← Chapters

အခန်း ၂၀၇

Vol. 21 Ch. 207

အခန်း ၂၀၇

Vol. 21 Ch. 207

အခန်း (၂၀၇) - အမြုတေဖွဲ့စည်းခြင်းအဆင့်

“ဒါက ဘာသဘောလဲ...”

လင်းဖန်က မေးလိုက်သည်။

ဟိုကျဲ့က လင်းဖန်အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးရင်း ရှင်းပြလိုက်သည်။

“တာဝန်သွားလုပ်တဲ့တပည့်တွေ ပြန်မရောက်လာကြသေးဘူး...”

“ဘာ... သူတို့နဲ့အတူ တာဝန်ကို ဂိုဏ်းတူအစ်ကိုကြီးစွန်းဟိုင် လိုက်သွားတာမို့လို့ လုံခြုံမယ်လို့ ထင်ထားတာ...”

“စွန်းဟိုင်ပါ ပျောက်နေတာ... အခု အပြင်ဘက်မှာ အခြေအနေတွေက အရမ်းရှုပ်ထွေးနေတယ်...”

ဟိုကျဲ့က ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့လှမ်းကြည့်ရင်း ဆက်ပြောလိုက်သည်။

“ဧကရာဇ်က အခု မြောက်ဘက်မှာရှိတဲ့ ဟူလူမျိုးနွယ်စုတွေနဲ့ စစ်တိုက်ဖို့ အလုပ်ရှုပ်နေတယ်...”

“ထန်ရှောင်ယောင်ရဲ့စစ်တပ်က တပ်သားတွေက တောင်ဘက်ကိုထွက်ပြေးလာကြပြီး အခု ဓားပြတွေ၊ ရာဇဝတ်ကောင်တွေအဖြစ်နဲ့ အနှောင့်အယှက် ပေးနေကြတယ်...”

လင်းဖန်က လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး မေးလိုက်သည်။

“ဆိုလိုချင်တာက ဂိုဏ်းတူအစ်ကိုကြီးနဲ့ တပည့်သစ်တွေ ပျောက်ဆုံးသွားတာက ထန်ရှောင်ယောင်ရဲ့စစ်တပ်က တပ်သားတွေကြောင့် ဖြစ်နိုင်တယ်ပေါ့...”

“ဘယ်သူမှ သေချာမသိကြသေးဘူး...”

ဟိုကျဲ့က ခေါင်းခါကာ ပြန်ဖြေလိုက်သည်။

လင်းဖန်က လက်ဖက်ရည်ကို ကုန်စင်အောင်သောက်လိုက်ပြီးနောက် ဟိုကျဲ့ပြောခဲ့သည့် စကားများကို ပြန်လည်တွေးတောနေမိလေသည်။

ဂိုဏ်းတူအစ်ကိုကြီးစွန်းဟိုင်သည် သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်ရေးကျင့်ကြံမှုအတွက် ကူညီပေးခဲ့ကာ သူအပေါ်တွင် အလွန်ကောင်းမွန်ခဲ့သူ ဖြစ်ပေသည်။

ထို့ကြောင့် သူ့အနေဖြင့် ဂိုဏ်းတူအစ်ကိုကြီးအား ကယ်တင်နိုင်ရန် အစွမ်းကုန် ကြိုးစားရပေလိမ့်မည်။

ရွှေအမြုတေတက်လှမ်းခြင်းဆေးလုံးက အချိန်ကိုက်ပင် ရောက်ရှိလာခဲ့ချေပြီ။

သို့သော် ယခုအချိန်တွင်မူ ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်တွင် ကျန်းရှီနှင့် ကျန်းရိနျန်တို့ထံ၌ မည်သို့ဖြစ်ပျက်နေသည်ကို သွားရောက်မစစ်ဆေးမီ ကောင်းကောင်း အနားယူရန် လိုအပ်နေသေးပေသည်။

…

တစ်ညတာ ကောင်းစွာ အိပ်စက်အနားယူပြီးနောက်တွင် လင်းဖန်သည် ကောဟယ်ရု၏ ပြုံးရွှင်နေသောမျက်နှာကို မြင်တွေ့ကာ နိုးထလာခဲ့လေသည်။

“ဘာတွေဖြစ်နေတာလဲ...”

လင်းဖန်က အလန့်တကြား ရေရွတ်လိုက်သည်။ သူ မျက်လုံးဖွင့်ဖွင့်ချင်း ပထမဆုံး မြင်တွေ့ရမည့်သူမှာ ကောဟယ်ရုဖြစ်နေလိမ့်မည်ကို သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။

ကောဟယ်ရုက ပြုံးလိုက်ပြီး စားပွဲပေါ်ရှိ ဆေးလုံးပုလင်းငါးလုံးကို လက်ညိုးထိုးပြလိုက်သည်။

“ကောင်းကင်ပြန်လည်အားဖြည့်ဆေးလုံးတွေ အဆင်သင့်ဖြစ်နေပြီ... သွားကြည့်လိုက်ပါဦး...”

ကောဟယ်ရုက လင်းဖန် စားပွဲဆီသို့ လျှောက်သွားသည်ကို ကြည့်ရင်း လင်းဖန်၏တုံ့ပြန်မှုကို စောင့်ဆိုင်းနေလေသည်။

လင်းဖန်က ဆေးလုံးပုလင်းများထဲမှတစ်လုံးကို ကောက်ကိုင်လိုက်ပြီး အဆို့ရှင်ကို ဖွင့်လိုက်သည်။

ဆေးဘက်ဝင်အပင်များ၏ မွှေးပျံ့သောရနံ့က လေထုထဲသို့ ချက်ချင်းပင် ပျံ့လွင့်လာတော့သည်။

သူက ဆေးလုံးတစ်လုံးကို ထုတ်ယူကာ သေချာစွာ စစ်ဆေးကြည့်လိုက်သည်။

ဆေးလုံး၏ မျက်နှာပြင်ပေါ်တွင် လိမ္မော်ရောင်အလင်းတန်းများ မှိန်ဖျော့ဖျော့ လည်ပတ်နေသည်ကို တွေ့လိုက်ရသည်။

ဤကဲ့သို့သော ဆေးလုံးမျိုးကို ယခင်က တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့သဖြင့် လင်းဖန်မှာ အလွန်အမင်း အံ့အားသင့်သွားရချေသည်။

ကောဟယ်ရုက ခေါင်းကိုမော့ထားလိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။

“ဟုတ်တယ်... ထုတ်သာပြောလိုက်စမ်းပါ... ငါ့ရဲ့ ပါရမီက ပြိုင်ဘက်ကင်းတယ်ဆိုတာ... ဒါတွေက ကောင်းကင်အဆင့် ဆေးလုံးတွေပဲ...”

လင်းဖန်က မျက်လုံးကို လှန်ပြလိုက်ပြီး ပြောလိုက်သည်။

“မင်းက သင်ခန်းစာ တစ်ခု၊ နှစ်ခုလောက်များ ရသွားပြီလို့ ငါ ထင်နေခဲ့တာ...”

သို့သော် ကောဟယ်ရု၏ သွေးကြောများထနေသော မျက်လုံးရဲရဲများကိုမြင်လိုက်ရချိန်တွင် လင်းဖန်က ကောဟယ်ရု၏ကျောကို ဖွဖွလေး ပုတ်ပေးလိုက်လေသည်။

ကောဟယ်ရုသည် သူ့အတွက် ဤဆေးလုံးများကိုဖန်တီးရန် တစ်ညလုံး အချိန်ကုန်ခံခဲ့ရပုံပေါ်ပေသည်။

‘အချို့အရာတွေက ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူးပဲ...’

လင်းဖန် စိတ်ထဲမှ တွေးလိုက်သည်။

“ငါ သိပါတယ်... အခု ငါက မင်းနဲ့ ဟိုမင်ရဲ့ ရှေ့မှာလောက်ပဲ ငါ့ရဲ့ ပါရမီအကြောင်းကို ကြွားလုံးထုတ်တာပါ...”

ကောဟယ်ရုက ပခုံးတွန့်ကာ ပြောလိုက်သည်။

“မင်း ဟိုမင်တစ်ယောက်တည်းကိုပဲ အဲဒီလို လုပ်သင့်တယ်...”

လင်းဖန်က ကောင်းကင်အားဖြည့်ဆေးလုံး ပုလင်းငါးလုံးအား ဖားပြုတ်ရုပ်တုငယ်အတွင်းသို့ သိမ်းဆည်းရင်း ပြောလိုက်သည်။

ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်တွင် မည်သို့ဖြစ်ပျက်နေသည်ကိုသိရှိရန် လင်းဖန်တစ်ယောက် စိတ်အားထက်သန်နေခဲ့သဖြင့် သူတို့နှစ်ဦးသား အချင်းချင်း နှုတ်ဆက်ခွဲခွာခဲ့ကြလေသည်။

…

ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်…

ကျန်းရှီက ပင်မဆောင်အတွင်းသို့ လင်းဖန် ဝင်ရောက်လာသည်ကိုမြင်လိုက်ရချိန်တွင် ဝမ်းသာအားရ အော်ဟစ်လိုက်လေသည်။

“နောက်ဆုံးတော့ နင် ပြန်လာပြီပဲ...”

လင်းဖန်က မေးမြန်းလိုက်သည်။

“အခုအခြေအနေက ဘယ်လိုဖြစ်နေတာလဲ... ဂိုဏ်းတူအစ်ကိုနဲ့တပည့်တွေ ပျောက်ဆုံးနေတုန်းပဲလို့ ငါ ကြားခဲ့ရတယ်...”

ကျန်းရှီက ပြန်ဖြေလိုက်သည်။

“ဟုတ်တယ်... သူတို့က ချမ်းသာတဲ့ ကုန်သည်တစ်ယောက်ရဲ့ဇနီးကို လိုက်ပါစောင့်ရှောက်ဖို့ မေဟွားမြို့ကိုသွားခဲ့တဲ့ တာဝန်ကနေ ပြန်မလာကြသေးဘူး...”

“ငါလည်း သွားပြီး ရှာဖွေခဲ့သေးတယ်... ဒါပေမဲ့ အသုံးဝင်မယ့် ခြေရာလက်ရာ တစ်ခုမှ မတွေ့ခဲ့ရဘူး...”

“ငါ ဘာမှ ဆက်လုပ်လို့မရတော့လို့ နင့်ဆီက အကူအညီရမလားဆိုပြီး ပြန်လာခဲ့တာ... စုံစမ်းစစ်ဆေးမှုမှာ နင် ကူညီပေးနိုင်မလားလို့ပဲ...”

ကျန်းရှီသည် လင်းဖန်အား ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။

လင်းဖန်က ခဏမျှ စဥ်းစားလိုက်ပြီးနောက် မေးမြန်းလိုက်သည်။

“ဒီပတ်ဝန်းကျင်မှာ ထန်ရှောင်ယောင်ရဲ့စစ်တပ်က လက်ကျန်စစ်သားတွေ ရှိနေသေးလို့လား...”

ကျန်းရှီက ခေါင်းခါပြကာ ပြန်ပြောလိုက်သည်။

“ငါ သိသလောက်တော့ မရှိပါဘူး...”

လင်းဖန်သည် ဂိုဏ်းတူအစ်ကိုစွန်းဟိုင်တွင် ရန်ငြိုးရှိသူများ ရှိ၊ မရှိကို မျက်မှောင်ကြုတ်ရင်း ပြန်လည်စဥ်းစားရန် ကြိုးစားလိုက်သည်။

“ဒါ ထူးဆန်းတယ်... ဂိုဏ်းတူအစ်ကိုစွန်းဟိုင်မှာ အခြားရန်သူတွေရှိမယ်လို့ ငါ မထင်ဘူး...”

ကျန်းရှီက ပြန်ပြောလိုက်သည်။

“ငါ သိသလောက်လည်း မရှိဘူး...”

လင်းဖန်က ရွှေအမြုတေတက်လှမ်းခြင်းဆေးလုံးကိုထုတ်ယူကာ ကျန်းရှီကိုပြသလိုက်ရင်း ပြောလိုက်သည်။

“အခုလောလောဆယ်တော့ သွားရောက်စုံစမ်းတာကလွဲလို့ ငါတို့ ဘာမှ မတတ်နိုင်သေးဘူး... ဒါပေမဲ့ ပထမဆုံးအနေနဲ့...”

ဆေးလုံးကို မြင်လိုက်ရချိန်တွင် ကျန်းရှီ၏မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားလေသည်။

ဤဆေးလုံးသည် အလွန်ရှားပါးပြီး လူအများ လိုချင်တပ်မက်နေကြသော ဆေးလုံးဖြစ်ပေသည်။

အခြေခံတည်ဆောက်ခြင်းအဆင့်၌ ပိတ်မိနေသော ကျင့်ကြံသူအမြောက်အမြားမှာ ဤဆေးလုံးကို ရရှိရန်အတွက် လူသတ်ရန်ပင် ဝန်လေးကြမည်မဟုတ်ချေ။

သို့သော် လင်းဖန်မှာမူ ခရီးတစ်ခုထွက်ရုံမျှဖြင့် တစ်လုံး ရရှိလာခဲ့သည်။

သူမစိတ်ထဲတွင် အားကျမနာလိုမှုများ ပြည့်နှက်သွားတော့သည်။

သူမသာ အခြေခံတည်ဆောက်ခြင်းအဆင့်တွင် ရှိစဉ်က ဤရွှေအမြုတေတက်လှမ်းခြင်းဆေးလုံးကိုရရှိခဲ့ပါက ယခုကဲ့သို့ အဆင့်တက်လှမ်းနိုင်ရန်အတွက် ဆင်းရဲဒုက္ခများစွာ ခံစားခဲ့ရမည်မဟုတ်ပေ။

အဆုံးတွင် သူမက ပြုံးလိုက်မိလေသည်။ အကြောင်းမှာ လင်းဖန်သာ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိသွားပါက ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်အတွက် အလွန်ကောင်းမွန်သောကြောင့် ဖြစ်သည်။

ကျန်းရှီကပြောလိုက်ပြီး အောက်ခြေသိမ်းတပည့်များကို ရေချိုးကန် အဆင်သင့်ပြင်ဆင်ထားရန် ညွှန်ကြားလိုက်တော့သည်။

“မင်းကို အဆင်သင့်ပြင်ပေးမယ်...”

အောက်ခြေသိမ်းတပည့်များက ရေချိုးကန်ကို ပြင်ဆင်ပြီးစီးသွားသည့်အခါ လင်းဖန်သည် ရွှေအမြုတေတက်လှမ်းခြင်းဆေးလုံးကို သောက်သုံးကာ ရေချိုးကန်ထဲသို့ ဝင်ထိုင်လိုက်လေသည်။

ရေချိုးကန်ထဲသို့ဝင်လိုက်သည်နှင့် လင်းဖန်သည် ဆေးဘက်ဝင်အပင်များရောစပ်ထားသည့် ရေနွေးနွေး၏ သက်တောင့်သက်သာရှိလှသော ခံစားချက်ကို ပထမဦးစွာ ခံစားလိုက်ရသည်။

သို့သော် မကြာမီမှာပင် သူ၏ တန်းထျန်အတွင်းမှ ပူပြင်းလှသောအပူရှိန်က ခံနိုင်ရည်မရှိလောက်အောင် ဖြစ်လာတော့သည်။

သူသည် တင်ပျဉ်ခွေထိုင်ရင်း နဖူးပေါ်တွင် ချွေးစေးများ ပျံတက်လာလေသည်။

သူသည် အသက်ရှူသွင်းကာ ကျန်းရှီ ညွှန်ကြားထားသည့်အတိုင်း မိမိ၏ချီစွမ်းအင်ကို လမ်းကြောင်းရှာ လှည့်ပတ်လိုက်သည်။

ရေချိုးကန်ထဲရှိ ရေနွေးနွေး၏အပူရှိန်က လင်းဖန်၏ လောင်မြိုက်နေသော တန်းထျန်မှ အပူဒဏ်ကို ဖြည်းဖြည်းချင်း သက်သာသွားစေသည်။

ထို့နောက် ရွှေရောင်အလင်းတန်းများက သူ့အားလွှမ်းခြုံသွားပြီး သူသည် ရေထဲတွင်ကျင့်ကြံနေသော သူတော်စင်တစ်ပါးကဲ့သို့ ဖြစ်လာတော့သည်။

လင်းဖန်သည် သူ၏တန်းထျန်မှာ ရွှေရောင်အလုံးတစ်ခုအလား ဖြည်းဖြည်းချင်း တင်းမာခိုင်မာလာသည်ကို ခံစားလိုက်ရသည်။

တန်းထျန်အတွင်းသို့ ဝင်ရောက်လာသော ချီစွမ်းအင်များသည် ယခုအခါ ပိုမိုသိပ်သည်းသောပုံစံဖြင့် သိုလှောင်ထားနိုင်ပြီ ဖြစ်သည်။

သူသည် တန်းထျန်အတွင်းသို့ ချီစွမ်းအင်များကို တတ်နိုင်သမျှ များများထည့်သွင်းရန် ကြိုးစားလိုက်သည်။

ဤပမာဏသည် သူ အခြေခံတည်ဆောက်ခြင်းအဆင့်တွင်ရှိစဉ်ကထက် နှစ်ဆမျှ ပိုမိုများပြားလေသည်။

နာရီအနည်းငယ် ကြာပြီးနောက်တွင် တန်းထျန်အတွင်းမှ လောင်မြိုက်သည့်ခံစားချက်မှာ ရပ်တန့်သွားပြီး လင်းဖန်က မျက်လုံးများကို ဖွင့်လိုက်တော့သည်။

သူ၏အာရုံခံစားမှုများမှာ ပိုမိုစူးရှလာပြီး ပတ်ဝန်းကျင်ရှိ သေးငယ်သော အသေးစိတ် အချက်အလက်တိုင်းကို မြင်နိုင်၊ ကြားနိုင်ကာ ခံစားနိုင်လာတော့သည်။

သူ၏ခန္ဓာကိုယ်အတွင်း၌လည်း ကြမ်းတမ်းလှသော ခွန်အားများ ပြည့်လျှံနေသည်ကို ခံစားလိုက်ရသည်။

လင်းဖန်ကလှည့်၍ ကျန်းရှီကိုကြည့်ကာ ပြောလိုက်သည်။

“သွားကြစို့... ဂိုဏ်းတူအစ်ကိုကို ဘယ်သူက ဒုက္ခပေးဖို့ ကြိုးစားနေတာလဲဆိုတာ သွားကြည့်ကြတာပေါ့...”

All Chapters