← Chapters

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း (၂၀၅) - လျန်ဟော်

သူလိုချင်သောအရာကိုရရှိပြီးနောက် လင်းဖန်သည် ဟိုမင်နှင့် ကောဟယ်ရုတို့နှင့်အတူ အဖွဲ့ခေါင်းဆောင်၏စံအိမ်တော်မှ ထွက်ခွာလာခဲ့သည်။

သူတို့အပြင်သို့ ရောက်လာသောအခါ လူအုပ်ကြီးမှာ မနာလိုသော မျက်လုံးများဖြင့်သာ ငေးကြည့်နေနိုင်တော့သည်။

သူတို့သည် လင်းဖန်၏ပြောစကားများကို မယုံကြည်ခဲ့မိသည့်အတွက် မိမိတို့ကိုယ်ကိုယ်သာ ကျိန်ဆဲနေကြလေသည်။

“ငါ့ကို လမ်းမှားရောက်အောင် လုပ်ခဲ့တဲ့ မင်းအပြစ်တွေချည်းပဲ...”

“နေပါဦး... သူတို့နဲ့ပတ်သက်ပြီး ငါပြောခဲ့တာတွေအကုန်လုံးကို မင်းက သဘောတူခဲ့တာလေ...”

“အခုမှ လာငြင်းနေလို့လည်း အချိန်နှောင်းသွားပြီ...”

မျက်နှာပြောင်တိုက်ရဲသူအချို့မှာမူ ရှေ့သို့တိုးလာပြီး သူတို့ကိုယ်သူတို့ မိတ်ဆက်ရန် ကြိုးစားကြလေသည်။

လင်းဖန်က သူတို့နှင့်စီးပွားရေးလုပ်ရန် စိတ်ဝင်စားလာနိုင်ကြောင်း မျှော်လင့်နေကြခြင်း ဖြစ်ပေသည်။

သို့သော် လင်းဖန်ထံမှ အေးစက်စက် အကြည့်တစ်ချက်ကိုသာ ရရှိလိုက်ကြသည်။

သူတို့သည် သက်ပြင်းချကာ တဖြည်းဖြည်းဝေးကွာသွားသော လင်းဖန်၏ကျောပြင်ကိုသာ ငေးကြည့်နေနိုင်တော့သည်။

တည်းခိုခန်းသို့ရောက်၍ ပစ္စည်းများဝင်ယူကြသောအခါ လင်းဖန်က ပြောလိုက်သည်။

“ငါတို့ တတ်နိုင်သမျှ မြန်မြန် ထွက်သွားတာ ပိုကောင်းမယ်... ငါတို့ ထွက်ပြေးရလိမ့်မယ်...”

အရာအားလုံး ပြီးဆုံးသွားပြီဖြစ်ကြောင်း ကောဟယ်ရုက ထင်မှတ်ထားသဖြင့် မေးလိုက်သည်။

“ဘာဖြစ်လို့လဲ...”

လင်းဖန်သည် ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ အပေါက်ငယ်လေးမှတစ်ဆင့် အပြင်သို့ချောင်းကြည့်ရင်း ပြန်ဖြေလိုက်သည်။

“ငါတို့က တစ်ယောက်ယောက်ရဲ့ အစီအစဉ်ကို ဖျက်ဆီးပစ်လိုက်တာလေ... အခု သူတို့က ငါတို့ကို ဒေါသထွက်ပြီး ငါတို့အသက်ကို လိုချင်နေလောက်ပြီ...”

လူစည်ကားနေသောလမ်းမပေါ်တွင် လူတစ်ယောက်ကိုရှာဖွေနေသည့်အလား တည်းခိုခန်းအား စောင့်ကြည့်နေကြသောလူအချို့ကို သူ မြင်တွေ့နေရပေသည်။

လင်းဖန်၏စကားကို ကြားလိုက်ရသောအခါ ကောဟယ်ရုသည် သူ၏ပစ္စည်းများကို အထုပ်တစ်ခုအတွင်းသို့ အလျင်စလို ထည့်ပိုးလိုက်တော့သည်။

သူ ထုပ်ပိုးပြီးသွားသောအခါ လင်းဖန်က ပြောလိုက်သည်။

“မြင်းပေါ်တက်ပြီး ငါ့နောက်ကိုလိုက်ခဲ့... ဟိုမင်က မင်းရဲ့အနောက်မှာ ရှိနေလိမ့်မယ်...”

ကောဟယ်ရုက ခေါင်းညိတ်ပြလိုက်သည်။

သူတို့သည် အခန်းထဲမှထွက်လာပြီးနောက် တည်းခိုခများကို မြန်မြန်ဆန်ဆန် ရှင်းလင်းလိုက်ကြသည်။

အဖွဲ့ခေါင်းဆောင်ထံမှ ဆုလာဘ်များရရှိခဲ့သူများမှာ သူတို့ဖြစ်ကြောင်း သတင်းများ ပြန့်နှံ့သွားခဲ့သဖြင့် မျက်လုံးများစွာက သူတို့ကို စောင့်ကြည့်နေကြပေသည်။

ဤသည်မှာ သူတို့အတွက် အခွင့်ကောင်းတစ်ခုဖြစ်သွားခဲ့ပြီး သူတို့ကိုစောင့်ကြည့်နေသော လူများအနေဖြင့် လူပုံအလယ်တွင် မဆင်မခြင် အလွယ်တကူ လှုပ်ရှား၍မရနိုင်တော့ပေ။

သူတို့ မြင်းပေါ်တက်လိုက်သည်နှင့်တစ်ပြိုင်နက် အမြင့်ဆုံးအရှိန်ဖြင့် ရှေ့သို့ ဒုန်းစိုင်းနှင်တော့သည်။

ဒုန်း...

ဒုန်း...

ဒုန်း...

မြင်းများက ဖြောင့်တန်းစွာ တိုးဝင်လာသဖြင့် လမ်းမပေါ်ရှိ လူအုပ်ကြီးမှာ လမ်းဖယ်ပေးကာ လူစုခွဲလိုက်ကြရလေသည်။

ချောင်းမြောင်းနေသောလူများမှာ ကျိန်ဆဲလိုက်ကြပြီးနောက် လင်းဖန်၊ ဟိုမင်နှင့် ကောဟယ်ရုတို့၏အနောက်သို့ ပြေးလိုက်ရန် ကြိုးစားကြတော့သည်။

ခေါင်းငိုက်စိုက်ကျကာ မောဟိုက်နေသောလူတစ်ယောက်က နောက်သို့လှည့်ကာ အုပ်စုခေါင်းဆောင်ကို မေးလိုက်သည်။

“အခု ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ...”

အုပ်စုခေါင်းဆောင်က ထွက်ခွာသွားသောလူသုံးယောက်ကို မျက်စိမှေးကြည့်ရင်း ပြန်ဖြေလိုက်သည်။

“စိတ်မပူနဲ့... သခင်ကြီးလျန်က သူတို့အတွက် လက်ဆောင်အကြီးကြီးတစ်ခု ပြင်ဆင်ထားပြီးသားပါ...”

…

“နေပါဦး... ငါ အသက်ရှူဖို့ အချိန်လေးတစ်ခုလိုတယ်...”

သူတို့ မြို့ပြင်သို့ ရောက်သွားချိန်တွင် ကောဟယ်ရုက မြင်းဇက်ကြိုးကို တင်းကျပ်စွာဆုပ်ကိုင်ထားရင်း အော်ပြောလိုက်ခြင်း ဖြစ်သည်။

ကြမ်းတမ်းသော မြင်းစီးမှုကြောင့် သူမှာ ပျို့အန်ချင်လာပြီး ပေါင်များလည်း နာကျင်နေခဲ့ပြီဖြစ်သည်။

လင်းဖန်သည် နောက်သို့လှည့်ကာ မြင်းကိုရပ်တန့်လိုက်ပြီး နှုတ်ခမ်းပေါ်သို့ လက်ညှိုးတင်ပြလိုက်သည်။

ထို့နောက် သူက ရှေ့ရှိ လမ်းဆုံဆီသို့ အကဲခတ်ကြည့်ရှုလိုက်သည်။

မကြာမီမှာပင် ဟိုမင်သည် ဓားကို ဆွဲထုတ်လိုက်လေသည်။

ချုံပုတ်များထဲမှ လက်နက်များကိုင်ဆောင်ထားသော လူနှစ်ဆယ်ခန့် ထွက်ပေါ်လာကြသည်။

လမ်းဆုံ၏အလယ်တည့်တည့်တွင် အဘိုးအိုတစ်ဦးနှင့် လူထွားကြီးတစ်ယောက် မတ်တပ်ရပ်နေကြပေသည်။

“လျန်ဟော်... ငါက မင်းရဲ့ ကုန်ပစ္စည်းအတုတွေ ဖြန့်ချိနေတာကို ရပ်တန့်ပစ်လိုက်လို့ မင်းက အခု ငါ့အသက်ကို ယူချင်နေတာလား...”

ကောဟယ်ရုက အဘိုးအိုကိုလက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။

ထိုအဘိုးအိုမှာ ချင်ဖုန်းဂိုဏ်းသို့ ကုန်ပစ္စည်းပို့ဆောင်ခွင့်များ ရပ်ဆိုင်းခံလိုက်ရသည့် လျန်မိသားစု၏ခေါင်းဆောင်ပင်။

အဘိုးအိုက ခေါင်းခါယမ်းပြလိုက်သည်။

“ဒါတင်မကသေးဘူး... မင်းက ကျူးရွှီကျိုကိုဖြုတ်ချမယ့် ငါ့ရဲ့အစီအစဉ်ကိုပါ ဖျက်ဆီးခဲ့တာပဲ... ဒီအပြစ်နှစ်ခုကြောင့် မင်းကိုသတ်တာ တရားတယ်လို့ ငါပြောရလိမ့်မယ်...”

“အပြစ်တွေဟုတ်လား... ယုတ်မာတဲ့ အဘိုးကြီး...”

ကောဟယ်ရုသည် သူကြားလိုက်ရသည့်စကားများကိုပင် မယုံနိုင်အောင် ဖြစ်သွားချေသည်။

မည်သူက ဤမျှကောက်ကျစ်ယုတ်မာနေပါလျက် မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ထင်မြင်နေနိုင်မည်နည်း။

လင်းဖန်သည် နောက်သို့လှည့်ကာ ကောဟယ်ရုကို တည်တည်ငြိမ်ငြိမ်နေရန် လက်ဟန်ဖြင့် ပြလိုက်လေသည်။

ထို့နောက် သူသည် လျန်ဟော်ဘက်သို့ လှည့်ကြည့်လိုက်သည်။

“ကောင်းတယ်... ခင်ဗျားကို လိုက်ရှာရမယ့်ဒုက္ခကနေ ကယ်တင်ပေးလိုက်တာပဲ...”

“လူငယ်လေး... ဘယ်သူက မင်းကို ဒီလောက် ရဲတင်းနေအောင် သတ္တိတွေပေးထားလဲတော့ ငါမသိဘူး... ဒါပေမဲ့ မင်း ဘယ်သူနဲ့ ရင်ဆိုင်နေရလဲဆိုတာ မင်း မသိသေးဘူး...”

အဘိုးအိုက ပြောလိုက်ပြီး ကြွက်သားအမြှောင်းမြှောင်းနှင့် လူထွားကြီးထံသို့ အကဲခတ်ကြည့်ရှုလိုက်လေသည်။

လူထွားကြီးသည် ရှေ့သို့ထွက်လာခဲ့ပြီး သွေးပူလေ့ကျင့်ခန်းလုပ်သည့်အနေဖြင့် သူ၏လက်မောင်းများကို လှည့်ပတ်လိုက်သည်။

“အသူရာကျင့်ကြံသူတစ်ယောက်က ဘာတွေလုပ်နိုင်လဲဆိုတာ မင်းကို ပြပေးမယ်...”

ရင်းနှီးနေသော အသံတစ်သံက လင်းဖန်၏စိတ်ထဲ၌ ထွက်ပေါ်လာတော့သည်။

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]

[ကလဲ့စားချေအမှတ် ၂၀၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ။]

“ဟိုမင်... ကောဟယ်ရုကို စောင့်ရှောက်ထားလိုက်...”

လင်းဖန်က ပြောလိုက်ပြီး မြင်းပေါ်မှဆင်းကာ လူထွားကြီးထံသို့ ခြေလှမ်းပြင်လိုက်လေသည်။

ဟိုမင်က ခေါင်းညိတ်ပြလိုက်ပြီး ကောဟယ်ရုအား ဓားဖြင့်ဝင်ခုတ်ရန် ကြိုးစားနေသည့် လူတစ်ယောက်၏ခန္ဓာကိုယ်ကို ဓားဖြင့် ထိုးဖောက်ချပစ်လိုက်သည်။

ကောဟယ်ရုဘက်တွင် အဆင်ပြေသွားပြီဖြစ်သဖြင့် လင်းဖန်သည် လှံကို ထုတ်ယူလိုက်ကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်လေသည်။

သူ၏လက်တစ်ဖက်ကို နောက်သို့ဆွဲထားပြီး ဒူးများကို အနည်းငယ် ကွေးညွတ်ထားလိုက်သည်။

နဂါးဟိန်းသံလှံထိုးချက်က သားကောင်ကို စောင့်ကြိုနေပေသည်။

နောက်တစ်စက္ကန့်တွင် လင်းဖန်မြင်လိုက်ရသည်မှာ လူထွားကြီးက သူ့ကိုယ်သူ ပစ်မှတ်တစ်ခုအဖြစ် ပွင့်ဟနေသည်ကိုပင် လျစ်လျူရှုကာ ပြေးဝင်လာခြင်းပင် ဖြစ်တော့သည်။

ဘုန်း...

လင်းဖန်က လူထွားကြီးထံသို့ လှံဖြင့်ထိုးချလိုက်ရာ ခုတ်ပိုင်းနိုင်သောလှိုင်းလုံးက လူထွားကြီး၏ရင်ဘတ်ကို ဖောက်ထွင်းသွားလေသည်။

လူထွားကြီးက လင်းဖန်ထံသို့ ဆက်လက်တိုးဝင်လာချိန်တွင် သွေးများ စီးကျလာခဲ့သည်။

သူ၏လှံက လူထွားကြီး၏ရင်ဘတ်ရှိ ပွင့်ဟနေသော ဒဏ်ရာထဲသို့ စိုက်ဝင်သွားချိန်၌ လင်းဖန်သည် တုန်ခါမှုတစ်ခုကို ခံစားလိုက်ရသည်။

လူထွားကြီးသည် လင်းဖန်၏ လှံရိုးကို လက်ဖြင့်ဆုပ်ကိုင်ထားရင်း လင်းဖန်ကို မော့ကြည့်လိုက်လေသည်။

သူသည် သွေးသံရဲရဲဖြစ်နေသော ပါးစပ်ဖြင့် လင်းဖန်ကို ကြောက်မက်ဖွယ်ကောင်းအောင် ပြုံးပြလိုက်သည်။

နောက်တစ်ခဏ၌ လင်းဖန် မြင်လိုက်ရသည်မှာ လူထွားကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အနီရောင်အလင်းတန်းများ တောက်ပလာခြင်းပင် ဖြစ်ချေသည်။

ရင်းနှီးနေသောအသံတစ်သံက လင်းဖန်၏စိတ်ထဲ၌ ထပ်မံထွက်ပေါ်လာပြန်သည်။

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်...]

[ကလဲ့စားချေအမှတ် ၄၀၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ]

ကလဲ့စားချေအမှတ်များကို မြင်လိုက်ရချိန်တွင် လင်းဖန် အံ့သြသွားခဲ့သည်။

ယခုကဲ့သို့ အဖြစ်အပျက်မျိုးက ယခင်က တစ်ခါမျှ မဖြစ်ဖူးခဲ့ပေ။

လူထွားကြီးသည် ဒဏ်ရာရသွားပြီးနောက် ပို၍အစွမ်းထက်လာခြင်းဖြစ်မည်ဟု လင်းဖန် တွက်ဆလိုက်မိသည်။

သူသည် လူထွားကြီး၏ရင်ဘတ်ထဲမှ လှံကိုဆွဲနှုတ်ရန် ကြိုးစားလိုက်လေသည်။

လင်းဖန်က လူထွားကြီးထက် ခွန်အားပိုမို ကြီးမားနေသေးသဖြင့် လှံသည် လင်းဖန်ဘက်သို့ လက်မအနည်းငယ်ခန့် ရွေ့လျားလာခဲ့သည်။

အံ့သြဖွယ်ကောင်းစွာပင် လူထွားကြီးက လှံကို နောက်သို့ပြန်လည်ဆွဲထားရန် ကြိုးစားလိုက်သည့်အခါ လှံသည် နောက်သို့ ရုတ်တရက် ပြန်လည်တုန်ခါသွားသည်ကို သူ ခံစားလိုက်ရသည်။

စိတ်ပျက်သွားသော လင်းဖန်သည် လှံကို ဖားပြုတ်ရုပ်တုငယ်ထဲသို့ ပြန်လည်သိမ်းဆည်းလိုက်တော့သည်။

လှံမှာ ရုတ်တရက် ပျောက်ကွယ်သွားသဖြင့် လူထွားကြီးမှာ နောက်သို့ ခြေတစ်လှမ်းဆုတ်မိသွားပြီး လဲကျလုမတတ် ဖြစ်သွားချေသည်။

လင်းဖန်သည် သံတူများကို ထုတ်ယူလိုက်ကာ လူထွားကြီး၏ခေါင်းကို အားကုန်လွှဲရိုက်လိုက်တော့သည်။

All Chapters