← Chapters

အခန်း ၂၀၉

Vol. 21 Ch. 209

အခန်း ၂၀၉

Vol. 21 Ch. 209

အခန်း (၂၀၉) - ဖောက်ပြန်မှု

သူတို့သည် တောအုပ်အတွင်းပိုင်းသို့ ခပ်ဝေးဝေးအထိ ရောက်သွားသောအခါ လင်းဖန်ကရပ်တန့်လိုက်ပြီး ကျန်းရှီကိုတိတ်တိတ်နေရန် အချက်ပြလိုက်သညိ။

ယခုအခါတွင် ကျန်းရှီ၏ပါးပြင်များမှာ ရဲရဲနီနေပြီး သူမ၏ရင်ခုန်သံများမှာလည်း အဆက်မပြတ် မြန်ဆန်နေလေသည်။

သူမတွေးနိုင်သမျှအရာအားလုံးမှာ သူမလက်ကိုဆုပ်ကိုင်ထားသော လင်းဖန်၏ လက်အကြောင်းပင်။

‘ဒါက ဘာအဓိပ္ပာယ်လဲ...’

သူမ စိတ်ထဲမှ တွေးလိုက်သည်။

နောက်တစ်ခဏ၌ လင်းဖန်က သူမလက်ကိုလွှတ်ပေးလိုက်ပြီး လန်ခိုရှိရာအရပ်သို့ စူးစိုက်ကြည့်ရှုနေသည်ကို မြင်လိုက်ရချိန်တွင် သူမ တည်ငြိမ်သွားလေတော့သည်။

လင်းဖန်သည် လန်ခိုနှင့် ရထားလုံးဆရာတို့ကြားမှ စကားပြောသံများကို နားထောင်နေခြင်းပင်။

“အချစ်လေး... သူတို့လည်း ထွက်သွားကြပြီဆိုတော့ ကိုယ်တို့ပျော်ရွှင်ဖို့ အချိန်ကျပြီလေ...”

ရထားလုံးဆရာက ပေါ့ပျက်ပျက်လေသံဖြင့် စကားဆိုလိုက်သည်။

“ငါ့ရင်ခုန်သံတွေ အရမ်းမြန်နေပြီ... နောက်တစ်ခါ ဒီလိုအန္တရာယ်များတဲ့ကိစ္စမျိုး လုပ်ခိုင်းဖို့တောင်မတွေးနဲ့နော်...”

လန်ခိုက ပြောလိုက်သည်။

“ဟန်ဆောင်မနေပါနဲ့... ဒါက ကိုယ်တို့နှစ်ယောက် သီးသန့် အချိန်အတူတူဖြတ်သန်းဖို့ တစ်ခုတည်းသောနည်းလမ်းဆိုတာ မင်းလည်းသိပါတယ်... ဒါမှမဟုတ်ရင်လည်း ဘာလို့ မင်းက အိမ်တော်ကနေ ထွက်လာဖို့ ဒီအခွင့်အရေးကို ယူခဲ့မှာလဲ...”

“အိမ်တော်အကြောင်း လာမပြောနဲ့... အဲဒီအဘိုးကြီးအကြောင်း တွေးမိတာနဲ့တင် ငါ ရွံလွန်းလို့ အန်ချင်လာတယ်...”

လန်ခိုက ရွံရှာစက်ဆုပ်ဟန်ရှိသောလေသံဖြင့် ပြောလိုက်သည်။

ထိုစကားဝိုင်းကို ကြားလိုက်ရချိန်တွင် လင်းဖန် အံ့သြသွားလေသည်။

အမှန်တကယ်တော့ ဖောက်ပြန်နေသူမှာ လန်ခိုပင် ဖြစ်ချေသည်။

သူသည် ယခုအချိန်အထိ ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်စဉ်းစားကာ အရာအားလုံးကို အဓိပ္ပာယ်ဖော်ရန် ကြိုးစားလိုက်သည်။

သူတို့ကို လျောင်ဝမ့်ဆီသို့အာရုံလွှဲရန် ကြိုးစားပြောဆိုခဲ့သည့်အတိုင်းမဟုတ်ဘဲ တကယ်တမ်းဖောက်ပြန်နေသူမှာ လန်ခိုပင် ဖြစ်ပေသည်။

သူမ အိမ်တော်မှ ထွက်လာလိုခြင်းမှာလည်း ရထားလုံးဆရာ၏ ညွှန်ကြားချက်ကြောင့်သာ ဖြစ်သည်။

ယခုအခါတွင် သံသယဖြစ်ဖွယ်ရာအားလုံးသည် ရထားလုံးဆရာဆီသို့ ဦးတည်သွားချေပြီ။

လင်းဖန်သည် လှည့်လိုက်ပြီး ကျန်းရှီအား သူကြားခဲ့ရသည်များကို အကျဉ်းချုံး၍ ပြောပြလိုက်သည်။

လန်ခိုနှင့် ရထားလုံးဆရာတို့တွင် ဖုံးကွယ်ထားသော ကိစ္စများစွာရှိနေသည်ကို သိလိုက်ရသဖြင့် သူမ အလွန်တုန်လှုပ်သွားလေသည်။

ယခင်အကြိမ် သူမ လာရောက်စုံစမ်းခဲ့စဉ်က သူတို့နှစ်ဦးထံမှ မည်သည့်အရာကိုမျှ မသင်္ကာဖွယ်မတွေ့ခဲ့ရသဖြင့် သူမ၏ မေးမြန်းမှုများက သိပ်ပြီး အရာမထင်ခဲ့ပေ။

” ဒါဆို အခု ငါတို့ ဘာလုပ်ကြမလဲ...”

ကျန်းရှီက မေးလိုက်သည်။

“ဘာမှမသိသလို ဟန်ဆောင်ထားလိုက် ပြီးရင် ချင်ဖုန်းဂိုဏ်းကို ပြန်တော့မယ်လို့ ပြောကြတာပေါ့...”

လင်းဖန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ပြန်ဖြေလိုက်သည်။

သူတို့၏ ပတ်ဝန်းကျင်တစ်ခွင်တွင် တွင်းချိုင့်များ၊ လဲကျနေသောသစ်ပင်များရှိနေပြီး ၎င်းမှာ တပည့်များနှင့် သူတို့ကို ဖမ်းဆီးသွားသူများကြားမှ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ဖို့များပေသည်။

သို့သော်လည်း သူ တောအုပ်အတွင်းပိုင်းသို့ ပိုမိုဝင်ရောက်သွားသောအခါ အဆိုပါခြေရာလက်ရာအားလုံးမှာ ရပ်တန့်သွားလေသည်။

အချိန်အတော်ကြာပြီးနောက်တွင် ခြေရာများလုံးဝမရှိတော့သဖြင့် သူတို့ မည်သည့်လမ်းကြောင်းသို့ ထွက်သွားသည်ကို သူ သေချာပေါက် မသိနိုင်တော့ပေ။

ဤနေရာသည် လမ်းဆုံးဖြစ်နေကြောင်း မြင်လိုက်ရသောကြောင့် လင်းဖန်က လန်ခိုနှင့် ရထားလုံးဆရာတို့ရှိရာသို့ ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။

အဟွတ်...

လင်းဖန်သည် ရထားလုံးအနီးသို့ ချဉ်းကပ်သွားချိန်တွင် ချောင်းဆိုးဟန်ဆောင်လိုက်သည်။

သူသည် မနှစ်မြို့ဖွယ်ရာ ကိစ္စများကို မမြင်ချင်ခဲ့ပေ။

” အို... ရှင်တို့ ပြီးသွားပြီလား... သူတို့ ဘယ်ကိုထွက်သွားတယ်ဆိုတဲ့ သဲလွန်စတစ်ခုခုများ ရှာတွေ့ခဲ့လား...”

လန်ခိုက သူမ၏ ပိုးသားဝတ်ရုံရှည်ကိုပြင်ဝတ်ရင်း စိုးရိမ်ပူပန်နေပုံဖြင့် မေးလိုက်သည်။

“ဟင့်အင်း ဘာသဲလွန်စမှ ရှာမတွေ့ခဲ့ဘူး...”

လင်းဖန်က အလွန်စိတ်ပျက်နေသည့်ဟန်ဖြင့် အောက်ကိုငုံ့ကြည့်ကာ ပြန်ဖြေလိုက်သည်။

“အရမ်း စိတ်မကောင်းဖြစ်ရပါတယ်... ကျွန်မတို့ အိမ်တော်ကို အရင်ပြန်ကြတာ ပိုကောင်းမယ်ထင်တယ်...”

လန်ခိုက အကြံပြုလိုက်သည်။

လင်းဖန်က ခေါင်းညိတ်ပြလိုက်ပြီး သူတို့အားလုံး ရထားလုံးပေါ်သို့ တက်လိုက်ကြသည်။

အပြန်ခရီးတစ်လျှောက် ရထားလုံးထဲ၌ တိတ်ဆိတ်ငြိမ်သက်နေလေသည်။

ကျန်းရှီသည် လန်ခို၏အကြည့်များကို ရှောင်လွှဲရန်ကြိုးစားရင်း မျက်လုံးကို ဘယ်နေရာထားရမှန်းပင် မသိတော့ချေ။

သူမ၏စိတ်ထဲ၌ လန်ခိုနှင့် ရထားလုံးဆရာတို့ အတူရှိနေမည့်မြင်ကွင်းကို တွေးမိတိုင်း သူမအတွက် ခံစားရ ခက်လွန်းလှသည်။

၎င်းမှာ သူမ နားမလည်နိုင်သော ကိစ္စတစ်ခုပင်။

သူမ၏မျက်လုံးများ နေရာအနှံ့ ကစားနေခြင်းက သံသယဖြစ်စေနိုင်သောကြောင့် လင်းဖန်က သူမကို ရပ်တန့်စေရန် တံတောင်ဖြင့် တွန်းလိုက်ရသည်။

လင်းဖန်၏လုပ်ရပ်ကို လန်ခို မြင်လိုက်သောအခါ မျက်ခုံးတစ်ဖက်ကိုပင့်လိုက်ပြီး မေးလိုက်သည်။

“မင်းတို့နှစ်ယောက်က... တောင်းပန်ပါတယ်...”

သူမက မေးခွန်းကို ဆုံးအောင်မမေးတော့ဘဲ အမြန်တောင်းပန်လိုက်ပြီး သူမ၏ အနေခက်နေသောအပြုံးကို လက်ဖြင့် ကွယ်ထားလိုက်လေသည်။

‘သူမ ဘာတွေတွေးနေတာလဲ...’

သူမ စိတ်ထဲမှ တွေးလိုက်သည်။

“ဘာပြောတာလဲ... မဟုတ်ပါဘူး... ငါက သူ့ရဲ့ ဂိုဏ်းတူအစ်မပါ...”

ကျန်းရှီက ခေါင်းကိုမော့ကာ မတ်မတ်ထိုင်ရင်း ဖြေလိုက်သည်။

“ကျွန်မ တစ်ခေါက်လောက် ထပ်ပြီးတောင်းပန်ပါတယ်... ရှင်တို့နှစ်ယောက်လုံးက ကျွန်မ ငယ်ငယ်တုန်းကသိခဲ့တဲ့ ပညာရှိတစ်ယောက်ကို သတိရစေလို့ပါ...”

လန်ခိုက ထိုသို့ပြောလိုက်ပြီးနောက် ရထားလုံး၏ ပြတင်းပေါက်အပြင်ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်လေသည်။

လန်ခို၏စကားကို ကြားလိုက်ရချိန်တွင် လင်းဖန်သည် မျက်မှောင်ကြုတ်သွားတော့သည်။

‘ဒီမိန်းမရဲ့ စိတ်ထဲမှာတော့ အချစ်ရေးနဲ့ အချစ်တွေပဲ ပြည့်နှက်နေတာပဲ... လိမ်လည်လှည့်ဖြားသူတွေအတွက်တော့ အကောင်းဆုံးသားကောင်ပဲ...’

လင်းဖန်သည် စိတ်ထဲမှ တွေးလိုက်သည်။

ဤအရာက လင်းဖန်အား ရထားလုံးမောင်းသူအပေါ် ပိုမိုသံသယဝင်လာစေပေသည်။

နောက်ဆုံးတွင် သူတို့သည် အိမ်တော်သို့ပြန်လည်ရောက်ရှိလာကြရာ လျောင်ဝမ့်က စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရလေသည်။

ရထားလုံးပေါ်မှဆင်းပြီးနောက် လင်းဖန်က ပြောလိုက်သည်။

“ကျုပ်တို့ စုံစမ်းစစ်ဆေးတာတွေ ပြီးသွားပြီ... မေဟွားမြို့ကနေထွက်ခွာဖို့ အချိန်တန်ပြီမို့ ကူညီပေးခဲ့တာကို ကျေးဇူးတင်ပါတယ်...”

လျောင်ဝမ့်က မေးလိုက်သည်။

“ဒီလောက်အမြန်ကြီး ထွက်သွားတော့မလို့လား... ကျုပ် အစေခံတွေကို မင်းတို့အတွက် စားသောက်စရာတွေ ပြင်ဆင်ခိုင်းထားပြီးပြီလေ...”

“အားနာပါတယ်... ဒါပေမဲ့ ကျုပ်တို့ ချင်ဖုန်းဂိုဏ်းမှာ လုပ်စရာကိစ္စရပ်တွေ ရှိနေသေးလို့ပါ...”

လင်းဖန်က ပြောလိုက်ပြီးနောက် ကျန်းရှီနှင့်အတူ ထွက်ခွာသွားလေသည်။

ရထားလုံးမောင်းသူသည် သူတို့၏အရိပ်အယောင်များ တဖြည်းဖြည်းနှင့် ဝေးကွာပျောက်ကွယ်သွားသည်ကိုကြည့်ရင်း မျက်လုံးများကို ကျဉ်းမြောင်းလိုက်လေသည်။

…

ညအမှောင်၌…

လင်းဖန်သည် အိမ်တော်၏ဆန့်ကျင်ဘက်ရှိ အိမ်တစ်လုံး၏အမိုးပေါ်တွင် ရောက်ရှိနေသည်။

သူ၏ဘေးတွင် ကျန်းရှီ ရှိနေပေသည်။

သူတို့နှစ်ဦးသည် အိမ်တော်ကို အနီးကပ် စောင့်ကြည့်နေကြသည်။

ကျန်းရှီက မေးလိုက်သည်။

“ရထားလုံးမောင်းသူက ထွက်လာလိမ့်မယ်ဆိုတာ သေချာလို့လား...”

လင်းဖန်က ပြန်ဖြေလိုက်သည်။

“ကျုပ်ကို ယုံလိုက်စမ်းပါ...”

နောက်တစ်ခဏတွင် သူသည် ပွင့်ဟလာသော အိမ်တော်၏တံခါးဆီသို့ လက်ညှိုးညွှန်ပြလိုက်လေသည်။

ထိုသူမှာ ရထားလုံးမောင်းသူပင်။

ရထားလုံးမောင်းသူသည် တံခါးဝမှမထွက်မီ ဘေးဘယ်ညာသို့ သံသယစိတ်ဖြင့်ကြည့်ရှုလိုက်ပြီးမှ အပြင်သို့ လှမ်းထွက်လာခဲ့သည်။

“သူ့နောက် လိုက်ရအောင်...”

လင်းဖန်က တိုးတိုးကပ်၍ ပြောလိုက်သည်။

သူတို့သည် ရထားလုံးမောင်းသူ၏နောက်ကွယ်မှ အမိုးတစ်ခုပြီးတစ်ခု ခုန်ပျံကျော်လွှားရင်း လိုက်ပါသွားကြသည်။

နောက်ဆုံးတွင် ရထားလုံးမောင်းသူသည် မြို့ပြင်သို့ ထွက်ခွာသွားတော့သည်။

လင်းဖန်နှင့် ကျန်းရှီတို့ကလည်း သူ့နောက်မှကပ်လျက် လိုက်ပါလာခဲ့ကြသည်။

သူသည် ဟောင်းနွမ်းပျက်စီးနေသည့် လူသူမဲ့ ဘုရားကျောင်းအိုကြီးတစ်ခုဆီသို့ ရောက်ရှိသွားပေသည်။

ဒေါက်...

ဒေါက်...

ရထားလုံးမောင်းသူသည် ဘုရားကျောင်းတံခါးကို နှစ်ချက် ခေါက်လိုက်လေသည်။

ဝတ်ရုံနက်ဝတ်ဆင်ထားသော လူတစ်ဦးသည် တံခါးဖွင့်ပေးလိုက်ပြီး ရထားလုံးမောင်းသူကို အတွင်းသို့ ခေါ်ဆောင်သွားတော့သည်။

လင်းဖန်သည် သူတို့ ပြောဆိုနေသည့်အရာကို ကြားနိုင်ရန်အတွက် အသံမှတ်ဉာဏ်စွမ်းရည်ကို အလျင်အမြန် စတင်လိုက်လေသည်။

ဝတ်ရုံနက်ဝတ်ဆင်ထားသောလူက မေးလိုက်သည်။

“ငါတို့ ခိုင်းထားတာတွေကို မင်း လုပ်ဆောင်ပြီးပြီလား...”

ရထားလုံးမောင်းသူက ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့၊ သူတို့ ဘာမှ မရိပ်မိဘဲ မေဟွားမြို့ကနေ ထွက်သွားကြပါပြီ...”

“ဟင်း... အဲဒီအချက်က မသေချာဘူးထင်တယ်...”

ဝတ်ရုံနက်ဝတ်ဆင်ထားသောလူသည် ရုတ်တရက် အော်ဟစ်လိုက်လေသည်။

လင်းဖန်သည် လှံကို အလျင်အမြန်ဆွဲထုတ်လိုက်ပြီး လှံတံအတွင်းသို့ ချီစွမ်းအင်များကို ထည့်သွင်းလိုက်လေသည်။

ဖြူဖွေးသောအလင်းတန်းတစ်ခု သူ့ဆီသို့ ဦးတည်ပြေးဝင်လာချိန်တွင် သူသည် အချိန်မီခုခံရန် ပြင်ဆင်လိုက်နိုင်သည်။

ဒေါင်...

လင်းဖန်သည် ထိုအရာကို ဘေးသို့ပယ်ထုတ်လိုက်ရာ သူ့ဆီသို့ ပစ်လွှတ်လိုက်သောဓားသည် မြေပြင်ပေါ်သို့ ကျသွားတော့သည်။

ထို့နောက်တွင် ဝတ်ရုံနက်ဝတ်ဆင်ထားသောလူသည် ဘုရားကျောင်းတံခါးကိုရိုက်ချိုးကာ အပြင်သို့ပြေးထွက်လာသည့် အသံကြီးကို ကြားလိုက်ရလေသည်။

ဝှစ်...

ဝတ်ရုံနက်ဝတ်ဆင်ထားသော လူသည် လင်းဖန်၏လည်ပင်းကို အတင်းဆွဲညှစ်ရန် ကြိုးစားလိုက်တော့သည်။

All Chapters