အခန်း ၁၅၆
Vol. 7 Ch. 156
Chapter 156
ချောင်ကျန်းဟုန်ကသာ ငတုံးတစ်ယောက်မဟုတ်ဘူးဆိုရင် သူက သူ့လူတွေကို ချောင်ထျန်းချန်ကိုရှာဖို့ အမိန့်ပေးပြီး ရတဲ့နည်းနဲ့ပြန်ခေါ်မှာပဲ။သူ့နည်းလမ်းတွေနဲ့ဆိုရင် နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို အတင်းအကြပ်ပြန်လာဖို့ စေခိုင်းမယ့် သူတို့လက်ထဲက အပေးအယူပစ္စည်းဖြစ်သွားနိုင်တယ်။
ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို ဘယ်လောက်ဂရုစိုက်လဲဆိုတာကို ကြည့်ပြီး သူတို့တွေ သူ့ကို ပြန်လာအောင် လုပ်နိုင်ရင်တောင်မှ ချောင်ထျန်းချန်က ချောင်မိသားစုတစ်ခုလုံးကို လုံးဝ အထင်သေးစက်ဆုပ်သွားမှာပဲ။အဲ့ဒီအချိန်ကျရင် သူက ချောင်မိသားစုတစ်ခုလုံးကို သူ့အစီအစဉ်နဲ့ ဖျက်ဆီးပစ်လိုက်မယ်။
"အရှင်မင်းကြီး ကျွန်တော့်ကိုဘာလို့ခေါ်တာလဲ"
ရှောင်ချီထျန်းက အထဲဝင်လာပြီး ရှောင်ချီဖုန်းလက်ထဲမှာ ရွှေပြားကိုင်ထားတာ မြင်လိုက်ရသည်။
ရှောင်ချီဖုန်းက သူ့ဆီ ရွှေပြားကို ပစ်ပေးလိုက်ပြီး တော်ဝင်ရုံးတော်မှာ ဘာဖြစ်ခဲ့လဲဆိုတာ ပြောပြလိုက်သည်။
ရှောင်ချီထျန်းရဲ့ မျက်ခုံးတွေက တွန့်ချိုးသွားပြီး
"အရှင်မင်းကြီးပြောသလိုဆို ချောင်ကျန်းဟုန်က ထျန်းချန်ကို ရှာတော့မှာပေါ့"
"ဟုတ်တယ် အဲ့ကို ခရီးထွက်ပြီးတော့ ထျန်းချန် ဒီအကြောင်းသိအောင် ပြောလိုက်။ဒါပေမယ့် ဒီအကြောင်းကို သတိထားနော်။ငါ ချောင်ကျန်းဟုန်ကို အချိန်အကြာကြီး အသက်ရှင်ခွင့်မပေးဘူး"
ရှောင်ချီဖုန်းရဲ့ မျက်လုံးတွေထဲမှာ ရက်စက်ယုတ်မာတဲ့ အကြည့်တွေ ပေါ်လာခဲ့သည်။
အဲ့လိုလူမျိုးကို ဆက်ပြီး အသက်ရှင်ခွင့်ပေးတာက အဓိပ္ပာယ်မရှိဘူး။
ရှောင်ချီထျန်းက ထိုအကြောင်းကို စဉ်းစားကြည့်လိုက်ပြီး အဲ့ဒီနောက် ခေါင်းငြိမ့်လိုက်သည်။
"နားလည်ပါပြီ"
နောက်ဆုံးမှာ ရှောင်ချီဖုန်းထင်တာက အမှန်ဖြစ်လာခဲ့တယ်။ချောင်ကျန်းဟုန်က သူ့အိမ်တော်ကို ပြန်လာပြီးတဲ့နောက် ချောင်ထျန်းချန်ကိုရှာဖို့ သူ့လူတွေကို အမိန့်ပေးလိုက်တယ်။သူ့ကိုရှာမတွေ့မချင်း သူတို့တွေ ပြန်လာခွင့်မရှိဘူး။
ချောင်ထျန်းလော်က သူ့အဖေရဲ့ စိတ်တိုနေတဲ့ပုံစံကို သိချင်စိတ်ပြင်းပြစွာနဲ့ ကြည့်နေခဲ့တယ်။သူ့မှာ သံသယအချို့ရှိနေပေမယ့်လည်း တိတ်တိတ်လေးသာ နေခဲ့တယ်။သူ့အဖေက ချောင်ထျန်းချန်ကိုရှာနေတယ်ဆိုတာ သိတဲ့အချိန် သူ့မျက်လုံးတွေက အနည်းငယ် တောက်ပသွားပေမယ့် သူက အမြန် အဲ့ဒါကို ထိန်းချုပ်ထားလိုက်တယ်။
ရှောင်ချီထျန်းက ရှောင်ချီဖုန်းကို နှုတ်ဆက်ပြီးတဲ့နောက် အဝတ်အစားလဲပြီး မြင်းတစ်ကောင်စီးကာ ပိုင်ရှန်းရွာကို အမြန်သွားခဲ့သည်။
သူ့ခရီးထွက်လာနေတုန်း ချောင်ထျန်းချန်က ရွာပြန်ရောက်နေပြီဖြစ်တယ်။သူက နေ့တိုင်း နင်းမုန့်ယောင်အနီးမှာပဲ ကပ်နေခဲ့တယ်။သူမဘယ်နေရာသွားသွား ချောင်ထျန်းချန်က သူမနောက်ကို လိုက်နေခဲ့တယ်။
"မင်းကဘာလို့ဒီရောက်နေတာလဲ"
ရှောင်ချီထျန်းကိုမြင်တော့ ချောင်ထျန်းချန်က မေးလိုက်သည်။
"ကျေးဇူးပြုပြီး ငါ့ကို နင်းမုန့်ယောင်ကိုခေါ်ပေးစမ်းပါ။ငါမင်းတို့နှစ်ယောက်လုံးကို အရေးကြီးပြောစရာတွေရှိတယ်"
ရှောင်ချီထျန်းရဲ့အမူအရာက အရမ်းလေးနက်နေသည်။
ချောင်ထျန်းချန်က မျက်ခုံးပင့်လိုက်ပြီး နောက်ဖေးခြံကရေကန်မှာ နင်းမုန့်ယောင်ကို သွားရှာခဲ့သည်။အဲ့ဒီနောက် သူတို့သုံးယောက်က စာကြည့်ခန်းထဲကို သွားကြသည်။
"ထျန်းချန် မင်းအသင့်ပြင်ထားရမယ်။ချောင်ကျန်းဟုန်က မင်းကိုရှာဖို့ သူ့လူတွေကို အမိန့်ပေးထားတယ်။တကယ်က မင်းကိုအောင်အောင်မြင်မြင်နဲ့ဖမ်းမိပြီး သူတို့ဆီအတင်းပြန်လာခိုင်းဖို့ လုပ်ခိုင်းထားတာ။"
ရှောင်ချီထျန်းက ထျန်းချန်ကိုကြည့်လိုက်ပြီး တစ်ခါထဲနဲ့ပြောပြလိုက်တယ်။
ချောင်ထျန်းချန်က မျက်လုံးတွေမှေးသွားပြီး
"ဘာတွေဖြစ်နေတာလဲ" လို့ မေးလိုက်တယ်။
ရှောင်ချီထျန်းက ချောင်ထျန်းချန်ကို ထိုကိစ္စအကြောင်းပြန်ပြောပြလိုက်သည်။
သူပြောတာနားထောင်ပြီးတော့ ချောင်ထျန်းချန်က ငေါ့ပြောလိုက်တယ်
"သူ့ကိုယ်သူဘယ်လောက် ခက်ခဲတဲ့လူလို့ထင်နေလို့ ရွေပြားကို တကယ်ကြီးထုတ်ရဲရတာလဲ?ကောင်းတာပေါ့ ဒီနည်းကလည်းကောင်းသွားတာပဲ"
"ဟုတ်တယ် ဧကရာဇ်ကလည်း အဲ့လိုပဲပြောတယ်။ဒါပေမယ့် သူက နည်းနည်းစိုးရိမ်နေသေးတယ်။ချောင်ကျန်းဟုန်သာ မင်းဒီနေရာမှာရှိတာသိသွားရင် သူက သေချာပေါက် မုန့်ယောင်ကို အသုံးချပြီး မင်းကို ခြိမ်းခြောက်မှာပဲ"
ရှောင်ချီထျန်းက နင်းမုန့်ယောင်ကို လေးလေးနက်နက် ကြည့်လိုက်တယ်။
ချောင်ထျန်းချန်က နှာခေါင်းရှုံ့လိုက်တယ်။လှောင်ပြောင်တဲ့မျက်လုံးတွေနဲ့ သူက ပြောလိုက်တယ်။
"သူတို့ကို စမ်းကြည့်ခွင့် ပေးလိုက်မယ်"
"ဒါပေမယ့်........."
"ချီထျန်း မင်းဒီကိစ္စကို စိုးရိမ်စရာမလိုဘူး။ယောင်ယောင်က ငါ့ရဲ့ အားနည်းချက်မဟုတ်ဘူး" ချောင်ထျန်းချန်က ရှောင်ချီထျန်းကို အာရုံစိုက်ထားပြီး အလွန်လေးနက်စွာနဲ့ပြောလိုက်တယ်။
ရှောင်ချီထျန်းက နှစ်ယောက်သားကိုကြည့်ပြီး သက်ပြင်းလေးကြီးချကာ
"မင်းက ဒီလိုပြောမှတော့ ဒီကိစ္စကို မင်းကောင်းကောင်းကိုင်တွယ်နိုင်မယ်ဆိုတာ ငါယုံပါတယ်။အဲ့လိုဆိုရင် ငါလည်း စိတ်အေးသွားပြီ"
ချောင်ထျန်းချန်က ရှောင်ချီထျန်းရဲ့ပုခုံးကို ပုတ်လိုက်ပြီး စိတ်ချသွားအောင်
"မင်း စိုးရိမ်ဖို့မလိုပါဘူး။ငါတို့တွေ ဒီကိစ္စကို ကိုင်တွယ်ဖို့ သေချာပေါက်နည်းလမ်းရှိမှာပါ"
နင်းမုန့်ယောင်က တစ်လုံးမှ ဝင်မပြောပေ။ရှောင်ချီထျန်းက သူမက ချောင်ထျန်းချန်ရဲ့အားနည်းချက်လို့ပြောတာကို ကြားတော့ အဲ့ဒါကြောင့် စိတ်မပျော်တော့ပေ။ဒါပေမယ့် ချောင်ထျန်းချန်က ထိုဟာကို ပြန်ငြင်းလိုက်တဲ့အခါမှာ သူမစိတ်ကျေနပ်သွားတယ်။
"သူတို့က ကျွန်မတို့ကို ပြဿနာလာရှာမှတော့ ကျွန်မတို့ကလည်း သူတိူ့ကို ပြန်ပေးရမှာပေါ့"
နင်းမုန့်ယောင်က ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။
ရှောင်ချီထျန်းက နင်းမုန့်ယောင်ကို လှည့်ကြည့်ပြီး
"မင်းပြောတာ ဘာအဓိပ္ပာယ်လဲ"
"ချောင်မိသားစုမှာလည်း ဈေးဆိုင်တစ်ခုတော့ရှိတယ်လေ ဟုတ်တယ်မလား"
ဒါကိုနားထောင်ပြီးတော့ ရှောင်ချီထျန်းက သူမဘာကိုဆိုလိုလဲဆိုတာ ချက်ချင်း သဘောပေါက်သွားသည်။
"မင်းက သူတို့ဆိုင်ကို တိုက်ခိုက်ချင်တာလား"
"ကျွန်မက တိုက်ခိုက်မယ်လို့ မပြောပါဘူး။ကျွန်မက သူတို့ရဲ့အချိန်ကို နည်းနည်းလောက်နှောင့်နှေးအောင် လုပ်လိုက်ရုံပဲ ဒါဆို သူတို့ ကျွန်မတို့ကို ပြဿနာရှာဖို့ အချိန်မရှိတော့ဘူးလေ"
နင်းမုန့်ယောင်က ပေါ့ပေါ့ပါးပါးနဲ့ပုခုံးတွန့်ပြီး ပြောလိုက်တယ်။
ချောင်ထျန်းချန်က အတော်လေးအံ့ဩသွားပြီး သူ့ရဲ့ချစ်စရာသတို့သမီးလောင်းလေးကို မျက်လုံးပြူးကြည့်နေခဲ့တယ်။သူ့စိတ်ထဲသိချင်စိတ်တွေမြင့်တက်လာခဲ့တယ်။
"ကျွန်မရှင့်ကိုနောက်ကျပြောပြမယ်"
နင်းမုန့်ယောင်က သူ့မျက်လုံးတွေထဲက သိချင်စိတ်ကို မြင်ရတာကြောင့် ပြောလိုက်တယ်။
ချောင်ထျန်းချန်က အဲ့အကြောင်းကိုတွေးလိုက်ပြီး ခေါင်းငြိမ့်လိုက်တယ်။အခုက အဲ့ကိစ္စပြောဖို့ အချိန်ကောင်းမဟုတ်ဘူး။
ရှောင်ချီထျန်းက မျက်လုံးတွေ ပေကလပ်ပေကလပ်နဲ့ ဒါဆို ကိစ္စတွေက ဒီလိုပဲဖြစ်သွားတော့မှာပေါ့။