← Chapters

အခန်း ၉၆

Vol. 4 Ch. 96

အခန်း ၉၆

Vol. 4 Ch. 96

Chapter 96

နင်းမုန့်ယောင်က ယန်ရှိုးအာကို မထင်မှတ်ထားစွာ ကြည့်လိုက်ပြီး

"နင် သူ့(မ)ကို လိုတာတစ်ခုခုရှိလို့လား?ဒါဆိုရင်တော့ နောက်ခုနစ်ရက်နေရင် သူ့အိမ်မှာသွားရှာလိုက်"

သူမက ပြောပြီးတာနဲ့ ယန်ရှိုးအာကိုထားခဲ့ကာ လှည့်ထွက်သွားဖို့ပြင်လိုက်သည်။သူမ ခြေနှစ်လှမ်းလောက် လှမ်းပြီးတဲ့အချိန်မှာပဲ ယန်ရှိုးအာက သူမကို ဆွဲထားလိုက်သည်။

"နင် ထွက်သွားလို့ရပြီလို့ ငါပြောလို့လား"

ယန်ရှိုးအာက မောက်မာစွာနဲ့ သူမရဲ့အသံက ဘဝင်မြင့်ကာ ပြောလိုက်သည်။

နင်းမုန့်ယောင်က သူမစိတ်ထဲလှောင်ရယ်လိုက်ပြီး သူမလက်ကိုခါထုတ်ကာ ယန်ရှိုးအာဆုပ်ကိုင်ထားတာကနေ ရုန်းထွက်လိုက်သည်။

ငါ့ရှေ့မှာလာပြီး မောက်မာပြနေတာပေါ့လေ။နင့်ကို ဘယ်သူ့က အဆင့်အတန်းပေးလိုက်လို့လဲ?

"ပြော နင်ဘာလုပ်ချင်နေတာလဲ"

နင်းမုန့်ယောင်က သူမကို တိုက်ရိုက်ပဲမေးလိုက်တယ်။သူမက သူမ(ယန်ရှိုးအာ)ကို ဟန်ဆောင်ယဉ်ကျေးပြနေဖို့ အချိန်မရှိပေ။

ယန်ရှိုးအာက အသက်ပြင်းပြင်းရှူလိုက်ပြီး နင်းမုန့်ယောင်ကိုကြည့်ကာ

"ငါသိချင်တာက နင်ရန်လဲ့လဲ့ကို ပို့ပေးလိုက်တာ ဟုတ်လား မဟုတ်ဘူးလားဆိုတာပဲ"

နင်းမုန့်ယောင်က စကားမပြောဘဲ ယန်ရှိုးအာကိုသာ ကြည့်နေခဲ့သည်။နောက်ဆုံးမှာတော့ ယန်ရှိုးအာမျက်လုံးထဲက မနာလိုမှုနဲ့ဒေါသကိုတွေ့သွားပြီး သဘောပေါက်သွားသည်။သူမ သတင်းက ဘယ်ကလာတာပဲဖြစ်နေပါစေ ရန်လဲ့လဲ့ရနေတဲ့ အကောင်းဆုံးအရာတွေကို သူမရသင့်တယ်လို့ ခံစားရတာကြောင့် သူမက ပြဿနာလာရှာတာပဲဖြစ်သည်။

"ပြောလေ!"

ယန်ရှိုးအာကို အေးစက်စက်ကြည့်လိုက်ပြီး နင်းမုန့်ယောင်က လှည့်ထွက်သွားသည်။အဲ့ဒီလို ပိုင်စိုးပိုင်နင်းလေသံနဲ့ သူမကို စကားလာပြောနေတာ ယန်ရှိုးအာက သူမကို ငတုံးလို့ထင်နေတာလား?

နင်းမုန့်‌ယောင်‌ယောင်ထွက်သွားတာကိုတွေ့တော့ ယန်ရှိုးအာက နည်းလမ်းမရှိတော့ဘဲ သူမကို သွားခွင့်ပြုလိုက်ရသည်။သူမက အမြန်သွားပြီး နင်းမုန့်‌ယောင်ရှေ့ရပ်ကာ သူမလမ်းကို ပိတ်ထားလိုက်သည်။

"နင်ငါ့ကို သေချာမပြောပြရင် ဒီနေ့သွားရမယ်မထင်နဲ့!"

ယန်ရှိုးအာက နင်းမုန့်ယောင်ကို ပြင်းပြင်းထန်ထန်စိုက်ကြည့်ပြီး ဒေါသတကြီးပြောလိုက်သည်။

နင်းမုန့်ယောင်က ယန်ရှိုးအာကို တိတ်တိတ်လေးစိုက်ကြည့်နေလိုက်တယ်၊အချိန်တစ်ခုကြာပြီးတဲ့နောက် သူမက နောက်ဆုံးမှာ ပြောလာခဲ့တယ်

"အဲ့တော့ ငါကမပြောချင်ရင်ရော"

သူမမပြောချင်ရင် ယန်ရှိုးအာက သူမပါးစပ်ကနေ စကားလုံးတွေဆွဲထုတ်လို့ရမှာမလို့လား?သူမက(ယန်ရှိုးအာ)က ဒီလောက်ပြဿနာလာရှာနေတာကိုတွေ့ရတော့ အတိအကျဘာလိုချင်နေတာလဲ?

သူမက ယန်ရှိုးအာကို စိတ်မရှည်တော့ပေ အထူးသဖြင့် ယန်ရှိုးအာရဲ့ လောဘကြီးနေတဲ့မျက်လုံးတွေကို မြင်တဲ့အခါမှာဖြစ်သည်။

"ငါက လူတွေပြောနေကြသလို နင် တကယ်ပဲ ယန်ရှိုးအာကို ပန်းထိုးရုံကြီးဆီ ပို့ပေးလိုက်တာလားဆိုတာပဲ သိချင်တာ"

နင်းမုန့်ယောင် မျက်လုံးတွေက စိတ်မရှည်ဖြစ်လာတာမြင်တော့ ယန်ရှိုးအာက သူမရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းပြောပြလိုက်သည်။

နင်းမုန့်ယောင် သဘောပေါက်သွားပြီး။သူမက အေးအေးဆေးဆေးလက်ပိုက်ထားလိုက်ပြီး ယန်ရှိုးအာကို အသာလေးပြုံးပြကာ

"ငါလုပ်တော့ရော အဲ့တော့ဘာဖြစ်လဲ?ပြီးတော့ ငါမလုပ်ရင် အဲ့ဒါဘာကိစ္စမလို့လဲ"

ယန်ရှိုးအာက သူမပါးစပ်ကို နှစ်ခါလောက်ဖွင့်လိုက်ပြီး

"ငါလည်းသွားချင်တယ်!" ဟု အော်ဟစ်လိုက်သည်။

ရယ်စရာကောင်းလိုက်တာ၊နင်းမုန့်ယောင်က အေးစက်စက်ရယ်လိုက်ပြီး

"နင်လည်းသွားချင်တယ်လို့ ငါ့ကိုပြောတာလား?ဘာကိုအခြေခံပြီးတော့လဲ"

ယန်ရှိုးအာ အမူအရာကတောင့်တင်းသွားပြီး အဲ့ဒီနောက် သူမက မောက်မာစွာပြောလိုက်သည်။

"ငါ့အရည်အချင်းပဲပေါ့၊အဲ့ဒါအပြင် ငါ့ရဲ့အပ်ထိုးချက်တွေက ရန်လဲ့လဲ့ထက်မနိမ့်ဘူး"

နင်းမုန့်ယောင်က ယန်ရှိုးအာကို လှောင်ပြောင်သလိုကြည့်လိုက်ပြီး

"နင့်ရဲ့ အပ်ထိုးချက်တွေက ရန်လဲ့လဲ့ထက်မနိမ့်ဘူးလို့ နင်ကငါ့ကိုပြောတာပေါ့လေ?နင်တစ်‌ယောက်ပဲ အသက်မဝင်တဲ့လက်ရာကို တန်ဖိုးထားနေတာ"

"ဘာအသက်မဝင်တာလဲ?ငါသိတာ ငါလည်းရန်လဲ့လဲ့ထက်မနိမ့်ဘူးဆိုတာပဲ ပြီးတော့ နင်လည်းငါ့ကို သူနဲ့အတူတူ တစ်နေရာထဲ ပို့ပေးရမယ်"

ယန်ရှိုးအာက ကိုယ့်ဘာသာကြီးကျယ်ပြီး ပြောနေခဲ့သည်။

သူမရဲ့ပစ္စည်းတွေကို ရွာမှာရောင်းတဲ့အချိန်တုန်းက သူတို့ကသူမကို ဈေးကြီးပေးပြီးဝယ်ကြတယ်။သူမက အဲ့မိန်းကလေးရန်လဲ့လဲ့ထက် အဆင့်နိမ့်တယ်ဆိုတာ သူမလုံးဝယုံမှာမဟုတ်ဘူး။

ယန်ရှိုးအာကိုကြည့်လိုက်ပြီး နင်းမုန့်ယောင်က မထီမဲ့မြင်ရယ်မောလိုက်တယ်။တကယ့်ကို ဒီအမျိူးသမီးရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုက ဘယ်ကလာတာလဲ?သူမက သဘောတူဖို့တာဝန်ရှိတယ်လို့ ဘာလို့ခံစားနေရတာလဲ?

နင်းမုန့်‌ယောင်ရယ်တာက ယန်ရှိုးအာကို အနည်းငယ်ရှက်သွားစေပြီး ဒေါသထွက်သွားစေသည်။

"နင် သဘောတူလား မတူဘူးလား"

အလေးအနက်ဖြစ်သွားပြီး နင်းမူန့်ယောင်က ယန်ရှိုးအာကိုကြည့်ကာ အေးစက်စွာနဲ့

"ငါ သဘောမတူဘူး။အဲ့နေရာမှာ သူတို့က နင့်ဟာလိုမျိုး ချို့ယွင်းချက်ရှိနေတဲ့ ပစ္စည်းတွေကို လက်မခံဘူး။နင်သွားရင် နင်ကသူတို့ကို နာမည်ပျက်သွားစေလိမ့်မယ်"

ယန်ရှိုးအာ ပန်းထိုးစသင်တဲ့ ပထမဆုံးအချိန်ကတည်းက သူမက ဘဝင်မြင့်နေခဲ့တာဖြစ်သည်။အခု ရုတ်တရက်ကြီး သူမရဲ့အလုပ်က ချို့ယွင်းတယ်လို့ပြောလိုက်တာလား?ဒါကို သူမ ဘယ်လိုလုပ် ဒေါသမထွက်ဘဲနေမှာလဲ?စိတ်တိုအောင်လုပ်နေတာလား?

"နင်းမုန့်ယောင် နင်အရမ်းများသွားပြီ"

ယန်ရှိုးအာက အံကြိတ်ပြီးပြောလိုက်သည်။

နင်းမုန့်ယောင်က ယန်ရှိုးအာကို အေးစက်စက်ကြည့်လိုက်ပြီး

"နင့်ဟာက ရန်လဲ့လဲ့လောက်မကောင်းတာကို မပြောဘဲနဲ့ထားဦး ငါကလည်း နင့်ကို အဲ့နေရာကို သွားခွင့်ပေးမှာမဟုတ်ဘူး"

"ဘာလို့မရတာလဲ"

"နင့်ရဲ့အကျင့်စရိုက်ကြောင့်ပဲလေ"

သူမက ထိုဟာကလွဲပြီး အားလုံးကို လျစ်လျှူရှူနိုင်တယ်။

ယန်ရှိုးအာသာ ပြဿနာရှာတတ်တဲ့အကျင့်စရိုက်နဲ့သွားရင် အနာဂတ်ကျရင် သေချာပေါက် ဒုက္ခများလာလိမ့်မယ်။

ယန်ရှိုးအာက ဒီနေ့နင်းမုန့်‌ယောင်ကိုလာရှာတာက အစော်ကားခံရဖို့ တောင်းဆိုသလိုပဲလို့ ခံစားလိုက်ရသည်။နင်းမုန့်ယောင်ကို ဒေါသတကြီးကြည့်လိုက်ပြီး ယန်ရှိုးအာက

"နင်းမုန့်ယောင် နင်တကယ်ပဲ ငါ့ကို ဒီလိုလုပ်တော့မှာလား"

"နင့်ကိုဘာလုပ်ရမှာလဲ?ငါနင့်ကိုဘာမှားလုပ်မိထားလဲ ငါဖြင့်မသိပါဘူး။ငါက နင့်အရည်အချင်းကိုအခြေခံပြီးငြင်းလိုက်တာကို ဘယ်လိုလုပ်ငါ့အမှားဖြစ်ရတာလဲ?"

ယန်ရှိုးအာက သူမကို မျက်နှာသာမပေးမှတော့ သဘာဝကျစွာနဲ့ သူမကလည်း သူ့ကိုကောင်းပေးမှာမဟုတ်ပေ။အထူးသဖြင့် ဒီလိုလူမျိုးကိုပဲ။

All Chapters