အခန်း ၄၂၀
Vol. 42 Ch. 420
အခန်း (၄၂၀) အိမ်တော်အတွင်းက တရားဆွေးနွေးပွဲ၊ နယ်စားကြီး ဖြစ်လာခြင်း
ယခင်တစ်ခေါက်က မယ်တော်ကြီးသည် ကျန်းချဲ့ကို ဆွဲဆောင်စည်းရုံးရန် ရည်ရွယ်ချက်ရှိကြောင်း ပြသခဲ့ပြီးနောက် ဤရက်ပိုင်းအတွင်း ကျီချန်ရှန်းသည် ထိုကိစ္စကိုသာ အမြဲတမ်း စဉ်းစားတွေးတောနေခဲ့သည်။
ရှေ့တွေးနောက်တွေး မည်သို့ပင် တွေးတောစေကာမူ ဤကိစ္စသည် မလုပ်မဖြစ် လုပ်ရမည့် ကိစ္စတစ်ခု ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားပေသည်။
အကယ်၍ ကျန်းချဲ့ကိုသာ သူ၏ ဘက်ပါလာအောင် ဆွဲဆောင်နိုင်မည်ဆိုပါက သူသည် အလွန်ကြီးမားသော အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပြီး အစ်ကိုကြီး၊ အစ်ကိုလတ်တို့နှင့် ယှဉ်ပြိုင်ရန် အမှန်တကယ် အရည်အချင်း ပြည့်မီလာမည် ဖြစ်သည်။
အကယ်၍ ခေါက်ရှန်းနတ်မင်းကြီး ကပါ သူ့ကို ထောက်ခံမည်ဆိုပါက ထိုကိစ္စတွင် မည်သည့် သံသယမျှ ဝင်စရာ မလိုတော့ပေ။
သေချာသည်ကတော့ ဤအရာများ အားလုံးမှာ ခမည်းတော်က သူ့ကို ဖိနှိပ်ချေမှုန်းခြင်း မရှိမှသာ ဖြစ်နိုင်မည် ဖြစ်သည်။
ထို့ကြောင့် ကျီချန်ရှန်းသည် ကျန်းချဲ့နှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံပြီး ဤကိစ္စများကို ဆွေးနွေးလိုသော်ငြား အခြေအနေအရ မယ်တော်ကြီးက သူ့ကို ဤအခွင့်အရေး ပေးမည် မဟုတ်ချေ။
မယ်တော်ကြီး ကိုယ်တိုင်သာ သွားရောက် တွေ့ဆုံမည် ဖြစ်သည်။ ဤအပေါ်တွင် ကျီချန်ရှန်းသည် အလွန်အမင်း ကျေးဇူးတင်နေမိသည်။
သို့သော် မယ်တော်ကြီးကို သတိပေးရန်လည်း သူ မမေ့လျော့ခဲ့ချေ။
'ကျန်းချဲ့က လူတိုင်း လိုချင်နေတဲ့သူဆိုတော့ သေသေချာချာ ဖိအားပေးပြီး ဆွဲဆောင်မှသာ ရနိုင်မှာပါလား'
"မင်းက မယ်တော်ကြီးကို ဘယ်လို လုပ်ရမယ်ဆိုတာ သင်ပေးနေတာလား"
ရွှယ်ပိုင်ကျိန်း မျက်မှောင်ကြုတ်သွားသည်။
"မဟုတ်ပါဘူး မဟုတ်ရပါဘူး သားတော်က အဲ့ဒီလို သဘောမျိုး မဟုတ်ပါဘူး"
ကျီချန်ရှန်းက အလျင်အမြန်ပင် ပြုံးဖြဲဖြဲဖြင့် ပြန်ဖြေလိုက်သည်။
ဤ အသုံးမကျသော သားဖြစ်သူကို တစ်ချက် စွေကြည့်လိုက်ပြီးနောက် ရွှယ်ပိုင်ကျိန်းက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
"ကျန်တဲ့ ကိစ္စတွေကို မင်း ဝင်ပါစရာ မလိုဘူး မယ်တော်ကြီးမှာ ကိုယ်ပိုင် နည်းလမ်းတွေ ရှိပါတယ်"
"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ"
ကျီချန်ရှန်းက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
ရွှယ်ပိုင်ကျိန်း ကတော့ ရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။
'ငါ မိဖုရားကြီး နေရာကို ရသွားကတည်းက သားတော်ရဲ့ အိမ်ရှေ့မင်းသား နေရာက သေချာနေပြီလို့ ထင်ပြီး ရှန်းအာ ကို သေသေချာချာ မဆုံးမခဲ့မိတာ တခြား မင်းသားနှစ်ပါး နဲ့ ယှဉ်ရင် ရှန်းအာ က တကယ်ကို အများကြီး လိုအပ်ချက်တွေ ရှိနေသေးတာပဲ'
"ဒါဆို မယ်တော်ကြီး ဘယ်တော့လောက် သွားဖို့ ပြင်ထားလဲ"
"ခဏနေရင် သွားမယ်"
ရွှယ်ပိုင်ကျိန်းသည် မိဖုရားကြီး တစ်ပါးဖြစ်ရာ ညအချိန်မတော် သူတစ်ပါးအိမ်သို့ သွားရောက်လည်ပတ်မည် မဟုတ်ချေ။
တစ်စုံတစ်ယောက်ကသာ မြင်တွေ့သွားပါက ကိစ္စရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရှင်းပြရန် အလွန် ခက်ခဲမည် ဖြစ်သည်။ သို့သော် နေ့ခင်းဘက်တွင် ပေါ်ပေါ်ထင်ထင် သွားရောက်မည်ဆိုပါက ပို၍ ရှင်းလင်းလွယ်ကူမည် ဖြစ်သည်။
သို့သော် သူမ ရင်ထဲတွင်တော့ အနည်းငယ် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေမိသည်။
'ရှန်းအာ ကတော့ ဖိအားပေးဖို့ ပြောတယ် ဧကရာဇ်မင်း ကတော့ သည်းခံဖို့ ပြောတယ် ငါက ဘယ်လို လုပ်ရမလဲ ဖိအားပေးရမလား သည်းခံရမလား'
ထိတ်လန့်စိုးရိမ်မှုများနှင့် စိတ်လှုပ်ရှားမှုများ ရောယှက်နေသော ခံစားချက်များဖြင့် ရွှယ်ပိုင်ကျိန်းသည် နောက်ဆုံးတွင်တော့ ကွမ်ကျွင်းနယ်စား အိမ်တော်၏ တံခါးပေါက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဤတစ်ကြိမ်တွင် သူမသည် ယခင်ကကဲ့သို့ သာမန် ဝတ်စားဆင်ယင်ထားခြင်း မရှိတော့ဘဲ အလွန် ခမ်းနားကြီးကျယ်စွာ ဝတ်ဆင်ထားလေသည်။
ရွှေရောင်ကြိုးများ ဖြင့် ကွပ်ထားသော ဖီးနစ် ဂါဝန်ရှည်က လမ်းလျှောက်လိုက်တိုင်း တည်ငြိမ်အေးချမ်းသော အငွေ့အသက်များကို ထုတ်လွှတ်နေပြီး ဂါဝန်အစွန်းများ လှုပ်ခတ်သွားတိုင်း ပုလဲရတနာများ ထိခိုက်သံက နားဝင်ပိယံ ရှိလှပေသည်။
ခေါင်းပေါ်တွင် ဆောင်းထားသော ရွှေရောင် ဖီးနစ် သရဖူကလည်း တည်ငြိမ်ခမ်းနားလှသော ဂုဏ်ကျက်သရေကို ဖော်ပြနေသည်။ စကားတစ်ခွန်းတည်းဖြင့် ဖော်ပြရမည်ဆိုလျှင် သူမသည် အလွန်တရာ ကြီးကျယ်ခမ်းနားလှပေသည်။
သူမ၏ အလှအပနှင့် ပတ်သက်၍တော့ အထူးပြောနေရန် မလိုတော့ချေ။ ရွှယ်ပိုင်ကျိန်း၏ ရုပ်ရည်မှာ အလွန်တရာ ထူးခြားပြောင်မြောက်ပြီး ပြိုင်ဘက်ကင်း အလှပိုင်ရှင် တစ်ဦးဟုပင် ဆိုနိုင်လေသည်။
ထို့အပြင် မိဖုရားကြီး ဆိုသော အဆင့်အတန်းကပါ ပေါင်းစပ်လိုက်သည့် အခါတွင်တော့ ကျန်းချဲ့၏ အကြိုက်ဆုံးသော ပုံစံမျိုး လုံးဝ ဖြစ်နေလေတော့သည်။
သေချာသည်ကတော့ ဤနေရာသို့ မလာရောက်မီတွင် ရွှယ်ပိုင်ကျိန်း အနေဖြင့် သေသေချာချာ ပြင်ဆင်ခြယ်သထားခဲ့ပြီး အလွန် ယဉ်ကျေးသိမ်မွေ့သော ဟန်ပန်ကို ပြသထားသော်ငြား သူမ၏ မျက်ဝန်းများ အနည်းငယ် လှုပ်ရှားသွားချိန်တွင်တော့ သူမကိုယ်တိုင်ပင် မသိလိုက်သော ဆွဲဆောင်မှုများ ထွက်ပေါ်လာသည်။
အပြုံးတစ်ချက်ကပင် ပန်းခြံတစ်ခုလုံးကို နွေဦးပေါက်သွားစေနိုင်သည့် အလားပင်ဖြစ်သည်။
ရွှယ်ပိုင်ကျိန်း ကိုယ်တိုင်ပင် မည်သည့်အတွက်ကြောင့် ဤမျှလောက် ခမ်းနားစွာ ပြင်ဆင်လာခဲ့ရသနည်း ဆိုသည်ကို မသိရှိချေ။
သို့သော် လာရောက်ရန် ပြင်ဆင်နေချိန်တွင် သူမ၏ စိတ်ထဲ၌ ဤကဲ့သို့သော အတွေးတစ်ခု ပေါ်လာခဲ့ပြီး ကျန်းချဲ့၏ အမြင်တွင် သူမ အလွန် လှပနေစေရန် ရည်ရွယ်ခဲ့ခြင်း ပင်ဖြစ်သည်။
အမှန်တကယ်တော့ ရွှယ်ပိုင်ကျိန်း လုပ်နိုင်ခဲ့လေသည်။
ကျန်းချဲ့ အမှန်တကယ်ပင် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။
သူမ၏ မျက်လုံးများထဲတွင် ကြယ်ရောင်များ လင်းလက်နေပြီး မျက်ခုံးမွေးလေးများကလည်း သစ်ခက်လေးများအလား လှပစွာ တွန့်ကွေးနေကာ သူမကို အလွန် ထူးခြားသော အလှတရား တစ်ခုကို ပေးစွမ်းနေသည်။
နှုတ်ခမ်းလေးများမှာလည်း နီထွေးနေပြီး သွားလေးများကလည်း ဖြူဖွေးနေကာ သူမသည် ဇနီးသည် တစ်ယောက်၊ မိခင် တစ်ယောက် ဖြစ်နေပြီ ဆိုသည်ကို လုံးဝ မယုံကြည်နိုင်အောင် ပင်ဖြစ်သည်။
သူမ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော မွှေးပျံ့သည့် ရနံ့လေးကလည်း လူကို မူးယစ်သွားစေနိုင်လေသည်။
ကျန်းချဲ့ အံ့အားသင့်သွားသလို အနည်းငယ်လည်း သိချင်စိတ် ပြင်းပြသွားသည်။
'ဒီနေ့ ရွှယ်မိဖုရားကြီး ဘယ်လို ဖြစ်လာတာလဲ ဒေါသတွေများ ထွက်နေတာလား အဲ့ဒါလည်း မဖြစ်နိုင်ပါဘူး ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ငါ သားရေကြာပွတ်နဲ့ အဲ့ဒီလောက် အပြင်းအထန် ရိုက်နှက်ထားတာတောင် ရွှယ်ပိုင်ကျိန်း အနေနဲ့ ငါ့ကို မျက်နှာချင်းဆိုင်ရဲတော့မှာ မဟုတ်ဘူးလို့ ထင်ထားတာ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် လှပအောင် ပြင်ဆင်လာရတာလဲ ငါ့ရဲ့ ကြာပွတ်ရိုက်ချက်တွေက မှန်ကန်သွားလို့များလား'
ရင်ထဲတွင် အတွေးပေါင်းများစွာ ဝင်လာသော်ငြား အပြင်ပန်းတွင်တော့ ကျန်းချဲ့ မည်သည့် ထူးခြားမှုကိုမျှ မပြသခဲ့ချေ။ အလွန် ရိုသေလေးစားစွာဖြင့် အရိုအသေ ပေးလိုက်လေသည်။
"ကျွန်တော်မျိုး ကျန်းချဲ့ မိဖုရားကြီးကို ဂါရဝပြုပါတယ်"
လျှို့ဝှက်စွာဖြင့် သူမကို မည်သို့ပင် ရိုက်နှက်ဆုံးမခဲ့ပါစေ ပြင်ပလူများ ရှိနေချိန်တွင်တော့ ကျန်းချဲ့ သည် မိမိ၏ နေရာကို ကောင်းစွာ သိရှိသည်။ လက်ရှိ အချိန်တွင် သူသည် ထိုမျှလောက် မာနထောင်လွှားရန် အရည်အချင်း မပြည့်မီသေးချေ။
"ထပါလေ"
ကြီးကျယ်ခမ်းနားလှသော မိဖုရားကြီး ရွှယ်ပိုင်ကျိန်းသည် အလွန် တည်ငြိမ်နေပြီး သူမ လေသံမှာ ဖြည်းညင်းသော်ငြား ကြားရသူကို ကြောက်ရွံ့ ရိုသေသွားစေနိုင်လေသည်။
"ကျေးဇူးတင်ပါတယ် မိဖုရားကြီး မိဖုရားကြီး ကြွပါ"
ဟန်ဆောင်မှုများ ပြီးဆုံးသွားပြီးနောက် ကျန်းချဲ့ သည် မိဖုရားကြီးကို ဧည့်ခန်းမဆောင် အတွင်းသို့ ဖိတ်ခေါ်လိုက်သည်။ ထိုအချိန်အတွင်း သူသည် အလွန် စည်းကမ်းတကျ ပြုမူနေထိုင်ခဲ့ပြီး နည်းနည်းလေးမျှ ကျော်လွန်ခြင်း မရှိခဲ့ချေ။
ဤသည်က ရွှယ်ပိုင်ကျိန်း၏ ရင်ထဲမှ အုံ့မှိုင်းနေမှုများကို အတော်လေး ပျောက်ကွယ်သွားစေခဲ့သည်။
လျှို့ဝှက်စွာဖြင့် သူမ အရိုက်ခံခဲ့ရသော်ငြား အပြင်ဘက်တွင်တော့ ကျန်းချဲ့ သည် သူမကို အလွန် ရိုသေလေးစားမှု ပြသရမည်သာ ဖြစ်သည်။
"သူတို့ကို အရင် ထွက်သွားခိုင်းလိုက်ပါ ငါမိဖုရား ကွမ်ကျွင်းနယ်စား နဲ့ အရေးကြီးတဲ့ ကိစ္စတွေ ဆွေးနွေးစရာ ရှိလို့"
အထက်ဘက်နေရာတွင် ဝင်ထိုင်ပြီးနောက် ရွှယ်ပိုင်ကျိန်း သည် လက်ဝှေ့ယမ်းကာ ဘေးနားရှိ နန်းတွင်း အစေခံမလေး များကို ထွက်သွားရန် အမိန့်ပေးလိုက်လေသည်။
"သူတို့က ယုံကြည်ရရဲ့လား"
ကျန်းချဲ့ က ရုတ်တရက် မေးလိုက်သည်။
"အကုန်လုံးက ရွှယ်မိသားစု ကနေ ငါမိဖုရား ခေါ်လာတဲ့ သူတွေချည်းပါပဲ လျှို့ဝှက်ချက် ပေါက်ကြားမှာ မဟုတ်ပါဘူး"
"ဪ"
အသံကို အနည်းငယ် ဆွဲငင်လိုက်ပြီး ကျန်းချဲ့ သည် အမူအရာကင်းမဲ့စွာဖြင့် ဖြည်းညင်းစွာ ဝင်ထိုင်လိုက်သည်။ ထို့နောက် ရွှယ်ပိုင်ကျိန်းကို တစ်ချက် စွေကြည့်လိုက်လေသည်။
"ဘာကြောင်ကြည့်နေတာလဲ လာလေ"
ပြင်ပလူများ မရှိတော့သဖြင့် ကျန်းချဲ့ သည် မည်သည့်အရာကိုမျှ ဂရုစိုက်နေရန် မလိုအပ်တော့ချေ။
ယခင်က တစ်ကြိမ် ရိုင်းစိုင်းခဲ့ဖူးပြီး ဖြစ်ရာ ယခုမှ ယဉ်ကျေးနေရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စသာ ဖြစ်သည်။
ရွှယ်ပိုင်ကျိန်း နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီး ရင်ထဲတွင် အနည်းငယ် တင်းကျပ်သွားသော်ငြား ကျန်းချဲ့၏ အမိန့်ကို သူမ မဆန့်ကျင်ရဲချေ။ အလွန် လိမ္မာပါးနပ်စွာပင် ဂါဝန်စကို ကိုင်ကာ ကျန်းချဲ့၏ အနီးသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။
ယခင်က ခမ်းနားကြီးကျယ်မှုများ လုံးဝ မရှိတော့ချေ။
ကျန်းချဲ့ လည်း အားနာမနေတော့ဘဲ မိဖုရားကြီးကို သူ၏ ရင်ခွင်ထဲသို့ တိုက်ရိုက် ဆွဲသွင်းလိုက်လေသည်။
"ပစ္စည်းကော"
"ဒီမှာ"
ရွှယ်ပိုင်ကျိန်း ခေါင်းငုံ့ကာ ကောင်းကင်မိစ္ဆာ ကျောက်စိမ်းဧကရာဇ် ကြာပန်း ကို ထုတ်ယူပြီး ကျန်းချဲ့ထံသို့ ပေးအပ်လိုက်သည်။
ခေတ္တမျှ စစ်ဆေးကြည့်ပြီးနောက် ကျန်းချဲ့ သည် ၎င်းကို ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် လေဟာနယ် အတွင်းသို့ ချက်ချင်း သိမ်းဆည်းလိုက်သည်။ အမှားအယွင်း မရှိကြောင်း သေချာသွားသောအခါမှသာ သူ၏ ရင်ထဲမှ အလုံးကြီး ကျသွားရသည်။
ယခုအချိန်အထိ သူ ယဇ်ပူဇော် ပစ္စည်း နှစ်ခုသာ လိုအပ်တော့လေသည်။ မြို့တော် ခရီးစဉ်မှာ အမှန်တကယ်ပင် အပြည့်အဝ အောင်မြင်ခဲ့ပြီဟု ဆိုနိုင်ပေသည်။
ရွှယ်ပိုင်ကျိန်း၏ လှပသော မျက်နှာလေးကို ဆွဲမလိုက်ပြီး ကျန်းချဲ့ ပြုံးကာ ပြောလိုက်သည်။
"ဒီတစ်ကြိမ် ခင်ဗျား ကိုယ်တိုင် လာလိမ့်မယ်လို့ ကျုပ် တကယ်ကို ထင်မထားခဲ့ဘူး"
"မင်းကို ကတိပေးထားပြီးပြီ ဆိုမှတော့ ငါမိဖုရား က ကတိဖျက်မှာ မဟုတ်ပါဘူး"
ရွှယ်ပိုင်ကျိန်း သည် သူမ၏ စိတ်အခြေအနေကို အနည်းငယ် ပြန်လည် ထိန်းချုပ်လိုက်ပြီး လှပသော မျက်ဝန်းများဖြင့် ကျန်းချဲ့ကို တိုက်ရိုက် စိုက်ကြည့်ကာ ပြောလိုက်လေသည်။
"အရမ်းကောင်းတယ် ခင်ဗျားက ကျုပ် ထင်ထားသလောက် မတုံးအဘူးပဲ ပြောပါဦး ဘာလိုချင်လို့လဲ"
ရွှယ်ပိုင်ကျိန်း ကိုယ်တိုင်ကိုယ်ကျ ရောက်လာခြင်းကို ကြည့်ခြင်းအားဖြင့် သူမ၏ ရည်ရွယ်ချက်ကို ကျန်းချဲ့ အလွယ်တကူ ခန့်မှန်းနိုင်လေသည်။ တစ်ခုခုကို အလိုရှိ၍ သို့မဟုတ် သူ့ကို တစ်ခုခု အကူအညီ တောင်းလို၍ ဖြစ်ရမည်။
"မင်း ရှန်းအာ ကို နန်းမွေဆက်ခံနိုင်အောင် ကူညီ ထောက်ခံပေးစေချင်တယ် တကယ်လို့ သူသာ အောင်မြင်သွားရင် နောင်တစ်ချိန် မင်းအတွက်လည်း အများကြီး အဆင်ပြေလာမှာပါ"
ရွှယ်ပိုင်ကျိန်း က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"ကျုပ်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေး အရဆိုရင် သူ့ကို ကူညီပေးတာက ပြဿနာ မဟုတ်ပါဘူး ဒါပေမဲ့ ပေါ်ပေါ်ထင်ထင် ကြီး ကူညီပေးရမယ် ဆိုရင်တော့ မိဖုရားကြီး ဘက်က ဘာတွေ ပေးဆပ်နိုင်မလဲ ကြိုပြောထားမယ်နော် ကျုပ်ရဲ့ တန်ဖိုးက အရမ်းကို ကြီးတယ်"
"မင်း ဘာလိုချင်လို့လဲ"
ရွှယ်ပိုင်ကျိန်း က ဆက်လက် မေးမြန်းလိုက်သည်။
"ကျုပ် ဘာလိုချင်တာလဲ မဟုတ်ဘူး ခင်ဗျား ဘာပေးနိုင်မလဲ ဆိုတာပဲ သူ့ကို ကူညီပေးလို့ ရပါတယ် ဒါပေမဲ့ မိဖုရားကြီး ခင်ဗျားလည်း ကျုပ်ကို ခဏခဏ ကူညီပေးရလိမ့်မယ်နော်"
ကျန်းချဲ့ က ပြုံးစိစိဖြင့် ပြောလိုက်လေသည်။
"အခုလောက်နဲ့ မလုံလောက်သေးဘူးလား"
အမှန်တကယ်တော့ ရွှယ်ပိုင်ကျိန်း သည် အစပိုင်းက ငြင်းဆန်ရန် တွေးတောထားခဲ့လေသည်။ အကယ်၍ မလွှဲမရှောင်သာမှသာ အလျှော့ပေးလိုက်မည်ဆိုပါက သူမအတွက် မျက်နှာ အနည်းငယ် ရနိုင်မည် မဟုတ်ပါလော။ သို့သော် ကျန်းချဲ့က တိုက်ရိုက်ပင် ပွင့်ပွင့်လင်းလင်း ပြောဆိုလာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
သူမ ကိုယ်တိုင်လည်း မည်သို့ ဖြစ်နေမှန်းမသိဘဲ ကျန်းချဲ့ ကိုယ်ပေါ်မှ ရနံ့ကို ရှူရှိုက်မိချိန်တွင် မိမိ၏ စည်းမျဉ်းစည်းကမ်း အချို့ကို အလိုအလျောက် စွန့်လွှတ်လိုက်မိသလို ဖြစ်သွားသည်။
"အခုလောက်နဲ့ ဟုတ်လား မိဖုရားကြီး ရည်ရွယ်တာက"
"မင်း ငါမိဖုရားရဲ့ အားနည်းချက်ကို ကိုင်ထားတာဆိုတော့ ငါမိဖုရားက မင်းပြောတဲ့အတိုင်း လုပ်ရုံကလွဲပြီး တခြား ဘာမှ မတတ်နိုင်ဘူးလေ အခု ငါမိဖုရား တစ်ကိုယ်လုံးက မင်းအပိုင် ဖြစ်နေပြီပဲ မင်း ရှန်းအာကို ကူညီတယ် ဆိုတာ ကိုယ့်ကိုယ်ကိုယ် ကူညီတာနဲ့ အတူတူပါပဲ"
ရွှယ်ပိုင်ကျိန်း အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး ကျန်းချဲ့ကို ဆွဲဆောင်စည်းရုံးရန် ကြိုးပမ်းလိုက်လေသည်။
ကျန်းချဲ့ သည် မျက်လုံးများကို မှေးကျဉ်းကာ ရွှယ်ပိုင်ကျိန်း၏ စကားကို စဉ်းစားတွေးတော နေသည်။
ကျီချန်ရှန်း ကို ထောက်ခံခြင်းက သူ့အတွက် အမှန်တကယ်ပင် အကူအညီ အချို့ ရရှိနိုင်လေသည်။ သို့သော် အလွန် အသုံးမဝင်လှချေ။
အကြောင်းမူကား ကျန်းချဲ့ ကိုယ်တိုင်က အလွန် လျင်မြန်စွာ ကြီးထွားလာနေသောကြောင့် ပင်ဖြစ်သည်။ နောင်တစ်ချိန်တွင် ကျီချန်ရှန်း က သူ့ကို ဘာမှ ကူညီနိုင်မည် မဟုတ်ချေ။ အကယ်၍ သူသာ သိုင်းသူတော်စင် ဖြစ်လာပါက ကျီချန်ရှန်း ဧကရာဇ် ဖြစ်လာလျှင်တောင်မှ သူ့ကို အားကိုးရမည်သာ ဖြစ်သည်။
သို့သော် မြို့တော် အတွင်း၌ ကျီချန်ရှန်း သားအမိ၏ အင်အားကို အသုံးပြုကာ အခြေချနိုင်ခြင်းကလည်း မဆိုးလှသော နည်းလမ်း တစ်ခု ပင်ဖြစ်သည်။ ထို့အပြင် ရွှယ်ပိုင်ကျိန်း၏ နောက်ကွယ်တွင် ရွှယ်မိသားစု လည်း ရှိနေသေးသည် မဟုတ်ပါလော။
"ကောင်းပြီ ဒီလို ဆိုမှတော့ ကျုပ် သူ့ကို ထောက်ခံပေးဖို့ ဘာများ ခက်ခဲမှာလဲ"
ကျန်းချဲ့ က သူ၏ ကတိစကားကို ပေးအပ်လိုက်လေသည်။
"ကျေးဇူးတင်ပါတယ်"
ရွှယ်ပိုင်ကျိန်း ခေတ္တမျှ ကြက်သေသေ သွားပြီး ကျန်းချဲ့ ဤမျှလောက် လွယ်ကူစွာ သဘောတူလိုက်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့သဖြင့် အလျင်အမြန်ပင် ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ကျေးဇူးတင်စကား ပြောဖို့ မလိုပါဘူး မိဖုရားကြီး ကိုယ်တိုင် ကျုပ်ကို ကျေးဇူးဆပ်လို့ ရတဲ့ နည်းလမ်းတွေ ရှိနေတာပဲ"
ကျန်းချဲ့ ၏ မျက်နှာပေါ်တွင် နောက်ပြောင်လိုသည့် အမူအရာများ ပေါ်လွင်နေလေသည်။
ရွှယ်ပိုင်ကျိန်း တိတ်ဆိတ်နေလိုက်သည်။ တိတ်ဆိတ်နေခြင်းက အကောင်းဆုံး အဖြေပင် ဖြစ်လေသည်။
ကျန်းချဲ့ သည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အနီရောင် သားရေကြာပွတ် တစ်ချောင်း သူ၏ လက်ထဲသို့ ရောက်ရှိလာသည်။
"မိဖုရားကြီး သဘောကျလား"
ရွှယ်ပိုင်ကျိန်း ဤမျှလောက် မြန်မြန် ပြောင်းလဲသွားရခြင်းမှာ သူ၏ ဓမ္မရုပ်တုအဆင့် စွမ်းအားများကြောင့် ဖြစ်နိုင်သလို အခြား အကြောင်းရင်းများလည်း ရှိနိုင်သည်ဟု ကျန်းချဲ့ တွေးတောမိလေသည်။ ဥပမာ ခမ်းနားကြီးကျယ်လှသော မိဖုရားကြီး သည် ကြာပွတ်ဖြင့် ရိုက်နှက်ခံရသည်ကို သဘောကျနေခြင်းမျိုး ပင်ဖြစ်သည်။
ရွှယ်ပိုင်ကျိန်း သည် ကြာပွတ်ကို အနည်းငယ် ကြောက်ရွံ့သည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။
"ဒါ ဒါဆိုရင်လည်း နည်းနည်းလောက် ဖြည်းဖြည်း လုပ်ပါနော်"
"ဒါပေါ့"
ကျန်းချဲ့ ၏ နှုတ်ခမ်းထောင့် အနည်းငယ် တွန့်ကွေးသွားလေသည်။
"ဒီ ဖီးနစ် ဂါဝန်ကြီးကိုတော့ မချွတ်ပါနဲ့ ကျုပ် အရမ်း သဘောကျလို့"
အချိန် အနည်းငယ် ကြာပြီးနောက် ကျန်းချဲ့ နှင့် ရွှယ်ပိုင်ကျိန်း တို့သည် ခင်မင်ရင်းနှီးစွာ ဆွေးနွေး တိုင်ပင်ပြီးနောက် ဘေးပတ်ဝန်းကျင်ရှိ အပူချိန်မှာလည်း အနည်းငယ် မြင့်တက်လာသည်။ ရွှယ်ပိုင်ကျိန်း သည် မလွတ်လပ်မည်ကို စိုးရိမ်သဖြင့် ဝတ်ရုံ အချို့ကို ချွတ်ရန် တွေးတောလိုက်လေသည်။
ရွှယ်ပိုင်ကျိန်း ခေတ္တမျှ ကြက်သေသေ သွားပြီးနောက် ငြင်းဆန်ခြင်း မပြုခဲ့ချေ။
အကြောင်းမူကား ဤနေရာသို့ မလာရောက်မီ ကတည်းက သူမ အနေဖြင့် ဖြစ်လာနိုင်ချေ ရှိသည်များကို ကြိုတင် တွေးတော ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ အကယ်၍ ထိုသို့သာ မဟုတ်ပါက ရွှေရတနာများ ဆင်မြန်းကာ ဤမျှလောက် ခမ်းနားစွာ ပြင်ဆင်လာခဲ့မည် မဟုတ်ချေ။
ကျန်းချဲ့ အတွက် ပိုမို ကောင်းမွန်သော ခံစားမှုကို ပေးစွမ်းနိုင်ရန် မဟုတ်ပါလော။ ယခုအခါ သူမ ကိုယ်တိုင်ပင် အိမ်ထဲတွင် ရေယိုစိမ့်နေပြီ ဖြစ်ရာ အမှန်တကယ်ပင် အနည်းငယ် လောနေမိပြီ ဖြစ်လေသည်။
"အ မရတော့ဘူး ငါမိဖုရား ရဲ့ ကျင့်ကြံမှု စွမ်းအားက မလုံလောက်လို့ နောက်နေ့မှ ဆက်ပြီး ကျင့်ကြံကြတာပေါ့"
ရွှယ်မိဖုရားကြီး သည် အနားပေးရန် တောင်းပန်လိုက်သည်။ သူမအနေဖြင့် ကျန်းချဲ့ကို ဆက်လက် ခွင့်ပြုပေးလိုက်ပါက သူမ၏ အသိုက်အမြုံလေး ပျက်စီးသွားမည်ကို အလွန် စိုးရိမ်နေမိလေသည်။
ကျန်းချဲ့ သည် ချွေးများ ရွှဲနစ်နေသော ရွှယ်မိဖုရားကြီးကို ဖက်ထားလိုက်ပြီး သူမ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။
"မိဖုရားကြီး ရှေ့လမ်းက သွားရတာ ခက်နေတယ် ဆိုရင်တောင် နောက်လမ်း ရှိသေးတယ် မဟုတ်လား ကျွန်တော်မျိုး ဖြတ်လမ်း ကနေ သွားချင်လို့ မိဖုရားကြီး အဆင်ပြေနိုင်မလား"
"မရဘူး လုံးဝ မရဘူး"
နန်းတော် ဥယျာဉ် အတွင်းတွင်။
ယွမ်ခန်းဧကရာဇ် ကျီဝမ်ဟောက် ၏ မျက်နှာထားမှာ အလွန် အုံ့မှိုင်းနေလေသည်။ သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသူမှာ ခေါက်ရှန်းနတ်မင်းကြီး ကျီချန်တောက် ပင်ဖြစ်သည်။
"ဘာဖြစ်လို့ မရတာလဲ"
အုံ့မှိုင်းနေသော ကျီဝမ်ဟောက် နှင့် ယှဉ်လျှင် ခေါက်ရှန်းနတ်မင်းကြီး ကျီချန်တောက် သည် အများကြီး ပိုမို တည်ငြိမ်နေသည်။ ငြင်းပယ်ခံရသော်ငြား မျက်နှာပေါ်တွင် မည်သည့် ပြောင်းလဲမှုမျှ မရှိချေ။
"ကျန်းချဲ့က ဒီလောက် ငယ်ရွယ်သေးတာ ဒီလောက် ကြီးမားတဲ့ တာဝန်ကြီးကို သူ ဘယ်လိုလုပ်ပြီး ထမ်းဆောင်နိုင်မှာလဲ"
မူလက ကျီချန်တောက် ကိုယ်တိုင် နန်းတော် အတွင်းသို့ ဝင်ရောက်လာပြီး သူ့ကို လာရောက် တွေ့ဆုံသဖြင့် ကျီဝမ်ဟောက် အလွန်အမင်း ဝမ်းသာနေခဲ့သည်။ ဤ ဦးရီးတော် သည် သူ၏ ဧကရာဇ် အဆင့်အတန်းကို အသိအမှတ်ပြု၍ လာရောက် တွေ့ဆုံသည်ဟု ထင်မှတ်ထားခဲ့သော်ငြား စကား အနည်းငယ်မျှသာ ပြောရသေးမီ ကျီချန်တောက် သည် သူ၏ အစစ်အမှန် ရည်ရွယ်ချက်ကို ထုတ်ဖော် ပြသလိုက်လေသည်။
ကျန်းချဲ့ကို အနက်ရောင်ရုံးတော် ၏ တောင်ပိုင်း နတ်ဘုရားသံတမန် အဖြစ် ခန့်အပ်ပြီး ယွဲ့ပြည်နယ် မြို့တော်ဝန် ရာထူးကိုပါ ပေးအပ်ရန် တောင်းဆိုလာခြင်း ပင်ဖြစ်သည်။
ဤသည်မှာ လုံးဝ မဖြစ်နိုင်ချေ။ သူ၏ စည်းမျဉ်းစည်းကမ်းများကို လာရောက် ထိပါးနေခြင်း ပင်ဖြစ်သည်။
ကျန်းချဲ့က အရမ်း ငယ်ရွယ်လွန်းလှပေသည်။ ယခု လက်ရှိ အဆင့်သုံး အရာရှိများ အနက် ကျန်းချဲ့ သည် အငယ်ဆုံး ပင်ဖြစ်သည်။ ဤမျှလောက် ရရှိထားသည်ကိုပင် မကျေနပ်နိုင်သေးဘဲ နယ်စားကြီး တစ်ပါး ဖြစ်လာရန် မျှော်လင့်နေသေးသည် ဟုတ်လား။
ထို့အပြင် ဤတောင်းဆိုချက်ကို ကျီချန်တောက် ကိုယ်တိုင် က တောင်းဆိုလာခြင်း ပင်ဖြစ်သည်။
ကျန်းချဲ့ ရာထူး တိုးသွားပြီးနောက် သူ့ကို ကျေးဇူးတင်မည်လား သို့မဟုတ် ကျီချန်တောက် ကို ကျေးဇူးတင်မည်လား။ အထက်အောက် အဆင့်အတန်း ဆိုတာ လုံးဝ မရှိတော့ဘူးလား။
ပို၍ အရေးကြီးသည်မှာ ယွဲ့ပြည်နယ် မြို့တော်ဝန် ရာထူးသည် အလွန် အရေးကြီးသလို တောင်ပိုင်း နတ်ဘုရားသံတမန် မှာလည်း အစစ်အမှန် ဩဇာအာဏာ ရှိသော ရာထူးကြီး ပင်ဖြစ်သည်။ ဤ နှစ်ခု ပေါင်းစပ်လိုက်မည် ဆိုပါက ပြည်နယ် တစ်ခုလုံးကို အုပ်စိုးသော နယ်စားကြီး တစ်ပါး ဖြစ်လာမည်မှာ သေချာလှပေသည်။ ကျန်းချဲ့ ဤတာဝန်ကို မည်သို့ ထမ်းဆောင်နိုင်မည်နည်း။
"ရည်မှန်းချက် ကြီးမားဖို့ အတွက် အသက်ငယ်တာ ကိစ္စ မရှိပါဘူး နန်းတွင်းက အရာရှိတွေ အကုန်လုံးက ကျန်းချဲ့ထက် အသက်ကြီးကြပေမဲ့ ကျန်းချဲ့ရဲ့ အောင်မြင်မှု မျိုးကို ဘယ်သူ ရယူနိုင်လို့လဲ"
ကျီချန်တောက် က ပြန်လည် မေးခွန်းထုတ်လိုက်သည်။
"ဒါဆို စစ်ရေးအောင်မြင်မှု တွေကကော ကျန်းချဲ့မှာ ဘာ စစ်ရေးအောင်မြင်မှုမှ မရှိဘဲနဲ့ တခြားသူတွေ လက်ခံနိုင်အောင် ဘယ်လိုလုပ်မလဲ အရင်က နဂါးမွေးမြူရေးကန် တိုက်ပွဲ တုန်းက ကျုပ် သူ့ကို ဆုချီးမြှင့်ခဲ့ပြီးပြီလေ"
အကယ်၍ အခြားသူ တစ်ယောက်ယောက်သာ ဖြစ်မည်ဆိုပါက ယွမ်ခန်းဧကရာဇ် သည် လုံးဝ ဂရုစိုက်မည် မဟုတ်ချေ။ သို့သော် ကျီချန်တောက် ဖြစ်နေသဖြင့် သူ မည်မျှပင် မလိုလားစေကာမူ တစ်ဖက်လူကို သေချာပေါက် ရှင်းပြရမည် ဖြစ်သည်။ ဧကရာဇ် ဩဇာအာဏာကို အသုံးပြုကာ ဖိနှိပ်မည် ဆိုလျှင်တောင်မှ ကျီချန်တောက်ကို သူ ဖိနှိပ်၍ မရနိုင်ချေ။
ဤစကားကို ကြားသောအခါ ကျီချန်တောက် ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လွင်လာပြီး အင်္ကျီလက် အတွင်းမှ ပုံရိပ်ယောင် မှတ်တမ်း ကျောက်တုံး တစ်တုံးကို ထုတ်ယူကာ ယွမ်ခန်းဧကရာဇ် ၏ အရှေ့သို့ ချပေးလိုက်လေသည်။
"ဒါက ဘာလဲ"
ကျီဝမ်ဟောက် မျက်မှောင် တင်းတင်း ကြုတ်သွားသည်။
"အရှင်မင်းကြီး ကြည့်လိုက်ရင် သိသွားမှာပါ"
ကျီချန်တောက် က ရှင်းပြမနေဘဲ ကိုယ်တိုင် ကြည့်ရှုရန်သာ ပြောလိုက်သည်။
ဧကရာဇ်မင်း မျက်မှောင်ကြုတ်လျက် ညွှန်ကြားချက် အတိုင်း မှန်ကန်သော စွမ်းအင် အနည်းငယ် ဖြည့်သွင်းလိုက်ရာ မျက်စိတစ်မှိတ် အတွင်းမှာပင် ပုံရိပ်ယောင် မှတ်တမ်း ကျောက်တုံး မှ အလင်းတန်းများ ဖြာထွက်လာပြီး လေဟာနယ် ထက်တွင် မြင်ကွင်း တစ်ခု ပေါ်ထွက်လာလေသည်။
မြင်ကွင်း ထဲရှိ အရာများကို ကြည့်ရင်း ယွမ်ခန်းဧကရာဇ် ၏ မျက်ဝန်းသူငယ်အိမ်များ ရုတ်တရက် ကျုံ့ဝင်သွားပြီး မယုံကြည်နိုင်သော အမူအရာဖြင့် ကျီချန်တောက် ကို လေးနက်စွာ ကြည့်ကာ မေးလိုက်သည်။
"ဒါ ဒါက ချင်းထျန်းမိစ္ဆာဂိုဏ်း က နန်ကုန်းကျိ မဟုတ်လား"
"အရှင်မင်းကြီး ပြောတာ မှန်ပါတယ် ဒီလူက ချင်းထျန်းမိစ္ဆာဂိုဏ်း ရဲ့ ကောင်းကင်လင်းယုန် ဓမ္မမင်းကြီး နန်ကုန်းကျိ ပါပဲ"
"သူ သူက ကျန်းချဲ့ရဲ့ လက်ထဲမှာ သေဆုံးသွားတာလား"
ကျီဝမ်ဟောက် ၏ မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားပြီး အနည်းငယ် မသေချာ မရေရာစွာဖြင့် မေးလိုက်လေသည်။
"မှန်ပါတယ် ဒါက ကျန်းချဲ့ရဲ့ လက်ချက်ပါပဲ"
"သူ ဘယ်လိုလုပ်ပြီး သတ်နိုင်တာလဲ"
ဧကရာဇ် တစ်ပါး အနေဖြင့် ကျီဝမ်ဟောက် သည် ချင်းထျန်းမိစ္ဆာဂိုဏ်း အကြောင်းကို အလွန် နက်နက်ရှိုင်းရှိုင်း သိရှိနားလည်ထားလေသည်။ ချင်းထျန်းမိစ္ဆာဂိုဏ်း ၏ ဓမ္မမင်းကြီး လေးပါး တွင် မည်သို့သော စွမ်းအားမျိုး ရှိသနည်း ဆိုသည်ကို ကောင်းစွာ သိရှိထားလေသည်။ မချဲ့ကားဘဲ ပြောရမည် ဆိုလျှင် ဓမ္မမင်းကြီး လေးပါး ၏ စုစုပေါင်း စွမ်းအားမှာ အနက်ရောင်ရုံးတော် ၏ နတ်ဘုရားသံတမန် များထက် အများကြီး ပိုမို အစွမ်းထက်ပြီး ထိပ်တန်း မဟာသိုင်းသခင်ကြီးများ ဖြစ်ကြလေသည်။
ကျန်းချဲ့ ကတော့ ဓမ္မရုပ်တုအဆင့် သို့ ယခုမှ ခြေချခါစ လူငယ်လေး တစ်ယောက်သာ ဖြစ်သည်။ သူတို့ နှစ်ယောက် အကြားရှိ စွမ်းအား ကွာဟချက် မှာ အလွန်တရာ ကြီးမားလှပေသည်။
"နန်ကုန်းကျိ ကို ချုံခို တိုက်ခိုက်တာက ကျန်းချဲ့ တစ်ယောက်တည်း ရဲ့ လုပ်ရပ်တော့ မဟုတ်ပါဘူး တခြား ကူညီတဲ့ သူတွေလည်း ရှိပါတယ် ဒါပေမဲ့ ဒါတွေ အကုန်လုံးက ကျန်းချဲ့ရဲ့ စစ်ရေးအောင်မြင်မှု တွေကို လျစ်လျူရှုလို့ မရစေပါဘူး ပြီးတော့ ကျန်းချဲ့ရဲ့ စွမ်းအားကိုလည်း ကျုပ် အနည်းနဲ့အများတော့ သိထားပါတယ် အခု လက်ရှိ အချိန်မှာ သူ့ရဲ့ စွမ်းအားက မဟာသိုင်းသခင်ကြီး တွေနဲ့တောင် ရင်ပေါင်တန်း နိုင်နေပါပြီ"
"ဦးရီးတော်က ကျုပ်ကို လှည့်စားနေတာလား"
ကျီဝမ်ဟောက် အနည်းငယ် မယုံကြည်နိုင်အောင် ဖြစ်နေလေသည်။
"ဒီလို ကိစ္စတွေက လှည့်စားလို့ ရတဲ့ အရာမှ မဟုတ်တာ ကျုပ်က ကျန်းချဲ့ကို ရာထူးတိုးပေးဖို့ အကြံပြုရတဲ့ အကြောင်းရင်းက သူက ဒီအရည်အချင်း နဲ့ စွမ်းအားတွေ ရှိနေလို့ပဲ မကြာသေးမီ အချိန်တွေ အတွင်းမှာ လီချန်ကော က ပိုပိုပြီး သောင်းကျန်းလာတယ် စစ်ရေး နဲ့ အုပ်ချုပ်ရေး အာဏာကို သိမ်းပိုက်ရုံ သာမကဘဲ ယွဲ့ပြည်နယ် တစ်ခုလုံးကိုပါ အပြတ်အသတ် ထိန်းချုပ်ဖို့ ကြိုးစားနေတယ် တကယ်လို့သာ အခု အချိန်မှာ သူ့ကို မတားဆီးဘူး ဆိုရင် နောင်တစ်ချိန်မှာ တော်ဝင်နန်းတော် အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုကြီး တစ်ခု ဖြစ်လာလိမ့်မယ် အရှင်မင်းကြီး အမြန်ဆုံး ဆုံးဖြတ်ချက် ချပါတော့"
"ဦးရီးတော် က ဘာကို အခြေခံပြီး ကျန်းချဲ့က လီချန်ကော ကို ရင်ဆိုင်နိုင်မယ်လို့ ထင်နေရတာလဲ"
ကျီဝမ်ဟောက် ထပ်မံ မေးမြန်းလိုက်သည်။
"အရမ်း ရိုးရှင်းပါတယ် ကျန်းချဲ့က သာမန် သိုင်းပညာရှင် တစ်ယောက်တည်း မဟုတ်ဘူးလေ သူ့ရဲ့ နောက်ကွယ်မှာ ပေလင် ချီမိသားစု ရဲ့ အစွမ်းကုန် ထောက်ခံ အားပေးမှု တွေ ရှိနေတယ် ပြီးတော့ လင်းကျန့်တောင် အပါအဝင် တခြား အင်အားစု တွေကလည်း ရှိသေးတယ် တောင်ပိုင်းမှာ ကျန်းချဲ့ရဲ့ အခြေခံ အုတ်မြစ်က လီချန်ကော ထက် နည်းနည်းလေးမှ မနိမ့်ကျဘူးလေ”