← Chapters

အခန်း ၄၁၇

Vol. 42 Ch. 417

အခန်း ၄၁၇

Vol. 42 Ch. 417

အခန်း (၄၁၇) ခြားနားလွန်းလှသော မိဖုရားကြီး

အစီအရင်များကို ရုပ်သိမ်းလိုက်ပြီးနောက် ဧည့်ခန်းမဆောင်ကြီး၏ တံခါးမကြီးမှာ ဖြည်းညင်းစွာ ပွင့်ဟလာလေသည်။ မျက်စိကျိန်းမတတ် စူးရှသောအလင်းတန်းများက နန်းဆောင်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသည်။ စောစောကမှ ကျန်းချဲ့၏အရှေ့တွင် ကြောက်ရွံ့တုန်ယင်ကာ ယဉ်ကျေးသိမ်မွေ့လွန်းလှသော မိဖုရားကြီး ရွှယ်ပိုင်ကျိန်းမှာ ယခုအခါတွင်တော့ လုံးဝခြားနားသော အသွင်အပြင်တစ်ရပ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

သူမ၏မျက်နှာထက်တွင် အေးစက်တည်ငြိမ်မှုများ ဖုံးလွှမ်းနေပြီး အထက်ဘက်နေရာ၌ ခန့်ညားစွာ ထိုင်နေလေသည်။ သေသပ်ကျနသော ဂါဝန်ရှည်က သူမ၏ ပြည့်ဖြိုးလှပသော ခန္ဓာကိုယ်ကောက်ကြောင်းကို ထင်ရှားစေပြီး နေရာတိုင်းတွင် ဆွဲဆောင်မှုရှိသော မြင့်မြတ်ခမ်းနားသော အရှိန်အဝါများ လွှမ်းခြုံနေလေသည်။

ဤအခိုက်အတန့်တွင် သူမသည် မိဖုရားကြီးတစ်ပါး၏ အဆင့်အတန်းကို ပြန်လည်ရယူလိုက်ပြီဖြစ်သည်။ မည်သူမျှ လှမ်းမမီနိုင်သော အမြင့်ဆုံး၌ ရပ်တည်နေသော အမျိုးသမီးတစ်ဦးအဖြစ်သို့ တစ်ဖန် ပြန်လည်ရောက်ရှိသွားလေပြီ။

ဤမျှလောက် ကြီးမားလှသော ကွာဟချက်ကြောင့် ကျန်းချဲ့ပင်လျှင် မျက်ခုံးတစ်ချက် ပင့်သွားရလေသည်။

သို့သော် ဤကဲ့သို့ဖြစ်နေခြင်းက ပို၍ စိတ်ဝင်စားစရာ ကောင်းသည် မဟုတ်ပါလော။

သူ အနှစ်သက်ဆုံးအရာမှာ ဤကဲ့သို့သော ခြားနားမှုမျိုးပင် ဖြစ်သည်။ အထူးသဖြင့် တစ်နိုင်ငံလုံး၏ မိခင် မိဖုရားကြီးတစ်ပါး၏ ခြားနားမှုမျိုးက ယောက်ျားတစ်ယောက်အတွက် ဖော်ပြ၍မရနိုင်လောက်အောင် ကြီးမားသော လှုပ်ခတ်မှုကို ပေးစွမ်းနိုင်လေသည်။

နန်းဆောင်အပြင်ဘက်တွင်။

အစီအရင်များ ပျောက်ကွယ်သွားသည်ကို အာရုံခံမိလိုက်သည်နှင့် ကပ်ဆိုးတစ်သောင်း မိစ္ဆာဓားအတွင်းရှိ ချီရွှယ်မိစ္ဆာသခင်သည် ကျန်းချဲ့ ကိစ္စများအားလုံး ပြီးစီးသွားပြီဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်လေသည်။ သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကျန်းချဲ့ထံသို့ ပျံသန်းသွားလေသည်။

နန်းဆောင်အပြင်ဘက်၌ စိတ်တထိတ်ထိတ်ဖြင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ရသော တတိယမင်းသား ကျီချန်ရှန်းသည် တံခါးကြီး ပွင့်လာသည်ကို မြင်လိုက်ရချိန်တွင် ရင်တဖိုဖိုဖြင့် ပထမဆုံး ပြေးဝင်သွားလေသည်။

သူ၏ မယ်တော်ကြီးမှာ မိဖုရားကြီးတစ်ပါး ဖြစ်ရာ ကျန်းချဲ့ မည်မျှပင် မောက်မာရိုင်းစိုင်းနေပါစေ တစ်စုံတစ်ခုကို ကျူးလွန်ရဲမည် မဟုတ်ကြောင်း သူ ကောင်းစွာ သိရှိထားလေသည်။ သို့သော် အရာရာတိုင်းတွင် မမျှော်လင့်ထားသည်များ ရှိတတ်ရာ သူ လုံးဝ လောင်းကြေးမထပ်ရဲပေ။ မည်သို့ပင်ဆိုစေ ထိုသူမှာ သူ၏ မယ်တော်ကြီး ဖြစ်နေသည် မဟုတ်ပါလော။

သို့သော် အထဲသို့ ပြေးဝင်သွားပြီးနောက် မယ်တော်ကြီး အန္တရာယ်ကင်းကင်း ရှိနေသည်ကို မြင်လိုက်ရချိန်တွင်မှ သူ အသက်ရှူချောင်သွားရလေသည်။ အရာအားလုံးက သူ ထွက်မသွားခင်က အခြေအနေနှင့် သိပ်ပြီး ကွာခြားမှု မရှိလှပေ။

ကျန်းချဲ့သည် ဘယ်ဘက်ထိုင်ခုံတွင် ထိုင်နေဆဲဖြစ်ပြီး မျက်နှာပေါ်တွင်လည်း အေးစက်တည်ငြိမ်သည့် အမူအရာများ ပေါ်လွင်နေလေသည်။

သူ၏ မယ်တော်ကြီးမှာလည်း အထက်ဘက်နေရာတွင် ထိုင်နေဆဲဖြစ်ပြီး ယခင်ကအတိုင်း မြင့်မြတ်ခမ်းနားသော အရှိန်အဝါများ ပြည့်နှက်နေလေသည်။

"မယ်တော်ကြီး... မယ်တော်ကြီး ဘာမှမဖြစ်ဘူး မဟုတ်လား..."

ကျီချန်ရှန်း စိတ်သက်သာရာ ရသွားသော်ငြား သေချာစေရန် နောက်တစ်ကြိမ် မေးမြန်းလိုက်လေသည်။

"ဘာမှမဖြစ်ပါဘူး..."

မိဖုရားကြီး ရွှယ်ပိုင်ကျိန်းက ကျန်းချဲ့ကို မျက်လုံးထောင့်မှ တစ်ချက် လှမ်းကြည့်လိုက်ပြီး ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်လေသည်။

ကျန်းချဲ့က ရွှီချိုးယွဲ့၏ ကိစ္စကို အသုံးချကာ ကျီချန်ရှန်းကို ခြိမ်းခြောက်တော့မည် မဟုတ်ကြောင်း ကတိပေးထားခဲ့ပြီး ဖြစ်သည်။ သို့သော် ထိုအရာအတွက် ပေးဆပ်လိုက်ရသော တန်ဖိုးမှာ သူမ ဆေးကုသခံယူနေသည့် မြင်ကွင်းများကို ကျန်းချဲ့၏ ပုံရိပ်ယောင်မှတ်တမ်းထဲတွင် ချန်ရစ်ထားခဲ့ရခြင်း ပင်ဖြစ်သည်။

"ဒါဆိုလည်း တော်ပါသေးရဲ့..."

ကျီချန်ရှန်း ၏ ရင်ထဲမှ အလုံးကြီး ကျသွားပြီး မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ပေါ်လွင်လာလေသည်။

"အစ်ကိုကျန်း အများကြီး ကျေးဇူးတင်ပါတယ်..."

ကျီချန်ရှန်း က အလျင်အမြန်ပင် လက်ယှက်ကာ အလွန် ရိုးသားပွင့်လင်းစွာ အရိုအသေပေးလိုက်လေသည်။

မယ်တော်ကြီးက ကျန်းချဲ့ကို မည်သို့ ဖျောင်းဖျလိုက်သည်ကို သူ မသိသော်ငြား ဤတစ်ကြိမ် အကျပ်အတည်းကြီးကို ဖြေရှင်းနိုင်ခဲ့သည်နှင့်တင် သူ အလွန် ကျေနပ်နေပြီ ဖြစ်သည်။ တန်ဖိုးတစ်ခုခု ပေးဆပ်လိုက်ရမည် ဆိုလျှင်တောင်မှ ကိစ္စမရှိချေ။

ကျီချန်ရှန်း၏ ရိုးသားမှု အပြည့်ပါဝင်နေသော အပြုံးများကို ကြည့်ရင်း ကျန်းချဲ့လည်း ရယ်မောလိုက်လေသည်။ ကျီချန်ရှန်းက သူ့ကို ကျေးဇူးတင်လိမ့်မည်ဟု တကယ်ကို ထင်မှတ်မထားခဲ့ပေ။ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မျက်နှာပေါ်တွင် အပြုံးများဖြင့် ခပ်ဖွဖွ ခေါင်းညိတ်လိုက်လေသည်။

"ကိုယ့်လူတွေပဲဟာ... ကျေးဇူးတင်စရာ မလိုပါဘူး..."

သူသည် ကျီချန်ရှန်း၏ အသိုက်အမြုံဟောင်းဆီသို့ ရောက်ရှိခဲ့ပြီး မိဖုရားကြီး ရွှယ်ပိုင်ကျိန်း၏ နန်းဆောင်လေး အတွင်းသို့ပင် ဝင်ရောက် နေထိုင်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ကိုယ့်လူတွေပဲ ဟု ပြောလိုက်ခြင်းမှာ အမှန်တကယ်တော့ မှားယွင်းမှု မရှိလှပေ။ ပို၍ ဝေးဝေး တွေးကြည့်မည် ဆိုလျှင် သူနှင့် ဧကရာဇ်မင်း ကျီဝမ်ဟောက် တို့မှာ ယခုအခါတွင် လမ်းစဉ်တူညီသော ဆွေမျိုးများ ဖြစ်သွားခဲ့ပြီဟုပင် ဆိုနိုင်ပေသည်။

"မဟုတ်တာ... ကျေးဇူးတင်ရမှာပေါ့... ကွမ်ကျွင်းနယ်စား က သက်ညှာပေးခဲ့တဲ့ အတွက် အများကြီး ကျေးဇူးတင်ပါတယ်..."

ကျီချန်ရှန်းသည် မယ်တော်ကြီး ဘေးကင်းသည်ကို မြင်တွေ့လိုက်ရပြီးကတည်းက ကိစ္စများ အားလုံး ပြေလည်သွားပြီ ဖြစ်ကြောင်း ကောင်းစွာ သိရှိထားလေသည်။ ထို့ကြောင့် သူ၏ ရင်ထဲတွင် သဘာဝကျကျပင် ကျေးဇူးတင်မှုများနှင့် ကံကောင်းသည်ဟု ခံစားမှုများ ဖြစ်ပေါ်လာခဲ့လေသည်။

"ကောင်းပါပြီ... အပိုစကားတွေ အများကြီး မပြောတော့ဘူး... ကျန်တဲ့ ကိစ္စတွေကို မင်းသား အနေနဲ့ မိဖုရားကြီးကိုပဲ မေးကြည့်လိုက်တော့... ဒီနေ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ နားလည်မှုလွဲတာလို့ ပြောလိုက်ရင် ပြင်ပလူတွေက သံသယ ဝင်လိမ့်မယ်... ဒါကြောင့် ချင်းထျန်းမိစ္ဆာဂိုဏ်းက မင်းကို တမင်သက်သက် လုပ်ကြံ စွပ်စွဲတာလို့ပဲ ပြောလိုက်... ပြီးတော့ ကျုပ်က အမှန်တရားကို စုံစမ်း ဖော်ထုတ်ပေးခဲ့ပြီး အခုတော့ အရာအားလုံး အေးချမ်းသွားပြီလို့ ပြောလိုက်ပေါ့..."

"ကောင်းပါပြီ... ကွမ်ကျွင်းနယ်စား ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့..."

ကျီချန်ရှန်း အလွန်အမင်း ဝမ်းသာပျော်ရွှင် သွားလေသည်။

ယနေ့ ကိစ္စမှာ အပြည့်အဝ အောင်မြင်စွာ ပြေလည်သွားခဲ့လေပြီ။ အစပိုင်းက သူ မယ်တော်ကြီး၏ စကားကို နားထောင်ကာ တော်ဝင်မျိုးနွယ်စု ခုံရုံး သို့ လူမလွှတ်ခဲ့သည်မှာ ကံကောင်းသွားပေသည်။ အကယ်၍ ထိုသို့သာ မဟုတ်ပါက နောက်ဆက်တွဲ ဖြေရှင်းရန် အလွန် ခက်ခဲသွားမည် ဖြစ်လေသည်။

ယခု ရလဒ် ကတော့ နှစ်ဖက်စလုံး၏ အကျိုးစီးပွားနှင့် အကိုက်ညီဆုံး ဖြစ်ကြောင်း ယုံမှားသံသယ ရှိစရာ မလိုတော့ပေ။

"အင်း... ဒီနေ့တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်ကြတာပေါ့... နောက်နေ့မှ ကျုပ် ထပ်ပြီး အလည်အပတ် လာခဲ့ပါဦးမယ်... ခွင့်ပြုပါဦး..."

သူသည် ကောင်းကင်မိစ္ဆာ ကျောက်စိမ်းဧကရာဇ် ကြာပန်း ကို ရရှိမည့် ကတိကဝတ် အပြင် ရွှီချိုးယွဲ့၏ လျှို့ဝှက်ချက် များကိုပါ ရရှိခဲ့ပြီ ဖြစ်သည်။ ထိုအရာများ အပြင် ကျီချန်ရှန်း သားအမိ ကိုပါ ဖြေရှင်းနိုင်ခဲ့သေးသည်။ ဤတစ်ခေါက် ခရီးစဉ်က သူ၏ အတွက်တော့ အကျိုးအမြတ်များစွာ ရရှိခဲ့ပြီး အလွန်အမင်း ကျေနပ် အားရစရာ ကောင်းလှပေသည်။

"ရှန်းအာ... ကွမ်ကျွင်းနယ်စား ကို လိုက်ပို့ပေးလိုက်ဦး..."

မိဖုရားကြီး ရွှယ်ပိုင်ကျိန်း က ညွှန်ကြားလိုက်လေသည်။ ယခုအခိုက်အတန့်တွင် သူမသည် မိမိ၏ အဆင့်အတန်းကို အသုံးချနေခြင်း မဟုတ်ဘဲ အမှန်တကယ်ပင် လှုပ်ရှား၍ မရနိုင်တော့သောကြောင့် ဖြစ်သည်။ စောစောက ရိုက်ခတ်မှု များက သူမကို အလွန် ကြီးမားသော သက်ရောက်မှု များကို ပေးစွမ်းနိုင်ခဲ့ရာ ယခုအချိန်အထိ အပြည့်အဝ သက်သာရာ မရသေးသဖြင့် အခြားသူကိုသာ ကိုယ်စား လိုက်ပို့ခိုင်းရခြင်း ဖြစ်လေသည်။

"ကောင်းပါပြီ... အစ်ကိုကျန်း ကြွပါ..."

ဧည့်သည် လိုက်ပို့သည့် လမ်းတစ်လျှောက်လုံး တွင် ကျီချန်ရှန်း သည် အလွန် ဝမ်းသာနေသည့် ပုံပေါ်နေပြီး ကျန်းချဲ့ အပေါ်တွင်လည်း အလွန်အမင်း မြှောက်ပင့် ဆက်ဆံနေလေသည်။ သို့သော် ကျန်းချဲ့ ကတော့ အများကြီး ပိုမို တည်ငြိမ်နေပြီး စကား အနည်းငယ်မျှသာ ပြန်လည် တုံ့ပြန်ခဲ့လေသည်။ ထို့နောက် အနက်ရောင်ရုံးတော်မှ သိုင်းအစောင့်အရှောက် များ အားလုံးကို ပြန်လည် ဆုတ်ခွာရန် အမိန့်ပေးလိုက်လေသည်။

အိမ်တော် အပြင်ဘက်တွင် စုဝေးနေကြသော သိချင်စိတ် ပြင်းပြနေသူများ အားလုံးမှာ အလွန်အမင်း အံ့အားသင့် သွားကြပြီး ကျီချန်ရှန်း က ကျန်းချဲ့ကို မည်ကဲ့သို့ ဖျောင်းဖျလိုက်သနည်း ဆိုသည်ကို စဉ်းစား၍ မရနိုင်အောင် ဖြစ်နေကြလေသည်။

ဘေးပတ်ဝန်းကျင်ရှိ လူတိုင်း၏ အမြင်တွင် ကျီချန်ရှန်း က ကျန်းချဲ့ကို ဖျောင်းဖျလိုက်နိုင်ခြင်း သာ ဖြစ်လေသည်။ အကယ်၍ ထိုသို့သာ မဟုတ်ဘဲ ကျန်းချဲ့က အမှန်တကယ် မတရား စွပ်စွဲသည် ဆိုပါက ဤမျှလောက် ပြေလည် သွားစရာ အကြောင်း မရှိချေ။

အစပိုင်းက ကျန်းချဲ့ ဘက်မှ အလွန်အမင်း တင်းမာ ခဲ့သည်များကို ပြန်လည် စဉ်းစားကြည့်ပါက ကျန်းချဲ့၏ လက်ထဲတွင် ကျီချန်ရှန်း၏ အားနည်းချက် တစ်ခုခု ရှိနေမည်ကို ပို၍ပင် သံသယ ဝင်သွားစေလေသည်။ ဤသည်က အင်အားစု အများအပြား၏ သူလျှိုများကို အလွန်အမင်း စိတ်ပျက်သွားစေခဲ့လေသည်။

"အစ်ကိုကျန်း ဖြည်းဖြည်း သွားပါ..."

"အင်း..."

ကျန်းချဲ့ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပြီး တိုက်ရိုက်ပင် ထွက်ခွာသွားလေသည်။

ထိုစဉ် နားထဲသို့ အချိန်အခါ မသင့်စွာဖြင့် ချီရွှယ်မိစ္ဆာသခင် ၏ အသံလွှင့် စကား ဝင်ရောက်လာလေသည်။

"မင်းကောင်လေး... မိဖုရားကြီးရဲ့ အရသာ ဘယ်လိုနေလဲ..."

ကျန်းချဲ့ လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး ခပ်ဖွဖွ ရယ်မောလိုက်လေသည်။

"အရမ်း အိစက်တယ်..."

ကျန်းချဲ့ကို ပို့ဆောင်ပြီးနောက် ကျီချန်ရှန်း သည် အဓိက နန်းဆောင် အတွင်းသို့ အလျင်အမြန် ပြန်လည် ရောက်ရှိလာပြီး မျက်နှာပေါ်တွင် သိချင်စိတ်များ အပြည့်အဝ ပေါ်လွင်နေလေသည်။

"မယ်တော်ကြီး... မယ်တော်ကြီးက ကျန်းချဲ့ကို ဘယ်လိုများ ဖျောင်းဖျလိုက်တာလဲ..."

မယ်တော်ကြီး အနေဖြင့် ကျန်းချဲ့ကို တကယ်ကြီး ဖျောင်းဖျနိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။ သို့သော် ရလဒ်အနေဖြင့် ကိစ္စက အမှန်တကယ်ပင် အောင်မြင်သွားခဲ့လေပြီ။

သူ့ကို စိတ်လှုပ်ရှား ဝမ်းသာသွားစေသလို အလွန်အမင်း သိချင်စိတ် များကိုလည်း ဖြစ်ပေါ်လာစေလေသည်။ သို့သော် စောစောက ကျန်းချဲ့ ရှိနေသဖြင့် သူ တိုက်ရိုက် မေးမြန်းရန် အဆင်မပြေခဲ့ချေ။ ယခုအခါ ကျန်းချဲ့ ထွက်သွားပြီ ဖြစ်ပြီး နန်းဆောင် အတွင်းတွင်လည်း သူတို့ သားအမိ နှစ်ယောက်တည်းသာ ရှိတော့ရာ မည်သည့် အရာကိုမျှ တားဆီး ဖုံးကွယ်ထားရန် မလိုတော့ပေ။

သားဖြစ်သူ၏ မေးခွန်းကို ကြားသောအခါ ရွှယ်ပိုင်ကျိန်း တိတ်ဆိတ် သွားလေသည်။

သူမက ကျန်းချဲ့ကို ဖျောင်းဖျလိုက်သည် ဟုတ်လား။ မဟုတ်ပေ။ ကျန်းချဲ့က သူမကို အတင်းအဓမ္မ ဖိနှိပ် ချေမှုန်းပြီး သိမ်းသွင်းလိုက်ခြင်း ပင်ဖြစ်သည်။ သို့သော် ဤကိစ္စများကို သဘာဝကျကျပင် သားဖြစ်သူကို ပြောပြ၍ မရနိုင်ချေ။

ခေတ္တမျှ တိတ်ဆိတ် နေပြီးနောက် သူမ က ပြောလိုက်လေသည်။

"ကျန်းချဲ့ အရင်က ပြသခဲ့တဲ့ အပြုအမူ တွေက သူ တစ်ခုခုကို လိုချင်နေတယ် ဆိုတာ သက်သေပြနေတယ်လေ... အဲ့ဒါကြောင့် မယ်တော်ကြီးက အခြေအနေကို သုံးသပ်ပြီး ကောင်းကင်မိစ္ဆာ ကျောက်စိမ်းဧကရာဇ် ကြာပန်း တစ်ပွင့် ပေးပြီးတော့ သူနဲ့ သဘောတူညီမှု ယူလိုက်တာပါ..."

"ကောင်းကင်မိစ္ဆာ ကျောက်စိမ်းဧကရာဇ် ကြာပန်း တစ်ပွင့်တည်း နဲ့တင် လုံလောက်သွားပြီလား..."

ရွှီမိသားစု၏ တူတော်မောင် တစ်ယောက် အနေဖြင့် ကျီချန်ရှန်း လည်း အချို့သော အရာများကို နားလည်ထားလေသည်။ ဤပစ္စည်းမှာ တိတိကျကျ မည်သည့် အရာဖြစ်မှန်း မသိသော်ငြား ဝိညာဉ်ဆေးပင် တစ်မျိုး ဖြစ်မည်ဟုတော့ အကြမ်းဖျင်း ခန့်မှန်းမိလေသည်။ ထို့ကြောင့် သူ့ကို အနည်းငယ် သံသယ ဝင်သွားစေလေသည်။

"ကောင်းကင်မိစ္ဆာ ကျောက်စိမ်းဧကရာဇ် ကြာပန်း က မိစ္ဆာနယ်မြေ ကနေ လာတာပါ... အလယ်ပိုင်းဒေသမှာ ရှိတာ အရမ်း နည်းလွန်းတယ်... ထင်ထားတာထက် အများကြီး ပိုပြီး အဖိုးတန်တယ်..."

ကျီချန်ရှန်း အများကြီး တွေးတော နေမည်ကို စိုးရိမ်သဖြင့် မိဖုရားကြီး ရွှယ်ပိုင်ကျိန်း က အလျင်အမြန်ပင် ရှင်းပြလိုက်လေသည်။

"ဪ... ဒီလိုကိုး..."

ကျီချန်ရှန်း ရုတ်တရက် နားလည် သဘောပေါက် သွားလေသည်။ ထို့နောက် သက်ပြင်းချကာ ဆက်ပြောလိုက်လေသည်။

"ဝိညာဉ်ဆေးပင် တစ်ပင်တည်း နဲ့ ဒီတစ်ကြိမ် အကျပ်အတည်း ကို ဖြေရှင်းနိုင်ခဲ့တာ ကလည်း တန်ပါတယ်လေ... မယ်တော်ကြီး အရင် နားနေလိုက်ပါဦး... သားတော် အခုချက်ချင်း ရွှီချိုးယွဲ့ အဲ့ဒီ မိန်းမယုတ် ရဲ့ ကိစ္စကို သွားပြီး ဖြေရှင်းလိုက်ပါ့မယ်..."

အကျပ်အတည်း ပြေလည်သွားပြီ ဆိုသော်ငြား ဤကိစ္စက နောက်ဆုံးတွင် သူ၏ ရင်ထဲ၌ ဆူးတစ်ချောင်း အဖြစ် ကျန်ရစ်နေခဲ့လေပြီ။ ဤဆူးကို မဖြစ်မနေ ဆွဲနှုတ်ပစ်ရမည် ဖြစ်လေသည်။ အကယ်၍ ထိုသို့သာ မဟုတ်ပါက ဤအားနည်းချက်ကို အသုံးချကာ ကျန်းချဲ့က သူ့ကို တစ်သက်လုံး ခြိမ်းခြောက်နေမည်ဟု သူ ခန့်မှန်းမိလေသည်။

သူကတော့ ကျန်းချဲ့၏ အပြတ်အသတ် ချုပ်ကိုင်ထားခြင်းကို လုံးဝ မခံလိုချေ။

"နေဦး..."

မိဖုရားကြီး ရွှယ်ပိုင်ကျိန်း က ရုတ်တရက် အသံထွက်ကာ သူ့ကို တားဆီးလိုက်လေသည်။

"မယ်တော်ကြီး... ဘာများ ရှိသေးလို့လဲ..."

ကျီချန်ရှန်း ခြေလှမ်းများ ရပ်တန့်သွားလေသည်။

"ကျန်းချဲ့ နဲ့ သဘောတူညီမှု ယူထားတာက ကောင်းကင်မိစ္ဆာ ကျောက်စိမ်းဧကရာဇ် ကြာပန်း တစ်ပွင့်တည်း မဟုတ်ဘူး... ရွှီချိုးယွဲ့ရဲ့ ကိစ္စလည်း ပါသေးတယ်..."

"သူမနဲ့ ဘာဆိုင်လို့လဲ..."

ကျီချန်ရှန်း မျက်မှောင် တင်းတင်း ကြုတ်သွားလေသည်။

"ရွှီချိုးယွဲ့ က အခု ကျန်းချဲ့ရဲ့ လက်ထဲမှာ ရှိနေတယ်... သူက ဒါကို အသုံးချပြီး မြို့တော်ထဲက ချင်းထျန်းမိစ္ဆာဂိုဏ်း ရဲ့ အင်အားစု အချို့ကို ချုပ်ကိုင်ချင်နေတာ... ဒါမှ နောက်ပိုင်း ကိစ္စတွေ အတွက် ပြင်ဆင်လို့ ရမှာကိုး... အဲ့ဒါကြောင့် ရွှီချိုးယွဲ့ ရဲ့ ကိစ္စမှာ မင်းက မသိချင်ယောင် ဆောင်နေရုံသာမက တတ်နိုင်သမျှ ဖုံးကွယ်ထားပေးရဦးမယ်... တကယ်လို့ တစ်ယောက်ယောက်က မေးလာရင် ရွှီချိုးယွဲ့ အိမ်တော်ထဲမှာ တံခါးပိတ် ကျင့်ကြံနေတယ် လို့ပဲ ပြောလိုက်..."

ကျန်းချဲ့၏ ဆန္ဒကို ယခုအခါ လုံးဝ ဆန့်ကျင်၍ မရနိုင်တော့ဘဲ အလိုကျ လိုက်လုပ်ပေးရန်သာ ရှိတော့ကြောင်း ရွှယ်ပိုင်ကျိန်း ကောင်းစွာ သိရှိထားလေသည်။ ကျီချန်ရှန်း ပြဿနာ ရှာမည်ကို စိုးရိမ်သဖြင့် သူမ အနေဖြင့် ဤကိစ္စကို သေချာပေါက် မှတ်ထားစေရန် သတိပေးရခြင်း ဖြစ်လေသည်။

"ဘာ... ဒါ... ဒါက..."

ကျီချန်ရှန်း မျက်လုံးများ ပြူးကျယ်သွားလေသည်။

'ကျန်းချဲ့က ဒါကို အသုံးချပြီး ချင်းထျန်းမိစ္ဆာဂိုဏ်းကို ချုပ်ကိုင်ချင်တာ ဟုတ်လား... ဒါက ငါ့ကို နည်းလမ်းပြောင်းပြီး ချုပ်ကိုင်ချင်တာ အသိသာကြီးပဲ မဟုတ်လား... ကျန်းချဲ့က ရွှီချိုးယွဲ့ကို အချိန်မရွေး ချုပ်ကိုင်ထားနိုင်သရွေ့ ငါက နည်းနည်းလေးမျှ ရိုင်းစိုင်းရဲမှာ မဟုတ်တော့ဘူး... နောက်ဆို ကျန်းချဲ့ရဲ့ အရိပ်အောက်မှာ တစ်သက်လုံး နေသွားရတော့မှာလား... ပြီးတော့ ကျန်းချဲ့က မိန်းမဆိုရင် အရမ်းမက်တာ လူတိုင်းအသိပဲလေ... ကျန်းချဲ့သာ ရွှီချိုးယွဲ့ကို ချုပ်ကိုင်ထားရင် ငါ့ကို အချိန်မရွေး နေရာမရွေး ချိုမြိန်တဲ့ ဦးထုပ်စိမ်းကြီး ဆောင်းပေးတော့မှာ မဟုတ်လား... သည်းမခံနိုင်ဘူး... လုံးဝကို သည်းခံလို့ မရဘူး...'

"မယ်တော်ကြီး... ဒီလို တောင်းဆိုမှုမျိုးကို မယ်တော်ကြီး ဘယ်လိုလုပ်ပြီး သဘောတူလိုက်ရတာလဲ... ဒါ... ဒါက..."

ကျီချန်ရှန်း၏ စကား မဆုံးမီမှာပင် ရွှယ်ပိုင်ကျိန်းက ကြားဖြတ် ပြောဆိုလိုက်လေသည်။

"ဒီလို အခြေအနေမျိုး ရောက်နေပြီ ဆိုမှတော့ ငါတို့မှာ တခြား ရွေးချယ်စရာ ရှိသေးလို့လား... ကောင်းကင်မိစ္ဆာ ကျောက်စိမ်းဧကရာဇ် ကြာပန်း က အဖိုးတန်တယ် ဆိုပေမဲ့ ရွှီမိသားစု တစ်ခုတည်း ပိုင်ဆိုင်ထားတာ မှ မဟုတ်တာ... ဒီကိစ္စကို သဘောမတူဘူး ဆိုရင် မင်း အခု ပိုင်ဆိုင်ထားတဲ့ အရာတွေ အကုန်လုံး ချက်ချင်း ပျောက်ကွယ်သွားလိမ့်မယ်..."

ရွှယ်ပိုင်ကျိန်း၏ ကြိမ်းမောင်းသံတွင် အနည်းငယ် တင်းကျပ် ပြင်းထန်မှုများ ပါဝင်နေလေသည်။

"သားတော်..."

ကျီချန်ရှန်း၏ မျက်ဝန်းများ အနည်းငယ် မှိုင်းညို့သွားပြီး ဘေးရှိ လက်ဖက်ရည်စားပွဲကို အားပြုကာ နက်နက်ရှိုင်းရှိုင်း စဉ်းစား တွေးတောနေလေသည်။

ခေတ္တမျှ ကြာပြီးနောက် သူ ခေါင်းကို ရုတ်တရက် မော့လိုက်လေသည်။

"မယ်တော်ကြီး... ဒီလိုဆိုရင် သားတော်တို့ နှစ်ယောက်စလုံး ကျန်းချဲ့ရဲ့ ချုပ်ကိုင်မှုအောက် ရောက်သွားလိမ့်မယ်... ဒါက လုံးဝ မဖြစ်နိုင်ဘူး... သားတော် အမြင်ကို ပြောရရင် ကျန်းချဲ့ကို သားတော်တို့ ဘက်ပါလာအောင် အပြတ်အသတ် ဆွဲဆောင် စည်းရုံးရမယ်... အဲ့ဒီလိုဆိုရင် အတူတူ ကြီးပွားပြီး အတူတူ ပျက်စီးမယ့် အခြေအနေ ရောက်သွားမှာမို့ ကျန်းချဲ့လည်း ငါတို့နဲ့ အပြတ်အသတ် မျက်နှာချင်းဆိုင် ရဲမှာ မဟုတ်တော့ဘူး..."

'သူ့ကို ဆွဲဆောင် စည်းရုံးဖို့ ဆိုတာ ဘယ်လောက်တောင် ခက်ခဲလိုက်သလဲ... ကျန်းချဲ့ကို ငါကိုယ်တိုင်တောင် ဘာမှမလုပ်နိုင်ခဲ့တာ... သူ့ကို ဆွဲဆောင် စည်းရုံးဖို့ ငါ့မှာ ဘာအရည်အချင်းများ ရှိနေသေးလို့လဲ... ဒူးထောက်ပြီး မျက်နှာချိုသွေး ရမှာလား...'

ရွှယ်ပိုင်ကျိန်း ၏ ရင်ထဲတွင် ကြောက်လန့်တုန်လှုပ်မှုများ ဖြတ်ပြေးသွားလေသည်။ သူမ၏ မိဖုရားကြီး ဆိုသော အဆင့်အတန်းက ကျန်းချဲ့ကို နည်းနည်းလေးမျှ ခြိမ်းခြောက်နိုင်စွမ်း မရှိခဲ့ချေ။

"ကျန်းချဲ့က ဒီလို လုပ်တယ် ဆိုမှတော့ သေချာပေါက် တစ်နေရာရာမှာတော့ အလျှော့ပေးလိမ့်မယ်... မည်သို့ပဲဖြစ်ဖြစ် ချင်းထျန်းမိစ္ဆာဂိုဏ်းကို ချုပ်ကိုင်ချင်တဲ့ အစီအစဉ် ပျက်စီးသွားတာကို သူလည်း လက်ပိုက် ကြည့်နေမှာ မဟုတ်ဘူးလေ... ပိုပြီး အရေးကြီးတာက သူ တစ်ခုခုကို လိုချင်နေတယ် မဟုတ်လား... မယ်တော်ကြီးရဲ့ လက်ထဲမှာ ကောင်းကင်မိစ္ဆာ ကျောက်စိမ်းဧကရာဇ် ကြာပန်း ရှိနေမှတော့ ဒါကို အသုံးချပြီး သူ့ကို ဆွဲဆောင် စည်းရုံးလို့ ရတာပေါ့... ပြီးတော့ သားတော်ကလည်း မင်းသား တစ်ပါး ဖြစ်နေတော့ သူ့အတွက် မသေးငယ်တဲ့ အကူအညီတွေ ပေးနိုင်ပါတယ်... ဒီလို အကြိမ်ကြိမ် ဆွဲဆောင် စည်းရုံးပြီး မယ်တော်ကြီး ဘက်ကလည်း နည်းနည်းလောက် ဖိအားပေးလိုက်ရင် ကျန်းချဲ့ကို သိမ်းသွင်းနိုင်ဖို့ ရာခိုင်နှုန်း အရမ်း များပါတယ်..."

ဤအရာများကို တွေးတောရင်း ကျီချန်ရှန်း၏ စိတ်ကူးများလည်း အလိုအလျောက် ပင် ပြန့်ကျဲ သွားလေတော့သည်။

ကျန်းချဲ့ကို ဆွဲဆောင် စည်းရုံးနိုင်ခြင်းက သူ့အတွက်တော့ အလွန် ကြီးမားသော အကူအညီ တစ်ရပ် ဖြစ်လာမည်မှာ အသေအချာ ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျန်းချဲ့သည် လောကတွင် နာမည်ကျော်ကြားသော နံပါတ်တစ် ပါရမီရှင် လူငယ် တစ်ယောက် ဖြစ်ရုံသာမက ပေလင် ချီမိသားစု ၏ ချွေးမက်တော် လည်း ဖြစ်ရာ အသုံးပြုနိုင်သော အရင်းအမြစ်များက အလွန် ကြီးမားလှပေသည်။ အရေးအကြီးဆုံးမှာ ကျန်းချဲ့၏ နောက်ကွယ်တွင် တောင်တန်းကြီးသဖွယ် အားကိုးရသော နတ်မင်းကြီး ကျီချန်တောက်၏ ထောက်ခံမှု ရှိနေခြင်း ပင်ဖြစ်သည်။

ဤအရာကသာ အကြီးမားဆုံးသော အားကိုးရာ ဖြစ်လေသည်။ အကယ်၍ သူသာ ကျန်းချဲ့ကို ဆွဲဆောင် စည်းရုံးပြီး အကူအညီ အဖြစ် အသုံးပြုနိုင်မည် ဆိုပါက ယနေ့ ကိစ္စမှာ ကပ်ဘေး တစ်ခု မဟုတ်ရုံသာမက အခွင့်အရေးကောင်း တစ်ခု ပင် ဖြစ်လာနိုင်ချေ ရှိလေသည်။

တွေးမိလေလေ ကျီချန်ရှန်း၏ ရင်ထဲတွင် ဖြစ်နိုင်ခြေ ရှိသည်ဟု ခံစားရလေလေ ပင်ဖြစ်သည်။

"ဒီကိစ္စကို နောက်မှ ပြန်ဆွေးနွေးကြတာပေါ့... မယ်တော်ကြီး ကောင်းကင်မိစ္ဆာ ကျောက်စိမ်းဧကရာဇ် ကြာပန်း ကို ရတဲ့ အချိန်ကျမှ ဆက်ပြောကြတာပေါ့..."

သူမ ခေတ္တမျှ တိတ်ဆိတ် နေပြီးနောက် ပြန်ဖြေလိုက်လေသည်။

"အဲ့ဒီ အချိန်ကျရင် မယ်တော်ကြီး အဆင်မပြေဘူး ဆိုရင် သားတော် ကိုယ်တိုင်ပဲ ကျန်းချဲ့ကို သွားပြီး ဆွဲဆောင် စည်းရုံးလိုက်ပါ့မယ်... ဒါပေမဲ့ အဲ့ဒီအချိန်ကျရင် မယ်တော်ကြီး ကောင်းကင်မိစ္ဆာ ကျောက်စိမ်းဧကရာဇ် ကြာပန်း ကို သားတော့်ဆီ အရင် ပေးထားရမယ်နော်..."

"ထားလိုက်ပါတော့... ကျန်းချဲ့က သာမန်လူ မဟုတ်ဘူး... လုပ်ကိုင်တဲ့ နည်းလမ်းတွေကော စိတ်နေသဘောထား တွေကပါ သာမန် မဟုတ်ဘူး... မင်းက အခု ငယ်ပါသေးတယ်... သူနဲ့ ဆက်ဆံတဲ့ ကိစ္စတွေကို မယ်တော်ကြီး ကိုယ်တိုင်ပဲ လုပ်လိုက်ပါ့မယ်... သူ့ကို တကယ် ဆွဲဆောင် စည်းရုံးလို့ ရမရ ဆိုတာ ကြည့်ရသေးတာပေါ့..."

"ကောင်းပါပြီ... ဒါဆိုလည်း မယ်တော်ကြီး ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့..."

"မယ်တော်ကြီး နည်းနည်း ပင်ပန်းနေပြီ... လူတစ်ယောက်ကို ရေနွေး နည်းနည်းလောက် ပြင်ခိုင်းလိုက်... မယ်တော်ကြီး ရေစိမ်ချင်လို့..."

ရွှယ်ပိုင်ကျိန်း လေပူ တစ်ချက်ကို မှုတ်ထုတ် လိုက်လေသည်။

"ဟုတ်ကဲ့ပါ... သားတော် အခုပဲ သွားပြီး စီစဉ်ခိုင်းလိုက်ပါ့မယ်..."

အခန်း အတွင်းတွင် မြူခိုးများ ရစ်သိုင်း နေပြီး နတ်ပြည် နတ်နန်း အလား ပင်ဖြစ်သည်။

ရေချိုးစည်ပိုင်း အတွင်းတွင် အလှပိုင်ရှင် တစ်ဦး၏ ကျောပြင်လေးမှာ မြူခိုးများ အကြားတွင် ဝေဝါးစွာ ပေါ်လွင် နေလေသည်။ ဖြူဖွေး နုဖတ်နေသော လက်မောင်းလေးများ... ဆွဲဆောင်မှု ရှိသော ခန္ဓာကိုယ် ကောက်ကြောင်းများ... အရာအားလုံးက အလှပိုင်ရှင်လေး ရေချိုးနေစဉ် ထွက်ပေါ်လာသည့် ဆွဲဆောင်မှု များကို အပြည့်အဝ ပြသနေလေသည်။

သို့သော် အရှေ့ဘက်မှ ကြည့်မည် ဆိုပါက သူမ၏ ကိုယ်ပေါ်တွင် အနက်အရှိုင်း မတူညီသော အစင်းကြောင်းများ ပြည့်နှက် နေသည်ကို မြင်တွေ့ရမည် ဖြစ်လေသည်။ ရွှယ်ပိုင်ကျိန်း က ရေများကို ပက်ဖျန်း ကာ မျက်မှောင် တင်းတင်း ကြုတ်ထားလေသည်။

ယနေ့ ဖြစ်ပျက်ခဲ့သော ကိစ္စများ အားလုံးက သူမ၏ ခေါင်းထဲတွင် အလိုအလျောက် ပေါ်ထွက်လာလေသည်။

ရိုက်နှက် ခံရခြင်း... ဒူးထောက် ခဲ့ရခြင်း... ထို့အပြင် စော်ကား လွန်ကျူး ခံခဲ့ရခြင်း...

ဤအရာများ က ခမ်းနား ကြီးကျယ်လှသော မိဖုရားကြီး တစ်ပါး ဖြစ်သည့် သူမ အတွက်တော့ အလွန် ကြီးမားသော အရှက်တကွဲ အကျိုးနည်း ဖြစ်ရခြင်း ပင်ဖြစ်သည်။ အစပိုင်းက ရွှယ်ပိုင်ကျိန်း သည် မိမိကိုယ်မိမိ ကျန်းချဲ့ကို အလွန်အမင်း မုန်းတီး လိမ့်မည်ဟု ထင်မှတ် ထားခဲ့သော်ငြား ယခုအခါတွင်တော့ သူမ ကိုယ်တိုင် ပင် မည်သို့ ဖြစ်နေမှန်း မသိတော့ချေ။

မုန်းလည်း မုန်းတီး သလို... လွမ်းဆွတ် တမ်းတ မှုများလည်း ရှိနေလေသည်။

ကျန်းချဲ့ က သူမကို ရိုက်နှက် စဉ်က အမှန်တကယ် ပင် အားကုန် အသုံးပြုခဲ့ခြင်း ဖြစ်လေသည်။ သို့သော် နောက်ပိုင်း ပြန်လည် စဉ်းစားကြည့်သော အခါ ရှင်းပြ၍ မရနိုင်သော လှုံ့ဆော်မှု တစ်ခုကို ခံစား နေရသည်မှာ ဘာသဘောလဲ။

'ငါ အရိုက်ခံရတာကို စွဲလမ်းသွားတာများလား... မဟုတ်ဘူး... မဖြစ်နိုင်ဘူး... ငါက ခမ်းနား ကြီးကျယ်လှတဲ့ မိဖုရားကြီး တစ်ပါး... တစ်နိုင်ငံလုံး ရဲ့ မိခင်... ဘယ်လိုလုပ်ပြီး ဒီလောက်အထိ အောက်တန်း ကျနိုင်မှာလဲ... မှတ်ဉာဏ် တွေက အရမ်း နက်ရှိုင်း လွန်းနေလို့ အဲ့ဒီ အချိန်က မြင်ကွင်းတွေကို အလိုအလျောက် ပြန်ပြီး သတိရသွားတာ နေမှာပါ...'

"ဒေါက်... ဒေါက်..."

တွေးတော နေဆဲမှာပင် ရုတ်တရက် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာလေသည်။

"မိဖုရားကြီး..."

"ဘာကိစ္စလဲ..."

မိမိ၏ ကိုယ်ရေးကိုယ်တာ အစေခံမလေး ၏ အသံ ဖြစ်ကြောင်း သိရှိသွားသဖြင့် ရွှယ်ပိုင်ကျိန်း က အေးစက်စက် ပြန်ဖြေလိုက်လေသည်။

"ခုနလေးတင် နန်းတော်ထဲကနေ သတင်းလာပို့ပါတယ်... ဧကရာဇ်မင်း က မိဖုရားကြီးကို မေးစရာ ရှိလို့ စာကြည့်ဆောင် ကို တစ်ခေါက်လောက် လာခဲ့ပါ တဲ့..."

"ဘာ..."

"ဗွမ်း..."

ရွှယ်ပိုင်ကျိန်း ၏ လက်ထဲရှိ ပဝါလေး ရေချိုးစည်ပိုင်း အတွင်းသို့ ပြုတ်ကျ သွားပြီး ရင်ထဲတွင် အံ့အားသင့် မှုများနှင့် အတူ အလွန်အမင်း ကြောက်လန့် သွားရလေသည်။

သူမ ယခုလေးတင် ဧကရာဇ်မင်း အပေါ် သစ္စာဖောက် သည့် ကိစ္စကို ကျူးလွန် ခဲ့ပြီးသည်နှင့် ချက်ချင်းပင် နန်းတော် အတွင်းသို့ ဆင့်ခေါ် ခံလိုက်ရလေပြီ။ ရင်ထဲတွင် အလွန်အမင်း ကြောက်ရွံ့ ထိတ်လန့် နေပြီး ယနေ့ ကိစ္စများကို ဧကရာဇ်မင်း သိရှိသွားမည်ကို အလွန် စိုးရိမ် နေမိလေသည်။ အကယ်၍ ထိုသို့သာ အမှန်တကယ် ဖြစ်ခဲ့မည် ဆိုပါက...

သူမ တကယ်ကို အဆုံးသတ် သွားတော့မည် ဖြစ်လေသည်။

သူမ သေဆုံး ရမည် သာမက ရွှီမိသားစု ပါ ဆွဲသွင်း ခံရမည် ဖြစ်လေသည်။

ထိတ်လန့် ကြောက်ရွံ့ မှုများ အပြီးတွင် ရွှယ်ပိုင်ကျိန်း အလျင်အမြန် ပင် သတိပြန်ဝင် လာလေသည်။ အကယ်၍ သူမ ပြစ်မှု ကျူးလွန်ထားသည် ကိုသာ တွေ့ရှိသွားပါက ဧကရာဇ်မင်း အနေဖြင့် ဤကဲ့သို့သော အပြုအမူ မျိုးဖြင့် ဆက်ဆံမည် မဟုတ်ချေ။ သူမကို မေးစရာ ကိစ္စ တစ်ခုခု ရှိနေ၍ သက်သက်သာ ဖြစ်တန်ရာလေသည်။

'သစ္စာဖောက် ရတာက ကိစ္စသေးတယ်... သတင်း ပေါက်ကြားသွားတာ ကမှ ကိစ္စကြီးပဲ...'

မိမိကိုယ်မိမိ ဤသို့ ဖြေသိမ့် နေသော်ငြား သူမ ၏ ရင်ထဲတွင် ကြောက်ရွံ့ နေဆဲ ပင်ဖြစ်သည်။ ချက်ချင်းပင် မိမိကိုယ်မိမိ အားပေး ကာ ဧကရာဇ်မင်း က ဘာ ထူးဆန်းမှု မှ မရိပ်မိ စေရန် အကြိမ်ကြိမ် ဆုတောင်း နေမိလေသည်။

အချိန် အတော်ကြာ စဉ်းစား ပြီးနောက် မိဖုရားကြီး ရွှယ်ပိုင်ကျိန်း လည်း နောက်ဆုံးတွင်တော့ စိတ်ကို အနည်းငယ် တည်ငြိမ် အောင် ထားနိုင်ခဲ့ပြီး ရင်ထဲရှိ စိုးရိမ် ပူပန် မှု များကို ဖိနှိပ် ထားလိုက်လေသည်။

ထို့နောက် ရင်ထဲတွင် အတွေးပေါင်း များစွာ ဖြင့် မင်းသားအိမ်တော် မှ ထွက်ခွာ ကာ နန်းတော် ဆီသို့ ဦးတည် သွားလေတော့သည်။

All Chapters