← Chapters

အခန်း ၂၁၇

Vol. 9 Ch. 217

အခန်း ၂၁၇

Vol. 9 Ch. 217

Chapter 217

ချောင်ထျန်းချန်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ပုံစံက ချက်ချင်းထွက်ပေါ်လာပြီး သူ့ကို ဖုံးလွှမ်းသွားတယ်။လွန်ခဲ့တဲ့ရက်တွေအတွင်း နင်းမုန့်ယောင်သာ အမှန်တရားကို ရှာတွေ့သွားရင် တစ်ခုခုဖြစ်သွားမှာ ကြောက်တာကြောင့် သူမဆီကနေ ဖုံးကွယ်ထားရတာက သူ့ကို နာကျင်စေတယ်။ဒါပေမယ့် သူတို့ရဲ့ကိုယ်ပိုင်ဘဝကို ဒီဘာမှမဟုတ်တဲ့လူက လက်ညှိုးထိုးရဲတာလား?သူက အဲ့ဒါနဲ့ပတ်သက်ပြီး ဘယ်လိုလုပ် ဒေါသမထွက်ဘဲနေမှာလဲ?

လွန်ခဲ့တဲ့ရက်တွေအတွင်း သူ့ဆီမှာရှိတဲ့ ထိန်းချုပ်မှုတွေအားလုံး ကျိုးပျက်သွားပြီး ချောင်ကျန်းဟုန်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။

ချောင်ကျန်းဟုန်က ချောင်ထျန်းချန် သူ့ဆီကို အေးစက်စွာနဲ့ လျှောက်လာတာကိုကြည့်ပြီး တုန်လှုပ်သွားသည်။သူ စစ်မြေပြင်မှာ ရှိဖူးပေမယ့် ဒီလိုမျိုး တစ်စုံတစ်ယောက်က လူသတ်ချင်စိတ်ပြင်းထန်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ အရှိန်အဝါမျိုးကို တစ်ခါမှ မတွေ့ဖူးပေ။ကြည့်ရတာ သူ့သားကို ဘယ်တုန်းကမှ သိခဲ့ပုံမရဘူး။

ဒီအခိုက်အတန့်တွင် ချောင်ထျန်းချန်က သူ့ရှေ့မှာ ရောက်နေပြီဖြစ်သည်။

"ကျွန်တော့်ကိစ္စတွေကို ဘယ်အချိန်တုန်းက စွက်ဖက်ခွင့်ရှိသွားတာလဲ?ခင်ဗျားမှာ ဘယ်လိုလုပ်ပိုင်ခွင့်နဲ့လဲ"

"ငါကမင်းအဖေပဲ"

ချောင်ထျန်းချန်က အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ကိုကြည့်ကာ

"ခင်ဗျား ကျွန်တော်ရဲ့ စစ်တပ်အရည်အချင်းတွေကို အသုံးချပြီး အရာအားလုံးကို ယူသွားတဲ့အချိန် ကျွန်တော့်မှာရှိသင့်တာတွေကို ပြန်ပေးဆပ်ပြီးပြီ။ချောင်ကျန်းဟုန် ကျွန်တော် ဒီကိစ္စကို ကျော်ပေးသွားမှာ မဟုတ်ဘူး။ခင်ဗျားရဲ့ လာမယ့်နေ့ရက်တွေကို ပျော်ပျော်ကြီးနေလိုက်တော့ ဘာလို့လဲဆိုတော့ ချောင်မိသားစုအတွက် အချိန်အများကြီး မကျန်တော့ဘူး"

၎င်းက လင်းဇီရိုကို တုန်လှုပ်သွားစေသည်။သူ့ဆရာက အရမ်းကြောက်ဖို့ကောင်းတာပဲ။

ချောင်ကျန်းဟုန်က အေးခဲသွားပြီး

"မင်း မလုပ်ရဲပါဘူး"

"ခင်ဗျားက စစ်တပ်တစ်ခုကို လျှို့ဝှက်တည်ထောင်ပြီးတော့ ဆားမှောင်ခိုလုပ်ရဲသေးတာပဲ။ကျွန်တော်က ဘာကိုကြောက်နေရမှာလဲ?မိသားစုရှေ့မှာ ဖြောင့်မတ်ပြီးနေလိုက်မယ်ဆိုရင် ဧကရာဇ်က ပျော်သွားမယ်ထင်တယ်"

[ဆားမှောင်ခို]ဆိုတဲ့စကားက ချောင်ကျန်းဟုန်ရဲ့ ခန္ဓာကိုယ်ကို ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။သူက ချောင်ထျန်းချန်ကို မယုံနိုင်စွာဖြင့် ကြည့်လိုက်သည်။သူ(ချောင်ထျန်းချန်)က ထိုအကြောင်းကို ဘယ်လိုလုပ် သိသွားတာလဲ?သူတို့ရဲ့ လုပ်ဆောင်ချက်တွေက တိတ်တဆိတ်ပြီးသွားတာပါ.......ဒါဆို ဘယ်လိုလုပ်........သူက ဘယ်လိုသိသွားတာလဲ?

ချောင်ထျန်းချန်က သူ့(ချောင်ကျန်းဟုန်)ပုံစံကိုကြည့်ပြီး ဘာတွေတွေးနေလဲဆိုတာ သိသည်။

"ကျွန်တော် ချောင်မိသားစုကို ကိုင်တွယ်ဖို့ ဘယ်တုန်းကမှ မစဉ်းစားဖူးဘူး။ဒါပေမယ့် သနားစရာပဲ။ခင်ဗျားတို့အားလုံးက ကိုယ့်ရဲ့ကံကောင်းမှုကို ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာ မသိကြဘူး။လင်းဇီရို သူ့ကို မောင်းထုတ်လိုက်"

လင်းဇီရိုက ချောင်ကျန်းဟုန်ကို ကြည့်ကာ

"ကျေးဇူးပြုပြီး ထွက်သွားပေးပါ။မဟုတ်ရင် ကျွန်တော် တကယ်ပဲ နှင်ထုတ်ရလိမ့်မယ်"

ချောင်ကျန်းဟုန်က ဒေါသကြောင့် ဖြူဖျော့နေပြီး ထွက်ခွာသွားသည်။တကယ်တော့ သူ အရမ်း စိုးရိမ်ထိတ်လန့်နေတာ။ဧကရာဇ်သာ သူတို့တွေ ဆားမှောင်ခိုလုပ်တဲ့အကြောင်းကို သိသွားရင် ထိုဟာက ကြီးမားတဲ့ပြစ်မှုဖြစ်ပြီး အပြစ်ဒဏ်အနေနဲ့ ခေါင်းဖြတ်ခံရတာတောင် ဖြစ်နိုင်တယ်။

"ဆရာ ဘာလို့ သူ့ကို ပြောပြလိုက်တာလဲ" နားမလည်တဲ့ လင်းဇီရိုက မေးလိုက်သည်။

အခု သူ့(ချောင်ကျန်းဟုန်)ကို ဒီကိစ္စအကြောင်း ပြောပြလိုက်တာက သူတို့ကို ပြင်ဆင်ဖို့ အချိန်ပေးလိုက်သလို ဖြစ်မသွားဘူးလား?သူတို့တွေ အဲ့ဒါကို လျှို့ဝှက်စုံစမ်းပြီးတော့ ဘာမှပြင်ဆင်ချိန်မရဘဲ အဆုံးမှာ ရိုက်ချပစ်သင့်တာမလား?

ပွင့်ပွင့်လင်းလင်း ပြောရရင် သူ့ဆရာရဲ့လုပ်ရပ်တွေကို တဖြည်းဖြည်းနဲ့ ဆက်ပြီး နားမလည်နိုင်တော့ဘူး။

ချောင်ထျန်းချန်က လင်းဇီရိုကို စိုက်ကြည့်လိုက်ပြီး

"ငါတို့တွေ အဲ့ဒီနည်းလမ်းနဲ့လုပ်ရင် အဓိပ္ပာယ်မဲ့သွားလိမ့်မယ်။ငါတို့တွေ စုံစမ်းလို့ပဲရတယ် ဒါပေမယ့် လုံလောက်တဲ့ သက်သေမရှိဘူး။ငါတို့သာ သူ့ကို ပြောလိုက်ရင် သူ သေချာပေါက် စိုးရိမ်လာလိမ့်မယ်"

ဆားမှောင်ခိုလုပ်တာက ကြီးမားတဲ့ရာဇဝတ်မှု ဖြစ်သည်။ချောင်ကျန်းဟုန် ၎င်းကို လျစ်လျှူရှုထားဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပေ။ဒါကြောင့် သူလုပ်ဖို့လိုတာက သူ(ချောင်ကျန်းဟုန်)ကို စိုးရိမ်ထိတ်လန့်လာအောင်လုပ်ဖို့ပဲ ဖြစ်သည်။

လင်းဇီရိုက ချောင်ထျန်းချန်၏ စစ်ရေးအကြံပေး ဖြစ်သည်။သူသာ နည်းနည်းလောက် စဉ်းစားလိုက်ရင် သဘောပေါက်လိမ့်မယ်ဆိုတာ ချောင်ထျန်းချန် သေချာသည်။

"ကျွန်တော် သိပြီ" လင်းဇီရိုက ခေါင်းငြိမ့်ပြီး သူသဘောပေါက်ကြောင်း ပြလိုက်သည်။

"ရှောင်ကျီရွှမ်းကို အနီးကပ် စောင့်ကြည့်ထား။ပြီးတော့ ချောင်မိသားစုရောပဲ။တစ်ယောက်ယောက်စ်ယောက်ယောက်ကို လွှတ်ပြီးတော့ လင်းအိမ်တော်နဲ့ရှောင်အိမ်တော် ပါဝင်ပတ်သက်နေတဲ့ စီးပွားရေးတွေအားလုံးကို စုံစမ်းခိုင်းလိုက်"

ချောင်ထျန်းချန် ရုတ်တရက် တွေးမိသွားသည်။

လင်းဇီရိုက ထခုန်ပြီးတော့ "ဆရာ ဘာလုပ်ဖို့ ကြံစည်နေတာလဲ"

"ငါ ဘာလုပ်မလဲဆိုတာ မင်း မကြာခင် သိပါလိမ့်မယ်"

သူက သူတို့ကို ရုံးတော်ထဲမှာတင် ချေမွဖျက်ဆီးပစ်ချင်တာမဟုတ်ဘဲ သူတို့ရဲ့ စီးပွားရေးတွေကိုလည်း ဖျက်ဆီးပစ်ချင်တာဖြစ်သည်။သူက သူတို့ကို အသက်ရှင်နေပြီးတော့ သေပါရစေလို့ ဆုတောင်းနေရမယ့် အသက်မဲ့တဲ့ဘဝမျိုးနဲ့ နေသွားစေချင်တာ ဖြစ်သည်။ဒီနည်းလမ်းတစ်ခုတည်းကပဲ သူ့စိတ်ထဲက နက်ရှိုင်းတဲ့ အမုန်းတရားကို သက်သာစေမှာ ဖြစ်သည်။

"ကျွန်တော် နားလည်ပြီ ဒါဆိုရင် ကျွန်တော်သွားပြီးတော့ လုပ်လိုက်ဦးမယ်"

ချောင်ထျန်းချန်က ခေါင်းငြိမ့်ပြီးတော့ လင်းဇီရို ထွက်သွားတာကို စောင့်နေလိုက်သည်။သူက ချောင်မိုဆီကို လျှောက်သွားပြီး သူ့ကိုယ်သူငုံ့ကာ ကောင်းမွန်တဲ့ အနုပညာလက်ရာကို ကြည့်လိုက်သည်။

"‌ချောင်မို မင်းက မင်းတစ်ဘဝလုံး ချောင်ကျန်းဟုန်ကို သစ္စာရှိလာတာ ဒါပေမယ့် အဆုံးကျ သူက မင်းကို တစ်ခါမှတောင် မျက်လုံးထဲမထည့်ဘူး။မင်းသိထားတာတွေအားလုံး ငါ့ကိုပြောပြရင် ငါမင်းကို မြန်မြန်ပေးသေမယ်လေ"

ချောင်ထျန်းချန်က သူ့မျက်လုံးတွေကို စိုက်ကြည့်ပြီးတော့ အေးစက်စွာ ပြောလိုက်သည်။

‌ချောင်မိုက သူ့မျက်လုံးတွေကို ခက်ခက်ခဲခဲ ဖွင့်ကာ ချောင်ထျန်းချန်ကို တစ်ချက်ကြည့်လိုက်သည်။အရင်တုန်းက သူက အသက်ရှင်ဖို့အတွေးကို ဆုပ်ကိုင်ထားပေမယ့်လည်း အခု ဒီအချိန်မှာတော့ သေခြင်းတရားကသာ တကယ့်ကို စည်းစိမ်ချမ်းသာပဲဆိုတာ သူသိသွားသည်။သူ သေတော့မယ်လို့ အကြိမ်များစွာ ထင်ခဲ့ပေမယ့် ချောင်ထျန်းချန်က သူ့အတွက် အဖိုးတန်ဆေးကို တွေဝေခြင်းမရှိ အသုံးပြုပြီး သူ့ကို နောက်တစ်ကြိမ် နှိပ်စက်နိုင်ရန်အတွက် အသက်ကို ဆုပ်ကိုင်ထားသည်။

ဒီနေ့ ချောင်ကျန်းဟုန်ကို တွေ့ပြီးတဲ့နောက် သူ့ရဲ့ သစ္စာရှိမှုက ဘာမှမဟုတ်ဘဲ ဟာသတစ်ခုပဲရှိတာ သူ သဘောပေါက်သွားသည်။

"ဝူး...ဝူးးး" ချောင်မိုရဲ့ ပါးစပ်ကနေ ရှိုက်ငင်သံ ထွက်လာသည်။

"လဲ့အန်း......."

"သခင်‌လေး မကောင်းတော့ဘူး!သခင်မလေး တစ်ခုခု ဖြစ်သွားပြီ!”

All Chapters