သူမက သူမရဲ့ချစ်သူက သူမနဲ့အတူရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်နဲ့ ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ကမ္ဘာကြီး ပျက်စီးသွားခဲ့ရတယ်။ အမွေဆက်ခံသူဆိုတဲ့နေရာအတွက်နဲ့ သူမရဲ့ချစ်သူက "ယောင်အာ မင်းဘာလို့ကိုယ့်ရဲ့ဒုတိယမိန်းမမလုပ်တာလဲ" ဆိုပြီး ပြောခဲ့တယ်။ အဲ့စကားတစ်ခွန်းက သူမရဲ့ ဆန္ဒတွေ၊သူမတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ရက်စက်စွာ အဆုံးသတ်စေခဲ့တယ်။ ရှုပ်ထွေးပွေလီနေတဲ့အရာတွေကိုထားခဲ့ပြီးတော့ သူမနဲ့အတူ တစ်ဘဝလုံးရှိပေးသွားနိုင်မယ့် ရိုးသားတဲ့ယောကျာ်းတစ်ယောက်ကိုရှာဖို့ တောထဲကိုပဲ သူမထွက်လာခဲ့လိုက်တော့တယ်။ ဒါပေမယ့် လက်ထပ်ပြီးမကြာဘူး သူမလက်ထပ်လိုက်တဲ့လူက ရိုးရိုးသာမန်လူတစ်ယောက်မဟုတ်တာကို သတိထားမိသွားတယ်။ "ရှင်က သာမန် မုဆိုးတစ်ယောက် မဟုတ်ဘူးလား" သူမရဲ့ရှေ့မှာ အပြစ်မရှိတဲ့ ပုံစံနဲ့ ရပ်နေတဲ့လူကို ဒေါသတကြီးမေးလိုက်တယ်။ ဇာတ်လမ်းရဲ့အဆုံးသတ်ကဒီလိုပဲလား????? ဒါပေါ့ ဘယ်ဟုတ်ပါ့မလဲ သူမရဲ့အနာဂတ်ကို ပြောင်းလဲလိုက်တဲ့အချိန်ကမှ ဇာတ်လမ်းက စတာလေ။

