← Chapters

အခန်း ၂၀၆

Vol. 21 Ch. 206

အခန်း ၂၀၆

Vol. 21 Ch. 206

အခန်း (၂၀၆) - ကောဟယ်ရု၏ ဆုံးဖြတ်ချက်

ဒေါင်...

တူများဖြင့် လူထွားကြီး၏ခေါင်းကို ထုရိုက်ချလိုက်ချိန်တွင် တူသံများက လေထုထဲ၌ ပဲ့တင်ထပ်သွားလေသည်။

လူထွားကြီး၏ ခေါင်းအစိတ်အပိုင်းအချို့မှာ ရိုက်ချက်ကြောင့် ချိုင့်ဝင်သွားချေပြီ။

ဝိညာဉ်ဖျက်သံမဏိကြောင့် ထိုအမျိုးသား မိန်းမူးသွားသည်ကို လင်းဖန်မြင်လိုက်ပြီး ထပ်မံ၍ တိုက်ခိုက်လိုက်ပြန်သည်။

လူထွားကြီးသေဆုံးသွားကြောင်း စနစ်က သူ့ကို အသိမပေးသေးပေ။

ထိုအချက်က မှန်ကန်နေပေသည်။

နောက်တစ်စက္ကန့်တွင် ထိုအမျိုးသားက ကြောက်မက်ဖွယ်ကောင်းသော အပြုံးကို ထပ်မံပြုံးပြလိုက်သည်ကို လင်းဖန် မြင်လိုက်ရသည်။

လူထွားကြီးက လင်းဖန်၏တူများကို ကာကွယ်ရန် သူ၏လက်မောင်းကို မြှောက်တင်လိုက်သည်။

ဒုန်း...

လင်းဖန်၏ တူများကြောင့် ထိုအမျိုးသား၏ လက်မောင်းများ ကျိုးပဲ့သွားချိန်တွင် ကျယ်လောင်သောထုရိုက်သံနှင့် အရိုးကျိုးသံများကို ကြားလိုက်ရလေသည်။

လူထွားကြီးမှာ ပခုံးမှ တွဲလောင်းကျနေသော လက်မောင်းများဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားလေသည်။

မကြာမီမှာပင် ထိုအမျိုးသား၏ ခန္ဓာကိုယ်တစ်ပြင်လုံး၌ အနီရောင်အလင်းတန်းများ ထပ်မံပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။

ထိုအမျိုးသား၏လက်မောင်းများ ပြန်လည်ဖြောင့်တန်းသွားပြီး ခေါင်းမှ ချိုင့်ဝင်နေသော အစိတ်အပိုင်းများကလည်း မူလအတိုင်း ပြန်ဖြစ်သွားသည်ကို လင်းဖန် မြင်တွေ့လိုက်ရသည်။

ရင်းနှီးနေသော အသံတစ်ခုက လင်းဖန်၏စိတ်ထဲ၌ ထပ်မံပေါ်ထွက်လာတော့သည်။

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]

[ကလဲ့စားချေအမှတ် ၅၀၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ။]

လူထွားကြီးကို အမြန်ဆုံး အဆုံးသတ်ရမည်ဖြစ်ကြောင်း လင်းဖန် သိလိုက်သည်။

ထိုအမျိုးသားက ရရှိလာသော ဒဏ်ရာများကြောင့် ပိုမိုသန်မာလာပုံရပေသည်။

အဆိုးရွားဆုံးမှာ လင်းဖန်အနေဖြင့် ဒဏ်ရာများမှတစ်ဆင့် အားဖြည့်မှု၏ကန့်သတ်ချက်ကို မသိထားခြင်းပင်။

လင်းဖန်က အကြံတစ်ခုရသွားကာ သူ၏တူများကို သိမ်းဆည်းလိုက်လေသည်။

“ဒီလောက်မြန်မြန် အရှုံးပေးလိုက်ပြီလား... ငါ့ကို စွမ်းအားတွေ ပိုပေးဖို့ စောင့်နေတာကွ... တစ်ယောက်ယောက်က ငါ့ကို အသူရာအသွင်ပြောင်းခြင်းရဲ့ ဒုတိယအဆင့်အထိရောက်အောင် မလုပ်ပေးတာ တော်တော်လေးကြာနေပြီ...”

လင်းဖန် အကြံကုန်သွားပြီဟု ထင်မှတ်ကာ လူထွားကြီးက မဲ့ပြုံး ပြုံးလိုက်လေသည်။

သို့သော် လင်းဖန်က သူ့ကို ဂရုမစိုက်တော့ဘဲ ထိုအမျိုးသားဆီသို့ ပြေးဝင်သွားတော့သည်။

လူထွားကြီးက ထိုးချလိုက်ချိန်တွင် လင်းဖန်က မျက်နှာဆီသို့ ဝင်ရောက်လာသော လေပြင်းတစ်ချက်ကို ခံစားလိုက်ရသည်။

သူက ခေါင်းကို ဘေးဘက်သို့ တိမ်းစောင်းရှောင်တိမ်းလိုက်ရာ ထိုအမျိုးသား၏လက်သီးက လွဲချော်သွားပြီး ပါးပြင်ကို ရှပ်ကာ ဒဏ်ရာတစ်ခု ရသွားစေလေသည်။

ယခုအခါ ထိုအမျိုးသား၏ရှေ့သို့ ရောက်ရှိနေပြီဖြစ်ရာ လင်းဖန်က ကောင်းကင်မူလလက်သည်းများကိုအသုံးပြုကာ အမျိုးသား၏ တန်းထျန်အတွင်းသို့ ထိုးစိုက်လိုက်တော့သည်။

ဝှစ်...

လူထွားကြီးက လင်းဖန်အား သတိလစ်သွားစေရန် ခေါင်းကို တံတောင်ဖြင့် တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။

လင်းဖန်က ဤအရာကို မျှော်လင့်ထားပြီးဖြစ်ရာ မြူခိုးများအဖြစ် ပြောင်းလဲသွားလေတော့သည်။

“ငကြောက်...”

လူထွားကြီးက ဝမ်းဗိုက်ကို လက်ဖြင့်ဖိကိုင်ထားရင်း အော်ဟစ်လိုက်သည်။

သူ၏ သွေးကြောများနှင့် ချီလမ်းကြောင်းများထဲမှ ချီစွမ်းအင်များ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။

သူ၏ တန်းထျန်မှ ဖြတ်တောက်ခံလိုက်ရသကဲ့သို့ ဖြစ်နေပေသည်။

လင်းဖန်ကိုရှာဖွေရန် ဒေါသတကြီးဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

သို့သော် ထိုအမျိုးသားအတွက် နောက်ကျသွားချေပြီ။

လင်းဖန်က သူ၏နောက်ကျောတွင်ပေါ်လာပြီး ကောင်းကင်မူလလက်သည်းများဖြင့် အမျိုးသား၏ လက်ပြင်ရိုးများဆီသို့ ထိုးစိုက်ချလိုက်လေသည်။

ထိုအမျိုးသား၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသော ချီစွမ်းအင်များကို သူ၏လက်မောင်းများမှ ထပ်မံ ဖြတ်တောက်လိုက်ခြင်းပင်။

ထို့နောက် လင်းဖန်က အသေသတ်ရန် ဝင်ရောက်သွားပြီး လက်သည်းများကို အမျိုးသား၏ လည်ပင်းအတွင်းသို့ ထိုးစိုက်လိုက်တော့သည်။

လူထွားကြီးက လင်းဖန်ကို လက်များဖြင့်တားဆီးရန် ကြိုးစားသော်လည်း မတတ်နိုင်ခဲ့ပေ။

သူ၏ချီစွမ်းအင်များကို ထိုနေရာသို့ မပို့ဆောင်နိုင်တော့ပေ။

” အာ့...”

သက်စောင့်စွမ်းအင်များ လျော့ကျသွားသည်ကို ခံစားလိုက်ရချိန်တွင် လူထွားကြီးမှာ နာကျင်စွာဖြင့် အော်ဟစ်လိုက်ရုံသာ တတ်နိုင်တော့သည်။

ဖျန်း...

လင်းဖန်က အမျိုးသား၏ လည်ပင်းနှင့် အသားစိုင်များကို ဆွဲဖြဲပစ်လိုက်ရာ မြေပြင်တစ်ပြင်လုံးသို့ သွေးများ ပန်းထွက်ကုန်လေတော့သည်။

ထို့နောက် လင်းဖန်၏စိတ်ထဲတွင် ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာလေသည်။

[ဒင်... ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။]

[ကလဲ့စားချေအမှတ် + ၅၀၀]

[လက်ရှိ ကလဲ့စားချေအမှတ် - ၁၈၀၀]

ထိုလူကြမ်းကြီးအား ရှင်းလင်းပြီးနောက် လင်းဖန်သည် နောက်သို့လှည့်ကာ ဟိုမင်နှင့် ကောဟယ်ရုတို့၏အခြေအနေကို စစ်ဆေးလိုက်သည်။

ဟိုမင်သည်လည်း ထိုလူနှစ်ဆယ်အား လက်စသတ်ပြီးဖြစ်ရာ ၎င်းတို့အားလုံးမှာ အသက်ပျောက်ကာ မြေပြင်ပေါ်တွင် ပုံလဲကျနေချေပြီ။

သူက နောက်သို့ပြန်လှည့်ကြည့်လိုက်ရာ အဘိုးအိုလျန်ဟော်မှာ ထွက်ပြေးရန်ကြိုးစားနေသည်ကို မြင်လိုက်ရလေသည်။

ဘုန်း...

လင်းဖန်သည် ဆက်တိုက်ခုန်ပျံခြင်းစွမ်းရည်ကို အသုံးပြုလိုက်ပြီး နောက်တစ်စက္ကန့်တွင် လျန်ဟော်၏ဘေးနားသို့ ရောက်ရှိသွားချေပြီ

သူသည် လျန်ဟော်၏ အဝတ်အစားကိုဆွဲကိုင်ကာ အပေါ်သို့ မ ချီလိုက်လေသည်။

ထို့နောက် ကောဟယ်ရုဘက်သို့လှည့်ကာ မေးလိုက်သည်။

“ကဲ... သူ့ကို ဘယ်လိုလုပ်စေချင်လဲ...”

“ငါ့ကို လွှတ်ပေးစမ်း...

လျန်ဟော်သည် အော်ဟစ်လိုက်ပြီး လင်းဖန်၏လက်ထဲမှ ရုန်းထွက်ရန် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်ချေသည်။

လင်းဖန်သည် လျန်ဟော်၏လည်ပင်းကို ရိုက်ချလိုက်ရာ သတိလစ်သွားစေလေသည်။

“ငါက... အင်း...”

ကောဟယ်ရုမှာ တုံ့ဆိုင်းနေလေသည်။

သူသည် လျန်ဟော်အား တစ်ချက်ကြည့်လိုက်ပြီးနောက် လင်းဖန်ဘက်သို့ အကြည့်ရွှေ့လိုက်သည်။

ရှေ့ဆက်၍ ဘာလုပ်ရမည်ကို ဆုံးဖြတ်နိုင်ခြင်း မရှိပေ။

” ခင်ဗျား သူ့ကို လွှတ်ပေးလိုက်ရင် သူက နောက်တစ်ကြိမ် ခင်ဗျားကိုသတ်ဖို့ သေချာပေါက် ကြိုးစားလိမ့်မယ်ဆိုတာ ကျုပ် သတိပေးရလိမ့်မယ်...”

လင်းဖန်သည် ပခုံးတွန့်ကာ ပြောလိုက်သည်။

သူသည် ကောဟယ်ရု၏အဖြေကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလေသည်။

သူတို့ရောက်ရှိနေသော လောကကြီး၏ လက်တွေ့အခြေအနေကို ကောဟယ်ရုအား သဘောပေါက်စေရန် သူ လိုအပ်ပေသည်။

ကောဟယ်ရုသည် မြေပြင်ပေါ်တွင်သေဆုံးနေသော လူအလောင်းများနှင့်ပြည့်နှက်နေသည့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

ဂျီ... ဂျီ...

အချိန်တိုလေးအတွင်း ချုံပုတ်များထဲမှ အင်းဆက်ပိုးမွှားများ၏ အသံများကို ကြားလိုက်ရလေသည်။

နောက်ဆုံးတွင်မူ ကောဟယ်ရုသည် သူ၏ ဆုံးဖြတ်ချက်ကို ချလိုက်လေသည်။

“သူ့ကို သတ်လိုက်ပါ... မဟုတ်ရင် ငါတို့ နောက်ထပ် ပြဿနာတွေ တက်လိမ့်မယ်...”

သူက ပြောလိုက်သည်။

“ခင်ဗျား သဘောအတိုင်းပါပဲ...”

လင်းဖန်က ဟိုမင်အား တစ်ချက်ကြည့်လိုက်ရာ ဟိုမင်သည် ကောဟယ်ရုအား မြင်းများရှိရာသို့ ခေါ်ဆောင်သွားလေသည်။

လင်းဖန်သည် ထိုအခွင့်အရေးကိုအသုံးချကာ လျန်ဟော်အား အဆုံးသတ်လိုက်ပြီး မြေသားလမ်းဘေးရှိ ချုံပုတ်များထဲသို့ ပစ်ချလိုက်လေသည်။

ထို့နောက် သူသည် မြင်းပေါ်သို့တက်ခွလိုက်ပြီး ချင်ဖုန်းဂိုဏ်းသို့ပြန်မည့် သူတို့၏ခရီးစဉ်ကို ဆက်လက်ထွက်ခွာလာခဲ့ကြသည်။

လျန်ဟော်၏ အလောင်းရှိရာနေရာကို ဖြတ်ကျော်သွားချိန်တွင် ကောဟယ်ရုသည် ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်လေသည်။

‘ဆေးပညာကျင့်ကြံတာက အများကြီးပိုပြီး ရိုးရှင်းပါတယ်လေ...’

သူက စိတ်ထဲမှ တွေးလိုက်သည်။

…

ချင်ဖုန်းဂိုဏ်း…

ဂိုဏ်းသို့ ပြန်လည်ရောက်ရှိချိန်တွင် ကောဟယ်ရုသည် လင်းဖန်နှင့် ဟိုမင်တို့ကို ကျေးဇူးတင်စကား ဆိုလေသည်။

သူတို့သည် သူ၏ ဆေးပင်များအတွက် နာမည်ကောင်းရှိသော ကုန်သည်တစ်ဦးကို ရရှိအောင် ကူညီပေးခဲ့သည့်အပြင် သူ၏ အသက်ကိုရန်ရှာနေသော လျန်ဟော်ကိုပါ ဖယ်ရှားပေးခဲ့ခြင်း ဖြစ်သည်။

“ကောင်းကင်ပြန်လည်အားဖြည့် ဆေးလုံးတွေ ရပြီဆိုရင် ခင်ဗျားတို့ကို ကျုပ် အသိပေးပါ့မယ်...”

ကောဟယ်ရုက ပြောလိုက်သည်။

“ကျေးဇူးပါပဲ...”

လင်းဖန်က သူ့ကို ကျေးဇူးတင်လိုက်ပြီးနောက် သူတို့ လမ်းခွဲခဲ့ကြသည်။

ဆေးတောင်ထွတ်တွင် သြဇာလွှမ်းမိုးမအနည်းငယ် တည်ဆောက်နိုင်ခဲ့သော်လည်း သူ့တွင် လုပ်စရာအများကြီး ကျန်နေသေးသည်။

မှော်ရတနာများအတွက်မူ သူ့၌ စီမာလျန်ရှိနေပြီဖြစ်ရာ ယခု သူ့အတွက် လိုအပ်နေသည်မှာ အစီအရင်တောင်ထွတ်မှ လူတစ်ယောက်ရရှိရေးပင်။

သူသည် ကျောက်မင်ယဲ့၏စွမ်းရည်ကို မြင်တွေ့ခဲ့ရပြီးနောက် ထိုစွမ်းရည်အပေါ် သတိထားနေခဲ့သည်။

အထူးသဖြင့် တစ်စုံတစ်ယောက်၏မှတ်ဉာဏ်များကို ပြန်လည်ဆွဲထုတ်နိုင်သည့် စွမ်းရည်မျိုး ဖြစ်ပေသည်။

သူ သတိထားပြီး ချဉ်းကပ်တာက ပိုကောင်းလိမ့်မည်။

လင်းဖန်သည် သစ်သားတဲလေးဆီသို့ ပြန်ရောက်သွားချိန်တွင် တစ်ဖန် လုံခြုံပြီး အေးချမ်းသွားသကဲ့သို့ ခံစားလိုက်ရလေသည်။

ထိုတဲလေးမှာ ဂိုဏ်းနှင့်ဝေးရာ၌ အချိန်အကန့်အသတ်မရှိတည်ရှိနေပြီး သူသည် အရာအားလုံးထံမှ ယာယီ ခွာရှောင်နေနိုင်ပေသည်။

“မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ... ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်မှာ အခြေအနေတွေ သိပ်မကောင်းဘူး...”

လင်းဖန် ဝင်လာသည်ကို မြင်လိုက်ရသောအခါ ဟိုကျဲ့က ပြောလိုက်သည်။

All Chapters