အခန်း ၄၁၅
Vol. 42 Ch. 415
အခန်း (၄၁၅) တားမြစ်ထားသော အဆင့်အတန်း... မိဖုရားကြီးကို သိမ်းပိုက်ခြင်း
"မင်း... မင်းက... ဘာလုပ်ချင်လို့လဲ..."
ရွှယ်ပိုင်ကျိန်းသည် အလိုလိုက်အကြိုက်ဆောင် ခံခဲ့ရသူ ဖြစ်သော်ငြား မတုံးအပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမကဲ့သို့သော ကြီးမြတ်သည့် မိသားစုမှ ဆင်းသက်လာသော အမျိုးသမီးများသည် အမြဲတမ်း ဉာဏ်ရည်ထက်မြက်ကြလေသည်။ ကျန်းချဲ့က သူမကို စတင်ဒူးထောက်ခိုင်းကတည်းက အခြေအနေကို သူမ ကြိုတင်ခန့်မှန်းမိခဲ့ပြီး ဖြစ်လေသည်။
မိဖုရားကြီးတစ်ပါး ဒူးထောက်ခြင်းဆိုသည်မှာ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် သုတ်သင်ခံရမည့် အပြစ်ကြီးပင်ဖြစ်သည်။ သူမ မိဖုရားကြီး ဖြစ်လာသည့်နေ့မှစ၍ သူမအနေဖြင့် ဧကရာဇ်မင်းတစ်ပါးတည်းကိုသာ လက်အောက်ခံပြီး နာခံရမည်ဖြစ်သည်။ သူမ၏ မိဘများကိုယ်တိုင်ပင်လျှင် သူမကို တွေ့ဆုံပါက အရိုအသေပေးရမည် ဖြစ်လေသည်။
သို့သော် ယခုအခါ ကျန်းချဲ့က သူမကို ဒူးထောက်ခိုင်းလိုက်လေပြီ။
ဤသည်မှာ နိုင်ငံတော်ပုန်ကန်မှုကြီးဆိုသည့် စကားလုံးဖြင့် ဖော်ပြ၍မရနိုင်လောက်အောင်ပင် ဖြစ်ပေသည်။
ဤသည်မှာ သေဒဏ်ထိုက်သည့် ပြစ်မှုကြီးမှန်း သိသိရက်နှင့် ကျူးလွန်ရဲသည်ဆိုမှတော့ ကျန်းချဲ့သည် လုံးဝ အကြောက်အလန့်ကင်းမဲ့နေသူ တစ်ယောက်ဖြစ်ကြောင်း သက်သေပြနေလေသည်။ ဧကရာဇ်မင်း၏ အာဏာပင်လျှင် သူ့ကို အညံ့ခံအောင် မလုပ်နိုင်ချေ။
ထို့ကြောင့် နောက်ဆက်တွဲ ဘာဖြစ်လာမည်ဆိုသည်ကို ပြောပြနေရန် လိုအပ်ပါသေးသလော။
မိဖုရားကြီးတစ်ပါးကို အိပ်ရာဝင်ခိုင်းခြင်းမှာ ယောက်ျားတစ်ယောက်အတွက် မည်မျှလောက် ကြီးမားသော ဂုဏ်ယူဝင့်ကြွားစရာ ကိစ္စတစ်ခု ဖြစ်မည်နည်း။ သာမန်လူများအနေဖြင့် စိတ်မဝင်စား၍ မဟုတ်ဘဲ အစွမ်းအစ မရှိကြ၍သာ ဖြစ်လေသည်။
ယခုအခါ ကျန်းချဲ့သည် သူမ၏ အသက်သွေးကြောကို ကိုင်ဆုပ်ထားပြီး သူမကို ခြိမ်းခြောက်နိုင်လေပြီ။ အရေးအကြီးဆုံးမှာ သူမသည် ပြိုင်ဘက်ကင်း အလှပိုင်ရှင်တစ်ဦး ဖြစ်နေခြင်းပင်ဖြစ်သည်။
အကယ်၍ ထိုသို့သာ မဟုတ်ပါက ရွှီမိသားစုအနေဖြင့် သူမကို ငယ်စဉ်ကတည်းက နန်းတော်အတွင်းသို့ ဝင်ရောက်ရန် ပြုစုပျိုးထောင်ပေးခဲ့မည် မဟုတ်ချေ။ သူမ၏ အလှအပမှာ လောကတစ်ခုလုံးတွင် ယှဉ်ပြိုင်နိုင်သူ အနည်းငယ်မျှသာ ရှိကြောင်း ယုံကြည်ချက် အပြည့်အဝ ရှိလေသည်။
ထို့အပြင် ကျန်းချဲ့မှာလည်း ရမ္မက်စိတ်ကြီးမားသူ တစ်ယောက်ဖြစ်ကြောင်း ထင်ရှားလှပေသည်။
ဤအချက်ကို ကျန်းချဲ့က ပေလင်ချီမိသားစုမှ ညီအစ်မနှစ်ယောက်ကို လက်ထပ်ခဲ့သည့် အချက်မှတစ်ဆင့် အနည်းငယ် ခန့်မှန်းသိရှိနိုင်လေသည်။ ထို့ကြောင့် ကျန်းချဲ့က ထိုစကားကို ပြောလိုက်ချိန်တွင် ကျန်းချဲ့ ဘာလုပ်ချင်သနည်းဆိုသည်ကို သူမ ဝေဝါးစွာ ကြိုတင်ခန့်မှန်းမိလိုက်ပြီး မျက်ဝန်းများထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများနှင့် စိုးရိမ်ပူပန်မှုများ ဖြတ်ပြေးသွားလေသည်။
ကျန်းချဲ့၏ ရိုက်နှက်ခြင်းနှင့် ဒူးထောက်ခိုင်းခြင်းများကို သူမ လက်ခံနိုင်သော်ငြား အကယ်၍ ဤကဲ့သို့ တားမြစ်ထားသော ကိစ္စမျိုးကိုသာ အမှန်တကယ် ကျူးလွန်မိသွားပါက သူမသည် အမှန်တကယ်ပင် အပြန်လမ်းမရှိသော လမ်းပေါ်သို့ ရောက်ရှိသွားမည် ဖြစ်လေသည်။ သတင်းအနည်းငယ် ပေါက်ကြားသွားသည်နှင့် တစ်ပြိုင်နက် သူမ၏ အဆုံးသတ်မှာ အလွန်အမင်း သနားစရာကောင်းသွားမည် ဖြစ်ပေသည်။
"မိဖုရားကြီးက ကျုပ် ဘာလုပ်ချင်တယ်လို့ ထင်နေတာလဲ..."
ကျန်းချဲ့က ရွှယ်ပိုင်ကျိန်း၏ မေးစေ့ကို ချိတ်ဆွဲထားပြီး သူ၏ အကြည့်များက သူမ၏ မျက်နှာပေါ်တွင် အတားအဆီးမရှိ လှည့်ပတ်နေလေသည်။ အထက်မှ အောက်သို့ ဘယ်မှ ညာသို့ ရွှေ့လျားသွားပြီး နောက်ဆုံးတွင်တော့ ဝတ်ရုံအဟိုက်မှတစ်ဆင့် ပေါ်လွင်နေသော ဖြူဖွေးနုဖတ်သည့် ရင်အုံပေါ်တွင် ရပ်တန့်သွားလေသည်။
မို့မောက် ဖြူဖွေး တင်းရင်းလှသည့် အသွင်အပြင်တို့က ကျန်းချဲ့၏ ခေါင်းထဲတွင် အလိုအလျောက် ပေါ်ထွက်လာပြီး မိဖုရားကြီး ရွှယ်ပိုင်ကျိန်းနှင့် အလွန်အမင်း လိုက်ဖက်နေလေသည်။
ရွှယ်ပိုင်ကျိန်းက ကျန်းချဲ့၏ လက်ကို ဆွဲဖယ်လိုက်ပြီး မျက်မှောင် တင်းတင်းကြုတ်လိုက်လေသည်။
"ကျန်းချဲ့... အရင်က ငါမိဖုရား မှားသွားခဲ့ပါတယ်... အရမ်း အထက်စီးဆန်သွားခဲ့တယ်... မင်း ငါမိဖုရားကို အပြစ်ပေးချင်ရင် ပေးလို့ရတယ်... ဒါပေမဲ့ အဲ့ဒီလို ကိစ္စမျိုးကိုတော့ လုံးဝ စိတ်ကူးမယဉ်ပါနဲ့... တကယ်လို့ မင်း ငါမိဖုရားကို ထိခိုက်စော်ကားမိရင် ငါတို့ နှစ်ယောက်စလုံး သေချာပေါက် ကောင်းကောင်း အဆုံးသတ်ရမှာ မဟုတ်ဘူး... နောက်ကွယ်က မိသားစုတွေကိုပါ ဆွဲသွင်းသလို ဖြစ်သွားလိမ့်မယ်... တကယ်လို့ မင်း မိန်းမ လိုချင်တယ်ဆိုရင် ငါမိဖုရား နန်းတော်ထဲမှာ အလှပန်းလေးတွေ ရှာပေးလို့ ရပါတယ်... မင်း ဘယ်လိုသဘောရလဲ..."
ယခုအခိုက်အတန့်တွင် မိဖုရားကြီး ရွှယ်ပိုင်ကျိန်းသည် ယခင်က မောက်မာမှုများနှင့် ကြီးကျယ်ခမ်းနားမှုများ လုံးဝမရှိတော့ဘဲ ကျန်းချဲ့အနေဖြင့် ထိုကဲ့သို့သော အတွေးများကို စွန့်လွှတ်ရန် ဖျောင်းဖျသည့် လေသံမျိုးဖြင့် ပြောဆိုနေလေသည်။
"ဟားဟားဟား..."
ရွှယ်ပိုင်ကျိန်းကို ပြန်လည် တုံ့ပြန်လိုက်သည်က ကျန်းချဲ့၏ ရယ်မောသံ သက်သက်သာ ဖြစ်လေသည်။
"ငါက မိဖုရားကြီးဆိုတာ မင်း ကောင်းကောင်း နားလည်သင့်တယ်... ဧကရာဇ်မင်းရဲ့ မိန်းမလေ... ငါ့ရဲ့ အဆင့်အတန်းက တားမြစ်ထားတဲ့ အရာပဲ... မင်း ငါ့ကို ထိခိုက်စော်ကားရင် ကောင်းကောင်း အဆုံးသတ်ရမှာ မဟုတ်ဘူး... ခဏတာ သာယာမှုလေးအတွက်နဲ့ ဘာဖြစ်လို့ ဒီလောက်အထိ အတင်းအဓမ္မ လုပ်ချင်နေရတာလဲ..."
ကျန်းချဲ့၏ နှုတ်ခမ်းထောင့် အလိုအလျောက် တွန့်ကွေးသွားလေသည်။ အကယ်၍ သူမသာ မိဖုရားကြီးတစ်ပါး မဟုတ်ခဲ့ပါက သူသည် လုံးဝ ထိတွေ့လိုမည် မဟုတ်ပေ။
"အခုမှ ဒီစကားတွေ ပြောနေတာ အရမ်း နောက်ကျသွားပြီ... ခင်ဗျား ဒူးလည်း ထောက်ခဲ့ပြီးပြီ... ကျုပ်လည်း ရိုက်နှက် ဆုံးမခဲ့ပြီးပြီ... ဒီစကားတွေ ပြောနေလို့ ဘာများ ထူးခြားလာမှာလဲ... အဲ့ဒီ တားမြစ်ချက်ဆိုတဲ့ အရာတွေက ကျုပ်ကို ကြောက်လန့်သွားစေမယ်လို့ ခင်ဗျား ထင်နေတာလား... တကယ်လို့ အဲ့ဒီလိုသာဆိုရင် အစောကြီးကတည်းက ကျုပ် ဒီလို လုပ်ခဲ့မှာ မဟုတ်ဘူး... ဒါကြောင့်... မိဖုရားကြီး ခင်ဗျား ကျုပ်ကို လုံးဝ ဆွဲဆောင်နိုင်စွမ်း မရှိဘူး... အဲ့ဒါကြောင့်... ကျုပ်ရဲ့ အခု လောင်ကျွမ်းနေတဲ့ ဒေါသမီးတွေကို သေချာပေါက် ငြိမ်းသတ်ဖို့ လိုအပ်နေပြီ..."
"တကယ်ပဲ တစ်ယောက် တစ်လှမ်း ဆုတ်ပေးလို့ မရတော့ဘူးလား..."
"တစ်လှမ်း ဆုတ်ပေးဖို့တော့ မဖြစ်နိုင်ဘူး... အဝတ်အစား ချွတ်ပေးဖို့တော့ ရတယ်... မိဖုရားကြီး ဘာသာ ချွတ်မလား... ဒါမှမဟုတ် ကျုပ် ကိုယ်တိုင်ပဲ ချွတ်ပေးရမလား..."
ကျန်းချဲ့၏ မျက်ဝန်းများထဲတွင် အလင်းတန်းများ တလက်လက် တောက်ပနေလေသည်။
ရွှယ်ပိုင်ကျိန်း၏ ခန္ဓာကိုယ်ကြီး တုန်ယင်သွားပြီး အပြင်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်လေသည်။ လက်ရှိ သူမ၏ အခြေအနေကို ကောင်းစွာ နားလည်သဘောပေါက်ထားပြီး ကျန်းချဲ့က ဘေးပတ်ဝန်းကျင်တွင် အစီအရင်များ ချထားသလို သူမ၏ ကျင့်ကြံမှု စွမ်းအားမှာလည်း ကျန်းချဲ့ထက် အများကြီး နိမ့်ကျနေလေသည်။
ယခုအခိုက်အတန့်တွင် သူမ၌ ပြန်လည် ခုခံနိုင်စွမ်း လုံးဝမရှိတော့ကြောင်း ပြော၍ ရလေသည်။ ကျန်းချဲ့၏ ရည်ရွယ်ချက်ကလည်း အလွန် သိသာထင်ရှားနေလေပြီ။ သူမကိုယ်တိုင် သိက္ခာရှိရှိ ချွတ်ပေးမည်လော သို့မဟုတ် ကျန်းချဲ့က အတင်းအဓမ္မ ချွတ်ပေးရမည်လော ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။
ကျန်းချဲ့က သူမကို အရုပ်တစ်ရုပ်အလား တစ်လွှာချင်း ဆွဲခွာမည်ကို စိတ်ကူးကြည့်လိုက်ရုံဖြင့် သူမ၏ ရင်ထဲတွင် ရှက်ရွံ့ဒေါသထွက်မှုများနှင့် ပြည့်နှက်သွားပြီး ခေတ္တမျှ ကြက်သေသေသွားလေသည်။
ကျန်းချဲ့က ရွှယ်ပိုင်ကျိန်း၏ လက်ရှိအတွေးများကို လုံးဝ ဂရုမစိုက်တော့ချေ။ လက်တစ်ဖက်ကို ရုတ်တရက် လှုပ်ရှားလိုက်ရာ သူ၏ ကိုယ်ပေါ်ရှိ ဝတ်ရုံတစ်စိတ်တစ်ပိုင်း ပေါက်ပြဲသွားပြီး နတ်လှံတံတစ်ချောင်း ဖြည်းညင်းစွာ ထွက်ပေါ်လာကာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို လွင့်စင်ထွက်ပေါ်စေလေသည်။
ဤအခိုက်အတန့်တွင် ရွှယ်ပိုင်ကျိန်း လုံးဝ မှင်တက်သွားရလေသည်။
ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မျက်ဝန်းများထဲတွင် လုံးဝမယုံကြည်နိုင်သည့် အမူအရာများ ပြည့်နှက်နေလေသည်။ ကျန်းချဲ့ ဤမျှလောက် ပွင့်လင်းရဲတင်းလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ဘဲ သူမ၏ အရှေ့တွင် နတ်လှံတံကို တိုက်ရိုက် ထုတ်ပြလိုက်ခြင်းက မျက်စိတစ်မှိတ်အတွင်းမှာပင် ပြိုင်ဘက်ကင်း ရိုက်ခတ်မှုကြီးတစ်ခုကို ဖြစ်ပေါ်လာစေလေသည်။
ဤနတ်လှံတံမှ ထွက်ပေါ်နေသော အစွမ်းထက်သည့် အရှိန်အဝါများကို ကြည့်ရင်း သူမအနေဖြင့် ခေတ္တမျှ ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားရလေသည်။ ခေါင်းလွှဲဖယ်ရှားလိုသော်ငြား ဤသည်မှာ အချည်းနှီးသက်သက်သာ ဖြစ်ကြောင်းကိုလည်း သိရှိထားလေသည်။
"မင်း ဒါက ဘာသဘောလဲ..."
ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် ရွှယ်ပိုင်ကျိန်းက ခေါင်းမော့ကာ ကျန်းချဲ့ကို ကြည့်လိုက်လေသည်။
"မိဖုရားကြီးကရော ဘယ်လိုထင်လို့လဲ..."
ကျန်းချဲ့၏ အကြည့်များက သူမ၏ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းအစုံပေါ်တွင် ရပ်တန့်သွားလေသည်။ ထိုနှုတ်ခမ်းများပေါ်တွင် တော်ဝင်မိသားစု သီးသန့်အသုံးပြုသော နှုတ်ခမ်းနီများကို ဆိုးသပ်ထားလေသည်။
"မင်းက ငါမိဖုရားကို စော်ကားနေတာလား..."
မိဖုရားကြီး ရွှယ်ပိုင်ကျိန်းက လေးနက်သော လေသံဖြင့် ပြောလိုက်လေသည်။
သူမအနေဖြင့် ကျန်းချဲ့ကို အလျှော့ပေးသင့် မသင့် တွေးတောနေခဲ့သော်ငြား တစ်ဖက်လူက သူမကို ဤနည်းလမ်းဖြင့် စော်ကားလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့သဖြင့် မျက်နှာပေါ်တွင် ရှက်ရွံ့ဒေါသထွက်နေသည့် အမူအရာများ အပြည့်အဝ ပေါ်လွင်လာလေသည်။
"မဟုတ်ပါဘူး... ဒါက သာယာမှုတစ်ခု သက်သက်ပါ... မိဖုရားကြီးအနေနဲ့ ကျုပ်ကို ငြင်းဆန်မှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်..."
မိဖုရားကြီး ရွှယ်ပိုင်ကျိန်းသည် အစွမ်းထက်သော အရှိန်အဝါများ လွင့်စင်ထွက်ပေါ်နေသည့် နတ်လှံတံကြီးကို ကြည့်ရင်း မျက်ဝန်းထဲတွင် ရုန်းကန်နေရသည့် အရိပ်အယောင်များ ပြည့်နှက်နေလေသည်။
"တကယ်လို့ ငါမိဖုရား မင်းကို သဘောတူလိုက်ရင်... ရှန်းအာရဲ့ ကိစ္စကို ဒီနေရာမှာတင် အဆုံးသတ်ပေးလို့ ရမလား..."
ကိစ္စများ ဤအခြေအနေအထိ ရောက်လာပြီဆိုမှတော့ ရွှယ်ပိုင်ကျိန်းလည်း ကျန်းချဲ့၏ ရည်ရွယ်ချက်ကို ကောင်းစွာ နားလည်သဘောပေါက်သွားခဲ့လေပြီ။ ယခုအခိုက်အတန့်တွင် သူမ၌ ငြင်းဆန်ပိုင်ခွင့် လုံးဝမရှိတော့ဘဲ ဤလုပ်ငန်းစဉ်အတွင်း ရန်ငြိုးများကို အတတ်နိုင်ဆုံး ပြေလည်အောင် ဖြေရှင်းရန်သာ တတ်နိုင်တော့လေသည်။
"အဲ့ဒါကတော့ မိဖုရားကြီးရဲ့ စွမ်းဆောင်ရည် အပေါ်မှာပဲ မူတည်တော့မယ်... မိဖုရားကြီးလည်း ကျီချန်ရှန်းကို သာမန် အရပ်သားအဖြစ် ရာထူးချခံရတာမျိုး မဖြစ်ချင်ဘူး မဟုတ်လား..."
မိဖုရားကြီး ရွှယ်ပိုင်ကျိန်း၏ မျက်ဝန်းများထဲတွင် ရှက်ရွံ့ဒေါသထွက်မှုများ ပြည့်နှက်နေပြီး အသက်ကို ပြင်းပြင်းရှူသွင်းလိုက်လေသည်။ ဤအခိုက်အတန့်တွင် သူမ၏ ရင်ထဲ၌ အပြင်းအထန် တိုက်ပွဲဝင်နေရပြီး မျက်နှာပေါ်တွင်လည်း တွန့်ဆုတ်ရုန်းကန်နေရသည့် အမူအရာများ အပြည့်အဝ ပေါ်လွင်နေလေသည်။ ကျန်းချဲ့ကတော့ သူမ၏ သရုပ်ဆောင်မှုကို တိတ်ဆိတ်စွာပင် ကြည့်ရှုနေလေသည်။
အချိန်အတန်ကြာပြီးနောက် မိဖုရားကြီး ရွှယ်ပိုင်ကျိန်းလည်း အလျှော့ပေးလိုက်ရလေတော့သည်။ နတ်လှံတံ၏ လက်ကိုင်ကို ဆုပ်ကိုင်လိုက်ပြီးနောက် ဆယ်စုနှစ်များစွာတိုင်အောင် မော်ကြွားခဲ့သော ခေါင်းကို ကျန်းချဲ့ဆိုသည့် လက်အောက်ငယ်သား တစ်ယောက်၏ အရှေ့တွင် အညံ့ခံသည့်အနေဖြင့် ငုံ့ချလိုက်လေတော့သည်။
ခေါင်းမငုံ့မီ အချိန်လေးတွင် မိဖုရားကြီး ရွှယ်ပိုင်ကျိန်း၏ ရင်ထဲ၌ ခံစားချက်မျိုးစုံ ရောယှက်နေခဲ့လေသည်။ ရှက်ရွံ့မှုများနှင့် သိက္ခာကျမှုများ ရှိသလို တွန့်ဆုတ်ရုန်းကန်မှုများလည်း ပါဝင်နေလေသည်။ သို့သော် အမှန်တရားကို တကယ်တမ်း လက်ဆုပ်လက်ကိုင် ပြုလိုက်ရချိန်တွင်တော့ သူမအနေဖြင့် အခြားအရာများကို အများကြီး တွေးတောနေနိုင်စွမ်း မရှိတော့ချေ။
ပထမအချက်မှာ ကျန်းချဲ့က သူမကို ကတိပေးထားသလို ယခင်က ရန်ငြိုးများကို ဤနေရာတွင်ပင် အဆုံးသတ်ပေးမည် ဖြစ်သောကြောင့် ပင်ဖြစ်သည်။ ဒုတိယအချက်မှာ သူမ၏ ရင်ထဲတွင်လည်း တုန်လှုပ်မှုအချို့ ရှိနေသောကြောင့် ပင်ဖြစ်သည်။
ယွမ်ခန်းဧကရာဇ်သည် အနှစ်နှစ်ဆယ်တိုင်အောင် တရားထိုင်နေခဲ့သဖြင့် နောက်ဆောင် မိဖုရားများ အဆောင်သို့ လုံးဝ ဝင်ရောက်ခဲ့ခြင်း မရှိချေ။ သူမကိုယ်တိုင်လည်း အနှစ်နှစ်ဆယ်တိုင်အောင် မုဆိုးမတစ်ယောက်အလား အသက်ရှင်နေထိုင်ခဲ့ရလေသည်။ ညဉ့်နက်သန်းခေါင် အချိန်များတွင် သူမ၏ ရင်ထဲ၌ ဆန္ဒများ အုံကြွလာတတ်သော်ငြား အမြဲတမ်း ဖိနှိပ်ထိန်းချုပ် ထားနိုင်ခဲ့လေသည်။
သို့သော် ယခုအခိုက်အတန့်တွင်တော့ သူမ၏ ဆယ်စုနှစ်များစွာတိုင်အောင် အုံကြွနေခဲ့သော ဆန္ဒများအားလုံး ဖြည်းညင်းစွာ ပေါက်ကွဲထွက်လာခဲ့လေပြီ။
သူမ၏ စိတ်ထဲတွင် တွေးတောနေမိသည်မှာ ကျန်းချဲ့သည် လောကတွင် အတော်ဆုံးသော ပါရမီရှင် လူငယ်တစ်ယောက်ဖြစ်ပြီး ရုပ်ရည်ချောမောကာ အလုပ်လုပ်ရာတွင်လည်း အလွန် ပြတ်သားသူ ဖြစ်လေသည်။ သာမန်ယောက်ျားတစ်ယောက် လုံးဝ မဟုတ်ချေ။ သူ့ကို အလိုလိုက်လိုက်မည် ဆိုလျှင်တောင်မှ သိပ်ပြီး နစ်နာလိမ့်မည်မဟုတ်ဟု တွေးတောနေမိလေသည်။
ရွှယ်ပိုင်ကျိန်းသည် တဖြည်းဖြည်းနှင့် မိမိကိုယ်ကို ဆွဲဆောင်နေမိလေပြီ။
ကျန်းချဲ့ကတော့ ဘေးရှိ ထိုင်ခုံတွင် နောက်သို့ အနည်းငယ် မှီထိုင်လိုက်ပြီး ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ ဖြေလျှော့လိုက်လေသည်။ အလွန် ထူးဆန်းသော ကျင့်ကြံမှု အခြေအနေတစ်ခုသို့ ဝင်ရောက်သွားသည့်အလား ပင်ဖြစ်သည်။
သေချာသည်ကတော့ သူ့ကို အများဆုံး တုန်လှုပ်စေသည့် အရာမှာ မိဖုရားကြီး ရွှယ်ပိုင်ကျိန်း၏ အဆင့်အတန်း ပင်ဖြစ်သည်။
ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က သူမသည် အလွန်အမင်း အထက်စီးဆန်ပြီး မည်သူ့ကိုမျှ မျက်လုံးထဲ ထည့်မတွက်ခဲ့ချေ။ ဒုတိယအကြိမ် တွေ့ဆုံခဲ့သည့် ဖုန်းဟယ်နန်းဆောင် တွင်လည်း သူမ၏ မိဖုရားကြီး အဆင့်အတန်းကို အသုံးပြုကာ သူ့ကို ခြိမ်းခြောက်ပြီး အလျှော့ပေးစေရန် ဖိအားပေးခဲ့လေသည်။ အမြဲတမ်း အလွန်အမင်း ကြီးကျယ်ခမ်းနားနေခဲ့လေသည်။
သို့သော် ယခုအခါတွင် ယခုအခိုက်အတန့်တွင် တစ်ဖက်လူ၏ ကိုယ်ပေါ်ရှိ အမြင့်မြတ်ဆုံးနှင့် အခမ်းနားဆုံးသော အရာများအားလုံးက သူ၏ လောင်စာဆီများ အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
အချိန်အတန်ကြာပြီးနောက် ကျန်းချဲ့၏ ခန္ဓာကိုယ် အနည်းငယ် လှုပ်ရှားသွားပြီး တစ်ကိုယ်လုံးရှိ အမွေးအမျှင်များ ထောင်ထသွားကာ စက္ကန့်အတော်ကြာအထိ ဆက်လက်ဖြစ်ပေါ်နေလေသည်။ ခန္ဓာကိုယ်အတွင်းရှိ မိစ္ဆာစွမ်းအင်များ ပြန်လည်ရိုက်ခတ်လာသည်ကို ခံစားလိုက်ရလေသည်။ သူ မျက်လုံးများကို ဖွင့်လိုက်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်လေသည်။
"မိဖုရားကြီး... အရသာ ဘယ်လိုနေလဲ..."
"အရသာက မဆိုးပါဘူး..."
နန်းတော်ဥယျာဉ် အတွင်းတွင်။
ယွမ်ခန်းဧကရာဇ် ကျီဝမ်ဟောက်သည် အနောက်မြောက်ဒေသမှ ထွက်ရှိသော ဝိညာဉ်သစ်သီးတစ်လုံးကို ပါးစပ်အတွင်းသို့ ပစ်သွင်းလိုက်လေသည်။ အေးမြလတ်ဆတ်သော ဝိညာဉ်စွမ်းအင်များက ပါးစပ်အတွင်း လွင့်စင်သွားပြီး ထိုအရသာကို သူ အလွန်အမင်း ကျေနပ်နေလေသည်။
ဤကဲ့သို့သော ဝိညာဉ်သစ်သီးမျိုးမှာ အလွန် အဖိုးတန်ရှားပါးလှပြီး ရွှမ်တန်အဆင့် သိုင်းသခင်များအတွက် ပင်လျှင် ကျင့်ကြံမှု စွမ်းအား တိုးတက်စေနိုင်သော သစ်သီး ဖြစ်လေသည်။ သို့သော် ဧကရာဇ်မင်း၏ အရှေ့တွင်တော့ အရသာခံရန် သက်သက် အသုံးပြုသော သစ်သီးတစ်လုံးသာ ဖြစ်လေသည်။
နှမြောစရာကောင်းသည်မှာ သူ၏ ခန္ဓာကိုယ် ကန့်သတ်ချက်များကြောင့် သစ်သီးအတွင်းရှိ ဝိညာဉ်စွမ်းအင်များကို အပြည့်အဝ စုပ်ယူနိုင်စွမ်း မရှိဘဲ အရသာခံရုံသာ တတ်နိုင်ခြင်း ပင်ဖြစ်သည်။
"ဒီ ကျောက်စိမ်းပြာ ဝိညာဉ်စပျစ်သီးက အနောက်ဘက် ဒေသက ထွက်တာပါ... ရေခဲတိုက်ထဲမှာ နာရီအနည်းငယ်လောက် အအေးခံထားရင် အရသာ အကောင်းဆုံး ဖြစ်သွားမှာပါ..."
လီချန်ကျုံးက စစ်တုရင် ရွှေ့ရင်း အလျင်အမြန်ပင် မြှောက်ပင့် ပြောဆိုလိုက်လေသည်။
"မင်းလည်း မြည်းစမ်းကြည့်ပါဦး... ဒီ ဝိညာဉ်သစ်သီးက စိတ်ကို ကြည်လင်စေတယ်..."
ကျီဝမ်ဟောက်က ပြုံးစိစိဖြင့် ပြောလိုက်လေသည်။
"ဒါဆိုရင်လည်း အရှင်မင်းကြီးရဲ့ ဆုချီးမြှင့်မှုကို ကျွန်တော်မျိုး ကျေးဇူးတင်ပါတယ်..."
လီချန်ကျုံး၏ မျက်နှာပေါ်တွင် မြှောက်ပင့်သည့် အပြုံးများ ပြည့်နှက်နေပြီး ဝိညာဉ်သစ်သီးတစ်လုံးကို ယူကာ ပါးစပ်အတွင်းသို့ ထည့်ပြီး ဖြည်းညင်းစွာ အရသာခံလိုက်လေသည်။
"စစ်တုရင်လည်း ပွဲနည်းနည်း ကစားပြီးသွားပြီဆိုတော့... ကွမ်ကျွင်းနယ်စား ဘက်ကရော ဘယ်လို အခြေအနေ ရှိလဲ... ပြဿနာတွေ အကြီးအကျယ် တက်နေပြီလား..."
ကျီဝမ်ဟောက်က စစ်တုရင်ခုံကို စိုက်ကြည့်ရင်း ပေါ့ပေါ့ပါးပါး မေးလိုက်လေသည်။
လီချန်ကျုံးက ဘေးနားရှိ အစောင့်အရှောက်ကို အလျင်အမြန်ပင် လှမ်းကြည့်လိုက်လေသည်။ ထိုသူက ချက်ချင်း နားလည်သွားပြီး နန်းတော်ဥယျာဉ် အပြင်ဘက်သို့ ပြေးထွက်သွားကာ ယူနီဖောင်းဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ကို ဧကရာဇ်မင်း၏ အရှေ့သို့ ခေါ်ဆောင်လာခဲ့လေသည်။
"ကျွန်တော်မျိုး အရှင်မင်းကြီးကို ဂါရဝပြုပါတယ်... အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ..."
"ပြောစမ်းပါဦး... တတိယမင်းသား အိမ်တော်ဘက်က အခြေအနေ ဘယ်လိုရှိလဲ..."
"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်... အခုလေးတင် ရောက်လာတဲ့ သတင်းတွေအရဆိုရင် တတိယမင်းသား အိမ်တော်ဘက်မှာ ဘာလှုပ်ရှားမှုမှ မရှိသေးပါဘူး... ကွမ်ကျွင်းနယ်စား ကျန်းချဲ့ ဝင်သွားပြီးကတည်းက အသံတိတ် ပျောက်ကွယ်သွားသလိုပါပဲ... အနက်ရောင်ရုံးတော်က သိုင်းအစောင့်အရှောက် တွေကလည်း အကြီးအကျယ် ဝင်ရောက် ရှာဖွေတာမျိုး မလုပ်သေးပါဘူး... အဲ့ဒီနေရာမှာ ရှိနေတဲ့ ဇာထိုးပန်းထိုး ကိုယ်ရံတော်တွေရဲ့ ခန့်မှန်းချက် အရဆိုရင် တတိယမင်းသားက လှည့်ကွက်တစ်ခုခု သုံးပြီး ကျန်းချဲ့ကို ငြိမ်သက်သွားအောင် လုပ်လိုက်တာ ဖြစ်နိုင်ပါတယ်တဲ့..."
"တကယ်လို့ အဲ့ဒီလိုသာဆိုရင်... ငါကိုယ်တော်ရဲ့ ရှန်းအာက တကယ်ပဲ အရည်အချင်း နည်းနည်းပါးပါး ရှိတာပဲ..."
ကျီဝမ်ဟောက် မျက်ခုံးပင့်လိုက်ပြီး သူ၏ သားတော် ကျီချန်ရှန်းကို အနည်းငယ် အထင်ကြီးသွားလေသည်။
မည်သို့ပင်ဆိုစေ ကျန်းချဲ့ ဤတစ်ကြိမ် လာရောက်ရသည့် အကြောင်းရင်းကို အမြင်ကျယ်သူတိုင်း သိရှိနိုင်လေသည်။ သို့သော် သူက ကျန်းချဲ့ကို ငြိမ်သက်သွားအောင် လုပ်နိုင်ခဲ့ပြီး ပြဿနာ မတက်အောင် တားဆီးနိုင်ခဲ့သည်မှာ အတိုင်းအတာ တစ်ခုအထိ အရည်အချင်း ရှိကြောင်း သက်သေပြနေလေသည်။
သို့သော် ဤအရာက သူ့ကို အနည်းငယ် စိတ်ပျက်သွားစေခဲ့လေသည်။ သူ၏ မူလ ရည်ရွယ်ချက်မှာ ကျန်းချဲ့က မိဖုရားကြီးကို အပြင်းအထန် စော်ကားလိုက်ပြီး ပြဿနာ ကြီးကြီးမားမား တက်သွားစေရန် ပင်ဖြစ်သည်။ သူက ဤအခွင့်အရေးကို အသုံးချကာ အနက်ရောင်ရုံးတော်၏ ဩဇာအာဏာကို ဖြတ်တောက်လိုခြင်း ပင်ဖြစ်သည်။
လီချန်ကျုံးသည် ဧကရာဇ်မင်း၏ ကိုယ်ရေးကိုယ်တာ အစေခံအဖြစ် ဧကရာဇ်မင်း၏ လက်ရှိအတွေးကို တစ်ချက်တည်းဖြင့် သိမြင်လိုက်ပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြင့် တိုးတိုးလေး မေးလိုက်လေသည်။
"ကျွန်တော်မျိုး လူလွှတ်ပြီး အခွင့်ကောင်းယူကာ မီးလောင်ရာ လေပင့် လုပ်လိုက်ရမလား..."
ကျီဝမ်ဟောက် မျက်လုံးများ မှေးကျဉ်းသွားလေသည်။
"ထားလိုက်ပါတော့... အရမ်း သိသာလွန်းနေတယ်..."
"ကျွန်တော်မျိုး နားလည်ပါပြီ..."
"လှည့်ကွက် သုံးဖို့က နည်းနည်း နောက်ကျသွားပြီ... ဒါပေမဲ့ သေသေချာချာတော့ စောင့်ကြည့်နေဖို့ လိုတယ်... အခုချိန်ထိ အဲ့ဒီဘက်က သတင်း မရောက်လာသေးတာက ကျန်းချဲ့အနေနဲ့ ရှန်းအာရဲ့ ကမ်းလှမ်းချက်တွေကို သဘောမတူသေးလို့ပဲ... ငါကိုယ်တော်ကတော့ ဒီကိစ္စ ဘယ်လို အဆုံးသတ်မလဲဆိုတာကို တကယ်ကြီး ကြည့်ချင်နေမိတယ်..."
"ဒါဆို ကျွန်တော်မျိုး ဇာထိုးပန်းထိုး ကိုယ်ရံတော်တွေကို အရင် စောင့်နေခိုင်းလိုက်ရမလား..."
"မစောင့်ဘဲနဲ့ ဘာလုပ်လို့ ရဦးမှာလဲ..."
ကျီချန်ရှန်း၏ မျက်နှာထားမှာ အလွန်ဆိုးရွားနေပြီး ဘေးနားရှိ အိမ်တော်ထိန်းချင်ကို တစ်ချက် ဝေ့ကြည့်လိုက်လေသည်။
"အမိန့်ပေးလိုက်... ဘယ်သူမှ ပေါ့ပေါ့ဆဆ မလှုပ်ရှားစေနဲ့... အခုချိန်မှာ အပြင်ဘက်ကော အတွင်းဘက်မှာပါ မျက်လုံးပေါင်းများစွာက စောင့်ကြည့်နေကြတယ်... ငါကိုယ်တော်ရဲ့ အမိန့် မရဘဲ ဘယ်သူမှ ထူးထူးဆန်းဆန်း မလှုပ်ရှားစေနဲ့... ဒါ့အပြင် အိမ်တော်ကို ပိတ်ဆို့ထားလိုက်... အပြင်လူတွေ လာရောက် ချောင်းမြောင်းတာကို ကာကွယ်ရမယ်..."
"ဟုတ်ကဲ့ပါ... လူအိုကြီး အခုပဲ သွားပြီး ညွှန်ကြားလိုက်ပါ့မယ်..."
အိမ်တော်ထိန်းချင် ခေါင်းညိတ်လိုက်ပြီး လေဟာနယ်ထက်တွင် ဆိုင်းငံ့နေသော မိစ္ဆာဓားကြီးကို အကဲခတ်ကာ မျက်ဝန်းထဲတွင် စိုးရိမ်ထိတ်လန့်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။ ထို့နောက် နောက်သို့ လှည့်ကာ အသံတိတ်ပင် ထွက်ခွာသွားလေတော့သည်။
ကျီချန်ရှန်းကတော့ အဓိက နန်းဆောင်၏ တံခါးကိုသာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေဆဲ ပင်ဖြစ်သည်။ ရင်ထဲတွင်လည်း အလွန်အမင်း စိတ်ရှုပ်ထွေးနေလေသည်။
'အထဲမှာ နေနေတာ နာရီဝက်လောက်တောင် ရှိနေပြီ... ဘာဖြစ်လို့ အခုထိ ထွက်မလာသေးတာလဲ... တကယ်တမ်း ဘာတွေ ဆွေးနွေးနေကြတာလဲ... ကမ်းလှမ်းချက်တွေ ဆိုရင်တောင်မှ ဆွေးနွေးလို့ ပြီးလောက်ပြီ မဟုတ်လား...'
သူ၏ ရင်ထဲတွင် မကောင်းသော ကြိုတင်ခံစားမှုအချို့ ပေါ်ထွက်လာပြီး အထဲသို့ ဝင်ရောက်ကာ အခြေအနေ အမှန်ကို စုံစမ်းလိုစိတ်များ ဖြစ်ပေါ်လာလေသည်။ သို့သော် ယခုအချိန်တွင် လုံးဝ အလောတကြီး လှုပ်ရှား၍ မရနိုင်ကြောင်း အသိတရားက အဆက်မပြတ် သတိပေးနေလေသည်။ အကယ်၍ ဝင်ရောက် နှောင့်ယှက်မိပါက နောက်ဆက်တွဲ အကျိုးဆက်များကို သူ လုံးဝ ခံနိုင်ရည် ရှိမည် မဟုတ်ချေ။ တစ်ချိန်တည်းမှာပင် မိမိကိုယ်ကိုလည်း အဆက်မပြတ် ဖြေသိမ့်နေမိလေသည်။
'မယ်တော်ကြီးနှင့် ကျန်းချဲ့တို့ အချိန်အကြာကြီး စကားပြောနေခြင်းက သေချာပေါက် ရလဒ်တစ်ခုခု ရရှိနေ၍သာ ဖြစ်မည်... မယ်တော်ကြီးက ကျန်းချဲ့ကို ဖျောင်းဖျနိုင်မည်မှာ သေချာသည်... အနည်းငယ် ခက်ခဲမည်ဆိုလျှင်တောင်မှပေါ့...'
သို့သော် သူသည် ကောင်းသောဘက်သို့သာ တွေးတောနေမိလေသည်။ ဆိုးရွားသော အခြေအနေများကိုတော့ သူ အမှန်တကယ်ပင် ရင်ဆိုင်နိုင်စွမ်း မရှိချေ။ အကယ်၍ ရွှီချိုးယွဲ့သည် ချင်းထျန်းမိစ္ဆာဂိုဏ်းက သူပုန် ဖြစ်ကြောင်း သတင်းပေါက်ကြားသွားပါက သူသည် အာဏာအားလုံးကို ဆုံးရှုံးရမည်ဖြစ်ပြီး မယ်တော်ကြီးလည်း ထိုကိစ္စကြောင့် သေချာပေါက် ဆွဲသွင်းခံရမည် ဖြစ်လေသည်။ ပို၍ ဆိုးရွားသည်မှာ ခမည်းတော်၏ ဒေါသကို ဆွပေးလိုက်သလို ဖြစ်သွားမည်ကို ပင်ဖြစ်သည်။
ကျီချန်ရှန်း၏ ကမောက်ကမ တွေးတောနေမှုများနှင့် ယှဉ်လျှင် ချီရွှယ်မိစ္ဆာသခင်၏ အတွေးများကတော့ အများကြီး ပိုမို ရိုးရှင်းလှပေသည်။
'ကျန်းချဲ့ အထဲသို့ ဝင်သွားတာ ဒီလောက်ကြာနေပြီဆိုမှတော့ မိဖုရားကြီးကို သေချာပေါက် သိမ်းပိုက်လိုက်လောက်ပြီ...'
ကျန်းချဲ့၏ လူမှုရေး အကျင့်စာရိတ္တများကို သူ အထင်မကြီးသော်ငြား အမျိုးသမီးများကို ကိုင်တွယ်နိုင်စွမ်းနှင့် ပတ်သက်၍တော့ အတော်လေး ယုံကြည်မှု ရှိလေသည်။ ကျန်းချဲ့တွင် အမျိုးသမီးများအပေါ် အလွန်ကြီးမားသော ဆွဲဆောင်မှုရှိသည့် နဂါးအရှိန်အဝါ ရှိရုံသာမက ကျီချန်ရှန်း သားအမိကို ချုပ်ကိုင်နိုင်မည့် အားနည်းချက်လည်း ရှိနေသေးသည် မဟုတ်ပါလော။
ဤအရာများကို ပိုင်ဆိုင်ထားသဖြင့် လုံးဝ လွဲချော်စရာ အကြောင်း မရှိချေ။
ယခုအခိုက်အတန့်တွင် အမှန်တကယ်တော့ သူသည် ကျန်းချဲ့၏ အမျိုးသမီးများနှင့် ပတ်သက်သော ကံကောင်းမှုများကို အနည်းငယ် အားကျနေမိလေသည်။ ယခုအခါတွင် သူ၏ စိတ်ကူးများက ဤဘက်သို့ မရောက်တော့သော်ငြား အတိတ်က အစွမ်းအထက်ဆုံး အချိန်များတွင် သူသည်လည်း အလွန်ရမ်းကားခဲ့သူ တစ်ယောက်ပင်ဖြစ်သည်။
သို့သော် မည်သို့ပင် ဆိုစေကာမူ သူသည် ကျန်းချဲ့၏ စွမ်းဆောင်ရည်များကိုတော့ လုံးဝ မမီနိုင်ချေ။
ထိပ်တန်းမိသားစုမှ အမျိုးသမီး... တော်ဝင် မင်းသားကတော်... ဓားတာအို မဟာသိုင်းသခင်... ယခုအခါ တော်ဝင် မိဖုရားကြီးကိုပါ ထပ်ပေါင်း ထည့်လိုက်လေပြီ။ ဤစွမ်းဆောင်ရည်များက သူ့ကို အပြတ်အသတ် အနိုင်ယူနိုင်စွမ်း ရှိလေသည်။
"ဂလု"
အနှစ်နှစ်ဆယ်တိုင်အောင် အထီးကျန်ခဲ့ရသော အမျိုးသမီးတစ်ဦးအနေဖြင့် မိဖုရားကြီး ရွှယ်ပိုင်ကျိန်း၏ အုံကြွလာသော ဆန္ဒများ အပြည့်အဝ ပေါက်ကွဲထွက်လာချိန်တွင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ဥပမာအားဖြင့် ယခုအချိန်တွင် သူမကိုယ်တိုင်ပင် မသိလိုက်ဘဲ ကျန်းချဲ့ စေလွှတ်လိုက်သော အထူးတပ်ဖွဲ့များအားလုံးကို ငါးသေကွန်ပြဲ အပြတ်အသတ် မျိုချလိုက်လေတော့သည်။
မျက်နှာပေါ်တွင်လည်း ရှက်သွေးဖြန်းနေပြီး ကျန်းချဲ့၏ သူမကို အရှက်ရစေမည့် အကြည့်များကို ရင်ဆိုင်ရမည်စိုးသဖြင့် ခေါင်းကိုပင် မမော့ရဲတော့ချေ။ ကျန်းချဲ့၏ အမေးကိုလည်း သူမ တိတ်ဆိတ်စွာဖြင့်သာ တုံ့ပြန်လိုက်လေသည်။
"မိဖုရားကြီး..."
"ဟင်..."
ရွှယ်ပိုင်ကျိန်းသည် ရင်ထဲရှိ ဆန္ဒများကို အတင်းအဓမ္မ ဖိနှိပ်ကာ ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်လေသည်။ တစ်ဖန် ပြန်၍ အေးစက်တည်ငြိမ်သော အခြေအနေသို့ ရောက်ရှိသွားသည့်အလား ပင်ဖြစ်သည်။
"ဆက်လုပ်ဦးမလား..."
ကျန်းချဲ့က ပြုံးစိစိဖြင့် မေးလိုက်လေသည်။
ရွှယ်ပိုင်ကျိန်း ကြက်သေသေသွားပြီး အလိုအလျောက်ပင် ပြန်မေးလိုက်လေသည်။
"မင်း စွမ်းနိုင်သေးလို့လား..."
ကျန်းချဲ့ကို သူမ မယုံကြည်၍ မဟုတ်ဘဲ အချိန်ကွာဟချက်က အရမ်း တိုတောင်းလွန်းနေသောကြောင့် ပင်ဖြစ်သည်။
"မိဖုရားကြီး စမ်းကြည့်လိုက်ရင် သိသွားမှာပေါ့..."
ကျန်းချဲ့ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး တစ်ဖက်လူကို ရင်ခွင်ထဲသို့ တိုက်ရိုက် ဆွဲသွင်းလိုက်လေသည်။ လက်ချောင်းများက ဖြည်းညင်းစွာ အောက်သို့ လျှောဆင်းသွားပြီး မည်သည့် ခွင့်ပြုချက်မျှ မတောင်းခံတော့ဘဲ တတိယမင်းသား၏ အသိုက်အမြုံဟောင်းထဲသို့ အကြမ်းပတမ်း ဝင်ရောက်သွားလေတော့သည်။
ရွှီမိဖုရားကြီးက နာမည်နဲ့ လိုက်ဖက်မှု ရှိမရှိ ဆိုတာကို သူ တကယ်ပဲ စမ်းသပ်ကြည့်ချင် နေမိလေသည်။