အခန်း ၁၀၃
Vol. 5 Ch. 103
Chapter 103
သတင်းတွေပြန့်သွားတာ သုံးရက်ပဲရှိသေးပြီး ရှောင်ချီထျန်းက သူ့လူတွေနဲ့ ရောက်နေပြီ ဖြစ်သည်။ဆီးပန်းဝိုင်နဲ့မက်မွန်ဝိုင်ကို ပါးစပ်နဲ့အပြည့် သောက်ပြီးတဲ့နောက် မက်မွန်ပန်းနဲ့ဆီးပန်းတွေရှာဖို့ သူအချိန်များကြီးဖြုန်းပြီး အားစိုက်ထုတ်ခဲ့ရတာ မှန်သွားတယ်လို့ ခံစားရသည်။
မက်မွန်ပန်းဝိုင်နဲ့ဆီးပန်းဝိုင်အပြင် နင်းမုန့်ယောင်က ရှောင်ချီထျန်းကို သူပြန်ယူသွားဖို့ အရက်ပြင်းတစ်ချို့လည်း ပေးလိုက်သေးသည်။ဒါပေါ့ အဲ့ဒါတွေက ရနေပြီဖြစ်တဲ့ အနီရောင်သမီးပျိုဝိုင်ထက်တော့ နည်းနည်းလေးတောင် ပိုမကောင်းပေ။
ဒီဟာကလည်း ရှောင်ချီထျန်းကို အလွန်စိတ်လှုပ်ရှားသွားစေသည်။
"အိုင်း......ဒီမှာ အရက်နည်းနည်းလေးရှိသေးတာပဲ"
သူသာ ဝိုင်တွေပိုရရင် မြို့တော်မှာ ရူးသွပ်သွားစေမယ့် အမျိုးအစားကို စိတ်ကူးကြည့်နိုင်သည်။
"ဒီဝိုင်က တစ်နှစ်စာ တန်ဖိုးရှိတယ်။ရှင် မက်မွန်ပွင့်နဲ့ဆီပန်းတွေမရှာနိုင်ရင် ကျန်မှာမဟုတ်တော့ဘူး"
နင်းမုန့်ယောင်က ရှောင်ချီထျန်းကို ကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
ဒီလူက "ရှားပါးပစ္စည်းတွေက တန်ဖိုးကြီးတယ်" ဆိုတာကိုရော သိရဲ့လား?
ရှောင်ချီထျန်းက နင်းမုန့်ယောင်ကို သူမပြောတာတွေ အမှန်လားဆိုတာ သိချင်စိတ်နဲ့ ကြည့်လိုက်သည်၊အဆုံးမှာတော့ သူမမျက်လုံးတွေထဲက လေးနက်မှုကိုမြင်တာကြောင့် ခေါင်းငြိမ့်လိုက်ပြီး
"ကောင်းပြီ ငါ တစ်ခုခု စဉ်းစားပါဦးမယ်"
"ဟုတ်ပြီ ဒါဆို ကျွန်မရှင့်ကိုပဲလွှဲထားလိုက်တော့မယ်၊ဒါပေမယ့် ရှင် ဒီဝိုင်နှစ်ခုရဲ့ အရေအတွက်ကို ကန့်သတ်ထားက ပိုကောင်းမယ်နော်။အရက်အတွက်ကတော့ ရှင့်သဘောပဲ"
အရက်က အခုထုတ်လုပ်လို့ရတယ် ဒါကြောင့် သူမက ရောင်းဖို့အတွက် စိတ်မပူဘူး။
"ဒါဆိုလည်း ကောင်းပြီ"
ရှောင်ချီထျန်းက ဝိုင်တွေနဲ့ထွက်မသွားခင် နင်းမုန့်ယောင်အိမ်မှာ ခဏလောက်နေခဲ့သည်။သူ့အမူအရာကနေ သူဘာလို့ အလျင်စလို ထွက်သွားလဲဆိုတာ မြင်နိုင်သည်။
သူတို့မြို့တော်ကိုပြန်ရောက်ပြီးတဲ့နောက် ရှောင်ချီထျန်းက သူ့လူတွေကို ချက်ချင်းလာခိုင်းပြီး ဒီ ဝိုင် သုံး-လေးမျိူးကို ရောင်းရမယ့် နည်းလမ်း စဉ်းစားခိုင်းသည်။
ဝိုင်ရဲ့ သင်းပျံ့တဲ့ မွှေးရနံ့က "ကြမ္မာကောင်းကင်" စားသောက်ဆိုင်ထဲမှာ ပျံလွှင့်နေပြီး ဧည့်သည်အားလုံးကို တံတွေးမျိုချမိစေသာ်။ဒီဝိုင်......သူတို့တွေ မြည်းကိုမြည်းကြည့်ရမယ်။
"ပိုင်ရှင်က ဒီဝိုင်ကို ဘယ်လိုရောင်းဖို့ စီစဉ်ထားလဲ"
"ဟုတ်တယ် ငါ့ကို မြန်မြန်ပြောစမ်းပါ။ဝိုင်ရဲ့အနံ့တတစ်ခုထဲ အနံ့ရနေတာနဲ့တင်ကို ငါအဲ့ဒါကို တောင်းတနေပြီ"
လူတိုင်းရဲ့ စကားတွေကိုကြားပြီး ပိုင်ရှင်က အရမ်းစိတ်ကျေနပ်သွားကာ သူတို့ကို ပြုံးပြလိုက်သည်။
"ဒီနေ့ ငါတို့ ဝိုင်နှစ်မျိုးပဲရောင်းပါမယ်။တစ်ခုက မက်မွန်ပန်းဝိုင်ဖြစ်ပြီးတော့ အခြားတစ်ခုက အရက်စစ်ပဲဖြစ်တယ်။ဒီမှာ မက်မွန်ပန်းဝိုင် ဆယ်အိုးနဲ့ အရက်စစ် အိုးငါးဆယ်ပဲရှိပါတယ်"
ကြမ္မာကောင်းကင် စားသောက်ဆိုင်ရဲ့ မန်နေဂျာချန်းက ရှိနေတဲ့လူတွေကို ကြည့်ပြီး ပြောလိုက်သည်။
လူတိုင်းက စုစုပေါင်း ဝိုင်အိုးခြောက်ဆယ်ပဲရှိတယ်လို့ ကြားတဲ့အခါမှာ သူတို့က စိုးရိမ်ပူပန်သွားကြသည်။
"ငါတို့ကို အရက်စစ်တစ်အိုးပေး"
"ဟုတ်တယ် ငါတို့ရောပဲ"
လူတိုင်းက သူတို့ကြားထဲမှာ အချင်းချင်း ဆွေးနွေးနေကြသည်။ဈေးနှုန်းမကြေညာရသေးခင်မှာပဲ ဝိုင်အိုးခြောက်ဆယ်က လေလံဆွဲသူတွေကြားထဲ ခွဲဝေပြီးသွားပြီး တစ်ချို့ဆို မဝယ်နိုင်လိုက်တာတောင် ရှိသေးသည်။
"မန်နေဂျာချန်း မင်းအရမ်းလွန်တာပဲ"
ဝယ်ခွင့်မရခဲ့တဲ့လူတွေက သူတို့တံတွေးကိုမြိုချပြီး ဝိုင်ရဲ့အနံ့ကိုရှူကာ တစ်ဖက်လူကို သူတို့ရဲ့စိတ်ဓာတ်ကျနေတဲ့ မျက်နှာတွေနဲ့ ကြည့်နေကြသည်။
မန်နေဂျာချန်းက အပြုံးတစ်ပွင့်နဲ့ ပြောလိုက်သည်။
"ဝိုင်ကောင်းတွေက အမြဲတမ်း ကန့်သတ်ထားပါတယ်။သင် သဘောကျတယ်ဆိုရင် မနက်ဖြန်စောစောလာခဲ့ပါ"
လူတိုင်းက ဒါကိုကြားပြီး လုံးဝ ကူကယ်ရာမဲ့ ခံစားလိုက်ကြရသည်။ကြမ္မာကောင်းကင် စားသောက်ဆိုင်က ခိုင်မာတဲ့ ကျောထောက်နောက်ခံရှိတယ်ဆိုတာ သူတို့အားလုံးသိကြတယ် ဒါကြောင့် ဘယ်သူကမှ ဒီနေရာမှာ ပြဿနာမရှာရဲဘူး။ထို့အတွက်ကြောင့် သူတို့က ဝိုင်ဝယ်ထားတဲ့ လူတွေဆီသွားပြီး တစ်ခွက်သောက်ကြသည်။ထိုဟာကို သောက်ပြီးတဲ့နောက် သူတို့တွေ အရသာကို ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပေ။
မက်မွန်ဝိုင်ရဲ့ဈေးနှုန်းက တစ်အိုးကို ၁၅၂လျန်းဖြစ်ပြီး အရက်စစ်ရဲ့ ဈေးနှုန်းက တစ်အိုးကို လျန်း၁၅၀ ဖြစ်နေတာတောင်မှ ဘယ်သူမှ ဘာမှမပြောကြပေ။အဲ့ဒီအစား ထိုဟာက အရမ်းနည်းလွန်းတယ်ဆိုပြီးတောင် ပြောနေကြသေးသည်။
ဒုတိယထပ်မှာ ရှောင်ချီထျန်းက ပထမထပ်က မြင်ကွင်းကိုကြည့်ပြီး မတတ်နိုင်ဘဲ ရယ်မိသွားသည်။
ဝိုင်တစ်အိုးက နှစ်ကစ်တီလောက်ပဲ အလေးချိန်ရှိသည်။ဒီနေ့တစ်ရက်ထဲနဲ့တင် ဝိုင်အိုးခြောက်ဆယ်က လျန်းထောင်နဲ့ချီရောင်းထွက်သွားသည်။ထပ်ရှိဦးလို့ကတော့..........
ထိုအကြောင်းတွေးလိုက်ရုံနဲ့တင် ရှောင်ချီထျန်း စိတ်လှုပ်ရှားသွားရသည်။
"သခင်လေး ကျွန်တော်တို့မနက်ဖြန်လည်း ဒီဝိုင်ပဲ ရောင်းသင့်လား"
မန်နေဂျာချန်းက လှေကားပေါ်မတက်ခင် အပေါ်ထပ်ကို ခဏကြည့်လိုက်ပြီး ရှောင်ချီထျန်းကိုတွေ့တော့ လေးလေးစားစား မေးလိုက်သည်။
"မဟုတ်ဘူး မနက်ဖြန်ကျရင် ငါတို့ ဆီးပန်းဝိုင်နဲ့ဝါးစိမ်းဝိုင်ကို ထုတ်ရောင်းမယ်။ဆယ်အိုးနဲ့အိုးငါးဆယ်ပဲ။သဘက်ခါကျရင် နေ့တိုင်း ငါတို့ မက်မွန်ဝိုင်သုံးအိုးနဲ့ ဆီးပန်းဝိုင်သုံးအိုး ပြီးတော့ အရက်စစ် အိုးခုနစ်ဆယ် နဲ့ ဝါးစိမ်းဝိုင်ကိုရောင်းမယ်။ပန်းဝိုင်တွေက တစ်အိုးကို လျန်းတစ်ရာ့ငါးဆယ် ကျန်တာတွေကတော့ တစ်အိုးကို လျန်းတစ်ရာပဲ ကျမယ်၊"
ရှောင်ချီထျန်းက ယဉ်ကျေးမနေတော့ဘဲ တိုက်ရိုက်ပြောလိုက်သည်။
မြို့တော်မှာ လူချမ်းသာတွေ ပြတ်လပ်နေတာမဟုတ်ပေ။သူလည်းပဲ အရင်တုန်းက ဒီဝိုင်လေးမျိုးကို သောက်ဖူးတယ်;တစ်အိုးကို လျန်းနှစ်ရာလောက်ကျရင်တောင်မှ သေချာပေါက် လိုချင်ကြတဲ့လူတွေရှိသည်။
"ဟုတ်ကဲ့ သခင်လေး!"
မန်နေဂျာချန်း ထွက်သွားခဲ့သည်။ဒီဝိုင်လေးမျိူးက အနာဂတ်မှာ မုန်တိုင်းလိုမျိုးမြင့်တက်လာမယ်ဆိုတာ သူသေချာပေါက် ခန့်မှန်းမိသည်။
သေချာတာပေါ့ နောက်နေ့မှာလည်း အိုးခြောက်ဆယ်က ချက်ချင်းလုယူခံလိုက်ရသည်။မဝယ်လိုက်ရတဲ့လူတွေက သူတို့လက်နှေးပြီး တစ်ခြားလူတွေအရင် တစ်ခုလောက်မှ ရအောင်မယူနိုင်တာကို အပြစ်တင်ကြသည်။
ဒုတိယနေ့ကနေစပြီးတော့ ဝိုင်အိုးပမာဏ နှစ်ခုတိုးလာတာတောင်မှ လူအရေအတွက် အပြည့်မရပေ။ဒါ့အပြင် အရည်အသွေးပိုကောင်းတဲ့ မက်မွန်ဝိုင်၊ဆီးပန်းဝိုင်က သုံးအိုးသာရှိတော့သည်။ထိုအကြောင်းကိုတွေးရုံနဲ့တင် သူနာကျင်လာရတယ်။