အခန်း ၁၆၆
Vol. 7 Ch. 166
Chapter 166
ချောင်ထျန်းချန်က လီဝေ့ဆီ လျှောက်သွားပြီး
"မင်း မင်းဘာသာ ထွက်သွားချင်လား ဒါမှမဟုတ် ငါမင်းကို ဆွဲထုတ်ပေးရမလား"
လီဝေ့ရဲ့ အမူအရာက ဆိုးရွားနေတယ်။ဒီယောကျာ်းရဲ့ ပုံစံက ဒီလူက သာမန်လူတစ်ယောက် မဟုတ်ဘူးဆိုတာ သူပြောနိုင်ပြီး သူ့အမူအရာက မသက်မသာဖြစ်သွားတယ်။
"ငါဘယ်သူလဲဆိုတာ မင်းသိလား"
"ရန်ကွေ့လက်ထပ်လိုက်တဲ့ မြို့ဝန်ရဲ့သားလေ။ဘာလို့လဲ။မြို့ဝန်ရဲ့သားက အာဏာအလွဲသုံးစား လုပ်ရတာကို ဂုဏ်ယူနေတာလား။ဒါက တကယ့်ကို ကျွန်မရဲ့အမြင်ကို ကျယ်သွားစေတာပဲ။" နင်းမုန့်ယောင်က လှောင်လိုက်သည်။
လီဝေ့က နင်းမုန့်ယောင်ကို ကြည့်လိုက်ပြီး
"ငါ့ရဲ့ အမျိုးသမီးဖြစ်လိုက်။မင်းလိုချင်တာ ဘာမဆို ငါပေးနိုင်တယ်"
အဲ့ဒီစကားက နင်းမုန့်ယောင်ကို ရယ်သွားစေပြီး ချောင်ထျန်းချန်ကို ဒေါသထွက်သွားစေသည်။နင်းမုန့်ယောင်ရဲ့ မျက်နှာပေါ်က လှောင်ပြုံးက ပိုမိုပြင်းထန်လာပြီး
"ရှင်က ကျွန်မလိုချင်တာ ဘာမဆို ပေးမယ်ပေါ့လေ။ဒါဆို ကျွန်မရှင့်ခေါင်းကို လိုချင်ရင် ရှင်ကျွန်မကို ပေးမှာလား"
နင်းမုန့်ယောင်က ပြုံးလိုက်ပြီး သူမပြောတဲ့ စကားတွေက သွေးထွက်သံယိုပဲ။
ချောင်ထျန်းချန်က နင်းမုန့်ယောင်ရဲ့ ခါးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြီး သူ့အဆိုကို တိတ်တဆိတ် ကြေညာလိုက်သည်။
"မိန်းမတစ်ယောက်အတွက် ငါနဲ့ တိုက်ခိုက်တာလား?မင်း သေဖို့ ပြင်ထားပြီးပြီလား"
ချောင်ထျန်းချန်က လီဝေ့ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
သူမက သူ့လက်ထဲက ရတနာလေးပဲ။သူများတွေက သူ့ဆီကနေ ယူသွားမှာကို ဘယ်လိုလုပ် ခွင့်ပြုပေးနိုင်မှာလဲ?
လီဝေ့က ချောင်ထျန်းချန်ကို အေးစက်စက် ကြည့်လိုက်ပြီး
"မင်းက မုဆိုးတစ်ယောက်ပဲလေ မင်း သူ(မ)ကို ဘာများပေးနိုင်လို့လဲ။ပြီးတော့ ငါနဲ့ နေမယ် မနေဘူးဆိုတာက မင်း ဆုံးဖြတ်စရာမလိုဘူး"
"ကျွန်မက ရွတ်တွနေတဲ့ဖရဲသီးနဲ့မကောင်းတဲ့နေ့တွေကို စိတ်မဝင်စားဘူး"
နင်းမုန့်ယောင်က ရွံရှာစွာနဲ့ နှုတ်ခမ်းတွေကို တင်းတင်းစေ့လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။
ချောင်ထျန်းချန်က နင်းမုန့်ယောင်ရဲ့ နှာခေါင်းသေးသေးလေးကို လိမ်ဆွဲလိုက်လိုက်ပြီး
"ကဲ ဒါက မြို့ဝန်ရဲ့သားဆိုတော့ ကိုယ်တို့သူ့ကို နည်းနည်းလောက်တော့ မျက်နှာသာပေးသင့်တယ်"
"မျက်နှာက ဘယ်လောက်တန်နေလို့လဲ။ကျွန်မရှင့်ဆီရောင်းလိုက်မယ်လေ"
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို ကြည့်လိုက်တယ်။
လီဝေ့က သူ သဘောကျတဲ့ အမျိုးသမီးက သူ့ရှေ့မှာ တစ်ခြားယောကျာ်းတစ်ယောက်နဲ့ ကျီစယ်နေတာကို ကြည့်ပြီး သူ့မျက်နှာက ချက်ချင်း မှုန်ကုတ်ပြီး မည်းမှောင်လာခဲ့သည်။
"မင်းတို့ ဒါကို နောင်တရအောင် လုပ်ပြမယ်" ပြောပြီးတာနဲ့ သူက လှည့်ထွက်သွားခဲ့သည်။
နင်းမုန့်ယောင်ရဲ့မျက်နှာက ခက်ထန်သွားပြီး
"အဲ့လူရဲ့ ခေါင်းထဲမှာ ဘာတွေရှိနေလဲဆိုတာ တကယ့်ကို မသိတော့ဘူး"
ချောင်ထျန်းချန်က အသာလေး မျက်စိမှေးလိုက်ပြီး သူ့မျက်နှာက နားလည်ရခက်တဲ့ အမူအရာနဲ့
"သူက ဘယ်လိုလုပ် ဒီရောက်လာတာလဲ"
နင်းမုန့်ယောင်က ပုခုံးတွန့်လိုက်ပြီး အဖြစ်အပျက်ကို ရှင်းပြလိုက်တယ်။ချောင်ထျန်းချန်က နားထောင်ပြီးတော့ မျက်ခုံးပင့်ကာ
"ရန်ကွေ့က သူ့ကို ခေါ်လာတာလား?သူ(မ)က ဘာလိုချင်နေတာလဲ"
"သူ(မ) ဘာလုပ်ချင်နေတာလဲဆိုတာ ဘယ်သူသိမှာလဲ"
သူမ အဲ့လို ပြောလိုက်ပေမယ့်လည်း သူမစိတ်ထဲမှာတော့ ထူးဆန်းတဲ့ကောက်ချက်တွေ ချပြီးပြီဖြစ်သည်။
ရန်ကွေ့က ထပ်ပြီးတော့ တစ်ခုခုကို ကြံစည်နေတာ သေချာတယ်။
ရန်ကွေ့အိမ်ကို ဒေါသတကြီး ပြန်လာခဲ့ပြီး လီဝေ့က သူမကို အခန်းထဲ အကြမ်းပတမ်း ဆွဲခေါ်သွားကာ အေးစက်စွာ မေးလိုက်သည်။
"အဲ့ဒီ မိန်းမ နာမည်က ဘာလဲ"
မေးးရာမလိုဘဲနဲ့ ရန်ကွေ့က သူဘယ်သူ့ကို ဆိုလိုလဲဆိုတာ သိပြီးသားဖြစ်တယ်။
"နင်းမုန့်ယောင်"
"ပြီးတော့ အဲ့ဒီယောကျာ်းကရော" နင်းမုန့်ယောင်ရဲ့ခါးကို ဖက်ထားတဲ့ ယောကျာ်းအကြောင်း တွေးပြီး လီဝေ့မျက်လုံးတွေက ဒေါသတွေနဲ့ ပြည့်နှက်သွားတယ်။
ရန်ကွေ့ နှုတ်ခမ်းတွေက အပေါ်ကို ကွေးတက်သွားပြီး
"သူက နင်းမုန့်ယောင်နဲ့ စေ့စပ်ထားတာလေ။သူတို့စေ့စပ်ထားတာ ကြာပြီ"
"ဘာပြောတယ်။သူ(မ)က စေ့စပ်ပြီးသားလား"
လီဝေ့က မိုးကြိုးအပစ်ခံလိုက်ရသလိုမျိုး မျက်လုံးတွေ ပြူးသွားသည်။
သူမက တကယ်ကြီး စေ့စပ်ပြီးသွားပြီ။ဘာ စေ့စပ်ပွဲမှ မရှိဘူးဆိုရင် ဒါဆို သူမကို ရယူဖို့ သူ နည်းလမ်းအချို့ သုံးလို့ရသေးတယ်။ဒါပေမယ့် သူမက စေ့စပ်ပြီးနေပြီ အဲ့ဒါဆို ခက်သွားပြီ။အိမ်က လူအိုကြီးကသာ ဒီအကြောင်းကို သိသွားရင် သူ အနာတရမဖြစ်ဘဲ ထွက်လာနိုင်မှာ မဟုတ်ဘူး။
"ဟုတ်တယ်။သူ(မ)က စေ့စပ်ပြီးသား။သူတို့က နဂါးလှေပွဲတော်ပြီးတော့ စေ့စပ်လိုက်ကြတာလေ" ရန်ကွေ့က ခေါင်းငြိမ့်လိုက်တယ်။လီဝေ့ရဲ့ ပဋိပက္ခဖြစ်နေတဲ့ ပုံစံကိုကြည့်ပြီး သူမစိတ်ထဲ အေးစက်စက် ပြုံးလိုက်တယ်။သူက သတ္တိမရှိတဲ့ တဏှာကြီးတဲ့လူတစ်ယောက်သာပဲ။
လီဝေ့က ကုတင်ပေါ်မှာ ထိုင်လိုက်ပြီး စားပွဲကို လက်နဲ့ခေါက်နေခဲ့သည်။သူ့မျက်နှာက အုံ့မှိုင်းနေပြီး သူဘာအကြောင်းစဉ်းစားနေလဲဆိုတာ တစ်ယောက်မှ မသိနိုင်ပေ။
သူ့ကို ဒီလို မြင်ရတော့ ရန်ကွေ့က မျက်မှောင်ကြုတ်သွားပြီး
"အချစ် ရှင်ဘာတွေ စဉ်းစားနေတာလဲ"
"ဘာမှမဟုတ်ဘူး။မင်း ဒီမှာနေချင်ရင် နေခဲ့တော့။ငါ အရင် ပြန်နှင့်မယ်"
သူက အဲ့ဒီမိန်းမနဲ့ယောကျာ်းရဲ့နောက်ခံကို စစ်ဆေးချင်သည်။
ချောင်ထျန်းချန်ရဲ့ ခန့်ညားတဲ့အရှိန်အဝါက လုံးဝ သာမန် မုဆိုး မဟုတ်ဘူး။
သူတို့ထဲက တစ်ယောက်ကသာ သူအပြစ်ပြုလို့ မရတဲ့လူဆိုရင် နင်းမုန့်ယောင်ပေါ်မှာထားတဲ့ သူ့စိတ်ကူးတွေကို မြုပ်နှံပစ်ဖို့ပဲ တတ်နိုင်တယ်။မိန်းမတစ်ယောက်အတွက်နဲ့ သူ့အနာဂတ်ကို မဖျက်ဆီးပစ်ချင်ဘူး။
ရန်ကွေ့က ဒါကိုကြားရမယ်လို့ မထင်ထားပေ။
"ယောကျာ်း ရှင် မြန်မြန်ပြန်ချင်ပြီလား"
"ဟုတ်တယ်"
ခပ်မြန်မြန်ပဲ လီဝေ့ထွက်သွားခဲ့တယ်။သူက သူမနဲ့ သူမအိမ်မှာနေပေးမယ်ဆိုတဲ့ သဘောတူညီချက်ကို လုံးဝ မေ့သွားခဲ့တယ်။