← Chapters

အခန်း ၂၁၃

Vol. 9 Ch. 213

အခန်း ၂၁၃

Vol. 9 Ch. 213

Chapter 213

ရှောင်ကျီရွှမ်းကတော့ စိုးရိမ်မှုအနည်းဆုံးလူဆိုတာ သေချာသလောက်ပဲ။ရှောင်ရီလင်း သူ့လူတွေကို ပို့လိုက်ပြီးတဲ့နောက် သူမရဲ့ ရှောင်အိမ်တော်က လျှို့ဝှက်စစ်သည်တွေရဲ့ လုပ်နိုင်စွမ်းကို သေချာတာကြောင့် သူမက စိတ်ချမ်းသာနေခဲ့သည်။

ပြီးနောက် ခြံဝင်းထဲမှာ သူမရဲ့ကလေးနဲ့ နေ့တိုင်း ကစားနေခဲ့သည်။

ချောင်ထျန်းချန်က နင်းမုန့်ယောင်နဲ့ အခန်းထဲမှာ ရှိနေသည်။သူမ နောက်တစ်ကြိမ် နိုးလာတဲ့အခါမှသာ သူ စိတ်မပူတော့တာ ဖြစ်သည်။

"ထျန်းချန် ရှင်ဘာဖြစ်နေတာလဲ"

ဘာကြောင့်မှန်းမသိဘဲ ချောင်ထျန်းချန်က အနည်းငယ် ထူးထူးဆန်းဆန်း ပြုမူနေတယ်လို့ သူမခံစားရသည်။သူမ အရင်တစ်ခေါက်နိုးလာတုန်းက အဲ့ဒါကို သတိမထားမိပေမယ့် ဒီတစ်ခေါက်တော့ သူမဆီကနေ ဖုံးကွယ်ထားတာ တစ်ခုခုရှိတယ်ဆိုတာ သေချာသည်။

ချောင်ထျန်းချန်က သူ့ခံစားချက်တွေ အားလုံးကိုထိန်းချုပ်ပြီး ရယ်လိုက်သည်။သူက သူမအိပ်ရာကိုမှီဖို့ ကူညီပေးလိုက်ပြီး

"ကိုယ် အဆင်ပြေပါတယ်။ကိုယ်က မင်းနဲ့ပတ်သက်ပြီး စိုးရိမ်နေတာ"

သူပြောတာနားထောင်ပြီးတော့ စိတ်အေးသွားကာ သူမက သူပုခုံးကို လှမ်းဖက်လိုက်ပြီး အပြုံးတစ်ခုနဲ့

"ထျန်းချန် ရှင်ကျွန်မနဲ့ပတ်သက်ပြီး နောက်ထပ် မစိုးရိမ်နဲ့တော့နော်။ကျွန်မအခု ကောင်းနေတာပဲလေ မဟုတ်ဘူးလား"

"အင်း မင်းနေကောင်းတာ ကိုယ်ဝမ်းသာတယ်"

ချောင်ထျန်းချန်က အနည်းငယ် စိတ်သက်သာရာရသွားပြီး ဖိအားပေးပြီး ပြုံးကာ

"ကိုယ် ချင်းရွှန်းကို အထဲဝင်လာပြီးတော့ မင်းကို စစ်ဆေးခိုင်းလိုက်ဦးမယ်"

"ကျွန်မ တကယ်အဆင်ပြေနေပါပြီ။ရှင် အဲ့လောက် စိုးရိမ်နေဖို့ မလိုတော့ဘူး"

နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို ချက်ချင်း နှစ်သိမ့်လိုက်သည်။သူ အရမ်းစိုးရိမ်နေရတာမျိုး မဖြစ်စေချင်ပေ။

ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို နက်နက်ရှိုင်းရှိုင်းကြည့်နေပြီး နှုတ်ခမ်းတွေ တင်းတင်းစေ့ထားကာ စကားတစ်ခွန်းမှ မပြောပေ။သူ တိတ်ဆိတ်နေပေမယ့်လည်း သူ့မျက်လုံးတွေကနေ သူက သူ့ကိုယ်သူအပြစ်တင်နေတယ်ဆိုတာ နင်းမုန့်ယောင် တွေ့နိုင်သည်။

"ကျွန်မ ချင်းရွှန်းကို တစ်ချက်ကြည့်ခိုင်းလိုက်မယ်လေ ဟုတ်ပြီလား"

နင်းမုန့်ယောင်က ချောင်ထျန်းချန်ရဲ့မျက်နှာပေါ်မှာ ဘယ်လိုအမူအရာမျိုးကိုမှ မတွေ့ရတာကြောင့် အကူအညီမဲ့စွာနဲ့ ခေါင်းပဲငြိမ့်လိုက်ရတော့သည်။

နောက်ဆုံးတော့ ချောင်ထျန်းချန်ရဲ့ မျက်နှာက ပြုံးသွားပြီး ချင်းရွှန်းကိုအထဲလာရန်ခေါ်ဖို့ အပြင်ထွက်သွားသည်။

သိပ်မကြာခင်မှာပဲ သွေးကြောစမ်းရန်အတွက် ချင်းရွှန်း အခန်းထဲဝင်လာခဲ့သည်။

"သခင်လေး မစိုးရိမ်ပါနဲ့။သခင်မလေးက သက်သာနေပါပြီ။သူမက အားပြန်ဖြည့်ဖို့ပဲ လိုတော့တာ"

"နားလည်ပြီ" ချောင်ထျန်းချန်က သူနားလည်ကြောင်းပြတဲ့အနေနဲ့ ခေါင်းငြိမ့်လိုက်သည်။

ချင်းရွှန်းအခန်းထဲကနေ ထွက်သွားပြီးတဲ့နောက် ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို ကြည့်လိုက်ပြီး

"ရှန့်ကျန်းကျွင်း*အိမ်တော်က အသင့်ဖြစ်နေပြီ။အဲ့ဒီကို ပြောင်းရအောင်"

(အရင်အပိုင်းတုန်းကe-transသုံးထားတာက top general ပါ။မြန်မာလိုရေးတော့ဗိုလ်ချုပ်ကြီးအဆင့်အိမ်တော်ဆိုရင်ရေးရတာ ထောက်နေလို့ ပြီးတော့ ကိုယ်ကလည်း ဘာသာပြန်တာမကျွမ်းသေးတော့ အဆင်မပြေဖြစ်မှာမစိုးလို့ တရုတ်လိုရှာကြည့်လိုက်တော့ 上将军 shang jiang junလို့တွေ့လို့ အဲ့လိုပဲရေးလိုက်တော့တယ်။ဖတ်ရတာအဆင်ပြေမပြေပြောပေးပါဦးနော်)

ဒီနေရာက နေရာကောင်းတစ်ခုဖြစ်ပြီး ရှောင်ချီထျန်းက သူ့ရဲ့ညီနောင်ကောင်းဆိုပေမယ့် နောက်ဆုံးမှာတော့ ၎င်းက သူ့ရဲ့ကိုယ်ပိုင်နေရာ မဟုတ်တာကြောင့် ဒီနေရာမှာနေရတာ သိပ်အဆင်မပြေပေ။

နင်းမုန့်ယောင်က အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်လိုက်တယ်။ရှန့်ကျန်းကျွင်းရဲ့အိမ်တော်လား?သူက တော်ဝင်ရုံးတော်မှာ ပြန်ပြီး အမှုထမ်းတော့မှာလား?ဒါပေမယ့် သူ သူမကို အရင်တုန်းကပြောတော့ သူ ပြန်သွားမှာ မဟုတ်ဘူးဆို။

"ထျန်းချန် ရှင်......."

"ယောင်အာ မင်းဘာတွေးနေလဲဆိုတာ ကိုယ်သိတယ်။ကိုယ်မင်းကို တစ်ခုပဲ ပြောချင်တယ် ကိုယ်လုပ်တဲ့ ဆုံးဖြတ်ချက်တိုင်းက မင်းအတွက်ပဲ။ဒီအထောက်အထားကပဲ ကိုယ့်အတွက် ကိစ္စတွေ ပိုပြီးအဆင်ပြေအောင် လုပ်ပေးနိုင်တာ။ကိစ္စတွေအားလုံးပြီးသွားတဲ့အခါကျရင် ကိုယ်တို့အတူတူထွက်သွားကြမယ်"

ချောင်ထျန်းချန်က နင်းမုန့်ယောင်ရဲ့ ‌တွန့်ဆုတ်နေမှုကို ဘယ်လိုလုပ် မသိဘဲနေမှာလဲ?

နင်းမုန့်‌ယောင်က ချောင်ထျန်းချန်ကိုကြည့်ပြီး ရှုပ်ထွေးသွားတယ်။သူက သူ့ရဲ့အရင်တုန်းကရာထူးကို ဘာအတွက်လိုအပ်တာလဲ?

"မင်းကို ထိခိုက်အောင်လုပ်တဲ့တဲ့ အဲ့ဒီလူတွေကို ကိုယ်လုံးဝ အလွတ်ပေးမှာမဟုတ်ဘူး"

ချောင်ထျန်းချန်က ရန်လိုမှုအပြည့်ဖြစ်နေပြီး ပေါက်ကွဲလုနီးနီးပင်။

နင်းမုန့်ယောင်က အနည်းငယ်အံ့အားသင့်သွားပြီး စိတ်ထဲမှာ ထူးဆန်းနေတာကို ခံစားမိသည်။သူမကို ချောင်မိသားစုကလူက ထိခိုက်အောင်လုပ်တယ်ဆိုပေမယ့် သူဒီလောက် ဒေါသထွက်မနေသင့်ဘူး။

ဒါပေမယ့် အဲ့ဒါက ဘာလဲဆိုတာ သူမ မဖော်ထုတ်နိုင်ပေ။

"ကိုယ်တို့ ချီထျန်းရဲ့အိမ်တော်မှာ နေနေတာကို ဘယ်သူမှဘာမှမပြောဘူးဆိုပေမယ့် ကိုယ်တို့မြို့တော်မှာ ခဏနေနေတုန်းတော့ ကိုယ့်နေရာမှာနေရတာကိုပဲ ပိုသဘောကျတယ်" ချောင်ထျန်းချန်က နူးညံ့စွာ ပြောလိုက်သည်။

နင်းမုန့်ယောင်က ခဏလောက်စဉ်းစားနေခဲ့ပြီးတော့ ခေါင်းငြိမ့်လိုက်သည်။

ချီအိမ်တော်မှာ ရက်အနည်းငယ်နေပြီးတဲ့နောက် ချောင်ထျန်းချန်နဲ့နင်းမုန့်ယောင်က ချင်းရွှန်းကိုခေါ်ပြီး ရှန့်ကျန်းကျွင်းအိမ်တော်ကို ပြောင်းသွားသည်။

အဲ့ဒီနေရာမှာ အစောင့်အချို့နှင့် အစေခံအနည်းငယ်သာ အိမ်တော်ထဲမှာရှိပြီး အခြားဘယ်သူမှမရှိပေ။

ချောင်ထျန်းချန်က ကျေနပ်အားရသွားပြီး နင်းမုန့်ယောင်ဘက်ကိုလှည့်ကာ

"မင်း ထူထူထောင်ထောင်ဖြစ်သွားရင် ကိုယ်မင်းအတွက် တစ်ယောက်ယောက်ကို အိမ်အစေခံတွေထပ်ပြီး ဝယ်ခိုင်းလိုက်မယ်"

နင်းမုန့်ယောင်က ခေါင်းရမ်းပြီး ငြင်းပယ်လိုက်သည်၊

"မလိုပါဘူး။ချင်းရွှန်းက ကျွန်မအတွက် နည်းနည်းလောက် ခေါ်ပေးလိမ့်မယ်"

သူမ သိတဲ့အစေခံတွေရှိတာက ပိုပြီးလွယ်ကူတယ်။အသစ်ဝယ်လာတဲ့ အစေခံတွေကို သင်ကြားပေးနေရမှာမျိုးကို မကြိုက်ဘူး။

"ကောင်းပြီလေ ကိုယ်မင်းဆီထားထားလိုက်မယ်" ချောင်ထျန်းချန်က ခေါင်းငြိမ့်လိုက်သည်။

ချောင်ထျန်းချန်က နင်းမုန့်ယောင် အနားယူရန်အတွက် သူမအခန်းဆီခေါ်သွားပြီး အဲ့ဒီနောက် မီးဖိုချောင်သို့သွားကာ သူမအတွက် ဆေးဝါးတွေ ပြင်ပေးသည်။ကိုယ်ဝန်ပျက်ကျထားတဲ့ အမျိုးသမီးတစ်ယောက်က မီးတွင်းထဲရောက်နေသလိုပဲလို့ သူကြားဖူးတယ်။သူသာ ကောင်းကောင်း ဂရုမစိုက်ဘူးဆိုရင် သူမ အလွယ်တကူ ဖျားနာနိုင်တယ်။

ချောင်ထျန်းချန် အားဆေးတွေ အထဲသယ်လာတဲ့အချိန် နင်းမုန့်ယောင်က ဗိုက်ဆာနေတာဖြစ်သည်။ခဏကြာတော့ သူမစားလိုက်ပေမယ့် မျက်နှာရှုံ့မဲ့သွားပြီး

"ဒါကဘာလို့ အရသာမရှိတာလဲ"

ဆားကလွဲလို့ ဘာအရသာမှ မရှိဘူး။

"ချင်းရွှန်းကပြောတယ် မင်းက ကောင်းကောင်း အားပြန်ဖြည့်ဖို့လိုတာကြောင့် ဆီများတဲ့အစာတွေ တစ်ခုမှစားလို့မရဘူး။ခဏနေကျမှ ကိုယ်မင်းအတွက် စားလို့ကောင်းတာ တစ်ခုခုလုပ်ပေးမယ်နော်”

All Chapters