အခန်း ၂၃၉
Vol. 10 Ch. 239
Chapter 239
လင်းလော်က ရှောင်ကျီရွှမ်းကို လုံးဝ ယဉ်ကျေးမနေဘဲ သူမကို တွေ့ရတာကို ပြင်းပြင်းထန်ထန် စက်ဆုပ်နေသည်။
သူ အခု အရမ်း နောင်တရနေပြီ။သူက တကယ်တော့ ဒီလိုလူမျိုးအတွက်နဲ့ သူချစ်ရတဲ့လူကို စွန့်လွှတ်ခဲ့တာပဲ။
"လင်းလော် နင်က ငါ့ကို ခြိမ်းခြောက်နေတာလား"
ရှောင်ကျီရွှမ်းက သူ့ကို ဒီလိုမျိုး တွေ့ရတော့ သူမ အဖေ ရောက်လာပြီဆိုတာ သိလိုက်တယ်။
လင်းလော်က ရှောင်ကျီရွှမ်းကို တစ်ချက်စိုက်ကြည့်ပြီး လှည့်ထွက်သွားသည်။တစ်ချိန်ထဲမှာပဲ သူ့အမေဆီက ကလေးကို ခေါ်လာဖို့ တစ်ယောက်ယောက်ကို အမိန့်ပေးလိုက်သည်။
"သခင်မလေး သူ......."
"အဖေ့ကို သွားတွေ့ရအောင်" ရှောင်ကျီရွှမ်းက အစေခံရဲ့စကားတွေကို အေးစက်စွာ ဖြတ်ပြောလိုက်သည်။
လင်းလော်က သူမကို အထင်သေးနေပြီ။အခုဆိုရင် သူမလည်းပဲ လင်းလော်ကို လက်ထပ်ခဲ့မိတာကို နောင်တရနေပြီ။သူမ နောင်တရပေမယ့်လည်း လွတ်မြောက်ဖို့ မရှိတော့ဘူး။အဆုံးမှာတော့ သူမက အခုဆိုရင် ကလေးတစ်ယောက် ရှိနေပြီလေ။
ရှောင်ကျီရွှမ်း ရောက်လာတဲ့အချိန် အမတ်လင်းက ရှောင်ရီလင်းနဲ့ စကားပြောနေတာ ဖြစ်သည်။
"အဖေ" ရှောင်ကျီရွှမ်းက ရှောင်ရီလင်းကို တွေ့တဲ့အချိန် သူမရဲ့ မျက်လုံးတွေ နီရဲလာသည်။
ဒီတစ်ခေါက် သူမက ပြဿနာတက်အောင် လုပ်ပြီးတော့ သူမရဲ့အစ်ကိုကလည်း သူမကြောင့်ပဲ အသတ်ခံရတော့မယ်ဆိုတာကို သိတယ်။ဒါပေမယ့် သူမအဖေက ရောက်လာပြီးတော့ သူမကို ပံ့ပိုးပေးနေသေးတယ်။သူမက ဘယ်လိုလုပ် သူ့ကို နှိမ့်ချမိလိုက်တယ်လို့ မခံစားရဘဲ နေမှာလဲ?
ရှောင်ရီလင်းက သူ့သမီးကိုမြင်တော့ ခံစားချက်တွေ အနည်းငယ် ရှုပ်ထွေးသွားပေမယ့် သူမဆီကိုသွားပြီးတော့ ပုခုံးကို ပုတ်လိုက်ကာ
"သမီး အဆင်ပြေရဲ့လား"
"အဖေ သမီးအဆင်ပြေပါတယ်။မစိုးရိမ်ပါနဲ့"
"သမီးအဆင်ပြေတယ်ဆိုတော့ အဖေစိတ်အေးသွားပြီ။အားတဲ့အခါကျရင် သမီးအမေ့ဆီကိုလည်း သွားတွေ့လိုက်ပါဦး"
ရှောင်ရီလင်းက ဖျော့တော့တော့ ပြုံးလိုက်ပြီး သူမကို အရင်တုန်းကလိုပဲ အလိုလိုက် မြတ်နိုးသည်။
သူမ ရှောင်ရီလင်းကို ပထမဆုံး တွေ့တဲ့အချိန်တုန်းက ငိုချင်စိတ်မရှိဘူး။ဒါပေမယ့် ဒီအခိုက်အတန့်မှာတော့ သူမအဖေက သူမနဲ့ပတ်သက်ပြီး အများကြီး ဂရုစိုက်နေသေးတဲ့ အခါမှာတော့ မျက်ရည်တွေက ပါးပြင်ပေါ်ကို စီးကျလာခဲ့သည်။
"အဖေ သမီးမှားသွားတယ်ဆိုတာ သိပါတယ်၊သမီးတောင်းပန်ပါတယ်နော်၊အားလုံးက သမီးအပြစ်တွေပါ"
ရှောင်ကျီရွှမ်းက ရှောင်ရီလင်းရဲ့ရင်ခွင်ထဲ ချက်ချင်းလဲကျသွားပြီး ဆက်တိုက်တောင်းပန်တော့သည်။
ရှောင်ရီလင်းရဲ့ခန္ဓာကိုယ်က အနည်းငယ် တောင့်တင်းသွားပေမယ့် သူ့ကိုယ်သူ အမြန် ဖြေလျှော့လိုက်ပြီး သူမ ပုခုံးကို ပုတ်ပေးကာ
"အခု အဆင်ပြေသွားပြီနော်၊အရာအားလုံး အဆင်ပြေသွားမှာပါ"
"ကျေးဇူးတင်ပါတယ် အဖေ"
အမတ်လင်းက ဘေးကနေ သူတို့ကို ကြည့်ပြီးတော့ သူ့မျက်လုံးထဲ တောက်ပတဲ့အလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်။
အလွန်လျင်မြန်စွာပဲ သူ့ရဲ့တောင့်တင်းနေတဲ့ မျက်နှာပေါ်မှာ အပြုံးဖျော့ဖျော့တစ်ခု ပေါ်လာတယ်။
လင်းလော်က သူ့အဖေကို ကြည့်လိုက်ပြီးတော့ ချက်ချင်းပဲ သူ့အဖေ ဘာကို ဆိုလိုတာလဲ ဆိုတာကို သဘောပေါက်သွားသည်။
ရှောင်ရီလင်းက ခဏသာနေပြီးတော့ လင်းအိမ်တော်ကနေ ထွက်သွားသည်။သူ ထွက်သွားပြီးတဲ့နောက် ရှောင်ကျီရွှမ်းလည်းပဲ ထွက်သွားပြီးတော့ သူမနေရာကို ပြန်ကာ လင်းလော်နဲ့သူ့အဖေကိုပဲ နောက်မှာ ထားခဲ့သည်။
"လော်အာ သား သူတို့ကို ဘယ်လိုထင်လဲ"
အမတ်လင်းက ထွက်ခွာသွားတဲ့ ရှောင်ကျီရွှမ်းရဲ့ နောက်ကျောကို စိုက်ကြည့်ပြီးတော့ မျက်စိတွေ မှေးကျဉ်းသွားသည်။
လင်းလော်က သူ့ခေါင်းကို ရမ်းလိုက်ပြီး
"ကျွန်တော် မသိဘူး"ဟု ပြန်ဖြေလိုက်သည်။
လင်းလော်မှ သူ့ရဲ့ သံသယတွေ ရှိတယ်။ရှောင်မင်ရန်က ရှောင်ကျီရွှမ်းကြောင့် အသတ်ခံရတော့မှာလေ။အဲ့ဒါက သူ့ရဲ့ မှားယွင်းတဲ့ လုပ်ဆောင်မှုကြောင့် ဆိုပေမယ့်လည်း ၎င်းက သွယ်ဝိုက်ပြီးတော့လည်း ရှောင်ကျီရွှမ်းရဲ့ အပြစ်ပဲလေ။ဒါပေမယ့် ရှောင်ရီလင်းက ရှောင်ကျီရွှမ်းကို အရင်ကလိုမျိုး အလိုလိုက်နေသေးတယ်။
အဲ့ဒါက သူက သူ့သမီးကို ပိုပြီးတော့ တုန်နေအောင် ချစ်တာကြောင့်လား?
"ဘာပဲဖြစ်ဖြစ် ရှောင်ကျီရွှမ်းနဲ့ အရမ်းဝေးဝေးမှာ နေမနေနဲ့ဦး။အဖေတို့ သူမကို အသုံးချလို့ ရသေးတယ်"
အမတ်လင်းက သူ့ကို လေးလေးနက်နက် ပြောလိုက်သည်။
လင်းလော်က သူ့အဖေကို သံသယဖြစ်စွာကြည့်ပြီး
"အဖေ ဘာကိုဆိုလိုတာလဲ"
"မင်း နောက်ကျရင် သိပါလိမ့်မယ် အခုကတော့ အချိန်မကျသေးဘူး"
အမတ်လင်းက သူ့ခေါင်းကို ရမ်းလိုက်ပြီး လင်းလော်ကို ပေးမသိပေ။
လင်းလော်က အနည်းငယ် မျက်ခုံးတွန့်သွားပေမယ့် ခေါင်းငြိမ့်လိုက်တယ်။
ဒါပေမယ့် သူ့စိတ်ထဲမှာတော့ ရှောင်ကျီရွှမ်းကို ရွံရှာမှုသာ ရှိနေသည်။
ချောင်ထျန်းချန်က လူသတ်ကွင်းကနေ ပြန်လာပြီးတဲ့နောက် နင်းမုန့်ယောင်က သူမရဲ့ဘေးနားမှာ ပန်းထိုးတဲ့ခြင်းတစ်ခုချထားပြီး ထိုင်နေတာ ဖြစ်သည်။
သူက သူမနားကို လျှောက်သွားလိုက်ပြီး သူမရဲ့ခါးကို ပွေ့ဖက်ကာ
"ဘာလို့ ထပ်ပြီး မနားတာလဲ"
"ကျွန်မ နေကောင်းနေပါပြီ။အားလုံး အဆင်ပြေပြေ ဖြစ်ခဲ့ရဲ့လား"
နင်းမုန့်ယောင်က သူမလက်ထဲက အပ်နဲ့ ချောင်ထျန်းချန်ကို ထိုးမိသွားမှာ စိုးရိမ်တာကြောင့် သူ့ကို တွန်းဖယ်လိုက်သည်။
ချောင်ထျန်းချန်က သူမရှေ့မှာ ထိုင်လိုက်ပြီးတော့ စကားမပြောခင် ရေနွေးကြမ်း တစ်ငုံသောက်ကာ
"မြို့စားကတော်ရှောင်က သွားပြီးတော့ ပြဿနာရှာတယ်လေ၊ဒါပေမယ့် အဲ့ဒါအကုန်ပါပဲ"
"အဲ့ဒါဆို ကောင်းတယ်" နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို ပြုံးကာ ကြည့်လိုက်သည်။
ချောင်ထျန်းချန်က နင်းမုန့်ယောင်က သူမလက်ထဲက အပ်ချည်ကို ဆွဲယူပြီး ကတ်ကြေးနဲ့ညှပ်လိုက်တာကို ကြည့်ကာ
"မင်းဘက်မှာ အဆုံးထိ ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ"
"ကျွန်မကတော့ ဆက်ပြီးတော့ လုပ်ရမှာပေါ့"
နင်းမုန့်ယောင်က သူမခေါင်းကို မမော့ဘဲ သူ့ကို ပြောပြလိုက်သည်။
ချောင်ထျန်းချန်က မျက်ခုံးတွေ အသာလေး ပင့်တက်သွားပြီး သူ့ပါးစပ်ထောင့်တွေက အနည်းငယ် ကွေးတက်သွားကာ
"အမ်းးဒါဆိုလည်း ကောင်းပါပြီ"
"သွား....ဒီဝတ်စုံကို စမ်းကြည့်ကြည့်"
နင်းမုန့်ယောင်က သူမလက်ထဲက အဝတ်တွေကို ခါလိုက်ပြီး ချောင်ထျန်းချန်ကို ပေးလိုက်သည်။
၎င်းက ချောင်ထျန်းချန်အတွက် အနည်းငယ် မထင်မှတ်ထားတာပဲ။
"ဒါက ကိုယ့်အတွက်လား”