အခန်း ၉၄
Vol. 4 Ch. 94
Chapter 94
ရတဲ့ဝင်ငွေက လျန်းသုံးထောင်လေ သုံးလျန်းမဟုတ်ဘူး။ပြီးတော့ နင်းမုန့်ယောင်က ပန်းထိုးထည်တစ်ခုပြီးဖို့ကို လဝက်ပဲအချိန်ယူရတယ်။ဒီလက်မှုပညာကနေ ဘယ်လောက်တောင် အကျိုးအမြတ်တွေ ရလိုက်မလဲဆိုတာ စဉ်းစားသာကြည့်တော့။
သူမ ယောင်းမကလည်း အတော်လေးတော့ အံ့ဩဖို့ကောင်းတယ်။နှစ်သစ်မတိုင်ခင်တုန်းက သူမရဲ့ခေါင်းအုံးစွပ်ခြောက်ခုက လျန်းငါးဆယ်နဲ့ခြောက်ဆယ်ကြားကို ရောင်းလိုက်ရတယ်။အရင်တုန်းက သူတို့တွေ ဒီလောက်ပိုက်ဆံပမာဏရဖို့ဆိုတာ အိပ်မက်တောင်မမက်ဖူးဘူး။
လျန်းငါးဆယ်-ခြောက်ဆယ်က သူတို့တွေ ဆယ်နှစ်လောက် နေထိုင်စားသောက်သွားလို့ရတယ်။
သခင်မရန်က သူမသားနဲ့ချွေးမပြောတာကို နားထောင်ပြီး ထိုအကြောင်းကိုစဉ်းစားကြည့်လိုက်တယ်။သူတို့ပြောတဲ့စကားတွေထဲမှာ ကောင်းတာတစ်ခုရှိတယ်လို့ သူမခံစားမိတယ်။ရုတ်တရက် သူမက ရှက်ရွံ့စွာနဲ့ရယ်လိုက်ပြီး
"နင်တို့ပြောတာမှန်တယ်ဆိုတာ ငါသိပါတယ်။လဲ့လဲ့က အရင်တုန်းက အိမ်ကနေတစ်ခါမှထွက်မသွားဖူးတော့ ငါကနည်းနည်းလေး စိုးရိမ်လို့ပါ"
"မင်းက အစိုးရိမ်လွန်နေတာပဲ"
ရန်ကျူးက မထွက်သွားခင် သခင်မရန်ကို စိုက်ကြည့်သွားသည်။
ရန်လဲ့လဲ့က သူမမိသားစုရဲ့ ခွင့်ပြုချက်ကိုရတာနဲ့ နင်းမုန့်ယောင်၊ချင်းကျူးတို့နဲ့အတူ ထွက်သွားသည်။
သူတို့သုံးယောက်က မြို့တော်က မိုင်သုံးရာလောက်ဝေးတဲ့ လော်ချန်းကို တိတ်တဆိတ်ရောက်လာခဲ့သည်။
သူတို့က သာမန်အိမ်ကြီးတစ်လုံးရဲ့ ခြံဝင်းထဲကို ရောက်လာခဲ့သည်။အံ့ဩစရာကောင်းစွာနဲ့ ထိုဟာက ကြီးမားတဲ့ ပန်းထိုးရုံကြီးတစ်ခုဖြစ်နေပြီး များစွာသော ပန်းထိုးသမတွေက အလုပ်လုပ်နေကြကာ သူတို့ရဲ့အရည်အချင်းက တော်ကြသည်။
ရန်လဲ့လဲ့က အမျိုးသမီးတွေ ပန်းထိုးနေတဲ့ဘေးနားမှာ ရပ်ကာ သူတို့ကိုနှောင့်ယှက်ခြင်းမရှိဘဲ အနီးကပ်ကြည့်နေခဲ့သည်။သူတို့ရဲ့ အပ်ထိုးတဲ့ပုဲစံတွေက အရမ်းရင်းနှီးနေတယ်ဆိုတာ သူမသတိထားမိသွားသည်၊သူမက ခေါင်းမော့ကာ နင်းမုန့်ယောင်ကိုကြည့်လိုက်ပြီး သူမစိတ်ထဲ အတွေးတစ်ခုရောက်လာခဲ့သည်။
(ကြည့်ရတာ သူတို့အားလုံးကို နင်းမုန့်ယောင်သင်ပေးထားတာပဲဖြစ်ရမယ်)
နင်းမုန့်ယောင်နဲ့သူမအစေခံက ဘေးနားကနေရပ်စောင့်နေပြီး ရန်လဲ့လဲ့ကိုကြည့်နေခဲ့သည်။သူမ သူတို့ဘက်ကိုပြန်လာပြီးတဲ့နောက် သူတို့သုံးယောက် အတူတူထွက်သွားကြသည်။
စာကြည့်ခန်းထဲကို ဝင်လာပြီးတဲ့နောက် ချင်းကျူးက ရန်လဲ့လဲ့ကို အလေးအနက်အမူအရာနဲ့ လှည့်ကြည့်လိုက်ပြီး
"နင်က သခင်မလေးနဲ့သူငယ်ချင်းဆိုပေမယ့် လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေရှိနေတုန်းပဲ"
"ငါ နားလည်ပါတယ်"
ရန်လဲ့လဲ့က ခေါင်းငြိမ့်လိုက်တယ်။ယောင်ယောင်က သူမကို ကူညီချင်နေမှတော့ သူမက ဘယ်လိုလုပ် ယောင်ယောင်ကိုထိန်းထားနိုင်မှာလဲ?
ချင်းကျူးက သာမန်အဝတ်ဖြူတစ်ခုကို ထုတ်ယူကာ သူမကို ပိုးချည်မျှင်အချို့နဲ့အတူ ပေးလိုက်သည်။
"ဒါတွေကနင့်အတွက်။အချိန်သုံးရက်အတွင်းမှာ နင့်ရဲ့ကိုယ်ပိုင်ပန်းထိုးထည်ကိုဖန်တီးပြီး ငါ့ကိုပြရမယ်"
"သုံးရက်လား?"
ရန်လဲ့လဲ့က အံ့ဩသွားသည်။သူမ သုံးရက်အတွင်း အချိန်မှီမပြီးမှာကို စိုးရိမ်တယ်။
"ဘယ်အရွယ်အစားဖြစ်ဖြစ်အဆင်ပြေတယ်"
ချင်းကျူးက အေးစက်စက်ပြောလိုက်သည်။
ရန်လဲ့လဲ့က အံကြိတ်လိုက်ပြီး
"ကောင်းပြီ" ဟု ပြန်ဖြေလိုက်သည်။
ချင်းကျူးက ကျေနပ်စွာနဲ့ခေါင်းငြိမ့်လိုက်ပြီး အဲ့ဒီနောက် ရန်လဲ့လဲ့ကိုခေါ်သွားကာ သူမအတွက်အခန်းတစ်ခန်းစီစဉ်ပေးလိုက်သည်။သူတို့နှစ်ယောက် ထွက်သွားပြီးတဲ့နောက် နင်းမုန့်ယောင်က စားပွဲပေါ်က စာရင်းစာအုပ်ကို ကောက်ယူလိုက်သည်။သူမ အဲ့ဒါကိုကြည့်ပြီး သူမအမူအရာက တည်ငြိမ်နေတာကနေ အေးစက်စက်ဖြစ်သွားသည်။
စာရင်းစာအုပ်ရဲ့အလယ်မှာ ရောထွေးတာတစ်ခုခုရှိနေပြီး ထိုဟာက မြို့တော်ကသတင်းအချက်အလက်ဖြစ်သည်။
သူမထွက်လာပြီးတဲ့နောက် လင်းလော်ကအရှုံးမပေးဘဲ သူမကို ဆက်တိုက်ရှာဖွေနေခဲ့သည်။ဒါပေမယ့် သူမထွက်သွားပြီးနှစ်လအကြာမှာပဲ လင်းလော်က တော်ဝင်မိသားစုက မင်းသမီး ရှောင်ကျီဖူနဲ့ လက်ထပ်လိုက်သည်။
ဒီသတင်းက နင်းမုန့်ယောင်ကို မျက်မှောင်ကြုံ့သွားစေတယ်။သူမက အဲ့ဒီနောက် ဖယောင်းတိုင်ဆီကိုလျှောက်သွားလိုက်ပြီး သတင်းစာရွက်အပိုင်းအစကို မီးရှို့ပစ်လိုက်တယ်။ထိုဟာ တစ်ဖြေးဖြေးလောင်ကျွမ်းသွားတာကိုကြည့်ပြီး သူမမျက်လုံးတွေကလည်း နက်ရှိုင်းတဲ့အကြည့်တွေနဲ့ ပြည့်နေခဲ့တယ်။
နင့်ဘေးမှာ မိန်းမလှလေးတစ်ယောက်ရှိတာတောင်မှ နင်ကငါ့ကိုရှာချင်နေသေးတယ်။လင်းလော် နင်ကငါ့ကိုဘယ်သူလို့ထင်နေတာလဲ?နင်ကငါ့ကို ဘယ်လိုလူစားမျိုးလို့ မှတ်ယူထားတာလဲ?
သုံးရက်အတောအတွင်း နင်းမုန့်ယောင်က လုပ်ငန်းကိစ္စတွေကို ဂရုစိုက်ခဲ့သည်။ချင်းကျူးကလည်း ပန်းထိုးအိမ်နဲ့ပတ်သက်ပြီး မတူညီတဲ့ပြဿနာပေါင်းစုံကို တင်ပြခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ သုံးရက်ကုန်ဆုံးသွားပြီ။လေးရက်မြောက်နေ့မနက်မှာ ရန်လဲ့လဲ့က မောပန်းနွမ်းနယ်နေတဲ့ မျက်နှာနဲ့ စာကြည့်ခန်းကိုရောက်လာခဲ့သည်။
နင်းမုန့်ယောင်က သူမမျက်နှာကိုတစ်ချက်ကြည့်လိုက်ပြီး အနည်းငယ်စိတ်ပူသွားခဲ့သည်။ဒါပေမယ့် ထပ်ကြည့်လိုက်တော့ သူမ(ရန်လဲ့လဲ့)က ပင်ပန်းနေပုံပေါက်ပေမယ့် သူမမျက်လုံးတွေက တောက်ပနေတာကိုမြင်လိုက်ရတဲ့အခါ နင်းမုန့်ယောင်က အနည်းငယ်စိတ်သက်သာရာရသွားသည်။
ရန်လဲ့လဲ့က ပန်းထိုးထားတဲ့ခေါင်းအုံးစွပ်တစ်ခုကို လှမ်းပေးလိုက်သည်။
ချင်းကျူးက အစကိုယူကာ ဂရုတစိုက် စစ်ဆေးသည်။ထိုဟာက သစ်ပင်အပြည့်နဲ့ရှုခင်းတစ်ခုဖြစ်ပြီး၊ပန်းတွေနဲ့ငှက်တွေဖြစ်သည်။ဒါက ရိုးရိုးအဝတ်စလေးပဲဆိုပေမယ့် အရောင်တွေနဲနေရာချထားအသုံးပြုတာတွေ အားလုံးက ချီးကျူးစရာဖြစ်သည်။
ရန်လဲ့လဲ့က ရိုးရိုးပစ္စည်းလေးတစ်ခုရခဲ့တာကို အသစ်တစ်ဆင့်ဖြစ်သွားအောင် အပြည့်အဝပြုလုပ်နိုင်ခဲ့သည်။အဲ့ဒါတင်မဟုတ်ဘူး သူမရဲ့အပ်ထိုးချက်တွေကလည်း မဆိုးပေ။
"သခင်မလေး"
နင်းမုန့်ယောင်က အစကိုယူလိုက်ပြီး စစ်ဆေးလိုက်သည်။ပြီးပြည့်စုံတဲ့အလုပ်တစ်ခုကို တစ်ရာရာခိုင်နှုန်း အမှတ်ပေးမယ်ဆိုရင် ဒီပန်းထိုးထည်ကို ခုနစ်ဆယ်ပေးလို့ရတယ်။
ဒါက လူသစ်တစ်ယောက်ကို သူတို့နှစ်ယောက် ပေးဖူးခဲ့သမျှအမှတ်တွေထဲမှာ အမြင့်ဆုံးဖြစ်သည်။
ရန်လဲ့လဲ့က သူတို့နှစ်ယောက်ကို စိုးရိမ်ကြောင့်ကြစွာကြည့်နေပြီး
"ယောင်ယောင် အဲ့ဒါကမကောင်းဘူးလား?"
သူတို့ရဲ့မျက်နှာပေါ်က အလေးအနက်အမူအရာကိုမြင်တော့ သူမအလုပ်က တကယ့်ကို လုံလုံလောက်လောက်မကောင်းဘူးဆိုပြီး စိုးရိမ်လာတယ်။
နင်းမုန့်ယောင်က စိတ်လှုပ်ရှားစွာနဲ့ချွေးတွေထွက်နေတဲ့ ရန်လဲ့လဲ့ကိုကြည့်လိုက်ပြီး သူမနဲ့ ကစားမနေတော့ဘဲ
"ဒါက ကောင်းတယ်။တစ်ချို့အပိုင်းတွေက နည်းနည်းအခြေခံကျလွန်းနေပေမယ့် အားလုံးခြုံကြည့်လိုက်မယ်ဆိုရင် အတော်လေးကောင်းတယ်"
"တကယ်လား?ဒါဆို ငါအောင်သွားပြီပေါ့နော်"
ရန်လဲ့လဲ့က သူတို့ကို စိတ်အားထက်သန်စွာနဲ့ကြည့်လိုက်ပြီး ပိုင်ရှင်ကို မျက်လုံးပြူးကြည့်နေတဲ့ ခွေးလေးတစ်ကောင်နဲ့တူသည်။
နင်းမုန့်ယောင်နဲ့ချင်းကျူးက တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်ကြပြီး နှစ်ယောက်လုံးရဲ့မျက်လုံးတွေထဲမှာ အပြုံးတွေရှိနေသည်။
နောက်ဆုံးမှာတော့ ရန်လဲ့လဲ့က အမှန်တကယ်စိုးရိမ်နေတာကိုကြည့်ပြီး ချင်းကျူးက သူမကို အလေးအနက်ပုံစံနဲ့ကြည့်ကာ ဖြေလိုက်သည်။
"နင် အောင်သွားပြီ”