ်စွဲ တာက သေးငယ်တဲ့ ပြစ်မှု တစ်ခု မဟုတ်ဘူးနော်"

ကျန်းချဲ့ ၏ အကြည့် များက ကျီချန်ရှန်း သားအမိ နှစ်ယောက် ကို တစ်ချက် ဝေ့ကြည့် လိုက်ပြီးနောက် ဧည့်ခန်းမဆောင် ၏ တံခါး ကို ပေါ့ပေါ့ပါးပါး ပင် ပိတ်လိုက်လေသည်။

ထို့နောက် အင်္ကျီလက် အတွင်းမှ အနက်ရောင် ဘဲဥပုံ ကျောက်တုံးလေး တစ်တုံး ကို ထုတ်ယူ ကာ ကျီချန်ရှန်း ထံသို့ ပစ်ပေး လိုက်လေသည်။

"မင်းဘာသာမင်း ကြည့်လိုက်"

ကျီချန်ရှန်း က အနက်ရောင် ကျောက်တုံးလေး ကို ဖမ်းယူ လိုက်ပြီးနောက် ရင်ထဲတွင် ချက်ချင်း တင်းကျပ် သွားလေသည်။

ဤ အရာ မှာ ပုံရိပ် များကို မှတ်တမ်း တင်နိုင်သော ပုံရိပ်ယောင် မှတ်တမ်း ကျောက်တုံး ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိ ထားလေသည်။

ကျန်းချဲ့ ၏ လက်ထဲတွင် အမှန်တကယ် ပင် ပြစ်မှု သက်သေ အထောက်အထား ရှိနေတာများလား။

သူ သည် အနည်းငယ် စိုးရိမ် ထိတ်လန့် စွာဖြင့် အထက်ဘက်ရှိ မယ်တော်ကြီး ထံသို့ လှမ်းကြည့် လိုက်ပြီး လမ်းညွှန်မှု တစ်ခုခု ကို တောင်းခံ လိုက်လေသည်။

ရွှယ်ပိုင်ကျိန်း က အသံကို နှိမ့်ကာ ပြောလိုက်သည်။

"အရင်ဆုံး ကြည့်လိုက်ပါဦး"

ကျီချန်ရှန်း ခေါင်းညိတ် လိုက်ပြီး အသက်ကို ပြင်းပြင်း ရှူသွင်း ကာ မှန်ကန်သော စွမ်းအင် တစ်မျှင် ကို ပုံရိပ်ယောင် မှတ်တမ်း ကျောက်တုံး အတွင်းသို့ ထည့်သွင်း လိုက်လေသည်။

နောက်တစ်ခဏ တွင် အလင်းတန်း တစ်ခု ရုတ်တရက် ပွင့်အန် ထွက်လာပြီး လေဟာနယ် ထက်တွင် ပုံရိပ် တစ်ခု ကို ထင်ဟပ် ပြသ လိုက်လေသည်။

ထို မြင်ကွင်း မှာ ရွှီမိသားစု အိမ်တော်ဟောင်း အတွင်းတွင် ရွှီချိုးယွဲ့ က ပေဟန်ကျုံး ကို ခါးညွှတ် အရိုအသေ ပေးနေသည့် မြင်ကွင်း ပင်ဖြစ်သည်။

ကျီချန်ရှန်း နှင့် ရွှယ်ပိုင်ကျိန်း တို့ နှစ်ယောက် စလုံး ၏ မျက်နှာ ပေါ်တွင် ယခင်က တည်ငြိမ်မှု များ လုံးဝ ပျောက်ကွယ် သွားပြီး မျက်နှာထား များ အကြီးအကျယ် ပြောင်းလဲ သွားကြလေသည်။

ဤ မြင်ကွင်း ကို လုံးဝ မယုံကြည် နိုင်စွာဖြင့် စိုက်ကြည့် နေကြပြီး လေထု တစ်ခုလုံး ပင် ဤ အခိုက်အတန့် တွင် တိတ်ဆိတ် ငြိမ်သက် သွားသည့် အလား ပင်ဖြစ်သည်။

"ဒါ... ဒါက..."

ကျန်းချဲ့ က ပြောလိုက်သည်။

"ဒီလူကို မင်းတို့ သိချင်မှ သိလိမ့်မယ်... ကျုပ် မိတ်ဆက်ပေးမယ်... ဒီလူက ချင်းထျန်းမိစ္ဆာဂိုဏ်း ရဲ့ ဓမ္မမင်းကြီး လေးပါးထဲက တစ်ပါး ဖြစ်တဲ့ ချင်းဖူနန်းတော်သခင် ပေဟန်ကျုံး ပဲ... မင်းရဲ့ မင်းသားကတော် ရွှီချိုးယွဲ့ ကတော့ ချင်းထျန်းမိစ္ဆာဂိုဏ်း ရဲ့ လျှို့ဝှက်သူလျှို တစ်ယောက်ပဲ"

ကျီချန်ရှန်း ၏ မျက်နှာ ပေါ်တွင် လုံးဝ မယုံကြည် နိုင်သည့် အမူအရာ များ ပြည့်နှက် နေပြီး မျက်လုံး များ ထဲတွင်လည်း သွေးကြောမျှင် များ ယှက်သန်း နေလေသည်။

ဤ အရာများ အားလုံးကို သူ လုံးဝ မယုံကြည် လိုချေ။

သို့သော် မြင်ကွင်း က မျက်စိ အရှေ့တွင် ရှိနေသဖြင့် သူ မယုံကြည်၍ လည်း မရနိုင်တော့ချေ။

"မဖြစ်နိုင်ဘူး... လုံးဝကို မဖြစ်နိုင်ဘူး... ချိုးယွဲ့... ချိုးယွဲ့က ဘယ်လိုလုပ်ပြီး ချင်းထျန်းမိစ္ဆာဂိုဏ်း ရဲ့ လျှို့ဝှက်သူလျှို ဖြစ်နိုင်မှာလဲ..."

ဤ အခိုက်အတန့် တွင် ကောင်းကင်ကြီး တစ်ခုလုံး ပြိုကျ သွားသလို သူ ခံစား လိုက်ရလေသည်။

သူ နှင့် ရွှီချိုးယွဲ့ တို့ အကြားတွင် သံယောဇဉ် နက်ရှိုင်းလွန်း နေ၍ တော့ မဟုတ်ချေ။

အမှန်တကယ်တော့ သူ နှင့် ရွှီချိုးယွဲ့ တို့ အကြားရှိ ဆက်ဆံရေး မှာ နိုင်ငံရေး အရ လက်ထပ် ခြင်း သက်သက် သာ ဖြစ်ပြီး တစ်ဖက်လူ အပေါ် တွင် သူ အတော်လေး ကျေနပ် အားရမှု ရှိကာ သူ့ကို အကူအညီ များစွာ ပေးနိုင်ခဲ့လေသည်။

သို့သော် ပြဿနာ မှာ ရွှီချိုးယွဲ့ သည် သူ၏ မင်းသားကတော် ဖြစ်နေခြင်း ပင်ဖြစ်သည်။

မင်းသားကတော် က ချင်းထျန်းမိစ္ဆာဂိုဏ်း ၏ လျှို့ဝှက်သူလျှို ဖြစ်နေသည် ဆိုသော သတင်း သာ ပြန့်နှံ့ သွားပါက အလယ်ပိုင်းဒေသ တစ်ခုလုံး ကို တုန်လှုပ် သွားစေမည့် တော်ဝင် မိသားစု ၏ အရှုပ်တော်ပုံ ကြီး တစ်ခု ဖြစ်လာမည် ဖြစ်လေသည်။

သူ ကိုယ်တိုင် ချင်းထျန်းမိစ္ဆာဂိုဏ်း ၏ အကြံအစည် များတွင် ပါဝင် ပတ်သက် နေခြင်း ရှိမရှိ ဆိုသည်ကို ဘေးဖယ် ထားလိုက်ဦး...

အကယ်၍ ပါဝင် ပတ်သက် ခြင်း မရှိလျှင်တောင် မှ မည်သူ က ယုံကြည် မည်နည်း။

အကယ်၍ မပါဝင် ခဲ့လျှင်တောင် မှ ဤမျှလောက် ကြီးမားသော အရှုပ်တော်ပုံ ကြီး ဖြင့် လွှမ်းခြုံ ခံလိုက်ရပါက သူ သည် နန်းမွေဆက်ခံခွင့် အရည်အချင်း ကို ဆုံးရှုံး ရုံသာမက တော်ဝင်မျိုးနွယ်စု ခုံရုံး ၏ အပြစ်ပေး ခြင်းကိုပါ ခံရမည် ဖြစ်ပြီး ရက်စက် ကြမ်းကြုတ် လှသော သူ၏ ခမည်းတော် က သူ့ကို သာမန် အရပ်သား တစ်ယောက် အဖြစ် တိုက်ရိုက် ရာထူး ချထား လိမ့်မည် ဖြစ်လေသည်။

ကျီချန်ရှန်း သည် အားအင် ကင်းမဲ့စွာဖြင့် မြေပြင် ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျ သွားလေတော့သည်။

အထက်ဘက်ရှိ မိဖုရားကြီး ရွှယ်ပိုင်ကျိန်း မှာလည်း ရုတ်တရက် ရင်ဘတ်ကို ဖိထား လိုက်ပြီး အသက်ရှူ ကျပ်လာ သလို ခံစား လိုက်ရလေသည်။

ယခုအခါ တွင်တော့ ဤရက်ပိုင်း အတွင်း သူမ ၏ စိုးရိမ် ပူပန် မှု များက ဘယ်ကနေ လာသနည်း ဆိုသည်ကို သူမ ကောင်းစွာ နားလည် သဘောပေါက် သွားခဲ့လေပြီ။

အကြောင်းရင်း က ဤကဲ့သို့ ဖြစ်နေခဲ့ခြင်း ပင်ဖြစ်သည်။

ဤ အရှုပ်တော်ပုံ ကြီး သာ ပြန့်နှံ့ သွားပါက ရှန်းအာ ၏ နန်းမွေဆက်ခံခွင့် အရည်အချင်း မှာ အပြတ်အသတ် ပျောက်ကွယ် သွားမည် ဖြစ်ပြီး ဤ ကိစ္စ က သူမ နှင့် ရွှယ်မိသားစု ကိုပါ သေချာပေါက် ဆွဲသွင်း သွားမည် ဖြစ်လေသည်။

လောက တစ်ခွင်လုံး ၏ ဝေဖန် ပြစ်တင် မှု များ အောက်တွင် သူမ ၏ မိဖုရားကြီး နေရာ ပင်လျှင် ဆုံးရှုံး သွားနိုင်ချေ ရှိလေသည်။

ကျန်းချဲ့ ကို ကြည့်လိုက်သော အခါ ရွှယ်ပိုင်ကျိန်း ၏ မျက်ဝန်း များ ထဲတွင် ကြောက်ရွံ့ တုန်လှုပ် မှု များနှင့် သတိထား စောင့်ကြည့် လိုမှု များ ပေါ်ထွက် လာခဲ့လေပြီ။

တုန်လှုပ် အံ့အားသင့် နေသဖြင့် စကား တစ်ခွန်းမျှ မပြောနိုင် တော့သော ကျီချန်ရှန်း သားအမိ ကို ကြည့်ရင်း ကျန်းချဲ့ က မီးလောင်ရာ လေပင့် လိုက်ပြန်လေသည်။

ကျန်းချဲ့ က ကျီချန်ရှန်း ၏ အရှေ့သို့ လျှောက်သွား ကာ အသံ နိမ့်နိမ့် ဖြင့် ရယ်မော လိုက်လေသည်။

"လွန်ခဲ့တဲ့ နှစ်တွေ အတွင်းမှာ ရွှီချိုးယွဲ့ ရဲ့ နောက်ကွယ်က ချင်းထျန်းမိစ္ဆာဂိုဏ်း က မင်းကို အများကြီး ထောက်ပံ့ ပေးခဲ့တယ် မဟုတ်လား... အခမ်းအနား ဝန်ကြီးဌာန... ဘဏ္ဍာရေး ဝန်ကြီးဌာန... စစ်ရေး ဝန်ကြီးဌာန အစရှိတဲ့ နေရာ တွေ အပါအဝင် မင်းရဲ့ ဘေးနားမှာ ဝိုင်းရံ နေတဲ့ အင်အားစု အများစုက ချင်းထျန်းမိစ္ဆာဂိုဏ်း က ရည်ရွယ်ချက် ရှိရှိနဲ့ ထောက်ပံ့ ပေးထားတာတွေချည်းပဲ ဆိုတာကို ကျုပ် သေသေချာချာ အာမခံ ရဲတယ်... အဓိက ရည်ရွယ်ချက် ကတော့ မင်းကို ချုပ်ကိုင် ဖို့ပဲလေ... တတိယမင်းသား... အခုချိန်မှာ ကျုပ် ကရော မင်းရဲ့ အနာဂတ် ကို ချုပ်ကိုင် လို့ ရပြီလို့ မင်း ထင်လား"

ကျီချန်ရှန်း ၏ မျက်ဝန်းသူငယ်အိမ် များ ရုတ်တရက် ကျုံ့ဝင် သွားလေသည်။

ထို့နောက် ချက်ချင်း သတိဝင် လာသည့် အလား လက်ထဲရှိ ပုံရိပ်ယောင် မှတ်တမ်း ကျောက်တုံး ကို ရိုက်ခွဲ ကာ သက်သေ အထောက်အထား ကို အပြတ်အသတ် ဖျက်ဆီး ပစ်ရန် အလျင်အမြန် ပင် ပြင်ဆင် လိုက်လေသည်။

"မင်း... မင်း... မင်း လျှောက်ပြော နေတာပဲ"

သို့သော် နောက်တစ်ခဏ တွင် သူ ၏ လက်ကို ရပ်တန့် လိုက်ရလေသည်။

အကြောင်းမူကား ကျန်းချဲ့ သည် လုံးဝ လှုပ်ရှား ခြင်း မရှိဘဲ မျက်နှာ ပေါ်တွင် အထင်သေး သည့် အပြုံး တစ်ခု ပင် ပေါ်လွင် နေသောကြောင့် ပင်ဖြစ်သည်။

ကျန်းချဲ့ တွင် လုံလောက်သော ယုံကြည်ချက် ရှိနေပြီး ပုံရိပ်ယောင် မှတ်တမ်း ကျောက်တုံး တစ်တုံး တည်းကို သာ ဖန်တီး ထားခြင်း မဟုတ်ကြောင်း ကျီချန်ရှန်း ကောင်းစွာ သိရှိ လိုက်လေသည်။

ယခု သူ့လက်ထဲရှိ ကျောက်တုံး ကို ဖျက်ဆီး လိုက်လျှင်တောင် မှ ကျန်းချဲ့ သည် နောက်ထပ် တစ်တုံး ကို ချက်ချင်း ထုတ်ပြ နိုင်မည်မှာ သေချာလှပေသည်။

ရွှယ်ပိုင်ကျိန်း သည် ဖြူဖွေး နုဖတ် နေသော ရင်ဘတ် ကို ဖိထား ကာ တိုးတိုးလေး အသက်ရှူ နေလေသည်။

သတ်ဖြတ် လိုစိတ် များ ပြည့်နှက် နေသော ဖီးနစ် မျက်ဝန်း တစ်စုံ ဖြင့် ကျန်းချဲ့ ကို ကြည့်ကာ မေးလိုက်လေသည်။

"မင်း... မင်းက ဒီ ပစ္စည်း ကို ဘယ် နေရာ ကနေ ရလာ တာလဲ"

ကျန်းချဲ့ သည် နောက်သို့ လှည့်ကာ ပျင်းရိ ငြီးငွေ့ နေသည့် ဟန်ဖြင့် ထိုင်ချ လိုက်လေသည်။

ထို့နောက် အထက်ဘက် တွင် မြင့်မားစွာ ထိုင်နေသော မိဖုရားကြီး ရွှယ်ပိုင်ကျိန်း ကို မော့ကြည့် ကာ ခပ်ဖွဖွ ရယ်မော လိုက်လေသည်။

"ကျုပ် ဒီ ပုံရိပ်ယောင် မှတ်တမ်း ကျောက်တုံး ကို ဘယ်ကနေ ရလာလဲ ဆိုတာ အရေးမကြီးပါဘူး... အရေးကြီး တာက ဒီ သေးငယ်တဲ့ မှတ်တမ်း ကျောက်တုံး လေး က မင်းတို့ သားအမိ ကို မျက်စိတစ်မှိတ် အတွင်းမှာ တွင်းနက် ကြီး ထဲကို တွန်းချ ပစ်နိုင်တယ် ဆိုတာပဲ... မိဖုရားကြီး... တတိယမင်းသား... ခင်ဗျားတို့လည်း ဒီ ပုံရိပ်ယောင် မှတ်တမ်း ကျောက်တုံး ကြီး ညီလာခံ ထဲမှာ ထွက်ပေါ် လာပြီး ဧကရာဇ်မင်း ရဲ့ မျက်စိ အရှေ့ ကို ရောက်သွား တာမျိုး မဖြစ်ချင် ပါဘူးနော်"

ကျီချန်ရှန်း မှာ ဤ အခိုက်အတန့် တွင် ယခင် က ရိုက်ခတ် မှု ကြီး မှ သတိပြန်လည် လာခြင်း မရှိသေးဘဲ ခေါင်းထဲတွင် ရှုပ်ထွေး ပရမ်းပတာ ဖြစ်နေဆဲ ပင်ဖြစ်သည်။

သို့သော် မိဖုရားကြီး ရွှယ်ပိုင်ကျိန်း ကတော့ သတိဝင် လာခဲ့ပြီ ဖြစ်လေသည်။

အသံကို နှိမ့်ကာ ပြောလိုက်လေသည်။

"ကျန်းချဲ့ မင်း တကယ်ကို သတ္တိ ကောင်းလွန်း နေပါလား... ဒီ ပစ္စည်း ကို သုံးပြီး ငါကိုယ်တော် ကို လာခြိမ်းခြောက် ရဲတယ် ဟုတ်လား... ငါကိုယ်တော် က မိဖုရားကြီး တစ်ပါး ဆိုတာ မင်း သိရဲ့လား... တကယ်လို့ မင်းသာ ဒီ သတင်း ကို အပြင်ကို ပေါက်ကြား အောင် လုပ်ရဲတယ် ဆိုရင် မင်း ကိုယ်တိုင် လည်း သေချာပေါက် ဘာ အကျိုးအမြတ် မှ ရမှာ မဟုတ်ဘူးနော်"

ကျန်းချဲ့ သည် ချက်ချင်း မတ်တတ်ရပ် လိုက်ပြီး မျက်နှာ ပေါ်တွင် လုံးဝ ဂရုမစိုက် သည့် အမူအရာ များ ပေါ်လွင် နေလေသည်။

"ဟုတ်လို့လား... ဒါဆိုလည်း စမ်းကြည့်ကြတာပေါ့"

ကျန်းချဲ့ ကို သူမ ခြိမ်းခြောက် ၍ မရနိုင်တော့ သည်ကို မြင်သောအခါ မိဖုရားကြီး ၏ မျက်မှောင် ရုတ်တရက် တင်းကျပ် သွားပြီး တစ်ဖက်လူ ကို အလျင်အမြန် ပင် လှမ်းခေါ် လိုက်လေသည်။

"နေ နေဦး... မင်း... မင်းက တကယ်တော့ ဘာ လိုချင် တာလဲ”

All Chapters