← Chapters

အခန်း ၄၁၆

Vol. 42 Ch. 416

အခန်း ၄၁၆

Vol. 42 Ch. 416

အခန်း (၄၁၆) ကျွန်တော်မျိုး နဲ့ အရှင်မင်းကြီး ဘယ်သူက ပိုစွမ်းဆောင်နိုင်သလဲ

အမှန်တရားက သက်သေပြနေသည်မှာ မိဖုရားကြီး ရွှယ်ပိုင်ကျိန်းသည် သူမ၏ နာမည်နှင့် လိုက်ဖက်လှပေသည်။

စကားတစ်ခွန်းတည်းဖြင့် ဖော်ပြရမည်ဆိုလျှင် အိစက် သည်ဟု ဆိုရမည်။

စကားနှစ်ခွန်းဖြင့် ဖော်ပြရမည်ဆိုလျှင် အရမ်းအိစက် သည်ဟု ဆိုရပေမည်။

ကျန်းချဲ့သည် မိဖုရားကြီးကို စတင်အကဲခတ်မိစဉ်က သူ၏စိတ်ထဲတွင် အတွေးတစ်ခု ရှိခဲ့ဖူးသည်။ ဤမျှလောက် လှပကြော့ရှင်းသော မိဖုရားကြီး၏ မျက်နှာထက်တွင် အချိန်ကာလ၏ ဒဏ်ရာဒဏ်ချက်များ မကျန်ရစ်ခဲ့ပေ။ ထို့ကြောင့် အခြားတစ်နေရာရာတွင်တော့ သေချာပေါက် ကျန်ရစ်နေမည်ဟု တွေးထင်ခဲ့မိသည်။

သို့သော် သူ အမှန်တကယ် မြင်တွေ့လိုက်ရချိန်တွင်တော့ ထိုအခြားတစ်နေရာတွင်လည်း အချိန်ကာလ၏ ဒဏ်ရာဒဏ်ချက်များ နည်းနည်းလေးမျှ မရှိကြောင်း သိလိုက်ရသည်။

မိဖုရားကြီး ရွှယ်ပိုင်ကျိန်း၏ အသိုက်အမြုံလေးမှာ အလွန်တရာ သန့်ရှင်းသပ်ရပ်နေသည်။

ဆယ်ကျော်သက် မိန်းမပျိုလေး တစ်ယောက်၏ ပါးပြင်အလား ဖြူဖွေးနုဖတ်နေလေသည်။ ထို့အပြင် အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်၏ အချိန်ကာလကြာမြင့်စွာ ဖြတ်သန်းထားရသော လျော့ရဲမှုမျိုး လုံးဝမရှိဘဲ တင်းရင်းနေဆဲ ပင်ဖြစ်သည်။

ယွမ်ခန်းဧကရာဇ် ကျီဝမ်ဟောက်သည် အနှစ်နှစ်ဆယ်တိုင်အောင် နောက်ဆောင်မိဖုရားများအဆောင်သို့ ဝင်ရောက်ခဲ့ခြင်းမရှိသည့် အကြောင်းရင်းကြောင့်များလား မသိပေ။ ရွှယ်ပိုင်ကျိန်း၏ အသိုက်အမြုံလေးမှာ မိန်းမပျိုလေး တစ်ယောက်အလား ကျစ်လျစ်တင်းရင်းနေသဖြင့် ကျန်းချဲ့ကိုယ်တိုင်ပင် အလွန်အမင်း အံ့အားသင့်သွားရသည်။

ကျန်းချဲ့၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် မိဖုရားကြီး ရွှယ်ပိုင်ကျိန်း၏ ခန္ဓာကိုယ်ကြီး ရုတ်တရက် တောင့်တင်းသွားရသည်။ ဤအခိုက်အတန့် ရောက်လာမည်ကို သူမ ကြိုတင်ခံစားမိသော်ငြား ကျန်းချဲ့ ဤမျှလောက် ကြမ်းတမ်းလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။

သူမအပေါ် နည်းနည်းလေးမျှ ကြင်နာယုယမည့် အရိပ်အယောင် မရှိချေ။

ထို့ကြောင့် သူမအနေဖြင့် ကျန်းချဲ့၏ အင်္ကျီကော်လာကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး နှုတ်ခမ်းကိုစေ့ကာ မျက်လုံးများကိုသာ မှိတ်ထားလိုက်ရတော့သည်။

မိဖုရားကြီးအား စော်ကားလွန်ကျူးခြင်းပေတကား။

ကျန်းချဲ့၏ နှုတ်ခမ်းထောင့် အနည်းငယ် တွန့်ကွေးသွားပြီး မိဖုရားကြီးကို ရင်ခွင်ထဲသို့ တိုက်ရိုက် ပွေ့ဖက်လိုက်ကာ ပင့်တင်လိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။

"မိဖုရားကြီး ကျွန်တော်မျိုး ဝင်လာတော့မယ်နော်"

"ဒီနေရာကို ကျူးကျော်ဝင်ရောက်ခွင့် မပြုဘူး"

နန်းဆောင်အပြင်ဘက်ရှိ ကပ်ဆိုးတစ်သောင်း မိစ္ဆာဓား အတွင်းမှ ချီရွှယ်မိစ္ဆာသခင်၏ အသံ ထွက်ပေါ်လာပြီး အဓိကနန်းဆောင် အတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်လိုသော တတိယမင်းသား ကျီချန်ရှန်းကို မျက်နှာသာ လုံးဝမပေးဘဲ တင်းကျပ်စွာ တားဆီးလိုက်သည်။

"ငါက ဘာဖြစ်လို့ ဝင်လို့ မရရမှာလဲ ဒါက မင်းသားအိမ်တော်ကွ"

ကျီချန်ရှန်း၏ မျက်ဝန်းများထဲတွင် ဒေါသများ ပြည့်နှက်နေသည်။

အစကတည်းကနေ ယခုအချိန်အထိ အချိန်တစ်နာရီနီးပါးခန့် ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။ မည်သည့်စကားများက ပြော၍ မဆုံးနိုင်အောင် ဖြစ်နေသနည်း။ ယခင်က သူ သည်းခံခဲ့သော်ငြား ယခုအခါတွင်တော့ သူ တကယ်ကို သည်းမခံနိုင်တော့ပေ။

ကျန်းချဲ့က သူ၏ မယ်တော်ကြီးအပေါ် အန္တရာယ်ပြုမည်ကို အလွန်အမင်း စိုးရိမ်နေမိသည်။

"မင်း အတင်းဝင်ရဲရင် ဝင်ကြည့်လိုက်လေ"

ကပ်ဆိုးတစ်သောင်း မိစ္ဆာဓား ထက်တွင် သွေးရောင်အလင်းတန်းတစ်ခု ရစ်ပတ်သွားပြီး ချီရွှယ်မိစ္ဆာသခင်၏ ဝေဝါးသော ပုံရိပ် ထွက်ပေါ်လာကာ ကျီချန်ရှန်းကို အေးစက်စက် အကဲခတ်လိုက်သည်။

"ဒီ ကျန်းချဲ့က တကယ်တမ်း ဘာလုပ်ချင်နေတာလဲ"

ကျီချန်ရှန်းက ဒေါသကို အတင်းအဓမ္မ ဖိနှိပ်ကာ ဟစ်အော်လိုက်သည်။

သို့သော် ချီရွှယ်မိစ္ဆာသခင်က သူ့ကို အေးစက်စက် အကဲခတ်နေရုံသာမက သူ့ကို ဝင်ခွင့်ပြုမည့် အရိပ်အယောင် လုံးဝမပြချေ။

ကျန်းချဲ့ ဘာလုပ်နေသနည်း။

သေချာပေါက် မင်းရဲ့ အမေကို လုပ်နေတာပေါ့လေ။

သို့သော် ဤကဲ့သို့သော ကိစ္စမျိုးကို ချီရွှယ်မိစ္ဆာသခင် အနေဖြင့် ရှင်းလင်းစွာ သိရှိထားသော်ငြား ထုတ်ပြော၍ မရနိုင်ချေ။ ထို့အပြင် အရည်အချင်းပြည့်မီသော လမ်းစဉ်စောင့်ရှောက်သူ တစ်ယောက်အနေဖြင့် ကျန်းချဲ့ အဆုံးသတ်သွားသည့် အချိန်အထိ လူတိုင်း၏ အရှေ့တွင် ခိုင်မာပြတ်သားစွာ တားဆီးပေးထားရမည် ဖြစ်သည်။

ကျန်းချဲ့က အထဲတွင် သာယာပျော်ရွှင်နေပြီး သူက အပြင်ဘက်တွင် စောင့်ကြပ်နေရသဖြင့် အနည်းငယ် မကျေမနပ် ဖြစ်မိသော်ငြား နောက်ဆုံးတွင်တော့ သူက အကူအညီ တောင်းခံထားရသူ ဖြစ်နေသည်။ ယခုအချိန်အထိ သူသည် ကျန်းချဲ့ကို ခွဲခွာ၍ မရနိုင်တော့ပေ။

ကျန်းချဲ့သာ မရှိပါက သူ၏ ရုပ်ခန္ဓာကို ပြန်လည်ရယူရန် ဆိုသည်မှာ မျှော်လင့်ချက် အိပ်မက်တစ်ခု သက်သက်သာ ဖြစ်လေသည်။

"ငါက မယ်တော်ကြီး ဘေးကင်းရဲ့လား ဆိုတာကို အတည်ပြုချင်ရုံ သက်သက်ပါ ဘာမှမဖြစ်ဘူး ဆိုရင် ငါ့ဘာသာ ပြန်ထွက်လာခဲ့ပါ့မယ်"

အရှေ့တွင် တားဆီးနေသူက သူ့ကို လုံးဝ ဂရုမစိုက်သည်ကို မြင်သောအခါ ကျီချန်ရှန်း အနေဖြင့် သွားကိုတင်းတင်းကြိတ်ကာ တိုးတိုးလေး ပြောလိုက်ရသည်။

"စိတ်ချပါ မင်းရဲ့ မယ်တော်ကြီး အထဲမှာ စကားပြောလို့ အရမ်း အဆင်ပြေနေပါတယ် ဒါပေမဲ့ ကိစ္စက အရမ်း ကြီးမားလွန်းတော့ မင်း အတင်းဝင်ပြီး အနှောင့်အယှက် ပေးလို့ မရဘူး"

"ဘာဖြစ်လို့လဲ"

ကျီချန်ရှန်း အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။

"ဘာဖြစ်လို့လဲဆိုတော့ မင်းရဲ့ အသက်သွေးကြောက ကျန်းချဲ့ရဲ့ လက်ထဲမှာ ရောက်နေလို့လေ"

ချီရွှယ်မိစ္ဆာသခင်က အေးစက်စက် လှောင်ပြောင်လိုက်ပြီး ဘာမှမဟုတ်သော မင်းသားဆိုသူကို လုံးဝ ဂရုမစိုက်ပေ။ ကျန်းချဲ့ပင်လျှင် မိဖုရားကြီးကို အရှိန်အဝါဖြင့် ဖိနှိပ်ထားနိုင်ခဲ့ပြီ ဖြစ်ရာ သူက ဘာမဟုတ်သည့် မင်းသားတစ်ပါးကို ကြောက်ရွံ့နေစရာ အကြောင်းမရှိချေ။

"မင်း မင်း"

ကျီချန်ရှန်း၏ မျက်ဝန်းသူငယ်အိမ်များ ကျုံ့ဝင်သွားပြီး တုန်ရီနေသော လေသံဖြင့် စကားဆက်မပြောနိုင်အောင် ဖြစ်သွားရသည်။

ဤသည်မှာ အမှန်တကယ်ပင် သူ၏ အားနည်းချက် ဖြစ်သလို သူ၏ အသက်သွေးကြောလည်း ဖြစ်လေသည်။ ချီရွှယ်မိစ္ဆာသခင်ကို လက်ညှိုးထိုးလိုက်ပြီးနောက် ရုတ်တရက် လှည့်ကာ လှေကားထစ်များမှ ဆင်းသွားလေသည်။

မျက်ခုံးအကြားတွင် အုံ့မှိုင်းမှုများ ပြည့်နှက်နေပြီး မည်ကဲ့သို့ အတင်းအဓမ္မ ဝင်ရောက်ရမည်နည်း ဟူသည်ကို စဉ်းစားတွေးတော နေမိသည်။ ယခုကဲ့သို့သော အချိန်မျိုးတွင် မည်သူက အတင်းအဓမ္မ ဝင်ရောက်နိုင်မည်နည်း။

အကယ်၍ အတင်းအဓမ္မ ဝင်ရောက်သွားပါက မယ်တော်ကြီး မကျေမနပ် ဖြစ်သွားမည်လား။

ဤအခိုက်အတန့်တွင် ကျီချန်ရှန်း၏ ရင်ထဲ၌ အလွန်အမင်း ကျပ်တည်း အိုက်စပ်နေလေသည်။

သို့သော် သူ၏ ကျပ်တည်းမှုများနှင့် ယှဉ်လျှင် သူ၏ မယ်တော် မိဖုရားကြီး ရွှယ်ပိုင်ကျိန်း မှာတော့ အများကြီး ပိုမို ချောမွေ့ နေလေပြီ။ ယခင်က သူမသည် မိဖုရားကြီး နေရာတွင် ရှိနေသော်ငြား နောက်ဆုံးတွင်တော့ နန်းတော် အနက်ရှိုင်းဆုံး နေရာ၌ ပိတ်လှောင်ခံထားရသူသာ ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ ရောဂါဘယများ ဖြစ်ပေါ်လာခဲ့လေသည်။

သို့သော် ယခုအခါ သူမသည် သမားတော်ကောင်း တစ်ယောက်ကို ရှာတွေ့သွားခဲ့လေပြီ။

ကျန်းချဲ့၏ လမ်းပြမှုအောက်တွင် ရင်ထဲရှိ အုံကြွနေသော ရောဂါဆိုးများ အားလုံး တဖြည်းဖြည်း လွင့်စင်ပျောက်ကွယ် သွားခဲ့ရသည်။

ဤအရာများ အားလုံးကို ရှင်းလင်းစွာ တွေးတောမိသွားသော မိဖုရားကြီး ရွှယ်ပိုင်ကျိန်းသည် မိမိ၏ ရောဂါအခြေအနေ အတွက် ချက်ချင်းပင် ဆက်လက် တွန့်ဆုတ်မနေတော့ချေ။ မည်သို့ပင်ဆိုစေ လူမမာဆိုသည်မှာ သမားတော်ကို ဖုံးကွယ်ထား၍ မရသည် မဟုတ်ပါလော။ ထို့ကြောင့် ကျန်းချဲ့ကို သူမအား ဆေးကုသပေးရန် အလွန် စိတ်ရင်းမှန်ဖြင့် ခွင့်ပြုပေးလိုက်တော့သည်။

ရောဂါကုသပေးသည့် လုပ်ငန်းစဉ်၏ သာယာလှပမှု ကိုတော့ ပြင်ပလူများကို ပြောပြရန် မသင့်တော်လှပေ။

အချုပ်အားဖြင့် စကားတစ်ခွန်းသာ ပြောရမည်ဆိုလျှင်။

မိဖုရားကြီး ရွှယ်ပိုင်ကျိန်းသည် အုံကြွနေသော ရောဂါဆိုးများကို အပြတ်အသတ် ဖယ်ရှားလိုက်နိုင်ပြီး အတွေးများကိုလည်း ရှင်းလင်းသွားစေခဲ့လေသည်။

သို့သော် အတွေးများ ရှင်းလင်းသွားသည်က တစ်ပိုင်း ဖြစ်ပြီး သူမ၏ စွမ်းအားက ကျန်းချဲ့နှင့် ယှဉ်လျှင် အများကြီး ကွာဟနေဆဲ ဖြစ်သည်။

အနှစ်နှစ်ဆယ်တိုင်အောင် နန်းတော် အနက်ရှိုင်းဆုံး နေရာတွင် နေထိုင်ခဲ့ရသဖြင့် သူမ၌ လက်တွေ့ တိုက်ခိုက်ရေး အတွေ့အကြုံ နည်းနည်းလေးမျှ မရှိခဲ့ချေ။ ချီစွမ်းအင် ထိန်းသိမ်းသည့် ကျင့်စဉ်မှာလည်း ကျန်းချဲ့ကို မယှဉ်နိုင်သည်မှာ သဘာဝပင် ဖြစ်ရာ အချိန်တိုလေး အတွင်းမှာပင် သူမ၏ အရာအားလုံးကို အပြတ်အသတ် ပေးအပ်လိုက်ရလေသည်။

ကျန်းချဲ့ကို လုံးဝ ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ဘဲ ကျန်းချဲ့၏ အကြမ်းပတမ်း ရောဂါကုသမှုအောက်တွင် သူမ တစ်ကိုယ်လုံး၏ သတိအာရုံများပင် ဝေဝါးသွားခဲ့ရသည်။ ပြင်းထန်သော ရိုက်ခတ်မှုကို ခံလိုက်ရကြောင်း အလွန် သိသာထင်ရှားလှပေသည်။

အချိန်အနည်းငယ်ကြာပြီးနောက်။

ကျန်းချဲ့က မိဖုရားကြီး၏ တင်ပါးကို ခပ်ဖွဖွ ပုတ်လိုက်ပြီး တိုးတိုးလေး ခေါ်လိုက်သည်။

"မိဖုရားကြီး"

"ဟင် ဟင်"

အကြမ်းပတမ်း ရောဂါကုသခံလိုက်ရသော မိဖုရားကြီး ရွှယ်ပိုင်ကျိန်းသည် ခေါင်းမူးဝေစွာဖြင့် မျက်လုံးများကို ဖွင့်လိုက်သည်။

ဤအခိုက်အတန့်တွင် သူမ၏ ခန္ဓာကိုယ်ကြီး တစ်ခုလုံး ပြိုကွဲထွက်သွားသည့်အလား ခံစားလိုက်ရပြီး အကြည့်များကလည်း ဝေဝါးနေလေသည်။ ခေါ်သံကို ကြားလိုက်ရမှသာ အသိအာရုံ အနည်းငယ် ပြန်ဝင်လာပြီး တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

ကျန်းချဲ့ ဤမြင်ကွင်းကို ကြည့်ရင်း နှုတ်ခမ်းထောင့်ရှိ အပြုံးများကို လုံးဝ ဖုံးကွယ်၍ မရနိုင်တော့ဘဲ ရယ်မောကာ မေးလိုက်သည်။

"မိဖုရားကြီး ကျွန်တော်မျိုး နဲ့ အရှင်မင်းကြီး ဘယ်သူက ပိုစွမ်းဆောင်နိုင်သလဲ"

"ငါကိုယ်တော် နောက်ဆုံးတော့လည်း အိုမင်းသွားခဲ့ပြီပဲ တဖြည်းဖြည်းနဲ့ အစွမ်းမပြနိုင်တော့ဘူး"

နန်းတော်ဥယျာဉ် အတွင်းတွင် ယွမ်ခန်းဧကရာဇ် ကျီဝမ်ဟောက်က လက်ထဲရှိ စစ်တုရင်ရုပ်များကို စစ်တုရင်ခုံပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီး နဖူးကို ခပ်ဖွဖွ ပွတ်သပ်ကာ အလွန်အမင်း စိတ်ရှုပ်ထွေးနေသည့် ခံစားချက်ကို ခံစားလိုက်ရသည်။

စစ်တုရင် လေးပွဲ ကစားရန် အချိန်တစ်နာရီကျော်မျှသာ ကြာမြင့်ခဲ့သော်ငြား သူ အနည်းငယ် ပင်ပန်းနွမ်းနယ် နေပြီဟု ခံစားလိုက်ရသည်။ ကြီးမားလှသော စိတ်စွမ်းအင်များကို အသုံးပြုလိုက်ရသည့် အလား ပင်ဖြစ်သည်။

သူ ခွန်အားအပြည့်ဝဆုံး လူရွယ်ဘဝကဆိုလျှင် တစ်နေ့လုံး စစ်တုရင် ကစားလျှင်တောင်မှ နည်းနည်းလေးမျှ ပြဿနာ ရှိမည်မဟုတ်ချေ။ ယခုတော့ အိုမင်းလာမှုကို အရှုံးပေး လက်ခံရတော့မည် ဖြစ်သည်။

"အရှင်မင်းကြီးက နွေဦးနဲ့ ဆောင်းဦးလို အင်အားအပြည့်ဝဆုံး အချိန်မှာ ရှိနေတုန်းပါ သေချာပေါက် သက်တော်ရာကျော် ရှည်ပြီး မသေမျိုး ဖြစ်လာမှာပါ"

လီချန်ကျုံး က အလျင်အမြန်ပင် စစ်တုရင်ရုပ်ကို ချထားကာ မြှောက်ပင့် ပြောဆိုလိုက်သည်။ သူ၏ အလျှော့ပေး ကစားမှုအောက်တွင် အမှန်တကယ်တော့ ဤစစ်တုရင်ပွဲများက အပြင်းအထန် ယှဉ်ပြိုင်ခဲ့ရခြင်း မရှိပေ။ သူသည် သုံးပွဲရှုံး တစ်ပွဲနိုင် ဖြင့် ဧကရာဇ်မင်းကို အရှုံးပေးခဲ့ခြင်း ဖြစ်သည်။

"မသေမျိုး ဖြစ်လာမယ် ဟုတ်လား"

ကျီဝမ်ဟောက်က မိမိကိုယ်ကို လှောင်ပြောင် သရော်သည့် အပြုံးတစ်ခု ပြုံးလိုက်ပြီး မျက်ဝန်းထဲတွင် သရော်လှောင်ပြောင်သည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။ လီချန်ကျုံး ကို လှောင်ပြောင်နေခြင်း မဟုတ်ဘဲ မိမိကိုယ်ကို လှောင်ပြောင်နေခြင်းသာ ဖြစ်သည်။

တာ့ကျိုး နိုင်ငံတော် တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း ခြောက်ရာကျော်မျှသာ ရှိသေးပြီး သူ၏ မျိုးဆက်သို့ ရောက်ရှိလာချိန်တွင် ဆယ့်နှစ်ဆက်မြောက် ဖြစ်လေပြီ။ နှစ်ခြောက်ဆယ်လျှင် တစ်ကြိမ် ဧကရာဇ်မင်း တစ်ပါး ပြောင်းလဲသည့် သဘောနှင့် ညီမျှပြီး အသက်ရှည်သူ တစ်ယောက်မှ မရှိခဲ့ချေ။

ဤအရာများ အားလုံး၏ အကြောင်းရင်းမှာ နိုင်ငံတော် ကံကြမ္မာ ကြောင့်ပင် ဖြစ်သည်။

ဧကရာဇ်မင်း တစ်ပါး အနေဖြင့် နိုင်ငံတော် ကံကြမ္မာကို ကိုယ်ပေါ်တွင် လွှမ်းခြုံထားရရာ အမြင့်မြတ်ဆုံးသော ဩဇာအာဏာကို ပိုင်ဆိုင်ထားသယောင် ရှိပြီး သိုင်းသူတော်စင် အောက်ရှိ မဟာသိုင်းသခင်များ ပင်လျှင် သူ့ကို ထိခိုက်အောင် မလုပ်နိုင်ကြချေ။ သို့သော် သူ ကိုယ်တိုင်မှာလည်း အလွန် ကြီးမားသော ချုပ်ချယ်မှုများကို ခံစားနေရသည်။

ကျင့်ကြံ၍ မရနိုင်ရုံသာမက ပုံမှန် မျိုချလေ့ရှိသော သက်တမ်းတိုး ဝိညာဉ်ရတနာ များကလည်း အာနိသင် နည်းနည်းလေးမျှ မရှိသလောက် ပင်ဖြစ်သည်။ ကြီးမားလှသော ဩဇာအာဏာ ဆိုသည်မှာလည်း မျက်စိရှေ့မှ ဖြတ်သွားသော တိမ်တိုက်များ သက်သက်သာ ဖြစ်လေသည်။

ထို့ကြောင့်သာ သူသည် နိုင်ငံတော် ကံကြမ္မာ၏ ပြန်လည် ရိုက်ခတ်မှုမှ ရုန်းထွက်လိုပြီး လောက တစ်ခုလုံးကို အစစ်အမှန် အုပ်စိုးနိုင်သော ဧကရာဇ် တစ်ပါး ဖြစ်လာရန် အလွန်အမင်း ဆန္ဒရှိနေခဲ့ခြင်း ပင်ဖြစ်သည်။ နှမြောစရာ ကောင်းသည်မှာ သူ၏ အကြံအစည်များ အားလုံးက လူ၏ ဆန္ဒအတိုင်း ဖြစ်မလာခဲ့ချေ။

မြို့တော် အတွင်းတွင် တောင်တန်းကြီးသဖွယ် အားကိုးရသော နတ်မင်းကြီး ကျီချန်တောက်၏ ချုပ်ချယ်မှုများ ရှိနေပြီး မြို့တော် အပြင်ဘက်တွင်လည်း လောက တစ်ခွင်လုံး ပရမ်းပတာ ဖြစ်နေလေသည်။

မြောက်ပိုင်းလူရိုင်း များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် မနည်း စောင့်ဆိုင်းခဲ့ရသော်ငြား အခြားသူ၏ အပြတ်အသတ် နှောင့်ယှက် ဖျက်ဆီးခြင်းကို ခံလိုက်ရပြန်သည်။ ယခုအခါတွင်တော့ ခေါင်းမီးတောက်မတတ် ဖြစ်နေရပြီဟု ဆိုနိုင်ပေသည်။

ဤအရာက သူ့ကို အခွင့်အရေးများ အားလုံး အပြတ်အသတ် ဆုံးရှုံးသွားစေသည် အထိ မဖြစ်စေသော်ငြား အကယ်၍သာ ထိုခြေလှမ်းကို အမှန်တကယ် လှမ်းလိုက်မည် ဆိုပါက လူတိုင်း၏ ဆန့်ကျင်မှုကို သေချာပေါက် ရင်ဆိုင်ရမည် ဖြစ်လေသည်။

သို့သော် ထာဝရ အသက်ရှင်ခြင်း ဆိုသော ရည်မှန်းချက် ကလည်း အချိန်တိုင်း မိနစ်တိုင်း သူ့ကို သွေးဆောင် ဖြားယောင်း နေပြန်သည်။

ဧကရာဇ်မင်း၏ ညည်းတွားသံကို ဘေးပတ်ဝန်းကျင်မှ မည်သူကမျှ ပြန်လည် တုံ့ပြန်ရဲခြင်း မရှိကြချေ။

ကျီဝမ်ဟောက် သည် စစ်တုရင် ပွဲအနည်းငယ် ကစားလိုက်ရသဖြင့် ရင်ထဲရှိ ဒေါသများ အနည်းငယ် ပြေပျောက်သွားခဲ့လေပြီ။ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီး အမူအရာ ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။

"ငါကိုယ်တော် ပင်ပန်းသွားပြီ နန်းဆောင်ကို ပြန်မယ်"

"အမိန့်တော်အတိုင်းပါ"

"ရှန်းအာ ဘက်က ကိစ္စတွေ ပြီးသွားတဲ့ အချိန်ကျရင် ငါကိုယ်တော့်ကို သတိပေးဖို့ မမေ့နဲ့ ဒီကောင်လေး တကယ်တမ်း ဘာလှည့်ကွက်တွေ သုံးထားလို့ ဒီလောက်တောင် တည်ငြိမ်နေရတာလဲ ဆိုတာကို ငါကိုယ်တော် အခု တကယ်ကြီး သိချင်နေမိပြီ"

"အမိန့်တော်အတိုင်းပါ ကျွန်တော်မျိုး နားလည်ပါပြီ"

မိဖုရားကြီး ရွှယ်ပိုင်ကျိန်း သည် ဤ အနည်းငယ် ရှက်စရာ ကောင်းသော အမေးကို ကြားလိုက်ရချိန်တွင် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီး ခေတ္တမျှ မည်သို့ ပြန်ဖြေရမည်ကို မသိအောင် ဖြစ်သွားရသည်။

အကြောင်းပြချက် မရှိဘဲ အလွန် ရှက်ရွံ့ သိက္ခာကျရသည်ဟု ခံစားလိုက်ရသော်ငြား တစ်ချိန်တည်းမှာပင် အလွန်အမင်း စိတ်လှုပ်ရှား ရင်ခုန်ဖွယ်ကောင်းသည့် ခံစားချက်ကိုလည်း ခံစားလိုက်ရလေသည်။

ကျန်းချဲ့ နှင့် ဧကရာဇ်မင်း မည်သူက ပိုစွမ်းဆောင်နိုင်သနည်း။

အကယ်၍ ဤတစ်ပွဲတည်းနှင့်သာ ဆုံးဖြတ်ရမည် ဆိုပါက သေချာပေါက် ကျန်းချဲ့က အများကြီး ပိုမို သာလွန်ပေသည်။ အစပိုင်းက သူမသည် ကျန်းချဲ့ကို လုံလောက်အောင် အထင်ကြီးထားခဲ့ပြီး ဖြစ်သော်ငြား တကယ်တမ်း အပြန်အလှန် စကားပြောကြည့်လိုက်ချိန်တွင်မှ ကျန်းချဲ့၏ ရဲစွမ်းသတ္တိမှာ တားဆီး၍ မရနိုင်လောက်အောင် ကြီးမားကြောင်း သိရှိသွားခဲ့ရလေသည်။

သူမ အနှစ်နှစ်ဆယ် တိုင်အောင် စုဆောင်းထားခဲ့သော ခွန်အားများက ကျန်းချဲ့၏ တစ်ချက်တည်းသော တိုက်ခိုက်မှုကိုပင် မခံနိုင်ခဲ့ချေ။ အမှန်တကယ် ပင် ဘာပြောရမှန်း မသိအောင် ဖြစ်သွားရလေသည်။ သူမ တတ်နိုင်သည်မှာ လိုအပ်နေသော အရွယ်တွင် အကြမ်းတမ်းဆုံးသော သူ့ကို တွေ့ဆုံလိုက်ရသည်ဟုသာ ညည်းတွား နိုင်တော့သည်။

"အ့"

အရေပြား အတွင်းသို့ ငွေအပ် ထိုးစိုက် ဝင်ရောက်သွားသဖြင့် မိဖုရားကြီး ၏ နှုတ်ဖျားမှ ထိန်းမနိုင် သိမ်းမရ အော်ဟစ်သံ တစ်ချက် ထွက်ပေါ်လာပြီး မျက်မှောင်ကြုတ် သွားလေသည်။

ကျန်းချဲ့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး သက်ပြင်း တစ်ချက်ကို မှုတ်ထုတ်ကာ ခေတ္တမျှ တွန့်ဆုတ် နေပြီးနောက် ပြန်ဖြေလိုက်လေသည်။

"နယ်စားကြီး က ပိုပြီး စွမ်းဆောင်နိုင်ပါတယ် အရှင်မင်းကြီး ကတော့ နောက်ဆုံးမှာ အိုမင်းသွားခဲ့ပြီလေ"

"အရှင်မင်းကြီး က အိုမင်းသွားပြီ ဆိုပေမဲ့ မိဖုရားကြီး ရဲ့ အလှအပ ကတော့ ပုံမှန်အတိုင်း ထွန်းတောက် နေတုန်းပါပဲ အချိန်ကာလ တွေက မိဖုရားကြီး ရဲ့ ကိုယ်ပေါ်မှာ ဘာ ဒဏ်ရာဒဏ်ချက် မှ မချန်ထားခဲ့ဘူးပဲ"

ကျန်းချဲ့ က နှစ်သိမ့် စကား တစ်ခွန်း ဆိုလိုက်သည်။

မိဖုရားကြီး ၏ ရင်ထဲတွင် ပေါ့ပါးသွားပြီးနောက် ချက်ချင်းပင် နွေးထွေးသော စီးဆင်းမှု တစ်ခုက ရင်ထဲသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။ တစ်စုံတစ်ရာ ပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားလေသည်။

'ဟင် နွေးထွေးတဲ့ စီးဆင်းမှု'

'ဒါ'

'ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ'

ချက်ချင်းပင် အလွန် ဆိုးရွားနေသော မျက်နှာထားဖြင့် အကြည့်များကို ကျန်းချဲ့ ထံသို့ ရွှေ့လိုက်ပြီး နှုတ်ခမ်းများ အနည်းငယ် တုန်ယင်လျက် ပြောလိုက်သည်။

"ကျန်းချဲ့ မင်း မင်း ဘယ်လိုလုပ်ပြီး"

"မိဖုရားကြီး ရဲ့ ကျင့်ကြံမှု စွမ်းအား နဲ့ဆိုရင် ပြဿနာ မရှိလောက်ပါဘူး နော်"

"ဒါပေမဲ့ ဟူး"

ကိစ္စများ ဤအခြေအနေ အထိ ရောက်လာပြီ ဆိုမှတော့ မိဖုရားကြီး လည်း သက်ပြင်း တစ်ချက်ကိုသာ မှုတ်ထုတ် လိုက်နိုင်တော့သည်။ မျက်ဝန်းများ လှုပ်ရှားသွားပြီး အားအင် ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။

"ထားလိုက်ပါတော့ မင်း အရင် ထွက်သွားလိုက်ပါ"

"ကောင်းပြီလေ"

ကျန်းချဲ့ သည် အချိန်ဆွဲ တတ်သူ တစ်ယောက် လုံးဝ မဟုတ်ချေ။ မိဖုရားကြီး ဤကဲ့သို့ ပြောသည်ကို ကြားသောအခါ မိဖုရားကြီး ၏ ကိုယ်ပေါ်တွင် ထိုးစိုက်ထားသော ငွေအပ်ကို ချက်ချင်း ဆွဲနှုတ်လိုက်လေသည်။

သူ ငွေအပ်ကို ဆွဲနှုတ်လိုက်သည် နှင့် အမျှ အကျိတ် အတွင်း၌ စုပုံ နေသော အရည်များ ကလည်း လိုက်ပါ ထွက်လာပြီး မြေပြင် တစ်ခုလုံး ပေါ်သို့ စီးကျသွားလေသည်။ ဘေးပတ်ဝန်းကျင် တစ်ခုလုံး တွင်လည်း ထို အရည်များ ၏ ညှီစို့စို့ အနံ့အသက် များဖြင့် ချက်ချင်း လွှမ်းခြုံ သွားလေတော့သည်။

အချိန် အနည်းငယ် ကြာပြီးနောက်။

ကျန်းချဲ့ နှင့် မိဖုရားကြီး တို့သည် ရောဂါကုသခြင်း နှင့် စကားပြောဆိုခြင်း များကို ပြီးဆုံး သွားပြီးနောက် ကိုယ်စီ ဝတ်ရုံ အသစ်များကို ပြန်လည် လဲလှယ် ဝတ်ဆင် လိုက်ကြလေသည်။ ကိုယ်စီ တည်ငြိမ်စွာ ထိုင်နေကြပြီး လေထုမှာ အနည်းငယ် ဖိနှိပ် ချုပ်ချယ်ထားသည့် အလား ပင်ဖြစ်သည်။

အကယ်၍ လေထုထဲတွင် ပျံ့နှံ့ နေသော အနံ့အသက် များသာ မရှိပါက ကျန်းချဲ့ ၏ ဆေးပညာ က ဤမျှလောက် ကျွမ်းကျင် ထက်မြက် နေပြီး မိဖုရားကြီး ရွှယ်ပိုင်ကျိန်း ကို အနှစ်နှစ်ဆယ် တိုင်အောင် ဒုက္ခပေး နေခဲ့သော နာတာရှည် ရောဂါဆိုး ကြီးကို အပြတ်အသတ် ကုသပေး နိုင်လိမ့်မည်ဟု မည်သူကမျှ ထင်မှတ် ထားမည် မဟုတ်ချေ။

"မင်း လိုချင်တဲ့ အရာတွေကို အကုန်လုံး ရသွားပြီ ဆိုတော့ အရင်က ငါမိဖုရား ကို ကတိပေး ထားတဲ့ ကိစ္စတွေကိုရော အကောင်အထည် ဖော်ပေးသင့်ပြီ မဟုတ်ဘူးလား"

မိဖုရားကြီး ရွှယ်ပိုင်ကျိန်း က အလွန် ရှုပ်ထွေးနေသည့် အမူအရာ ဖြင့် ကျန်းချဲ့ကို ကြည့်ကာ မေးလိုက်သည်။

ကျန်းချဲ့ ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။

"ဒီလို ဆိုမှတော့ ငါတို့ အဓိက ကိစ္စကို ပြောကြတာပေါ့"

'အဓိက ကိစ္စ ဟုတ်လား'

မိဖုရားကြီး ၏ ရင်ထဲတွင် ကြက်သေသေ သွားလေသည်။

'အခုမှ အဓိက ကိစ္စကို ပြောမယ် ဆိုရင် အရင်က ဟာတွေက ဘာတွေလဲ'

"ကောင်းပြီ ပြောစမ်းပါဦး"

မိဖုရားကြီး ရွှယ်ပိုင်ကျိန်း က ရင်ထဲရှိ ခံစားချက် များကို အတင်းအဓမ္မ ဖိနှိပ် ကာ လေးနက်သော လေသံဖြင့် မေးလိုက်သည်။

"ရွှီချိုးယွဲ့ ရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျုပ် ဧကရာဇ်မင်း ဆီကို သတင်းမပို့ဘဲ နေပေးလို့ ရတယ် ကျီချန်ရှန်း ကို နောက်ဆံ တင်းစရာ မရှိအောင် အပြတ်အသတ် လုပ်ပေးလို့ ရတယ် ဒါပေမဲ့ တန်ဖိုး တစ်ခု အနေနဲ့ ခင်ဗျား ဘက်က သက်တမ်း ရင့်တဲ့ ကောင်းကင်မိစ္ဆာ ကျောက်စိမ်းဧကရာဇ် ကြာပန်း တစ်ပွင့် ရအောင် နည်းလမ်း ရှာပေးရမယ်"

"ဒါ့အပြင် ရွှီချိုးယွဲ့ ရဲ့ ကိစ္စက လောလောဆယ် လျှို့ဝှက်ချက် တစ်ခု ဖြစ်နေသေးတယ် ပြီးတော့ ကျုပ် အတွက် လည်း အသုံးဝင်တယ် အဲ့ဒါကြောင့် ခင်ဗျားတို့ သားအမိ ဘက်ကနေ ကျုပ် အတွက် ဖုံးကွယ် ပေးထားရမယ် သူမ နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက် တွေကို လုံးဝ မပေါက်ကြား စေနဲ့ ပုံမှန် အချိန်တွေ မှာလည်း နည်းနည်းလေး မှ ထူးဆန်းတဲ့ အမူအရာ မျိုး မပြနဲ့"

လုပ်သင့်သည်များ အားလုံးကို လုပ်ဆောင်ပြီးပြီ ဖြစ်ရာ ယခုမှသာ ကျန်းချဲ့၏ အဓိက ကိစ္စ အစစ်အမှန် ပင်ဖြစ်သည်။

သူ မင်းသားအိမ်တော်သို့ လှည့်ပတ် လာရောက်ခဲ့ရခြင်း၏ အဓိက ရည်ရွယ်ချက် အစစ်အမှန်မှာ ဤအရာ ပင်ဖြစ်သည်။ ငါးသေကွန်ပြဲ တိုက်ခိုက်မည် ဆိုသည်မှာ မလွှဲမရှောင်သာမှ ပြုလုပ်ရမည့် နည်းလမ်း သက်သက်သာ ဖြစ်လေသည်။ ကံကောင်းထောက်မစွာဖြင့် မိဖုရားကြီး သည် အခြေအနေကို ကောင်းစွာ နားလည်သဘောပေါက်သူ ဖြစ်ပေသည်။

"ကောင်းကင်မိစ္ဆာ ကျောက်စိမ်းဧကရာဇ် ကြာပန်း ဟုတ်လား"

ရွှယ်ပိုင်ကျိန်း ခေတ္တမျှ ကြက်သေသေ သွားပြီး ကျန်းချဲ့က ဤပစ္စည်းကို တန်ဖိုးတစ်ခု အနေဖြင့် တောင်းဆိုလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။

"ရွှီမိသားစု က ကောင်းကင်ချောက်ကမ်းပါး ကြီးထဲမှာ အခြေချ နေလာတာ နှစ်ပေါင်းများစွာ ကြာပြီလေ ဒီလောက် ပစ္စည်းလေး ကိုတောင် မရှိဘူးလို့တော့ ကျုပ်ကို လာမပြောနဲ့နော်"

"ရှိတာကတော့ ရှိပါတယ် ဒါပေမဲ့ မင်းက ဒီ ပစ္စည်းကို ဘာလုပ်ဖို့လဲ ဒါက မိစ္ဆာမျိုးနွယ် တွေအတွက်ပဲ အသုံးဝင်တဲ့ ဝိညာဉ်ဆေးပင် မဟုတ်ဘူးလား"

ရွှယ်ပိုင်ကျိန်း အနည်းငယ် နားမလည်နိုင်အောင် ဖြစ်သွားရသည်။

"ဒီကိစ္စတွေ မိဖုရားကြီး ဝင်ပါစရာ မလိုပါဘူး ခင်ဗျား အနေနဲ့ ဒီပစ္စည်းကို ရအောင် ထုတ်ပေးဖို့ပဲ လိုတယ်"

ကျန်းချဲ့ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ အများကြီး ရှင်းပြနေရန် စိတ်ဝင်စားမှု မရှိပေ။

"ကောင်းကင်မိစ္ဆာ ကျောက်စိမ်းဧကရာဇ် ကြာပန်း ကို မင်းကို ပေးလို့ရတယ် ဒါပေမဲ့ ချိုးယွဲ့ရဲ့ ကိစ္စကတော့ မရဘူး"

မိဖုရားကြီးက နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီး ကျန်းချဲ့သည် ရွှီချိုးယွဲ့၏ ကိစ္စကို အသုံးချကာ သူတို့သားအမိ နှစ်ယောက်ကို တစ်သက်လုံး ချုပ်ကိုင်ထားလိုကြောင်း ခန့်မှန်းမိလိုက်သည်။ ဤသည်မှာ လုံးဝ မဖြစ်နိုင်ချေ။

"ကျုပ်က ခင်ဗျားကို အသိပေးနေတာ ခင်ဗျားရဲ့ သဘောထားကို တောင်းခံနေတာ မဟုတ်ဘူး ဒါ့အပြင် ဒီပစ္စည်းကို အသုံးချပြီး ခင်ဗျားတို့ကို ခြိမ်းခြောက်မယ်လို့လည်း မထင်နဲ့ ခုနတုန်းက ပုံရိပ်ယောင် မှတ်တမ်းလောက်နဲ့တင် ခင်ဗျားတို့ သားအမိ အညံ့ခံသွားအောင် လုပ်ဖို့ လုံလောက်နေပါပြီ"

"ရွှီချိုးယွဲ့ ကိစ္စကတော့ ဒီလူက ချင်းထျန်းမိစ္ဆာဂိုဏ်း က မြို့တော်ထဲမှာ ချထားတဲ့ အရေးပါတဲ့ နယ်ရုပ် တစ်ရုပ်မို့လို့ ကျုပ်မှာ တခြား အသုံးဝင်တဲ့ နေရာ ရှိသေးတယ်"

ကျန်းချဲ့ အမူအရာ ကင်းမဲ့စွာဖြင့် ပြန်ပြောလိုက်သည်။

မိဖုရားကြီး ၏ ခန္ဓာကိုယ်ကြီး တုန်ယင်သွားပြီး မျက်နှာပေါ်တွင် ထိတ်လန့် တုန်လှုပ်မှုများနှင့် အံ့အားသင့်မှုများ ပေါ်လွင်လာသည်။

"မင်း မင်း မင်း ခုနတုန်းက ပုံရိပ်ယောင် မှတ်တမ်း ကျောက်တုံး နဲ့ မှတ်တမ်း တင်ထားလိုက်တာလား"

"ကျုပ်က သိုင်းပညာရှင် တစ်ယောက် ဖြစ်ပေမဲ့ သဘာဝ အလှအပ တွေကို ခံစားရတာကိုလည်း နှစ်သက်ပါတယ် အထူးသဖြင့် လောကကြီးထဲက လှပတဲ့ မြင်ကွင်းတွေကို မှတ်တမ်းတင် ထားရတာကို ပိုပြီး သဘောကျတယ်လေ အမှတ်တရ တစ်ခု အနေနဲ့ပေါ့ မိဖုရားကြီး အနေနဲ့ စိတ်ဆိုးမှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ် ဟုတ်တယ် မဟုတ်လား"

ကျန်းချဲ့ က ရယ်မောကာ ပြောလိုက်သည်။

"တကယ်လို့ ငါမိဖုရား က စိတ်ဆိုးတယ် လို့ ပြောရင် မင်း ဖျက်ဆီးပစ်မှာလား"

မိဖုရားကြီး မျက်မှောင် တင်းတင်းကြုတ်ထားလိုက်သည်။

"အဲ့ဒါကတော့ မိဖုရားကြီးရဲ့ နောက်ပိုင်း စွမ်းဆောင်ရည် အပေါ်မှာပဲ မူတည်တော့မှာပေါ့ စိတ်ချပါ ခင်ဗျားတို့ သားအမိ လိမ္မာပါးနပ်စွာ နေသရွေ့ ဒီ အရာတွေက ဘယ်တော့မှ အပြင်ကို ပေါက်ကြားသွားမှာ မဟုတ်ပါဘူး ပြီးတော့ ကျုပ်ကလည်း ခင်ဗျားတို့ သားအမိ နဲ့ မိတ်ဆွေဖွဲ့ရတာကို အရမ်း သဘောကျပါတယ် အခု ကျုပ်ရဲ့ ဩဇာအာဏာ နဲ့ဆိုရင် ကျီချန်ရှန်း ကို ထောက်ခံပေးလိုက်တာနဲ့ သေချာပေါက် မသေးငယ်တဲ့ လှုပ်ခတ်မှု ကြီးကို ဖြစ်ပေါ်လာစေမှာပါ"

"မင်း ရှန်းအာ ကို ထောက်ခံပေးချင်တာလား"

ရွှယ်ပိုင်ကျိန်း ၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး အနည်းငယ် အံ့အားသင့် ဝမ်းသာသွားသည့် အလား ပင်ဖြစ်သည်။

ကျန်းချဲ့ မတ်တတ်ရပ် လိုက်ပြီး မိဖုရားကြီး ၏ အနီးသို့ လျှောက်သွားကာ ပြောလိုက်သည်။

"အဲ့ဒါကတော့ မိဖုရားကြီး နောက်ပိုင်း စကားနားထောင် မထောင် ဆိုတဲ့ အပေါ်မှာပဲ မူတည်တော့မယ်"

"မင်းက ဘာသဘောလဲ ငါမိဖုရား က အဲ့ဒီလို ပေါ့ပျက်ပျက် မိန်းမစား မျိုး မဟုတ်ဘူးနော်"

ရွှယ်ပိုင်ကျိန်း က ခေါင်းမော့ကာ ကျန်းချဲ့ကို တိုက်ရိုက် စိုက်ကြည့်လိုက်ပြီး မျက်ဝန်းထဲတွင် ခေါင်းမာမှု များနှင့် ခိုင်မာ ပြတ်သားမှု အချို့ ပေါ်လွင်နေလေသည်။

ကျန်းချဲ့ က လက်တစ်ချက် ဝှေ့ယမ်း လိုက်ရာ အနီရောင် သားရေကြာပွတ် တစ်ချောင်း လက်ထဲသို့ ရောက်ရှိလာပြီး ရွှယ်ပိုင်ကျိန်း ၏ မျက်စိအရှေ့တွင် ခါယမ်း ပြလိုက်သည်။

"ခုနတုန်းက မိဖုရားကြီး အရမ်း သဘောကျနေတဲ့ ပုံပဲ ကျွန်တော်မျိုး ထပ်ပြီး ရိုက်ပေးရဦးမလား"

ရွှယ်ပိုင်ကျိန်း ၏ မျက်ဝန်းသူငယ်အိမ်များ ကျုံ့ဝင်သွားပြီး အလိုအလျောက် ပင် နောက်သို့ ဆုတ်ရှောင်လိုက်လေသည်။ ရင်ထဲတွင် လည်း အနည်းငယ် တုန်ယင် သွားရပြီး စောစောက ကျန်းချဲ့ ၏ ရက်စက် ကြမ်းကြုတ်စွာ ရိုက်နှက် ခံခဲ့ရသည့် မြင်ကွင်း ကို အလိုအလျောက် သတိရသွားမိလေသည်။

"သားရေကြာပွတ် သားရေကြာပွတ် ကို ငါမိဖုရား ဆီ ပြန်ပေး"

"ဖြန်း"

ကျန်းချဲ့ က သားရေကြာပွတ် ကို ရုတ်တရက် ရိုက်ချလိုက်ရာ လေဟာနယ် ထက်တွင် ပြတ်သားသော အသံကြီး ထွက်ပေါ်လာလေသည်။ ထို့နောက် ပေါ့ပေါ့ပါးပါး ပင် ပြန်လည် သိမ်းဆည်း လိုက်လေသည်။

"သားရေကြာပွတ် ကိစ္စကတော့ မိဖုရားကြီး ထပ်မတွေးပါနဲ့တော့ ဒီပစ္စည်းကို ကျွန်တော်မျိုး သေသေချာချာ သိမ်းဆည်းထားပါ့မယ် ကဲ အချိန်ဆွဲ နေတာလည်း လုံလောက်ပြီ ခင်ဗျားရဲ့ လိမ္မာတဲ့ သားလေးလည်း အပြင်မှာ စောင့်ရတာ အရမ်း လောနေလောက်ပြီ"

"အဆင်သင့် ဖြစ်ပြီလား ကျွန်တော်မျိုး အစီအရင် တွေကို ပြန်ရုတ်သိမ်း တော့မယ်နော်”

All Chapters