← Chapters

အခန်း ၄၁၄

Vol. 42 Ch. 414

အခန်း ၄၁၄

Vol. 42 Ch. 414

အခန်း (၄၁၄) မိဖုရားကြီးကို ရိုက်နှက်ဆုံးမခြင်း... ဒေါသတွေ အရမ်းကြီးနေတယ်

ယခင်က စကားများမှာ ရွှယ်ပိုင်ကျိန်း အနေဖြင့် ကျန်းချဲ့ကို တမင်သက်သက် လှည့်စားရန်သာ ဖြစ်ပြီး အမှန်တကယ် တစ်ယောက်သေတစ်ယောက်ရှင် တိုက်ခိုက်လိုခြင်း မဟုတ်ပေ။

ဤအရှုပ်တော်ပုံသာ ပေါက်ကြားသွားပါက ကျန်းချဲ့အနေဖြင့် ဧကရာဇ်မင်း၏ အငြိုးထားခြင်းကို ခံရမည်ဖြစ်သော်ငြား လောလောဆယ်တွင် မည်သည့် ထိခိုက်နစ်နာမှုမျှ ရှိမည်မဟုတ်ပေ။ ပို၍ဆိုရလျှင် ကျန်းချဲ့၏ နောက်ကွယ်တွင် တောင်တန်းကြီးသဖွယ် အားကိုးရသော နတ်မင်းကြီး ကျီချန်တောက် ရှိနေသေးသည် မဟုတ်ပါလော။ သို့သော် သူတို့သားအမိ နှစ်ယောက်အတွက်မူ အရာအားလုံး အဆုံးသတ်သွားမည်သာ ဖြစ်လေသည်။

ကျီချန်ရှန်း၏ မင်းသားကတော်သည် ချင်းထျန်းမိစ္ဆာဂိုဏ်း၏ လျှို့ဝှက်သူလျှို ဖြစ်နေကြောင်း ပြင်ပလောကမှ သိရှိသွားပါက ကျီချန်ရှန်း ပါဝင်ပတ်သက်ခြင်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ နန်းမွေဆက်ခံခွင့်အတွက် ယှဉ်ပြိုင်ရန် လုံးဝ အရည်အချင်း ပြည့်မီတော့မည် မဟုတ်ချေ။

ပို၍ ဆိုးရွားသည်မှာ ယခုအခါ ဧကရာဇ်မင်းသည် မြောက်ပိုင်းလူရိုင်း သံတမန်များ အသတ်ခံရသည့် ကိစ္စကြောင့် အကြီးအကျယ် ဒေါသထွက်နေချိန် ဖြစ်ရာ ထိုဒေါသများက ကျီချန်ရှန်းအပေါ်သို့ သက်ရောက်သွားနိုင်ပြီး သာမန်အရပ်သား အဖြစ်သို့ပင် တိုက်ရိုက် ရာထူးချထားခံရနိုင်ချေ ရှိလေသည်။

သူမ ကိုယ်တိုင်လည်း မိဖုရားကြီး နေရာမှ ဖယ်ရှားခံရနိုင်ပေသည်။

ထိုအဆင့်သို့သာ ရောက်ရှိသွားပါက သူတို့သားအမိ အဆုံးသတ်သွားရုံသာမက ရွှီမိသားစုကိုပါ ဆွဲသွင်းသွားမည် ဖြစ်လေသည်။

ရွှယ်ပိုင်ကျိန်း အနေဖြင့် ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်လာမည်ကို လုံးဝ ခွင့်ပြုမည် မဟုတ်ပေ။

မည်သည့် တန်ဖိုးကို ပေးဆပ်ရပါစေ သူမ ခွင့်ပြုမည် မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် သူမ လောင်းကြေးမထပ်ရဲသောကြောင့် ပင်ဖြစ်သည်။ ကျီချန်ရှန်း နှင့် ရွှီမိသားစု လည်း လောင်းကြေးထပ်ရဲမည် မဟုတ်ပေ။

စိုးရိမ်တကြီး ခေါ်ဝေါ်နေသော မိဖုရားကြီး၏ အသံကို ကြားသောအခါ ကျန်းချဲ့၏ နှုတ်ခမ်းထောင့်တွင် မသိမသာ အပြုံးတစ်ခု ပေါ်လွင်လာသည်။ ခြေလှမ်းများကို ရပ်တန့်ကာ နောက်သို့ လှည့်ကြည့်ပြီး တောင့်တင်းပြည့်ဖြိုးသော မိဖုရားကြီးကို စိုက်ကြည့်ကာ မေးလိုက်သည်။

"ဘယ်လိုလဲ မိဖုရားကြီးက မစမ်းသပ်ရဲဘူးလား"

"မင်းက ဒီကိစ္စကို တော်ဝင်နန်းတော်ဆီ ချက်ချင်း သတင်းမပို့ဘူး ဆိုကတည်းက သေချာပေါက် လိုချင်တာ တစ်ခုခု ရှိနေလို့ပဲ ပြောစမ်း မင်း တကယ်တမ်း ဘာလိုချင်တာလဲ အရမ်းကြီး လွန်ကျူးမနေဘူးဆိုရင် ငါမိဖုရား မင်းကို သဘောတူပေးလို့ ရတယ်"

မိဖုရားကြီး ရွှယ်ပိုင်ကျိန်း သည် ကျန်းချဲ့တွင် လိုလားချက် တစ်ခုခု ရှိနေကြောင်း ခန့်မှန်းမိသော်လည်း သူမ၌လည်း ကိုယ်ပိုင် စည်းမျဉ်းများ ရှိထားပြီး ကျန်းချဲ့၏ အလိုကျ လိုက်လျောပေးမည် မဟုတ်ပေ။ ထို့ကြောင့် ကြိုတင်၍ စည်းမျဉ်းတစ်ခု သတ်မှတ်လိုက်ခြင်း ပင်ဖြစ်သည်။

သို့သော် ကျန်းချဲ့၏ အမြင်တွင်တော့ ဤအရာများက တစ်ဖက်လူ၏ ဆုံးဖြတ်ချက်အောက်တွင် မရှိတော့ချေ။

ယခုအခါ အခြေအနေများ ပြောင်းလဲသွားပြီ ဖြစ်ရာ သူကသာလျှင် အသာစီးရနေသူ ဖြစ်ပေသည်။

"ကျုပ် ဘာလိုချင်တာလဲ ဆိုတော့ လူ နည်းနည်း များနေတော့ ပြောရတာ သိပ်အဆင်မပြေဘူး"

ကျန်းချဲ့က ပြုံးလိုက်ပြီး မြေပြင်ပေါ်တွင် ကြက်သေသေကာ အရုပ်ကြိုးပြတ် လဲကျနေသော ကျီချန်ရှန်းကို မျက်လုံးထောင့်မှ တစ်ချက် စိုက်ကြည့်လိုက်လေသည်။

ရွှယ်ပိုင်ကျိန်း မျက်မှောင်ကြုတ်သွားသည်။

'လူများနေတယ် ဟုတ်လား ဒီမှာ ငါရယ် ကျန်းချဲ့ရယ် ကျီချန်ရှန်းရယ် သုံးယောက်တည်း ရှိတာလေ ကျန်းချဲ့က တကယ်ကို ဘာလုပ်ချင်နေတာလဲ'

အသက်ကို ပြင်းပြင်းရှူသွင်းကာ ရင်ထဲမှ ဒေါသများကို ဖိနှိပ်လိုက်ပြီး ကျီချန်ရှန်းကို ကြည့်လိုက်သည်။

"ရှန်းအာ မင်း အရင် ထွက်သွားလိုက် မယ်တော်ကြီး ကျန်းချဲ့နဲ့ စကားနည်းနည်းလောက် ပြောလိုက်ဦးမယ်"

အသိဉာဏ် ကင်းလွတ်နေပြီဖြစ်သော ကျီချန်ရှန်းသည် ယခုအချိန်တွင် ဤနေရာ၌ ဆက်နေရန် မသင့်တော်တော့ချေ။ နောက်ဆုံးတွင်တော့ အရာအားလုံးကို သူမကိုယ်တိုင်သာ ရင်ဆိုင်ဖြေရှင်းရမည် ဖြစ်လေသည်။

"မယ်တော်ကြီး သားတော်"

ကျီချန်ရှန်း သတိပြန်ဝင်လာပြီး ပါးစပ်ဟလိုက်သည်။

"မင်း အရင်ထွက်သွားပြီး စိတ်ကို တည်ငြိမ်အောင် ထားလိုက်ဦး"

ရွှယ်ပိုင်ကျိန်း က အမိန့်ပေးလိုက်သည်။

ကျီချန်ရှန်း အသက်ကို ပြင်းပြင်းရှူသွင်းကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဘေးရှိ ထိုင်ခုံကို အားပြုကာ မတ်တတ်ရပ်လိုက်ပြီး ကျန်းချဲ့ကို စက္ကန့်အနည်းငယ်မျှ စူးစူးရဲရဲ စိုက်ကြည့်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"ကျန်းချဲ့ မင်း ဘာပဲလုပ်ချင်လုပ်ချင် ငါ့ဆီကိုပဲ တိုက်ရိုက်လာခဲ့ မယ်တော်ကြီးကို အကြပ်မကိုင်နဲ့ အဲ့ဒီလိုမှ မဟုတ်ရင် ငါးသေရင် ကွန်ပြဲရမယ် ဆိုသလို မင်းနဲ့ အသေအလဲ တိုက်ခိုက်ဖို့ ငါ ဝန်လေးမှာ မဟုတ်ဘူး"

"ငါးကတော့ သေသွားလိမ့်မယ် ဒါပေမဲ့ ကွန်ကတော့ ပြဲမှာ မဟုတ်ဘူး"

ကျန်းချဲ့ ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

ကျီချန်ရှန်း ခပ်ဟဟ နှာမှုတ်လိုက်ပြီး ဆက်လက် စကားမပြောတော့ဘဲ လက်ဝှေ့ယမ်းကာ လှည့်ထွက်သွားပြီး တံခါးကို တွန်းဖွင့်ထွက်ခွာသွားလေသည်။ ကျန်းချဲ့က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကပ်ဆိုးတစ်သောင်း မိစ္ဆာဓား လွင့်စင်ထွက်ပေါ်လာသည်။

"စီနီယာကြီး ဘေးပတ်ဝန်းကျင်ကို သတိထား စောင့်ကြည့်ပေးပါဦး"

'မင်းကောင်လေး ဇာတ်လမ်း အစစ်အမှန် စတင်တော့မှာကို ငါ့ကိုကျ ပေးမကြည့်ဘူးပါလား'

ချီရွှယ်မိစ္ဆာသခင်၏ အသံက ကျန်းချဲ့၏ နားထဲသို့ ဝင်ရောက်လာသည်။ နောက်တစ်ခဏတွင် တံခါးကြီးမှာ ဒိုင်း ခနဲ ပိတ်ကျသွားလေသည်။ ကျန်းချဲ့ သည် သူ၏ ဝိညာဉ်အာရုံကို အသုံးပြုကာ ဘေးပတ်ဝန်းကျင်တွင် အစီအရင်များ ချမှတ်လိုက်လေသည်။

"ရှန်းအာ ထွက်သွားပြီ မင်း ဘာပြောချင်လဲ ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ"

ကျန်းချဲ့၏ ရိုင်းစိုင်းမှုများအပေါ် ရွှယ်ပိုင်ကျိန်း အလွန်အမင်း ဒေါသထွက်နေသော်လည်း လက်ရှိတွင် သူမသည် အားနည်းသူဘက်မှ ဖြစ်နေကြောင်း သိရှိထားသဖြင့် အေးစက်စက် လေသံဖြင့်သာ ပြောလိုက်လေသည်။

"ဒီတိုင်းကြီး ပြောရတာ သိပ်ပြီး အရသာမရှိဘူး"

ကျန်းချဲ့ ခန္ဓာကိုယ်ကို အနည်းငယ် စောင်းကာ ဘယ်ဘက်ရှိ ထိုင်ခုံတွင် တိုက်ရိုက် ဝင်ထိုင်လိုက်လေသည်။

"မင်းက ဘယ်လို ပြောချင်လို့လဲ"

ရွှယ်ပိုင်ကျိန်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ သူမ၏ ရင်ထဲတွင် မကောင်းသော ကြိုတင်ခံစားမှုများ ထပ်မံ ပေါ်ထွက်လာပြန်လေသည်။

"ဒူးထောက်ပြီး ပြော"

ကျန်းချဲ့ ခပ်ဖွဖွ ပြုံးလိုက်လေသည်။

မိဖုရားကြီး ရွှယ်ပိုင်ကျိန်း ကို သူ အစောကြီးကတည်းက အမြင်ကပ်နေခဲ့ခြင်း ဖြစ်သည်။ တွေ့ဆုံခဲ့သည့် အကြိမ်တိုင်းတွင် တစ်ဖက်လူသည် လောကတွင် သူမ အမြင့်မြတ်ဆုံး ဖြစ်သည့်အလား အမြဲတမ်း အထက်စီးဆန်သော ဟန်ပန်ကို ပြသနေခဲ့သည်။

ကျန်းချဲ့က ထိုအချက်ကို အမုန်းဆုံး ပင်ဖြစ်သည်။

ဘာ အဆင့်အတန်းမြင့်တဲ့ မိဖုရားကြီးလဲ သူမကို သူ၏ ခြေအောက်တွင် အတင်းအဓမ္မ ဒူးထောက်ခိုင်းချင်မိသည်။ ဤသည်မှာ အလွန် ယုတ်မာရက်စက်သော လုပ်ရပ် ဖြစ်သော်ငြား အထက်စီးဆန်လွန်းသော သူများကို ခြေအောက်တွင် နင်းချေရသည်ကို သူ အလွန် နှစ်သက်လေသည်။

"မင်း ဘာပြောလိုက်တယ်"

ရွှယ်ပိုင်ကျိန်း မျက်မှောင်ကြုတ်ကာ ကျန်းချဲ့ကို ကြည့်လိုက်သည်။ သူမ နားကြားလွဲသွားသည် အလား ပင်ဖြစ်သည်။

ကျန်းချဲ့က သူမကို တိုက်ရိုက် စိုက်ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။

"ကျုပ် ပြောတာက ခင်ဗျားကို ဒူးထောက်ခိုင်းတာ သေသေချာချာ ကြားရဲ့လား မိဖုရားကြီး"

"ကျန်းချဲ့ မင်း သိပ်ရိုင်းစိုင်းလွန်းနေပြီ"

ကျန်းချဲ့၏ ရဲတင်းလွန်းလှသော စကားများကို ကြားလိုက်ရချိန်တွင် ရွှယ်ပိုင်ကျိန်း ချက်ချင်း သတိဝင်လာပြီး မျက်နှာပေါ်တွင် သိသာထင်ရှားသော ဒေါသများ ပေါ်ထွက်လာကာ အမျက်တကြီး ဟစ်အော် ကြိမ်းမောင်းလိုက်လေသည်။

ကျန်းချဲ့က သူမကို ဒူးထောက်ခိုင်းရဲသည် ဟုတ်လား။

ဤသည်မှာ လောကကြီးကို ပြောင်းပြန်လှန်နေခြင်း ပင်ဖြစ်သည်။ သူမသည် မိဖုရားကြီး လောကတွင် အမြင့်မြတ်ဆုံးသော အမျိုးသမီး တစ်ဦး ဖြစ်သည်။ ဒူးထောက်ရမည် ဆိုလျှင်တောင်မှ ကျန်းချဲ့က သူမကို ဒူးထောက်ရမည် ဖြစ်သည်။

အဆင့်အတန်း နိမ့်ကျသော တံငါသည် ဘဝမှ တက်လာသည့် ကျန်းချဲ့ အနေဖြင့် သေလမ်းရှာနေခြင်း ပင်ဖြစ်သည်။

"ဒူးမထောက်ဘူးလား"

ကျန်းချဲ့ ခေါင်းမော့ကာ ဒေါသတကြီး ဖြစ်နေသော မိဖုရားကြီးကို ပြုံးစိစိဖြင့် ကြည့်လိုက်လေသည်။

"ငါမိဖုရား က ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူး မင်းက တကယ်ကို သတ္တိကောင်းလွန်းနေပါလား ဒူးထောက်ရမှာက မင်းပဲ"

ရွှယ်ပိုင်ကျိန်း သည် သူမ၏ ပိုးသားပါးလေးကို အားကုန် ရမ်းခါကာ ကျန်းချဲ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။

"ခင်ဗျား ဒူးမထောက်ဘူးဆိုရင် ဆက်ပြောစရာ အကြောင်းမရှိတော့ဘူး"

ကျန်းချဲ့ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်လေသည်။

"မင်းက ငါမိဖုရား ကို ခြိမ်းခြောက်နေတာလား"

ရွှယ်ပိုင်ကျိန်း ဤအခိုက်အတန့်တွင် ဒေါသကြောင့် ပေါက်ကွဲထွက်မတတ် ဖြစ်သွားရလေသည်။ သူမ မွေးဖွားလာကတည်းက ဤကဲ့သို့သော စော်ကားမှုကို တစ်ကြိမ်တစ်ခါမျှ မခံခဲ့ရဖူးချေ။

ဒေါသအမျက် ချောင်းချောင်းထွက်နေမှု အောက်တွင် မိဖုရားကြီး ၏ ဒေါသများကို လုံးဝ ထိန်းချုပ်၍ မရနိုင်တော့ဘဲ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အနီရောင် သားရေပွတ်တံ တစ်ချောင်း ရုတ်တရက် ပေါ်ထွက်လာပြီး ကျန်းချဲ့ ဆီသို့ အရှိန်ပြင်းစွာ ရိုက်ချလိုက်လေသည်။

သူမ မိဖုရားကြီး နေရာသို့ ရောက်ရှိပြီးကတည်းက ဤ သားရေပွတ်တံ ကို တစ်ကြိမ်တစ်ခါမျှ အသုံးမပြုခဲ့ဖူးချေ။ သို့သော် နန်းတော် အတွင်းသို့ မဝင်ရောက်မီ အချိန်ကတော့ သူမသည် သားရေပွတ်တံ အသုံးပြုရာတွင် အလွန် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ခဲ့သည်။ မည်သူမဆို သူမကို ဒေါသထွက်အောင် ပြုလုပ်ပါက သားရေပွတ်တံဖြင့် ပြန်လည် ရိုက်နှက်လေ့ ရှိသည်။

"ဒီနေ့ အထက်အောက် ရိုသေမှု ဆိုတာ ဘာလဲ ဆိုတာကို မင်း သိအောင် ငါမိဖုရား သင်ပေးရမယ်"

အနီရောင် သားရေပွတ်တံ သည် မြွေဟောက် တစ်ကောင်အလား လေတိုက်ခတ်သံများနှင့် အတူ ကျန်းချဲ့၏ ဘယ်ဘက် ပါးပြင်ဆီသို့ အရှိန်ပြင်းစွာ ရိုက်ချလာလေသည်။ ဤ အခိုက်အတန့်တွင် ဒေါသများ ငယ်ထိပ် ရောက်နေသဖြင့် ယခင်က ခြိမ်းခြောက်မှု များကို လုံးဝ ဂရုမစိုက်နိုင်တော့ချေ။

သူမ၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိတော့သည်။ ၎င်းမှာ ကျန်းချဲ့ကို အပြင်းအထန် ဆုံးမပေးရန် ပင်ဖြစ်သည်။ လူအချို့မှာ သူ စော်ကား၍ ရနိုင်သော သူများ မဟုတ်ကြောင်း ကျန်းချဲ့ ကို သိရှိသွားစေရန် ပင်ဖြစ်သည်။

သာမန် တောင်းဆိုမှုမျိုး ဆိုလျှင် သူမ အလျှော့ပေးလိုက်မည် ဖြစ်သော်ငြား သူမလို မိဖုရားကြီး တစ်ပါးကို ဒူးထောက်ခိုင်းခြင်းမှာတော့ လုံးဝ မဖြစ်နိုင်ချေ။ ဤကဲ့သို့သော စော်ကားမှုကို သူမ လုံးဝ သည်းခံနိုင်မည် မဟုတ်ပေ။

ဖြန်း ခနဲ ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာလေသည်။

ကျန်းချဲ့ သည် ရွှယ်ပိုင်ကျိန်း ရိုက်ချလိုက်သော သားရေပွတ်တံ ကို အမူအရာမပျက် လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်လေသည်။ မျက်ဝန်းများ အေးစက်သွားပြီး ဧရာမ နဂါးကြီး တစ်ကောင်၏ ဖိအားကြီးက တစ်ဖက်လူ ဆီသို့ ရုတ်တရက် လွှမ်းခြုံသွားလေတော့သည်။

ရွှယ်ပိုင်ကျိန်း ချက်ချင်းပင် အပြင်းအထန် ရိုက်ခတ် ခံလိုက်ရသကဲ့သို့ ခန္ဓာကိုယ်ကြီး ပျော့ခွေသွားပြီး လက်ထဲမှ သားရေပွတ်တံ ကို လွှတ်ချလိုက်မိလေသည်။ မျက်နှာပေါ်တွင်လည်း ကြောက်လန့်သွားသည့် အရိပ်အယောင်များ ပေါ်လွင်နေလေသည်။

ကျန်းချဲ့က သူမကို အမှန်တကယ် ပြန်လည် တိုက်ခိုက်ရဲသည် ဟုတ်လား။

"ခင်ဗျားရဲ့ ဒီလောက်လေး ရှိတဲ့ ကျင့်ကြံမှု စွမ်းအားလေးနဲ့ ကျုပ် ရှေ့မှာ လာပြီး အာဏာ လာပြချင်နေတာလား"

ကျန်းချဲ့ အေးစက်စွာ လှောင်ပြောင်လိုက်လေသည်။ ရွှယ်ပိုင်ကျိန်း သည် ရွှမ်တန်အဆင့် ကျင့်ကြံမှု စွမ်းအားသာ ရှိပြီး ထိုစွမ်းအားမှာလည်း အရင်းအမြစ်များဖြင့် အတင်းအဓမ္မ ပင့်တင်ထားရခြင်း ဖြစ်သည်။

အဆင့်နိမ့် သိုင်းပညာရှင် များကို ရင်ဆိုင်ရာတွင် အသာစီး ရနိုင်သော်ငြား သူ၏ အရှေ့တွင်တော့ ပေါ့ပေါ့ပါးပါး ဖိနှိပ် ချေမှုန်းနိုင်သော ပုရွက်ဆိတ် တစ်ကောင်သာ ဖြစ်လေသည်။ ကိုယ်ပိုင် နဂါးဖိအား အနည်းငယ် ထုတ်လွှတ်လိုက်ရုံဖြင့် တစ်ဖက်လူကို တောင့်ခံနိုင်စွမ်း မရှိအောင် ပြုလုပ်နိုင်လေသည်။

"ကျန်းချဲ့ ငါမိဖုရား က မိဖုရားကြီး ပါ မင်း ငါမိဖုရား ကို တိုက်ခိုက်ရဲတယ် ဆိုတာ နိုင်ငံတော် ပုန်ကန်မှု ကြီး ဆိုတာ မင်း သိရဲ့လား ဒီကိစ္စသာ သတင်း ပေါက်ကြားသွားရင် မင်း သေချာပေါက် တော်ဝင်နန်းတော် ရဲ့ အပြင်းအထန် အပြစ်ပေးတာကို ခံရလိမ့်မယ် ငါမိဖုရား မင်းကို နောက်ဆုံး သတိပေးလိုက်မယ် အခုချက်ချင်း ရပ်တန့်လိုက်တာ အကောင်းဆုံးပဲ ရွှီချိုးယွဲ့ ရဲ့ သက်သေ အထောက်အထား တွေကို ဖျက်ဆီးပစ်လိုက် အဲ့ဒီလိုမှ မဟုတ်ရင် ငါမိဖုရား ဧကရာဇ်မင်း ရဲ့ အရှေ့မှာ အား"

မိဖုရားကြီး ရွှယ်ပိုင်ကျိန်း ၏ စကားများ မဆုံးမီ မှာပင် ရုတ်တရက် အဖြတ်ခံလိုက်ရပြီး သူမ တစ်ကိုယ်လုံး အလိုအလျောက် အော်ဟစ် မိသွားလေသည်။ အကြောင်းရင်းမှာတော့ သဘာဝကျကျပင် ကျန်းချဲ့က သားရေပွတ်တံ ဖြင့် သူမ၏ ကိုယ်ပေါ်သို့ တိုက်ရိုက် ရိုက်ချလိုက်သောကြောင့် ပင်ဖြစ်သည်။

သေချာသည်ကတော့ ဤရိုက်ချက်မှာ အသားနာရုံ သက်သက်သာ ဖြစ်လေသည်။ အကယ်၍ ထိုသို့သာ မဟုတ်ဘဲ ကျန်းချဲ့က ဝိညာဉ်စွမ်းအင် အနည်းငယ်မျှ ထည့်သွင်း အသုံးပြုလိုက်မည် ဆိုပါက ရွှယ်ပိုင်ကျိန်း ၏ အသားများ ပေါက်ပြဲ သွားမည်မှာ သေချာလှပေသည်။ ယခု အချိန်တွင်တော့ သူမ၏ ရင်ဘတ်မှ ခါး အထိ ရှည်လျားသော အနီရောင် အစင်းကြောင်းကြီး တစ်ခုသာ ထင်ကျန် ရစ်ခဲ့လေသည်။

"ကျန်းချဲ့ မင်း မင်း သတ္တိ အရမ်း ကောင်းနေပါလား"

မိဖုရားကြီး ရွှယ်ပိုင်ကျိန်း တုန်တုန်ယင်ယင် ဖြင့် ကျန်းချဲ့ကို လက်ညှိုးထိုး ကာ မျက်ဝန်းများထဲတွင် ဒေါသမီးတောက် များ ပြည့်နှက် နေလေသည်။

တစ်ဖက်လူ က သူမကို အမှန်တကယ် ရိုက်နှက်ရဲသည် ဟုတ်လား။

ရွှယ်ပိုင်ကျိန်း ကို ပြန်လည် တုံ့ပြန်လိုက်သည်က နောက်ထပ် သားရေပွတ်တံ ရိုက်ချက် တစ်ချက်သာ ဖြစ်လေသည်။

ဖြန်း ခနဲ အသံနှင့်အတူ အား ဟူသော အော်သံထွက်ပေါ်လာသည်။ ထပ်မံ၍ ဖြန်း ဟု မြည်သွားကာ အား ဟု အော်ဟစ်လိုက်ပြန်သည်။ ဖြန်း ဟု ထပ်ရိုက်ချလိုက်သည်။

"မ မရိုက်ပါနဲ့တော့ မရိုက်ပါနဲ့တော့"

မိဖုရားကြီး ရွှယ်ပိုင်ကျိန်း မြေပြင်ပေါ်တွင် ပျော့ခွေ လဲကျသွားပြီး မျက်ဝန်းများထဲတွင် ထိတ်လန့် ကြောက်ရွံ့မှု များနှင့် ဒေါသများ ပြည့်နှက်နေကာ ခန္ဓာကိုယ်ကြီး မှာလည်း ဤ အခိုက်အတန့် တွင် တုန်ယင် နေလေသည်။

ကျန်းချဲ့က သူမကို အမှန်တကယ် ရိုက်နှက်ရဲပြီး တစ်ချက်ထက် တစ်ချက် ပို၍ ပြင်းထန်လာလိမ့်မည်ဟု သူမ တကယ်ကို ထင်မှတ် မထားခဲ့မိချေ။

ကျန်းချဲ့ သည် သားရေပွတ်တံ ကို ကိုင်ဆောင်ကာ မိဖုရားကြီး ရွှယ်ပိုင်ကျိန်း ၏ အရှေ့သို့ လျှောက်သွားပြီး အထက်စီးမှနေ၍ သူမကို ငုံ့ကြည့်လိုက်လေသည်။ အမြင့်မြတ်ဆုံးသော မိဖုရားကြီး တစ်ပါးကို သူ ကိုယ်တိုင် သားရေပွတ်တံ ဖြင့် ရိုက်နှက် ဆုံးမရသည့် ခံစားချက်က သူ၏ ရင်ထဲတွင် ရှင်းပြ၍ မရနိုင်သော သာယာ ကျေနပ်မှု များကို ဖြစ်ပေါ် လာစေလေသည်။

"မိဖုရားကြီး ကျုပ် ရိုင်းစိုင်းသေးရဲ့လား"

"မင်းက တကယ်"

"ဟင်"

ကျန်းချဲ့ က သားရေပွတ်တံ ကို နောက်တစ်ကြိမ် ထပ်မံ မြှောက်လိုက်ရာ မိဖုရားကြီး ရွှယ်ပိုင်ကျိန်း ၏ နှုတ်ဖျားမှ ထွက်ပေါ်လာမည့် စကားများ ရုတ်တရက် ရပ်တန့် သွားခဲ့လေသည်။ ခေါင်းငုံ့ကာ သွားကို တင်းတင်း ကြိတ်ပြီး ပြောလိုက်လေသည်။

"ငါ ငါမိဖုရား ခုနက ဒေါသအလျောက် လုပ်မိသွားတယ်"

ကျန်းချဲ့ ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး မိဖုရားကြီး ရွှယ်ပိုင်ကျိန်း ၏ မေးစေ့ကို လက်ချောင်း တစ်ချောင်းဖြင့် ဆွဲမလိုက်လေသည်။ လက်ဖျားမှ တစ်ဆင့် ဖြတ်သန်း စီးဆင်းလာသော နူးညံ့ ချောမွေ့သည့် အတွေ့အထိ ကို ခံစားလိုက်ရပြီး သူ၏ နှုတ်ခမ်းထောင့်ရှိ အပြုံးများက လုံးဝ ဖုံးကွယ်၍ မရနိုင်တော့ချေ။ အေးစက်စက် လေသံဖြင့် မေးလိုက်လေသည်။

"ကျုပ် မေးနေတာက ကျုပ် သိပ်ပြီး ရိုင်းစိုင်းသေးရဲ့လား လို့"

"ရိုင်းစိုင်းလိုက်တာ တကယ်ကို ရိုင်းစိုင်းလွန်းတယ်"

နန်းဆောင် အပြင်ဘက်ရှိ ကျီချန်ရှန်း ၏ မျက်နှာပေါ်တွင် ဒေါသများ ပြည့်နှက်နေပြီး ရင်ထဲတွင် အလွန်အမင်း မကျေမနပ် ဖြစ်နေလေသည်။ ကျန်းချဲ့ သူ့ကို ထွက်သွားခိုင်းသည်ကို ထားလိုက်ပါတော့ သို့သော် နန်းဆောင် အပြင်ဘက်တွင် အစီအရင် များ ချထားခြင်းက ဘာသဘောလဲ။

ဤနေရာက သူ၏ အိမ်တော် ဖြစ်သည်လေ။ အရေးအကြီးဆုံး မှာ သူ၏ မယ်တော်ကြီး လည်း နန်းဆောင် အတွင်းတွင် ရှိနေသေးသည်။ သားတစ်ယောက် အနေဖြင့် သူ မည်သို့ သည်းခံနိုင်မည်နည်း။

အခြား အချိန်မျိုး ဆိုလျှင် သူ စောစောကတည်းက ဝင်ရောက် သောင်းကျန်းနေလောက်ပြီ ဖြစ်သည်။ ကျန်းချဲ့ ကို မယှဉ်နိုင်လျှင်တောင် မှ သူ သေချာပေါက် ပြင်းပြင်းထန်ထန် ဝင်ရောက် တိုက်ခိုက်မည် ဖြစ်လေသည်။

သို့သော် ယခုအခါ ကျန်းချဲ့ ၏ လက်ထဲတွင် သူ၏ အသက်သွေးကြော ရှိနေလေသည်။ သူ လုံးဝ အလောတကြီး လှုပ်ရှား၍ မရနိုင်ချေ။ ထိုသို့မှ မဟုတ်ပါက သူ အရာအားလုံးကို အပြတ်အသတ် ဆုံးရှုံးရမည် ဖြစ်လေသည်။

ဤ အခိုက်အတန့် တွင် ကျန်းချဲ့ အပေါ် အလွန်အမင်း နာကြည်း မုန်းတီး နေသလို ရင်ထဲတွင် လည်း အဆုံးအစမရှိသော စိုးရိမ် ပူပန် မှု များ ပြည့်နှက် နေကာ မျက်နှာပေါ်တွင် အလွန် ရှုပ်ထွေးနေသည့် အမူအရာ များ ပေါ်လွင် နေလေသည်။

လေဟာနယ် ထက်တွင် ဆိုင်းငံ့ နေသော ကပ်ဆိုးတစ်သောင်း မိစ္ဆာဓား အတွင်းမှ ချီရွှယ်မိစ္ဆာသခင် လည်း ရင်ထဲတွင် ကျိန်ဆဲ နေမိလေသည်။

'ဒီကောင်လေး တစ်ယောက်တည်း အခွင့်အရေး ယူနေတာပဲ'

'မိဖုရားကြီး ကို စော်ကားတာလောက်လေးကို ငါ့ကို ဘာဖြစ်လို့ ပေးမကြည့်ရတာလဲ ဒီလို ဇာတ်ကွက် မျိုးက ငါ အစွမ်း အထက်ဆုံး အချိန်ကတောင် မလုပ်ရဲခဲ့တဲ့ ကိစ္စမျိုးကို နေဦး ဒီကောင်လေး က တကယ်ကြီး မိဖုရားကြီး ကို အပိုင် သိမ်းချင်နေတာများလား'

ချီရွှယ်မိစ္ဆာသခင် ရုတ်တရက် ဤ အတွေး ပေါ်လာခဲ့လေသည်။ ယခင်က သူ ဤကဲ့သို့ ပြောခဲ့ဖူး သော်ငြား ကျန်းချဲ့ အနေဖြင့် အမှန်တကယ် လုပ်ရဲလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ချေ။

သာမန် မိန်းမ ဆိုလျှင် ထားလိုက်ပါတော့ ဒါက ဧကရာဇ်မင်း ရဲ့ မိဖုရား လောက တစ်ခုလုံး ရဲ့ မိခင် မိဖုရားကြီး လေ။ ဒီကောင်လေး ဘယ်လိုလုပ်ပြီး ရဲတင်းနေရတာလဲ။

'မဖြစ်နိုင်ပါဘူး'

"ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲ"

နန်းတော် ဥယျာဉ် အတွင်းတွင် ယွမ်ခန်းဧကရာဇ် ၏ မျက်နှာပေါ်တွင် အနည်းငယ် မကျေမနပ် ဖြစ်နေသည့် အမူအရာများ ပေါ်လွင် နေလေသည်။ လီချန်ကျုံး က အလျင်အမြန်ပင် ဒူးထောက် ချလိုက်လေသည်။

"အရှင်မင်းကြီး ကျွန်တော်မျိုး ရဲ့ စစ်တုရင် ကစားတဲ့ အရည်အချင်း ကို အရှင်မင်းကြီး လည်း သိပါတယ် တကယ်ကို မကစားတတ်လို့ပါ"

"ပွဲနည်းနည်းလောက် ကစားလိုက်ရင် တတ်သွားမှာပါ ငါကိုယ်တော် ရှုံးသွားရင်တောင် မင်းကို ဒေါသထွက်မှာ မဟုတ်ပါဘူး မြန်မြန် ထိုင်ပြီး ကစားစမ်းပါ ထပ်ပြီး မကစားတတ်ဘူးလို့ ပြောရင် ငါကိုယ်တော် တကယ် အပြစ်ပေးတော့မှာနော်"

ယွမ်ခန်းဧကရာဇ် မျက်ဝန်းများ အေးစက်သွားလေသည်။

လီချန်ကျုံး ရင်ထဲတွင် ထိတ်လန့်တုန်လှုပ် သွားပြီး သက်ပြင်းချ လိုက်မိလေသည်။ မကြာသေးမီ ရက်များ အတွင်း ဧကရာဇ်မင်း ၏ စိတ်အခြေအနေ ကို သူ ကောင်းစွာ သိရှိထားလေသည်။ အလွန်အမင်း ဒေါသထွက် နေပြီး သူ့အနေဖြင့် ဧကရာဇ်မင်း ကို စိတ်ကျေနပ်အောင် မလုပ်ပေးနိုင်ပါက သေချာပေါက် မလိုအပ်သော ဒုက္ခ များနှင့် ရင်ဆိုင်ရမည် ဖြစ်လေသည်။

အကြောင်းမူကား သူ၏ စစ်တုရင် ကစားနိုင်စွမ်း က မဆိုးရွားသော်ငြား အရမ်း ကောင်းမွန်အောင် လည်း ကစားပြ၍ မရနိုင်ချေ။ ဧကရာဇ်မင်း ရှုံးနိမ့်သွားပါက မကောင်းသလို အရမ်း သိသာအောင် အလျှော့ပေး ကစားပြန်လျှင်လည်း အပြစ်ပေး ခံရမည် ဖြစ်လေသည်။

"ကျန်းချဲ့ တောင်မှ မိဖုရားကြီးကို စော်ကားလွန်ကျူး ရဲတာ မင်းက ငါကိုယ်တော် နဲ့ စစ်တုရင် တစ်ပွဲတောင် ကစားဖို့ သတ္တိ မရှိဘူးလား"

ယွမ်ခန်းဧကရာဇ် အေးစက်စက် နှာမှုတ်လိုက်လေသည်။ လီချန်ကျုံး အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရင်ထဲတွင် သက်ပြင်းချ ကာ အရိုအသေ ပေး၍ ထိုင်ချ လိုက်လေသည်။

"ဒါဆိုရင်လည်း ကျွန်တော်မျိုး အရှင်မင်းကြီး ရဲ့ အရှေ့မှာ ရိုင်းစိုင်းခွင့် ပြုပါ"

"ကျုပ် မေးနေတာကလေ မိဖုရားကြီး ကျုပ် တကယ်ပဲ ရိုင်းစိုင်းလွန်းနေသေးလား လို့"

ကျန်းချဲ့က ပြုံးစိစိဖြင့် မေးလိုက်လေသည်။ မိဖုရားကြီး ရွှယ်ပိုင်ကျိန်း ၏ ခန္ဓာကိုယ်ကြီး တုန်ယင်သွားပြီး ယခင်က ကျန်းချဲ့ ရိုက်နှက်ထားသော နာကျင်မှုများ လုံးဝ မပျောက်ကွယ် သေးချေ။ ဤစကားကို ကြားသောအခါ သူမ၏ ရင်ထဲတွင် ပို၍ပင် တင်းကျပ် သွားရပြီး တိုးတိုးလေး ပြောလိုက်လေသည်။

"မ မရိုင်းစိုင်းပါဘူး"

"မရိုင်းစိုင်းတော့ဘူး ဆိုမှတော့ အရင်ကိစ္စကို ဆက်ပြောကြတာပေါ့ အော် ဒါနဲ့ ခုနတုန်းက ကျုပ် ဘာပြောခဲ့သေးလဲ"

ကျန်းချဲ့ မတ်တတ်ရပ် လိုက်ပြီး ရွှယ်ပိုင်ကျိန်း ကို တစ်ချက် ကြည့်ကာ မေးလိုက်လေသည်။

"မင်း မင်း မင်းက ငါမိဖုရား ကို ဒူးထောက်ခိုင်းတာ"

ရွှယ်ပိုင်ကျိန်း ၏ မျက်နှာမှာ တစ်ခဏ ဖြူလိုက် တစ်ခဏ ပြာလိုက် ဖြစ်သွားပြီး တုန်တုန်ယင်ယင် ဖြင့် ပြန်ဖြေလိုက်လေသည်။

"ဒါဆို မိဖုရားကြီး က ဒူးထောက်မှာလား ဒူးမထောက်ဘူးလား"

ကျန်းချဲ့ ၏ မျက်နှာပေါ်တွင် အပြုံးများ အမြဲတမ်း ပေါ်လွင်နေလေသည်။

ရွှယ်ပိုင်ကျိန်း မျက်မှောင်ကြုတ်သွားပြီး အသက်ကို ပြင်းပြင်း ရှူသွင်းကာ လေးနက်သော လေသံဖြင့် ပြောလိုက်လေသည်။

"ကျန်းချဲ့ မင်း ခုနက ရိုင်းစိုင်းခဲ့တာတွေကို ငါမိဖုရား ဘာမှမဖြစ်ခဲ့သလို သဘောထားပေးမယ် ဒါပေမဲ့ ငါမိဖုရား က တာ့ကျိုး နိုင်ငံတော် ရဲ့ မိဖုရားကြီး တစ်ပါး ဧကရာဇ်မင်း ရဲ့ မိန်းမ မင်းက ငါမိဖုရား ကို ဒူးထောက်ခိုင်းတာ နောက်ဆက်တွဲ အကျိုးဆက်တွေ ဘာဖြစ်လာမလဲ ဆိုတာ မင်း သိရဲ့လား မင်း ရှန်းအာ ကို အသုံးချပြီး ခြိမ်းခြောက်မယ် ဆိုရင်တောင် ဒီကိစ္စသာ အပြင်ကို သတင်းပေါက်ကြားသွားရင် ဧကရာဇ်မင်း ရဲ့ ဒေါသအောက်မှာ မင်း ကိုယ်တိုင်လည်း မိသားစု တစ်ခုလုံး သုတ်သင်ခံရမှာ သေချာတယ် အခု အခု ငါတို့ တစ်ယောက် တစ်လှမ်း ဆုတ်ကြတာပေါ့ ငါမိဖုရား ဒူးမထောက်ဘူး ဒါပေမဲ့ မင်းရဲ့ တောင်းဆိုမှု ကိုတော့ သဘောတူပေးမယ် မင်း ဘယ်လိုသဘောရလဲ"

"ခင်ဗျားက ကျုပ်နဲ့ ဈေးဆစ်နေတာလား"

ကျန်းချဲ့ မျက်လုံးများ မှေးကျဉ်း သွားလေသည်။ ရွှယ်ပိုင်ကျိန်း ခေါင်းမော့လိုက်ပြီး တိုးတိုးလေး အသက်ရှူ လိုက်လေသည်။

"ငါမိဖုရား က ဈေးဆစ်နေတာ မဟုတ်ဘူး ဒီကိစ္စရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကို မင်း သိအောင် ပြောပြနေတာ"

"ဒါဆိုရင် ကျုပ် ခင်ဗျားကို ပြောပြမယ် ဒီ အကျိုးဆက်ကို ကျုပ် ဂရုမစိုက်ဘူး သိပ်ဆိုးဆိုးဝါးဝါး ဖြစ်လာရင်လည်း ဒီ ရာထူးကို စွန့်လွှတ်လိုက်ရုံပဲ ခွေးဧကရာဇ်က ကျုပ်ကို ဘာများ လုပ်နိုင်မှာမို့လို့လဲ"

မိဖုရားကြီး ကို ဒူးထောက်ခိုင်းတာကို ထားလိုက်ပါတော့ သူမကို ခြိမ်းခြောက်ပြီး သားရေပွတ်တံ ဖြင့် ရိုက်နှက်ခြင်းကပင် သေဒဏ် ထိုက်နေပြီ ဖြစ်လေသည်။ ပြစ်မှုတွေ အားလုံးကို ကျူးလွန်ပြီးနေပြီ ဖြစ်ရာ အခြား မည်သည့် အရာကိုမှ သူ ဂရုစိုက်နေမည် မဟုတ်တော့ချေ။

"မင်း သေသေချာချာ စဉ်းစားပြီးပြီလား"

"ခင်ဗျားမှာ အချိန် ဆယ်စက္ကန့်ပဲ ရှိတယ်"

ကျန်းချဲ့ က ရွှယ်ပိုင်ကျိန်း ကို ဂရုမစိုက်တော့ဘဲ မျက်လုံးများကို မှိတ်ကာ အချိန်ကို ရေတွက်နေလေသည်။

ရွှယ်ပိုင်ကျိန်း တံတွေး တစ်ချက် မျိုချလိုက်ပြီး ကျန်းချဲ့၏ လက်ထဲရှိ သားရေပွတ်တံ ကို တစ်ချက် ကြည့်လိုက်လေသည်။ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မျက်ဝန်းထဲတွင် ရုန်းကန်နေရသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားကာ နန်းဆောင် အပြင်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်လေသည်။

နောက်ဆုံးတွင်တော့ သူမ၏ စိတ်ထဲ၌ ဆုံးဖြတ်ချက် တစ်ခု ချလိုက်လေသည်။ ကျန်းချဲ့၏ ခြေအောက်တွင် ဖြည်းညင်းစွာ ဒူးထောက်ချလိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။

"တာ့ကျိုး နိုင်ငံတော် ရဲ့ ဆယ့်နှစ်ဆက်မြောက် ချွန်းမင် မိဖုရားကြီး ကျီရွှီမိသားစု က ပိုင်ဟယ် ကွမ်ကျွင်းနယ်စား ကို အရိုအသေ ပေးပါတယ်"

ရွှယ်ပိုင်ကျိန်း ၏ နှုတ်ဖျားမှ ထွက်ပေါ်လာသော အမည်နာမ ကို ကြားလိုက်ရချိန်တွင် ကျန်းချဲ့၏ နှုတ်ခမ်းထောင့်ရှိ အပြုံးများက လုံးဝ ဖုံးကွယ်၍ မရနိုင်တော့ချေ။ နောက်တစ်ကြိမ် ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး လှပလွန်းလှသော မျက်နှာလေးကို ဆွဲမလိုက်ကာ တိုးတိုးလေး ပြောလိုက်လေသည်။

"မိဖုရားကြီး ခင်ဗျားက အရမ်း နှေးကွေးလွန်းတယ် အဲ့ဒါကြောင့် ကျုပ် အခု အရမ်းကို ဒေါသထွက် ပူလောင်နေပြီ"

မိဖုရားကြီး ရွှယ်ပိုင်ကျိန်း ၏ မျက်ဝန်းသူငယ်အိမ်များ ကျုံ့ဝင်သွားပြီး တစ်စုံတစ်ခုကို ကြိုတင် ခန့်မှန်းမိသွားသည့် အလား တုန်တုန်ယင်ယင် ဖြင့် ကျန်းချဲ့ကို ကြည့်လိုက်လေသည်။

"မင်း မင်းက ဘာလုပ်ချင်လို့လဲ”

All Chapters