← Chapters

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁

Vol. 1 Ch. 1

Chapter 1

"ရှင်ဘာပြောလိုက်တယ် ပြန်ပြောစမ်းပါ"

နင်းမုန့်ယောင်သည် သူမရှေ့ရပ်နေသည့်အမျိုးသားအား စိုက်ကြည့်လိုက်သည်။သူမရဲ့အသံဟာ သိသိသာသာတုန်နေပြီးတော့ မျက်လုံးတွေကလည်း မယုံနိုင်ဘူး ဖြစ်နေသည်။

လင်းလော်သည် နင်းမုန့်ယောင် ၏ မယုံနိုင်သောအကြည့်များကိုမြင်သောအခါ တစ်ခုခုပြောရန် ကြံရွယ်လိုက်သော်လည်း သူဘာမှမပြောနိုင်ခဲ့ပေ။သူဘေး၌ ရှိသောလူများက သူ့ကို မသိမသာတို့လိုက်သည်။လင်း‌ေလာ်သည် အကြည့်တင်းတင်းဖြင့်ကြည့်ကာ

"ယောင်အာ ကိုယ်ဘာလဲဆိုတာမင်းသိတာပဲ။ဒီကမ္ဘာမှာကောင်းကောင်းနေရဖို့အတွက်ဆို ကိုယ် ရှောင်ဇီ နဲ့ အတူရှိမှရမယ်။ဒါကြောင့်...ဒါကြောင့်"

နင်းမုန့်ယောင် သည်ပြုံးလိုက်ပြီး စကားပင်ဆက်မပြောနိုင်တော့သည့် လင်းလော်အား ရှုံ့ချလိုသည့် အကြည့်ဖြင့် ကြည့်လိုက်ကာ

"ရှင်ကကျွန်မကို ရှင်ပိုင်တဲ့အရာလိုမျိုးလိုချင်နေတာလား"

လင်းလော်ကချက်ချင်းခေါင်းရမ်းလိုက်ကာ

"မဟုတ်..မဟုတ်ဘူး တန်းတူဇနီးပါ"

"ဟ ဟ တန်းတူဇနီး??"

နင်းမုန့်ယောင်သည် နောက်ပြန်ဆုတ်ကာ လင်းလော်အား စိုက်ကြည့်လိုက်သည်။

"ကြည့်ရတာတော့ ရှင်က ကျွန်မကို ကောင်းကောင်းမသိသေးဘူးပဲ"

နင်းမုန့်ယောင်ကဘယ်သူမို့လို့လဲ။

ကမ္ဘာနှစ်ခုလုံးကလူသားတွေပဲကို။ပတ်ဝန်းကျင်အပြောင်းအလဲကြောင့်နဲ့ သူမချစ်တဲ့ ယောကျာ်းကို တစ်ခြားမိန်းမတွေနဲ့ ပြိုင်လုရမှာတဲ့လား။

သူမနှင့်လင်းလော်တို့သည် အတိတ်က ချစ်သူများဖြစ်ကြသည်။သူမတို့နှစ်ယောက်လက်ထပ်ခါနီးအချိန်တွင် ကားအက်စီးဒင့်ဖြစ်ကာ ဤကဲ့သို့ထူးဆန်းသည့် အချိန်ကိုရောက်ရှိလာကြသည်။

အဲ့ဒီနောက်မှာတော့ လင်းလော်သည် လူထောင်ပေါင်းများစွာ၏ ချစ်ခင်လေးစားမှုကိုခံရသော လင်းယွမ် ဟော်ဖူ၏ သခင်ငယ်လေး ဖြစ်လာခဲ့၍ သူမကတော့ မိသားစုကစွန့်ပစ်တာခံရတဲ့ မိဘမဲ့တစ်ယောက်ဖြစ်လာခဲ့သည်။

သူမတို့နှစ်ယောက် အမှတ်မထင်ပြန်တွေ့ကြတဲ့အချိန်မှာ သူက သူမရဲ့အဆင့်အတန်းကိုဂရုမစိုက်ဘဲ သူမအပေါ်ကိုကောင်းပေးခဲ့သည်။သူမသည် သူမတို့နှစ်ယောက် အရင်ကလိုပဲ ဆက်ရှိနေမည်ဟု တွေးခဲ့သည်။

ခြောက်နှစ် သူမ ဒီနေရာကိုရောက်နေခဲ့တာ ခြောက်နှစ်ရှိပြီဖြစ်သည်။သူမကမပြောင်းလဲပေမယ့် သူကပြောင်းလဲသွားခဲ့သည်။အာဏာအတွက်နဲ့ သူမကို တစ်ခြားမိန်းမတစ်ယောက်နဲ့ ယောကျာ်းတစ်ယောက်ကို ဝေမျှခိုင်းနေသည်။ဘယ်အချိန်တုန်းက သူမဆိုတဲ့ နင်းမုန့်ယောင်က ဒီအခြေအနေကို ရောက်လာရတာလဲ။

နင်းမုန့်ယောင်၏ အေးစက်သောအကြည့်များကိုမြင်သောအခါ လင်းလော်သည် နင်းမုန့်ယောင်ဆီသို့ လျှောက်သွားကာ သူမလက်ကိုဆွဲ၍ အသည်းအသန်ရှင်းပြရန်ပြင်သည်။

"ယောင်အာ ကိုယ်ပြောတာကိုနားထောင် ကိုယ်မင်းကိုချစ်တယ် ဒါပေမယ့်..."

"အချစ်၊လင်းလော် ရှင်က အချစ်နဲ့ မထိုက်တန်ဆုံးလူပဲ။ကျွန်မကိုချစ်တာ ဟုတ်လားးး။ ရှင်ကရှင့်မှာရှိတဲ့ ဂုဏ်သိက္ခာနဲ့ ရပိုင်ခွင့်တွေကို ချစ်တာ။ရှင်ကျွန်မကိုသိလာတာ ကြာပြီမဟုတ်ဘူးလား။ကျွန်မမှာလည်း ကျွန်မမာနရှိတယ်။ ယောကျာ်းတစ်ယောက်ကိုဘယ်တော့မှ တစ်ခြားမိန်းမတစ်ယောက်နဲ့ အတူတူဝေမျှပြီး ယူမှာမဟုတ်ဘူး"

နင်းမုန့်ယောင်သည် သူမလက်များကို ဆုပ်ကိုင်ခံထားရသည်မှ ဆွဲထုတ်လိုက်သည်။လင်းလော်သည် ဖယ်ထုတ်ခံလိုက်ရသော လက်ကိုကြည့်ကာ သူ့လှုပ်ရှားမှုများလည်း တန့်သွားရသည်။

"ယောင်အာ မင်းဘာလို့ ဒီလိုလုပ်နေရတာလဲ။ဇနီး(၃)ယောက်နဲ့ကိုယ်လုပ်တော်(၄)ယောက် ယူတယ်ဆိုတာ ဒီနေရာမှာ ပုံမှန်ပဲလေ"

နင်းမုန့်ယောင်အားကြည့်ကာ လင်းလော်သည် ကူကယ်ရာမဲ့ခံစားနေရသည်။

နင်းမုန့်ယောင်၏ မျက်ခုံးများကျုံ့သွားကာ လင်းလော်ကိုကြည့်လိုက်သည်။

"ဇနီး(၃)ယောက်နဲ့ကိုယ်လုပ်တော်(၄)ယောက်ယူတာ သာမန်ပေါ့လေ... ဒါဆို ရှင်ကဒီဘဝမှာ ဒါကိုပုံမှန်လို့ပဲထင်နေရင် ကျွန်မကို ထပ်မရှာနဲ့တော့!!!"

သူမ ထိုစကားများအားပြောချိန်တွက် မခံစားဘဲနှင့်ပြောနိုင်မည်ဟု ထင်ခဲ့သည်။သို့သော် အမှန်တကယ်ပြောသောအခါတွင် သူမသည် ထင်သလောက် မသန်မာပေ။သူမ၏နှလုံးသားတစ်စုံလုံး အသက်ရှု၍မရနိုင်အောင်အထိဖြစ်လာသည်။

သနားစရာကောင်းအောင်ကိုပဲ သူမက သူဘယ်အချိန်ထဲက သူ့ရဲ့အတွေးတွေက စိတ်ရှုပ်စရာကောင်းပြီး နားလည်ရခက်တဲ့ ဒီနေရာက‌လူတွေရဲ့အတွေးတွေလိုမျိုးဖြစ်လာလဲဆိုတာ မသိခဲ့ဘူး။

"ယောင်အာ မင်းကိုယ့်ကိုနားမလည်နိုင်ဘူးလား ဒါကိုယ်တို့အတွက်လေ"

လင်းလော်သည် နင်းမုန့်ယောင်အား စိတ်မရှည်ဖြစ်လာကာ နင်းမုန့်ယောင်၏ သူ့အပေါ်အော်ပြောမှုကိုလည်း အနည်းငယ်စိတ်တိုသွားသည်။

နင်းမုန့်ယောင်သည် လင်းလော်ဆီသို့ တစ်လှမ်းချင်းလှမ်းကာသွား၍ ပါးနှစ်ချက်ရိုက်လိုက်သည်။

"ကျွန်မတို့အတွက်ပေါ့လေ ကောင်းလိုက်တာနော်။လင်းလော် ရှင်ကလေ ရှင့်အတွက်ပဲရှင်လုပ်နေတာ။ဒီအချိန်ကစပြီး ရှင်နဲ့ကျွန်မနဲ့ ပြတ်ပြီ။ဖြတ်သွားဖြတ်လာတွေလိုပဲ သဘောထားကြရအောင်"

မုန့်ယောင်သည် လင်းလော်အား သေချာစိုက်ကြည့်လိုက်သည်။သူ၏ လှပသော မျက်ဝန်းများထဲတွင် အချစ်ဆိုတာ လုံးဝမရှိတော့ပေ။အေးစက်စက် အငွေ့အသက်များကိုသာ တွေ့ရသည်။

ရိုးရိုးသာမန် ချည်ဖြူဝတ်စုံလေးကနေရတဲ့ မွှေးရနံ့သည် သူမရနံ့သာဖြစ်သည်။သူမလှည့်ထွက်သွားလိုက်သောအခါတွင် ပန်းပွင့်များထဲမှ လိပ်ပြာလေး လေထဲတွင် လှည့်လည်ပျံသန်းနေသကဲ့လို့ လှပသည်။

လင်းလော်သည် နင်းမုန့်ယောင်ထွက်သွားသည်အား ကြည့်ကာ သူမနောက်သို့ ပြေးမလိုက်ခဲ့သလို သူမကိုတားရန်လည်းမကြိုးစားခဲ့ချေ။သူမသိခဲ့သည်မှာ သူ့ရဲ့ ဒီတစ်ကြိမ် လက်လွှတ်ပေးလိုက်တာဟာ တစ်သက်လုံးအတွက်ဖြစ်နေမည်ဆိုတာပဲဖြစ်သည်။

သူတို့၏ လမ်းခွဲခြင်းသည် အမှန်တကယ်ဖြစ်သည်။

နင်းမုန့်ယောင်သည် သူမအိမ်သို့ ဘယ်လိုပြန်ရမည်ကို မသိပါ။သူမ၏ ရှေ့၌ရှိသော ခမ်းနားနေပုံရသည့် ခြံဝန်းငယ်အားကြည့်လိုက်သည်။ခြံဝန်းငယ်ကိုကြည့်ကာ နင်းမုန့်ယောင်သည် ပြုံး၍ သူမကိုယ်သူမလှောင်ရယ်လိုက်သည်။

သူမသည် လင်းလော်သည် သူမနှင့်အတူ တစ်သက်လုံးရှိသွားမည်ဟုထင်ခဲ့ဘူးသည်။သို့သော် တကယ့်လက်တွေ့သည် သူမမျက်နှာကို ဖြတ်ရိုက်သွားပေသည်။

All Chapters