အခန်း ၂၂၈
Vol. 10 Ch. 228
Chapter 228
(⚠️⚠️⚠️: ဤအခန်းတွင် ရက်စက်ကြမ်းကြုတ်သော စကားလုံးများနှင့် သွေးထွက်သံယိုများ ပါဝင်သည်)
ဒီလိုမျိုး ထူးချွန်ထက်မြတ်တဲ့ အမျိုးသမီးကို သူ့ဇနီးအဖြစ် ပိုင်ဆိုင်ခွင့်ရတာ သူ အရမ်းဝမ်းသာတယ်။
ရှောင်ချီဖုန်းက ချောင်ထျန်းချန်ကို ကြည့်ပြီး ဆွံ့အစွာဖြင့်
"မင်း ဘာလို့ သူမကို မမေးတာလဲ"
"ငါက ဘာလို့ မေးရမှာလဲ"
ချောင်ထျန်းချန်က ရှောင်ချီဖုန်းကို မျက်ခုံးပင့်ကာကြည့်လိုက်ပြီး သူ ဘာလို့ ဒီလောက် စိုးရိမ်နေရမှာလဲဆိုတာကို နားမလည်ပေ။
ရှောင်ချီဖုန်းက သူ့(ချောင်ထျန်းချန်)မျက်လုံးတွေထဲက အမူအရာကိုကြည့်ပြီး စိတ်မသက်မသာဖြစ်သွားသည်။ဒါဆိုလည်း ကောင်းပြီ ကြည့်ရတာ သူက ဘာမှမဟုတ်တာကို စိုးရိမ်နေတာပဲ။
"ဒါက မင်းတို့နှစ်ယောက်ကြားက ကိစ္စလေ ငါနဲ့ဘာမှမဆိုင်ပါဘူး။ဒါပေမယ့် ထျန်းချန် မင်းဖမ်းမိထားတဲ့ အဲ့ဒီလူတွေကို ဘယ်လိုကိုင်တွယ်ဖို့ စီစဉ်ထားလဲ" ရှောင်ချီဖုန်းက နောက်တစ်ကြိမ် တည်ငြိမ်သွားသည်။
ချောင်ထျန်းချန်က စားပွဲကို လက်ဖဝါးဖြင့် ရိုက်လိုက်ပြီး အေးစက်စွာ ပြုံးကာ
"စောင့်ကြည့်နေလိုက်ပါ"
ချောင်မိသားစု တစ်ခုလုံးတွင် ချောင်ကျန်းဟုန် အယုံကြည်ဆုံးလူက သူ့ရဲ့ ဘယ်၊ညာ လက်ရုံးလိုဖြစ်တဲ့ ချောင်လင်းပဲ ဖြစ်နိုင်သည်။ဒီလူသာ သေသွားခဲ့ရင် ချောင်ကျန်းဟုန် ရူးသွပ်သွားမလားဆိုတာ ဘယ်သူသိမှာလဲ?
"မင်း ထပ်ပြီးတော့ ဘာကြံစည်နေပြန်ပြီလဲ"
ချောင်ထျန်းချန် အတွေးနစ်နေတာကို ကြည့်ပြီး ရှောင်ချီဖုန်းက မေးလိုက်သည်။
သူ ချောင်ထျန်းချန်နဲ့ ကုန်ဆုံးခဲ့တဲ့ အချိန်က တစ်နှစ်လည်း မဟုတ်သလို နှစ်နှစ်လည်း မဟုတ်ဘူး။သူတို့တွေက အတူတူကြီးပြင်းလာကြတာလို့ ပြောလို့ရတယ်။သူတို့တွေ စစ်တပ်စခန်းထဲမှာ ရှိနေခဲ့တဲ့အချိန်တုန်းက ချောင်ထျန်းချန် အတွေးနစ်နေသရွေ့ သူက တစ်ယောက်ယောက်ကို ကြံစည်နေတာပဲ။အဲ့ဒီလို ဖြစ်တဲ့အခါကျရင် တစ်ယောက်ယောက်ကတော့ အမှန်တကယ်ကို ဆိုးဆိုးဝါးဝါး ထိခိုက်နာကျင်လိမ့်မယ်။
ချောင်ထျန်းချန်က ရှောင်ချီဖုန်းဘက်ကို လှည့်ပြီးတော့
"မင်း သိချင်လား"
"အေး သိချင်တယ်" ရှောင်ချီဖုန်းက ခေါင်းငြိမ့်လိုက်သည်။
ချောင်ထျန်းချန်က သူ့မေးစေ့ကို ပွတ်လိုက်ပြီး နက်နက်ရှိုင်းရှိုင်း တွေးနေကာ
"ငါသာ ချောင်လင်းကို ဝက်တစ်ကောင်ကို လက်ဆောင်အဖြစ်ပေးသလိုမျိုး ပြန်ပို့လိုက်မယ်ဆိုရင် သူ ချက်ချင်း ရူးသွားနိုင်တယ်လို့ မင်း ထင်လား"
ရှောင်ချီဖုန်းနှင့်ရှောင်ချီထျန်း နှစ်ယောက်လုံး ချောင်ထျန်းချန်ကို တစ်ပြိုင်တည်း စိုက်ကြည့်လိုက်ကြပြီး သူ့ကြည့်ရတာ စနောက်နေပုံ မရပေ။
"မင်း အတည်ကြီး ပြောနေတာလား"
"ဒါပေါ့ ငါ တကယ်ပြောနေတာ၊ပြီးတော့ ငါသာ အဲ့ဒါကို သူတို့ရဲ့ ဝင်ပေါက်မှာ ထားခွင့်မရရင် လာတဲ့ ဘယ်သူမဆို အရိုးတွေဖြတ်ပြီးတော့ သူတို့ကို သူ့အိမ်တော်ရဲ့ တံခါးဝမှာ စီပေးထားလိုက်မယ်"
သူက အဲ့ဒါကို ဝင်ပေါက်မှာ မထားနိုင်လို့ မဟုတ်ပေ။သို့ပေမယ့် အဲ့ဒါက မလိုလားအပ်တဲ့ ပြဿနာတွေကို ယူဆောင်နိုင်လာတဲ့အတွက် သူ့အိမ်တော်ထဲကို တိုက်ရိုက်ပို့ပေးလိုက်တာ ပိုကောင်းသည်။
ရှောင်ချီထျန်းက လည်ပင်းကျုံ့သွားပြီး ရှောင်ချီဖုန်းဘက်ကို ရွှေ့သွားသည်။ရုတ်တရက်ကြီး သူ့ရဲ့ဒီအစ်ကိုက ပိုပြီးတော့ လူစိတ်ကင်းမဲ့လာတယ်လို့ ခံစားရတယ်။
"ထျန်းချန် ဒါက မှားတယ်လို့ မထင်ဘူးလား"
ရှောင်ချီဖုန်းက ငိုချင်လာပေမယ့်လည်း မျက်ရည်ကျမလာခဲ့ပေ။သူ(ချောင်ထျန်းချန်)က ဘယ်အချိန်တုန်းက ဒီလောက်အထိ ရက်စက်တဲ့လူ ဖြစ်သွားတာလဲ?
"အဲ့ဒါက ဘာမှားနေလို့လဲ"
အဲ့ဒါက သူက သူတို့ကို လုပ်မှာလည်းမဟုတ်ဘဲနဲ့ သူတို့ကြောက်နေစရာ လိုလို့လား?သူ ပိုပြီးတော့လေ့ကျင့်ဖို့ လိုနေသေးတယ်။
"ကျန်တဲ့လူတွေကရော"
ချောင်ထျန်းချန်က ရှောင်ချီဖုန်းကို မျက်စိမှေးကာ ကြည့်လိုက်ပြီး
"သူတို့ရဲ့ ခေါင်းတွေကလွဲပြီးတော့ သူတို့ရဲ့အရိုးတွေကို ငါ လှီးခွာလိုက်မယ်လေ။ပြီးရင် သူတို့ရဲ့အသားတွေနဲ့ ပြန်ပို့ပေးလိုက်မယ်။ဘယ်လိုလဲ"
"အန်မိပြီ........မင်း ဒီလောက်အထိ အော်ဂလီဆန်တာမျိုး မလုပ်လို့ရမလား"
သူပြောတာနားထောင်ရုံနဲ့တင် ကြက်သီးတွေထသွားတာကို သူက ဘယ်လိုလုပ် မျက်တောင်တစ်ချက် မခတ်ဘဲ ပြောနိုင်ရတာလဲ?
ချောင်ထျန်းချန်က ရွံရှာတဲ့ပုံစံဖြစ်နေတဲ့ ရှောင်ချီထျန်းကို ပုတ်လိုက်ပြီး
"ချီထျန်း ငါက လူကောင်းတစ်ယောက် မဟုတ်ဘူး။ငါက ငါ့ညီနောင်တွေကို နှလုံးသားနဲ့ရင်းပြီး ကြင်ကြင်နာနာ ဆက်ဆံနိုင်ပေမယ့် ငါ့ရန်သူတွေကတော့ သူတို့တွေ ဆိုးဝါးတဲ့ သေခြင်းတရားနဲ့ ကြုံတွေ့အောင်လုပ်ဖို့ ငါ့မှာ ရက်စက်တဲ့ နည်းလမ်းတွေ အများကြီးရှိတယ်။"
ရှောင်ချီထျန်းက ဆွံ့အသွားပြီးတော့ ချောင်ထျန်းချန်ကို ကြည့်လိုက်တယ်။သူ ချောင်ထျန်းချန်နဲ့ ညီနောင်တွေဖြစ်နေတာကို ဝမ်းသာသင့်လား?သူ ဘာလို့ အရမ်းထူးဆန်းတယ်လို့ ခံစားနေရတာလဲ?
"လဲ့အန်း မင်း ငါပြောတာကို နားလည်လား" ချောင်ထျန်းချန်က ရုတ်တရက် လဲ့အန်းကိုကြည့်ပြီး မေးလိုက်သည်။
လဲ့အန်းက လုံးဝ ရွံရှာစက်ဆုပ်တယ်လို့ မခံစားရပေ။အဲ့ဒီအစား သူက စိတ်လှုပ်ရှားနေခဲ့ပြီး
"ဆရာ စိတ်မပူပါနဲ့။ကျွန်တော် ကိစ္စတွေကို ကောင်းကောင်းလုပ်ခဲ့ပါမယ်"
ပြောပြီးတဲ့နောက် သူက စိတ်လှုပ်ရှားစွာဖြင့် ထွက်သွားသည်။
လဲ့အန်းထွက်သွားတာကို ကြည့်ပြီးတော့ ရှောင်ချီထျန်းက ဘေးနားက ချောင်ထျန်းချန်ကို လှည့်ကြည့်ကာ မတတ်နိုင်ဘဲ
"သူက တကယ့်ကို မင်းလေ့ကျင့်ပေးထားတဲ့လူပဲ။မင်းလိုပဲ မကောင်းဘူး"
"ငါ အိပ်တော့မယ်၊မင်းတို့နှစ်ယောက် သွားလို့ရပြီ"
သူ သူတို့ကို အချိန်အတော်ကြာ လုံလုံလောက်လောက် အဖော်ပြုပေးပြီးသွားပြီ။ပြန်ပြီးတော့ သူ့ဇနီးလေးနဲ့အိပ်တာ ပိုကောင်းတယ်။
ရှောင်ချီထျန်းက မျက်လုံးတွေ ပြူးသွားတယ်။သူတို့က အခုထိ ဒီနေရာမှာ ရှိနေတုန်းကို သူက ထွက်သွားပြီပေါ့လေ။သူ့မိန်းမထက် သူငယ်ချင်းတွေကို ပိုပြီးတော့ အာရုံစိုက်ပေးလို့ မရဘူးလား?
"ချီထျန်း ပြန်ကြမယ်"
ရှောင်ချီဖုန်းလည်းပဲ သူတို့တွေ ချောင်ထျန်းချန်နဲ့သူ့ဇနီးကို အချိန်အကြာကြီး အနှောင့်အယှက်ပေးခဲ့တာကြောင့် ချောင်ထျန်းချန် မပျော်တော့ဘူးဆိုတာကို သိသည်။
ရှောင်ချီထျန်းက သူ့ပုခုံးတွေကို တွန့်လိုက်ပြီး(🤷🏻) ရှောင်ချီဖုန်းနဲ့အတူ ထွက်သွားသည်။သူ့စိတ်ထဲမှာတော့ မနက်ဖြန်ကျရင် ချောင်မိသားစုထဲမှာ ဘာဖြစ်မလဲဆိုတာ သိရဖို့ မျှော်လင့်မှုအပြည့် ဖြစ်နေသည်။
ချောင်ထျန်းချန်က မီးဖိုကို လဲ့အန်းဆီ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်တာကြောင့်၎င်းကို ဆက်ပြီးတော့ ဂရုမစိုက်တော့ပေ။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြတဲ့ ချောင်မိသားစုက လူတွေအတွက်ကတော့သူတို့တွေ ဒီကိစ္စကို မသိကြသေးပေ။
နောက်တစ်နေ့နေ့မနက်တွင်,အစေခံတစ်ယောက်က ခြံဝင်းထဲမှာ သန့်ရှင်းရေးလုပ်ဖို့ ထွက်လာတဲ့အချိန် ခြံဝင်းထဲမှာ ထားခဲ့တဲ့ဟာကို မြင်ပြီးတော့ အဆုတ်ကွဲမတတ် အော်တော့သည်။
"အားးး!!!”