← Chapters

အခန်း ၁၇

Vol. 1 Ch. 17

အခန်း ၁၇

Vol. 1 Ch. 17

Chapter 17

အန်တီလော်ကကျေနပ်နေသည်။ရန်လဲ့လဲ့ရဲ့ယခုလက်ရှိပန်းထိုးတာကသူမမျက်လုံးထဲမှာအလယ်အလတ်ဖြစ်နေပေမယ့် နင်းမုန့်ယောင်လိုတော်တဲ့ဆရာတစ်ယောက်ရှိတဲ့အတွက် သူမရဲ့ပန်းထိုးစွမ်းရည်ကအချိန်တစ်ခုအတွင်းထူးချွန်လာမှာဖြစ်သည်။သူမကိုဒီအချိန်မှာဆွဲထားလိုက်တာ နောက်ကျရင် သူမ(အန်တီလော်)အတွက်အကျိုးအမြတ်တွေမရနိုင်ဘူးလား?

ရန်လဲ့လဲ့ကသတိပြန်ဝင်လာပြီးနင်းမုန့်ယောင်အန်တီလော်နဲ့ပြောနေတာကိုကြားလိုက်ရသည်။နင်းမုန့်ယောင်ကအန်တီလော်ကိုသူမကိုဂရုစိုက်ပေးဖို့ပြောနေတာဖြစ်ပြီး သူမမျက်လုံးတွေကနီရဲလာခဲ့သည်။

"ယောင်ယောင် ကျေးဇူးတင်ပါတယ်"

"ငါတို့ကသူငယ်ချင်းတွေလေ ဘာလို့ကျေးဇူးတင်နေရမှာလဲ?"နင်အန်တီလော်နဲ့စကားပြောထားနှင့်လိုက် ငါပန်းထိုးရမယ့်အစတွေနဲ့ချည်တွေသွားရွေးလိုက်ဦးမယ်"

နင်းမုန့်ယောင်ကရန်လဲ့လဲ့ကိုအန်တီလော်ရှေ့ကိုဆွဲပို့လိုက်ပြီး သူတို့နှစ်ယောက်ကိုစကားပြောခိုင်းထားကာ သူမကဘေးကိုသွားပြီးရွေးနေလိုက်သည်။

ရန်လဲ့လဲ့ကအရမ်းမြင့်တဲ့ဈေးနှုန်းကိုမတောင်းခဲ့ဘဲအန်တီလော်ဒီလောက်ပေးတာကိုက သူမကိုအံ့အားသင့်စေတယ်။အရင်တုန်းကသူမရောင်းခဲ့ရတဲ့ပန်းထိုးထည်တွေနဲ့ယှဉ်ရင်ဒီဈေးနှုန်းကနှစ်ဆရတာပဲ။

"အန်တီလော် ဒါ...."

"အန်တီလော်ကနင်းမုန့်ယောင်မျက်နှာကိုထောက်ဖို့ဆိုတာ‌မှန်ပေမယ့် လဲ့လဲ့မင်းကိုယ်မင်းယုံကြည်ထားရမယ်။မင်းရဲ့ပန်းထိုးထားတာကဒီဈေးနဲ့ထိုက်တန်တယ်"

ရန်လဲ့လဲ့က စိတ်မငြိမ်မသက်ဖြစ်နေဆဲဖြစ်ကာ

"ဒါပေမယ့်အရင်တုန်းကကျွန်မရဲ့ပန်းထိုးတာကမကောင်းဘူးလို့သူတို့ကပြောကြတယ်"

အန်တီလော်က ရန်လဲ့လဲ့ကိုကြည့်ပြီး ငိုရမလား၊ရယ်ရမလားမသိတော့ပေ။သူမက သူမလက်နဲ့ရန်လဲ့လဲ့ပုခုံးကိုပုတ်ပေးလိုက်ပြီး ပစ္စည်းရွေးနေတဲ့နင်းမုန့်ယောင်ကိုညွှန်ပြလိုက်သည်။

"မင်းကိုသင်ပေးတဲ့အဲ့လိုဆရာမျိုးရှိနေတာ မင်းကမင်းရဲ့ပန်းထိုးတာကဆိုးတယ်လို့တွေးနေတုန်းပေါ့လေ?အဲ့ဒီလူတွေက မင်းကမင်းရဲ့အရမ်းကောင်းတဲ့ပန်းထိုးထည်တွေရောင်းတာကိုဈေးနှိမ်ချင်လို့တမင်ပြောကြတာပဲဖြစ်ရမယ်"

ရန်လဲ့လဲ့ကနားထောင်လိုက်ပြီးထိုဟာကဖြစ်နိုင်တယ်လို့တွေးလိုက်သည်။ယောင်ယောင်ကအရမ်းတော်ပြီးသူမမှာဘာပြဿနာမှမရှိဘူးလို့ပြောတယ်။အန်တီလော်ကလည်းသူမမှာဘာပြဿနာမှမရှိဘူးလို့ပြောတာကြောင့် ဒါကသေချာပေါက်ဒီလိုပဲလို့သူမဆုံးဖြတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ်အန်တီလော်"

ရန်လဲ့လဲ့ကရှက်သွားတာကြောင့်သူမမျက်နှာကနီလာခဲ့သည်၊

"ကောင်းပြီ ဒီပိုက်ဆံကမင်းရဲ့ပန်းထိုးထည်အတွက်ပဲ ယူလိုက်"

ရန်လဲ့လဲ့ရဲ့လက်ထဲကိုတစ်လျန်းထည့်ပေးလိုက်သည်။

ရန်လဲ့လဲ့ကပိုက်ဆံကိုယူလိုက်ပြီးသူမမျက်လုံးတွေကပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေသည်။ဒါကအရမ်းကောင်းတာပဲ...

"အန်တီလော် ယောင်ယောင်ကပြောတယ် ကျွန်မကခေါင်းအုံးဖုံးတောင်လုပ်နိုင်နေပြီတဲ့ ကျွန်မလုပ်ကြည့်လို့ရလား"

"ဒါပေါ့ရတာပေါ့။တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါဒီမှာနည်းနည်းပါးပါးရှိတယ်။သူတို့ကလက်ထပ်ထားတဲ့စုံတွဲရဲ့လက်ကိုင်ပုဝါတွေလေ။မင်းငါနဲ့လာခဲ့"

အန်တီလော်ကနားထောင်ပြီးချက်ချင်းရန်လဲ့လဲ့ကိုဆွဲခေါ်သွားသည်။

သူမဆီကပန်းထိုးတဲ့သူတွေက ဒီလိုကြီးမားတဲ့လက်ထပ်လက်ကိုင်ပုဝါကိုမထိုးချင်ကြဘူး ဘာလို့လဲဆိုတော့ လုပ်ရမှာကမလွယ်တဲ့အပြင်ဈေးကလည်းမကြီးတာကြောင့်ဖြစ်သည်။သူမက ဒါကိုပန်းထိုးပေးနိုင်တဲ့လူတစ်ယောက်လောက်ရှာမတွေ့မှာစိုးရိမ်နေခဲ့ပြီး သူမမှိန်းနေတုန်းမှာပဲခေါင်းအုံးတွေပို့လိုက်တဲ့လူရောက်လာခဲ့သည်။

ရန်လဲ့လဲ့ကသူမကိုင်ထားတဲ့ခေါင်းအုံးစွပ်ကိုကြည့လိုက်သည်။မန်ဒရင်းဘဲနှစ်ကောင်ရေထဲမှာဆော့ကစားနေတာဖြစ်ပြီး ကြာပန်းတွေကလည်းပွင့်နေသည့်အပြင် နဂါးနဲ့ဖီးနစ်ခြောက်စုံကိုပြပြီး ကုသိုလ်ကောင်းမှုကိုလည်းပြထားသေးသည်။

"အန်တီလော် ဒါအတွက်အချိန်ရှိသေးတယ်မလား"

"မစိုးရိမ်နဲ့မင်းပန်းထိုးဖို့ နှစ်လလောက်အချိန်ရသေးတယ်"

အန်တီလော်ကရန်လဲ့လဲ့ဘာကိုဆိုလိုလဲဆိုတာနားလည်သည်။သူမက သူမကောင်းကောင်းမထိုးနိုင်ဘဲအချိန်မှီမပြီးမှာကို သေချာပေါက်စိုးရိမ်နေတာ။

ရန်လဲ့လဲ့ကဒါကိုကြားတဲ့အခါမှာ သူမက သက်သာရာရသွားသည်။နင်းမုန့်ယောင်ကရွေးလို့ပြီးသွားပြီးတော့ ရန်လဲ့လဲ့လက်ထဲက နဂါးနဲ့ဖီးနစ်ခြောက်စုံကိုကြည့်ဖို့ရောက်လာခဲ့တယ်။ကြည့်လိုက်ရုံနဲ့တင် ထိုဟာကမခက်ခဲတာကြောင့် ဒါကိုရန်လဲ့လဲ့ကိုလေ့ကျင့်ဖို့ပေးလိုက်တာကကောင်းတယ်။

"ဒါကမဆိုးဘူး နင့်ရဲ့လက်ရှိပန်းထိုးနိုင်စွမ်းနဲ့ကိုက်ညီတယ်"

"ဟုတ်တယ် အန်တီလောက်လည်းပြောတယ်"

ရန်လဲ့လဲ့ကပြုံးလိုက်ပြီး သူမစိတ်ထဲကအရမ်းပျော်ရွှင်နေသည်။ဒါပြီးရင် သူမက သူမရဲ့ပန်းထိုးထည်တွေကိုဒီနေရာမှာရောင်းနိုင်တော့မယ်။ဒါတွေအားလုံးကယောင်ယောင့်ကိုကျေးဇူးတင်ရမှာပဲ။

သူတို့နှစ်ယောက်လုံးက ဝယ်ချင်တာတွေရွေးပြီးသွားတဲ့အခါမှာ နင်းမုန့်ယောင်ကသူတို့အတွက်ပိုက်ဆံရှင်းလိုက်ပြီး ရန်လဲ့လဲ့က ငွေသွင်းထားဖို့ရည်ရွယ်ပေမယ့် အန်တီလော်ကနင်းမုန့်ယောင်ကိုတွေးပြီးလက်မခံခဲ့ပေ။

ပန်းထိုးရုံကထွက်လာပြီးသိပ်မကြာခင်မှာပဲ သူတို့ကယန်ရှိုးအာကိုမြင်လိုက်ရသည်။သူမရဲ့မျက်နှာအမူအရာကသိပ်မကောင်းပေ အထူးသဖြင့်ရန်လဲ့လဲ့ကိုသူမကြည့်နေကျအကြည့်ဖြစ်သည်။

အခုလေးတင်ပဲ သူမကနင်းမုန့်ယောင်ရန်လဲ့လဲ့ကိုအကောင်းဆုံးပန်းထိုးရုံထဲခေါ်သွားတာသူမတွေ့လိုက်တယ်။ဒါပေမယ့်သူမကိုသူတို့နဲ့မခေါ်သွားဘူး။အဲ့ဒီနေရာကဈေးနှုန်းတွေကတစ်ခြားနေရာတွေထက်အများကြီးပိုကောင်းတယ်။

"နင်းမုန့်ယောင် နင်ကသူ့ကိုတော့လော်ယွင်ကိုခေါ်သွားပြီးငါ့ကိုကျဘာလို့မခေါ်ရတာလဲ"

ယန်ရှိုးအာကိုနင်းမုန့်ယောင်ရှေ့ရပ်ပြီးမေးလိုက်သည်။

"ငါကဘာလို့နင့်ကိုခေါ်သွားရမှာလဲ"

နင်းမုန့်ယောင်က ယန်ရှိုးအာကိုအသာလေးကြည့်ပြီးမေးလိုက်သည်

သူမက ရန်လဲ့လဲ့ကိုခေါ်သွားရတာက သူမအသိအမှတ်ပြုထားတဲ့သူငယ်ချင်းဖြစ်ပြီးတော့ ရန်လဲ့လဲ့ကိုပိုပြီးတော့ပိုက်ဆံရှာနိုင်သွားစေကာ နေ့ရက်ကောင်းတွေကိုပိုင်ဆိုင်ဖို့ပဲဖြစ်တယ်။ဒါပေမယ့် ယန်ရှိုးအာကဘာကိုလာတောင်းနေတာလဲ?လောဘကြီးလိုက်တာ....

ယန်ရှိုးအာရဲ့မျက်နှာတစ်ခုလုံးစိမ်းပုပ်သွားကာ ကြည့်မကောင်းတော့ဘဲ သူမက မျက်နှာလှည့်ကာထွက်သွားသည်။

သူမကိုအဲ့လိုမြင်တော့ ရန်လဲ့လဲ့ကမျက်မှောင်ကြုံ့လိုက်သည်။

"ယောင်ယောင်ငါနင့်ကိုဒုက္ခများသွားစေတာပဲ ဟုတ်တယ်မလား"

"အဆင်ပြေပါတယ်။နင့်ရဲ့ပန်းထိုးနိုင်စွမ်းကလော်ယွင်ရဲ့အဆင့်မှီတာပဲလေ ဒါကြောင့်မလို့လည်းငါကနင့်ကိုခေါ်သွားပြီးအန်တီလော်နဲ့မိတ်ဆက်ပေးတာပေါ့ ဒါပေမယ့် သူမကတော့မရဘူး။သူမကိုသာအန်တီလော်ဆီခေါ်သွားလိုက်ရင် အန်တီလော်ကလက်ခံလိုက်ရင်တောင်မှ စိတ်မသက်မသာဖြစ်နေလိမ့်မယ်"

ယန်ရှိုးအာရဲ့ပန်းထိုးတာကကြည့်လို့မကောင်းပေ၊။

All Chapters