← Chapters

အခန်း ၂၆၃

Vol. 11 Ch. 263

အခန်း ၂၆၃

Vol. 11 Ch. 263

Chapter 263

ဧည့်သည်ကို မောင်းထုတ်တာက ရိုင်းစိုင်းတဲ့အပြုမူဖြစ်ပြီး တော်ဝင်မင်းသားတစ်ပါးရှေ့မှာ ဒီလိုမျိုးလုပ်တာ ချောင်ထျန်းချန်တစ်‌ယောက်ပဲ ရှိပုံရသည်။

"ကောင်းပြီ.....ငါ မင်းတို့အားလုံးကို ဆက်ပြီးတော့ မနှောင့်ယှက်တော့ဘူး။ငါ ပြန်တော့မယ်။ပြီးရင် ငါ့အစ်ကိုကိုရှာပြီးတော့ သူ့အတွက် ဟင်းနည်းနည်းလောက် ယူသွားရမယ်"

ရှောင်ချီထျန်းက မတ်တပ်ရပ်ပြီးတော့ ထွက်သွားဖို့ပြင်ကာ ချောင်ထျန်းချန်ရဲ့ မသာယာတဲ့လေသံကို လျစ်လျှူရှုထားလိုက်သည်။

"ဧကရာဇ်ကို အခုက လင်တိုင်းပြည်ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ အကောင်းဆုံးအချိန်ပဲဆိုတာ ပြောဖို့ သတိရဦး။အခွင့်အရေးကို လွဲချော်မသွားစေနဲ့" ဟု ချောင်ထျန်းချန်က ရုတ်တရက် ပြောလိုက်သည်။

ရှောင်ချီထျန်းက သူ့နှုတ်ခမ်းတွေကို ကွေးလိုက်ပြီး

"ငါ သိပါတယ်ကွာ"

သူ ထွက်သွားပြီးတဲ့နောက် သူတို့နှစ်ယောက်က ခြံဝင်းထဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးပြောဆိုကြကာ တစ်ခုခုမှားနေတယ်ဆိုတာကို သတိထားမိရန် နင်းမုန့်ယောင်အတွက် အချိန်မကြာလိုက်ပေ။ချောင်ထျန်းချန်ရဲ့မျက်နှာက ဖြူဖျော့နေပြီး သူ့မျက်ခုံးတွေက အနည်းငယ် တွန့်ချိုးနေကာ နေလို့မကောင်း ဖြစ်နေပုံရသည်။သူ့လည်ပင်းမှာ အနီရောက်အစက်သေးသေးလေးတွေတောင် ထွက်နေသည်။

"ထျန်းချန် ရှင် ဘာဖြစ်တာလဲ"

နင်းမုန့်ယောင်က စိုးရိမ်သွားပြီး ချောင်ထျန်းချန်ရှေ့ကို လျှောက်သွားကာ သူ့လည်ပင်းပေါ်က အစက်အပြောက်လေးတွေကို ကြည့်လိုက်ပြီး တစ်ချိန်တည်းမှာပဲ သူမလက်ကိုဆန့်ထုတ်ကာ သူ့နဖူးကို ထိလိုက်သည်။

"ကိုယ် အဆင်ပြေပါတယ်။မစိုးရိမ်ပါနဲ့"

ချောင်ထျန်းချန်က ပြောပြီးတော့ မတ်တပ်ရပ်လိုက်ပေမယ့် သူ လမ်းလျှောက်မလို့ လုပ်တဲ့အချိန်မှာပဲ မေ့လဲသွားသည်။

ချောင်ထျန်းချန်၏ အခြေအနေက နင်းမုန့်ယောင်ကို ထိတ်လန့်ကြောက်ရွံ့သွားစေပြီး

"ချင်းရွှန်း ဒီကို မြန်မြန် လာကြည့်ပါဦး!"

ချင်းရွှန်းလည်းပဲ ချောင်ထျန်းချန် ရုတ်တရက် မူးလဲသွားတာကို မြင်တော့ ထိတ်လန့်သွားကာ သူမက နင်းမုန့်‌ယောင်ကို အမြန်ကူညီပြီးတော့ သူ့ကို အိပ်ရာပေါ်လှဲဖို့ သယ်သွားပေးလိုက်သည်။

ချင်းရွှန်းက ချောင်ထျန်းချန်ရဲ့ သွေးကြောကို စမ်းပြီးတော့ အဲ့ဒီနောက် မျက်မှောင်ကြုတ်သွားသည်။

"ကျန့်ကျွင်းက ဓာတ်မတည့်မှုဖြစ်နေတာ"

"ဓာတ်မတည့်တာလား"

နင်းမုန့်ယောင်က ချင်းရွှန်းကို ကြောင်တောင်တောင် ကြည့်လိုက်ပြီး အခြေအနေကို စဉ်းစားလို့မရနိုင် ဖြစ်နေသည်။

"ဟုတ်တယ် ကျန့်ကျွင်းက ပင်လယ်စာနဲ့ ဓာတ်မတည့်ဘူး၊ပြီးတော့ သူ့ရဲ့ လက္ခဏာတွေက သာမန်လူတွေထက် ပိုပြီးတော့ ပြင်းထန်နေတယ်"

ချင်းရွှန်းက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

သူမ နောက်ဆုံးတော့ သူတို့တွေ ပိုင်ရှန်းရွာမှာ နေတဲ့အချိန်တုန်းက ချောင်ထျန်းချန်က ဘာလို့ ငါးသိပ်မစားတာလဲဆိုတာ နားလည်သွားပြီ။ပုစွန်တွေ၊ဂဏန်းတွေဆိုတာ ပြောမနေနဲ့တော့။ဒါက အကြောင်းရင်း ဖြစ်နေခဲ့တယ်။

ဒါပေမယ့် သူ့လက္ခဏာတွေက အမှန်တကယ်ကို ထိတ်လန့်ဖို့ကောင်းသည်။

"ဓာတ်မတည့်မှုလား?ငါ ဒီအ‌ကြောင်းကို မသိထားဘူး"

ဒီနေ့ သူတို့စားခဲ့တာကို ပြန်စဉ်းစားကြည့်လိုက်တော့ သူမက ချောင်ထျန်းချန်ကို ဂဏန်းသားတွေ အများကြီးကျွေးခဲ့ပြီး သူကလည်း အဲ့ဒါတွေအားလုံးကို စားလုံးခဲ့တယ်။သူမက သူစားနိုင်တယ်လို့ ထင်ခဲ့တာ။ပြီးတော့ အရင်တုန်းက သူက သူမစားဖို့ပဲ အများကြီးချန်ထားပြီး သူ မစားခဲ့ဘူးလေ။

"သခင်မလေး မစိုးရိမ်ပါနဲ့၊ကျန့်ကျွင်းရဲ့ လက္ခဏာတွေက ပြင်းထန်တယ်ဆိုပေမယ့် ကျွန်မ သူ့ကို ဆေးပေးလိုက်တာနဲ့ သူ့လက္ခဏာတွေက မြန်မြန်ပျောက်သွားမှာပါ"

"ဒါဆို မြန်မြန်လုပ်လိုက်တော့"

နင်းမုန့်ယောင်က သူမလက်ကို အလျင်အမြန် ဝှေ့ရမ်းလိုက်ပြီး ချင်းရွှန်းကို ဆေးပြင်ဖို့ ပြောလိုက်သည်။

ချင်းရွှန်းက ဆေးကို အမြန်ယူလာခဲ့ပြီး သူမလက်တွေထဲမှာလည်း လိမ်းဆေးတစ်ပုလင်း ရှိနေသည်။

ချင်းရွှန်းက နင်းမုန့်ယောင်ကို ကူပြီးတော့ ချောင်ထျန်းချန်ကို ဆေးတိုက်ပြီးတဲ့နောက် ထွက်သွားသည်။

နင်းမုန့်ယောင်က ချောင်ထျန်းချန်ရဲ့ အဝတ်အစားတွေချွတ်တဲ့အခါ ခက်ခက်ခဲခဲ ချွတ်လိုက်ရသည်။သူ့အဝတ်အစားတွေ ချွတ်ပြီးတဲ့နောက် ချောင်ထျန်းချန်ရဲ့ တစ်ကိုယ်လုံး နီမြန်းနေတဲ့ အနီရောင်ဖုသေးသေးလေးတွေနဲ့ ဖုံးအုပ်နေတာကို တွေ့လိုက်ရသည်။၎င်းက ကြောက်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုပင်။

လိမ်းဆေးကို ဖုတွေပေါ် လိမ်းပြီးတဲ့နောက် နင်းမုန့်ယောင်က စိတ်အေးမသွားသေးဘဲ ချောင်ထျန်းချန်ရဲ့ဘေးနားမှာပဲ နေနေခဲ့သည်။

သို့ပေမယ့် နေ့လယ်ခင်းတွင် ကြောက်ဖို့ကောင်းတဲ့ အနီရောင်ဖုသေးသေးလေးတွေ အများကြီး သိသိသာသာ သက်သာသွားပေမယ့် ချောင်ထျန်းချန်က အဖျားကြီးနေပြီးတော့ သူ့ရဲ့ နဂိုဖြူဖျော့နေတဲ့မျက်နှာက ရဲတောက်နေသည်။

"ချင်းရွှန်း အခုက ဘာဖြစ်နေတာလဲ"

နင်းမုန့်ယောင်က ဆေးပညာကို မတတ်ကျွမ်းတဲ့အတွက်ကြောင့် ချင်းရွှန်းက သွေးကြောစမ်းနေတာကို ကြည့်ပြီး မျက်ခုံးတွန့်ကာ စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်သည်။

"သခင်မလေး စိုးရိမ်စရာ မရှိပါဘူး။ကျန့်ကျွင်းရဲ့ အခြေအနေက ပုံမှန်ပါပဲ။သူ အဖျားကျသွားတာနဲ့ သက်သာသွားလိမ့်မယ်။ကျွန်မတို့ ဆေးဝါးတွေ သုံးလို့မရဘူး။အခြားနည်းလမ်းတစ်ခု ရှာရမယ်"

နင်းမုန့်ယောင် မျက်မှောင်ကြုတ်လိုက်တယ်။ဒီ ဓာတ်မတည့်မှုက ဘာလို့ ဒီလောက် ဒုက္ခများနေရတာလဲ?

"အရက်ပြင်းတွေ သွားယူလာခဲ့"

ချင်းရွှန်းက ခေါင်းငြိမ့်ပြီးတော့ အမြန်ထွက်သွားကာ သိပ်မကြာလိုက်ဘဲ အရက်နှစ်အိုး သယ်ပြီး ပြန်ရောက်လာသည်။

နင်းမုန့်ယောင်က အရက်ကို ချောင်ထျန်းချန်ရဲ့ ခန္ဓာကိုယ်ပေါ် သုတ်လိမ်းပေးကာ အေးမြအောင် ကူညီပေးသည်။သူမက ဒါကို အချိန်တော်ကြာ လုပ်ပေးခဲ့ပြီး သူ့ ခန္ဓာကိုယ်ရဲ့ အပူချိန် တဖြည်းဖြည်း ကျသွားတဲ့အထိ ဖြစ်သည်။

ထိုအချိန်တွင် ချင်းရွှန်းက ချောင်ထျန်းချန်ရဲ့ သွေးကြောကို ထပ်စမ်းလိုက်ပြီး

"သခင်မလေး စိုးရိမ်ဖို့ မလိုတော့ဘူး။သူ့အဖျားက စပြီးတော့ သက်သာနေပြီ။ကျန့်ကျွင်း နိုးလာရင် အားလုံးအဆင်ပြေသွားလိမ့်မယ်"

နင်းမုန့်‌ယောင်က ဒါကိုကြားပြီးတဲ့နောက် အတော်လေး စိတ်သက်သာသွားပြီး ချောင်ထျန်းချန်ရဲ့ တင်းတင်းကြပ်ကြပ် တွန့်ချိုးနေတဲ့ မျက်ခုံးတွေကို ကြည့်လိုက်တယ်။ဒီအရူးက ဘာလို့ အဲ့လောက် မုန်းစရာကောင်းတာလဲ?သူ ပင်လယ်စာ မစားနိုင်ဘူးလို့ ဘာလို့ မပြောတာလဲ?သူက သူမ သူ့ကို ကျွေးတာမှန်သမျှ စားတော့ ဒီလိုမျိုး အဆုံးသတ်ပြီပေါ့။

ချောင်ထျန်းချန်က ညလယ်မှာ နိုးလာခဲ့ပြီး နင်းမုန့်ယောင်က ကုတင်ဘေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို မြင်လိုက်ရသည်။

ချောင်ထျန်းချန်က ထထိုင်ပြီးတော့ နင်းမုန့်ယောင်ကို အိပ်ရာပေါ် ချီသွားချင်ပေမယ့် သူ့ခန္ဓာကိုယ်ထဲမှာ လုံးဝ ခွန်အားမရှိ‌ပေ။သူက ရုတ်တရက် နေ့လယ်ခင်းတုန်းက ဖြစ်ခဲ့တာကို သတိရသွားပြီး ကူကယ်ရာမဲ့စွာနဲ့ သူ့နဖူးကို ပွတ်ကာ သူ့ခန္ဓာကိုယ်အခြေအနေကို အားမလိုအားမရ ဖြစ်မိသည်။

All Chapters