← Chapters

အခန်း ၅၅

Vol. 3 Ch. 55

အခန်း ၅၅

Vol. 3 Ch. 55

Chapter 55

သူမဆီလာပြီး ပြဿနာရှာတဲ့လူ တစ်ယောက်မှမရှိတာကြောင့် နင်းမုန့်ယောင်ဘဝက အေးချမ်းနေသည်။ဒါပေမယ့် သူမမြေကွက်ကြောင့် မကြာခင်မှာ စည်ကားအသက်ဝင်လာတော့မှာဖြစ်သည်။

သူမအိမ်ကိုရောက်လာတဲ့လူတွေကိုကြည့်လိုက်တော့ သူမဆီမှာစာသင်နေတဲ့ကလေးတွေရဲ့ မိသားစုဝင်တွေ အနည်းငယ်ပါသည်။သူတို့မိသားစုတွေက အရမ်းဆင်းရဲပြီး နင်းမုန့်ယောင်က မြေငှားမယ်လို့သူများတွေပြောနေတာကြားတာနဲ့ သူတို့အားလုံးရောက်လာတာဖြစ်သည်။

နောက်ဆုံး အရည်အသွေးမြင့်တဲ့ miaoနှစ်ဆယ်မြေကွက်ကို မိသားစုတွေကိုခွဲပေးလိုက်ပြီး အခွန်ကလွဲရင် နှစ်တိုင်းသူတို့ဝင်ငွေရဲ့သုံးဆယ်ရာခိုင်နှုန်းကို နင်းမုန့်ယောင်ကိုပေးရမည်ဖြစ်သည်။

အလယ်လတ်တန်းစားမြေကို အနည်းငယ်ခက်ခဲတဲ့မိသားစုနှစ်ခုကနေငှားလိုက်သည်။အရည်အသေွးမြင့်မြေကွက်နဲ့မယှဉ်နိုင်ပေမယ့် ဒါကလည်း ကောင်းသည်။အခွန်ပေးပြီးတဲ့နောက် သူတို့ဝင်ငွေရဲ့နှစ်ဆယ်ရာခိုင်နှုန်းကိုပေးရမှာဖြစ်သည်။မြေငှားဖို့ရောက်လာခဲ့တဲ့လူတွေက အလွန်ကျေနပ်သွားကြသည်။

အရည်သွေးမြင့်မြေကွက်နဲ့အလယ်လတ်တန်းစားမြေကွက်ရဲ့ထုတ်လုပ်မှုနှုန်းက မတူညီပေ။

နင်းမုန့်ယောင်က အရည်‌အသွေးနိမ့်တဲ့ နောက်ဆုံး ငါးမူမြေကို ငှားဖို့စိတ်ကူးမရှိပေ။ဒါပေမယ့် အပြင်ကမိသားစုက သူတို့မှာမြေတစ်ကွက်မှမရှိဘူးပြောတာကြောင့် အရည်အသွေးနိမ့်မြေဆို အဆင်ပြေသည်။ထိုဟာကနေ အမြတ်များများရနိုင်တယ်။

တစ်ခြားနည်းလမ်းမရှိတော့ဘဲ နင်းမုန့်ယောင်က ငါးမူမြေကိုငှားလိုက်ရသည်။

နောက်ဆုံးတော့ အားလုံးအဆင်ပြေသွားပြီ။ငွေတွေကပြီးတဲ့နောက် မြေကွက်တွေလည်း ငှားထွက်သွားပြီ။ရွာသားတွေက အခွန်အကြောင်းနားမလည်တာကြောင့် ရန်ကျူးက ကိစ္စတစ်ခုလုံးကို ကူညီပေးပြီး နင်းမုန့်ယောင်ကိုကူကာ စာရင်းမှတ်ပေးခဲ့သည်။

ထိုအလုပ်တွေပြီးပြီး တစ်ခြားလူတွေထွက်သွားပြီးတဲ့နောက် နင်းမုန့်ယောင်က ရန်ကျူးကိုကြည့်လိုက်သည်

"ဦးလေးရန် ဒီနေ့ကူညီပေးတာအတွက်ကျေးဇူးတင်ပါတယ်"

ရန်ကျူးကသူ့ခေါင်းကိုရမ်းကာ အဆင်ပြေကြောင်းအချက်ပြလိုက်သည်

"ဘာဒုက္ခဖြစ်တာမလို့လဲ?ဒါပေမယ့် ကောင်မလေး တောင်ခြေကမြေနဲ့ ခြောက်သွေ့မြေကို မင်းဘယ်လိုလုပ်မယ်စိတ်ကူးထားလဲ?"

သုံးဆယ့်ငါးmiaoကျန်သေးသည်။

နင်းမုန့်ယောင်က ထိုဟာအပေါ်တွေးထားတဲ့သူမအတွေးကို ပြောပြလိုက်သည်။

"မင်းမှာအစီအစဉ်ရှိပြီးသားဆိုမှတော့ ဒါဆိုဦးလေးဘာမှမပြောတော့ဘူး။အကူအညီလိုတာရှိရင် ဦးလေးကိုလာပြောလှည့်"

ရန်ကျူးက နင်းမုန့်ယောင်မှာ အစီအစဉ်တွေရှိနေတာမြင်တော့ ပြုံးလိုက်သည်။

"ကောင်းပါပြီ ကျွန်မအဲ့လိုလုပ်ပါ့မယ်"

နင်းမုန့်ယောင်ကို စကားနည်းနည်းလောက်ထပ်ပြောပြီးတဲ့နောက် ရန်ကျူးကထွက်သွားခဲ့ပြီး နင်းမုန့်ယောင်က စုတ်တံ၊မှင်နဲ့ စက္ကူတို့ကိုထုတ်ကု စာရေးခဲ့သည်။သူမရဲ့အစီအစဉ်တွေကိုချရေးခဲ့ပြီး တစ်ခြားအရာတွေလည်းရေးခဲ့သည်။

တစ်‌နေ့လယ်လုံးအချိန်ဖြုန်းပြီးတဲ့နောက် နင်းမုန့်ယောင်က ပစ္စည်းတွေကိုသိမ်းဆည်းလိုက်သည်။နောက်ဆုံးမှာတော့ အရှေ့ဘက်ကခြောက်သွေ့မြေကအသုံးမဝင်ဘူးဆိုတာ သူမသတိပြုမိသွားပြီး ထိုဟာ လှပတဲ့မြစ်ကြီးနားမှာရှိသည်။

မြစ်နားနီးပြီးတော့ ဘာလို့ခြောက်သွေ့တဲ့မြေဖြစ်နေရတာလဲဆိုတော့ မြေကြီးကအရမ်းမြင့်လွန်းတာကြောင့် ဖြစ်သည်။ပြီးတော့ မြစ်ရေကအရမ်းနက်ပြီး ဆည်မြောင်းအတွက်အသုံးမပြုနိင်ပေ။

ဒီပြဿနာကိုစဉ်းစားမိတော့ နင်းမုန့်‌ယောင်က မတ်တပ်ရပ်ကာ ထိုနေရာကိုသွားခဲ့သည်။အောက်မှာစီးဆင်းနေတဲ့မြစ်ရေတွေကိုကြည့်ပြီး အဲ့ဒီနောက် သူမကရှေ့ကိုလျှောက်သွားကာ မြစ်ရေတွေကပိုပြီးတော့ရေစီးသန်လာတာကိုသတိပြုမိသွားသည်။သူမစိတ်ထဲ အကြံတစ်ခုရသွားသည်။

ဒီနေရာက ငါးမွေးမြူဖို့အတွက် မသင့်တော်ဘူးလား?

မြစ်ကနေပြန်လာတဲ့တစ်လျှောက်လုံး နင်းမုန့်ယောင်ကစဉ်းစားနေခဲ့ပြီး ငါးမွေးမြူဖို့လုပ်တာက ဆိုးရွားတဲ့ဆုံးဖြတ်ချက်မဟုတ်ဘူးလို့ ခံစားရသည်။သူမအစီအစဉ်တွေနဲ့အတွေးတွေကို စာရွက်တစ်ရွက်ပေါ်မှာအမြန်ချရေးလိုက်သည်။

သူမရေးတာပြီးသွားတော့ ဗိုက်ဆာနေပြီဖြစ်သည်။

သူမရဲ့ဗိုက်သားချပ်ချပ်လေးကိုပွတ်သပ်ရင်း နင်းမုန့်ယောင်ကာမီးဖိုချောင်ထဲသွားကာ သူမအတွက်ထမင်းကြော်လုပ်လိုက်ပြီး အဲ့ဒီနောက် သူမရဲ့ပန်းထိုးထည်ကိုပြီးအောင်လုပ်ဖို့ထုတ်ယူလိုက်သည်။

သူမပန်းစထိုးပြီး သိပ်မကြာတဲ့အချိန်မှာ မဖိတ်ခေါ်ထားတဲ့ဧည့်သည်ဖြစ်တဲ့ယန်ရှိုးအာက အထဲကိုရောက်လာခဲ့သည်။

ယန်ရှိုးအာက နင်းမုန့်ယောင်ဘေးနားရပ်လိုက်ပြီး သူမကို စူးစူးဝါးဝါးစိုက်ကြည့်နေသည်၊အဲ့လိုအကြည့်မျိုးက နင်းမုန့်ယောင်ကပဲ ထုတ်ပြောလို့မရတဲ့အရာတစ်ခုခုလုပ်ထားသလို၊ပုံမှန်မဟုတ်တာလုပ်ထားသလိုနဲ့ သူမကို ရွံ့ရှာသွားစေသည်။

"ကြည့်ရတာ ငါပြောထားတဲ့စကားတွေကို နင်မေ့သွားတဲ့ပုံပဲ"

နင်းမုန့်ယောင်လက်ထဲက ပန်းထိုးတာက အဆက်မပြတ်သွားဘဲ သူမအသံကလည်းရေခဲတုံးလိုအေးစက်နေခဲ့သည်။

ယန်ရှိုးအာခန္ဓာကိုယ်က အသာလေးတောင့်တင်းသွားပြီး သူမခေါင်းကိုလှည့်ကာနင်းမုန့်ယောင်ကိုကြည့်လိုက်ပြီး ခါးသက်သက်အပြုံးမျိုးပြုံးလိုက်သည်

"နင်တကယ်ငါ့ကို သည်းမခံနိုင်ဘူးလား"

ဒီရက်တွေအတွင်း ရန်ကွေ့လူတွေဆီကနေ မဖော်မရွေဆက်ဆံခံရတာကိုမြင်တော့ သူမစိတ်ထဲနှင်းခဲနဲ့ပစ်ပေါက်သလိုခံစားရသည်။သူမက အမြဲတမ်းအဲ့လိုပဲမဟုတ်ဘူးလား?နင်းမုန့်ယောင်ဆီကနေ တစ်စုံတစ်ခုရယူဖို့ကြိုးစားခဲ့ပေမယ့် အဲ့ဒီအစား အနှောင့်အယှက်တွေသာရခဲ့သည်။

နင်းမုန့်ယောင်ရဲ့လက်ထဲကလှုပ်ရှားမှုကရပ်တန့်သွားပြီး သူမခေါင်းကိုမော့ကာ ရန်ကွေ့ရဲ့မျက်ရည်အပြည့်ဖြစ်နေတဲ့မျက်နှာကိုကြည့်လိုက်သည်။သူမကအဲ့ဒီနောက် လှောင်လိုက်သာ်

"ငါနင့်ကိုသည်းမခံနိုင်တာလား?ငါတို့နှစ်ယောက်ကြားမှာ ဘယ်လိုဆက်ဆံ‌ရေးမျိုးရှိတာလဲလို့မေးချင်တယ်"

ယန်ရှိုးအာကကြောင်အသွားသည်။သူမက နင်းမုန့်ယောင်ခွင့်လွှတ်တဲ့အထိပြောမယ်လို့တွေးထားပေမယ့် နင်းမုန့်ယောင်ဒီလိုမျိုး‌ပြောတာကိုကြားလိုက်ရတော့ သူမဘယ်လောက်နုံအမိုက်မဲနေခဲ့လဲဆိုတာ ယန်ရှိုးအာသိသွားသည်။

All Chapters