အခန်း ၁၁၀
Vol. 5 Ch. 110
Chapter 110
ရှောင်ကျီရွှမ်းမျက်နှာပေါ်မှာ ကောင်းမွန်တဲ့အပြုံးတစ်ခုရှိနေပေမယ့်လို့ စောင်ကိုဆုပ်ကိုင်ထားတဲ့ သူမလက်ပေါ်က သွေးကြောတွေက ပေါက်ထွက်လုနီးပါးဖြစ်နေပြီဖြစ်သည်။သူမစိတ်ထဲက မုန်းတီးမှုက ထိုဟာထက်ပင် ဆိုးရွားသေးသည်။
သူမက အပေးအယူလုပ်ပြီးပြီလေ,သူက ဘာထပ်လိုချင်သေးတာလဲ?သူမက မင်းသားရဲ့တရားဝင်ဇနီးသည်ဆိုတဲ့ရာထူးကို ပေးပစ်လိုက်ဖို့တော့ သူမျှော်လင့်နေလို့မရဘူး။
လင်းလော်က ပြတင်းပေါက်နားမှာ ခဏလောက်ရပ်နေခဲ့ပြီး အဲ့ဒီနောက် အိပ်ရာဆီပြန်သွားကာ ရှောင်ကျီရွှမ်းကိုကြည့်ပြီး ပြောလိုက်သည်။
"မင်းက အခု ကိုယ်ဝန်ရှိနေတာ သေချာအနားယူဖို့လိုတယ်"
"ကျွန်မသိပါပြီ"
"ကိုယ် အပြင်ခဏသွားလိုက်ဦးမယ်။ပြန်လာတဲ့အခါကျ မင်းနဲ့အဖော်ပြုပေးမယ်"
လင်းလော်မျက်နှာပေါ်တွင် ဖျော့တော့တော့ အပြုံးတစ်ခု ပေါ်လာခဲ့သည်။ထိုဟာက သူ ရှောင်ကျီရွှမ်းအတွက် တကယ်ဂရုစိုက်ပုံရပေမယ့် အဲ့ဒီအပြုံးက ဘယ်လောက်စိမ်းကားနေလဲဆိုတာ ရှောင်ကျီရွှမ်းသိသည်။
ရှောင်ကျီရွှမ်းက ဒီအချိန်မှာ ဒေါသမထွက်ချင်တာကြောင့် သူမက ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။
"ရှင်သွားပြီး ရှင့်ကိစ္စတွေကိုလုပ်လေ။ဒီမှာ အစေခံတွေလည်းရှိတာပဲကို ရှင်ဘာမှ စိတ်ပူစရာမလိုပါဘူး"
"ကောင်းပြီ ဒါဆို ကိုယ်သက်သာရာရသွားပြီ"
သူက မတ်တပ်ရပ်ကာ တွေဝေခြင်းမရှိဘဲ ထွက်သွားခဲ့သည်။
လင်းလော်ရဲ့ ထွက်သွားတဲ့ ပုံရိပ်ကိုကြည့်ပြီး ရှောင်ကျီရွှမ်းရဲ့ မျက်နှာပေါ်က အပြုံးက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကာ သူမ မျက်နှာက ကြောက်စရာကောင်းအောင် သုန်မှုန်လာခဲ့သည်။
"အဲ့ဒီမိန်းမ ဘယ်မှာရှိလဲဆိုတာ နင်သိလား"
"သိပါတယ်"
"သူ(မ)ကို သတ်ပစ်လိုက်"
"ဟုတ်ကဲ့"
ရှောင်ကျီရွှမ်းက သူမ မျက်လုံးတွေကို မှိတ်လိုက်သည်။သူမ မျက်စိပြန်ဖွင့်လိုက်တဲ့ အခါမှာတော့ မျက်လုံးတွေက အေးစက်ပြီးသွေးဆာနေခဲ့သည်။
ထိုဟာက ညအချိန်ဖြစ်ပြီး နင်းမုန့်ယောင်က အနားယူဖို့ပြင်နေပြီဖြစ်သည် အဲ့ဒီနောက် အပြင်ကနေလာတဲ့ အသံအချို့ကို သူမကြားလိုက်ရသည်။
သူမက ထွက်သွားပြီး တစ်ချက်လောက်ကြည့်ဖို့ လုပ်နေတဲ့အချိန်မှာပဲ ချောင်ထျန်းချန်က သူမအခန်းထဲ ရောက်လာခဲ့သည်။
"အထဲမှာပဲနေ"
"ဘာဖြစ်လို့လဲ"
"လူသတ်သမားတစ်ယောက်လို့ ကိုယ်ထင်တယ်"
"လူသတ်သမားလား?"
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို ပဟေဠိဖြစ်စွာ ကြည့်လိုက်တယ်။ဘယ်သူက သူမကို သတ်ချင်တာလဲ?
"ကိုယ်ကတော့ အဲ့ဒါကို လင်းလော်ဆီကလို့ ထင်တယ်။သူ့မိန်းမဆီကလို့ ပြောရင် ပိုပြီးဖြစ်နိုင်တယ်"
ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို ဖြေလိုက်သည်။
သူက လင်းလော်ရဲ့ဇနီးကို အရင်က မြင်ဖူးတယ်။သူမက သိမ်မွေ့တဲ့အမျိုးသမီးတစ်ယောက်နဲ့ တူတယ်ဆိုပေမယ့် သူမက တိတ်တဆိတ်နဲ့ အရမ်းစိတ်ထားယုတ်ညံ့ပြီး ရက်စက်ယုတ်မာတယ်။သူမရဲ့ အစေခံတွေအများကြီးက သူမဆီကနေ အသတ်ခံလိုက်ကြရတယ်။
နင်းမုန့်ယောင်က ခဏလောက် အံ့အားသင့်သွားခဲ့သည်။အဲ့ဒီနောက် သူမက လှောင်သလိုပြုံးလိုက်ပြီး
"ဒါဆို အဲ့လိုကိုး........ကျွန်မက ဒီမှာ ဘယ်လိုကြောက်စရာကောင်းတဲ့လူကိုများ ရန်စမိလိုက်ပါလိမ့်လို့ သိချင်နေတာ"
ထိုဟာက တကယ့်ကို ရယ်စရာကောင်းတယ်။လင်းလော် လာသွားတာ မကြာသေးဘူးကို အဲ့ဒီမိန်းမက သူမကို သတ်ဖို့ မစောင့်နိုင်တော့ဘူး။
တော်ဝင်သမီးတော်လေးက လင်းလော်က သူမကို ပြန်ခေါ်လာပြီး အဲ့ဒီနောက် သူမ(ရှောင်ကျီရွှမ်း)ကိုယ်ဝန်ရှိနေတုန်း သူမနေရာကို ခြိမ်းခြောက်လာမှာ စိုးရိမ်နေတာ ဖြစ်နိုင်တယ်။
ဒါပေမယ့် သူထိုအကြောင်းကို အများကြီး စဉ်းစားတာလည်းဖြစ်နိုင်တယ်။နင်းမုန့်ယောင်က လက်ထဲက ကိစ္စကို အများကြီး မတွေးခဲ့ပေ။သူမက လင်းလော်ကိုကြိုက်တဲ့ အဲ့ဒီမိန်းမဆီက ခြိမ်းခြောက်မှုတွေကို စိတ်အနှောင့်အယှက်မဖြစ်ပေ။
"ဒီမှာပဲနေ။မင်းရဲ့ငယ်သား ချင်းရွင် နဲ့ ကိုယ်က အဲ့ဒီကျူးကျော်သူကို ကိုင်တွယ်လိုက်မယ်"
ချောင်ထျန်းချန်က သူ့ခေါင်းကိုငုံ့ကာ သူမပါးကို နမ်းလိုက်ပြီး အဲ့ဒီနောက် လှည့်ထွက်သွားခဲ့သည်။မကြာခင်မှာပဲ အပြင်ကနေ တိုက်ခိုက်သံတွေကို သူမ ကြားရတော့သည်။
နင်းမုန့်ယောင်က ကူညီချင်တယ် ဒါပေမယ့် သူမလည်းပဲ ထိုဟာက အရမ်းအန္တရာယ်များတယ်ဆိုတာ သိတယ်။
သူမက သာမန်လူတွေကို ကိုင်တွယ်နိုင်ပေမယ့် ကိုယ်ခံပညာကျွမ်းကျင်ပညာရှင်တွေကိုတော့ မရပေ။
သူမ စိုးရိမ်တကြီး စောင့်နေတုန်းမှာပဲ အပြင်က ဆူညံသံတွေက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။အဲ့ဒီနောက်မှသာ နင်းမုန့်ယောင်က အပြင်ထွက်သွားရဲတာဖြစ်သည်။အပြင်ဘက်က ခြံဝင်းထဲမှာ လူ ခုနစ်ယောက်-ရှစ်ယောက်လောက် လဲကျနေတာ တွေ့ရပြီး ချောင်ထျန်းချန်ကလည်း လူတစ်ယောက်ကို ဖမ်းမိထားသည်၊
"သူက......"
"သူက ရှောင်ကျီရွှမ်းရဲ့ လျှို့ဝှက်သက်တော်စောင့်ပဲ ဖြစ်ရမယ်"
"လျှို့ဝှက်သက်တော်စောင့်လား။အိုး......အဲ့ဒီမိန်းမက ကျွန်မကို တကယ်ကြီး စောင့်ကြည့်နေခဲ့တာပဲ။ကျွန်မကို ကိုင်တွယ်ဖို့အတွက်နဲ့ မိန်းကလေးတစ်ယောက်ထဲကို လျှို့ဝှက်သက်တော်စောင့်တောင် လွှတ်ခဲ့တယ်"
နင်းမုန့်ယောင်က ထေ့ငေါ့ပြီး ပြောလိုက်သည်။
ချောင်ထျန်းချန်က သူ့မျက်လုံးတွေထဲမှာ စိုးရိမ်မှုတွေနဲ့ နင်းမုန့်ယောင်ကို ကြည့်လိုက်သည်။သူ စကားပြောတော့မယ့်အချိန်မှာပဲ နင်းမုန့်ယောင်က ဆက်ပြောလာခဲ့သည်။
"ချင်းရွှမ် ငါဒီလူကို နင့်ဆီလွှဲထားလိုက်မယ်"
"အရမ်းကောင်းပါတယ် သခင်မလေး"
ချင်းရွှမ်က အမှောင်ထဲကနေ ပေါ်လာခဲ့ပြီး သူ့မျက်လုံးတွေက သိသိသာသာကို လှောင်ရယ်နေခဲ့သည်။
ချင်းရွှမ်က သူ ဆေးစစ်ဖို့ လူလိုနေတာကလွဲလို့ လောလောဆယ်မှာ ဘာမှ မချို့တဲ့ပေ။ပျမ်းမျှလူတစ်ယောက်က ဆေး၏ဘေးထွက်ဆိုးကျိုးကို မခံနိုင်ပေ။ဒီလျှို့ဝှက်သက်တော်စောင့်က အခြားစမ်းသပ်ပစ္စည်းတွေနဲ့ နှိုင်းယှဉ်ပါက အချိန်အတော်ကြာ ခံနိုင်ရည်ရှိနိုင်တယ်လို့ သူ့ဘာသာ တွေးနေမိသည်။
(ဒီနေရာမှာက ချင်းရွှင်ကိုပြောတာလား ချင်းရွှမ်ကိုပြောတာလား မသဲကွဲဘူး။တစ်ခြားwebsiteတွေသွားကြည့်တော့လည်း ဒီလိုပဲရေးထားကြတယ်)
ရှောင်ကျီရွှမ်းက သူမရဲ့ လျှို့ဝှက်ကိုယ်ရံတော် သတင်းကောင်းပို့လာမှာကို စောင့်နေဆဲဖြစ်သည်။
ဒါပေမယ့် ဘာသတင်းကောင်းမှ မရခဲ့ဘဲ အဲ့ဒီအစား သူမက သွေးတွေနဲ့ဦးခေါင်းအချို့ကို ရခဲ့သည်။
သူမကို သိပ်မဝေးတဲ့ဆီကနေ စိုက်ကြည့်နေတဲ့ မျက်လုံးပြူးတွေကိုကြည့်ပြီး ရှောင်ကျီရွှမ်းက အော်လိုက်သည်။
"အားးးးး"
အပြင်က လူတွေက သူမရဲ့ ကြောက်လန့်တကြား အော်ဟစ်သံကိုကြားတော့ အမြန်တံခါးကို တွန်းဖွင့်ကာ ဝင်လာခဲ့ကြသည်။ဦးခေါင်းတွေကိုမြင်တဲ့အချိန်မှာ သူတို့လည်း အော်ဟစ်ကြသည်။သတ္တိရှိတဲ့လူတွေက လင်းလော်နဲ့ဟော်ရဲ့ကို အမြန်သွားရှာခဲ့သည်။
လင်းလော်ရောက်လာတဲ့အချိန် အိပ်ရာပေါ်မှာ ဖြူဖျော့နေတဲ့မျက်နှာနဲ့ ထိုင်နေတဲ့ ရှောင်ကျီရွှမ်းကို မြင်လိုက်ရသည်။သူမက အားနည်းတဲ့ ကောင်မလေးတစ်ယောက်နဲ့တူပြီး သူ သူမကို အနည်းငယ် သနားသွားသည်။
"ဒီနေရာကို သန့်ရှင်းလိုက်"
"နားလည်ပါပြီ"
"အဆင်ပြေသွားပြီနော်၊ကိုယ်မင်းကို ကိုယ့်နေရာဆီခေါ်သွားပေးမယ်"
ရှောင်ကျီရွှမ်းက ခဏလောက်အံ့ဩနေခဲ့ပြီး အဲ့ဒီနောက် ခေါင်းငြိမ့်လိုက်သည်။