← Chapters

အခန်း ၂၄

Vol. 1 Ch. 24

အခန်း ၂၄

Vol. 1 Ch. 24

Chapter 24

မျှော်လင့်ထားသလိုပဲ။

နင်းမုန့်ယောင်က တစ်ဖက်လူကိုကြည့်လိုက်ပြီး အေးစက်စက် ဟမ့်ခနဲလုပ်ကာ ‌ပြောလိုက်သည်။

"ငွေလျန်းနှစ်ဆယ်ကိုထားခဲ့ပြီးထွက်သွားလို့ရပြီ ဒါပေမယ့်ရှင်ကျွန်မကိုတစ်ခုကူညီပေးရမယ်"

"မင်း...မင်းပြောပါ"

လျန်းနှစ်ဆယ်ကိုတစ်ခါထဲထုတ်ပေးရတာက သူ့အသားတွေကို အဆုံးမရှိနာကျင်စေသည် ဒါပေမယ့် သူ့တွင်ရွေးချယ်စရာမရှိပေ ဒါကြောင့် သူတို့ကိုထုတ်လိုက်ရပြီး သူကနာခံဖို့သာတတ်နိုင်သည်။

"သတင်းဖြန့်လိုက် အရာရှိကျောက်က လူတစ်‌ယောက်ကိုလိမ်လည်လှည့်ဖြားခဲ့တယ်ဆိုပြီး"

"ဘာ!ဒါမလုပ်နိုင်ဘူး ငါမင်းကို လျန်းသုံးဆယ်ပေးမယ်လေ အဆင်ပြေလား?"

သမားတော်က ဒါကိုကြားတဲ့အခါမှာ သူကချက်ချင်းပဲ ခေါင်းရမ်းလိုက်သည်။အရာရှိကျောက်မိသားစုက မြို့မှာ အင်အားကြီးမားတဲ့မိသားစုဖြစ်သည်။သူသာ သူတို့ကို နှောင့်ယှက်ရင် သူကဘယ်လိုလုပ်အကျိုးရှိမှာလဲ?ဒါက မဖြစ်နိုင်ဘူး လုံးဝမလုပ်နိုင်ဘူး။

နင်းမုန့်ယောင်ရဲ့မျက်လုံးတွေက အသာလေးမှေးသွားပြီး သူမရှေ့ကတစ်ယောက်ကိုကြည့်လိုက်သည်။ သူက သူမပြောခိုင်းတာကိုပြောမယ့်အစား နောက်ထပ် ဆယ်လျန်းသာထုတ်ဖို့အလိုရှိတာကိုမြင်တာကြောင့် သူမသဘောပေါက်လိုက်သည်။ဒီအရာရှိကျောက်မိသားစုက မရိုးရှင်းနိုင်ပေ ပြီးတော့ သူမက သူ့အတွက်ကိစ္စတွေကိုခက်ခဲအောင်မလုပ်ပေ။

‌"ငွေတွေထားခဲ့ပြီး အခုချက်ချင်းထွက်သွားတော့။ရှင် ဒီလိုမျိုး လူတွေကိုထိခိုက်စေတာ နောက်တစ်ကြိမ်ထပ်လုပ်ရင် ကျွန်မရှင့်ကိုသတိမပေးလို့အပြစ်မတင်နဲ့"

"ဟုတ် ဟုတ်ကဲ့ ငါအခုထွက်သွားပါ့မယ်"

လျန်းသုံးဆယ်ထားခဲ့ပြီး အဲ့ဒီလူက ‌အငွေ့လိုမျိုးပြေးထွက်သွားသည်။ဒီအရှိန်က သူ့နောက်ကခွေးလိုက်လာသလိုပင်။

ရန်လဲ့လဲ့က အနည်းငယ် မပျော်မရွှင်ဖြစ်နေတုန်းပင်။

"ယောင်ယောင် နင်သူ့ကိုဒီအတိုင်းလွှတ်ပေးလိုက်မလို့လား?"

"မဟုတ်ရင်ဘာလုပ်မလဲ? ငါတို့ကသူ့ကိုအရာရှိတွေဆီပို့ရင်တောင်မှ နင်တို့တွေ တိကျတဲ့အကျိုးအမြတ်ရမှာမဟုတ်ဘူး။အဲ့ဒီအချိန်မတိုင်ခင်အထိတော့ အစ်ကိုကြီးရန်ရဲ့ဒဏ်ရာကအရမ်းပြင်းထန်တာကြောင့် သမားတော်လီကတောင် လာပြီးကုသပေးရတယ်လို့သူတို့ပြောပါစေ။အဲ့ဒီအချိန်မှာသာ အရာရှိကျောက်ကိုခေါ်လိုက်မယ်ဆိုရင် ဆုံးရှုံးမှုကိုခံစားရတာာနင်တို့ပဲဖြစ်လိမ့်မယ်"

အစကတော့ နင်းမုန့်ယောင်ကလည်း ဒီလူလိမ်ကို အရာရှိတွေဆီပို့ချင်ခဲ့တာဖြစ်သည် ဒါပေမယ့် နောက်တစ်ခါပြန်စဉ်းစားကြည့်တော့ ဒီလူလိမ်သမားတော်က အရာရှိကျောက်ပို့လိုက်တာဖြစ်သည်။သူတို့ကို သေချာနှိုင်းယှဉ်ကြည့်မယ်ဆိုရင် ရန်မိသားစုက သာမန်ရှေးကျတဲ့အမှုထမ်းမိသားစုတစ်ခုသာဖြစ်သည်၊တိုင်တားလိုက်တာက သူတို့မိသားစုကို ပြဿနာတွေပဲဖြစ်လာစေလိမ့်မည်။

ဒီနည်းလမ်းနဲ့ပဲ ပိုက်ဆံပြန်ယူဖို့အကောင်းဆုံးဖြစ်ပြီး ဒီကိစ္စကိုသီးသန့်ထားစေလိုက်သည်။ဒါဆို အရာရှိကျောက်ဒီကိစ္စကိုသိသွားရင်တောင်မှ သူက စေ့စေ့စပ်စပ်မလုပ်ခဲ့တာဖြစ်တာကြောင့် ဒီအကြောင်းကို ဘာမှပြောရဲမှာမဟုတ်ပေ။သူသာ ကိစ္စကြီးလုပ်လိုက်ရင် တစ်ခြားသူတွေမပြောဘူးဆိုရင်တောင်မှ သူ့အလုပ်ကိုဘယ်သူကသွားရဲပါ့မလဲ?

သူသာ နည်းနည်းလောက်ဉာဏ်ပိုကောင်းရင် သူနားလည်လိမ့်မည်။ဒီလိုကသာ အကောင်းဆုံးအဆုံးသတ်ဖြစ်သည်၊

ရန်လဲ့လဲ့ကဒါကိုကြားတဲ့အခါမှာ နင်းမုန့်ယောင်ကသူတို့အကျိုးအတွက်လုပ်လိုက်တယ်ဆိုတာ နားလည်သွားသည်၊

"ယောင်ယောင် နင့်ကိုကျေးဇူးတင်ပါတယ်။ငါအရင်ဆုံး အစ်ကို့အတွက်ဆေးသွားဝယ်လိုက်ဦးမယ် ။ဒီပိုက်ဆံကိုတော့ နင်ယူထားသင့်တယ်"

"မလိုပါဘူး နင်ယူထားလိုက်။ဆေးသောက်တာက မြန်မြန်သက်သာတယ်ဆိုပေမယ့် အစ်ကိုကြီးရန်က ဖြည့်စွက်စာကောင်းကောင်းစားဖို့လည်းလိုသေးတယ်။အဲ့ဒါစောင့်ပြီးတော့မှ ငါ့ကိုပြန်ပေးလည်း မနောက်ကျပါဘူး"

နင်းမုန့်ယောင်က သူမခေါင်းကိုရမ်းလိုက်သည်။ရန်ရိက သူ့ခန္ဓာကိုယ်မြန်မြန်သက်သာလာစေဖို့အတွက် အခုချိန်မှာ ဖြည့်စွက်စာကောင်းကောင်းလိုအပ်နေတာပဲဖြစ်သည်။သူမကလည်း ဒီပိုက်ဆံကိုစိတ်မပူပေ။

ရန်လဲ့လဲ့က သူမပြောတာကိုကြားပြီး နင်းမုန့်ယောင်ပြောချင်တာကို နားလည်ပြီး ရယ်လိုက်သည်။ပြီးနောက် သမားတော်လီနောက်ကိုလိုက်ပြီး ရန်ရိအတွက်ဆေးဝယ်ဖို့ ထွက်သွားသည်။

သမားတော်လီကို ပြန်ပို့တာစောင့်ပြီးတဲ့နောက်မှာ နင်းမုန့်ယောင်ကပြန်ဖို့ပြင်လိုက်သည် ဒါပေမယ်ြ ရန်ကျူးရဲ့တစ်မိသားစုလုံးက သူမကိုတားလိုက်ပြီး တစ်ချိန်ထဲမှာပဲ သူမရှေ့ကိုဒူးထောက်လိုက်ကြသည်။

သူတို့တွေ ဒီလိုပြုမူလိုက်တော့ နင်းမုန့်ယောင်က ကြောင်သွားပြီး ချက်ချင်း ရန်ကျူးနဲ့သခင်မရန်ကိုထဖို့ကူပေးလိုက်သည်။

"ဦးလေးရန်နဲ့ဒေါ်လေးရန် ဘာလုပ်ကြတာလဲ?ဦးလေးတို့က ကျွန်မကို အနေရခက်အောင်လုပ်နေတာပဲ"

"မိန်းကလေးမုန့်ယောင် ငါတို့အိမ်ကကောင်လေးက မင်းကိုအကြွေးအများကြီးတင်သွားပြီ အာ....မင်းကိုကျေးဇူးတင်ပါတယ် မင်းကိုကျေးဇူးတင်ပါတယ်"

ရန်ကျူးကိုနင်းမုန့်ယောင်ကထိန်းထားပြီး သူက သူမကို အဆက်မပြတ် ကျေးဇူးတင်နေသည်။

ဒီနေ့မှာ မိန်းကလေးမုန့်ယောင်ကြောင့်သာမဟုတ်ရင် သူတို့မိသားစုရဲ့ကောင်လေးက ကံဆိုးစွာနဲ့ ပျက်ဆီးသွားလိမ့်မယ်။

"ဦးလေးရန် ဒီလောက်ယဉ်ကျေးနေဖို့မလိုပါဘူး။ကျွန်မဒီကိုပထမဆုံးရောက်တော့ ဦးလေးကကျွန်မကိုအများကြီးကူညီပေးခဲ့တာလေ ပြီးတော့အခု ကျွန်မနဲ့လဲ့လဲ့က သူငယ်ချင်းတွေဖြစ်နေပြီ ။ကျွန်မက သူ့ကို သေချာပေါက် သူ့မှာဘာပြဿနာပဲရှိရှိကူညီမှာပါ။ကျေးဇူးပြုပြီး ကျွန်မကို အပြင်မှာဒီလိုမဆက်ဆံပါနဲ့"

နင်းမုန့်ယောင်က ကူကယ်ရာမဲ့ ပြောလိုက်သည်။

အဲ့ဒီအချိန်တုန်းက သူမပိုင်ရှန်းရွာကိုရောက်တော့ လူတွေအများကြီးက သူမလိုအပြင်လူကိုလက်မခံချင်ကြပေ၊ရန်ကျူးတစ်ယောက်ထဲကသာ သူမအတွက်လူအုပ်ထဲမှာ ရပ်တည်ပေးခဲ့တာဖြစ်ပြီး သူမကို ဒီနေရာမှာနေခွင့်ပြုကာ သူမကိုကူညီရင်းလည်းအလုပ်များခဲ့ရသည်။ဒီကျေးဇူးကို သူမဘယ်တော့မှ မေ့မှာမဟုတ်ပေ။

"ညီမငယ်လေး ကျေးဇူးအများကြီးတင်ပါတယ်"

ရန်ရိရဲ့မိန်းမဖြစ်တဲ့ သခင်မချောင်က နင်းမုန့်ယောင်ကို ကျေးဇူးတင်စွာကြည့်ပြီး ပြောလိုက်သည်။

"ယောင်းမ အစ်မသာကျွန်မကိုနောက်တစ်ခါဒီလိုယဉ်ကျေးပြရင် ကျွန်မဒီနေရာမှာနေရဲမှာမဟုတ်တော့ဘူး"

နင်းမုန့်ယောင်က သခင်မချောင်ကို ကူကယ်ရာမဲ့စွာကြည့်လိုက်သည်။

"ကျေးဇူးတင်ပါတယ် အန်တီ"

အသက်ခြောက်နှစ်အရွယ် ရန်ကျီကခေါင်းမော့ပြီး နင်းမုန့်ယောင်ကိုလေးလေးနက်နက်ကြည့်ကာပြောလိုက်သည်။

နင်းမုန့်ယောင်က သူမခန္ဓာကိုယ်ကိုကိုင်းလိုက်ပြီး သူ့ခေါင်းလေးကိုပွတ်ဖို့သူမလက်ကိုဆန့်တန်းကာ

"ကိစ္စမရှိပါဘူး"

ရန်ကျီကို စကားအနည်းငယ်ပြောပြီး နင်းမုန့်ယောင်က သခင်မချောင်ကို ဒီလိုအချိန်မျိုးမှာ ရန်ရိကို အရိုးစွပ်ပြုတ်နဲ့ ငါးဟင်းရည်သောက်ပေးသင့်တယ်လို့ ပြောလိုက်သည်။ဒါက သူ့ကိုမြန်မြန်သက်သာလာစေဖို့ အကူအညီပေးနိုင်သည်၊

သူတို့နဲ့စကားပြောပြောပြီးတဲ့နောက်မှာတော့ နင်းမုန့်ယောင်က သူမအိမ်ကိုပြန်လာခဲ့သည်။

အဲ့ဒီနောက်မှာတော့ ရန်လဲ့လဲ့က ရန်ရိကိုအိမ်မှာပြုစုစောင့်ရှောက်နေရတာကြောင့် နင်းမုန့်ယောင်ကို ရက်အနည်းငယ်လောက် လာမရှာခဲ့ပေ။ဒီအတွက် နင်းမုန့်ယောင်က ပြုံးရုံသာပြုံးပြီး ဘာမှပြန်မပြောပေ။ရန်ကျီကိုတော့ သူမဆီကနေစာသင်ဖို့ ရန်ကျူးကစေလွှတ်ခဲ့သည်။သူကနောက်ကျမှလာပေမယ့်လည်း သူကအရမ်းဉာဏ်ကောင်းတာကြောင့် စာကိုအမှီလိုက်နိုင်သည်။

All Chapters